《Untamed Flower( ပန်းရိုင်း)》အပိုင်း၃၈
Advertisement
"ရှင်...နောက်ထပ် ၆ရက်ပဲ ကျန်တော့တာကိုလား..ဖွား သမီး လက်မထပ်ဘူးနော် နောက်ပြီး လက်ထပ်ရမယ့်သူကလည်း တစ်ခါမှ မတွေ့ဖူးတဲ့သူ အမေဒီလို လုပ်တယ်ဆိုတာ သမီးမယုံနိုင်ဘူး …”
ရွှေခေတ် ထမင်းစားပွဲမှ ထကာ အိမ်ပေါ်ပြေးတက်လိုက်သည်။ အကျင့်အရ သူများအသိ မခံဘဲ ခေါင်းအုံးထဲ မျက်နှာကိုနစ်ထားကာ ရှိုက်ငိုနေလေသည်။ သူမကိုယ်သူမ တစ်ယောက်တည်း ရှင်သန်နိုင်တော့မယ့် အချိန် ၊ တောင်ပံတွေ ခိုင်မာလာချိန်မှ အရာအားလုံး ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲ သွားရတာလဲ..?
"ဒေါက်..ဒေါက်..ဒေါက်”
တံခါးခေါက်သံ ကြား၍ မျက်ရည်ကို ကပျာကယာသုတ်ရင်း ရှုပ်ပွနေသည့် ဆံပင်များကို လက်ဖြင့်သပ်လိုက်သည်။ တံခါးကို ဖွင့်မည်အလုပ် စိတ်ပြောင်းသွားကာ မှင်သေသေဖြင့် တံခါးကိုသာ ငေးကြောင်နေမိသည်။
"ဒေါက်..ဒေါက်”
"ရွှေလေးရေ..တီလေးပါ တီလေး သမီးကို ပေးစရာရှိလို့ တံခါးဖွင့်ပေးလို့ရမလားဟင်..”
ချက်ခနဲ တံခါးဖွင့်သံနှင့်အတူ ပွင့်ထွက်လာသည့် တံခါးရှေ့တွင် ကြေးသေတ္တာ တစ်လုံးကို လက်နှစ်ဖက် ဖြင့်ပိုက်ကာ ရပ်နေသော သူမ၏ ဒေါ်လေး။
"ဒါ..သမီးအမေက သမီးအသက်နှစ်ဆယ်ပြည့်ပြီး ဒီအိမ်ရဲ့ တရားဝင် မြေးဖြစ်သွားတဲ့ အခါကျရင် သမီးကို ပေးဖို့ တီလေးနဲ့ ဖွားဖွားကို မှာထားတယ် ၊ သော့က သမီးဆီမှာပဲရှိတယ်တဲ့.. အထဲမှာ ဘာရှိလည်းဆိုတာ တီလေးတို့လည်းမသိဘူး..ဒီသေတ္တာက သမီးရဲ့ ဆုံးဖြတ်ချက်တွေကို ပြင်ပေးကောင်း ပြင်ပေးနိုင်မလား မသိဘူး..”
သူမဆီ သေတ္တာကို လှမ်းပေးကာ ပြောလိုက်သည်။
"သမီး ဆုံးဖြတ်ချက်က ပြောင်းလဲမသွားရင်တောင် သမီးက ဒီအိမ်ရဲ့ တရားဝင် မြေးမလေး မဟုတ်ရင်တောင် သမီးက မမရွှေဥရဲ့ သမီးမို့ တီလေးရဲ့ သမီးအရင်းလို ချစ်ရတဲ့ တီလေးတူမပဲ... ခံစားချက်တွေကို မြိုသိပ်မထားနဲ့ ဖွင့်ဟထုတ်ပစ်လိုက်ပါ..ရင်ထဲတစ်ဆို့နေတဲ့ အလုံးကြီးကို ဖြိုချလိုက်ရင် သမီး ရင်ထဲ ပေါ့ပါးသွားလိမ့်မယ်..ဒီည စောစောအိပ်တော့နော်..မနက်ဖြန်ကျရင် တီလေး စူဠာမုနိ ဘုရားဆီ လိုက်ပို့မယ်နော်..”
"ဟုတ်..ကျေးဇူးတင်ပါတယ် ဒေါ်လေး”
သူမ ထိုသို့သာ ပြောနိုင်ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။ ထိုကြေးသေတ္တာ ဘူးကို အခန်းထဲ ပိုက်လာပြီး ကုတင်ပေါ် တင်ထားလိုက်သည်။
သူမရေချိုး အဝတ်အစားလဲပြီး အိပ်ခါနီးမှ ထိုသေတ္တာ ကို ဖွင့်ရန် ကြိုးစားလေတော့၏။
အထဲမှာ ဘာများလဲ?
သိချင်စိတ်များဖြင့် ဖွင့်တော့မည့်အချိန် သော့က ဘယ်နားမှာလဲမသိ။ ခုနတုန်း ဒေါ်လေးပြောပုံအရဆို သူမအမေက သူမကို သော့ပေးထားသည်။ သူမအမေနှင့် ပတ်သက်သည့် ရှိသမျှ မှတ်ဉာဏ်တွေအား မရရအောင် မှတ်မိလာအောင် အတင်းကြိုးစားပြီး တွေးနေရသည်။
အချိန် နာရီဝက်လောက်ကြာတော့ သူမ မှတ်မိသွားပြီ။ သူမအသက်၁၇ နှစ်ပြည့်မွေးနေ့မှာ သူမအမေမွေးနေ့ လက်ဆောင်အဖြစ် ပေးထားသည့် ရွှေလည်ဆွဲကို သတိရလိုက်သည်။ သူမအခုချိန်ထိ ထိုလည်ဆွဲကို ဆွဲထား၍ ချွတ်လိုက်ကာ ထိုလည်ဆွဲ၏ ဆွဲသီးကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။
တကယ်ကို သော့တံ ပုံစံမျိုးနှင့် ပြုလုပ်ထားသည့် လည်ဆွဲသီးပင်..။ သူမ တုံ့ဆိုင်းမနေတော့ဘဲ သေတ္တာကို ယူကာ သူမ၏ လည်ဆွဲသီးဖြင့် ဖွင့်လိုက်သည်။
အဖြူရောင် ပိုးသား ဝမ်းဆက်တစ်စုံနှင့် စာရွက်တစ်ရွက်သာ။ သူမဝမ်းဆက်ကို သေချာ မကြည့်ဘဲ စာရွက်ထဲကစာတွင်သာ အာရုံရောက်နေသည်။
ချစ်ရတဲ့သမီးလေး တိမ်လွှာရွှေခေတ်ရေ..
သမီးဒီစာကို ဖတ်နေတဲ့အချိန် အမေသမီးဘေးနား ရှိနေတော့မှာ မဟုတ်မှန်း အမေသိပါတယ်..
နောက်ပြီးတော့ သမီးအခု အမေ့ကို စိတ်ဆိုးကောင်း စိတ်ဆိုးနေလိမ့်မယ်..
ဒါပေမယ့် အမေလုပ်ပေးခဲ့တာတွေ အားလုံးက သမီးအတွက်ပါ...
အဖွားရဲ့ ဆုံးဖြတ်မှုတွေက သမီးအတွက် အမြဲကောင်းနေမယ်လို့ အမေယုံကြည်ထားလို့ပါ
ပြီးခဲ့တဲ့နှစ်များစွာ ကတည်းက အမေသာ အဖွားနဲ့အဖိုးရဲ့ ဆောင်ရွက်ချက်ကို လိုက်လျောခဲ့မယ်သာဆိုရင် အမေတို့သားအမိ ဒီလိုဘဝမျိုး ရောက်မှာမဟုတ်ဘူး..
ဒါပေမယ့်လည်း ဒါက ပြင်လို့ရတဲ့ သံဝေဂမဟုတ်ဘဲ ပြင်လို့မရတဲ့ နောင်တတရားကြီးသာ ဖြစ်လို့နေတယ်
ဒါကြောင့် သမီးကို အမေ့လိုမျိုး နောင်တမရရအောင် အမေ လုပ်ပေးခဲ့တာပါ
သမီး အရွယ်မရောက်ခင်အထိ ယောက်ျားတွေနှင့် ပြောဆိုဆက်ဆံတာတွေ ရှောင်ခိုင်းထားတယ်ဆိုတာလဲ အမေ့လို အမှားအယွင်းကြီးနှင့် ထပ်မဆုံဖို့သာပါပဲ
အမေငယ်ငယ်လေးတုန်းက သမီးအဖေနှင့် ဆုံတွေ့ချင်းချင်း ချစ်ကျွမ်းဝင်ခဲ့တယ်
သမီးရဲ့ အဖိုးနဲ့အဖွား စီစဥ်ပေးထားကြတဲ့ မင်္ဂလာပွဲနေ့မှာဘဲ သမီးရဲ့အဖေနောက် ခိုးရာလိုက်ပြေးခဲ့တယ်
အမေက အဖိုးရဲ့ သားသမီးဖြတ် အမွေဖြတ် တာခံရပေမယ့် သူ့ကိုချစ်စိတ်နဲ့ ဘာမှမဖြစ်ခဲ့ဘူး အမေတို့ရဲ့ ဘဝက အေးချမ်းနေခဲ့တယ်
ဒါပေမယ့် သမီးအသက်၅နှစ်အရွယ် တနေ့မှာ သမီးရဲ့ အဖေက ပျောက်ခြင်းမလှပျောက်သွားပြီး အဆက်အသွယ်မရတော့ဘူး..
တစ်ပတ်လောက်ကြာတော့ သမီးအဖေရဲ့ အမေလို့ပြောတဲ့ မိန်းမကြီးတစ်ဦးက ငွေတွေအထုတ်လိုက်လာပုံပေးပြီး သူ့သားနဲ့ အဆက်ဖြတ်ဖို့ပြောလာတယ်
တကယ်တော့ သမီးအဖေက လမ်းဘေးက မိဘမဲ့မဟုတ်ဘဲ ဂုဏ်ငွေရှိ လူချမ်းသာတစ်ယောက်ရဲ့ သားဆိုတာ အမေ့ကို နှစ်ပြောင်းများစွာလိမ်နေခဲ့တာကို အဲချိန်တော့မှ သိရပေမယ့် နောက်ကျသွားခဲ့ပြီ..
Advertisement
အမေကိုယ်တိုင်က သူ့မဲ့အတူနေရဖို့အရေး အမွေဖြတ်ခံ သားသမီးအဖြစ်မှ စွန့်လွှတ်ခြင်းတွေခံ ခဲ့ရတယ်..
ဒါက အမေ့ရဲ့ ဆိုးရွားလှတဲ့ အတိတ်ပဲ သမီး..
ဒါကြောင့်မို့ သမီး အဖွားလက်ထပ်ခိုင်းတဲ့သူနဲ့ပဲ ယူလိုက်ပါ..သမီးသာ သူနဲ့လက်ထပ်ဖို့ ရွေးချယ်လိုက်ရင် အဲဒီရွေးချယ်မှုက ဘယ်တော့မှ မှားမှာ မဟုတ်ဘူးလို့ အမေအာမခံတယ်
သမီး စေ့စပ်တဲ့နေ့ကျရင် အမေက ရှိနေတော့မှာ မဟုတ်လို့ ..
အမေသမီး အနားမှာ ရှိနေသလိုမျိုး ဖြစ်စေဖို့ ဒီစာရွက်နဲ့ အတူရှိနေတဲ့ ဝတ်စုံလေးကို ဝတ်လိုက်ပါ
အမေကိုယ်တိုင် တစ်နှစ်လောက် ဒီဇိုင်းတွေပြင်ဆင်ပြီး ချုပ်ပေးထားတာမို့ သမီးက အလှဆုံးဖြစ်နေမှာနော်..
သမီးလက်ထပ်ရမယ့်သူက အမျိုးကောင်းသား တစ်ယောက်။ သူတို့မျိုးရိုးက အမေတို့မျိုးရိုးလိုပဲ ဘဝမှာ လူတစ်ယောက်ကိုပဲ လက်ထပ်ပြီး အဲဒီတစ်ယောက်ကိုပဲ ချစ်တာမို့ သမီးကို အမေအဲလူနဲ့ စိတ်ချပါတယ်နော် သမီးရဲ့ ယောက်ျားမုန်းဝါဒကြီးကို လက်ထပ်ပြီးရင် စွန့်လွှတ်လို့ရပါပြီ..
နောက်ပြီး လက်ထပ်ယူပြီးရင် အိမ်သူသက်ထားတာဝန်ကို အပ်ရာမကျန် သေသပ်အောင် ဆောင်ရွက်ရမယ်နော်...
သမီးရဲ့ အချစ်ဆုံးမေမေ
..............
အဖြူရောင်စာရွက်ကလေး အပေါ် ပူနွေးလှသည့် ပုလဲလုံးလေးများက တစ်စက်စက်တစ်ပေါက်ပေါက် ကျနေ၍ စာရွက်ကလေး ချိနှဲ့မသွားဖို့ မှန်တင်ခုံပေါ် အခြောက်ခံထားလိုက်သည်။ ကျဆင်းလာသော မျက်ရည်များကို မသုတ်ဘဲ မိခင်ဖြစ်သူ ကိုယ်တိုင်ချုပ်ပေးထားသည့် စေ့စပ်ပွဲတက် ဝတ်စုံပေါ် အုပ်ကာ
ဆ်ိီးစင်းစေလိုက်၏။
မည်မျှကြာအောင် ငိုခဲ့သည်မသိ မျက်ရည်များမှာ လိုအပ်ရင်တောင် ငိုဖို့မကျန်တော့ပေ။ ရေချိုးခန်း ထဲသွားကာ ဘေစင်ရှေ့မျက်နှာ သစ်နေတုန်း ဖုန်းသံမြည်၍ အမြန်ထွက်လာလိုက်သည်။
ခေါ်ဆိုသူမှာ အိမွန်ဖြစ်နေ၍ သူမ ငိုသံမပါအောင် လည်ချောင်းကို အနည်းငယ်ရှင်းပြီးမှ ကိုင်လိုက်သည်။
"ဟဲလို...ပြော”
"အေး နင့်အဘွား ေနကောင်းသွားပြီလား နင်ဒီကို ဘယ်တော့ပြန်လာမှာလဲ..”
အိမွန်က သူမအိမ်ပြန်မယ့်ရက်ကို မေးသဖြင့် ပို၍တောင် ငိုချင်လာ၏။ အသံအနိမ့်အမြင့်ကို မနဲထိန်းထားကာ..
"အိမွန်...ငါလက်ထပ်တော့မယ်”
...........
18.10.21
1month anniversary
thank you all readers & voters
ဒီနေ့ နောက်တစ်ပိုင်း ထပ်ဖတ်ချင်လား ဖြေခဲ့😝
"ရွင္...ေနာက္ထပ္ ၆ရက္ပဲ က်န္ေတာ့တာကိုလား..ဖြား သမီး လက္မထပ္ဘူးေနာ္ ေနာက္ၿပီး လက္ထပ္ရမယ့္သူကလည္း တစ္ခါမွ မေတြ႕ဖူးတဲ့သူ အေမဒီလို လုပ္တယ္ဆိုတာ သမီးမယုံနိုင္ဘူး
ေ႐ႊေခတ္ ထမင္းစားပြဲမွ ထကာ အိမ္ေပၚေျပးတက္လိုက္သည္။ အက်င့္အရ သူမ်ားအသိ မခံဘဲ ေခါင္းအုံးထဲ မ်က္ႏွာကိုနစ္ထားကာ ရွိုက္ငိုေနေလသည္။ သူမကိုယ္သူမ တစ္ေယာက္တည္း ရွင္သန္နိုင္ေတာ့မယ့္ အခ်ိန္ ၊ ေတာင္ပံေတြ ခိုင္မာလာခ်ိန္မွ အရာအားလုံး ဘာလို႔ ႐ုတ္တရက္ႀကီး ေျပာင္းလဲ သြားရတာလဲ..?
"ေဒါက္..ေဒါက္..ေဒါက္
တံခါးေခါက္သံ ၾကား၍ မ်က္ရည္ကို ကပ်ာကယာသုတ္ရင္း ရႈပ္ပြေနသည့္ ဆံပင္မ်ားကို လက္ျဖင့္သပ္လိုက္သည္။ တံခါးကို ဖြင့္မည္အလုပ္ စိတ္ေျပာင္းသြားကာ မွင္ေသေသျဖင့္ တံခါးကိုသာ ေငးေၾကာင္ေနမိသည္။
"ေဒါက္..ေဒါက္
"ေ႐ႊေလးေရ..တီေလးပါ တီေလး သမီးကို ေပးစရာရွိလို႔ တံခါးဖြင့္ေပးလို႔ရမလားဟင္..
ခ်က္ခနဲ တံခါးဖြင့္သံႏွင့္အတူ ပြင့္ထြက္လာသည့္ တံခါးေရွ႕တြင္ ေၾကးေသတၱာ တစ္လုံးကို လက္ႏွစ္ဖက္ ျဖင့္ပိုက္ကာ ရပ္ေနေသာ သူမ၏ ေဒၚေလး။
"ဒါ..သမီးအေမက သမီးအသက္ႏွစ္ဆယ္ျပည့္ၿပီး ဒီအိမ္ရဲ႕ တရားဝင္ ေျမးျဖစ္သြားတဲ့ အခါက်ရင္ သမီးကို ေပးဖို႔ တီေလးနဲ႕ ဖြားဖြားကို မွာထားတယ္ ၊ ေသာ့က သမီးဆီမွာပဲရွိတယ္တဲ့.. အထဲမွာ ဘာရွိလည္းဆိုတာ တီေလးတို႔လည္းမသိဘူး..ဒီေသတၱာက သမီးရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ျပင္ေပးေကာင္း ျပင္ေပးနိုင္မလား မသိဘူး..
သူမဆီ ေသတၱာကို လွမ္းေပးကာ ေျပာလိုက္သည္။
"သမီး ဆုံးျဖတ္ခ်က္က ေျပာင္းလဲမသြားရင္ေတာင္ သမီးက ဒီအိမ္ရဲ႕ တရားဝင္ ေျမးမေလး မဟုတ္ရင္ေတာင္ သမီးက မမေ႐ႊဥရဲ႕ သမီးမို႔ တီေလးရဲ႕ သမီးအရင္းလို ခ်စ္ရတဲ့ တီေလးတူမပဲ... ခံစားခ်က္ေတြကို ၿမိဳသိပ္မထားနဲ႕ ဖြင့္ဟထုတ္ပစ္လိုက္ပါ..ရင္ထဲတစ္ဆို႔ေနတဲ့ အလုံးႀကီးကို ၿဖိဳခ်လိဳက္ရင္ သမီး ရင္ထဲ ေပါ့ပါးသြားလိမ့္မယ္..ဒီည ေစာေစာအိပ္ေတာ့ေနာ္..မနက္ျဖန္က်ရင္ တီေလး စူဠာမုနိ ဘုရားဆီ လိုက္ပို႔မယ္ေနာ္..
ေတာင္ႀကီးၿမိဳ႕ စူဠာမုနိဘုရားႀကီး
တာဝတႎသာ နတ္ျပည္ရွိ ေစတီကဲ့သို႔ အလြန္ပင္ သပ္ပါယ်ပါကြောင်း...
"ဟုတ္..ေက်းဇူးတင္ပါတယ္ ေဒၚေလး
သူမ ထိုသို႔သာ ေျပာနိုင္ၿပီး တံခါးကို ျပန္ပိတ္လိုက္သည္။ ထိုေၾကးေသတၱာ ဘူးကို အခန္းထဲ ပိုက္လာၿပီး ကုတင္ေပၚ တင္ထားလိုက္သည္။
သူမေရခ်ိဳး အဝတ္အစားလဲၿပီး အိပ္ခါနီးမွ ထိုေသတၱာ ကို ဖြင့္ရန္ ႀကိဳးစားေလေတာ့၏။
အထဲမွာ ဘာမ်ားလဲ?
သိခ်င္စိတ္မ်ားျဖင့္ ဖြင့္ေတာ့မည့္အခ်ိန္ ေသာ့က ဘယ္နားမွာလဲမသိ။ ခုနတုန္း ေဒၚေလးေျပာပုံအရဆို သူမအေမက သူမကို ေသာ့ေပးထားသည္။ သူမအေမႏွင့္ ပတ္သက္သည့္ ရွိသမွ် မွတ္ဉာဏ္ေတြအား မရရေအာင္ မွတ္မိလာေအာင္ အတင္းႀကိဳးစားၿပီး ေတြးေနရသည္။
Advertisement
အခ်ိန္ နာရီဝက္ေလာက္ၾကာေတာ့ သူမ မွတ္မိသြားၿပီ။ သူမအသက္၁၇ ႏွစ္ျပည့္ေမြးေန႕မွာ သူမအေမေမြးေန႕ လက္ေဆာင္အျဖစ္ ေပးထားသည့္ ေ႐ႊလည္ဆြဲကို သတိရလိုက္သည္။ သူမအခုခ်ိန္ထိ ထိုလည္ဆြဲကို ဆြဲထား၍ ခြၽတ္လိုက္ကာ ထိုလည္ဆြဲ၏ ဆြဲသီးကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။
တကယ္ကို ေသာ့တံ ပုံစံမ်ိဳးႏွင့္ ျပဳလုပ္ထားသည့္ လည္ဆြဲသီးပင္..။ သူမ တုံ႕ဆိုင္းမေနေတာ့ဘဲ ေသတၱာကို ယူကာ သူမ၏ လည္ဆြဲသီးျဖင့္ ဖြင့္လိုက္သည္။
အျဖဴေရာင္ ပိုးသား ဝမ္းဆက္တစ္စုံႏွင့္ စာ႐ြက္တစ္႐ြက္သာ။ သူမဝမ္းဆက္ကို ေသခ်ာ မၾကည့္ဘဲ စာ႐ြက္ထဲကစာတြင္သာ အာ႐ုံေရာက္ေနသည္။
ခ်စ္ရတဲ့သမီးေလး တိမ္လႊာေ႐ႊေခတ္ေရ..
သမီးဒီစာကို ဖတ္ေနတဲ့အခ်ိန္ အေမသမီးေဘးနား ရွိေနေတာ့မွာ မဟုတ္မွန္း အေမသိပါတယ္..
ေနာက္ၿပီးေတာ့ သမီးအခု အေမ့ကို စိတ္ဆိုးေကာင္း စိတ္ဆိုးေနလိမ့္မယ္..
ဒါေပမယ့္ အေမလုပ္ေပးခဲ့တာေတြ အားလုံးက သမီးအတြက္ပါ...
အဖြားရဲ႕ ဆုံးျဖတ္မႈေတြက သမီးအတြက္ အၿမဲေကာင္းေနမယ္လို႔ အေမယုံၾကည္ထားလို႔ပါ
ၿပီးခဲ့တဲ့ႏွစ္မ်ားစြာ ကတည္းက အေမသာ အဖြားနဲ႕အဖိုးရဲ႕ ေဆာင္႐ြက္ခ်က္ကို လိုက္ေလ်ာခဲ့မယ္သာဆိုရင္ အေမတို႔သားအမိ ဒီလိုဘဝမ်ိဳး ေရာက္မွာမဟုတ္ဘူး..
ဒါေပမယ့္လည္း ဒါက ျပင္လို႔ရတဲ့ သံေဝဂမဟုတ္ဘဲ ျပင္လို႔မရတဲ့ ေနာင္တတရားႀကီးသာ ျဖစ္လို႔ေနတယ္
ဒါေၾကာင့္ သမီးကို အေမ့လိုမ်ိဳး ေနာင္တမရရေအာင္ အေမ လုပ္ေပးခဲ့တာပါ
သမီး အ႐ြယ္မေရာက္ခင္အထိ ေယာက္်ားေတြႏွင့္ ေျပာဆိုဆက္ဆံတာေတြ ေရွာင္ခိုင္းထားတယ္ဆိုတာလဲ အေမ့လို အမွားအယြင္းႀကီးႏွင့္ ထပ္မဆုံဖို႔သာပါပဲ
အေမငယ္ငယ္ေလးတုန္းက သမီးအေဖႏွင့္ ဆုံေတြ႕ခ်င္းခ်င္း ခ်စ္ကြၽမ္းဝင္ခဲ့တယ္
သမီးရဲ႕ အဖိုးနဲ႕အဖြား စီစဥ္ေပးထားၾကတဲ့ မဂၤလာပြဲေန႕မွာဘဲ သမီးရဲ႕အေဖေနာက္ ခိုးရာလိုက္ေျပးခဲ့တယ္
အေမက အဖိုးရဲ႕ သားသမီးျဖတ္ အေမြျဖတ္ တာခံရေပမယ့္ သူ႕ကိုခ်စ္စိတ္နဲ႕ ဘာမွမျဖစ္ခဲ့ဘူး အေမတို႔ရဲ႕ ဘဝက ေအးခ်မ္းေနခဲ့တယ္
ဒါေပမယ့္ သမီးအသက္၅ႏွစ္အ႐ြယ္ တေန႕မွာ သမီးရဲ႕ အေဖက ေပ်ာက္ျခင္းမလွေပ်ာက္သြားၿပီး အဆက္အသြယ္မရေတာ့ဘူး..
တစ္ပတ္ေလာက္ၾကာေတာ့ သမီးအေဖရဲ႕ အေမလို႔ေျပာတဲ့ မိန္းမႀကီးတစ္ဦးက ေငြေတြအထုတ္လိုက္လာပုံေပးၿပီး သူ႕သားနဲ႕ အဆက္ျဖတ္ဖို႔ေျပာလာတယ္
တကယ္ေတာ့ သမီးအေဖက လမ္းေဘးက မိဘမဲ့မဟုတ္ဘဲ ဂုဏ္ေငြရွိ လူခ်မ္းသာတစ္ေယာက္ရဲ႕ သားဆိုတာ အေမ့ကို ႏွစ္ေျပာင္းမ်ားစြာလိမ္ေနခဲ့တာကို အဲခ်ိန္ေတာ့မွ သိရေပမယ့္ ေနာက္က်သြားခဲ့ၿပီ..
အေမကိုယ္တိုင္က သူ႕မဲ့အတူေနရဖို႔အေရး အေမြျဖတ္ခံ သားသမီးအျဖစ္မွ စြန့္လႊတ္ျခင္းေတြခံ ခဲ့ရတယ္..
ဒါက အေမ့ရဲ႕ ဆိုး႐ြားလွတဲ့ အတိတ္ပဲ သမီး..
ဒါေၾကာင့္မို႔ သမီး အဖြားလက္ထပ္ခိုင္းတဲ့သူနဲ႕ပဲ ယူလိုက္ပါ..သမီးသာ သူနဲ႕လက္ထပ္ဖို႔ ေ႐ြးခ်ယ္လိုက္ရင္ အဲဒီေ႐ြးခ်ယ္မႈက ဘယ္ေတာ့မွ မွားမွာ မဟုတ္ဘူးလို႔ အေမအာမခံတယ္
သမီး ေစ့စပ္တဲ့ေန႕က်ရင္ အေမက ရွိေနေတာ့မွာ မဟုတ္လို႔ ..
အေမသမီး အနားမွာ ရွိေနသလိုမ်ိဳး ျဖစ္ေစဖို႔ ဒီစာ႐ြက္နဲ႕ အတူရွိေနတဲ့ ဝတ္စုံေလးကို ဝတ္လိုက္ပါ
အေမကိုယ္တိုင္ တစ္ႏွစ္ေလာက္ ဒီဇိုင္းေတြျပင္ဆင္ၿပီး ခ်ဳပ္ေပးထားတာမို႔ သမီးက အလွဆုံးျဖစ္ေနမွာေနာ္..
သမီးလက္ထပ္ရမယ့္သူက အမ်ိဳးေကာင္းသား တစ္ေယာက္။ သူတို႔မ်ိဳးရိုးက အေမတို႔မ်ိဳးရိုးလိုပဲ ဘဝမွာ လူတစ္ေယာက္ကိုပဲ လက္ထပ္ၿပီး အဲဒီတစ္ေယာက္ကိုပဲ ခ်စ္တာမို႔ သမီးကို အေမအဲလူနဲ႕ စိတ္ခ်ပါတယ္ေနာ္ သမီးရဲ႕ ေယာက္်ားမုန္းဝါဒႀကီးကို လက္ထပ္ၿပီးရင္ စြန့္လႊတ္လို႔ရပါၿပီ..
ေနာက္ၿပီး လက္ထပ္ယူၿပီးရင္ အိမ္သူသက္ထားတာဝန္ကို အပ္ရာမက်န္ ေသသပ္ေအာင္ ေဆာင္႐ြက္ရမယ္ေနာ္...
သမီးရဲ႕ အခ်စ္ဆုံးေမေမ
..............
အျဖဴေရာင္စာ႐ြက္ကေလး အေပၚ ပူႏြေးလွသည့္ ပုလဲလုံးေလးမ်ားက တစ္စက္စက္တစ္ေပါက္ေပါက္ က်ေန၍ စာ႐ြက္ကေလး ခ်ိႏွဲ႕မသြားဖို႔ မွန္တင္ခုံေပၚ အေျခာက္ခံထားလိုက္သည္။ က်ဆင္းလာေသာ မ်က္ရည္မ်ားကို မသုတ္ဘဲ မိခင္ျဖစ္သူ ကိုယ္တိုင္ခ်ဳပ္ေပးထားသည့္ ေစ့စပ္ပြဲတက္ ဝတ္စုံေပၚ အုပ္ကာ
ဆ်ိီးစင်းစေလိုက်၏။
မည္မွ်ၾကာေအာင္ ငိုခဲ့သည္မသိ မ်က္ရည္မ်ားမွာ လိုအပ္ရင္ေတာင္ ငိုဖို႔မက်န္ေတာ့ေပ။ ေရခ်ိဳးခန္း ထဲသြားကာ ေဘစင္ေရွ႕မ်က္ႏွာ သစ္ေနတုန္း ဖုန္းသံျမည္၍ အျမန္ထြက္လာလိုက္သည္။
ေခၚဆိုသူမွာ အိမြန္ျဖစ္ေန၍ သူမ ငိုသံမပါေအာင္ လည္ေခ်ာင္းကို အနည္းငယ္ရွင္းၿပီးမွ ကိုင္လိုက္သည္။
"ဟဲလို...ေျပာ
"ေအး နင့္အဘြား ေနကောင်းသွားပြီလား နင္ဒီကို ဘယ္ေတာ့ျပန္လာမွာလဲ..
အိမြန္က သူမအိမ္ျပန္မယ့္ရက္ကို ေမးသျဖင့္ ပို၍ေတာင္ ငိုခ်င္လာ၏။ အသံအနိမ့္အျမင့္ကို မနဲထိန္းထားကာ..
"အိမြန္...ငါလက္ထပ္ေတာ့မယ္
...........
18.10.21
1month anniversary
thank you all readers & voters
ဒီေန႕ ေနာက္တစ္ပိုင္း ထပ္ဖတ္ခ်င္လား ေျဖခဲ့😝
Advertisement
- In Serial219 Chapters
The Broken Angel & Her Overprotective Brothers
"Why do you even bring her here? Other than creating problems and running away, she has nothing better to do! I already told Domenic that she doesn't deserve to be here, she can't be a part of this family."
8 6152 - In Serial59 Chapters
Angel | ✓
She's a psychologist for criminals. He's a top wanted criminal. She is an innocent girl who believes in good. He is a cold hearted man who wants revenge. Valentina is human. Francis is a monster. -"Miss me my love?" he said softly but with a twisted smile. "Get away from me!" I yell and he instantly stops, regret filling his eyes. "Don't come any closer." I snap but he didn't listen and steps closer making me cower even further back. Finally my back hit the wall and he stopped inches away from me. I stare him in the eyes and see hurt, pain. I wanted to be strong, not be afraid of him, but I was. Because I knew that I still in love with him. "I'm not letting you go." - This girl believes she can face a criminal to the bright side but is distracted with his personality and looses hope when the building she works in goes up in flames and wakes up in a secret hideout. -This story used to be named 'Cursed with Wings' but has changed-
8 163 - In Serial36 Chapters
mutuals
❝ you should text her!! ❞ //❝ he dmed me ❞ ➷ all because of a comment➷ louis partridge x reader➷ this is my first story made out of boredom ➷ social media & irl
8 148 - In Serial35 Chapters
Switch Up
Claire and Blair were once inseparable since birth. As twins they have spent every moment of their lives together as best friends, but that changes when high school comes and Claire decides she'd rather be popular and Blair decides she'd rather be a wallflower. The two grow apart until one day, Claire discovers that her secret crush, Carter, has a not so secret crush on Blair. Hoping to win Carter's heart, Claire seeks Blair's help and through that the two sisters uncover secret after secret about one another.
8 182 - In Serial53 Chapters
Kayden (Larry Stylinson)
LoveMeSomeStyles: has anyone seen this kid? she looks so much like Harry Styles. it's crazy.HarryxLovesxMe: wow! she really does! that is wild!MarryMeHazza: i wonder if he has a secret love child or something. she looks way too much like him to not be related at all.LoveMeSomeStyles: @MarryMeHazza you may be onto something. let's look more into this...I sat there looking at the comments on the picture someone reposted of my daughter. More specifically, mine and Harry's daughter. More importantly, the daughter that Harry does not know exists."Well, fuck." I said to myself. If I knew this fandom, which I did, I knew that there was no way this wouldn't blow up and get back to Harry somehow. "I'm completely screwed."------------------An AU where Harry is an international popstar and Louis is just a guy he met one night at one of his concerts. They slept together & Louis ended up pregnant. Louis decided not to tell Harry about the pregnancy. One day, some of Harry's fan's find pictures of the little girl and point out how much she looks like Harry Styles. It only escalates from there and Harry is bound to find out about the little girl with his green eyes, dimples, and chocolate brown hair.Ranked #1 in Stylinson - 02/28/19Ranked #1 in Larry - 05/05/19Ranked #1 in Mpreg - 03/12/2019Ranked #1 in Larrystylinson - 06/08/2019
8.18 136 - In Serial33 Chapters
Those Cold Eyes ✓
Leaving a troubled past behind, Dylan starts his first day at a new high school. He's soon wrapped up in his new life, meeting new friends and especially someone to take his mind off the things that happened. However, the past has a way of catching up, and how does he think he can get someone else out of their misery if he can't even help himself? Dylan knows he should know better than to fall for someone new, but Zach isn't just anyone. He's the guy with a face of stone and eyes as cold as a winter's night - a guy without a heart - or so it would seem... They won't like each other at all, they will hate - hate each other senseless. But perhaps that senselessness is what will get them out of their troubles once and for all.
8 249

