《Untamed Flower( ပန်းရိုင်း)》အပိုင်း၂၈
Advertisement
အာကာထက်မှာ ဝေယံ၏ အချစ်ခရီးဖြတ်သန်းမှုကို ကြားပြီး သူ့နားကို သူတောင်မယုံနိုင်တော့ပေ။
နားကြားများ လွဲသလား...။
မနက်လေးတင် လူချင်းတွေ့ စကားပြောဖူးတာ တဲ့လား..။ ဒါကိုသူက ဒီလောက်ထိ အသဲအသန် ဖြစ်နေစရာလား။ နောက်ပြီး မနက်က တွေ့ဆုံမှုတောင် သူ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်တိုင်ဖန်တီးထားလေခြင်း။
ဒီ ဝေယံပိုင် ဆိုတဲ့ ကောင် အချစ်၌ကျဆုံးခြင်း အဆင့်က ဆေးမမှီတော့ဘူး..။
အရေးပေါ်ခန်းထဲ သူမ ဝင်သွားသည်မှာ မိနစ်နှစ်ဆယ်နီးပါး ပင်ရှိနေပြီဖြစ်၍ ဝေယံမှာ အစောတုန်းကထက် ပို၍ပင် စိတ်ပူမိသွား၏။
သူမ အဆင်မှ ပြေပါ့မလား?..
slide door ပွင့်ထွက်လာသည်နှင့်အတူ အဖြူရောင် ဂျူတီကုတ်နှင့် ဆရာဝန်မကြီး တစ်ဦး ထွက်လာသည်။ လူထွက်လာမှန်း သိတော့ ရုတ်တရက် ထိုင်နေရာမှ သူ ထလိုက်သဖြင့် ခြေထောက်ဆစ်များ နာကျင်မှုကို ခံစားလိုက်ရသည်။
"စီနီယာ ပြုံး..ဘယ်လိုဖြစ်တာလဲ?”
အာကာထက်က ဝေယံ ထက်ပို စောပြိီး မေးလိုက်သည်။
ဒေါက်တာမှာမူ မဖြေသေးဘဲ ဆောက်တည်ရာ မရဖြစ်ကာ ရင်တမမဖြင့် ပြောလာမည့် စကားကို ရင်ဆိုင်ဖို့ပြင်နေသည့် ဝေယံအား ခေါင်းအစ ခြေအဆုံး စူးရှသည့် အကြည့်များ ပေးလိုက်သည်။
ဝေယံထက်မှာ ထိုသို့ အကြည့်မခံရဖူး၍ ကျောတွေပါချမ်းလာလေပြီ ဖြစ်ကာ ခြေလှမ်းများမှာ နောက်သို့ အနည်းငယ် ဆုတ်လိုက်မိသည်။
သူမလေး..ဆုံးသွားတာတော့ မဟုတ်ပါဘူးနော်?!
"ဒီမယ် ..မစ္စတာ ဝေယံ.. ရှင်တို့ လို စီးပွားရေး လုပ်ငန်းရှင်တွေက ငွေတစ်မျိုးပဲ ကြည့်ပြီး ဘဝကို အလုပ်တွေထဲ ပုံအပ်ထားတာ ကျွန်မနဲ့ မဆိုင်ပေမယ့်
အခုပြောမှရမယ်..အလုပ်ကိုဘဲ အလေးထားပြီး အိမ်က မိန်းမကိုတော့ ဒီလိုမျိုးပစ် မထားသင့်ဘူး! သူမ က ရှင့်ကို ချစ်ကြိုက်ပြီး ယူတာလား ငွေမက်ပြီး ယူလိုက်တာလား..ကျွန်မမသိ ပေမယ့် ခင်ပွန်း တစ်ယောက်တာဝန် မကျေပွန်တာကိုတော့ အမျိုးသမီးထုကြီးကို ဆန့်ကျင် သလိုနဲ့ တူတူပဲ ကျွန်မက မိန်းကလေး တစ်ယောက်မို့ မိန်းကလေးတွေ ဒီလို ရာသီလာချိန်တွေမှာဆို ဖိအားတွေ ဘယ်လောက်များလဲ သိတယ်..အေး..ရှင်တို့က ဘယ်သိမလဲ ရှင်တို့က ရာသီမလာတဲ့ ကျားကျားယားယားတွေလေ..အခုသူမက period painကို ခံစားနေရတဲ့အပြင် အစာပါ အဆိပ်သင့်နေတယ်..expiry date လွန်နေတဲ့ အစားတွေ စားရလောက်အောင် ရှင့်အိမ်က အဲလောက်ထိ ငတ်ပြတ် နေတာတော့ မဟုတ်ပါဘူးနော်?
အခုသူမက သတိလစ်နေလို့ နာကျင်နေတာကို မခံရပေမယ့် သတိမလစ်ခင် သူမ ဘယ်လောက်ထိတောင် ခံစားခဲ့ ရလဲ ဆိုတာ မိန်းကလေး အချင်းချင်းဘဲ နားလည်မယ်..သူမ ကို အခု အခန်းထဲ ပြောင်းလို့ရပြီ၊ ဒါပေမယ့် ဆေးအရှိန်ကြောင့် မနက်ဖြန် ၁၀ နာရီထိ နိုးလာသေးမှာ မဟုတ်ဘူး..ဒါကြောင့် မစ္စတာ ဝေယံ ဒီတညလုံး သူမဘေးမှာ အဖော်ပြုပေးရင်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ေနရင် ကောင်းလိမ့်မယ်လို့ ကျွန်မ အကြံပြုချင်ပါတယ်..”
ဒေါက်တာမှာ တစ်ချက်ကလေးတောင် မနားဘဲ ပြောစရာရှိတာ ပြောသွားသဖြင့် သူ့မှာ ပြန်ပြောချိန်တောင်မရ လိုက်သည့်အပြင် သူမလေးရဲ့ယောက်ျား ဖြစ်သွားပြီး အဆူအငေါက် ခံလိုက်ရလေခြင်း..။
အာကာထက်မှာ ခေါင်းမွှေးမီးလောင် သွားသလိုပင်။
အရင်နှစ်ပတ်ကပဲ တာချီလိတ်က သူ့ဆေးရုံမှာ ညတွင်းချင်း ဒေါက်တာ တစ်ယောက် ရာထူးကနေ နုတ်ပယ်ခံလိုက်ရသည်။ အခုလည်း သူလေးစားရသည့် စီနီယာမမကြီး ပြုံးရီမှာ ထိုသို့ ဖြစ်ဖို့ နီးနေပကော။
သူ သူ၏စီနီယာအား မျက်စိတစ်ဖက်မှိတ်ပြကာ အချက်ပေးပြီး..
"ဘာလို့..ဒီလိုတွေ ပြောနေတာလဲ..ငရဲမီးကြီး ထတောက်လာတော့မယ်”
သူ့စီနီယာမမ ကြားရုံမျှ အသံဖြင့်ပြောလိုက်သည်။ သို့သော် သူမမှာ မကြောက်လန့်သည့်အပြင်..အာကာထက်အား ကြည့်ကာ
"နင်လည်း..တူတူပဲ”
ပြောရင်း စကားဝိုင်းထဲမှ ထွက်သွားသည်။
ရုတ်တရက် ဒေါက်တာပြုံးရီ သူမကို အနောက်မှ ခေါ်သံကြားလိုက်သည် ။
"အကြံပြုချက် အတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာ”
ဝေယံမှာ ပြုံးလျက်သားနှင့် သူမကို ကျေးဇူးတင်နေခြင်းပင်။ ကုမ္ပဏီ တစ်ခုကို စက္ကန့်ပိုင်းအတွင်း ဒေဝါလီ ခံရအောင် လုပ်နိုင်သည့် ထိုလူသားကြီးမှာ သူမအား ကျေးဇူးတင်နေပါလား..။
ရုတ်တရက် နံရံတွေ ကာထားသည့် အရေးပေါ်ခန်း
ရှိရာဆီကို အကြည့်များ ရောက်သွားကာ..
ထို မိန်းကလေး အတော်ကို ကံကောင်းကြောင်း တွေးမိပြီး သူမလည်း ပြုံးမိလိုက်သည်။
အာကာထက်မှာ ခုတစ်လော ထူးထူးဆန်းဆန်းကြီးတွေ ကြားနေရ မြင်နေရပြီး မနက်ဖြန် ကျ x-ray စစ်ဆေးဖို့ အကြုံထုတ်လိုက်သည်။
Advertisement
မအံံ့သြပဲနှင့်လည်း မနေနိုင် ။ သူတစ်ချိန်လုံး ဝေယံပိုင်ရဲ့ အဘွားရော ညီမရော သူ့ကိုယ်တိုင်ရော စောင့်ရှောက်ဖို့ မိသားစု ဆရာဝန်တောင် လုပ်ပေးနေတာကို ဘယ်တုန်းကမှ ကျေးဇူးဆိုပြီး မတင်ဖူးချေ။
ကုပေးလို့ ပျောက်သွားရင် မဆိုးဘူးဘဲ နှင့်သာ နှစ်သိမ့်သလိုမျိုးလေး ပြောခဲ့သည်။ အခု သူ့ကို အထင်လွဲသွားရုံမက ဒီခေါက်တောင် ဆူငေါက်ထားတာကို
ကျေးဇူးတင်တယ် တဲ့လား?
ငါ့နားက တကယ်ပဲ အကြားအာရုံခံ မကောင်းေတာ့တာလား?
မဖြစ်နိုင်ဘူး..သူတကယ်ကို ကျေးဇူးတင်သွားတာပဲ!
"ဘာလို့လဲ..မင်း ပြောလေ..ဘာလို့ကျေးဇူးတင်လိုက်တာလဲ?”
အာကာထက်မှာ မခံချင်စိတ်ဖြင့် နားမလည်သည့် မျက်နှာနှင့် မေးလိုက်သည်။ ဝေယံပိုင် မှာ ဆေးရုံ ၏ ဖန်ချောင်းမီး သီးတွေကြောင့် အရေးပေါ်ခန်းမှန်တံခါးတွင် ထင်ဟပ်နေသော သူ့ပုံရိပ် ကို သူပြန့်ကြည့်ကာ တိုးလျစွာ ဖြေလိုက်သည်။
"သူမကြောင့်..”
.....
11.10.21
ရေးရတာ အားရအောင်လို့
voting လေးတွေနဲ့ အားဖြည့်ပေးကျပါအုံးလို့😘
နားကြားများ လွဲသလား...။
သူမ အဆင်မှ ပြေပါ့မလား?..
အာကာထက်က ဝေယံ ထက်ပို စောပွီး မေးလိုက်သည်။
အခုသူမက သတိလစ်နေလို့ နာကျင်နေတာကို မခံရပေမယ့် သတိမလစ်ခင် သူမ ဘယ်လောက်ထိတောင် ခံစားခဲ့ ရလဲ ဆိုတာ မိန်းကလေး အချင်းချင်းဘဲ နားလည်မယ်..သူမ ကို အခု အခန်းထဲ ပြောင်းလို့ရပြီ၊ ဒါပေမယ့် ဆေးအရှိန်ကြောင့် မနက်ဖြန် ၁၀ နာရီထိ နိုးလာသေးမှာ မဟုတ်ဘူး..ဒါကြောင့် မစ္စတာ ဝေယံ ဒီတညလုံး သူမဘေးမှာ အဖော်ပြုပေးရင်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေရငျ ကောင်းလိမ့်မယ်လို့ ကျွန်မ အကြံပြုချင်ပါတယ်..
"နင်လည်း..တူတူပဲ
ကျေးဇူးတင်တယ် တဲ့လား?
ငါ့နားက တကယ်ပဲ အကြားအာရုံခံ မကောင်းတော့တာလား?
"သူမကြောင့်..
.....
11.10.21
ရေးရတာ အားရအောင်လို့
Advertisement
- In Serial12 Chapters
Touched By a Dwarf(Completed)
You will be taken though a journey where you make friends and enemies. You will experience pain and love with Thor and his company of 12 dwarves. ( By the way Y/N means your name.)
8 133 - In Serial14 Chapters
Shifting in Love
After a major natural disaster, the world is now in an apocalypse age. Due to the harsh environments, some humans had to adapt by becoming shifters that benefit the region they live in. Luna is a 25 year old woman, that lives in the Forest Region, who was taught in the field of medicine by her mother. But her life suddenly changes when she is forced to make a choice to marry the region's lone wolf shifter Trent, or leave her home with her recently discovered father. Once she decides her fate, Luna then has to face a new challenge. A major natural disaster is threatening the world again and it's up to Luna to use her knowledge to find away to save those she loves most.
8 268 - In Serial25 Chapters
Alpha (under construction - rewrite)
They say that when he is near you can't breathe because of the suffocating power he emits. They say when you are in his presence you fall to your knees because of the intense domination. They say when you mess with what is his, you pay the ultimate price.Who is he?He is Alpha.
8 125 - In Serial52 Chapters
Paper Bride ✔️ (Book 4 - DP Series - COMPLETE)
{Complete}{Book 4 in Dismantled Pride Series}---It's been four years since they sealed the deal, and yet he still makes her heart flutter with the undeniable ache of desire. She loves him. More than she's loved anyone else before.It's just too bad he no longer feels the same way.Now it's up to Mercy to save her marriage, and she will do everything in her power to bring the passion back into their lives. But, while struggling to hold the broken fragments of her marriage together, tragedy strikes. With no other options, she's forced to abandon her hopes of rekindling that dying flame. But sometimes it takes letting go to realize that you weren't holding brokenness together at all... you were holding restoration back.---Book 4 of The Dismantled Pride Series (though it can be read as a standalone... sorta.)Book 1: Porcelain SkinBook 2 : (coming soon)Book 3: Liquid FeelsNote: This story has not been edited, so enter at your own risk. :)
8 167 - In Serial52 Chapters
Buffy and Spike
Another Fanfiction.Not set in a particular season.Spike and Buffy live in Sunnydale at Buffy's house (no Joyce no Dawn) Xander and Anya are together and Willow and Tara are together.Set in college (so around season 4 or 5).
8 169 - In Serial63 Chapters
The Zoldyck's Nanny (Illumi x Reader)
Why is Illumi so obsessed with Killua? What if it was because Killua was not his brother, but his son? This fanfiction revolves around the idea that Illumi had a kid with the reader and Silva and Kikyo decide to raise the baby as their own and hire the reader as their nanny.This is an Illumi-centered story and his age controls the readers age, naturally. Enjoy!
8 80