《Untamed Flower( ပန်းရိုင်း)》အပိုင်း၄၂
Advertisement
အဖြူရောင်ကားလေး တစ်စီး ဘုရားရင်ပြင်ပေါ်တွင် ရပ်ရပ်ချင်း ပတ်ဝန်းကျင်က လူတွေအားလုံး ငေးကြည့်လာကြသည်။ ပန်းစည်းများဖြင့် အလှဆင်ထား၍ သတို့သမီး လာကြိုသည့် ကားမှန်း သိနိုင်သည်။
ထိုအချိန်တွင် ကားပေါ်က အဖြူရောင်မိန်းကလေးမှာ သူ့ဘေးရှိ မောင်းသူထိုင်ခုံတွင် သူမကိုကြည့်ပြီး ပြုံးနေသော သူအား စိတ်မရှည်စွာ ကြည့်လိုက်သည်။
"တံခါးလော့ချ် မဖြေသေးပဲ ဘာကြောင်ကြည့်နေတာလဲ..မြန်မြန်.."
"အို.."
အိမ်ထဲလူကြီးရှေ့ အပြောအဆို သိမ်မွေ့သော အိန္ဒြေရှင်မလေးမှာ အိမ်ထဲမှ ထွက်လာလိုက်ချင်းပင် ပုံစံပြောင်းသွားသည်ကို ဝေယံ မယုံနိုင်တော့။ ဒီပုံစံလည်း ချစ်စရာလေးပါပဲလေ..။
တံခါးလောခ့်ဖြေပေးတာနဲ့ ကားပေါ်မှ အလျင်အမြန် ဆင်းသွားသော ရွှေခေတ် ကို ဝေယံဘာမှမပြောဘဲ ငေးကြည့်နေမိသည်။ ကားပေါ်က ဆင်းသည်နှင့် ကားရှေ့ပိုင်းကို သွားပြီး တစ်ခုခုကို ကြိုးစားပမ်းစား ဖြုတ်နေသည်ကို မြင်၍ ဝေယံ မျက်ခုံးတစ်ချက်ပင့်ကာ လိုက်ဆင်းလာခဲ့သည်။
သူမဆီ သူလျှောက်သွားတော့ သူမလုပ်နေသည့်အရာကို သူနားမလည်နိုင်တော့ပေ။ ကား ရှေ့ပိုင်းရှိ ပန်းစည်းကို ဖြုတ်နေေလရဲ့။ သူမ ဒါကို လိုချင်လို့လား?
"ငယ်..ဒီပန်းစည်း လိုချင်လို့လား..ငယ် လိုချင်ရင် ကိုယ်အသစ်တစ်စည်း ဝယ်ပေးမယ်လေ..။ ဒါကြီးက ညိုးလည်းညိုးနေပြီ..ပြီးတော့ ကားအပြင်ဘက်ပိုင်းမှာ ရှိပြီး မြို့ထဲအနှံ့လျှောက်ပတ် မောင်းထားတာ ဖုန်မှုန့်တွေ ဘက်တီးရီးယားတွေ ကပ်နေမှာ..မယူတော့နဲ့နော်.."
ပန်းစည်းလောက်က သူ့အတွက် ဘာမှမမှု၊ အသစ်ဝယ်ပေးနိုင်သည်။ သို့သော် သူမလေးမှာ သူ့စကားကို ပြန်မဖြေဘဲ အားသုံးအင်သုံးကာ ဖြည်နေလေ၏။
"ရှင် ရပ်ကြည့်ပြီး ဘာလုပ်နေတာလဲ...လာကူဦးလေ.."
သူမ မောကြီးပန်းကြီးနှင့် ဖြုတ်နေသည်ကို မကူပဲ လက်ပိုက်ကာ ရပ်ကြည့်နေသည့် အမျိုးသားကို စိတ်မရှည်နိုင်တော့..။
"ဟမ်...အင်း..ကိုယ်ကူမယ် ငယ်ဖယ်ပေး"
သူမကို ဖယ်ခိုင်းပြီး သူတစ်ချက်လေး ဆွဲလိုက်ရုံနှင့် ပန်းစည်းက သူ့လက်ပေါ် ပါလာသည်။ အားကောင်းသော အနှီခင်ပွန်းလောင်းကို မှင်သက်သော အကြည့်များဖြင့် ကြည့်နေမိသည်။ သို့သော် ထိုအကြည့်ကို ချက်ချင်းပဲပြန်ရုတ်လိုက်ကာ သူ့လက်ပေါ်က ပန်းစည်းကို ဆွဲယူလိုက်သည်။ နောက်ပြီး ကားထဲသို့ ပစ်ထည့်လိုက်ကာ ဝေယံကို ဘာကြည့်နေတာလဲ ဆိုသည့် အကြည့်ဖြင့် မေးလိုက်သည်။
"အဲဒါဘာသဘောလဲငယ်.."
"ပတ်ဝန်းကျင်က လူတွေကိုကြည့်အုံး..ကျွန်မတို့ကို ကြောင်ကြည့်နေကြပြီ..မင်္ဂလာဇနီးမောင်နှံက ဘုရားဝန်းထဲထိ လာရိုနေကြတယ် ဆိုပြီး အပြစ်တင်နေတော့မယ်.."
သူမက အေကြာင်းပြချက် ခိုင်ခိုင်လုံလုံပေး သော်လည်း သူ့မှာတော့ နဖူးရှုံ့ကာ သူမဆီ တလှမ်းချင်းတိုးလာသည်။ သူမ အနောက်သို့ဆုတ်ရင်းဆုတ်ရင်း ကံမကောင်းစွာဖြင့် အနောက်ဘက်မှာ ဟာလာကွင်းပြင်မဟုတ်ဘဲ ကားတံခါးရှိနေသဖြင့် ထပ်ဆုတ်၍မရတော့။
"ရှင်..ရှင်ဘာလုပ်နေတာလဲ..ဒါဘုရားရင်ပြင်နော်..အရှက်မမဲ့နဲ့.."
သူမက ထိတ်ထိတ်ပြောလာ၍ သူမဘာတွေးနေသည်ကို ဝေယံ ရိပ်မိသွားသည်။ နောက်ကျောကားနှင့် ကပ်နေပြီဖြစ်သော ရွှေခေတ် နားဆီသူ့မျက်နှာကို အပ်ကာ..
"ကိုယ်တို့က ဇနီးမောင်နှံတွေ မဟုတ်လို့လား.."
ရီသံသဲ့သဲ့နှင့်အတူ ထွက်လာသော လေငွေ့နွေးနွေး လေးများ က သူမကို ဆောက်တည်ရာမရ ဖြစ်စေသည်။ ပြောလာသည့် စကားမှာလည်း တကယ့်ကို အရှက်မရှိ။ သူမ သူ့ကို တွန်းလိုက်ကာ ခရေကုံး ရောင်းသည့် ဆိုင်တွေဆီ ပြေးသွားလိုက်သည်။
နှစ်ယောက်သား ခရေပွင့် ဆယ်ကုံးစီ ဝယ်လိုက်သည်။ ရွှေခေတ် ခရေကုံးအတွက် ငွေရှင်းပေးပြီး တစ်နေရာဆီသို့ အကြည့်ရောက်သွားသည့်အခါ ပြုံးပျော်နေသည့် မျက်နှာမှာ သနားရိပ်သန်းသွားသည်။
"ရှင်..ဒါကို ကိုင်ထားပေးနိုင်မလား.."
သူမလက်ပေါ်က ခရေကုံးတွေကို ဝေယံဆီပေးလိုက်သည်။ နောက်ပြီး ဝေယံ နောက်ဘက်ရှိရာဆီသို့ ခပ်သုတ်သုတ် ပြေးသွားသဖြင့် ဝေယံမှာ သူမသွားရာဆီ နောက်လှည့်ပြီးကြည့်လိုက်သည်။
သနားခါးပါးကွက်လေးနှင့် ၅နှစ်အရွယ် ကောင်မလေးတစ်ယောက် သူမမှာ ရှိသမျှသောခရေကုံးများ ရောင်းထွက်သွားသဖြင့် ပြုံးပျော်ကာနေလေသည်။
"မမရေ..ကျေးဇူးပဲနော် သမီးနေ့လည်ကတည်းက ရောင်းနေတာ စျေးဦးတောင် မပေါက်သေးဘူး.."
ခပ်ဝဲဝဲအသံနှင့် တိုင်းရင်းသူလေးမှာ ဗမာစကားဖြင့် သူမကို ကျေးဇူးတင်စကားပြောနေသဖြင့် ရွှေခေတ်အသဲယားပြီး ကလေးမလေးပါးကို ဖွဖွလေးညစ်လိုက်သည်။ ကလေးမလေးမှာ အပြုံးမပျက်။
အူယားအသဲယားသလို ကလေးမလေးပေါ် ပြုမူနေသော သူမမှာ ဝေယံကို ပို၍ပင် အသဲယားစေမှန်း သတိမထားမိ။ ကလေးမလေးကို သူမပါးညစ်သလို ဝေယံသည်လည်း သူမပါးကို ကိုက်ချင်နေသည်။ သို့သော် ဤနေရာသည် စေတီဘုရားရင်ပြင်ဖြစ်၍ အနှီလူသားကြီးမှာ စိတ်ကိုမနဲထိန်းပြီး သူမကိုပြောလိုက်သည်။
"ကလေးတွေကို အဲလောက်တောင် ချစ်တာလား?"
"ရှင့်အလုပ် မဟုတ်ဘူး.. သွားမယ်..ကောင်မလေးရေ မမတို့သွားပြီနော်..ဘိုင့်ဘိုင်.."
ကလေးမလေး ကိုနှုတ်ဆက်ပြီး ဘုရားဝန်းထဲ ဝင်သွားမည်အပြု..
"ခနလေး.."
"ရှင်ဘာလုပ်မလို့လဲ...?"
သူမလက်ကို ဆွဲထားသော ဝေယံကို နားမလည်စွာဖြင့် ရွှေခေတ်ကြည့်လိုက်သည်။ ဝေယံပိုင် သူ့ပိုက်ဆံအိတ်ထဲမှ ငါးထောင်တန်နှစ်ရွက်ကို ထုတ်ကာ ခုနသူမတို့ကို ပန်းရောင်းပေးလိုက်သော ကောင်မလေးဆီ ပြေးသွားပြီး ပေးလိုက်သည်။
Advertisement
"အိမ်ပြန်ရောက်ရင် မေမေ့ကို ကျောင်းပို့ခိုင်းဖို့ ပြောနော် "
"ဟုတ်..ကျေးဇူးတင်ပါတယ် ဦးလေးရှင့်"
ဦးလေးလို့ အခေါ်ခံရသော်လည်း မသိမနားလည်သေးသော ကလေးမလေးမို့ ဝေယံအပြစ်မယူတော့ပေ။ သို့သော် သူနှင့်မလှမ်းမကမ်းတွင် ရပ်နေသော ဇနီးလောင်းလေးမှာတော့ ပါးစပ်ကို လက်တစ်ဖက်ဖြင့်အုပ်ကာ ပက်ပက်စက်စက် ရယ်နေသည်။
သူ့ရှေ့တွင် သူမပထဆုံးရယ်ခြင်း ဖြစ်၍ ပျော်ရွှင်သော်လည်း သည်အချိန်ရယ်ခြင်းမှာ သူ့ကိုလှောင်ပြောင်၍ ရယ်မှန်းသတိရသွားချိန်တွင် နည်းနည်းမခံချင်စိတ် ဖြစ်သွား၏။ သူမဆီ ခြေလှမ်းကျဲ တွေနှင့် လျှောက်လာကာ..
"ငယ်..ဘာတွေ ဒီလောက်ထိ သဘောကျနေတာလဲ"
အကြောင်းပြချက်ကို မသိသလို ဟန်ဆောင်ကာ ပြောလိုက်ခြင်းဖြစ်သည်။
"ဟင်း...ဘာမှ..ဘာမှသဘောကျ မနေပါဘူး..အသက်၂၂နှစ် လူတစ်ယောက်က ဦးလေးလို့ အခေါ်ခံရတာကို ကြားမိလို့..ဟင်း..ဟင်း"
သူမမှာ ပြောနေသော်လည်း အရယ်မရပ်နိုင်ပေ။
......
အဖြူရောင် စုံတွဲလေးတစ်တွဲ ခရေကုံး ကိုယ်စီနှင့် လျှောက်လာနေသည်ကို မြင်နေကြသည့် လူအပေါင်း ငေးမောနေမိကြသည်။ တစ်ယောက်ကို တစ်ယောက် ပြုံးပျော်ပြီး စကားပြောနေကြသော ပုံရိပ်မှာ အနားမှာ ရှိနေသည့် ဓာတ်ဖမ်းဆရာ တွေ၏ အာရုံကို တောင် ဆွဲဆောင်နိုင်ပေသည်။ သူတို့ မသိခင်မှာပဲ ဓာတ်ဆရာ တစ်ဦးက ထို အဖြူရောင်စုံတွဲ နှစ်ယောက် ကြည်နူးနေပုံကို အမိအရ ရိုက်မိလိုက်သည်။
ခရေကုံး သုံးဆယ်ကျော်ကို ကုန်သွားအောင် အချိန်တော်တော်ကြာ လှည့်ပတ်ပူဇော်လိုက်ရသည်။ ဝေယံတစ်ယောက် ဦးချပြီးသွား၍ သူ့ဘေးက ခုထိ ဝတ်ပြုနေသေးသော မိန်းကလေးကို ငေးကြောင်ကာနေမိသည်။
ကြာဖူးသဏ္ဍာန်အဖြင့် လက်ညိုးဆယ်ချောင်းစုပြီး ဆုတောင်းဝတ်ပြုနေသော သူမလေးမှာ လွန်စွာမှ ကျက်သရေရှိလှသည်။ တစ်ခါတစ်ရံ ချည်နှောင်ထားသည့် ဆံပင်တို့မှ ကွဲကွာနေသော ဆံပင်တိုလေးများမှာ သူမမျက်နှာကို လေပြေကြောင့် ဖုံးဖုံးသွားသည်။
ဝေယံ ထိုရှုပ်နေသော ဆံပင်များကို သူမလေးနားအနောက်ဘက်သို့ သပ်ပေးချင်နေသည့် စိတ်များ မနဲထိန်းနေရသည်။
ဝေယံပိုင် အကြောင်းတစ်ခုကြောင့် ဖုန်းသွားပြောပြီး ပြန်လာချိန် သူမမူလနေရာတွင်မရှိတော့..။ နေလည်းဝင်ပြီမို့ ဘုရားတွင် လျှပ်စစ်မီးများ ထွန်းနေကြပြီ။
ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာကြည့်တော့ အလိုမကျသည့်မျက်နှာဖြင့် ယောက်ျား တစ်ယောက်အား စကားပြောနေသည်ကို တွေ့လိုက်သည်။
သူမဆီ အမြန်လျှောက်သွားပြီး သူမလက်ကိုဆွဲကာ မေးလိုက်သည်။
"ငယ်..ဘာဖြစ်တာလဲ.သူနဲ့သိလို့လား.."
.........
21.10.21
အျဖဴေရာင္ကားေလး တစ္စီး ဘုရားရင္ျပင္ေပၚတြင္ ရပ္ရပ္ခ်င္း ပတ္ဝန္းက်င္က လူေတြအားလုံး ေငးၾကည့္လာၾကသည္။ ပန္းစည္းမ်ားျဖင့္ အလွဆင္ထား၍ သတို႔သမီး လာႀကိဳသည့္ ကားမွန္း သိနိုင္သည္။
ထိုအခ်ိန္တြင္ ကားေပၚက အျဖဴေရာင္မိန္းကေလးမွာ သူ႕ေဘးရွိ ေမာင္းသူထိုင္ခုံတြင္ သူမကိုၾကည့္ၿပီး ၿပဳံးေနေသာ သူအား စိတ္မရွည္စြာ ၾကည့္လိုက္သည္။
"တံခါးေလာ့ခ်္ မေျဖေသးပဲ ဘာေၾကာင္ၾကည့္ေနတာလဲ..ျမန္ျမန္..
"အို..
အိမ္ထဲလူႀကီးေရွ႕ အေျပာအဆို သိမ္ေမြ႕ေသာ အိႏၵျေရွင္မေလးမွာ အိမ္ထဲမွ ထြက္လာလိုက္ခ်င္းပင္ ပုံစံေျပာင္းသြားသည္ကို ေဝယံ မယုံနိုင္ေတာ့။ ဒီပုံစံလည္း ခ်စ္စရာေလးပါပဲေလ..။
တံခါးေလာခ့္ေျဖေပးတာနဲ႕ ကားေပၚမွ အလ်င္အျမန္ ဆင္းသြားေသာ ေ႐ႊေခတ္ ကို ေဝယံဘာမွမေျပာဘဲ ေငးၾကည့္ေနမိသည္။ ကားေပၚက ဆင္းသည္ႏွင့္ ကားေရွ႕ပိုင္းကို သြားၿပီး တစ္ခုခုကို ႀကိဳးစားပမ္းစား ျဖဳတ္ေနသည္ကို ျမင္၍ ေဝယံ မ်က္ခုံးတစ္ခ်က္ပင့္ကာ လိုက္ဆင္းလာခဲ့သည္။
သူမဆီ သူေလွ်ာက္သြားေတာ့ သူမလုပ္ေနသည့္အရာကို သူနားမလည္နိုင္ေတာ့ေပ။ ကား ေရွ႕ပိုင္းရွိ ပန္းစည္းကို ျဖဳတ္ေနေလရဲ့။ သူမ ဒါကို လိုခ်င္လို႔လား?
"ငယ္..ဒီပန္းစည္း လိုခ်င္လို႔လား..ငယ္ လိုခ်င္ရင္ ကိုယ္အသစ္တစ္စည္း ဝယ္ေပးမယ္ေလ..။ ဒါႀကီးက ညိုးလည္းညိုးေနၿပီ..ၿပီးေတာ့ ကားအျပင္ဘက္ပိုင္းမွာ ရွိၿပီး ၿမိဳ႕ထဲအႏွံ႕ေလွ်ာက္ပတ္ ေမာင္းထားတာ ဖုန္မႈန့္ေတြ ဘက္တီးရီးယားေတြ ကပ္ေနမွာ..မယူေတာ့နဲ႕ေနာ္..
ပန္းစည္းေလာက္က သူ႕အတြက္ ဘာမွမမႈ၊ အသစ္ဝယ္ေပးနိုင္သည္။ သို႔ေသာ္ သူမေလးမွာ သူ႕စကားကို ျပန္မေျဖဘဲ အားသုံးအင္သုံးကာ ျဖည္ေနေလ၏။
"ရွင္ ရပ္ၾကည့္ၿပီး ဘာလုပ္ေနတာလဲ...လာကူဦးေလ..
သူမ ေမာႀကီးပန္းႀကီးႏွင့္ ျဖဳတ္ေနသည္ကို မကူပဲ လက္ပိုက္ကာ ရပ္ၾကည့္ေနသည့္ အမ်ိဳးသားကို စိတ္မရွည္နိုင္ေတာ့..။
"ဟမ္...အင္း..ကိုယ္ကူမယ္ ငယ္ဖယ္ေပး
သူမကို ဖယ္ခိုင္းၿပီး သူတစ္ခ်က္ေလး ဆြဲလိုက္႐ုံႏွင့္ ပန္းစည္းက သူ႕လက္ေပၚ ပါလာသည္။ အားေကာင္းေသာ အႏွီခင္ပြန္းေလာင္းကို မွင္သက္ေသာ အၾကည့္မ်ားျဖင့္ ၾကည့္ေနမိသည္။ သို႔ေသာ္ ထိုအၾကည့္ကို ခ်က္ခ်င္းပဲျပန္႐ုတ္လိုက္ကာ သူ႕လက္ေပၚက ပန္းစည္းကို ဆြဲယူလိုက္သည္။ ေနာက္ၿပီး ကားထဲသို႔ ပစ္ထည့္လိုက္ကာ ေဝယံကို ဘာၾကည့္ေနတာလဲ ဆိုသည့္ အၾကည့္ျဖင့္ ေမးလိုက္သည္။
"အဲဒါဘာသေဘာလဲငယ္..
"ပတ္ဝန္းက်င္က လူေတြကိုၾကည့္အုံး..ကြၽန္မတို႔ကို ေၾကာင္ၾကည့္ေနၾကၿပီ..မဂၤလာဇနီးေမာင္ႏွံက ဘုရားဝန္းထဲထိ လာရိုေနၾကတယ္ ဆိုၿပီး အျပစ္တင္ေနေတာ့မယ္..
သူမက အေကြာင်းပြချက် ခိုင္ခိုင္လုံလုံေပး ေသာ္လည္း သူ႕မွာေတာ့ နဖူးရႈံ႕ကာ သူမဆီ တလွမ္းခ်င္းတိုးလာသည္။ သူမ အေနာက္သို႔ဆုတ္ရင္းဆုတ္ရင္း ကံမေကာင္းစြာျဖင့္ အေနာက္ဘက္မွာ ဟာလာကြင္းျပင္မဟုတ္ဘဲ ကားတံခါးရွိေနသျဖင့္ ထပ္ဆုတ္၍မရေတာ့။
Advertisement
"ရွင္..ရွင္ဘာလုပ္ေနတာလဲ..ဒါဘုရားရင္ျပင္ေနာ္..အရွက္မမဲ့နဲ႕..
သူမက ထိတ္ထိတ္ေျပာလာ၍ သူမဘာေတြးေနသည္ကို ေဝယံ ရိပ္မိသြားသည္။ ေနာက္ေက်ာကားႏွင့္ ကပ္ေနၿပီျဖစ္ေသာ ေ႐ႊေခတ္ နားဆီသူ႕မ်က္ႏွာကို အပ္ကာ..
"ကိုယ္တို႔က ဇနီးေမာင္ႏွံေတြ မဟုတ္လို႔လား..
ရီသံသဲ့သဲ့ႏွင့္အတူ ထြက္လာေသာ ေလေငြ႕ႏြေးႏြေး ေလးမ်ား က သူမကို ေဆာက္တည္ရာမရ ျဖစ္ေစသည္။ ေျပာလာသည့္ စကားမွာလည္း တကယ့္ကို အရွက္မရွိ။ သူမ သူ႕ကို တြန္းလိုက္ကာ ခေရကုံး ေရာင္းသည့္ ဆိုင္ေတြဆီ ေျပးသြားလိုက္သည္။
ႏွစ္ေယာက္သား ခေရပြင့္ ဆယ္ကုံးစီ ဝယ္လိုက္သည္။ ေ႐ႊေခတ္ ခေရကုံးအတြက္ ေငြရွင္းေပးၿပီး တစ္ေနရာဆီသို႔ အၾကည့္ေရာက္သြားသည့္အခါ ၿပဳံးေပ်ာ္ေနသည့္ မ်က္ႏွာမွာ သနားရိပ္သန္းသြားသည္။
"ရွင္..ဒါကို ကိုင္ထားေပးနိုင္မလား..
သူမလက္ေပၚက ခေရကုံးေတြကို ေဝယံဆီေပးလိုက္သည္။ ေနာက္ၿပီး ေဝယံ ေနာက္ဘက္ရွိရာဆီသို႔ ခပ္သုတ္သုတ္ ေျပးသြားသျဖင့္ ေဝယံမွာ သူမသြားရာဆီ ေနာက္လွည့္ၿပီးၾကည့္လိုက္သည္။
သနားခါးပါးကြက္ေလးႏွင့္ ၅ႏွစ္အ႐ြယ္ ေကာင္မေလးတစ္ေယာက္ သူမမွာ ရွိသမွ်ေသာခေရကုံးမ်ား ေရာင္းထြက္သြားသျဖင့္ ၿပဳံးေပ်ာ္ကာေနေလသည္။
"မမေရ..ေက်းဇူးပဲေနာ္ သမီးေန႕လည္ကတည္းက ေရာင္းေနတာ ေစ်းဦးေတာင္ မေပါက္ေသးဘူး..
ခပ္ဝဲဝဲအသံႏွင့္ တိုင္းရင္းသူေလးမွာ ဗမာစကားျဖင့္ သူမကို ေက်းဇူးတင္စကားေျပာေနသျဖင့္ ေ႐ႊေခတ္အသဲယားၿပီး ကေလးမေလးပါးကို ဖြဖြေလးညစ္လိုက္သည္။ ကေလးမေလးမွာ အၿပဳံးမပ်က္။
အူယားအသဲယားသလို ကေလးမေလးေပၚ ျပဳမူေနေသာ သူမမွာ ေဝယံကို ပို၍ပင္ အသဲယားေစမွန္း သတိမထားမိ။ ကေလးမေလးကို သူမပါးညစ္သလို ေဝယံသည္လည္း သူမပါးကို ကိုက္ခ်င္ေနသည္။ သို႔ေသာ္ ဤေနရာသည္ ေစတီဘုရားရင္ျပင္ျဖစ္၍ အႏွီလူသားႀကီးမွာ စိတ္ကိုမနဲထိန္းၿပီး သူမကိုေျပာလိုက္သည္။
"ကေလးေတြကို အဲေလာက္ေတာင္ ခ်စ္တာလား?
"ရွင့္အလုပ္ မဟုတ္ဘူး.. သြားမယ္..ေကာင္မေလးေရ မမတို႔သြားၿပီေနာ္..ဘိုင့္ဘိုင္..
ကေလးမေလး ကိုႏႈတ္ဆက္ၿပီး ဘုရားဝန္းထဲ ဝင္သြားမည္အျပဳ..
"ခနေလး..
"ရွင္ဘာလုပ္မလို႔လဲ...?
သူမလက္ကို ဆြဲထားေသာ ေဝယံကို နားမလည္စြာျဖင့္ ေ႐ႊေခတ္ၾကည့္လိုက္သည္။ ေဝယံပိုင္ သူ႕ပိုက္ဆံအိတ္ထဲမွ ငါးေထာင္တန္ႏွစ္႐ြက္ကို ထုတ္ကာ ခုနသူမတို႔ကို ပန္းေရာင္းေပးလိုက္ေသာ ေကာင္မေလးဆီ ေျပးသြားၿပီး ေပးလိုက္သည္။
"အိမ္ျပန္ေရာက္ရင္ ေမေမ့ကို ေက်ာင္းပို႔ခိုင္းဖို႔ ေျပာေနာ္
"ဟုတ္..ေက်းဇူးတင္ပါတယ္ ဦးေလးရွင့္
ဦးေလးလို႔ အေခၚခံရေသာ္လည္း မသိမနားလည္ေသးေသာ ကေလးမေလးမို႔ ေဝယံအျပစ္မယူေတာ့ေပ။ သို႔ေသာ္ သူႏွင့္မလွမ္းမကမ္းတြင္ ရပ္ေနေသာ ဇနီးေလာင္းေလးမွာေတာ့ ပါးစပ္ကို လက္တစ္ဖက္ျဖင့္အုပ္ကာ ပက္ပက္စက္စက္ ရယ္ေနသည္။
သူ႕ေရွ႕တြင္ သူမပထဆုံးရယ္ျခင္း ျဖစ္၍ ေပ်ာ္႐ႊင္ေသာ္လည္း သည္အခ်ိန္ရယ္ျခင္းမွာ သူ႕ကိုေလွာင္ေျပာင္၍ ရယ္မွန္းသတိရသြားခ်ိန္တြင္ နည္းနည္းမခံခ်င္စိတ္ ျဖစ္သြား၏။ သူမဆီ ေျခလွမ္းက်ဲ ေတြႏွင့္ ေလွ်ာက္လာကာ..
"ငယ္..ဘာေတြ ဒီေလာက္ထိ သေဘာက်ေနတာလဲ
အေၾကာင္းျပခ်က္ကို မသိသလို ဟန္ေဆာင္ကာ ေျပာလိုက္ျခင္းျဖစ္သည္။
"ဟင္း...ဘာမွ..ဘာမွသေဘာက် မေနပါဘူး..အသက္၂၂ႏွစ္ လူတစ္ေယာက္က ဦးေလးလို႔ အေခၚခံရတာကို ၾကားမိလို႔..ဟင္း..ဟင္း
သူမမွာ ေျပာေနေသာ္လည္း အရယ္မရပ္နိုင္ေပ။
......
အျဖဴေရာင္ စုံတြဲေလးတစ္တြဲ ခေရကုံး ကိုယ္စီႏွင့္ ေလွ်ာက္လာေနသည္ကို ျမင္ေနၾကသည့္ လူအေပါင္း ေငးေမာေနမိၾကသည္။ တစ္ေယာက္ကို တစ္ေယာက္ ၿပဳံးေပ်ာ္ၿပီး စကားေျပာေနၾကေသာ ပုံရိပ္မွာ အနားမွာ ရွိေနသည့္ ဓာတ္ဖမ္းဆရာ ေတြ၏ အာ႐ုံကို ေတာင္ ဆြဲေဆာင္နိုင္ေပသည္။ သူတို႔ မသိခင္မွာပဲ ဓာတ္ဆရာ တစ္ဦးက ထို အျဖဴေရာင္စုံတြဲ ႏွစ္ေယာက္ ၾကည္ႏူးေနပုံကို အမိအရ ရိုက္မိလိုက္သည္။
ခေရကုံး သုံးဆယ္ေက်ာ္ကို ကုန္သြားေအာင္ အခ်ိန္ေတာ္ေတာ္ၾကာ လွည့္ပတ္ပူေဇာ္လိုက္ရသည္။ ေဝယံတစ္ေယာက္ ဦးခ်ၿပီးသြား၍ သူ႕ေဘးက ခုထိ ဝတ္ျပဳေနေသးေသာ မိန္းကေလးကို ေငးေၾကာင္ကာေနမိသည္။
ၾကာဖူးသ႑ာန္အျဖင့္ လက္ညိုးဆယ္ေခ်ာင္းစုၿပီး ဆုေတာင္းဝတ္ျပဳေနေသာ သူမေလးမွာ လြန္စြာမွ က်က္သေရရွိလွသည္။ တစ္ခါတစ္ရံ ခ်ည္ႏွောင္ထားသည့္ ဆံပင္တို႔မွ ကြဲကြာေနေသာ ဆံပင္တိုေလးမ်ားမွာ သူမမ်က္ႏွာကို ေလေျပေၾကာင့္ ဖုံးဖုံးသြားသည္။
ေဝယံ ထိုရႈပ္ေနေသာ ဆံပင္မ်ားကို သူမေလးနားအေနာက္ဘက္သို႔ သပ္ေပးခ်င္ေနသည့္ စိတ္မ်ား မနဲထိန္းေနရသည္။
ေဝယံပိုင္ အေၾကာင္းတစ္ခုေၾကာင့္ ဖုန္းသြားေျပာၿပီး ျပန္လာခ်ိန္ သူမမူလေနရာတြင္မရွိေတာ့..။ ေနလည္းဝင္ၿပီမို႔ ဘုရားတြင္ လွ်ပ္စစ္မီးမ်ား ထြန္းေနၾကၿပီ။
ပတ္ဝန္းက်င္ကို လွည့္ပတ္ရွာၾကည့္ေတာ့ အလိုမက်သည့္မ်က္ႏွာျဖင့္ ေယာက္်ား တစ္ေယာက္အား စကားေျပာေနသည္ကို ေတြ႕လိုက္သည္။
သူမဆီ အျမန္ေလွ်ာက္သြားၿပီး သူမလက္ကိုဆြဲကာ ေမးလိုက္သည္။
"ငယ္..ဘာျဖစ္တာလဲ.သူနဲ႕သိလို႔လား..
.........
21.10.21
Advertisement
- In Serial25 Chapters
My Brother's Best Friend
Amelia is 20 when she moves in with her brother in woodlands. What she didn't expect was to meet his best friend Mason a serial player. She wants nothing to do with him and she avoids him at all costs. What will happen as the two start living together and knowing each other more? Will Amelia keep her boundaries since it's her brother's best friend?
8 168 - In Serial31 Chapters
Spark Between Us
"My brother is off-limits." Julia strongly warned her.Roxanne has to avoid any feelings to develop for her best friend's brother, Grayson King. But what happens when she works closely with him? Will she give in to that spark between them and let it turn into flames?
8 115 - In Serial42 Chapters
Hybrid
BOOK #1 IN THE HYBRID TRILOGYBrynn Thomason was what you would classify as a normal teen werewolf.That is, until her mate showed up in her room one night and told her something that changed everything.
8 107 - In Serial6 Chapters
Just My Type
A compilation of not-too-short stories.*Only read if you're a fan of Liskook*
8 143 - In Serial26 Chapters
Don't Forget
Miss treated by her family Mackenzie decides to become rogue, but little did she know she would wake up in the strongest pack territory. "Shift back now" he yelled looking inpatient waiting for me to shift"What!" I yelled causing him to growl even louder than before"What are you doing here rogue?""Well you know the typical rogue stuff. Just killed a few ants while being chased by an army of them, hung around with a couple of foxes if you get what I'm saying *wink wink*, and don't get me started on that stupid butterfly that chased me, almost gave me a heart attack."
8 206 - In Serial61 Chapters
We Weren't Acting
Warning this book is rough. Not edited. We wanted privacy. We wanted a normal relationship with no high expectations. But that's hard when you have a whole fan base keeping tabs on your relationship. With that comes no privacy and very high expectations.- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - "I know you weren't acting just then," his voice rumbles, as he whispers in my ear, making sure all the cameramen around us are distracted."I know you were thinking of me when 'Oliver' was rubbing your thigh," he says while kissing my earlobe quickly and secretly so no one can see. I let out a small gasp knowing he's right. I was supposed to be in character, acting in the moment with 'Oliver', not Chris. "I know you wish we weren't in this room, with all these damn people. I know you want me just as much as I want you," he says not bothering to hide the huskiness to his voice. - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - DON'T STEAL MY STORY OR PLOTHighest rankings:#1 in Famous #1 in Lovecraft#1 in heartthrob #1 in movie#1 in completed#2 in hot#1 in goodgirl#1 in drama#30 in Romance #6 in BadboyCover by: vhentii
8 107

