《Untamed Flower( ပန်းရိုင်း)》အပိုင်း ၃၄
Advertisement
မီးအိမ် တစ်ခုသာ ထွန်းထားသည့် မှောင်ပျပျ အခန်းတစ်ခုတွင် ဝေယံ တစ်ယောက် ဆေးရုံဝတ်စုံဖြင့် ကုတင်ပေါ်လှဲလျောင်းကာ အိပ်ပျော်နေသော မိန်းကလေးတစ်ဦး၏ ပုံတူ ပန်းချီကား တစ်ချပ်ကို ငေးမောနေလေ၏။
သူမ၏ မျက်တောင် ရှည်ရှည်လေးတွေ အဖြူရောင် ခေါင်းအုံးပေါ် ပွကျဲနေသည့် ပိတုန်းရောင် ဆံပင်လေးတွေက သူ့ကို ရူးသွပ်စေနိုင်သည်။ ဆေးပန်းချီမို့ အရောင်စုံလင်ကာ လှပလွန်းသည့် လက်ရာပင်။
ရုတ်တရက် ဖုန်းသံပေါ်ထွက်လာပြီး အတွေးများထဲ နှစ်မြောနေသည့် သူ့ကို နှိုးကြားလိုက်၏။
"သူဌေး..သူမကို maybach ကားနဲ့ အမျိုးသမီး ကြီး တစ်ဦးလာကြိုပြီး အိမ်ကနေ ထွက်သွားကြပြီ..”
"ငါ့ကို.. အဲ့ကားပုံ ပို့လာပေး..”
ဝေယံပိုင် မျက်စိများကို မှေးကျဥ်းကာ ပြောလိုက်သည်။
"ဟင်..ဆရာပြောတော့..စောင့်ကြည့်ရုံပဲ စောင့်ကြည့်ပြီး ပုံမရိုက်နဲ့ဆို..အဲကြောင့် ကျနော် မရိုက်လိုက်ရဘူး..”
ရဲနိုင် ခေါင်းနပန်း ထူပူသွားသည်။ သူပဲ ပုံမရိုက်ရဘူးပြောထားပြီး အခုကျ ပုံလာတောင်းနေတယ်။ ရဲနိုင်မှာထမင်းစားချိန် မမှန်ရတော့သည်အထိ သူဌေးဖြစ်သူ၏ အမိန့်ဖြင့် ကောင်မလေး တစ်ယောက်၏ နေ့စဥ်လှုပ်ရှား သွားလာမှုတွေကို စောင့်ကြည့်ပေးနေရသည်။ သူ၏သူဌေးနှင့် ထိုကောင်မလေးမှာ မည်သည့် ဆက်ဆံရေးမျိုးရှိသည်ကို သူ မသိပေမယ့် သူကတော့ သူခိုးတစ်ယောက်လို ပုန်းလျှိုးကွယ်လျှိုးဖြင့် သူမ လုပ်သည့် ဘယ်အရာမဆို သူ့သူဌေးဖြစ်သူအား တင်ပြေနရသည်။
"အေး..ဟုတ်သား၊ နေတောင်ဝင်တော့မယ် မင်းလဲအိမ်ပြန်လို့ရပြီ ၊ ”
ရဲနိုင်မှာ သူ့သူဌေး၏ ထို "အိမ်ပြန်တော့" ဟူသော စကားလုံးအား စောင့်နေရသည်မှာ နာရီပေါင်းများစွာပင် ကြာနေလေပြီ။ သူ သူဌေးကို နှုတ်ဆက်ပြီး ချက်ချင်းဖုန်းချကာ အိမ်သို့ စိတ်ကြည်မှု မျိုးစုံ ဖြင့် ပြန်တော့မယ့်အချိန်...
အနောက်ဘက်မှ သူ့အင်္ကျီအား တစ်စုံတစ်ယောက် ဆွဲထားသလို ခံစားရသဖြင့် အနောက်ကို ဖြည်းဖြည်း ချင်း လှည့်ကြည့်လိုက်သည်။ သူကို့ မဲ့ပြုံးပြုံးကာ လက်ထဲမှ တုတ်ရှည်ကြီးကိုင်ထားသည့် မိန်းကလေး တစ်ဦး။ သူမမှာ သူ့သူဌေး လိုက်ခိုင်းထားသော မိန်းကလေး၏ သူငယ်ချင်းပင်။ ထိုမိန်းကလေးအား အမြဲတမ်း ကပ်နေ၍ သူ့ကိုဆွဲထားသည့် ကောင်မလေးကို မမှတ်မိနိုင်စရာ အကြောင်းမရှိပေ။
"ရှင့်ကို စောင့်ကြည့်နေတာကြာပြီ.. အခုတော့ လက်ပူးလက်ကြပ်မိပြီ..ဘယ်သူခိုင်းလို့ ကျွန်မသူငယ်ချင်းနောက် လိုက်နေတာလဲ.. ပြောစမ်း!!”
ပြောရင်းဆိုရင်း မြောက်တက်လာသော သစ်သားတုတ်ချောင်းကြီးကို တွေ့၍ အခြေအနေကို သိသွားပြီး ရဲနိုင်တစ်ယောက် အတင်းရုန်းကာ ပြေးလေတော့သည်။
"ဟဲ့.. အေကာင်စုတ် နင်နဲ့နောက်မှ တွေ့မယ်”
ပြေးနေရင်း ဆဲနေသည့် အသံမှာ ဝေးဝေးသွားသဖြင့် လိုက်မလာတော့မှန်း သေချာသွားပြီး ရဲနိုင် လမ်းမကြီးပေါ် ဖင်ထိုင်ချလေတော့သည်။ ဘဝကြီးက လုံးဝကိုမလွယ်ကူပါလား ဆိုပြီး သူဌေးဖြစ်သူအား မေတ္တာပို့ နေမိတော့သည်။
.......
ဝေယံပိုင်မှာ သူမ ဘယ်ကိုသွားလဲ မသိ၍ အားမရ။ တစ်လ လုံးလုံး သူမကို သူကိုယ်တိုင်ရော သူ့လူတွေကိုရော တစ်ရက်မပြတ် စောင့်ကြည့်နေခဲ့သည်။ သူမမှာ အလုပ်နှင့်အိမ် တစ်နေရာတည်းရှိသဖြင့် အိမ်ထဲကနေ သိပ်မထွက်ပေ။
ထိုသို့စောင့်ကြည့်နေရင်းနှင့်လည်း သူမ၏ ထူးခြားသော အပြုအမူတစ်ချို့ကို သတိထားမိလာသည်။ ဤသည်မှာ ယောက်ျားလေးများအပေါ် လုံးဝကို ချေမိုးခြင်းပင်။ သူမအတွက် ပစ္စည်းအော်ဒါများ ပို့ပေးသော delivery များကိုတောင် စကားသိပ်မပြောပေ။ ဤအချက်သည်ပင် ဝေယံ အတွက် စိတ်ချလုံခြုံမှုကို ပေးစွမ်းနိုင်သည်။
သူမ အမြဲတမ်း ပြောဆို ဆက်ဆံသူမှာ သူဆေးရုံတွင် တစ်ခါဆုံဖူးခဲ့သော အိမွန် ကလွှဲရင် မရှိသေလာက်ရှား၏။ ထိုအချက်ကို ကြည့်၍လည်း သူမနှင့် အိမွန် မည်မျှထိတောင် ချစ်ခင်ကြသည်ကို ခန့်မှန်းနိုင်သည်။
သူသာ အိမွန်နေရာမှာဆို ဘယ်လောက် ကောင်းလေမလဲ?
သူမမှာ မိဘဆွေမျိုးမရှိဘဲ တစ်ကောင်ကြွက်မလေး ဖြစ်ကြောင်း အိမ်နီးနားချင်းများထံမှ ကြားသိရ၍ သူမအပေါ် ဂရုဏာပိုသက်မိပြီး သူမအား ကာကွယ်ချင်လှသည်။ သို့သော် အချိန်အခါ မရောက်သေးပေ။
အခုတော့ သူမတန်ဖိုးကြီး ကားပေါ်တက်သွားသည် တဲ့။ ကားပေါ်က အမျိုးသမီးက ဘယ်သူလဲ?
ပြီးတော့ သူမနဲ့ ဘယ်လိုပတ်သက်လဲ?
မနေ့ညကမှ သူမသူငယ်ချင်း အိမွန်နဲ့ ခရစ္စမတ်အတွက် ကုန်တိုက်မှာ ပစ္စည်းတွေ သွားဝယ်နေခဲ့တာမဟုတ်လား?
ဘာကိစ္စများကြောင့်လဲ?
သူမဘယ်လောက်ကြာကြာသွားမှာလဲ?
ပြီးတော့ ဘယ်တော့ပြန်လာမှာလဲ?
သူ့ခေါင်းထဲတွင် သူမနှင် ပတ်သက်သည့် မေးခွန်းများ ရှုပ်ယှက်ခတ်နေသည်။ ရုတ်တရက် ဖုန်းက နောက်တစ်ကြိမ် မြည်လာသည်။ ဒီတစ်ခါ ခေါ်ဆိုသူမှာ အာကာထက် ပင်။
"အေး..သားရီးပြော..”
"မင်းတော့.. ဒုက္ခကြီးကြီးမားမားကြီးကို ထွေးပွေ့ထားရတော့မယ် ယောက်ဖရေ..”
"ဟမ်..ဘာလို့လဲ”
"အေး..အခုတော့ ဒုက္ခတွေ ကြိုဆိုဖို့ပြင်ထားလိုက်တော့ မနက်က ငါ မင်းတို့အဘွားဆီ ဆေးသွင်းဖို့သွားတာ အိမ်ထဲ မဝင်ခင် မင်းအဘွား ဖုန်းပြောနေတာ ကြားလိုက်တယ်..အဲဒါက မင်းကို...”
Advertisement
"ဘာလဲ မြန်မြန်ပြော..ငါစိတ်မရှည်တော့ဘူး”
အချိန်ဆွဲတာကို မကြိုက်သည့်စရိုက်ရှိသူ ပီပီ ငေါက်ထည့်လိုက်သည်။
"မင်းကို...လက်ထပ်ပေးမလို့တဲ့..ပြီးတော့ ဒီအပတ်ဘဲ တောင်ကြီးမြို့ကို တက်ပြီး အဲဒီ မင်းလက်ထပ်ရမယ့် ကောင်မလေးနဲ့ သွားတွေ့ရမယ်တဲ့ သူတို့မိသားစုနဲ့ မင်းတို့မိသားစုက မင်းအဖေလူပျိုဖြစ်နေ တုန်းကတည်းက စေ့စပ်လမ်းကြောင်းဖူးတယ် ကြားတာပဲ မင်းအဖွား ဖုန်းထဲမှာ ပြောနေတာ မင်း သတို့သမီးလောင်းရဲ့ အမေက တခြားလူနဲ့ ခိုးပြေးသွားလို့ မင်းအဖေ က မင်းအမေနဲ့လက်ထပ်လိုက်ရတာပြောတာပဲ..မင်းတို့ အဘွားက သားခေတ် မိသားစုနှစ်ခု မပေါင်းပေးခဲ့ရလို့ မြေးခေတ် ပေါင်းပေးမယ့် သဘောမျိုးထင်တာပဲ သားကြီးရေ...”
"ဘာကွ..”
အရှည်ကြီး ရှင်းပြနေသော အာကာထက် စကားဆုံးသည်နှင့် ဝေယံပိုင် ၏ဖုန်း လက်ထဲမှ ကြမ်းပေါ် ကျသွားလေ၏။
......
15.10.21
မီးအိမ္ တစ္ခုသာ ထြန္းထားသည့္ ေမွာင္ပ်ပ် အခန္းတစ္ခုတြင္ ေဝယံ တစ္ေယာက္ ေဆး႐ုံဝတ္စုံျဖင့္ ကုတင္ေပၚလွဲေလ်ာင္းကာ အိပ္ေပ်ာ္ေနေသာ မိန္းကေလးတစ္ဦး၏ ပုံတူ ပန္းခ်ီကား တစ္ခ်ပ္ကို ေငးေမာေနေလ၏။
သူမ၏ မ်က္ေတာင္ ရွည္ရွည္ေလးေတြ အျဖဴေရာင္ ေခါင္းအုံးေပၚ ပြက်ဲေနသည့္ ပိတုန္းေရာင္ ဆံပင္ေလးေတြက သူ႕ကို ႐ူးသြပ္ေစနိုင္သည္။ ေဆးပန္းခ်ီမို႔ အေရာင္စုံလင္ကာ လွပလြန္းသည့္ လက္ရာပင္။
႐ုတ္တရက္ ဖုန္းသံေပၚထြက္လာၿပီး အေတြးမ်ားထဲ ႏွစ္ေျမာေနသည့္ သူ႕ကို ႏွိုးၾကားလိုက္၏။
"သူေဌး..သူမကို maybach ကားနဲ႕ အမ်ိဳးသမီး ႀကီး တစ္ဦးလာႀကိဳၿပီး အိမ္ကေန ထြက္သြားၾကၿပီ..
"ငါ့ကို.. အဲ့ကားပုံ ပို႔လာေပး..
ေဝယံပိုင္ မ်က္စိမ်ားကို ေမွးက်ဥ္းကာ ေျပာလိုက္သည္။
"ဟင္..ဆရာေျပာေတာ့..ေစာင့္ၾကည့္႐ုံပဲ ေစာင့္ၾကည့္ၿပီး ပုံမရိုက္နဲ႕ဆို..အဲေၾကာင့္ က်ေနာ္ မရိုက္လိုက္ရဘူး..
ရဲနိုင္ ေခါင္းနပန္း ထူပူသြားသည္။ သူပဲ ပုံမရိုက္ရဘူးေျပာထားၿပီး အခုက် ပုံလာေတာင္းေနတယ္။ ရဲနိုင္မွာထမင္းစားခ်ိန္ မမွန္ရေတာ့သည္အထိ သူေဌးျဖစ္သူ၏ အမိန့္ျဖင့္ ေကာင္မေလး တစ္ေယာက္၏ ေန႕စဥ္လႈပ္ရွား သြားလာမႈေတြကို ေစာင့္ၾကည့္ေပးေနရသည္။ သူ၏သူေဌးႏွင့္ ထိုေကာင္မေလးမွာ မည္သည့္ ဆက္ဆံေရးမ်ိဳးရွိသည္ကို သူ မသိေပမယ့္ သူကေတာ့ သူခိုးတစ္ေယာက္လို ပုန္းလွ်ိုးကြယ္လွ်ိုးျဖင့္ သူမ လုပ္သည့္ ဘယ္အရာမဆို သူ႕သူေဌးျဖစ္သူအား တင္ျပေနရသည်။
"ေအး..ဟုတ္သား၊ ေနေတာင္ဝင္ေတာ့မယ္ မင္းလဲအိမ္ျပန္လို႔ရၿပီ ၊
ရဲနိုင္မွာ သူ႕သူေဌး၏ ထို "အိမ္ျပန္ေတာ့" ဟူေသာ စကားလုံးအား ေစာင့္ေနရသည္မွာ နာရီေပါင္းမ်ားစြာပင္ ၾကာေနေလၿပီ။ သူ သူေဌးကို ႏႈတ္ဆက္ၿပီး ခ်က္ခ်င္းဖုန္းခ်ကာ အိမ္သို႔ စိတ္ၾကည္မႈ မ်ိဳးစုံ ျဖင့္ ျပန္ေတာ့မယ့္အခ်ိန္...
အေနာက္ဘက္မွ သူ႕အကၤ်ီအား တစ္စုံတစ္ေယာက္ ဆြဲထားသလို ခံစားရသျဖင့္ အေနာက္ကို ျဖည္းျဖည္း ခ်င္း လွည့္ၾကည့္လိုက္သည္။ သူကို႔ မဲ့ၿပဳံးၿပဳံးကာ လက္ထဲမွ တုတ္ရွည္ႀကီးကိုင္ထားသည့္ မိန္းကေလး တစ္ဦး။ သူမမွာ သူ႕သူေဌး လိုက္ခိုင္းထားေသာ မိန္းကေလး၏ သူငယ္ခ်င္းပင္။ ထိုမိန္းကေလးအား အၿမဲတမ္း ကပ္ေန၍ သူ႕ကိုဆြဲထားသည့္ ေကာင္မေလးကို မမွတ္မိနိုင္စရာ အေၾကာင္းမရွိေပ။
"ရွင့္ကို ေစာင့္ၾကည့္ေနတာၾကာၿပီ.. အခုေတာ့ လက္ပူးလက္ၾကပ္မိၿပီ..ဘယ္သူခိုင္းလို႔ ကြၽန္မသူငယ္ခ်င္းေနာက္ လိုက္ေနတာလဲ.. ေျပာစမ္း!!
ေျပာရင္းဆိုရင္း ေျမာက္တက္လာေသာ သစ္သားတုတ္ေခ်ာင္းႀကီးကို ေတြ႕၍ အေျခအေနကို သိသြားၿပီး ရဲနိုင္တစ္ေယာက္ အတင္း႐ုန္းကာ ေျပးေလေတာ့သည္။
"ဟဲ့.. အေကာင်စုတ် နင္နဲ႕ေနာက္မွ ေတြ႕မယ္
ေျပးေနရင္း ဆဲေနသည့္ အသံမွာ ေဝးေဝးသြားသျဖင့္ လိုက္မလာေတာ့မွန္း ေသခ်ာသြားၿပီး ရဲနိုင္ လမ္းမႀကီးေပၚ ဖင္ထိုင္ခ်ေလေတာ့သည္။ ဘဝႀကီးက လုံးဝကိုမလြယ္ကူပါလား ဆိုၿပီး သူေဌးျဖစ္သူအား ေမတၱာပို႔ ေနမိေတာ့သည္။
.......
ေဝယံပိုင္မွာ သူမ ဘယ္ကိုသြားလဲ မသိ၍ အားမရ။ တစ္လ လုံးလုံး သူမကို သူကိုယ္တိုင္ေရာ သူ႕လူေတြကိုေရာ တစ္ရက္မျပတ္ ေစာင့္ၾကည့္ေနခဲ့သည္။ သူမမွာ အလုပ္ႏွင့္အိမ္ တစ္ေနရာတည္းရွိသျဖင့္ အိမ္ထဲကေန သိပ္မထြက္ေပ။
ထိုသို႔ေစာင့္ၾကည့္ေနရင္းႏွင့္လည္း သူမ၏ ထူးျခားေသာ အျပဳအမူတစ္ခ်ိဳ႕ကို သတိထားမိလာသည္။ ဤသည္မွာ ေယာက္်ားေလးမ်ားအေပၚ လုံးဝကို ေခ်မိဳးျခင္းပင္။ သူမအတြက္ ပစၥည္းေအာ္ဒါမ်ား ပို႔ေပးေသာ delivery မ်ားကိုေတာင္ စကားသိပ္မေျပာေပ။ ဤအခ်က္သည္ပင္ ေဝယံ အတြက္ စိတ္ခ်လဳံၿခဳံမႈကို ေပးစြမ္းနိုင္သည္။
သူမ အၿမဲတမ္း ေျပာဆို ဆက္ဆံသူမွာ သူေဆး႐ုံတြင္ တစ္ခါဆုံဖူးခဲ့ေသာ အိမြန္ ကလႊဲရင္ မရွိသေလာက်ရှား၏။ ထိုအခ်က္ကို ၾကည့္၍လည္း သူမႏွင့္ အိမြန္ မည္မွ်ထိေတာင္ ခ်စ္ခင္ၾကသည္ကို ခန့္မွန္းနိုင္သည္။
သူသာ အိမြန္ေနရာမွာဆို ဘယ္ေလာက္ ေကာင္းေလမလဲ?
သူမမွာ မိဘေဆြမ်ိဳးမရွိဘဲ တစ္ေကာင္ႂကြက္မေလး ျဖစ္ေၾကာင္း အိမ္နီးနားခ်င္းမ်ားထံမွ ၾကားသိရ၍ သူမအေပၚ ဂ႐ုဏာပိုသက္မိၿပီး သူမအား ကာကြယ္ခ်င္လွသည္။ သို႔ေသာ္ အခ်ိန္အခါ မေရာက္ေသးေပ။
အခုေတာ့ သူမတန္ဖိုးႀကီး ကားေပၚတက္သြားသည္ တဲ့။ ကားေပၚက အမ်ိဳးသမီးက ဘယ္သူလဲ?
ၿပီးေတာ့ သူမနဲ႕ ဘယ္လိုပတ္သက္လဲ?
မေန႕ညကမွ သူမသူငယ္ခ်င္း အိမြန္နဲ႕ ခရစၥမတ္အတြက္ ကုန္တိုက္မွာ ပစၥည္းေတြ သြားဝယ္ေနခဲ့တာမဟုတ္လား?
ဘာကိစၥမ်ားေၾကာင့္လဲ?
သူမဘယ္ေလာက္ၾကာၾကာသြားမွာလဲ?
ၿပီးေတာ့ ဘယ္ေတာ့ျပန္လာမွာလဲ?
သူ႕ေခါင္းထဲတြင္ သူမႏွင္ ပတ္သက္သည့္ ေမးခြန္းမ်ား ရႈပ္ယွက္ခတ္ေနသည္။ ႐ုတ္တရက္ ဖုန္းက ေနာက္တစ္ႀကိမ္ ျမည္လာသည္။ ဒီတစ္ခါ ေခၚဆိုသူမွာ အာကာထက္ ပင္။
"ေအး..သားရီးေျပာ..
"မင္းေတာ့.. ဒုကၡႀကီးႀကီးမားမားႀကီးကို ေထြးေပြ႕ထားရေတာ့မယ္ ေယာက္ဖေရ..
"ဟမ္..ဘာလို႔လဲ
"ေအး..အခုေတာ့ ဒုကၡေတြ ႀကိဳဆိုဖို႔ျပင္ထားလိုက္ေတာ့ မနက္က ငါ မင္းတို႔အဘြားဆီ ေဆးသြင္းဖို႔သြားတာ အိမ္ထဲ မဝင္ခင္ မင္းအဘြား ဖုန္းေျပာေနတာ ၾကားလိုက္တယ္..အဲဒါက မင္းကို...
"ဘာလဲ ျမန္ျမန္ေျပာ..ငါစိတ္မရွည္ေတာ့ဘူး
အခ်ိန္ဆြဲတာကို မႀကိဳက္သည့္စရိုက္ရွိသူ ပီပီ ေငါက္ထည့္လိုက္သည္။
"မင္းကို...လက္ထပ္ေပးမလို႔တဲ့..ၿပီးေတာ့ ဒီအပတ္ဘဲ ေတာင္ႀကီးၿမိဳ႕ကို တက္ၿပီး အဲဒီ မင္းလက္ထပ္ရမယ့္ ေကာင္မေလးနဲ႕ သြားေတြ႕ရမယ္တဲ့ သူတို႔မိသားစုနဲ႕ မင္းတို႔မိသားစုက မင္းအေဖလူပ်ိဳျဖစ္ေန တုန္းကတည္းက ေစ့စပ္လမ္းေၾကာင္းဖူးတယ္ ၾကားတာပဲ မင္းအဖြား ဖုန္းထဲမွာ ေျပာေနတာ မင္း သတို႔သမီးေလာင္းရဲ႕ အေမက တျခားလူနဲ႕ ခိုးေျပးသြားလို႔ မင္းအေဖ က မင္းအေမနဲ႕လက္ထပ္လိုက္ရတာေျပာတာပဲ..မင္းတို႔ အဘြားက သားေခတ္ မိသားစုႏွစ္ခု မေပါင္းေပးခဲ့ရလို႔ ေျမးေခတ္ ေပါင္းေပးမယ့္ သေဘာမ်ိဳးထင္တာပဲ သားႀကီးေရ...
"ဘာကြ..
အရွည္ႀကီး ရွင္းျပေနေသာ အာကာထက္ စကားဆုံးသည္ႏွင့္ ေဝယံပိုင္ ၏ဖုန္း လက္ထဲမွ ၾကမ္းေပၚ က်သြားေလ၏။
......
15.10.21
Advertisement
- In Serial6 Chapters
Rescued - Jungkook X Reader - COMPLETED
an abusive father. a broken past. you take a risk and escape from it all but you land yourself in a worse positionone night, everything changes when one of the worlds most feared mafia leaders Jeon Jungkook rescues you. how will you cope? have you really been RESCUED?a story of love, suspense and sadnessStarted - 16/10/18Completed - 06/12/18highest rankings : #1 - Rescued#2 - Jungkook#1 - New Beginnings#2 - Pregnancy#2 - Fluff
8 186 - In Serial46 Chapters
Married
Fall in love, no thanks. I'll rather fall asleep,💎This book was started by author @taehyungwifeey and I am completing it because she discontinued and I wanted to read more.{ Collab book}>>
8 77 - In Serial27 Chapters
A. Speckhart.
In a world similar to the one you know, where Mythical creatures have just been discovered, twenty-one-year-old Ana is left questioning her identity after her parents reveal a family secret. In attempting to escape her new reality the only way a university student knows how, by partying, a chance meeting leaves her entangled with someone is also hiding part of their identity.
8 183 - In Serial26 Chapters
The Bad Maid (Completed)
Helena felt goosebumps all over her body and even stifled out a moan when he pushed up into her groin with his hips."Mmm, don't you look delicious tonight." He mumbled more to himself and ran his hand into her hair and then down to her face before pausing to run his thumb over her bottom lip. He stopped for a moment, as if imagining scenarios of what he could do to her before lowering his hand down to lift her chin up. He shifted his hips into her again purposely and then lowered his top half to lightly kiss her neck. It was a breathless kiss, just enough for her to feel the heat of his lips on her skin. As a college girl, paying tuition has always been a difficult task. Especially if you've been living in a disgusting motel most of your school life just to make ends meet! Helena Martin was determined to take any job given to her, no matter how degrading it was. The only problem was, no one was biting! Not until she snagged an interview at Daville Manor where she would be a house maid for a loving couple in a gigantic mansion. The misses had one main rule. DO NOT SLEEP WITH HER HUSBAND. That's easy enough right? That's what Helena thought until she met Liam Reider in person. Will Helena be able to avoid falling for the sir's dashing good looks and suave charm or will her heart be stolen and be swept away like all the other maid's who worked for him?
8 149 - In Serial40 Chapters
Friends Don't
Ellie Knight has her whole future planned out for her, but instead, she chooses to go away to college to get away from that future; the one her parents created in their minds.When her best friend, Lana, drags her to a party she runs into Grayson Pierce. Just by looking at him it is obvious why girls throw themselves at him.Ellie shrugs Grayson off thinking she will never see him again, but when Lana begins dating Derek she finds out him and Grayson are best friends, and never seeing him again isn't an option.As Ellie and Grayson begin to spend more time together a friendship builds, and even though others think it's more, or should be more, Ellie is adamant they're just friends.WARNING: This story contains language and sexual content.Cover artist: @anna_arturovna_*TOP RANKINGS*#1 (youngadultromance)•07-02-20 •07-07-20#1 (relationship)•07-07-20
8 314 - In Serial52 Chapters
Dusk & Dawn
[Songs included 🖤][#1 in Publishing][#4 in After][#18 in Tattoos]An ambitious college girl. A tattooed bad boy. And a whole lot of sexual tension.Quinn has planned her next 5 years out and is determined to succeed...And then there's Mason, who she didn't plan on.He is dusk, all things bad and forbiddenAnd she is dawn... coming from a dark past trying to make a new path for herselfBoth of them have secrets which threaten to swallow them wholeMason is not who he appears to be... But then again... neither is Quinn[R18+ , Trigger warning for abuse and Profanity]
8 204

