《Untamed Flower( ပန်းရိုင်း)》အပိုင်း ၃၇
Advertisement
သူမ ဘယ်လိုလုပ်ရတော့မှာလဲ?
အပြင်မှာ တံခါးခေါက်နေပြီ။ အမှန်အတိုင်း စမ်းကြည့်ချင်လို့ နှိပ်လိုက်တာ ပြောရင် သူမ မာနလေး မြေခသွားရတော့မည်။
သူမ မဖွင့်ပဲ ခဏကြာတော့ နောက်တစ်ကြိမ် ခေါက်သံကြားပြန်၏။ သူမဒီတံခါးခေါက်သံ ကြားချိန်တွင် စိတ်ထဲ ပြောရမည့် စကားပြင်ဆင်ထားပြီး၍ တံခါးဆီ လျှောက်လာပြီး ဖွင့်ပေးလိုက်သည်။
သူမ ရေတောင်မချိုးသေးဘဲ တံခါးလာဖွင့်သည်ကို တွေ့လျှင် အလိုက်တသိနှင့် အစေခံမလေးက
"မမလေး..အခန်းက အဆင်မပြေဘူးလားဟင်"
ရွှေခေတ် သူမပြောချင်သော စကားမှာလည်း ဒါပဲမို့..
"အခန်းက အဆင်ပြေပါတယ်..ဆင်ထားတဲ့ အရောင်ကိုက အဆင်မပြေတာပါ အားလုံးကြီး အပန်းရောင် ဖြစ်စရာ မလိုဘူးလေ တစ်ခန်းလုံး ပန်းရောင်သန်းနေတော့ ကျွန်မ ကြက်သီးတောင်ထတယ် ဒီနေ့တော့ မိုးချုပ်တော့မယ် အလုပ်ပင်ပန်းမခံပါနဲ့ မနက်ဖြန်ကျမှ ကျွန်မကို အိပ်ယာခင်း တခြားအရောင်လာပေးရင် ရပါပြီ ကျွန်မကိုယ်တိုင် လုပ်နိုင်တယ်"
သူမ အစေခံမလေးနှင့် စကားပြောနေသည်ကို အိမ်အောက်ထပ်သို့ ဆင်းမည်လုပ်နေသော ဒေါ်လေးက တွေ့သွား၍..
"ဘာဖြစ်တာလဲ..ရွှေလေး..အခန်းက အဆင်မပြေလို့လား.."
ရွှေခေတ် တစ်ခွန်းမှ မဟသည့်အပြင် ဒေါ်လေးကိုပါ ကျောပေးရပ်လိုက်သည်။ သူမကို ဒေါ်လေးက လိမ်လိုက်လို့ စိတ်ဆိုးနေမှန်း သိသာအောင်ပင်။ ဤသည်ကို ဒေါ်ရွှေနု တွေ့တော့ သူမအမှားကို ပြန်သတိရလိုက်၏။ သူမကသာ လိမ်မပြောရင် သူလာမှာမဟုတ်ဘူးလေ..ဒီခလေးမနဲ့တော့...။ မျက်ခုံးကိုသာပင့်ပြီး အစေခံမလေးကို ဘာဖြစ်နေတာလဲလို့ မေးငေါ့ရင်း အသံမထွက်ပဲ မေးလိုက်သည်။
"မ..မမလေးက သူမအခန်း ထဲရှိသမျှ အပန်းရောင်မို့ သူမမကြိုက်လို့တဲ့..မကြီးနု..ကျွန်..ကျွန်မအခုပဲ ပြင်ပေးလိုက်ပါမယ်.."
အစေခံက ခေါင်းကိုသာ အဆက်မပြတ် ငုံ့ရင်း ပြောရှာသည်။
"ဒေါ်လေး အဖွားကို ပြောပါတယ် မိန်းခလေးတိုင်း အပန်းမကြိုက်ပါဘူးလို့.. ဒါကို သူမမှမယုံဘဲ..ဒေါ်လေး အခန်းဘေးမှာ ရိုးရိုးရှင်းရှင်းပုံစံနဲ့ တစ်ခန်းပိုပြင်ပေးထားလို့သာပေါ့.. ရွှေလေးရေ..သမီးအဲအခန်းမှာ သွားနေလို့ရတယ်နော်..ဒီအခန်းကို မနက်ဖြန်ကျမှ အိမ်စေတွေကို ပုံစံပြောင်းခိုင်းလိုက်မယ်..အခုမိုးတောင်ချုပ်နေပြီ..ရွှေလေး တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ပြီး အောက်ထပ်ကို ဆင်းလာလိုက်နော် ထမင်းဝိုင်းမှာ တီလေးနဲ့ ဖွားဖွားစောင့်နေမယ်.."
"ပြီးရော.."
ရွှေခေတ် ထိုသို့သာ ပြောပြီး အခန်းထဲ လက်ကိုင်အိတ်ယူရန် ဝင်သွားလိုက်သည်။ ဒေါ်ရွှေနုမှာလည်း အခုမှ ရင်ထဲက အလုံးကြီးကျသွားလေ၏။
သူမရဲ့ တူမလေးက ၎င်းအမေလို နှစ်ချီ စိတ်ဆိုးမယ်ဟု တွေးမိပြီး ကိုယ့်ကိုယ်ကို အပြစ်တွေတင်ထားတာ..။အခု သူမရဲ့တူမလေးက သူမကို စကားပြန်ပြောပြီ ဆိုတော့ သူမကို စိတ်မဆိုးတော့ဘူးပေါ့?
ဒေါ်ရွှေနု မျက်နှာကို အပြုံးချိတ်ရင်း လှေကားပေါ်မှ ထမင်းစားခန်းထဲ တက်ကြွစွာ ဆင်းလာလိုက်သည်။
အခန်းမှာ ခုနပန်းရောင်လွှမ်းမိုးနေသည့် အခန်းထက် ပရိဘောဂ စုံလင်စွာ မရှိပေမယ့် ရိုးရှင်းကာ စွဲဆောင်မှုရှိသည်။ သူမ ဗီဒိုကို ဖွင့်ကြည့်တော့ အဝတ်အစားများမှာ အရင်ခန်းလောက် မများပေမယ့် အပန်းရောင်တွေ မဟုတ်တာမို့ သူမသက်ပြင်းချလိုက် နိုင်သည်။
........
"ရှင်...သမီးရဲ့ လက်ထပ်ပွဲ! ! သမီး အမေက သမီးရဲ့ လက်ထပ်ပွဲကို စီစဥ်ပေးခဲ့တယ်??! အဟွတ်..အဟွတ်"
လက်တစ်ဖက်တစ်ချက် စီကိုင်ထားသော ဇွန်းနှင့် ခက်ရင်းမှာ ကြွေပန်းကန်ပြားပေါ်သို့ လွှတ်ကျသွားသည်။ စားနေသော ထမင်းမှာလည်း နှင်သွားပြီး ဒေါ်လေးဖြစ်သူမှ ရေခွက်ကမ်းပေးရသည်အထိ။
ငါးမိနစ်ခန့် ကြာသည်အထိ ထမင်းစားခန်းမှာ ရွှေခေတ် ချောင်းဟွတ်သံမှ လွှဲ၍ အရာအားလုံးသည် တိတ်ဆိတ်လျက်။
" လက်ထပ်ပွဲ!! ဖွား...သမီးပဲ နားကြားမှားတာလား? အဖွားကပဲ စကားမှားပြောမိတာလား?"
ရွှေခေတ် ထမင်းနင်ကာ ရင်ဘတ်အောင့်နေ၍ ရင်ဘတ်ကို လက်နှင့်အုပ်ရင်း ပြောလိုက်သည်။
"တစ်ခုမှ မမှားဘူးထင်တယ်ရွှေလေး..တီလေးကိုယ်တိုင်နားနဲ့ အဲလိုပဲကြားခဲ့တာ "
အဒေါ်ဖြစ်သူမှာ အမှန်ဖြစ်ကြောင်း ဘေးကနေ ရှင်းပြလိုက်သည်။
"ရွှေနု...ညည်း တိတ်တိတ်လေး ထိုင်စားနေမလား ကိုယ့်အခန်းကို ပြန်ကြွသွားမလား တစ်ခုရွေး..."
အဖွားမှာ စကားပွဲထဲ ဝင်နွှဲချင်နေသည့် သမီးဖြစ်သူအား သတိပေးလိုက်သည်။
"ငြိမ်ငြိမ်လေး ထိုင်စားနေပါ့မယ်ရှင်.. "
ရွှေခေတ်မှာတော့ ရေတွေတစ်ခွက်ပြီး တစ်ခွက်မော့သောက်သည်မှာ ဖန်ရေခရား ထက်ဝက်လောက် ကုန်သွားသည်အထိ။ နောက်ဆုံးရေခွက်ကို ကုန်အောင် မော့သောက်ကာ ထမင်းစားပွဲ တုန်ခါသည်အထိ ခပ်ကြမ်းကြမ်း ချလိုက်သည်။ အဖွားဖြစ်သူနှင့် အဒေါ်ဖြစ်သူ အမေတူအကျင့်စရိုက်ရှိသော သူမအား ဘာမှမပြောချေ။ ဒေါသတွေကို ပွင့်ထွက်ရန် လွတ်လပ်ခွင့်ပေးထား သလိုပင်။ ထမင်းစားပွဲဘေး မတ်တပ်ရပ်နေသော အစေခံများမှာမူ ကုန်ခါနီး ရေခရားကို ဖြည့်ရန် တစ်ယောက်လက်မောင်း တစ်ယောက်တို့ပြီး
နင်သွား သူသွားဆိုပြီး အမူအရာဖြင့် ငြင်းခုံနေကြသည်။
"ဖွား..အမေက အဲလို လုပ်မယ်ထင်နေတာလား..အမေတောင် သမီးကို သိတတ်စကတည်းက ယောက်ျားလေးတွေနဲ့ မပတ်သက်ခိုင်းတာ သူမက သမီးဖို့ သတို့သား ရှာထားတယ်ဆိုတာ သမီးက ယုံရမှာလား..?"
Advertisement
ဒီတစ်ခါ သူမ မျက်ရည်မကျဘဲ ခပ်မဲ့မဲ့ အပြုံးဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ အဖွား နှင့် ဒေါ်လေးမှာ သူမ၏ ထိုအပြုံးကိုရင်းနှီးနေ၍ ဘာမှမဖြစ်သော်လည်း အစေခံများမှာမူ သူမတို့၏ တစ်ဦးတည်းသော မမလေးမှာ မည်မျှတောင် ကြောက်စရာကောင်းကြောင်း သိရှိသွားကြသည်။ ထို အန္တရာယ်ရှိသော..အပြုံး။
"သမီးယုံ မယုံက ခနနေသိရလိမ့်မယ်..အခုအဖွားပြောပြမှာက သမီးရဲ့ သတို့သားလောင်း အကြောင်း ... သူ့အဖေနဲ့ သမီးအမေက ငယ်ငယ်လေးကတည်း သမီးတို့ရဲ့ အဖိုးတွေချင်း စေ့စပ်ပေးထားကြတာ..ဒါပေမယ့် သမီးအမေက လက်ထပ်ပွဲနေ့မှာပဲ ဘယ်ကဂျလေဘီမှန်းမသိတဲ့ ကောင်နဲ့ ထွက်ပြေးသွားတာလေ သမီးအဖိုးက အဲတာကြောင့်ပဲ သမီးအမေကို အမွေပြတ် ဖြတ်ပစ်လိုက်တာ..သူ့အဖေကလည်း သမီးအမေနဲ့ လက်မထပ်ရတော့ဘဲ တခြားသူနဲ့ လက်ထပ်လိုက်ပြီး တစ်နှစ်အတွင်းမှာပဲ သူ့ကို ေမွးလိုက်တာ.. ဒါပေမယ့် သမီးအမေက ခိုးပြေးပြီး နောက်သုံးနှစ်ကြာမှ သမီးကို မွေးလိုက်တာလေ...သမီးရဲ့ အဖိုးက သူ့နောက်ဆုံး ထွက်သက်ထိ အဲဒီမိသားစုပေါ် သမီးအမေလုပ်ခဲ့တဲ့ အမှားအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံးဘူး အဲဒါကြောင့် သားခေတ်ကုန် မြေးခေတ်ဆုံဖို့ သဘောတူထားလိုက်ကြတာ.. ဒါကို သမီးအမေကို ပြောပြတော့ သမီးကို စောင့်ရှောက်ဖို့ ဒီမိသားစုထဲ ပြန်ထည့်ပေးရင် သူမ လက်ခံမယ်တဲ့ အခုသမီးက ဒီအိမ်ရဲ့ တရားဝင်မြေးမလေး ဖြစ်သွားပြီ..နောက်ပြီး သမီးအမေ သဘောတူထားတဲ့ အတိုင်း လက်ထပ်ပွဲကို သမီးလက်ခံရမယ်.."
အဖွား ဖြစ်သူမှာ မဟော်သဓာဇာတ်တော်ကြီး ဟောပြနေသလို အရှည်ကြီး ရှင်းပြလေ၏။
"သမီး..လက်မထပ်ချင်ဘူး..ဒေါ်လေးလည်း အပျိုပဲလေ ပြီးတော့ ဒေါ်လေးကတောင် ဒီအိမ်ရဲ့ မြေးမလေးမဟုတ်ပဲ သမီးဖြစ်နေတာလေ ဒေါ်လေးကိုပဲ အဲဒီ ယောက်ျားကိုယူခိုင်းပေါ့..ဒါဆို ပြဿနာမရှိတော့ဘူး..ရွှေခေတ်ပြောတာ မှန်တယ်မလား ဒေါ်လေး"
ရေခွက်ကိုမော့သောက်နေသည့် ဒေါ်ရွှေနု ရေသီးသွားသည်မှာ အစေခံမလေးတစ်ယောက်က ကျောကို လာထု ပေးရသည်အထိ။
"အဟွတ်..အဟွတ် ရွှေလေး..နင့်တိီလေးက နင့်အဖွားစကားနားထောင်ပြီး ငြိမ်ငြိမ်လေးထိုင်စားနေတာ လာလာပြိီး ဆွဲမထည့်နဲ့ ပြီးတော့..တီလေးပြောမယ်..အသက်နှစ်ဆယ့်နှစ်နှစ် ကောင်လေးတစ်ယောက်က တီလေးလို အသက်လေးဆယ်ကျော် အဖွားပေါက်စကို စိတ်ဝင်စားမှာ မဟုတ်ဘူး..."
"အော်..အခုမှ အသက်လေးဆယ်ကျော်ပြီး အိုစာနေပြီကို သတိရတာပေါ့ နှစ်ဆယ်ကျော် သုံးဆယ်လောက်မှာ ချိတ်ပေးမိသမျှ အမျိုးကောင်းသား တွေရဲ့ မိဘတွေကို နင်သူတို့သားကို ချေခဲ့မိုးခဲ့လို့ လိုက်တောင်းပန်ပေးရတာ အသက်တောင် ထွက်ေတာ့မယောင်.."
အဖွားက ဘေးမှ အဒေါ်ဖြစ်သူ၏ စကားအား မခံနိုင်၍ ဝင်ပြောသည်။ နောက်ပြီး ရွှေခေတ် ဘက်ကိုပြန်လှည့်ကာ..
"ရွှေလေး..သမီး တို့ရဲ့ စေ့စပ်ပွဲက နောက်လ တစ်ရက်နေ့မှာနော်...သမီး ငြင်းလို့မရဘူး ဒါသမီးအမေရဲ့ နောက်ဆုံးဆန္ဒပဲ.."
ဒီနေ့က ခရစ္စမတ်နေ့ ၂၅ရက်နေ့မို့ နောက်လ ၁ရက်နေ့ ဆို ဇန်နဝါရီ ၁ရက်နေ့ပေါ့။ သူမ လက်ချောင်းများဖြင့် ရေတွက်ကြည့်လိုက်တော့ ၆ရက်သာ ကျန်တော့သည် ။
အောင်မလေး..ဘယ်လို ကပ်ကြီးမျိုး လာဆိုက်နေတာလဲ???
......
17.10.21
သူမ ဘယ္လိုလုပ္ရေတာ့မွာလဲ?
အျပင္မွာ တံခါးေခါက္ေနၿပီ။ အမွန္အတိုင္း စမ္းၾကည့္ခ်င္လို႔ ႏွိပ္လိုက္တာ ေျပာရင္ သူမ မာနေလး ေျမခသြားရေတာ့မည္။
သူမ မဖြင့္ပဲ ခဏၾကာေတာ့ ေနာက္တစ္ႀကိမ္ ေခါက္သံၾကားျပန္၏။ သူမဒီတံခါးေခါက္သံ ၾကားခ်ိန္တြင္ စိတ္ထဲ ေျပာရမည့္ စကားျပင္ဆင္ထားၿပီး၍ တံခါးဆီ ေလွ်ာက္လာၿပီး ဖြင့္ေပးလိုက္သည္။
သူမ ေရေတာင္မခ်ိဳးေသးဘဲ တံခါးလာဖြင့္သည္ကို ေတြ႕လွ်င္ အလိုက္တသိႏွင့္ အေစခံမေလးက
"မမေလး..အခန္းက အဆင္မေျပဘူးလားဟင္
ေ႐ႊေခတ္ သူမေျပာခ်င္ေသာ စကားမွာလည္း ဒါပဲမို႔..
"အခန္းက အဆင္ေျပပါတယ္..ဆင္ထားတဲ့ အေရာင္ကိုက အဆင္မေျပတာပါ အားလုံးႀကီး အပန္းေရာင္ ျဖစ္စရာ မလိုဘူးေလ တစ္ခန္းလုံး ပန္းေရာင္သန္းေနေတာ့ ကြၽန္မ ၾကက္သီးေတာင္ထတယ္ ဒီေန႕ေတာ့ မိုးခ်ဳပ္ေတာ့မယ္ အလုပ္ပင္ပန္းမခံပါနဲ႕ မနက္ျဖန္က်မွ ကြၽန္မကို အိပ္ယာခင္း တျခားအေရာင္လာေပးရင္ ရပါၿပီ ကြၽန္မကိုယ္တိုင္ လုပ္နိုင္တယ္
သူမ အေစခံမေလးႏွင့္ စကားေျပာေနသည္ကို အိမ္ေအာက္ထပ္သို႔ ဆင္းမည္လုပ္ေနေသာ ေဒၚေလးက ေတြ႕သြား၍..
"ဘာျဖစ္တာလဲ..ေ႐ႊေလး..အခန္းက အဆင္မေျပလို႔လား..
ေ႐ႊေခတ္ တစ္ခြန္းမွ မဟသည့္အျပင္ ေဒၚေလးကိုပါ ေက်ာေပးရပ္လိုက္သည္။ သူမကို ေဒၚေလးက လိမ္လိုက္လို႔ စိတ္ဆိုးေနမွန္း သိသာေအာင္ပင္။ ဤသည္ကို ေဒၚေ႐ႊႏု ေတြ႕ေတာ့ သူမအမွားကို ျပန္သတိရလိုက္၏။ သူမကသာ လိမ္မေျပာရင္ သူလာမွာမဟုတ္ဘူးေလ..ဒီခေလးမနဲ႕ေတာ့...။ မ်က္ခုံးကိုသာပင့္ၿပီး အေစခံမေလးကို ဘာျဖစ္ေနတာလဲလို႔ ေမးေငါ့ရင္း အသံမထြက္ပဲ ေမးလိုက္သည္။
"မ..မမေလးက သူမအခန္း ထဲရွိသမွ် အပန္းေရာင္မို႔ သူမမႀကိဳက္လို႔တဲ့..မႀကီးႏု..ကြၽန္..ကြၽန္မအခုပဲ ျပင္ေပးလိုက္ပါမယ္..
Advertisement
အေစခံက ေခါင္းကိုသာ အဆက္မျပတ္ ငုံ႕ရင္း ေျပာရွာသည္။
"ေဒၚေလး အဖြားကို ေျပာပါတယ္ မိန္းခေလးတိုင္း အပန္းမႀကိဳက္ပါဘူးလို႔.. ဒါကို သူမမွမယုံဘဲ..ေဒၚေလး အခန္းေဘးမွာ ရိုးရိုးရွင္းရွင္းပုံစံနဲ႕ တစ္ခန္းပိုျပင္ေပးထားလို႔သာေပါ့.. ေ႐ႊေလးေရ..သမီးအဲအခန္းမွာ သြားေနလို႔ရတယ္ေနာ္..ဒီအခန္းကို မနက္ျဖန္က်မွ အိမ္ေစေတြကို ပုံစံေျပာင္းခိုင္းလိုက္မယ္..အခုမိုးေတာင္ခ်ဳပ္ေနၿပီ..ေ႐ႊေလး တစ္ကိုယ္ေရ သန့္ရွင္းေရးလုပ္ၿပီး ေအာက္ထပ္ကို ဆင္းလာလိုက္ေနာ္ ထမင္းဝိုင္းမွာ တီေလးနဲ႕ ဖြားဖြားေစာင့္ေနမယ္..
"ၿပီးေရာ..
ေ႐ႊေခတ္ ထိုသို႔သာ ေျပာၿပီး အခန္းထဲ လက္ကိုင္အိတ္ယူရန္ ဝင္သြားလိုက္သည္။ ေဒၚေ႐ႊႏုမွာလည္း အခုမွ ရင္ထဲက အလုံးႀကီးက်သြားေလ၏။
သူမရဲ႕ တူမေလးက ၎အေမလို ႏွစ္ခ်ီ စိတ္ဆိုးမယ္ဟု ေတြးမိၿပီး ကိုယ့္ကိုယ္ကို အျပစ္ေတြတင္ထားတာ..။အခု သူမရဲ႕တူမေလးက သူမကို စကားျပန္ေျပာၿပီ ဆိုေတာ့ သူမကို စိတ္မဆိုးေတာ့ဘူးေပါ့?
ေဒၚေ႐ႊႏု မ်က္ႏွာကို အၿပဳံးခ်ိတ္ရင္း ေလွကားေပၚမွ ထမင္းစားခန္းထဲ တက္ႂကြစြာ ဆင္းလာလိုက္သည္။
အခန္းမွာ ခုနပန္းေရာင္လႊမ္းမိုးေနသည့္ အခန္းထက္ ပရိေဘာဂ စုံလင္စြာ မရွိေပမယ့္ ရိုးရွင္းကာ စြဲေဆာင္မႈရွိသည္။ သူမ ဗီဒိုကို ဖြင့္ၾကည့္ေတာ့ အဝတ္အစားမ်ားမွာ အရင္ခန္းေလာက္ မမ်ားေပမယ့္ အပန္းေရာင္ေတြ မဟုတ္တာမို႔ သူမသက္ျပင္းခ်လိဳက္ နိုင္သည္။
........
"ရွင္...သမီးရဲ႕ လက္ထပ္ပြဲ! ! သမီး အေမက သမီးရဲ႕ လက္ထပ္ပြဲကို စီစဥ္ေပးခဲ့တယ္??! အဟြတ္..အဟြတ္
လက္တစ္ဖက္တစ္ခ်က္ စီကိုင္ထားေသာ ဇြန္းႏွင့္ ခက္ရင္းမွာ ေႂကြပန္းကန္ျပားေပၚသို႔ လႊတ္က်သြားသည္။ စားေနေသာ ထမင္းမွာလည္း ႏွင္သြားၿပီး ေဒၚေလးျဖစ္သူမွ ေရခြက္ကမ္းေပးရသည္အထိ။
ငါးမိနစ္ခန့္ ၾကာသည္အထိ ထမင္းစားခန္းမွာ ေ႐ႊေခတ္ ေခ်ာင္းဟြတ္သံမွ လႊဲ၍ အရာအားလုံးသည္ တိတ္ဆိတ္လ်က္။
" လက္ထပ္ပြဲ!! ဖြား...သမီးပဲ နားၾကားမွားတာလား? အဖြားကပဲ စကားမွားေျပာမိတာလား?
ေ႐ႊေခတ္ ထမင္းနင္ကာ ရင္ဘတ္ေအာင့္ေန၍ ရင္ဘတ္ကို လက္ႏွင့္အုပ္ရင္း ေျပာလိုက္သည္။
"တစ္ခုမွ မမွားဘူးထင္တယ္ေ႐ႊေလး..တီေလးကိုယ္တိုင္နားနဲ႕ အဲလိုပဲၾကားခဲ့တာ
အေဒၚျဖစ္သူမွာ အမွန္ျဖစ္ေၾကာင္း ေဘးကေန ရွင္းျပလိုက္သည္။
"ေ႐ႊႏု...ညည္း တိတ္တိတ္ေလး ထိုင္စားေနမလား ကိုယ့္အခန္းကို ျပန္ႂကြသြားမလား တစ္ခုေ႐ြး...
အဖြားမွာ စကားပြဲထဲ ဝင္ႏႊဲခ်င္ေနသည့္ သမီးျဖစ္သူအား သတိေပးလိုက္သည္။
"ၿငိမ္ၿငိမ္ေလး ထိုင္စားေနပါ့မယ္ရွင္..
ေ႐ႊေခတ္မွာေတာ့ ေရေတြတစ္ခြက္ၿပီး တစ္ခြက္ေမာ့ေသာက္သည္မွာ ဖန္ေရခရား ထက္ဝက္ေလာက္ ကုန္သြားသည္အထိ။ ေနာက္ဆုံးေရခြက္ကို ကုန္ေအာင္ ေမာ့ေသာက္ကာ ထမင္းစားပြဲ တုန္ခါသည္အထိ ခပ္ၾကမ္းၾကမ္း ခ်လိဳက္သည္။ အဖြားျဖစ္သူႏွင့္ အေဒၚျဖစ္သူ အေမတူအက်င့္စရိုက္ရွိေသာ သူမအား ဘာမွမေျပာေခ်။ ေဒါသေတြကို ပြင့္ထြက္ရန္ လြတ္လပ္ခြင့္ေပးထား သလိုပင္။ ထမင္းစားပြဲေဘး မတ္တပ္ရပ္ေနေသာ အေစခံမ်ားမွာမူ ကုန္ခါနီး ေရခရားကို ျဖည့္ရန္ တစ္ေယာက္လက္ေမာင္း တစ္ေယာက္တို႔ၿပီး
နင္သြား သူသြားဆိုၿပီး အမူအရာျဖင့္ ျငင္းခုံေနၾကသည္။
"ဖြား..အေမက အဲလို လုပ္မယ္ထင္ေနတာလား..အေမေတာင္ သမီးကို သိတတ္စကတည္းက ေယာက္်ားေလးေတြနဲ႕ မပတ္သက္ခိုင္းတာ သူမက သမီးဖို႔ သတို႔သား ရွာထားတယ္ဆိုတာ သမီးက ယုံရမွာလား..?
ဒီတစ္ခါ သူမ မ်က္ရည္မက်ဘဲ ခပ္မဲ့မဲ့ အၿပဳံးျဖင့္ ေျပာလိုက္ျခင္းျဖစ္သည္။ အဖြား ႏွင့္ ေဒၚေလးမွာ သူမ၏ ထိုအၿပဳံးကိုရင္းႏွီးေန၍ ဘာမွမျဖစ္ေသာ္လည္း အေစခံမ်ားမွာမူ သူမတို႔၏ တစ္ဦးတည္းေသာ မမေလးမွာ မည္မွ်ေတာင္ ေၾကာက္စရာေကာင္းေၾကာင္း သိရွိသြားၾကသည္။ ထို အႏၱရာယ္ရွိေသာ..အၿပဳံး။
"သမီးယုံ မယုံက ခနေနသိရလိမ့္မယ္..အခုအဖြားေျပာျပမွာက သမီးရဲ႕ သတို႔သားေလာင္း အေၾကာင္း ... သူ႕အေဖနဲ႕ သမီးအေမက ငယ္ငယ္ေလးကတည္း သမီးတို႔ရဲ႕ အဖိုးေတြခ်င္း ေစ့စပ္ေပးထားၾကတာ..ဒါေပမယ့္ သမီးအေမက လက္ထပ္ပြဲေန႕မွာပဲ ဘယ္ကဂ်ေလဘီမွန္းမသိတဲ့ ေကာင္နဲ႕ ထြက္ေျပးသြားတာေလ သမီးအဖိုးက အဲတာေၾကာင့္ပဲ သမီးအေမကို အေမြျပတ္ ျဖတ္ပစ္လိုက္တာ..သူ႕အေဖကလည္း သမီးအေမနဲ႕ လက္မထပ္ရေတာ့ဘဲ တျခားသူနဲ႕ လက္ထပ္လိုက္ၿပီး တစ္ႏွစ္အတြင္းမွာပဲ သူ႕ကို ေမွးလိုက်တာ.. ဒါေပမယ့္ သမီးအေမက ခိုးေျပးၿပီး ေနာက္သုံးႏွစ္ၾကာမွ သမီးကို ေမြးလိုက္တာေလ...သမီးရဲ႕ အဖိုးက သူ႕ေနာက္ဆုံး ထြက္သက္ထိ အဲဒီမိသားစုေပၚ သမီးအေမလုပ္ခဲ့တဲ့ အမွားအတြက္ ကိုယ့္ကိုယ္ကို အျပစ္တင္မဆုံးဘူး အဲဒါေၾကာင့္ သားေခတ္ကုန္ ေျမးေခတ္ဆုံဖို႔ သေဘာတူထားလိုက္ၾကတာ.. ဒါကို သမီးအေမကို ေျပာျပေတာ့ သမီးကို ေစာင့္ေရွာက္ဖို႔ ဒီမိသားစုထဲ ျပန္ထည့္ေပးရင္ သူမ လက္ခံမယ္တဲ့ အခုသမီးက ဒီအိမ္ရဲ႕ တရားဝင္ေျမးမေလး ျဖစ္သြားၿပီ..ေနာက္ၿပီး သမီးအေမ သေဘာတူထားတဲ့ အတိုင္း လက္ထပ္ပြဲကို သမီးလက္ခံရမယ္..
အဖြား ျဖစ္သူမွာ မေဟာ္သဓာဇာတ္ေတာ္ႀကီး ေဟာျပေနသလို အရွည္ႀကီး ရွင္းျပေလ၏။
"သမီး..လက္မထပ္ခ်င္ဘူး..ေဒၚေလးလည္း အပ်ိဳပဲေလ ၿပီးေတာ့ ေဒၚေလးကေတာင္ ဒီအိမ္ရဲ႕ ေျမးမေလးမဟုတ္ပဲ သမီးျဖစ္ေနတာေလ ေဒၚေလးကိုပဲ အဲဒီ ေယာက္်ားကိုယူခိုင္းေပါ့..ဒါဆို ျပႆနာမရွိေတာ့ဘူး..ေ႐ႊေခတ္ေျပာတာ မွန္တယ္မလား ေဒၚေလး
ေရခြက္ကိုေမာ့ေသာက္ေနသည့္ ေဒၚေ႐ႊႏု ေရသီးသြားသည္မွာ အေစခံမေလးတစ္ေယာက္က ေက်ာကို လာထု ေပးရသည္အထိ။
"အဟြတ္..အဟြတ္ ေ႐ႊေလး..နင့်တိီလေးက နင့္အဖြားစကားနားေထာင္ၿပီး ၿငိမ္ၿငိမ္ေလးထိုင္စားေနတာ လာလာပြိီး ဆြဲမထည့္နဲ႕ ၿပီးေတာ့..တီေလးေျပာမယ္..အသက္ႏွစ္ဆယ့္ႏွစ္ႏွစ္ ေကာင္ေလးတစ္ေယာက္က တီေလးလို အသက္ေလးဆယ္ေက်ာ္ အဖြားေပါက္စကို စိတ္ဝင္စားမွာ မဟုတ္ဘူး...
"ေအာ္..အခုမွ အသက္ေလးဆယ္ေက်ာ္ၿပီး အိုစာေနၿပီကို သတိရတာေပါ့ ႏွစ္ဆယ္ေက်ာ္ သုံးဆယ္ေလာက္မွာ ခ်ိတ္ေပးမိသမွ် အမ်ိဳးေကာင္းသား ေတြရဲ႕ မိဘေတြကို နင္သူတို႔သားကို ေခ်ခဲ့မိုးခဲ့လို႔ လိုက္ေတာင္းပန္ေပးရတာ အသက္ေတာင္ ထြက္ေတာ့မယောင်..
အဖြားက ေဘးမွ အေဒၚျဖစ္သူ၏ စကားအား မခံနိုင္၍ ဝင္ေျပာသည္။ ေနာက္ၿပီး ေ႐ႊေခတ္ ဘက္ကိုျပန္လွည့္ကာ..
"ေ႐ႊေလး..သမီး တို႔ရဲ႕ ေစ့စပ္ပြဲက ေနာက္လ တစ္ရက္ေန႕မွာေနာ္...သမီး ျငင္းလို႔မရဘူး ဒါသမီးအေမရဲ႕ ေနာက္ဆုံးဆႏၵပဲ..
ဒီေန႕က ခရစၥမတ္ေန႕ ၂၅ရက္ေန႕မို႔ ေနာက္လ ၁ရက္ေန႕ ဆို ဇန္နဝါရီ ၁ရက္ေန႕ေပါ့။ သူမ လက္ေခ်ာင္းမ်ားျဖင့္ ေရတြက္ၾကည့္လိုက္ေတာ့ ၆ရက္သာ က်န္ေတာ့သည္ ။
ေအာင္မေလး..ဘယ္လို ကပ္ႀကီးမ်ိဳး လာဆိုက္ေနတာလဲ???
......
17.10.21
Advertisement
- In Serial2602 Chapters
My Mr. Song Is Extremely Protective!
[ era Wen ] died after experiencing the apocalypse for ten years. He wore the clothes of a newlywed wife who was despised by her husband's family. He fought with the best, abused the scum, and changed the fate of the apocalypse. In the 1980s, she was living well.
8 1278 - In Serial34 Chapters
The 31st Floor (Cellphone Novel)
A tall building with 32 stories. The elevator takes you up slowly. Floor numbers light up as you ascend. 29... 30... 32... Wait... where's 31?[Written in 2013; originally published on textnovel]
8 173 - In Serial11 Chapters
° worth it ? | jihoon
is it worth it to love you , park jihoon?
8 86 - In Serial35 Chapters
Hunting Season
#1 in Wendigo 05/28#1 in Darkromance 05/16#1 in Monsterromance 05/18#2 in Horror 05/27#2 in Dark 05/21#9 in Romance 05/13*COMPLETED*A cursed forest.A string of missing people.A beast lurking inside.One individual on a quest to find their beloved.Adira ventures inside the infamous Whispering Winds Forest to search for her missing boyfriend, unaware of the monster who is watching her every move...
8 290 - In Serial44 Chapters
HIS SECRET OBSESSION
It was his engagement party, with a bride-to-be of his choice. Yet, he was captivated by someone else throughout the whole night.Enticing and shiny eyes, cherry lip, fluffy cheeks, gorgeous smile, unbelievably cute and a young MAN!The most beautiful man he ever laid eyes on.With just one look at him, he became OBSESSED.Book 1 of the OBSESSED series.COMPLETEDClassified first in 2moons category on 27/05/2018Ranked:#312 on 20/05/2018 in Fanfriction#19 on 19/05/2018 in Gay#18 on 08/06/2018 in Boylove#40 on 18/06/2018 in WattPride#21 on 15/07/2018 in obsession#1 on 03/08/2018 in PhaYoTranslated in Portuguese by @_stephanny_ . The link is below.https://my.w.tt/l7nxwrgtlP
8 132 - In Serial37 Chapters
Drake Morgan has kept his family secret from the humans for eternity, having no desire to put their existence out into the open like the other shifterkind. He lives a solitary life with his two brothers hidden on his farm deep in the backwoods of Northern Mississippi.Every spring, their bears call to prepare their home for the arrival of a mating season. The search for their mates begins, and Drake has to rethink his disgust of humans when one of their females show up on his land, scenting of his destined mate. Morgan's bear demands he keep her for himself, but he knows she will never accept his true nature.Tessa Ward moved to this little town to hide from her abusive ex, taking two jobs to pay rent and put food on the table. Her position at the local parts store sends her into the heart of the country to make one simple delivery to the local farmer, Drake Morgan. Upon arrival, she is thrown into the world of the paranormal after one touch from the bear shifter and she finds out his true nature.Mating season has arrived, and Drake is prepared to fight for the woman who is fated to be his bride. When his mate's ex comes lurking around his sacred property, Drake will stop at nothing until his female is safe, even if it means killing a human...not that he cares for them anyway.
8 185

