《Untamed Flower( ပန်းရိုင်း)》အပိုင်း၄၅
Advertisement
"ဟို..ဟိုဘာ..ဘာမှမဖြစ်ပါဘူး..”
မျက်နှာကို အမြန်လွှဲကာ ရွှေခေတ် ပြောလိုက်သည်။
"ဘယ်လို..ခုနက ငယ်ဘယ်လို ပြောလိုက်တယ်”
စိတ်မကောင်း ဖြစ်ပြီး မဲ့နေသောမျက်နှာပိုင်ရှင်မှာ သူမစကားကြားပြီး ပြန်လည်တက်ကြွလာသည်။ နောက်တစ်ခါ အပျော်လွန်ပြီး သူမကိုဆွဲဖက်မည်အပြု သိနှင့်နေသော ရွှေခေတ်က ကိုယ်ကို တစ်ဖက်သို့ယိမ်းလိုက်ကာ...
"ရှင်..ငြိမ်ငြိမ်နေ..ကျွန်မစကားတောင်ဆုံးအောင် မပြောရသေးဘူး..မဟုတ်ရင် ကျွန်မတကယ်စိတ်ဆိုးတော့မယ်..”
ထိုအခါမှ ရှေ့ဆန့်လာသော လက်တွေမှာ နောက်ကိုဆုတ်လိုက်ရသောကြောင့် ဝေယံမျက်နှာ မကောင်းတော့ပေ။ ရီမဲ့မဲ့ မျက်နှာနှင့် သူမလေးကိုတွေ့တော့မှ သူသက်ပြင်းချကာ...
"ကျန်တဲ့ တစ်ချက်က ဘာတဲ့လဲငယ်..”
"ကျွန်မတို့ မင်္ဂဆောင်ကို မနက်ကအဖွားတို့တိုင်ပင်ထသလို မလုပ်ချင်ဘူး..”
မင်္ဂလာဆောင်အကြောင်း ကိုသူမပြောနေတော့ သူကသွက်သွက်လက်လက်နှင့်...
"ဒါဆိုငယ်က ပွဲကိုဘယ်လိုလုပ်ချင်တာလဲ..မနက်ကအဖွားတို့ ပြောထားတဲ့ ငါးပွဲထက် နှစ်ဆတိုးလိုက်ရမလား...??”
"အားယိုး..ဘာကို ပွဲထပ်တိုးမှာလဲ..ကျွန်မက မင်္ဂလာဆောင်ပွဲကို တစ်ပွဲတည်းနဲ့ သိုသိုသိပ်သိပ်ပဲလုပ်ချင်တယ်..ေနာက်ပြီးတော့ အဖွားတို့မနက်က ပြောထားသလို မီဒီယာတွေ ဧည့်သည်တွေ အပြည့်ဖိတ်တာမျိုးလည်း ကျွန်မမကြိုက်ဘူး..ဒီမနက် စေ့စပ်တုန်းက ဖိတ်ထားတဲ့ လူတွေလောက်ပဲဖိတ်ရင် ရပြီ..အဓိက ကကျွန်မ လူများတာမကြိုက်ဘူး...ရှင်ဒါကို သဘောတူနိုင်လား..”
နှစ်ဖက်မိဘ အဘွားများမှာ သူတို့မြေးချောလေးတွေရဲ့ မင်္ဂလာဆောင်ပွဲကို မြန်မာပြည်အနှံ့ ပွဲတွေ ဆင်နွှဲချင်ကြ၏။ အချိန်အတော်ကြာ တိုင်ပင်ကြပြီး ကမ်းခြေမှာတစ်ပွဲ၊ ပြင်ဦးလွင်မှာတစ်ပွဲ၊ တောင်ကြီး ၊ တာချီလိတ်နှင့် မန္တလေးမှာ တစ်ပွဲစီ ရက်ခြားနွှဲဖို့ သဘောတူညီမှုရခဲ့ကြသည်။
ဝေယံမှာ သူမနှင့်သူ မင်္ဂလာ ပွဲကို သူ့ဆန္ဒအရဆိုရင် နိုင်ငံခြားထိပါ သွားဆောင်ချင်ပြီး တစ်လောကလုံးအား သူမကိုသူပိုင်ကြောင်း ကြွားဝါချင်လှ၏။ သို့သော် အခုသူမက တစ်ပွဲကိုမှ သိုသိုသိပ်သိပ် လေးသာကျင်းပချင်နေသည်။ သူလက်မခံချင်ပေမယ့် သူမ ပေးသော အကြောင်းပြချက်မှာ ခိုင်လုံတေ၏။ အဓိက ကသူမ လူများတာကို မကြိုက်။ အထူးသဖြင့် ဧည့်သည်များကို ကြိုဆိုသည်တွင် ဧည့်သည်အများစုက အမျိုးသားတွေသာ ဖြစ်နေမည်ဖြစ်သောကြောင့်ပင်။ သူမလေးက ယောက်ျားတွေကို ဝေးဝေးရှောင်ကြောင်း သူ့လက်ထောက်ကို လွှတ်ပြီး စောင့်ကြည့်ခိုင်းကတည်းက သိခဲ့ရ၏။ ဒီမနက်မှာမူ ပိုသေချာသွားသည်မှာ စေ့စပ်ပွဲရှိ ဧည့်သည်တော်များကို အမျိုးသမီးဆို သူမလက်တောင်ဆွဲနှုတ်ဆက်ပြီး အမျိုးသားဆို စကားတောင်မပြော။ တစ်ခွန်းမေး မှ တစ်ခွန်ဖြေ၏။
"ငယ်..အဆင်ပြေရင် ကိုယ်ကပွဲကို ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်..”
သူ့စကားကြားတော့ သူမအတော်လေးကို စိတ်သက်သာရာရသွားသည်။ ဒီမနက် ကတည်းက စိတ်ဖိစီးစေသော အရာတစ်ခု ပြေပျောက်သွား၍ သူမ ခံစားချက်တွေကောင်းနေကာ နက်နဲလှသည့် အပြုံးတစ်ပွင့်ဖြင့်..
"ကျွန်မ ယောက်ျားတွေကို မုန်းတာ ရှင်သိမှာပါ..ဒါပေမယ့် ရှင့်အပေါ် အိမ်ရှင်မဝတ္တရား တာဝန်ကျေအောင် ကျွန်မ ကြိုးစားမှာပါ...”
ထိုစကားလေးတစ်ခွန်းက ဝေယံပိုင်၏ ရင်ထဲရိုးစိမ့်ထိ နွေးထွေးသွားစေသည်။
"ဒါဆိုငယ်..ကိုယ့်ကိုရော မုန်းလား..”
ရှင်က ချွင်းချက်လို့ သူမပြောချင်ပေမယ့်
"ကျွန်မ မသိဘူး..”
လို့သာ ပြန်ဖြေနိုင်ခဲ့၏။ သူ့မျက်နှာ ပျက်သွားသည်ကို မြင်တော့ သူမလည်းစိတ်မကောင်းပေ။ ဒီပါးစပ်ကြီးက ဘာလို့ အဲလိုပြောထွက်ရတာလဲ...
တစ်ဖန် ပြန်တိတ်ဆိတ်သွားသော ကားလေးမှာ မီးတိုင်များကြား တရွေ့ရွေ့ ဆက်မောင်းကာနေသည်။ တစ်ယောက်ကို တစ်ယောက် ပြောစရာ စကားမရှိတော့သည့်အလား.. ။
ဝေယံ ရေဒီယိုကို ဖွင့်လိုက်သည်။ ဒီလိုသာ တိတ်ဆိတ်နေသေးရင် သူ..သူမကို တစ်ခုခုထပ်လုပ်လိုက်မိမည်။ သို့သော်လည်း ရေဒီယိုက တင်ဆက်နေသော သီချင်းမှာ သူ့ခံစားချက်ကို ပိုလို့တောင် ဆိုးစေ၏။
အချစ် အကြောင်း သီဆိုဖွဲ့ထားသော သီချင်းအား ကြာကြာဆက်မဖွင့် တော့ဘဲ ပိတ်ချလိုက်သည်။ သီခိင်းသံ ငြိမ်သွားတော့မှ ရွှေခေတ်လည်း လေထဲမြောက်တက်နေသည့်အလား ပြုတ်ကျမှာကြောက်နေရသည့်ဘဝမှ လွတ်မြောက်သွားသလို ခံစားနေရ၏။
သူမမှန်ပြတင်းကိုပဲ ဆက်ကာငေးမောနေရမှာလား..သူကို ကြည့်နေရမှာလား...ဘယ်လိုနေရထိုင်ရမည် မသိအောင် အနေခက်လာသည်။ သူမခေါင်းကို ငုံ့ပြီး မနက်က ဒေါ်လေးဆင်ပေးထားသည့် ကျောက်စိမ်းလက်ကောက်ကို ဆော့နေမိသည်။ မိဘက ဆိုဆုံးမနေ၍ ငြိမ်နေသည့် ခလေးမလေးနှင့်တောင် တူနေ၏။
သိပ်မကြာပါဘူး..သူမဖုန်းကဘမြည်လာသည်။ ကြည့်လိုက်တော့..အိမွန်!! သူမမေ့နေခဲ့တာ..အိမွန်က ဒီနေ့ သူမဆီလာမည်ကိုလေ.. သို့သော် အခုက ၉နာရီတောင်ထိုးတော့မယ်..အိမွန် သူမအဖွားအိမ်မှာ ပြဿနာသွားရှာ နေပြီတော့ မဟုတ်ပါဘူးနော်...
သူမကိုင်လိုက်တော့..
"မိခေတ်..နင်ခုဘယ်မှာလဲ..ငါ့နင့်အဖွားအိမ် ရောက်တော့မယ် ဒါပေမယ့် လိပ်စာက တော်တော်ရှာရခက်နေတာ..”
တော်ပေသေးလို့ ဘုရားမတာပဲ။ အိမွန် သူမတို့အိမ်ကို ရှာမတွေ့လိုက်တာ...
"ငါ..အပြင်ရောက်နေတယ်..ပြန်လာနေပြီ ရောက်တော့မယ် မကြာတော့ဘူး. .ဒါနဲ့နင် ခုဘယ်ရောက်နေပြီလဲ..?”
"ငါ..လမ်းသုံးခွ ခွဲတဲ့နေရာမှာ ဘယ်လမ်းလား ညာလမ်းလား မသိတော့ဘူး..”
Advertisement
"အေး..အဲမှာပဲ စောင့်နေလိုက်...ဆယ်မိနစ် လောက်ပဲ ငါတို့ပြန်ရောက်တော့မယ်..”
သူမဖုန်းချပြီး သူမဆီကြည့်နေသော ဝေယံကို အကူအညီမဲ့သော မျက်နှာထားဖြင့်..
"ရှင်..နည်းနည်း မြန်မြန်မောင်း ပေးလို့ရမလား..အိမ်မှာ ပြဿနာမလေး ပြဿနာမရှာနိုင်ခင် အထိ အမြန်ရောက်အောင် ပြန်ရမယ်..”
"အမ်..အိုကေလေ..”
ခုနသူမ ဖုန်းပြောနေသည့် အချိန်ကတည်း အခြေအနေကို ရိပ်မိသွားသဖြင့်ကြောင့် တကယ်ကို အမှန်တကယ် အရေးကြီးနေကြောင်း...
23.10.21
"ဟို..ဟိုဘာ..ဘာမွမျဖစ္ပါဘူး..
"အားယိုး..ဘာကို ပွဲထပ်တိုးမှာလဲ..ကျွန်မက မင်္ဂလာဆောင်ပွဲကို တစ်ပွဲတည်းနဲ့ သိုသိုသိပ်သိပ်ပဲလုပ်ချင်တယ်..နောကျပွီးတော့ အဖွားတို့မနက်က ပြောထားသလို မီဒီယာတွေ ဧည့်သည်တွေ အပြည့်ဖိတ်တာမျိုးလည်း ကျွန်မမကြိုက်ဘူး..ဒီမနက် စေ့စပ်တုန်းက ဖိတ်ထားတဲ့ လူတွေလောက်ပဲဖိတ်ရင် ရပြီ..အဓိက ကကျွန်မ လူများတာမကြိုက်ဘူး...ရှင်ဒါကို သဘောတူနိုင်လား..
"ကျွန်မ မသိဘူး..
သူမကိုင်လိုက်တော့..
"အမ်..အိုကေလေ..
23.10.21
Advertisement
- In Serial143 Chapters
The Villainess Wants to Make Her Husband Slim Down
A Count's Daughter who lost in the running to become the Second Prince's fianceé, Camilla. The Prince chose a Baron's daughter as his fianceé, and the world blessed the two's love as fated. On the other hand, Camilla who was tailored and elevated as the love's villain, in the end, as punished she was made to marry a terribly fat and ugly man――called『Toad of the Swamp』from his appearance, a lord of a remote region named Alois.As an ugly toad-man's plaything, the noble villainess girl walks along the road of her wretched last days――as if I'll let that happen! I won't just get married meekly like this. I'll definitely make him diet and polish him into a good man and show them good――!A romance story between a girl who isn't discouraged and an intellectual man who's different from his appearance, a diet and their meals, coaxing the other yet sometimes being played themselves.Book: Not MineAuthor: HaiakaBook Cover Artist: KurodekoTags: Completed!
8 170 - In Serial16 Chapters
TGS 1st - Silly Marriage
Cerita pertama rangkaian The Gentlemen's Series. Kisah antara Naraya Ibrahimovich dengan Alexander Davrio yang melibatkan intrik, dendam, kekuasaan, kepuasan dan hati.Aku tau aku kuat. Aku bisa memimpin perusahaan Papa dengan keahlianku yang pas-pasan. Tapi sepertinya orang-orang di sekitarku tak percaya akan kemampuanku. Bahkan aku didesak untuk melakukan sebuah perjanjian untuk menyelamatkan perusahaan papa.-Naraya Ibrahimovich-I know she's strong. Tapi aku bahkan tidak bisa melepaskan pandanganku darinya ketika dia meminta bantuanku. Well, despite of her body, tujuanku menikahinya ada sekian banyak. Dan aku tak bisa mengatakannya lewat kalimat-kalimat manis. Aku terpaksa menjebaknya lewat pernikahan bisnis dengan kedok menyelamatkan perusahaannya.-Alexander Davrio-
8 72 - In Serial39 Chapters
His Betrayal
Annabelle isn't your typical 17 year old werewolf. For starters she hasn't even shifted yet. Her parents believe that since she hasn't yet found her mate it might be what's causing the problem.So they send her away, to her grandparents pack where the soon-to-be mysterious Alpha is not yet mated....What are the chances of him being the one?And even if he was....Even if she did fall hopelessly in love with him....Would the betrayal be worth it in the end?
8 318 - In Serial28 Chapters
The Rhythm |BTS Jimin FF| Jimin X Reader
"It's so pretty. I could spend the whole day there." I say, looking around. "Yes, very pretty." Jimin says, looking at me. I look at him and playfully slap his arm. "Aish! You and your cheesy pickup lines." Y/N used to live a pretty simple life but who knew that meeting Jimin, the perfect boy, wasn't a coincidence but a planed incident. Her simple life turns into a drama. What began with the rhythm, ends with a bang.
8 208 - In Serial29 Chapters
What's Left of Our Hearts
What would you do for a second chance with the one that got away?-----Clara and Dominic have not seen each other in seven years. Now she lives in New York, and he in London. They were each other's best friend, first crush, first love, and first heartbreak. By pure chance, they cross paths after years have passed, and old feelings surface. Attraction. Hurt. Love. Pain. Is fate trying to bring them back together, or will it make them relive the heartbreak all over again?*Wattpad Featured Story**1st place Romance winner, Galaxy StarGaze Awards**1st place, Best Cover, Galaxy StarGaze Awards*© 2021 Rowan ShawAll rights reserved. No portion of this book may be reproduced in any form without permission from the author, except as permitted by U.S. copyright law.
8 222 - In Serial17 Chapters
Male OC/multiple personality Reader x Bully RWBY
This is gonna be different so bare with me.(Y/n) Hunter. A quiet boy who keeps to himself mostly. With No semblance or aura, he's pictured as the weakest hunter in Beacon and no one wants to befriend him. Well except for a few inner friends.
8 119

