《Untamed Flower( ပန်းရိုင်း)》အပိုင်း ၄၉
Advertisement
ဝေကြူသင်းနှင့် အာကာထက်တို့ နှစ်ယောက် ကို နှုတ်ဆက်ကာ ရွှေခေတ်တို့ နှစ်ဦး ကားကို မောင်းထွက်လာခဲ့ကြသည်။ မြို့လယ်ခေါင် ဖြစ်သည့်အပြင် ရုံးဆင်းချိန်ဖြစ်၍ ကားလမ်းများမှာ ကြပ်လွန်းနေ၏။
ဆယ်စက္ကန့်လောက် ရှေ့ဆက်ရလျှင် ငါးမိနစ်ခန့် ရပ်နေရသည်။
ရုတ်တရက် ရွှေခေတ်က ခုနစားသောက်ဆိုင်မှာတုန်း ဝေကြူသင်း အချစ်ခံနေရမှု ၊ အာကာထက်၏ ကြူသင်း အပေါ် နားလည်သည်းခံပြီး တုန်နေအောင် အလိုလိုက်ပုံကို သတိရသွားသည်။ ထို့အတူ အာကာထက် ကိုအထင်လွှဲခဲ့ မိသည်ကိုလည်း ပို၍ပင် အားနာနေမိသည်။
" အဟင်း...အာကာထက် က ကြူသင်းကို ဒီလောက်တောင် ချစ်တာကို ငါက အထင်လွှဲခဲ့မိတယ် စိတ်မကောင်းစရာပဲ..”
သူမ အသံထွက်ပြီး ပြောလိုက်မိသည်ကို သူမကိုယ်တိုင်တောင် မသိသော်လည်း သူမဘေးတွင် ကားမောင်းနေသော ဝေယံပိုင်မှာမူ အတွေးရာချီဖြင့်..
"ဘာကို အထင်လွှဲမိတာလဲ ငယ်..ကိုယ်နားမလည်ဘူး”
"ရှင်...ကျွန်မ အသံထွက်ပြီး ပြောလိုက်မိတာလားဟင်”
"အသံ ထွက်ပြီးပြောလို့မရအောင် ဘာကိစ္စမို့လို့လဲ ကိုယ့်ကို ရှင်းပြ”
ပြောနေရင်း ကားကို လမ်းဘေး ထိုးရပ်လိုက်သော သူကြောင့် ရွှေခေတ် ပို၍ပင် လန့်လာရသည်။
"ရှင် သိစရာမလိုပါဘူး..ခုနက ကျွန်မဘာမှ မပြောခဲ့ဘူး လို့သာ တွေးလိုက်ပါ..”
"တကယ် မပြောချင်တာလား...”
ဒီတစ်ခေါက်တော့ ထိုင်ခုံခါးပတ်ကို ဖြုတ်နေပြီ။ သူမသာ မပြောရင် ဘာဖြစ်လာမလဲ မတွေးရဲတော့ပေ။ ထိုကြောင့် သာ အကြောင်းစုံရှင်းပြရုံသာ ကျန်တော့သည်။
သူမ ရှင်းပြပြီး ဝေယံပိုင်မျက်နှာမှာ ထမင်းဆယ်ရက် မစားရသလို ညိုးကျလာပြီး သူမကို ရီဝေသောမျက်လုံး အစုံဖြင့် ကြည့်ကာပြောလိုက်သည်။
"ငယ်...ကိုယ့်ပုံစံက ဂေးနေပုံ ပေါက်နေလို့လား..”
ထိုစကားကြောင့် ရွှေခေတ် ထိုလူကို သေသေချာချာ ကြည့်လိုက်သည်။ သူမကိုယ်သူမတောင်မယုံနိုင်ပေ။ ဘာလို့ ဒီလူကြီးကို ဂေးလို့ ထင်မိသွားတာလဲ။ အနက်ရောင် တီရှပ်ကို ကြယ်သီး နှစ်လုံးလောက် ဖြုတ်ထားပြီး ဆွဲဆောင်မှုပြည့်လွန်းသော မျက်နှာပိုင်ရှင်၊ နက်မှောင်နေသော မျက်လုံးမျက်ဆံ များဖြင့် သူမကို ကြည့်နေသော ထိုလူမှာ မိန်းမတကာ ကပ်ပါအောင် ဆွဲဆောင်နိုင်မည့် ယောက်ျားတစ်ယောက်စင်စစ်ပင်။ သူ့မျက်လုံးကို ကြာကြာစိုက်ကြည့်မိလေ စိတ်ထဲဘာမှန်းမသိတဲ့ ခံစားချက်က ကြီးထွားလာလေ ဖြစ်သဖြင့် သူမ လျင်မြန်စွာပင် အကြည့်လွှဲလိုက်ကာ..
"မ..မဟုတ်ပါဘူး ရှင်က ယောက်ျားပီသပါတယ်..”
"အဲတာတွေ အားလုံးအာကာထက်အမှား ပဲ ဒီကောင် ငါနဲ့တွေ့မယ်..”
ပြောရင်း ဖုန်းကိုထုတ်ကာ အာကာထက်ဆီဆက်လိုက်သည်။
"မင်း...ငါကလေးတစ်ယောက်မရမချင်း ငါ့ညီမကို ရဖို့ မတွေးနဲ့ ”
ထိုသို့ပြောပြီး တစ်ဖက်မှ ပြန်ပြောခွင့်တောင် မပေးဘဲ ဖုန်းချပစ်လိုက်သည်။
"ရှင် ဘာလို့အဲလိုလုပ်ရတာလဲ ပြီးတော့ ရှင့်ကို ကလေးမွေးပေးမယ်လို့ ကျွန်မမပြောရဘူးနော် လက်တောင်မထပ်ရသေးဘူး ရှင်က ကလေးအကြောင်းတွေးနေပြီပေါ့ ဟာသပဲ ”
ရွှေခေတ် အသံလှိုင်းကို မြင့်ပြီး ပြောလိုပ်သောကြောင့် ဝေယံပိုင် သူ၏ ထူထဲနေဆသာ မျက်ခုံးများကို ပင့်တင်လိုက်သည်။ နောက်ပြီး သူမဆီ ကိုယ်ကို ယိုင်းလာကာ..
"ငယ် မမွေးပေးဘူးဆိုရင် ငယ့်ရဲ့ သူငယ်ချင်းလေး ကြူသင်းက တစ်သက်လုံး အပျိုကြီး လုပ်သွားရမှာ ကဲ...အပေးအယူမျှတလား...”
ရွှေခေတ် ထိုလူကြီးကို လည်ပင်းညစ်သတ်ချင်လာသည်။ သို့သော် သူ့မျက်နှာ နှာ သူမနှင့် ထိစပ်ဖို့ ငါးလက်မလောက်သာ ခြားနေ၍ သူမအခွင့်မသာခဲ့ပေ။
ဒီလူကြီး ရုတ်တရက် စိတ်ထဖောက်လာရင် လွယ်မှာမဟုတ် ။ ထိုအစား..
"ရှင်...ရှင် လူယုတ်မာကြီး”
"ငယ့်ကို ပိုင်ဖို့အတွက်ဆို ကိုယ်ဘာဖြစ်ဖြစ် ဖြစ်ပေးနိုင်တယ်”
ဟာ..ဘယ်လို လူမှန်းကို မသိဘူး တခြားလူတွေ ရှေ့မှာတော့ တည်ကြည်ခန့်ညားဟန် နဲ့ သူမရှေ့မှာကျ ဆန့်ကျင်ဘက် ပုံစံကြီး ဖြစ်သွားရော..
"အဲဒါဆိုရင် ကျွန်မကို အမြန်ဆုံး အိမ်ပို့ပေး.မိုးချုပ်တော့မယ်”
...........
ရက်ပေါင်း နှစ်ဆယ်ကျော်ဆိုတာ မျှော်နေရတဲ့သူအတွက် ကြာရှည်လွန်းသော်လည်း မရောက်ချင်သည့် သူအတွက် မူတိုတောင်း လှပေတကား..။
ထိုကဲ့သို့ပင် ဝေယံပိုင် အတွက် ရက်ပေါင်းနှစ်ဆယ်မှာ ကြာမြင့်လွန်းလှပြီး ရွှေခေတ် အတွက်မူ မြန်ဆန်လွန်းလှသည်။ မျှော်သည် ဖြစ်စေ မမျှော်သည်ဖြစ်စေ မင်္ဂလာနေ့မှာ ကျရောက်လို့ လာလေပြီ။
တောင်ကြီးမြို့ရှိ ထင်ရှူးပင် အုပ်မှိုင်းမှိုင်းတောကလေးထဲတွင် လူသူသိပ်မရှိသော မင်္ဂလာဧည့် ပွဲတစ်ခု ကျင်းပနေ၏။ နှင်းဆီပန်းများဖြင့် ဖုံးလွှမ်းထားသော အဖြူရောင် ကော်ဇောပေါ်တွင် အဖြူဆရာင် သတို့သမီးလေးက ပန်းမျိုးပေါင်း ရာချီဖြင့် ပြုလုပ်ထားသည့် ပန်းစည်းကို ကိုင်ကာ သတို့သားဆီ လျှောက်လာနေသည်။
ထိုအခိုက်အတန့်သည် ဝေယံပိုင်အတွက် အပျော်ရွှင်ဆုံး ဖြစ်ပေမယ့်လည်း ရွှေခေတ်မှာမူ အကြောက်တရားများ ဖုံးလွှမ်းနေသော မျက်နှာကို မပေါ်လွင်အောင် အပြုံးများဖြင့် ဖုံးဖိနေရသည်။ ဒီအချိန်ကစပြီး သူမမှာ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး ဖြစ်သွားပြီ။ သူမ ၏ခင်ပွန်းဖြစ်သူကိုလည်း အိမ်ရှင်မ ဝတ္တရား ကို စုံလင်စွာ ပြုစုပေးရတော့မည်။
Advertisement
ဝေယံမှာမူကား သူ့ဆီသို့ တဖြည်းဖြည်းချင်း လျှောက်ကာလာနေသော ဂါဝန်ဖြူုဖြူနှင့် မိန်းကလေးကို မျက်တောင်မခတ် ပြည့်နေမိသည်။ နတ်ပြည်မှ ဆင်းသက်လာသော အနှီနတ်မိမယ်လေးမှာ မွေးဖွားလာစဥ်တုန်း ဘုရားရှင်က အပြစ်အနာအဆာ ထည့်ပေးဖို့ မေ့နေသလား ထင်ရလောက်အောင် သိမ်မွေ့လှပလွန်းပေသည်။ သူမ သူ့ဆီသို့ ခြေတစ်လှမ်းတိုးလာတိုင်း ဝေယံပိုင် တစ်ယောက် အသက်တစ်နှစ်ပိုရှည်ခွင့် ရသလို ရင်တဒိုင်းဒိုင်း ခုန်နေရ၏။
လက်စွပ်တွေ အချင်းချင်း စွပ်ပေးပြီးသည့် အချိန်မှာတော့ တစ်ကွင်းလုံးရှိ လူသုံးဆယ်ကျော်ထံမှ လက်ခုပ်သံတွေ တညံညံအောင် ဆူလာတော့သည်။ ရှေ့တန်းတွင်ထိုင်နေသော အဖွားအို နှစ်ယောက်နှင့် အတူ အိမွန် ၊ ဝေကြူသင်းနှင့် အာကာထက်တို့မှာမူ ပို၍ပင် ပျော်ရွှင်နေကြသည်။
အဖွားကြီးနှစ်ယောက်မှာ သူမတို့၏ မြေးလေးများကို အခမ်းနားအတင့်တယ်ဆုံးသော လက်ထပ်ပွဲ ကျင်းပပေးချင်သော်လည်း ကလေးတွေ၏ ဆန္ဒအရ မနက်ပိုင်း ဆွမ်းတော်လောင်းပြီး ညနေပိုင်းကို ဧည့်ခံပွဲ သေးသေးလေးသာ ကျင်းပခဲ့ကြသည်။ သူမတို့ အားမရသော်လည်း ကလေးတွေ ပျော်နေတာကို ကြည့်ပြီး မငြိုငြင်ရက်ပေ။
အခမ်းအနား ပြီးဆုံးသွားပြီး ဧည့်သည်တော်များမှာလည်း ပြန်သွားကြပြီ။ ထိုနေရာတွင် နှစ်ဖက် မိသားစုနှင့် ပစ္စည်းပစ္စယ များသိမ်းဆည်းနေသော သန့်ရှင်းရေး ဝန်ထမ်းများသာကျန်တော့သည်။
သတို့သားမှာ သတို့သမီးကို ကြိုဖို့ ပန်းတွေဖြင့် ဖုံးလွှမ်းထားသော အဖြူရောင် မာစီဒီ ကားကို မောင်းလာခဲ့သည်။ သတို့သမီး ဖြစ်သူ အားလုံးကိုနှုတ်ဆက်ပြီး ကားထဲဝင်မည်အပြု အာကာထက်က
"မရီး...မရီးကျွန်တော် နဲ့ ကြူသင်းကို သနားတဲ့အနေနဲ့ ကလေးမြန်မြန်မွေးပေးရမယ်နော်..”
ထိုသို့ပြောပြီး အာကာထက်မှာ ကြူသင်း၏ ဗိုက်လိမ်ဆွဲ ခြင်းကို ခံရတော့သည်။ အကုန်လုံးမှာ အော်ရယ်ကြပြီး ထောက်ခံကုန်၏။ ထိုနည်းတူ ဝေယံမှာလည်း သွားကြီးဖြဲလို့။ ရွှေခေတ် ထိုအသံများကို ဆက်မကြားချင်တော့ဘဲ ကားထဲအမြန်ဝင်ကာ တံခါးကို အားပါပါပိတ်ချလိုက်သည်။
.........
27.10.21
"တကယ် မပြောချင်တာလား...
Advertisement
...........
.........
27.10.21
Advertisement
- In Serial109 Chapters
Common Sense of a Warrior
I was born to a Marquess military family; my father is a hero of the country. Motivated by my mother’s death one night in a burglary, I too resolved to study the blade. My aim was to join the army just like my father, and to avoid repeating my mother’s tragedy. Unexpectedly, despite my gender, my swordsmanship grew strong… However, my ambition ended when I learned that women could not enroll into the army. Furthermore, although I hadn’t received even a single lesson in proper etiquette, I suddenly had my engagement set with a Ducal House that had churned out prime ministers for generations…
8 390 - In Serial22 Chapters
To become A werewolf
A generation of female wolves always kills their partners because of a spell cast upon the grandmother years ago, but when the grandaughter’s boyfriend turns into a complete wolf instead of dying, she is ready to do everything in her power to make him a hybrid (a wolf that can transform) and protect him from humans and a power-obsessed witch.
8 166 - In Serial33 Chapters
My Sexy Babysitter
17 year old Taylor thinks her babysitter is annoying and he knows it. 21 year old Jacob knows that Taylor likes him but doesn't admit it. After spending a couple of days with her "annoying babysitter", Taylor begins to realize that she's falling for the sexy, yet annoying, babysitter. She's got a secret and eventually tells Jacob, will he think differently of her? What happens when her abusive, drunk ex boyfriend comes back after her? Does the sexy babysitter have some secrets of his own?
8 193 - In Serial42 Chapters
The Healer's Alpha
Hope spent her life trapped under the guise of protection, when all she wanted to do was live.Connor had lost something precious, and was a shell of who he had once been.Can they come together to fulfill each other's dreams?Or will dangerous forces try to keep them apart?___________________________________________"Come here, sweetheart." I took his hand and gasped at the delicious shockwaves traveling up my arm. He pulled me closer to him, so I was standing in between his legs. I wasn't sure what to say, so I ran my fingers through his hair, noticing for the first time the bits of red streaked through the dark brown, and smiled when he growled in delight. He leaned his forehead down, so it was resting on my belly and wrapped his arms around my back. "We should talk about this." He whispered with his head still on my stomach. I nearly didn't hear him. I was too focused on the sparks tingling through my arms as I caressed his back and continued my gentle assault through his hair."Ok. What should we talk about?" He took a deep breath and I watched as his shoulders slumped."I'll understand if you reject me. No one wants a defective mate."Cover made by @ViaAlyssaNicole
8 374 - In Serial32 Chapters
The Bad Boy Likes Me?
Mara Ellsworth was your average teenage girl. With a total of two best friends and extremely over protective brothers she stayed away from any limelight, especially with boys. But her boring life takes a turn when she accidentally bumps into Coral Springs High School's bad boy, Nixon Ford. With uncovering family secrets and being faced with unfamiliar experiences, Mara's world is turned upside down. She's even forced to ask herself a question she never thought was possible."The Bad Boy Likes Me?"
8 201 - In Serial54 Chapters
The Possessive couple ✔ Under editing
Taehyung and Jungkook both were looking for a partner who could bear their possessiveness cause what is their is their and whoever touches it.... does not have a good end.They are possessive yet loyal, they hate cheaters and betrayers more than anything. The main problem with the two is that they are enemies.Taehyung is top 1 and Jungkook is top 2 on the mafia level, one wants the top 1 position and the other doesn't want to lose it.Ship-TaekookSide Ship-NamjinYoonminseokJenlisaCheasooTops-TaehyungJinHoseokLisaJisoo
8 154