《Untamed Flower( ပန်းရိုင်း)》အပိုင်း၄၃
Advertisement
"ငယ်..ဘာဖြစ်တာလဲ..သူ့ကိုသိလို့လား..?”
သူမလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ပြောလာသူကို မော့ကြည့်ကာ ခေါင်းခါရင်း ပြောလိုက်သည်။
"ဟင့်အင်း..မသိပါဘူး သူကဓာတ်ပုံဖိုး ကျွန်မကိုလာတောင်းနေတယ်..ဘာဓာတ်ပုံလဲ ကျွန်မမသိတော့ မပေးနိုင်တာကို နောင်တရမယ်ဘာညာနဲ့ နားမလည်နိုင်တော့ဘူး...”
စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် ရှင်းပြလာသော သူမကို ဝေယံကြည့်ပြီး မျက်ခုံးပင့်ကာ ဓာတ်ပုံ ဆရာကို စူးစူးဝါးဝါးကြီး ကြည့်လိုက်သည်။
ဓာတ်ဆရာမှာ ငါဘာလို့ ကောင်းကင်ကြီးပြိုကျမလိုလို ငလျင်ကြီး လှုပ်တော့မလိုလို ခံစားချက်မျိုး ရနေတာလဲ ။
"ငယ်..ကားထဲ အရင်သွားစောင့် လိုက်ပါ. ပြီးရင်ကိုယ် လိုက်လာခဲ့မယ်..”
"ရှင်..ပြဿနာမရှာနဲ့နော်..ဒီနေရာက အိမ်မဟုတ်ဘူး..ဘုရား”
သူ့ဆီမှ ကမ်းပေးလာသော ကားသော့ကို ဆွဲကာ သတိပေးလိုက်သည်။ သူမလေး မျက်စိရှေ့မှ ပျောက်သွားချင်း..
"ဘယ်လိုလဲ..အဆင်ပြေလား..”
ဓာတ်ပုံကို လှမ်းပြကာ ဓာတ်ဆရာက မေးလိုက်ခြင်းဖြစ်သည်။
"မင်း..မဆိုးဘူး..ဒါမယ့်ဘာလို့ သူမဆီ သွားတောင်းတာလဲ”
"ဟမ်..ကျွန်တော်က ဆရာတို့နှစ်ယောက်တိုင်ပင် ပြီးသားထင်မိလို့ပါ..တောင်းပန်ပါတယ်”
"ရော့..ရပြီ မင်းသွားတော့.”
အနက်ရောင် သားရေပိုက်ဆံအိတ်ထဲမှ ငါးထောင်တန်တွေ ထပ်လိုက်ပေးကာ သူပြောလိုက်သည်။
ဧကန်စင်စစ်မှာမူ ထိုဓာတ်ဆရာမှာ ဝေယံငှားထားလေခြင်းပင်။
ဓာတ်ပုံထဲတွင်မူ အဖြူရောင် ကောင်လေးက ကောင်မလေးနားနားတိုးပြီး တစ်စုံတစ်ရာ ပြောနေပုံ။
အဖြူရောင် ကောင်မလေးမှာမူ နှုတ်ခမ်းစွန်းကိုက်ကာ ရှက်သွေးဖြာ၍ နီရဲနေသော မျက်နှာဖြင့် ကောင်လေးကို ကြည့်နေသည်။ ထိုပုံရိုက်ေနသည့် အချိန် ကောင်လေးမှ ကောင်မလေးအား ပြောသည့် စကားမှာ.."ငယ်..ကိုယ့်အတွက် ကလေးတွေ မွေးပြီးတဲ့အချိန်ကျရင် ငယ်လည်း အဒေါ်လို့ အခေါ်ခံရမှာ...”
ထိုဓာတ်ပုံကို လုံခြုံစွာ သိမ်းထားပြီး ကားရပ်ထားသည့် နေရာဆီသို့ လျှောက်သွားလိုက်သည်။ သို့သော် ဘုရားဝင်ပေါက်တွင် တစ်စုံတစ်ရာကို ရှာနေသော သူ၏ မိဖုရားလေးအား တွေ့လေ၏။
"ငယ်..ဘာလို့ ကားထဲကိုယ့်ကို သွားစောင့်မနေတာလဲ
ပြီးတော့ ငယ်..ဘာရှာနေတာလဲ”
"ကျွန်မ ဖိနပ်ရှာမတွေ့တော့ဘူး..”
သူ့ကိုသ နားစရာမျက်နှာလေးဖြင့် ေမာ့ကြည့်ကာ ပြောလာသည်။
"ဟမ်. .ဘယ်လိုဖြစ်တာလဲ ခုနက ကိုယ်နဲ့တူတူ ဒီမှာချွတ်ထားတာ မဟုတ်လား ဘယ်လိုဖြစ်လို့ ပျောက်သွားတာလဲ..”
"ကျွန်မလဲ မသိဘူး..ခွေးများ ဆွဲသွားတာလား..”
သူမ စိတ်ထဲမရှိပဲ လွှတ်ခနဲ ပြောထွက်လိုက်သည့် စကားကြောင့် တစ်နေရာတွင် အကြင်မောင်နှံနှစ်ဦး စကားပြောနေသည်ကို နားစွင့်နေသော လူတစ်ဦး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလ်ုက်သည်။
"နေဝင်သွားတာ မကြာသေးလို့ သဲက ပူနေသေးတယ်.. သဲမစူးအောင် ကိုယ့်ဖိနပ်စီးသွားလိုက်..”
သူမရှေ့တွင် အနက်ရောင် ယောက်ျားစီး ကတ္ထီပါဖိနပ်ကို ချပေးလိုက်ကာ စ်ိီးခိုင်းလိုက်သည်။
"ရတယ်..ကားရပ်ထားတာ သိပ်မဝေးဘူး.. ကျွန်မခြေလျင် သွားနိုင်တယ်..”
သူမသာ စီးသွားရင် သူက ခြေဗလာဖြင့် လျှောက်သွားရလိမ့်မည်။ ေနာက်ပြီး ထိုသို့ ကလေးကလားဆန် ဂျီကျသော ကောင်မလေး အဖြစ်မခံချင်။
"ငယ်..ကိုယ်အခွင့်အရေး နှစ်ခုပေးမယ်..ကိုယ့်ဖိနပ်ကို စီးပြီးသွားမလား..ဒါမှမဟုတ် ကိုယ်ကားပေါ်ထိ ရောက်အောင် ချီသွားပေးရမလား..”
စပ်ဖြီးဖြီးမျက်နှာထားနှင့် ပြောနေသော ဝေယံပိုင်ကို ရွှေခေတ် ပါးမရိုက်မိအောင် လက်သီးကို တင်းတင်းဆုပ်ကာ ထိန်းနေရ၏။ စေ့စပ်တဲ့နေ့မှာပင် ခင်ပွန်းလောင်းကို ပါးရိုက်ခဲ့လျှင် နောက်နောင် အိမ်ထောင်ရေးက ကောင်းမည့်အလားအလာ ဝေးသွားနိုင်သည်။ သူမအမေ ဆန္ဒအရ အိမ်ထောင်ရေးကို မပျက်စီးအောင် ထိန်းသိမ်းရမှာ မဟုတ်လား..
ဘယ်လိုလူကြီးလဲ..လုံးဝကို ခလေးဆန်လွန်းသည်။
နောက်နောင် သူမကို ဒီလိုပဲ အနိုင်ယူသွားမှာလား မသိနိုင်တော့။ ထိုလူကြီးကို မျက်စောင်းထိုးကာ သူမခြေထောက်ထက် နှစ်ဆကြီးသော ဧရာမကတ္ထီပါ ဖိနပ်ကြီးကို စီးပြိီး ကားဆီလျှောက်သွား၏။ ရှေ့မှ သွားနေသော မိန်းကလေးကို ကြည့်ပြိိီး သူမဒေါသကိုမဆွမိအောင် ရယ်ချင်စိတ်တွေ မနည်းထိန်းနေရသူမှာ ဝေယံပိုင်။
ကားသည် အိမ်ပြန်သည့်လမ်းကို မမောင်းဘဲ လူနေထူထပ်သည့် မြို့လယ်ထဲသို့ ဦးတည်နေသဖြင့် ရွှေခေတ် သူမဘေးကလူဆီ အကြည့်ပို့ကာ..
"ရှင်..အိမ်မပြန်သေးဘဲ ဘယ်သွားဦးမလို့လဲ..မိုးတောင်ချုပ်တော့မယ်..အဖွားတို့စိတ်ပူနေမှာ မစိုးဘူးလား..”
"မိန်းမတစ်ယောက် သူ့ယောက်ျားနောက် ပါသွားတာ စိတ်ပူစရာလား..ဘယ်သွားနေတာကို ခနနေရောက်ရင် သိလိမ့်မယ်..”
ပြောသမျှ ပြန်ခံပြောကာ သူမမနိုင်အောင် စကားကြွယ်လွန်းသော ထိုသူနှင့် မပြောချင်တော့။ ကားပြတင်းဆီ မျက်နှာလှည့်ကာ လမ်းမီးတိုင်တွေကို စိတ်ထဲမှ ရေနေမိသည်။ သူမ၏ အကျွမ်းကျင်ဆုံး ဒေါသဖြေနည်း ဆိုပါတော့..။
မိနစ်အနည်းလောက် ထပ်မောင်းပြီး ကားမှာ lady shoes ဆိုင်းဘုတ်တပ်ထားသည့် ဆိုင်တစ်ဆိုင်ရှေ့တွင် ထိုးရပ်လိုက်သည်။ သူမအတွက် ဖိနပ်ဝယ်ပေးမလို့လား ဟုစိတ်ထဲ တွေးမိသော်လည်း ခပ်ချေချေစိတ်ကို မနိုင်၍ ဘာမှမပြော။
Advertisement
"ငယ်..မဆင်းသေးနဲ့နော်..ကိုယ့်ကို ခနစောင့်..”
ထိုသို့ပြောပြီး ဝေယံပိုင် ကားပေါ်မှ အပြေးဆင်းကာ ဆိုင်ထဲဝင်ပြီး ဆိုင်ဝန်ထမ်းထံမှ ဧည့်စီးဖိနပ် တစ်ရံ တောင်းလိုက်သည်။ ဘုရားမှ စထွက်လာချင်း ကားပေါ်မှာပင် သူမလေးက သူကားမောင်းမလို့ သူ့ကို ဖိနပ်ပြန်ပေးခဲ့ ခြင်းဖြစ်ကာ အခုသူမလေးမှာ ခြေဗလာနှင့်။
သူမဘေးမှ ကားတံခါးပွင့်လာပြီး သိုးမွှေးဖိနပ် တစ်ရံ အသင့်ရှိနေသော ကြမ်းပြင်ကို ကြည့်ကာ သွားများဖွေး အောင်ပြုံးလိုက်သည်။ ထိုဖိနပ်ကို စီးပြီး အရှေ့မှဦးဆောင်ကာသွားနေသော ပခုံးကျယ်ကျယ် အမျိုးသားနောက် တကောက်ကောက်လိုက်ပါလာခဲ့သည်။ ထိုအရပ်မောင်းရှည်ရှည်နှင့် အနှီလူသားကြီးက သူမခင်ပွန်းပါလား လို့တွေးပြီး ရင်တွေတဒိုင်းဒိုင်းခုန်နေလျက်။
ဟဲ့ ရွှေခေတ် နင်ဘာတွေ တွေးနေတာလဲ ကိုယ့်ကိုယ်ကို ထိန်းစမ်းပါ လို့ သူမကိုသူမသတိ ပေးနေရသည်။
ဆိုင်ထဲ ရောက်တော့ ဧည့်ကြိုမလေးက ဝမ်းပန်းတသာ ကြိုဆိုသည်။ ထိုစုံတွဲ၏ ဝတ်စားဆင်ရင် ပုံမှအစ အပြုအမူ အားလုံးမှာ ဂုဏ်ရည်ရှိ လူချမ်းသာ များဖြစ်ကြောင်း ပြသနေသည်မှာ စုံတွဲမှအမျိုးသားဖြစ်သူ ဧည့်ဖိနပ် လာတောင်းကတည်းက သတိထားမိသည်။ ထိုကြောင့် ထိုစုံတွဲကို အမှားမလုပ်ရလေအောင် ဂရုတစိုက်ဧည့်ခံပေးရမည်ဟု ဧည့်ကြိုမလေးက ကြိမ်းဝါးလိုက်သည်။
"မင်္ဂလာပါရှင်..ဘယ်လို ဖိနပ်အမျိုးအစား လိုချင်လို့ပါလဲရှင့်”
ရွှေခေတ်သူမ စီးရရင်ပြီးရော လို ဖြေမှီအပြု
"ဒီက မိန်းကလေးအတွက် အကောင်းဆုံးတံဆိပ်နဲ့ နောက်ဆုံးဒီဇိုင်း ထွက်ထားတာတွေ အကုန်ပြပေးပါ”
သူမဘေးမှ အမိန့်သံလိုလိုနှင့် ပြောနေသော ခင်ပွန်းလောင်းကြီးကို သူမအံံသြစွာ ကြည့်လိုက်သည်။
ဧည့်သည်ပြောလာမည့် စကားမှာ သူမခန့်မှန်းထားပြီးသာ ဖြစ်၍ ဧည့်ကြိုမလေးက အပြုံးတွေ နှစ်ဆထည့်လိုက်ပြီး...
"ဆရာတို့...ဒီဘက်ကြွပါရှင်..”
မိုးချုပ် နေပြီမို့ ဆိုင်ကကြီးပေမယ့် ဖောက်သည် မရှိတော့ပေ။ ဧည့်ကြိုမလေး ခေါ်သွားရာနောက် သူတို့နှစ်ယောက် လိုက်လာ ခဲ့သည်။
အရောင်တလက်လက် တောက်နေသော ဖိနပ်များမှာ အကုန်လုံးက နိုင်ငံခြား made luxury brand များပင်။
"ငယ်...ငယ် ဘယ်ပုံစံကြိုက်လဲ..”
"ကျွန်မ ကဘယ်လို ဖြစ်ဖြစ်ကြိုက်တယ်..ကျန်တာ ရှင့်သဘော..”
ခုနကပဲ သူက အကောင်းဆုံးနဲ့ ေနာက်ဆုံးထွက် ဒီဇိုင်းတွေ ပြပေးဖို့ ဆိုင်ဝန်ထမ်းကို ပြောေနတာမဟုတ်လား...အခုကျမှ သူမသဘောကို လာမေးနေတယ်..
"ငယ်က ဘယ်ပုံစံနဲ့ ဖြစ်ဖြစ်အကုန်လိုက်တယ်..”
အမွှန်းတင်ကာ ချီးမြောက်နေကြသော ထိုစုံတွဲကို ကြည့်ပြီး အပြုံးတွေကို မျက်နှာက မခွာနိုင်တော့သော ဝန်ထမ်းမလေးက
"ဒီက မဒမ်က အသားအရေဖြူတော့ ဒီလို ပုံစံနဲ့ လိုက်မယ် လို့ ယူဆမိပါတယ်ရှင်”
ဆိုင်ဝန်ထမ်းက သူမတို့ကို black heels တွေတင်ထားသည့် စင်ကို ညွှန်ပြရင်း ပြောလိုက်သည်။
သို့သော် အလုပ်ရှုပ်နေသူမှာ ဝေယံပိုင်ပင်။ သူမလေးကို ခုံပေါ်ထိုင်ခိုင်းပြီး သူကျ ဖိနပ်တွေ တစ်ရံပြီးတစ်ရံ စီးပေးလိုက် ချွတ်ပေးလိုက် လုပ်ပေးနေသည်။
နောက်ဆုံးတစ်ရံ ကို စီးပေးသည့်အချိန် သူမမျက်နှာပေါ်က အပြုံးကို ဖျတ်ခနဲ သူမြင်လိုက်မိသည်။ ထိုဖိနပ်မှာ chanel heels ဖြစ်ပြီး အမဲရောင်ကလွဲရင် တခြားအရောင် ရောမထားပေ။ ထိုဖိနပ်မှာ သူမခြေထောက်သွယ်သွယ်လေးများနှင့် လိုက်ဖက်လွန်းလှသည်။ အမဲရောင်ကြီးနှင့်မို့ သူမ၏ ဖြူဖွေးနေသော ခြေဖမိုးတွေကို အထင်းသားကြီး ပို၍ ပိုလွင်စေသည်။
"ဒီတစ်ရံ ကြိုက်လား..ငယ်”
"အင်း”
သူမဆီမှ အဖြေကိုကြားရ၍ သူရင်ဘတ်တစ်ခုလုံး ကျေနပ်မှုကို ခံစားရလေသည်။
"ဒီတစ်ရံ အပါအဝင်..အကုန်လုံးကို ထုတ်ပေးပါ”
.......
22.10.21
တို့ shoe လဲပျက်တော့မယ် ဒါပေမယ့် ဝေယံတို့က မဝယ်ပေးဘူး😞
"ဘယ်လိုလဲ..အဆင်ပြေလား..
Advertisement
သူ့ကိုသ နားစရာမျက်နှာလေးဖြင့် မော့ကွညျ့ကာ ပြောလာသည်။
သူမ စိတ်ထဲမရှိပဲ လွှတ်ခနဲ ပြောထွက်လိုက်သည့် စကားကြောင့် တစ်နေရာတွင် အကြင်မောင်နှံနှစ်ဦး စကားပြောနေသည်ကို နားစွင့်နေသော လူတစ်ဦး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပျထားလျုကျသညျ။
သူမရှေ့တွင် အနက်ရောင် ယောက်ျားစီး ကတ္ထီပါဖိနပ်ကို ချပေးလိုက်ကာ ဈီးခိုငျးလိုကျသညျ။
သူမဘေးမှ အမိန့်သံလိုလိုနှင့် ပြောနေသော ခင်ပွန်းလောင်းကြီးကို သူမအံသြစွာ ကြည့်လိုက်သည်။
ခုနကပဲ သူက အကောင်းဆုံးနဲ့ နောကျဆုံးထှကျ ဒီဇိုင်းတွေ ပြပေးဖို့ ဆိုင်ဝန်ထမ်းကို ပြောနေတာမဟုတျလား...အခုကျမှ သူမသဘောကို လာမေးနေတယ်..
"ဒီတစ်ရံ ကြိုက်လား..ငယ်
"အင်း
.......
22.10.21
Advertisement
- In Serial27 Chapters
The Absolute Favorite in the Apocalyptic Rebirth
A month before the end of the world, Lou Dian looked at her with more and more explicit eyes that made her horrified!Many unexpected things happen in life.To Lou Ling’s surprise, the end of the world come.Lou Dian taught her how to survive in the last days and gave her the most precious food, but his evil intentions were also obvious from the beginning.In this apocalypse, Lou Dian completely imprisoned her and became his possession!She is like an addictive poison, and when he suddenly looks back, he can’t give up.
8 685 - In Serial322 Chapters
I Quit Being The Male Lead's Rival
THIS IS NOT MY STORY NOR DID I TRANSLATE THIS. CREDITS TO THE RIGHTFUL OWNER.-One day, as usual, Annabelle remembered the memories of her previous life. It was revealed that she has been reincarnated as the second most popular character in a novel. She also did all kinds of bad things to the male lead, and in the end, she is the person who will end up in prison! Anabelle begins to save Ian from danger by intercepting the conspiracies that were laid out one by one to prevent her impending doom.
8 258 - In Serial25 Chapters
Appetite! [BL]
***BL/YAOI WARNING*** Ein Schmidt was disowned from his family due to his orientation 22 years ago. Today he leads a successful life, he's now the assistant manager and corporate secretary for Hotel Citron, a 1st class, international hotel based in London. Although his career was flourishing, Ein had lived a solitary life for two decades. But then, a day before his 40th birthday, spring came knocking on Ein's door, and slowly Ein started to open his heart. Henry's golden irises radiated in the dark night, the cool wind blew gently and Ein watched his blond hair gracefully sway along. He then slowly reached for Ein's left hand, held it delicately and pressed it to his lips to give a kiss. "I don't care what you are, or how old you are... You're you, Ein. And... I loved you for who you are." ~~~~~ Updates on MWF before 5:00PM EST ~~~~~
8 133 - In Serial26 Chapters
My Mother's Sire | Complete | Book 3
"Fate has a way of bringing you back to me over and over again." The Fall of Blue Ash becomes a catalyst for a change in Karou's life greater than she could have ever anticipated.When her daughter makes a surprising discovery in one of the towers of Davikov Castle, the Enochian Court, along with Cambria Morningstar, begin their campaign to eliminate Karou's ultimate distraction from the Celestial City's Throne. In the face of adversity, sisters Alessandra and Cassandra make moves that favour their mother's happiness.The hand of fate hasn't done tampering with Karou's future yet. Enter Warren Howard. READING ORDER OF MY WORKS Book One ~ Meeting Her Fate (Novel)Book Two ~ His Fledgeling (Novel) Short Story I ~ Business or Pleasure Short Story II ~ Florence Book Three ~ My Mother's Sire (Novel)Book Four ~ Duty of the First Born (Novel) ** WARNING - Content may offend some readers and includes - questionable morality, profanity, sexual references and otherwise mature content. Content is entirely fictional, including character names and locations ** | All rights reserved | DO NOT USE THIS WORK AS YOUR OWN | | Email me - [email protected] | Follow me on Tumblr - https://www.tumblr.com/blog/verba-writing |
8 243 - In Serial27 Chapters
Drowning In Depression {COMPLETED}
May be triggering. If you are triggered easily please do not read.
8 143 - In Serial141 Chapters
Running Away From Love || Ongoing
[slow updates] After four years will they what will happened when they finally confessed there Love. Alaska Amana- She has a body of a goddess and will kill anyone that looked at her the wrong way. People are memorized at her beauty. But she is a girl who ran away from love, and her past, she looking for her family because she caught rumors that her birth parents are still alive, but this is one reason why she left, the other reason is because of him. She left him behind because she thought it was for the best and she was scared, she was scared to be loved and to be in love because of her last boyfriend. Damon Mateo- He has a body of a Greek God, he is controlling, manipulating, and more than a murder, and the new leader of the Italian Mafia, he will kill you with a single look. But he only has a soft spot for her, she left him and he won't stop running at her till he gets her, he loves her so much that he can't let her go. He would kill anyone who touched her or looked at her the wrong way. He can be very dangerous when he does not get want he wants, and trust me he will always get want he needs and wants. And he wants her. And only her. They both are afraid of love , but will they get over there fear and love each other like they need. They both get want they want and they want each other. And they will get want they want. Even if it kills them. [The second Book of the Unforgivable Lies series] (Can be read as a stand alone) This book has a LOT of smut in it Started: July 3, 2022Ended:Ranking so far: reached #1 in Past LoverRanking so far: reached #1 in Snarky Ranking so far: reached #1 in RussianRanking so far: reached #1 in Book Two
8 182