《Untamed Flower( ပန်းရိုင်း)》အပိုင်း၄၁
Advertisement
"ရှင်..ခင်ဗျားကြီး!!”
လှေကားဆင်း နေသည့် သူမ၏ ခြေထောက်များမှာ လှုပ်မရတော့အောင် တန့်သွားသည်။ သူကဒီကို ဘာလာလုပ်တာလဲ။ ဘေးမှာလည်း သူ့ကောင်လေး နဲ့။သူမကို ဘာကိစ္စနဲ့ မကျေနပ်လို့ လူရှေ့ရှင်ရှေ့ အရှက်လာခွဲမလို့လား..?
သူမသေချာကြည့်တော့ သူ မဝတ်ဖူးသည့် ပုံစံကို ဝတ်ဆင်ထားလေ၏။ တိီရှပ်ဖြူနှင့် ပုဆိုးးး ဒါဆို သူက သတို့သားလား..? အို..မဖြစ်နိုင်တာရှင် ကျွန်မ မျက်စိမှားနေတာပဲ ဖြစ်မှာပါ..၊ မျက်စိကို ပွတ်သပ်ကာ ကြည့်ပြန်တော့လည်း သူမှသူ ။
ဝေယံပိုင်လည်း သူ့ကို ကြောင်ကြည့်နေသည့် ချစ်လှစွာသော ဇနီးလောင်းလေးကို မျက်တောင်မခတ် ပြန်ကြည့်လိုက်သည်။ ပိုးသား အဖြူရောင်ဝမ်းဆက်ကို ဝတ်ဆင်ထားကာ ဖြူလွနေသော အသားရည်ကို ပို၍ထင်ရှားစေသည်။ သူမတို့ မိသားစု ကုမ္ပဏီထုတ် နောက်ဆုံးထွက် ကျောက်စိမ်းဘယက်မှာ ညှပ်ရိုးတလျှောက် သီကုံးထားပြီး သူမ၏ ကျက်သရေပြည့်စုံမှုကို ပို၍ ထင်ပေါ်စေသည်။ ကျောက်စိမ်းနားကပ်၊ ကျောက်စိမ်းလက်ကောက်နှင့် ရင်ဖုံးပေါ် တပ်ဆင်ထားသည့် ကျောက်စိမ်းရင်ထိုးတို့မှာ သူမအလှပေါ် အသက်ရှူမှားသွားအောင်ပင် ဆွဲဆောင်နိုင်လွန်းသည်။
စက္ကန့်အတော်အတန်ကြာကြာ အကြည့်ချင်းဆုံေနသည့် အချိန်မှာ ဧည့်ခန်းမကြီးရှိ ရွှေရောင် နံရံကပ်နာရီကြီး၏ ရွေ့လျားသံမှ လွှဲ၍ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လျက်။ ရှိသမျှသော လူကြီးမိဘများမှာလည်း သူတို့နှစ်ဦး ကြောင်ကြည့် ေနကြသည်ကို မှင်သက်နေကြသည်။
"ရွှေလေး..သမီးတို့က အချင်းချင်းသိနေကြတာလား?…”
"ဟင်..”
အဒေါ်ဆီမှ ထွက်လာသည့် မေးခွန်းကြောင့် သူမချက်ချင်းပင် သတိဝင်လာသည်။ ဒါက လူတွေစုံနေသည့် စေ့စပ်ခန်းမကြီး ဆိုသော အသိတရား..။ သူမမနေ့ည တစ်ညလုံး ဒေါ်လေးဖြစ်သူ သင်ပေးထားသည့် လမ်းလျှောက်ပုံ လမ်းလျှောက်နည်းတွေ ပြောဆိုရမည့် စကားတွေတောင် အလဟသ ဖြစ်တော့မယောင်ပင်။ ခြေထောက်များကို လှေကားပေါ်က ခွေမကျအောင် မနည်းထိန်းနေရသည်။ ကံကောင်းသည်မှာ သူမရှေ့တွင် အဒေါ်ရှိနေခြင်း..။
သူ့ကောင်လေးက သူ့ဘေးမှာ ထိုင်ပြီး ဘာလို့ ပြုံးပြုံးကြီး လုပ်နေတာလဲ သူမနားမလည်နိုင်တော့။ တကယ်ဆို ရုပ်ပျက်ဆင်းပျက် မျက်နှာနဲ့ ဖြစ်နေရမှာ မဟုတ်ဘူးလား..။ သူမ အခန်းထဲ ပြန်လှည့်ပြေး လိုက်ရမလား တွေးနေသော်လည်း နောက်ကျသွားလေပြီ။ သူမသတိလွတ် သွားချိန်မှာပဲ ဒေါ်လေးက သူမလက်ကို ဆွဲပြီး ဧည့်ခန်းမဆီသို့ အရောက်ခေါ်လာခဲ့နိုင်ပြီ။
"သားဝေယံ..သားတို့က အသိတွေလား..”
ဝေယံပိုင် ၏အဘွား မေးလိုက်သော စကားကို ဝေယံ မဖြေသေးနိုင်ခင် လျှာပေါ့သော အာကာထက်က ဝင်ဖြေလိုက်သည်။
"ဘွား..သူတို့က အသိတင်မဟုတ်ဘူး..သူတို့နှစ်ယောက်က အဟမ်း..ဟမ်း”
အာကာထက် ဆိုလိုသည်ကို အားလုံးက နားလည်သွားကြပြီး အပြုံးဝေသွားကြ သော်လည်း နားမလည်နိုင်သူမှာ ရွှေခေတ် ။ ငါတို့နှစ်ယောက်က ဘာတွေလို့သူ မပြောရသေးဘူးလေ..ဘာလို့အကုန်လုံးက ပြုံးနေကြတာလဲ..။ သူမခေါင်းတွေမူးပြီး ထိုနေရာမှာပဲ မေ့လဲချင်တော့သည်။ အမေရေ အမေ့ရဲ့သမီးရတနာလေးကို လာခေါ်လှည့်ပါတော့..။
"ငယ်...”
တိုးလျပြီး အက်ရှလှသော အသံလှိုင်းတစ်ခု သူမနားထဲကို ဦးတည်ဝင်လာခဲ့သည်။ သူမမှာ ထိုခေါ်သံကြောင့် ကြက်သီးဖျန်းဖျန်းထကာ ထူးလိုက်သည်။
"ရှင်...”
သူထို အခေါ်အဝေါ်နှင့် သူမအား ခေါ်ဆိုသည်မှာ ဆယ်ကြိမ်တောင် ရှိသေးသည်မဟုတ်။သို့သော်လည်း ဒီတစ်ခေါက် ခေါ်ဆိုမှုမှာ ဘာလို့ ကြင်နာမှုများ ပြည့်နှက်နေသည်ဟု သူမထင်နေမိတာလဲ။
"မရီး..ဒီမှာ ထိုင်လှည့်ပါ..ကျနော် အဘွားနဲ့တူတူထိုင်လိုက်မယ်..”
အာကာထက်က မထိုင်သေးပဲ မတ်တပ်ရပ်လျက် ရှိနေသော သတို့သမီးလေးကို ကြည့်ပြီး ပြောလိုက်သည်။ သူက သတို့သားနှင့် တူတူထိုင်နေသည်မို့ ရှောင်ဖယ်ပေးကာ သတို့သမီးအား ထိုင်စေသည့် သဘောပင်။ အားလုံးကလည်း ခေါင်းတငြိမ့်ငြိမ့်နှင့် လက်ခံကြသည်။
မရီး လို့အခေါ်ခံရတော့မှ သူမ ရင်ထဲက အလုံးကြီးကျသွားလေသည်။ သို့သော်လည်း သူခင်ပွန်းလောင်းကို အထင်လွှဲမှား မိသောစိတ်က ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ကာ မျက်နှာ မကောင်းတော့ပေ။
"တွေ့ရတာ ဝမ်းသာပါတယ် မရီးရေ..ကျွန်တော်က မရီး ခင်ပွန်းလောင်းရဲ့ မက်လောင်းပါ..အာကာထက်လို့ခေါ်ပါတယ်..”
အာကာထက် မှာတော့ အကြောင်းတစ်စုံတစ်ရာကြောင့် သူ့ယောက်ဖကို ဆင်ဂယ်ဘဝကနေ ချွတ်ပေးမည့် မိန်းကလေးကို ကျေးဇူးတွေ အရမ်းတင်ကာ သဘောမနောနှင့် နှုတ်ဆက်လေသည်။
"ဟုတ်..ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ရှင်.”
သူမ လိပ်ပြာ မလုံသလို ခံစားနေရသည်။ တာချီလိတ် ဆေးရုံတုန်းက ထိုဒေါက်တာ ပြောသွားသည့် မိသားစုတွေ ဖြစ်တော့မည်ဆိုတာ ဒါကြောင့်ကိုး..။ ဝေယံ ညီမရဲ့ ခင်ပွန်းလောင်း ဖြစ်နေသည်။
"အာကာ..သားက သတို့သားလား..ဝေယံက သတို့သားလား..သတို့သားကတောင် မနှုတ်ဆက်ရသေးတာကို နင်ဟာလေ..မိသင်းရဲ့ အဆူခံရတော့မယ်..ဟား..”
Advertisement
ဝေယံပိုင်၏ အဘွားက လျှာသိပ်ရှည်နေသော မြေးသားမက်လေးကို စသလိုနောက်သလို ဖြင့် တိတ်တိတ်နေရန် အချက်ပေးလိုက်သည်။
လူကြီး မိဘတွေက ဇနီးမောင်နှံ နှစ်ဦး၏ ဖူးစာဆုံပုံတို့ လိုက်ဖက်မှုတို့ကို ဇာတ်တော် တွဲတစ်တွဲ ဖွဲ့ပြီး ပြောဆိုနေကြသည်။ အသင့်ပါလာသော ဗေဒင်နက္ခတ်ဆရာများနှင့်လည်း မင်္ဂလာရက်ကို တစ်ပါတည်း ရွေးချယ်ကြသည်။
မင်္ဂလာပွဲနေ့မှာ ဒီလကုန်နီးသာဖြစ်၍ ရက်ပေါင်း နှစ်ဆယ်ကျော်သာ ကျန်တော့သည်။ သတို့သားမှာ အပြုံးမပျက် သော်လည်း သတို့သမီးလေးမှာတော့ ရှက်သွေးဖြာကာ မျက်နှာများ နီရဲနေလေသည်။
ညနေစောင်းနေပြီမို့ စေ့စပ်ပွဲ အစီအစဥ်အားလုံးလည်း ပြီးဆုံးသွားပြီ ဖြစ်၍ လူကြီး များမှာ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်သွားကြ ကုန်လေပြီ။ ခန်းမထဲတွင် စေ့စပ်ပြီး ဇနီးမောင်နှံ နှစ်ဦး၊ အဘွားအို နှစ်ယောက်၊ ဒေါ်လေးရွှေနုနှင့် အာကာထက်တို့သာ ကျန်သည်။
"သား ဝေယံရေ..အန်တီတို့ရဲ့ ရွှေလေးက စူဠာမုနိဘုရားကြီး ကို သွားချင်နေတာ..အန်တီလဲ ခုတလော ပွဲအတွက် ပြင်ရဆင်ရမို့ လိုက်ပို့ဖို့ မအားဖြစ်ဘူး..သား.အပန်းမရှိရင် ဇနီးလောင်းလေးကို ခနနေ လိုက်ပို့ပေးလို့ရမလား..”
ဒေါ်လေးရွှေနုက အားမနာလျှာမကျိုး ပြောဆိုလေသည်။ အခုက စုံတွဲနှစ်ယောက်ကို ပိုနီးစပ်စေနိုင်မယ့် ရွှေအခွင့်အရေးကြီးပင်။ သူမကဘာလို့ ဒီလို အခွင့်အရေးကြီးကို လက်လွတ်နိုင်ပါ့မလဲ..
ရွှေခေတ်မှာ ဧည့်သည်သာ ရှိမနေရင် ပြန်အော်ထည့်မိလိမ့်မည်။ ဟိုနေ့က ဒေါ်လေးကိုယ်တိုင်ကပဲ သွားပို့ပေးမယ်လို့ ပြောကာ သူမဆန္ဒ တစ်ခုကလေးမှမပါပေ။ အခုတော့ သူမက အရမ်းကို သွားချင်ေနတဲ့လူ ဘယ်လိုဖြစ်သွားတာလဲ..
သူမ မသွားချင်ဘူးလို့ မပြောနိုင်ခင်မှာပင်..
"ရပါတယ်ဗျာ ကျနော် လိုက်ပို့ပေးနိုင်ပါတယ်..ငယ်..ကိုယ်တို့အခုပဲ နေမဝင်ခင် သွားကြမလား..”
.......
20.10.21
ပျော်ရွှင်ဖွယ် သီတင်းကျွတ် လပြည့်နေ့ ဖြစ်ကြပါစေရှင်😚💜
"ရှင်..ခင်ဗျားကြီး!!
စက္ကန့်အတော်အတန်ကြာကြာ အကြည့်ချင်းဆုံနေသညျ့ အချိန်မှာ ဧည့်ခန်းမကြီးရှိ ရွှေရောင် နံရံကပ်နာရီကြီး၏ ရွေ့လျားသံမှ လွှဲ၍ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လျက်။ ရှိသမျှသော လူကြီးမိဘများမှာလည်း သူတို့နှစ်ဦး ကြောင်ကြည့် နေကွသညျကို မှင်သက်နေကြသည်။
"ဟင်..
Advertisement
"ငယ်...
"ရှင်...
.......
20.10.21
Advertisement
- In Serial263 Chapters
The Devil Who Devoured Snow White
"The world is not a lovely place, which is why we yearn for all the wonderful things it has to offer. This is what 'Fight for all that's beautiful in the world' stands for." – Lu Mengjie
8 1080 - In Serial23 Chapters
The Bare Truth
Investigative journalist Sierra knows that the governor is hiding something. But what she uncovers by the light of the full moon is more fantastical than she ever could have guessed. A bear-shifter romance.
8 144 - In Serial37 Chapters
The Kissing Game
Zoey Adams couldn't care less about The Kissing Game. Now that it's their last year, her classmates are going crazy over the game where a single kiss is passed around frequently, going through student after student, with whoever has the kiss last being the winner. This game has been going on since her freshman year, and Zoey finds it ridiculous. She wants nothing to do with it, but one fated day, she somehow ends up with the kiss. But because she's who she is, she simply keeps it, putting the game on pause. This leads to many angry players of the game and boys chasing after her, wanting to win the game. Axel West is the most determined out of the bunch, and soon Zoey's once boring life turns into one big hectic game of its own.
8 116 - In Serial28 Chapters
Cheater RWBY x Male Reader x Neptunia Goddesses (Remake)
A Remake of my first ever story on here
8 198 - In Serial20 Chapters
Divinity ✔
[Completed] Corrine Adara has a secret so vital that if anyone were to find out, her and her entire family would be executed immediately. As a result, she lives in hiding among her family until one fateful night, she meets the Mad Prince of Daemons.Nikolas Veil is known as the Mad Prince for good reason. One could say he holds two spirits in his body; their personalities so different that they go by different names. Niko is responsible, sweet, and gentlemanly. Kol is violent, devious, and dangerous. Neither can agree on a single thing until they meet Corrine.When Corrine's secret is revealed to the Prince of the Daemons, she's certain her and her family will be executed. Instead, in a surprising turn of events, Prince Nikolas demands her to marry him. And Corrine, unfortunately, has no choice but to accept.Excerpt:"Look at me," He growled, releasing his grip to grasp my face in his claws dangerously. He forcefully turned me to face him, but I just as firmly held my eyes closed tight. "Let me go," I demanded breathlessly."Look at me or I'll rip your eyes out right now," Kol demanded in turn. His grip tightened and his other hand lifted, reaching with those sharp claws no doubt to pluck my eyes from my skull. My eyes flew open and I gasped in panic, looking at those hovering fingertips.He froze above me, stunned. Tears stung at my eyes as I realized they were fully bright, molten gold before a Daemon; meaning I was doomed regardless. Daemons had wiped out all Seraph already. They wouldn't allow me to live and they would punish my father for hiding me."Don't hurt my family," I pleaded abruptly, a sob escaping my throat as I began to tremble under him."You can hide your eyes?" Kol asked with great interest. I choked on a response, but nodded quickly in fear. "Don't rip my eyes out," I requested tearfully."I would never."
8 190 - In Serial30 Chapters
Beautifully Invisible #Wattys2019
Life was never easy for Lily. Being a maid her whole life, growing up without parents, and having an abusive queen as her boss has made her life miserable. She hides behind a shawl that she is confined to, refusing to let anyone in. What will happen when a stranger that she's grown up with shows her just how amazing she really is and helps her when no else will?
8 250