《Untamed Flower( ပန်းရိုင်း)》အပိုင်း ၃၀
Advertisement
ရွှေခေတ် လက်ထဲမှ စွပ်ပြုတ်ဘူးကို ခုံပေါ် ခပ်ကြမ်းကြမ်း ချပစ်လိုက်ပြီး..
"ပြောစမ်းပါအုံး..ဒါဆိုမနေ့က..တမင်သက်သက် မသိချင် ယောင်ဆောင်တာမျိုးပေါ့?..”
ဆေးရုံ လူနာဝတ်စုံ ကို ဝတ်ဆင်ထားပြီး ကုတင်ပေါ် ခွေလျက်ထိုင်ကာ ခါးထောက်၍အမိန့်ပေးသလို အသံဖြင့် ပြောနေသော သူမအားကြည့်ပြီး ဝေယံ့အပြုံးမှာ ယခင်ကထက် ပိုတောက်ပလာ၏။ ဘယ်လိုအကြောင်းကြောင့်လည်း မသိ.. သူမ၏လုပ်ရှားမှုတိုင်း ပြောထွက်လာတဲ့စကားတိုင်း..အပြုအမူတိုင်းက သူ့ကို ရင်ဖိုလှိုက်မော စေသည်။
ဒါဟာ..အချစ်လား?
"ငယ်လေး..ထင်ချင် သလိုသာထင်ပေါ့..”
သူ့စကားမှာ သူမအား ပို၍ပင် မခံချင်စိတ် ပေါက်လာအောင် ပြုနေခြင်း..။
"ကျွန်မနာမည်က ငယ်လေး မဟုတ်ရပါဘူးနော်! ကျေးဇူးပြုပြီး အရမ်း ရင်းနှီးနေသလို ပုံစံမျိုးနဲ့ မခေါ်ပါနဲ့ _”
ဝေယံ မျက်ခုံးတစ်ချက်ပင့် လိုက်ပြီး..
"ဟုတ့်ကဲ့ပါ..မစ္စ ရွှေခေတ် ခင်ဗျာ..”
"ဟင်..ရှင်..ရှင် ကျွန်မနာမည် ကို လည်းသိနေတယ်?
ကျွန်မ အကြောင်းတွေ စုံစမ်းထားတယ်လို့တော့ မပြောနဲ့နော်..”
သူမက ထိတ်လန့်စွာ ပြောလိုက်သည်။
ဝေယံ သူမမေးခွန်းကို မဖြေရသေးခင် တံခါးဖွင့်သံ ကြား၍ နှစ်ယောက်စလုံး တံခါးဆီသို့ အကြည့်ရောက်သွားကြ၏။
"နိုးလာပြီပေါ့..”
ဒေါက်တာ ယူနီဖောင်း ဝတ်ဆင်ထား၍ ဖိုင်တွဲကို လက်ထဲပိုက်ကာ ဝင်လာသော သူကို ကြည့်ပြီး ရွှေခေတ် သွေးပျက်သွားသော်လည်း ဝေယံမှာ..
"အင်း..အစာတောင် စားပြီးသွားပြီ”
ဟု ခပ်အေးအေးသာဖြေလိုက်သည်။
ရွှေခေတ် သွေးပျက်ရသည့် အကြောင်းရင်းမှာကား..
ထိုဒေါက်တာမှာ လေဆိပ်က တွေ့ခဲ့တဲ့လူ
သူမ ရှေ့က လူကို ကယ်ပေးတုန်း သူမကို သူ့လူကယ်ပေးလို့ ကျေးဇူးတင်ကြောင်း ပြောခဲ့တဲ့လူ နှင့် တစ်ယောက်တည်းမို့ပင်။
သူမ အပြစ်လုပ်မိပြီလား..?
သူမ ကို ထိုလူက ကယ်ပေးခဲ့လို့ သူ့ကောင်လေး ဒေါက်တာက သူမကို ဝါးစားတော့မည့် အကြည့်နဲ့ ကြည့်နေတာလား?
သို့သော် အာကာထက်မှာလည်း တစ်ခြားအတွေးနှင့်..
သူ့ကိုကျ တစ်ချက်လေးတောင် ကျေးဇူးတင်တယ်မပြောတဲ့ ယောက်ဖဖြစ်သူက..
မနေ့ကမှ လူချင်းတွေ့ရတဲ့ သူစိမ်းတစ်ယောက်ကို တညလုံး လက်ကို ကိုင် ေဘးမှာ ထိုင်စောင့်ရင်း ကိုယ်တိုင်ရဲ့ ကျန်းမာရေးကို လျစ်လျူရှု ထားခဲ့သောကြောင့် ထိုမိန်းကလေးကို အကြည့်စူးစူးတွေနှင့် ကြည့်လိုက်သည်။ သူ့ယောက်ဖ တစ်ခုခုသာ ထပ်ဖြစ်ရင်
သူကပဲ အလုပ်ပျက်အကိုင်ပျက်ပြီး သူ့ကိုစောင့်ရှောက်လိုက် ညိီမလေးဖြစ်သူနဲ့ အဘွားကို ဖုံးဖိရလိုက်နှင့် ဦးနှောက်ခြောက် ရပေအုံးမည်။
ရုတ်တရက် တံခါးမှာ ဒုတိယအကြိမ် ခေါက်သံကြား၍ သုံးယောက်စလုံး အကြည့်ချင်းဆုံလိုက်ပြီး တံခါးမကြီးဆီ ပြိုင်ကြည့်လိုက်ကြသည်။
အလန့်တကြားနှင့် ပြေးလာသူမှာ ရွှေခေတ်၏ သူငယ်ချင်း အိမွန်။
အခန်းထဲမှ ယောက်ျားနှစ်ယောက်ကို လျစ်လျူရှုမိပြီး ပြေးလာသော အိမွန်အား..
"ဘာတွေ ဒီလောက်လောလာနေတာလဲ..”
ရွှေခေတ် ပြောလိုက်သော်လည်း အိမွန်မှာ ထိုလူနှစ်ယောက်ကိုသာ မျက်တောင်မခတ်ကြည့်ပြီး သူမအားလျစ်လျူရှုထားလျက် သွားရည်တွေ ကျတော့မယောင်ပင်။
အခြေအနေကို သိနေသော ရွှေခေတ် မှာ ခေါင်းကိုခါရမ်းလိုက်ပြီး ထိုအိမွန်မအား နရင်းအုပ်မိချင်တော့၏။
"ငယ်လေးတို့..ပြောစရာရှိတာ ပြောလေ ကိုယ်တို့ ထွက်သွားပေးမယ်..”
ပြောရင်းဆိုရင်း ဝေယံမှာ အာကာထက် ပခုံးပေါ် လက်တင်ရင်း အခန်းပြင်သို့ ဆွဲခေါ်သွားသည်။ သို့သော် သူတို့နှစ်ယောက် မသိသည်က လိပ်မျက်လုံးတွေနှင့် ရွှေအတွဲလေးကြည်နူးနေပုံကို ကြည့်ကာ ကျိတ်ပြုံးနေသော လူတစ်ယောက်ရှိသည်ကို။
......
"နင်တို့က ဘာဆက်ဆံရေးတွေလည်း..”
အိမွန် ရွှေခေတ်အား တံခါးမဆီ လက်ညိုးထိုးပြကာ မေးငေါ့ရင်း မေးလိုက်သည်။
"......”
သူမ ဘာမှ မပြောထွက်။ ဒီလို ဖြစ်မယ်မှန်း သိသားပဲ..သို့သော်လည်း မရှောင်လွဲသာ၍ ရှင်းပြရန် လမ်းတစ်လမ်းတည်းသာ ကျန်တော့သည်။
"အော်..ငါသူ့ကို ကယ်ထားဖူးလို့ ”
ခပ်တိုတိုလေး အဖြေကို အိမွန်မှာမူ အားမရနိုင်။ တစ်ညလုံး ဖုန်းမကိုင်လို့ မနက်အစောကြီး သူမ ရွှေခေတ်အိမ် သွားတော့ လူလည်းမရှိပြန်။ ဖုန်းနောက် တစ်ခါ ခေါ်ကြည့်တော့ ကိုင်တဲ့သူက ယောက်ျားကြီးတစ်ယောက်။ သူမမှာ ပြန်ပေးဆွဲခံရတာလားလို့ တွေးပြီး သေမတတ်စိတ်တွေပူရ။ ဆေးရုံရောက်နေတယ် ကြားလို့ အမောတကော လိုက်လာရတာကို သူမက ဒီမှာ အဆင်လေးနှစ်ယောက်နဲ့ လာသာယာနေတယ်..
"အော်..နင်က လိမ်ဦးမယ်ပေါ့..ခုနက နင့်ကို ငယ်လေးလို့ ခေါ်သွားတာကြရော..ဘယ်လိုရှင်းမလဲ.. အဲဒါက ကျေးဇူးရှင်ကို ခေါ်တဲ့ နာမ်စားလား ကောင်မလေးကို ခေါ်တဲ့ နာမ်စားလားကို ငါမသိတာများ မှတ်နေလား..နင်ကတော့ ပေါင်ကြီးကို ခွမိထားပြီး ဒီက ချစ်သူငယ်ချင်းလေးကိုတော့ ေပြာတောင်မပြပဲ မေ့ထားတာပေါ့..အဟင်း..ဟင်း”
Advertisement
အိမွန်မှာ သူမအား ငိုမဲ့မဲ့ သနားစရာကောင်မလေး ဟန်ဆောင်ကာ ပြောလိုက်သဖြင့် ရွှေခေတ် .အိမွန်ရဲ့ ပါးစပ်ကို လက်နဲ့အုပ်လိုက်သည်။
"ရှူး..တိုးတိုးလေးပြော..သူတို့က တံခါးအပြင်မှာဘဲ ရှိနေသေးတယ်.. နင့်စကားတွေ သူ့တို့ကြားသွားရင် ငါတာဝန်မယူဘူးနော်..”
လေသံလိုမျိုး ကြားရုံ အသံဖြင့် ပြောနေသော သူမကြောင့် အိမွန်မှာ တင်းခနဖြစ်သွားပြီး တံခါးဆီ ကြည့်လိုက်သည်။ ဖောက်ထွင်းမြင်ရသည့် မှန်တံခါး မဟုတ်ပင်မယ့် အပြင်မှာ လူရှိကြောင်း သေချာသည်မှာ လှုပ်လှုပ်ယှက်ယှက်နှင့် အရိပ်နှစ်ခု ကြောင့်ပင်။
"ဘာလို့လဲ”
အိမွန် ခပ်ပြတ်ပြတ်မေးလိုက်သည်။
"နင်မှတ်မိလား..ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ငါနင့်ကို ပြောသေးတယ်လေ..အဲဒီ ဝေယံဆိုတဲ့ လူက မိန်းကလေးတွေ ကို မကြိုက်ပါဘူး ဆိုတာလေ..”
ရွှေခေတ် စကားကြောင့် အိမွန် ပြီးခဲ့တဲ့ ၂ပတ် သူမနှင့် ရွှေခေတ် အကြီးအကျယ် ငြင်းခုံ ခဲ့ရတဲ့ အချိန်ကို သတိရလိုက်သည်။
"အင်း..မှတ်မိပြီ..အဲဒါနဲ့ ဘာဆိုင်လို့လဲ”
ရွှေခေတ်မှာ သက်ပြင်းရှည်ကြီး ချကာ သူမတို့ ဆုံခဲ့ပုံ သူလာကယ်ခဲ့ပုံနှင့်တကွ တံခါးအပြင်က လူနှစ်ယောက်ရဲ့ ဆက်ဆံရေးပုံစံကို သူမတွေးထင်သလိုမျိုး ဆရာမရှေ့ စာစီစာကုံးရွတ်ဖတ်ပြသလို ရှင်းပြလေ၏။
"ဟင်..တကယ်ကြီးလား”
အိမွန်မှာ မယုံချင်ယုံချင်နှင့် တံခါးကို တစ်လှည့် ရွှေခေတ်ကို တစ်လှည့် ကြည့်ကာ ပြောလိုက်သည်။
"နင်မယုံသေးဘူးလား..ခုနက သူ့ကောင်လေးကို စိတ်ဆိုးနေလို့ ဖက်ရင်း အပြင်မှာ ထွက်ချော့မလို့ကို ငါတို့စကားပြောရအောင် ဖယ်ပေးတာလို့ ဆင်ခြေတောင် သုံးလိုက်သေးတာ..သူ့ကိုအရူးအမူး အားပေးနေတဲ့ ပရိတ်သတ်မလေးနင့်အတွက် စိတ်မကောင်းဘူး အိမွန်မ..”
သူမထိုသို့ ပြောလိုက်သောကြောင့် အိမွန် မှာ အပြည့်အဝ ယုံကြည်သွားပြီး တစ်ကိုယ်လုံး ပုံပျက်ပန်းပျက် သလို ဆိုဖာပေါ် ထိုင်ချလိုက်သည်။
"ငါ့မှာက ဘဲနဲ့လည်းပြတ် အိုင်ဒေါကြီးကလည်း ဂေး
မိုးနတ်မင်းကြီး မတရားဘူး..”
မျက်နှာကျက်ကို လက်ညိုးထိုးကာ ပြောနေသော အိမွန်မအား..
"ဟင်..ဘဲနဲ့ပြတ်ပြန်ပြီ နင်ပြောတော့ အဲကောင်နဲ့က ဖော်အဲဗားဆို ”
(forever ပါရှင်)
အိမွန် လာမှမပြောရသေးခင် ဝေယံနှင့် အာကာ က အခန်းထဲ ပြန်ဝင်ပြီး ဝေယံက
"ငယ်လေးတို့ ပြောပြီးသွားပြီလား..”
"အင်း..”
သူမ ခပ်ပြတ်ပြတ်သာ ပြောလိုက်သည်။ ဝေယံ သူမဆီမှ အကြည့်လွှဲပြီး သူမ သူငယ်ချင်းဆီ အကြည့်ရောက်သွားသည်။
ဟင်..ဘာဖြစ်သွားတာလဲ ခုနကမှ ငါ့ကို ပစ်ကြွေတဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ မိန်းမက အခုကျ အပြစ်တင်သလို ပုံစံမျိုးနဲ့ လာကြည့်နေတယ်..
.........
12.10.21
vote ပေးကြတဲ့ ဒါဒါလေးတို့ကို ချစ်တယ်နော်
ေ႐ႊေခတ္ လက္ထဲမွ စြပ္ျပဳတ္ဘူးကို ခုံေပၚ ခပ္ၾကမ္းၾကမ္း ခ်ပစ္လိုက္ၿပီး..
"ေျပာစမ္းပါအုံး..ဒါဆိုမေန႕က..တမင္သက္သက္ မသိခ်င္ ေယာင္ေဆာင္တာမ်ိဳးေပါ့?..
ေဆး႐ုံ လူနာဝတ္စုံ ကို ဝတ္ဆင္ထားၿပီး ကုတင္ေပၚ ေခြလ်က္ထိုင္ကာ ခါးေထာက္၍အမိန့္ေပးသလို အသံျဖင့္ ေျပာေနေသာ သူမအားၾကည့္ၿပီး ေဝယံ့အၿပဳံးမွာ ယခင္ကထက္ ပိုေတာက္ပလာ၏။ ဘယ္လိုအေၾကာင္းေၾကာင့္လည္း မသိ.. သူမ၏လုပ္ရွားမႈတိုင္း ေျပာထြက္လာတဲ့စကားတိုင္း..အျပဳအမူတိုင္းက သူ႕ကို ရင္ဖိုလွိုက္ေမာ ေစသည္။
ဒါဟာ..အခ်စ္လား?
"ငယ္ေလး..ထင္ခ်င္ သလိုသာထင္ေပါ့..
သူ႕စကားမွာ သူမအား ပို၍ပင္ မခံခ်င္စိတ္ ေပါက္လာေအာင္ ျပဳေနျခင္း..။
"ကြၽန္မနာမည္က ငယ္ေလး မဟုတ္ရပါဘူးေနာ္! ေက်းဇူးျပဳၿပီး အရမ္း ရင္းႏွီးေနသလို ပုံစံမ်ိဳးနဲ႕ မေခၚပါနဲ႕ _
ေဝယံ မ်က္ခုံးတစ္ခ်က္ပင့္ လိုက္ၿပီး..
"ဟုတ့္ကဲ့ပါ..မစၥ ေ႐ႊေခတ္ ခင္ဗ်ာ..
"ဟင္..ရွင္..ရွင္ ကြၽန္မနာမည္ ကို လည္းသိေနတယ္?
ကြၽန္မ အေၾကာင္းေတြ စုံစမ္းထားတယ္လို႔ေတာ့ မေျပာနဲ႕ေနာ္..
သူမက ထိတ္လန့္စြာ ေျပာလိုက္သည္။
ေဝယံ သူမေမးခြန္းကို မေျဖရေသးခင္ တံခါးဖြင့္သံ ၾကား၍ ႏွစ္ေယာက္စလုံး တံခါးဆီသို႔ အၾကည့္ေရာက္သြားၾက၏။
"နိုးလာၿပီေပါ့..
ေဒါက္တာ ယူနီေဖာင္း ဝတ္ဆင္ထား၍ ဖိုင္တြဲကို လက္ထဲပိုက္ကာ ဝင္လာေသာ သူကို ၾကည့္ၿပီး ေ႐ႊေခတ္ ေသြးပ်က္သြားေသာ္လည္း ေဝယံမွာ..
"အင္း..အစာေတာင္ စားၿပီးသြားၿပီ
ဟု ခပ္ေအးေအးသာေျဖလိုက္သည္။
ေ႐ႊေခတ္ ေသြးပ်က္ရသည့္ အေၾကာင္းရင္းမွာကား..
ထိုေဒါက္တာမွာ ေလဆိပ္က ေတြ႕ခဲ့တဲ့လူ
သူမ ေရွ႕က လူကို ကယ္ေပးတုန္း သူမကို သူ႕လူကယ္ေပးလို႔ ေက်းဇူးတင္ေၾကာင္း ေျပာခဲ့တဲ့လူ ႏွင့္ တစ္ေယာက္တည္းမို႔ပင္။
သူမ အျပစ္လုပ္မိၿပီလား..?
သူမ ကို ထိုလူက ကယ္ေပးခဲ့လို႔ သူ႕ေကာင္ေလး ေဒါက္တာက သူမကို ဝါးစားေတာ့မည့္ အၾကည့္နဲ႕ ၾကည့္ေနတာလား?
Advertisement
သို႔ေသာ္ အာကာထက္မွာလည္း တစ္ျခားအေတြးႏွင့္..
သူ႕ကိုက် တစ္ခ်က္ေလးေတာင္ ေက်းဇူးတင္တယ္မေျပာတဲ့ ေယာက္ဖျဖစ္သူက..
မေန႕ကမွ လူခ်င္းေတြ႕ရတဲ့ သူစိမ္းတစ္ေယာက္ကို တညလုံး လက္ကို ကိုင္ ေဘးမှာ ထိုင္ေစာင့္ရင္း ကိုယ္တိုင္ရဲ႕ က်န္းမာေရးကို လ်စ္လ်ဴရႈ ထားခဲ့ေသာေၾကာင့္ ထိုမိန္းကေလးကို အၾကည့္စူးစူးေတြႏွင့္ ၾကည့္လိုက္သည္။ သူ႕ေယာက္ဖ တစ္ခုခုသာ ထပ္ျဖစ္ရင္
သူကပဲ အလုပ္ပ်က္အကိုင္ပ်က္ၿပီး သူ႕ကိုေစာင့္ေရွာက္လိုက္ ညိီမလေးဖြစ်သူနဲ့ အဘြားကို ဖုံးဖိရလိုက္ႏွင့္ ဦးႏွောက္ေျခာက္ ရေပအုံးမည္။
႐ုတ္တရက္ တံခါးမွာ ဒုတိယအႀကိမ္ ေခါက္သံၾကား၍ သုံးေယာက္စလုံး အၾကည့္ခ်င္းဆုံလိုက္ၿပီး တံခါးမႀကီးဆီ ၿပိဳင္ၾကည့္လိုက္ၾကသည္။
အလန့္တၾကားႏွင့္ ေျပးလာသူမွာ ေ႐ႊေခတ္၏ သူငယ္ခ်င္း အိမြန္။
အခန္းထဲမွ ေယာက္်ားႏွစ္ေယာက္ကို လ်စ္လ်ဴရႈမိၿပီး ေျပးလာေသာ အိမြန္အား..
"ဘာေတြ ဒီေလာက္ေလာလာေနတာလဲ..
ေ႐ႊေခတ္ ေျပာလိုက္ေသာ္လည္း အိမြန္မွာ ထိုလူႏွစ္ေယာက္ကိုသာ မ်က္ေတာင္မခတ္ၾကည့္ၿပီး သူမအားလ်စ္လ်ဴရႈထားလ်က္ သြားရည္ေတြ က်ေတာ့မေယာင္ပင္။
အေျခအေနကို သိေနေသာ ေ႐ႊေခတ္ မွာ ေခါင္းကိုခါရမ္းလိုက္ၿပီး ထိုအိမြန္မအား နရင္းအုပ္မိခ်င္ေတာ့၏။
"ငယ္ေလးတို႔..ေျပာစရာရွိတာ ေျပာေလ ကိုယ္တို႔ ထြက္သြားေပးမယ္..
ေျပာရင္းဆိုရင္း ေဝယံမွာ အာကာထက္ ပခုံးေပၚ လက္တင္ရင္း အခန္းျပင္သို႔ ဆြဲေခၚသြားသည္။ သို႔ေသာ္ သူတို႔ႏွစ္ေယာက္ မသိသည္က လိပ္မ်က္လုံးေတြႏွင့္ ေ႐ႊအတြဲေလးၾကည္ႏူးေနပုံကို ၾကည့္ကာ က်ိတ္ၿပဳံးေနေသာ လူတစ္ေယာက္ရွိသည္ကို။
......
"နင္တို႔က ဘာဆက္ဆံေရးေတြလည္း..
အိမြန္ ေ႐ႊေခတ္အား တံခါးမဆီ လက္ညိုးထိုးျပကာ ေမးေငါ့ရင္း ေမးလိုက္သည္။
"......
သူမ ဘာမွ မေျပာထြက္။ ဒီလို ျဖစ္မယ္မွန္း သိသားပဲ..သို႔ေသာ္လည္း မေရွာင္လြဲသာ၍ ရွင္းျပရန္ လမ္းတစ္လမ္းတည္းသာ က်န္ေတာ့သည္။
"ေအာ္..ငါသူ႕ကို ကယ္ထားဖူးလို႔
ခပ္တိုတိုေလး အေျဖကို အိမြန္မွာမူ အားမရနိုင္။ တစ္ညလုံး ဖုန္းမကိုင္လို႔ မနက္အေစာႀကီး သူမ ေ႐ႊေခတ္အိမ္ သြားေတာ့ လူလည္းမရွိျပန္။ ဖုန္းေနာက္ တစ္ခါ ေခၚၾကည့္ေတာ့ ကိုင္တဲ့သူက ေယာက္်ားႀကီးတစ္ေယာက္။ သူမမွာ ျပန္ေပးဆြဲခံရတာလားလို႔ ေတြးၿပီး ေသမတတ္စိတ္ေတြပူရ။ ေဆး႐ုံေရာက္ေနတယ္ ၾကားလို႔ အေမာတေကာ လိုက္လာရတာကို သူမက ဒီမွာ အဆင္ေလးႏွစ္ေယာက္နဲ႕ လာသာယာေနတယ္..
"ေအာ္..နင္က လိမ္ဦးမယ္ေပါ့..ခုနက နင့္ကို ငယ္ေလးလို႔ ေခၚသြားတာၾကေရာ..ဘယ္လိုရွင္းမလဲ.. အဲဒါက ေက်းဇူးရွင္ကို ေခၚတဲ့ နာမ္စားလား ေကာင္မေလးကို ေခၚတဲ့ နာမ္စားလားကို ငါမသိတာမ်ား မွတ္ေနလား..နင္ကေတာ့ ေပါင္ႀကီးကို ခြမိထားၿပီး ဒီက ခ်စ္သူငယ္ခ်င္းေလးကိုေတာ့ ေပြာတောင်မပြပဲ ေမ့ထားတာေပါ့..အဟင္း..ဟင္း
အိမြန္မွာ သူမအား ငိုမဲ့မဲ့ သနားစရာေကာင္မေလး ဟန္ေဆာင္ကာ ေျပာလိုက္သျဖင့္ ေ႐ႊေခတ္ .အိမြန္ရဲ႕ ပါးစပ္ကို လက္နဲ႕အုပ္လိုက္သည္။
"ရႉး..တိုးတိုးေလးေျပာ..သူတို႔က တံခါးအျပင္မွာဘဲ ရွိေနေသးတယ္.. နင့္စကားေတြ သူ႕တို႔ၾကားသြားရင္ ငါတာဝန္မယူဘူးေနာ္..
ေလသံလိုမ်ိဳး ၾကား႐ုံ အသံျဖင့္ ေျပာေနေသာ သူမေၾကာင့္ အိမြန္မွာ တင္းခနျဖစ္သြားၿပီး တံခါးဆီ ၾကည့္လိုက္သည္။ ေဖာက္ထြင္းျမင္ရသည့္ မွန္တံခါး မဟုတ္ပင္မယ့္ အျပင္မွာ လူရွိေၾကာင္း ေသခ်ာသည္မွာ လႈပ္လႈပ္ယွက္ယွက္ႏွင့္ အရိပ္ႏွစ္ခု ေၾကာင့္ပင္။
"ဘာလို႔လဲ
အိမြန္ ခပ္ျပတ္ျပတ္ေမးလိုက္သည္။
"နင္မွတ္မိလား..ၿပီးခဲ့တဲ့ ႏွစ္ပတ္ေလာက္က ငါနင့္ကို ေျပာေသးတယ္ေလ..အဲဒီ ေဝယံဆိုတဲ့ လူက မိန္းကေလးေတြ ကို မႀကိဳက္ပါဘူး ဆိုတာေလ..
ေ႐ႊေခတ္ စကားေၾကာင့္ အိမြန္ ၿပီးခဲ့တဲ့ ၂ပတ္ သူမႏွင့္ ေ႐ႊေခတ္ အႀကီးအက်ယ္ ျငင္းခုံ ခဲ့ရတဲ့ အခ်ိန္ကို သတိရလိုက္သည္။
"အင္း..မွတ္မိၿပီ..အဲဒါနဲ႕ ဘာဆိုင္လို႔လဲ
ေ႐ႊေခတ္မွာ သက္ျပင္းရွည္ႀကီး ခ်ကာ သူမတို႔ ဆုံခဲ့ပုံ သူလာကယ္ခဲ့ပုံႏွင့္တကြ တံခါးအျပင္က လူႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးပုံစံကို သူမေတြးထင္သလိုမ်ိဳး ဆရာမေရွ႕ စာစီစာကုံး႐ြတ္ဖတ္ျပသလို ရွင္းျပေလ၏။
"ဟင္..တကယ္ႀကီးလား
အိမြန္မွာ မယုံခ်င္ယုံခ်င္ႏွင့္ တံခါးကို တစ္လွည့္ ေ႐ႊေခတ္ကို တစ္လွည့္ ၾကည့္ကာ ေျပာလိုက္သည္။
"နင္မယုံေသးဘူးလား..ခုနက သူ႕ေကာင္ေလးကို စိတ္ဆိုးေနလို႔ ဖက္ရင္း အျပင္မွာ ထြက္ေခ်ာ့မလို႔ကို ငါတို႔စကားေျပာရေအာင္ ဖယ္ေပးတာလို႔ ဆင္ေျခေတာင္ သုံးလိုက္ေသးတာ..သူ႕ကိုအ႐ူးအမူး အားေပးေနတဲ့ ပရိတ္သတ္မေလးနင့္အတြက္ စိတ္မေကာင္းဘူး အိမြန္မ..
သူမထိုသို႔ ေျပာလိုက္ေသာေၾကာင့္ အိမြန္ မွာ အျပည့္အဝ ယုံၾကည္သြားၿပီး တစ္ကိုယ္လုံး ပုံပ်က္ပန္းပ်က္ သလို ဆိုဖာေပၚ ထိုင္ခ်လိဳက္သည္။
"ငါ့မွာက ဘဲနဲ႕လည္းျပတ္ အိုင္ေဒါႀကီးကလည္း ေဂး
မိုးနတ္မင္းႀကီး မတရားဘူး..
မ်က္ႏွာက်က္ကို လက္ညိုးထိုးကာ ေျပာေနေသာ အိမြန္မအား..
"ဟင္..ဘဲနဲ႕ျပတ္ျပန္ၿပီ နင္ေျပာေတာ့ အဲေကာင္နဲ႕က ေဖာ္အဲဗားဆို
(forever ပါရွင္)
အိမြန္ လာမွမေျပာရေသးခင္ ေဝယံႏွင့္ အာကာ က အခန္းထဲ ျပန္ဝင္ၿပီး ေဝယံက
"ငယ္ေလးတို႔ ေျပာၿပီးသြားၿပီလား..
"အင္း..
သူမ ခပ္ျပတ္ျပတ္သာ ေျပာလိုက္သည္။ ေဝယံ သူမဆီမွ အၾကည့္လႊဲၿပီး သူမ သူငယ္ခ်င္းဆီ အၾကည့္ေရာက္သြားသည္။
ဟင္..ဘာျဖစ္သြားတာလဲ ခုနကမွ ငါ့ကို ပစ္ေႂကြတဲ့ အၾကည့္ေတြနဲ႕ ၾကည့္ေနတဲ့ မိန္းမက အခုက် အျပစ္တင္သလို ပုံစံမ်ိဳးနဲ႕ လာၾကည့္ေနတယ္..
.........
12.10.21
vote ေပးၾကတဲ့ ဒါဒါေလးတို႔ကို ခ်စ္တယ္ေနာ္
Advertisement
- In Serial363 Chapters
Crazy Duke And Fallen Queen
She's the Queen who lost a war. And he's the man who won.
8 6446 - In Serial18 Chapters
Summoned the Devil for a Date
I summoned him on accident, but since he's here...
8 269 - In Serial70 Chapters
STORM 4 | Josh Christopher
Read part 1, 2, and 3 before this one!
8 171 - In Serial26 Chapters
Beautiful ➳ Neil Perry.
based on the 1989 film 'dead poets society', a neil perry love story.
8 205 - In Serial25 Chapters
Alpha (under construction - rewrite)
They say that when he is near you can't breathe because of the suffocating power he emits. They say when you are in his presence you fall to your knees because of the intense domination. They say when you mess with what is his, you pay the ultimate price.Who is he?He is Alpha.
8 125 - In Serial29 Chapters
"The Impossible to Possible" (Monika x reader)
(Your full name/ Y/F/N) is a normal high school boy in S.E.A Academy, he got interested in DDLC and tried playing it, when he opened the game and finished it, but he did something that no other playerswould do...
8 91

