《Untamed Flower( ပန်းရိုင်း)》အပိုင်း၃၉
Advertisement
"အိမွန်..ငါလက်ထပ်တော့မယ်”
"ဘာ...ဘာပြောတယ် နင့်ကို နင့်အဖွားက ဟို..ရုပ်ရှင်တွေထဲကလိုလေ ဗိုက်ပူကြီးတွေနဲ့ အတင်းပေးစားတာလား..နင်ဘယ်လို လက်ခံလိုက်တာလဲ ပြီးတော့ နင်ကိုက ယောက်ျား မုန်းဝါဒရှင်လေ ဘယ်လိုဖြစ်သွားတာလဲဟယ် ငါစိတ်လေတယ်..ငါ ငါ့အဖေကို နင့်အဒေါ်ရဲ့ စီးပွားရေးတွေအားလုံး ဒေဝါလီခံသွားအောင် လုပ်လိုက်မယ်လေ နောက်ပြီး နင့်ကို ငါ့ညီမအဖြစ် မွေးစားဖို့ အဖေ့ကိုပူဆာလိုက်မယ် ဒါဆိုရင် မကောင်းဘူးလား..?”
အလောတကြီးနှင့် ေတွးမိတွေးရာ တွေးပြီး ပြောချင်တာပြောနေသော အိမွန်ကြောင့် ငိုချင်စိတ်တောင် ဘယ်လိုပျောက်သွားမှန်းမသိ။ ရီချင်စိတ်တွေ ဘယ်ကမသိပေါ်ထွက်လာပြီး ထိန်းမရတော့...
"ဟား..ဟား..ငါ့သဘောနဲ့ငါ လက်ခံလိုက်တာပါဟယ်..နောက်ပြီး နင့်အဖေကို ငါ့ဒေါ်လေး စီးပွားရေးကို ဒေဝါလီအကုန်ခံသွားရအောင် လုပ်ခိုင်းမယ်တဲ့လား..ရူးမနေစမ်းနဲ့ အိမွန်မ နင်ခေါင်းခေါက်မခံချင်ရင် နင်ဒီစကားပြောတာ နင့်အဖေမသိစေနဲ့...ငါ့အဒေါ်က ဒီနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးကြီးတစ်ယောက် အပြင် ထိပ်တန်း jewelry co.Ltd., ရဲ့ ဥက္ကဌ ဆိုတာ နင်မေ့သွားတာလား အိမွန်မ..”
ရွှေခေတ် ပြောသမျှမှာမူ စင်စစ်အမှန်တရား။ သူမ၏ အဒေါ်မှာ ထိပ်တန်းမင်းသမီးကြီး တစ်ဦးဖြစ်သော်လည်း အဖိုးဖြစ်သူ ဆုံးပါးသွားပြီး သရုပ်ဆောင်ဘဝကို စွန့်လွှတ်လိုက်ရကာ အဖိုး၏ ကျောက်မျတ်ရတနာ ထုတ်လုပ်ရေး ကုမ္ပဏီကို ဦးစီးပေးခဲ့ရသည်။
ဆိုးတူကောင်းဖက် အိမွန်မအား နာရီဝက်ကြာလောက် တရားချပေး နားချပေးရသည်မှာ အာတောင်ပေါက်ထွက် တော့မတတ်။ ဒါတောင် သူမက
မလုံလောက်သေး။ စေ့စပ်ပွဲနေ့ကို အရောက်လာခဲ့မည်ဟု ကြိမ်းထားလိုက်သေး၏။
.......
"ရွှေလေး သမီး တကယ်ပြောတာလားဟင်. ..ဖွားဖွား အိမ်မက်မက်နေတာ မဟုတ်ဘူးနော်..”
မြေးမလေးရဲ့ လက်ကို ဆုပ်ကိုင်ရင်း ဝမ်းသာပီတိမျက်ရည်တွေ ကျနေရှာသည့် အဖွားကို ဒေါ်လေးဖြစ်သူမှ..
"အမေ က ဒါကို အိမ်မက်ဖြစ်ချင်နေတာလား..?”
"ဟဲ့ ရွှေနု နင်ကကောင်းခန်းရောက်ရင် လာလာရှုပ်တတ်တဲ့ အကျင့်က မပျောက်သေးဘူးလား...
ရွှေလေးရေ..ဖွားဖွား ဝမ်းသာလို့မဆုံးနိုင်တော့ဘူးကွယ်..”
ရွှေခေတ် ခေါင်းလေးကို ပုတ်ပေးလိုက် ပါးလေးကို ဖစ်ညစ်လိုက်နှင့် အသက်ငါးနှစ် ကလေးအား ဆက်ဆံနေသကဲ့သို့ စကြာဝဠာ အပြင်ဘက်ထိရောက်အောင် ချိီးကျူးဖော်ဆောင်နေသော အဖွားမှာ လူမမာမဟုတ်သကဲ့သို့။ အမေဖြစ်သူနှင့် ရုပ်ချင်းဆင်တူသော အဖွားဖြစ်သူ ပြုံးပျော်နေသည်ကို မြင်လျှင် ရွှေခေတ်လည်း ရင်ထဲစမ်းရေတမျှ အေးချမ်းမှုကို ခံစားရ၏။
မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် မျက်နှာဆူပုတ်ကာ လက်ကိုပိုက်ပြီး ထိုင်နေသော အဒေါ်ဖြစ်သူမှာတော့ သနားစရာ။ အဖွားက ဘာမှဝင်မပြောခိုင်းလို့ အလိမ္မာတုံးလုပ်ပြီး အလောင်းအစားရှုံးသည့်လူလို စိတ်ပျက်လက်ပျက် ထိုင်လို့နေသည်။
"တီလေး..တီလေးမနေ့ညပြောတော့ သမီးကိုဒီနေ့ ဘုရားလိုက်ပို့မယ်ဆို မသွားသေးဘူးလား သမီးတောင်အဆင်သင့် ဖြစ်နေပြီ..”
အဖွား၏ ဧရာမချီးကျူးခန်းမှ ရှောင်ဖယ်ဖို့ ဆင်ခြေမရရအောင် ရှာကြံလိုက်ရသည်။ သူမကို ချီးကျုးသည်ကို အသာထား..ဘာတဲ့ သမီးယောက်ျားဖြစ်လာမဲ့သူ..သူဘယ်လောက်တော်ကြောင်း တတ်ကြောင်းတွေ ပြောနေသည်မှာ ရွှေခေတ် အဖို့ နားပေါက်ထွက်မတတ်။
"အခုချိန်က ဘုရားသွားရမယ့် အချိန်မဟုတ်သေးဘူး ရွှေလေး စေ့စပ်ပွဲက နောက် ငါးရက်ပဲကျန်တော့တယ်..အရေးကြီးလုပ်စရာတွေက တောမီးလောင်နေသလို တီလေးခေါင်း တော်တော်ကို ပူနေတယ် သမီးအဖွားရဲ့ မြေးသားမက်ချီးမွမ်းခန်းကို အိမ်ပြန်ရောက်မှပဲ ဆက်နားထောင်တော့..အခုတို့ တူဝရီး စထွက်ရမယ့်အချိန်ပဲ..”
အဖွားကို နှုတ်ဆက်ကာ တူဝရီးနှစ်ယောက် ခြေလှမ်းတွေ ညီစီအောင် လှမ်းကာ အိမ်ရှေ့ထွက်လာကြသည်။ ဒီတစ်ခါတော့ အဒေါ်ဖြစ်သူမှာ သူမကိုယ်တိုင် သူမကား မမောင်းဘဲ မိသားစုသုံး ဇိမ်ခံ mercedes a class ကားကို ဒရိုင်ဘာပါခေါ်လာသည်။
ဒရိုက်ဘာမှာလည်း ရှားရှားပါးပါး မိန်းမသားတစ်ဦး။ ရွှေခေတ် ယုံတောင်မယုံနိုင်တော့ တစ်အိမ်လုံး အိမ်စေတွေလည်း မိန်းခလေး, နောက်ပြီး ဒရိုင်ဘာ ပါမကျန် မိန်းကလေး။ ဒရိုင်ဘာမှာ မိန်းကလေးမှန်းသိသာအောင် သူမအသံနှင့် သူမ၏ ထုံးဖွဲ့ထားသည့် ဆံပင်ကသာ သက်သေပြပေးနိုင်သည်။ တစ်ကိုယ်လုံးမှာ သန်မာထွားကြိုင်းသည့် ဘော်ဒီဂတ် တစ်ေယာက်အလား..။ ဒေါ်လေး ဒီလူကို ဘယ်ကရှာတွေ့လာခဲ့ပါလိမ့်...
ရွှေခေတ် ကားထွက်စစချင်း ခံစားချက်မကောင်းရတဲ့အကြောင်း အခုတော့ ပေါ်လာပြီလေ..
တစ်နေကုန် တစ်နေခန်း မြို့ထဲပတ်မောင်းနေရသော ဒရိုင်ဘာကိုတောင် အားနာမိပါရဲ့။ အနုပညာရှင်ဆိုတဲ့ အတိုင်း အဆက်အသွယ်များပြားပြီး ဖုန်းတစ်ချက်ဆက်လိုက်ရုံနှင့် ဟိုဆိုင်ကကောင်းတယ် ဒီဆိုင်ကပိုကောင်းတယ် Review တွေ ရ။ ဒါပေမယ့် ရွှေတီတီက သူ့သူငယ်ချင်း ညွှန်းသမျှဆိုင်တွေကို တစ်ဆိုင်မကျန် သွားတာတော့ ရွှေခေတ်အတွက် မတရားသလို။
ဆံပင်ပုံစံ အစ ခြေသည်းလက်သည်းအဆုံး ဆေး၊ ချွတ်၊ ဖြုတ်၊ တပ် နှင့် အရုပ်မလေးလိုမျိုးသာ လုပ်နေသမျှ ငြိမ်ခံနေရသည်။ ငြင်းလို့လည်း ရတာမဟုတ်ပေ။
ပင်ပင်ပန်းပန်းနှင့် အိမ်ပြန်ရောက်ရောက်ချင်း အိပ်ပျော်သွားခဲ့သည်။ မနက်ထလာတော့ ဒီနေ့ထပ်လုပ်ရမည့် အစီအစဥ်တွေ လန်းဆန်းတက်ကြွစွာ ရေးဆွဲနေသော ဒေါ်လေးဖြစ်သူကိုတွေ့၍ သူမအော်ငိုချင်တော့သည်။
Advertisement
ေလးရက်ငါးရက် လုံးလုံး အဒေါ်ဖြစ်သူနောက် တကောက်ကောက်လိုက်ခဲ့ရပြီး shopping centerကလူတွေတောင် သူမမျက်နှာကို အလွတ်ရနေလောက်ပြီ ထင်ပါရဲ့။
ဒါက ရန်ကုန်မြို့ကြီးမှာသာဆို ညဘက်တောင် မအိပ်တော့ပဲ အလှပြင်ခိုင်းအုံးမှာလား..?
အဝတ်အစားတွေကိုတော့ စေ့စပ်ပွဲအတွက် ဝတ်စုံက အမေချုပ်ပေးထားပြီလို့ ငြင်းမှသာ ဝယ်နေတာကို ဒေါ်လေးကရပ်၏။ မိသားစု ကုမ္ပဏီ ၏ အသစ်စက်စက် လက်ဝတ်ရတနာ ဒီဇိုင်းတွေကို တစ်စုံပြီး တစ်စုံ စမ်းဝတ်ခိုင်းနေသည်။
ရွှေခေတ် စိတ်ထဲ တွေးမိလိုက်သည်။
ငါ..မနက်ဖြန်ဖို့ ခံစားချက် သိပ်မကောင်းဘူး..
မနက်ဖြန် စေ့စပ်ပွဲဆိုတာ အိပ်မက်မဟုတ်တော့ဘူး..
သေချင်လိုက်တာ..ငါ့သတို့သားမျက်နှာကို တောင် မမြင်ရသေးတဲ့ အဖြစ်အပျက် ဘယ်လောက်တောင် စိတ်ရှုပ်ဖို့ကောင်းလဲ?
......
19.10.21
.......
လေးရကျငါးရကျ လုံးလုံး အဒေါ်ဖြစ်သူနောက် တကောက်ကောက်လိုက်ခဲ့ရပြီး shopping centerကလူတွေတောင် သူမမျက်နှာကို အလွတ်ရနေလောက်ပြီ ထင်ပါရဲ့။
......
19.10.21
Advertisement
- In Serial76 Chapters
His Light, Her Darkness
"You are mine!" He roars. "I will do whatever it takes to make you know that. Whether it means I lock you up in a prison and throw away the key."Footsteps come rushing into the dining room, and I turn to see multiple men--guards I suppose, flanking one another. Each of their hands rest on things within their jackets. Which i can only guess are guns. What else would they be?He waves them off and stalks towards me, standing behind my chair. I try to turn my head to look behind me, at him, but his hands move to the sides of my face, stopping me."I can give you the world Mia. I am no fool. I know that love takes time, and I will give you as much as it takes. But you are mine." He says so calmly.--------------------------When Mia Jones, a College student from Australia with a mysterious past is offered the opportunity to work as a translator for a man she had never heard of in New York City, she had assumed it would be a normal job, little did she know it would be the end of her freedom.Matteo Giovanni is the most feared Mafia leader in New York, and the whole country, heir to the Italian Mafia, he is used to getting what he wants. And when he sees Mia walk into his office for a job interview, he knows he wants her.She is his light, and he is her darkness. Will Mia ever be able to escape Matteo and the Mafia, or will she fall in love before she can stop herself?WARNING:Within this story there is coarse language, themes and violence.______________________#1 in Romance 29/10/2020-----------------------------------Began: 21/08/2020 Completed: 13/01/2021
8 329 - In Serial51 Chapters
Ace Of Hearts(#Book1 in ACE series)
#BOOK1 in 'ACE' SERIES He was like storm. He liked silence. He had looks which could kill. He is cold , ruthless and arrogant as hell. He had a past which forced him to become what he is. He was a typical billionaire. Ace Parker. She is clumsy. She likes talking. She was beautiful. She was selfless and kind. She had a secret no one knew. She was an ordinary girl. Eva Johns. Polar opposites right? Ace needed a girl who would marry him for 1 year and then leave and all this for a stupid deal that his father made with him. Eva needed money because she had just run away from her home and something else also. two people in need meet in circumstances and maybe will be able to help each other ...... "She met him. She married him. She hated him Yet she knew he was somewhat lost. So she swore to find the Ace of hearts . Not caring what it cost.." But the questions is, will they be able to live with each other? Or will their destiny play games and sparks will fly? "It is like we are two pieces of two different broken worlds who have come together to disentangle each other's twisted lives. " Join both of them and go on a ride to another world which will make you laugh, love, and maybe cry. ----------------------------------------------------------------------------------------------------------------------------- p.s i acknowledge all the sources from where i have taken photos and quotes. Cover credits go to @SushFan191918 have a happy reading!
8 166 - In Serial47 Chapters
The Vampire King
**Highest rank - #1 in Vampire**The most feared Vampire King.A human girl.Brought together by an unknown prophecy, will she really be the cause of his destruction? Or will he destroy her first? Leaving her to pick up her own broken pieces before she can be an ounce of a threat to him. You're welcomed to explore this world where only bloodthirsty creatures , lies, betrayal, and darkness exist. But don't be surprised if you discover LOVE along the way... -----------------------------Cover by- @forcadeCopyright © 2015. WARNING** Contains inappropriate content, must be 14+ to read. [Word count: 75,000 to 90,000] Enjoy.
8 228 - In Serial32 Chapters
ɪ'ʟʟ ᴋᴇᴇᴘ ᴍʏ ᴅɪsᴛᴀɴᴄᴇ, ғᴀʀ ᴀᴡᴀʏ ᴀs ɪ ᴄᴀɴ
Info : There's a Remake of this Story with the same Title! Check my profile! (◍•ᴗ•◍)_____________________Warning : UNEDITED (I won't change any grammars in the story, forgive me)Aliciel realizes her current life is in the world of the Otome Game she played in her previous life after regaining her memories at the age of 14.Unfortunately, she is the game's ruthless Villainess, Aliciel Blacker.Despite her conflicted feelings for the original Villainess, she is hurt and in pain."If I must, I will not talk to the capture targets and the heroine."But now that she has changed, the people around her may also change as a result._______________________________Side Note : → Reverse Harem with Main Love Interest Unedited
8 110 - In Serial200 Chapters
My Boyfriend Is A Dragon [B1]
A young boy named Bai Wu was saved and adopted by a thirty-something police sergeant named Xu Lan. It was love at first sight for Bai Wu, and once he started getting older, his heart yearned for a taste of the forbidden fruit - the romantic love of his adoptive father. The question is, will Xu Lan ever reciprocate? With deranged serial killers, parallel dimensions, time warps, dragons, and a bit of ancient black magic, Bai Wu and Xu Lan are caught in a series of crazy adventures while discovering what they truly mean to each other. This is a story of lust and madness! Source : https://boxnovel.com/novel/my-boyfriend-is-a-dragon/ For offline purpose only! Chapter : 272 (Completed)
8 219 - In Serial17 Chapters
My Angel
"This is the last room." Forth heaved a sigh of frustration as he led his men. Where are you?Forth opened the door and was surprised with the view in front of him. Inside the room was the most beautiful boy he has ever seen. An angel.Credits to Chiffon_cake for the characters from 2Moons.Highest ranking: #1 - sbfive 😊
8 153