《Untamed Flower( ပန်းရိုင်း)》အပိုင်း၅၃
Advertisement
ရဲနိုင် တစ်ယောက် သူဌေးကတော် ရှိသွားသည်ကို မယုံနိုင်သေးပေ။ သူ့သူဌေးက သူမကို ဘယ်အချိန်က စပြီး ပိုးပန်းခဲ့တာများလဲ ၊ ဆယ့်နှစ်လ ရာသီလုံးလုံး အလုပ်နဲ့အိမ် ထမင်းချိန်တောင် မှန်ခဲ့တာမဟုတ် ။ ရုတ်တရက်ကြီး မိန်းမရသွားသည်တဲ့။ တစ်လလောက် အထူးဆန်းကြီး ကိုယ်ပျောက်သွားတာ ထိုကြောင့်မို့လား။ သူ့သူဌေးမှာ ဘယ်ခရီးသွားသွား ဘယ်သူ့ကိုမှ အကြောင်းမကြားဖူးခဲ့ပေ။ အလုပ်ခရီး ဆိုလျှင်တောင် ရဲနိုင်ကို မရှိမဖြစ်ကိစ္စမျိုးတွင်မှ ခေါ်သွားတတ်၏။ နောက်ပြီး သူမလိုမျိုး သူစောင့်ကြည့်နေချိန်က အလွန့်အလွန် အမျိုးသားတွေပေါ် အချေမိုးနိုင်ဆုံး မိန်းမကလည်း တစ်လတည်း ပိုးပန်းရုံနဲ့ လိုက်ပါလာတာလား..။ သူရုတ်တရက် မှတ်မိလိုက်သည်မှာ သူ့သူဌေးက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး..မဟုတ်လား..။
ရဲနိုင် စာရွက်စာတမ်း လာပို့ပြီး ထိုင်ချိန်တောင်မရသေး သူ့သူဌေးက ပြန်ခိုင်းနေပြီ။ ဘာကို ဒီလောက်ထိလောနေရတာလဲ? မိန်းမရသွားတော့ အချိုးတွေ ပြောင်းသွားတာလား အရင်တုန်းကဆို ရဲနိုင် သူ့သူဌေးအိမ်ထဲ ခြေမချချင်တဲ့အထိကို အလုပ်တွေခိုင်း၏။ သူ၏ အိမ်ထိန်းဦးလေးကြီး မိန်းမအိမ်ပြန်သွားချိန်ဆို ပိုဆိုး။ အိမ်သန့်ရှင်းရေးဟူသမျှကို ရဲနိုင်အား ခိုင်း၏။ ထိုအချိန်တုန်းက ရဲနိုင်မှာ ခြံစောင့်အိမ်စောင့်နှင့်တောင် တူနေပေသည်။ အခုတော့ ပြန်ခိုင်းသည်သာမကသေး ရဲနိုင်ဆီမှ အိမ်သော့အပိုကို ပြန်တောင်းလေ၏။
"အိမ်မှာ ငါတစ်ယောက်ထဲ မဟုတ်တော့ဘူး..ငါ့မိန်းမလည်း ရှိနေပြီ၊ မင်းဝင်လိုက် ထွက်လိုက် လုပ်ရင် မမြင်ကောင်းတာတွေ မြင်သွားမယ်.."
ဗုဒ္ဓေါ ..ဘယ်သူက ဝင်လိုက် ထွက်လိုက် လုပ်ချင်နေလို့တုန်း။ ရဲနိုင် အလုပ်မပြုတ်ဖို့အတွက် ခံပြင်းစိတ်ကို ထိန်းကာ
"ဟုတ်ကဲ့ ကျွန်တော် ပြန်ပါတော့မယ်..ဥက္ကဌ လိုအပ်တဲ့ အချိန်ခေါ်လိုက်ပါ.."
ထိုသို့ ပြောပြီး လှည့်ထွက်လာခဲ့သည်။ သူခြံရှေ့ ရောက်တော့ အပြာရောင်ကားတစ်စီး သူ့သူဌေး အိမ်ဆီကို ဦးတည် လာနေတာ တွေ့လိုက်သည်။ ဘယ်သူများ ပါလိမ့် ဆိုသည့်အတွေးဖြင့် ငေးကြောင်နေမိတုန်း ကားပေါ်မှ ဆင်းလာသော ပုဂ္ဂိုလ်ကြောင့် ရဲနိုင် ပုန်းစရာ အမြန်ရှာလိုက်ရသည်။
ထိုမိန်းကလေးမှာ သူ့သူဌေးကတော်၏ သူငယ်ချင်းဖြစ်သလို သူ့ကို သစ်သားချောင်းဖြင့် ပြေးကာလိုက်ရိုက် ခဲ့သော မိန်းကလေးပင်။ သို့သော် သူနောက်ကျ သွားခဲ့ပြီ။ အတော်မြန်သည့် မိန်းကလေးက သူ့ကုတ်၏ ေကျာဘက်အစကို မိလိုက်ပြီး သူ့လက်တွေကို ပြောင်းပြန် ချုပ်ထားလိုက်နိုင်သည်။ ဒီကောင်မလေး ဘယ်က တိုက်ကွန်ဒို ဆရာနဲ့ သင်ကြားခဲ့တာလဲ ? အချိန် စက္ကန့်အနည်းငယ်အတွင်း ကြံခိုင်သန်မာသော သူက ထိုမိန်းကလေး လက်ထဲတွင် ပမွှားပမာ ဖြစ်နေလျက်။
"မင်း..မင်းငါ့ကို အခုလွှတ်"
"ရှင် ဘယ်သူလဲ အရင်လကတည်းက ကျွန်မသူငယ်ချင်းနောက် လိုက်နေတာ အခု သူမယောက်ျားရသွားပြီး အိမ်ပြောင်းသွားတာတောင် နောက်ယောင်ခံ နေသေးတယ် အရှက်ကို မရှိဘူး ကျွန်မအခု ရဲခေါ်လိုက်မှာနော် ပြော..ဘာကိစ္စလဲ ဘာလိုချင်လည်း?"
ထိုနေရာတွင် ရဲနိုင် အခက်ခဲကြီး တွေ့လေ၏။ သူဌေးဖြစ်သူက သူ သူဌေးကတော်အား နောက်ယောင်ခံ ခဲ့တာကို ဘယ်သူ့ကိုမှမပြောဖို့ရန် တားမြစ်ထားသည်။ နောက်ပြီး ဒီမိန်းမက သူ မပြောရင် ရဲခေါ်တော့မည်။
အိမ်ရှေ့က ရုတ်ရုတ်သဲသဲဖြစ်နေသော အသံကြောင့် အိမ်ပေါ်ထပ်က ရွှေခေတ် ရော အိမ်အောက်ထပ်က ဝေယံပိုင်ရော အတူတူထွက်ကြည့်ဖို့ ထွက်လာခဲ့ကြသည်။ ကင်းလှည့်အစောင့်မှာလည်း သူတို့ဆီ အပြေးလာခဲ့၏။
ရွှေခေတ်မှာ အခြေအနေကို သိမနေသော်လည်း ဝေယံမှာတော့ သူ့လက်ချက်ကြောင့် ဖြစ်ကြောင်း အော်ပြောနေသည့် အိမွန်၏ စကားအစွန်အစကို ကြားပြီး သိနေ၏။ ထို့ကြောင့်မို့ အိမ်ထဲမှာပဲ ဖြေရှင်းရန် ရွှေခေတ်အား အိမွန်ကို အတင်းတိုက်တွန်းစေပြီး ကင်းလှည့်ကို အိမ်တွင်းပြဿနာသာ ဖြစ်ကြောင်း ရှင်းပြကာ ပြန်လွှတ်လိုက်သည်။
အိမ်ထဲရောက်သည်အထိ အိမွန်မှာ သူမ၏ chanel bag ကြီးဖြင့် ရဲနိုင်အား လှမ်းရိုက်ဖို့ ကြိုးစားနေသည်ကို ရွှေခေတ် တစ်ယောက် မနဲချုပ်ထားနေရ၏။
ရဲနိုင်မှာလည်း သနားစရာ။ သူ့သူဌေး ထိုင်နေသော ဆိုဖာဘေးတွင် မိန်းကလေးနှစ်ဦးနှင့် မျက်နှာချင်းဆိုင်ကာ မတ်တပ်ရပ်လျက်။
ဝေယံခမျာတော့ အကြောင်းစုံ ရှင်းပြဖို့ရန်အတွက် ရှိသမျှသော သတ္တိစိုင်များကို ကြိုးစားထုတ်နေရ၏။ မရှင်းပြဘဲ စကားလမ်းကြောင်းလွှဲလိုက် ရင်လည်း ရ၏။ သို့သော် သူထိုသို့မပြုလုပ်လိုပေ။ အကြောင်းရင်းမှာ သူ၏ ဇနီးချောလေးက လိမ်တတ်သည့် လူကို အတော်ကြီးမုန်းတတ်သော ကြောင့်ပင်ဖြစ်၏။ သူ့ဇနီးလေး သူ့ကိုမုန်းသွားဖို့ထက် သူကြောက်တာ လောကမှာမရှိချေ။
.......
လူတစ်ယောက်၏ ရှည်လျားသော ရှင်းပြမှုအဆုံး ဧည့်ခန်းတစ်ခုလုံးက အပ်ကျသံကြားရေလာက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထိုအစား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ရဲနိုင်က အိမွန်အား သူ့အမှားမဟုတ်တာ သိပြီလား ဆိုသည့် အမူအရာဖြင့် ပြောလိုက်၏။ ရွှေခေတ်မှာမူ အခုထိ ကြောင်အမ်းလို့ မဝသေးပေ။ ဘာတွေ ဖြစ်ကုန်တာလဲ? သူမယောက်ျားက မစေ့စပ်ခင်တုန်း ဘာလို့ သူမနောက်ကို နောက်ယောင်ခံ ခဲ့တာလဲ? ဒါမှမဟုတ် သူမနဲ့ လက်ထပ်ရမှာကို သူအစကတည်းက သိနေတာလား..
"ငယ်..ကိုယ်တောင်းပန်ပါတယ်နော် ကိုယ့်ကို စိတ်မဆိုးဖို့ မျှော်လင့်လိုရမလား?"
မြတ်စွာဘုရား...ရဲနိုင် နားကြားမှားနေသလားလို့ တွေးပြီး သေချာပြန်နားထောင်လိုက်၏။ နားကြားမှားသည် မဟုတ်ဘဲ သူ့သူဌေးက ဇနီးဖြစ်သူကို တောင်းပန်စကား ပြောနေခြင်းပင်။ အမျိုးသားတွေကိုတောင် မတောင်းပန်တဲ့ မာနဘုရင်ကြီးက မိန်းကလေး တစ်ယောက်ကို တောင်းပန်နေသည် တဲ့လား....
သူ့စကားကြောင့် ရွှေခေတ် တွေဝေနေရာမှ ရပ်လိုက်ပြီး...
"ရှင် ကျွန်မ မသိဘဲ ဘာတွေ ခိုးလုပ်ထားသေးတာလဲ ကျွန်မကို လက်မထပ်ရခင်ကတည်းက နောက်ယောင်ခံနေရအောင် ရှင်က ရှင်ဘုရင်ကြီးမို့လား ကျွန်မက အဲလို လိမ်ညာခိုးမိုး တတ်တဲ့ လူတွေကို ဘယ်လောက်မုန်းတတ်တာ ဒေါ်လေး ပြောပြပြီးပြီ မဟုတ်လား ရှင်က မမှတ်ထားတာပဲနေမယ် ရပါတယ်လေ..ရှင်ကတောင် ကျွန်မ စိတ်မဆိုးဖို့ မျှော်လင့်ရဲသေးတာပဲ ကျွန်မက စိတ်ဆိုးဖို့ အစီအစဥ် ဆွဲရတော့မှာပေါ့"
Advertisement
သူမ အသံက တုန်တုန်ရီရီ ။ စိတ်ဆိုးနေမှန်း အတော်ကို သိသာလှသည်။
"ငယ်...ကိုယ် ဆိုလိုတာ အဲလိုမဟုတ်.."
ဝေယံ စကားတောင် မဆုံးသေးခင် သူမက ဆိုဖာမှ ထပြီး အိမ်ပေါ် သို့ လှေကားထစ် တွေနဲ့ အညီ ပြေးတက်သွားသည်။ ရဲနိုင်နဲ့ အိမွန် မှာတော့ ရန်ဖြစ်နေတဲ့ ကြင်စဦးမောင်နှံကို ကြည့်ပြီး ပြောစရာစကားမဲ့နေလျက်။ အိမွန်မှာ သူတာချီလိတ်ကို သူ့အဖေကုမ္ပဏီကိစ္စနှင့် လာရင်း ရွှေခေတ်အား အလည်တစ်ခေါက်လောက် ဝင်ဖို့ရန် တွေးပြီး လိပ်စာတောင်းခဲ့လိုက်၏။ သို့သော် ကံမကောင်းသည်က ရွှေခေတ်ပေးသောအိမ် လိပ်စာရှေ့တွင် အရင်တစ်လခန့်က ရွှေခေတ်ကို ချောင်းလားမြောင်းလား လုပ်နေသော ဂျလေဘီ တစ်ယောက်အား တွေ့ပြီး သတ်ပုတ်ဖို့ရန် အဆင်သင့် ဖြ်နေခဲ့၏။ သူမကြောင့် သူတို့လင်မယား ရန်ဖြစ်ရတယ်လို့ တွေးပြီး
"ကျွန်မ ...အမှားကြီးကြီးမားမား တစ်ခု လုပ်လိုက်မိပြီလား ကိုဝေယံ?"
သို့သော် ပြန်ဖြေသံ ထွက်မလာ။ ဝေယံပိုင်မှာ မှန်စားပွဲကိုသာ ငေးကြည့်နေပြီး သူမလေးကို ဘယ်လိုချော့မှရမလဲ လို့ စဥ်းစားလို့နေ၏။ မိနှစ်အနည်းငယ်ကြာမှ..
"ဘာမှမဖြစ်ဘူး မင်းပြန်တော့"
မာကျောကျောအသံမှာ ခုနသူ့ဇနီးကို တငယ် ငယ်နှင့်ခေါ်နေသော အချိန်နှင့်ကွာပ။
ရဲနိုင်မှာ မပြန်သေးပဲ ဝေယံ၏ နောက်ထပ်စကားတစ်ခွန်း မျှော်ကိုးနေဟန်နှင့် ဖြစ်နေသော အိမွန်ကို
"ဘာလဲ အခုထိ မပြန်သေးဘူးလား_"
အိမွန်မှာ သူ့အိတ်ကြီးနှင့် ရဲနိုင်ကို ကိုင်ပေါက်မည်အလုပ် ပြဿနာတက်နေသည့် စုံတွဲအား သနားသွားပြီး ပြန်ချထားလိုက်၏။
"ရဲနိုင်..မင်းလည်း တူတူပဲ ပြန်တော့"
ဝေယံပိုင်၏ ထိုစကားမှာတော့ အိမွန်ကို အကျေနပ်ကြီး ကျေနပ်မှုကို ရရှိစေသည်။ ရှင်လည်းတူတူပဲဟု အမူအရာဖြင့် ပုံဖော်ပြကာ အိမ်ပြင် ထွက်သွား လေ၏။ အအေးဓာတ်လွှင့်နေသော ဆောင်းရာသီဥက္ကဌ ကြီးဘေးတွင် ကြာကြာမနေနိုင်သော ရဲနိုင်ကလည်း အိမ်ပြင်ကို အပြေး ထွက်သွားလေ၏။
သူတို့အားလုံး ပြန်သွားမှ ဝေယံပိုင် အိမ်ပေါ်သို့ ပြေးတက်ကာ သူမအား ရှာလေသည်။ သူမလေးမှာ ပြတင်းဘက်ကို မျက်နှာလှည့်နေပြီး နေရောင်စူးစူးကြီးကို အံခဲနေ၏။
ခပ်တိုးတိုး ခြေလှမ်းသံကို ကြားရကတည်း သူမှန်းရွှေခေတ် သိနေခဲ့သည်။ သူမ မြင်ကွင်း အပေါ်ဘက်မှ လက်ဖဝါး တစ်စုံ အရိပ်လာကျသည်နှင့် တပြိုင်နက် သူမလှည့်ထွက်သွားဖို့ရန် စိတ်ကူးပေါက်လိုက်သည်။ သို့သော် သူမစိတ်ကူးကို ပုံမဖော်လိုက်နိုင်ခဲ့ပေ။ အဖြူရောင် bathrobe နှင့် ယောက်ျား တစ်ယောက်၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခြင်းကို ခံလိုက်ရသည်။
"ရှင်..ရှင် ကျွန်မကိုလွှတ်.."
သူမ ချက်ချင်းရုန်း၏။ သို့သော် အားအင်မှာ မမျှတသောကြောင့် သူဖက်ထားသည်ကို ပိုတင်းခြင်းသာ အကျုံးဝင်နေလေသည်။
"ဟမ်..ငယ် ကိုယ့်ကိုစိတ်ဆိုး နေတုန်းလား"
ထိုသို့ပြောပြီး သူမကို ခပ်တင်းတင်း ဖက်ထားရာမှ အသက်ရှူမကျပ်ဖို့ နည်းနည်ကွာပေးလိုက်သည်။
"ရှင်က မေးရဲ သေးတာလား.."
"ဘာလို့ မမေးရဲ ရမှာတုန်း..ကိုယ်က ကိုယ့်အပြစ်ကို ဝန်ခံလိုက်ပြီး တောင်းပန်စကားတောင် ဆိုပြီးပြိိီလေ.."
သူအပြစ်ကင်းသွားပြီ ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို ကွန်ဖီးဒန့် လယ်ဗယ် အရမ်းကြီး မြင့်နေသော ထိုလူကို ရွှေခေတ် ပိုပိုပြီး စိတ်တိုလာမိသည်။ သူနှင့် အလွန်နီးကပ်နေသည်ကို သတိမထားမိတော့ဘဲ သူ့ရင်ဘတ်ကြီးကို လက်လေးတွေဖြင့် တဘုန်းဘုန်းထု ကာ
"ရှင်..ရှင်အရှက်မရှိဘူး လူယုတ်မာ !"
ထိုစကားလုံးများ စိတ်တိုနေသည့် မျက်နှာလေးနှင့် သူမကို ဝေယံပိုင် ပိုပို၍ပင် ရင်ခုန်လာသည်။ သူမလေးမှာ သူ့မျက်နှာကို မကြည့်ဘဲ ခုန်နေသော ရင်ဘတ်ကြီးကို ထုနေသည့်အတွက် ဝေယံ့၏ နှလုံးသားတစ်စုံမှာ တည်မငြိမ် ဖြစ်လာသည်။ နဖူးပေါ် နည်းနည်းပါးပါး ဖြာကျနေသည့် ဆံပင်များမှာ သူမအလှကို ပို၍ပင် ထောက်ပံံ့ပေးနေသယောင်ပင်။
ဝေယံ့မျက်လုံးအစုံမှာ ရုတ်တရက် တတွတ်တွတ်နှင့် ဘာကိုပြောလို့ပြောမှန်းမသိ လှုပ်ရှားနေသည့် သူမလေး၏ ပန်းရောင်သန်းနေသော နှုတ်ခမ်းတစ်စုံပေါ်သို့ ကျရောက်သွားသည်။ သူ သူမလေးကို ချော့ဖို့ အကြံရသွားပြီ!
ရွှေခေတ်မှာ ခြောက်ပေလောက်အရပ်ရှည်သော ထိုလူ၏ ရင်ဘတ်ကို တဘုန်းဘုန်းရိုက်နေ၏။ အံ့သြသည်က ထိုလူမှာ မရုန်းပဲ သူမပြုသမျှငြိမ်ခံနေသည်။ (နင့်ကို ငေးနေပြီး နင့်ကို စားတော့မှာကို နင်လေမသိဘူး:)
ရုတ်တရက် ဆိုသလို ခပ်အေးအေး လက်တစ်စုံက သူမ မေးဖျားပေါ်ရောက်လာပြီး မေးဖျားမှာ ထိုလက်ပင့်သလို မော့လာရသည်။ ထိုအချိန်တွင်မှ သူမမှာ အရောင်တလက်လက် တောက်ပနေသော ထိုလူ၏ မျက်လုံးများဖြင့် ဆုံမိပြီး သူနှင့်အတော်ကို နီးကပ်နေမှန်း သတိထားမိလေ၏။ နှလုံးသား မှာလည်း ကျောက်စရစ်ချသည့် ထရပ်ကားကြီးလို ဒုန်းဒုန်းဒိုင်းဒိုင်း ခုန်ပေါက်လျက်။
သူမ ချက်ချင်းအသိရကာ သူ့ကို ရှောင်ထွက်ရန်ကြိုးစားလိုပေမယ့် ခန္ဓာသာ ရွှေ့သွားပြီး မျက်နှာမှာ သူ့ပင့်ထားသည့် မေးဖျားကြောင့် မရွှေ့နိုင်ခဲ့ပေ။ ချက်ချင်းဆိုသလို သူမနှုတ်ခမ်းကလည်း အိစက်နေသည့် အထိအတွေ့ တစ်ခုကို ခံစားလိုက်ရသည်။
ဘယ်တုန်းက ပိတ်သွားမှန်း မသိသော မျက်လုံးအစုံကို ဖွင့်ကြည့်တော့ သူမနည်းတူ မျက်စိမှိတ်ထားသည့် လူနှင့် တစ်လက်မသာခြားပြီး ဆုံလိုက်ရသည်။ ထိုအချိန်မှ သူ သူမကို နမ်းနေကြောင်း သိလိုက်ရပြီး အလျင်အမြန် တွန်းထုတ်လိုက်သည်။ သူမ ဘာစကားမှ မပြောနိုင်သေး ။ ထိုသည်မှာ သူမ၏ ပထမဆုံး အနမ်းပင်။ စက္ကန့်အနည်းငယ်ကြာမှ တုန်တုန်ရီရီ အသံဖြင့်
"ရှင်..ရှင် ဘာလုပ်တာလဲ "
စိုစွတ်နေသည့် နှုတ်ခမ်းကို လက်မောင်းဖြင့် သုတ်ကာ ရွှေခေတ် ပြောလိုက်သည်။
Advertisement
"ငယ့် ကို စိတ်ဆိုးပြေစေဖို့ ချော့နေတာလေ.."
"ရှင်!!"
............
31.10.21
ရှည်ပေမယ့် ကြိုက်မယ်လို့မျှော်လင့်ပါတယ်ရှင်
အောက်တိုဘာရဲ့ နောက်ဆုံးနေ့လေး..
ရဲနိုင္ တစ္ေယာက္ သူေဌးကေတာ္ ရွိသြားသည္ကို မယုံနိုင္ေသးေပ။ သူ႕သူေဌးက သူမကို ဘယ္အခ်ိန္က စၿပီး ပိုးပန္းခဲ့တာမ်ားလဲ ၊ ဆယ့္ႏွစ္လ ရာသီလုံးလုံး အလုပ္နဲ႕အိမ္ ထမင္းခ်ိန္ေတာင္ မွန္ခဲ့တာမဟုတ္ ။ ႐ုတ္တရက္ႀကီး မိန္းမရသြားသည္တဲ့။ တစ္လေလာက္ အထူးဆန္းႀကီး ကိုယ္ေပ်ာက္သြားတာ ထိုေၾကာင့္မို႔လား။ သူ႕သူေဌးမွာ ဘယ္ခရီးသြားသြား ဘယ္သူ႕ကိုမွ အေၾကာင္းမၾကားဖူးခဲ့ေပ။ အလုပ္ခရီး ဆိုလွ်င္ေတာင္ ရဲနိုင္ကို မရွိမျဖစ္ကိစၥမ်ိဳးတြင္မွ ေခၚသြားတတ္၏။ ေနာက္ၿပီး သူမလိုမ်ိဳး သူေစာင့္ၾကည့္ေနခ်ိန္က အလြန့္အလြန္ အမ်ိဳးသားေတြေပၚ အေခ်မိဳးနိုင္ဆုံး မိန္းမကလည္း တစ္လတည္း ပိုးပန္း႐ုံနဲ႕ လိုက္ပါလာတာလား..။ သူ႐ုတ္တရက္ မွတ္မိလိုက္သည္မွာ သူ႕သူေဌးက ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ႀကီး..မဟုတ္လား..။
ရဲနိုင္ စာ႐ြက္စာတမ္း လာပို႔ၿပီး ထိုင္ခ်ိန္ေတာင္မရေသး သူ႕သူေဌးက ျပန္ခိုင္းေနၿပီ။ ဘာကို ဒီေလာက္ထိေလာေနရတာလဲ? မိန္းမရသြားေတာ့ အခ်ိဳးေတြ ေျပာင္းသြားတာလား အရင္တုန္းကဆို ရဲနိုင္ သူ႕သူေဌးအိမ္ထဲ ေျခမခ်ခ်င္တဲ့အထိကို အလုပ္ေတြခိုင္း၏။ သူ၏ အိမ္ထိန္းဦးေလးႀကီး မိန္းမအိမ္ျပန္သြားခ်ိန္ဆို ပိုဆိုး။ အိမ္သန့္ရွင္းေရးဟူသမွ်ကို ရဲနိုင္အား ခိုင္း၏။ ထိုအခ်ိန္တုန္းက ရဲနိုင္မွာ ၿခံေစာင့္အိမ္ေစာင့္ႏွင့္ေတာင္ တူေနေပသည္။ အခုေတာ့ ျပန္ခိုင္းသည္သာမကေသး ရဲနိုင္ဆီမွ အိမ္ေသာ့အပိုကို ျပန္ေတာင္းေလ၏။
"အိမ္မွာ ငါတစ္ေယာက္ထဲ မဟုတ္ေတာ့ဘူး..ငါ့မိန္းမလည္း ရွိေနၿပီ၊ မင္းဝင္လိုက္ ထြက္လိုက္ လုပ္ရင္ မျမင္ေကာင္းတာေတြ ျမင္သြားမယ္.."
ဗုေဒၶါ ..ဘယ္သူက ဝင္လိုက္ ထြက္လိုက္ လုပ္ခ်င္ေနလို႔တုန္း။ ရဲနိုင္ အလုပ္မျပဳတ္ဖို႔အတြက္ ခံျပင္းစိတ္ကို ထိန္းကာ
"ဟုတ္ကဲ့ ကြၽန္ေတာ္ ျပန္ပါေတာ့မယ္..ဥကၠဌ လိုအပ္တဲ့ အခ်ိန္ေခၚလိုက္ပါ.."
ထိုသို႔ ေျပာၿပီး လွည့္ထြက္လာခဲ့သည္။ သူၿခံေရွ႕ ေရာက္ေတာ့ အျပာေရာင္ကားတစ္စီး သူ႕သူေဌး အိမ္ဆီကို ဦးတည္ လာေနတာ ေတြ႕လိုက္သည္။ ဘယ္သူမ်ား ပါလိမ့္ ဆိုသည့္အေတြးျဖင့္ ေငးေၾကာင္ေနမိတုန္း ကားေပၚမွ ဆင္းလာေသာ ပုဂၢိုလ္ေၾကာင့္ ရဲနိုင္ ပုန္းစရာ အျမန္ရွာလိုက္ရသည္။
ထိုမိန္းကေလးမွာ သူ႕သူေဌးကေတာ္၏ သူငယ္ခ်င္းျဖစ္သလို သူ႕ကို သစ္သားေခ်ာင္းျဖင့္ ေျပးကာလိုက္ရိုက္ ခဲ့ေသာ မိန္းကေလးပင္။ သို႔ေသာ္ သူေနာက္က် သြားခဲ့ၿပီ။ အေတာ္ျမန္သည့္ မိန္းကေလးက သူ႕ကုတ္၏ ေကျာဘက်အစကို မိလိုက္ၿပီး သူ႕လက္ေတြကို ေျပာင္းျပန္ ခ်ဳပ္ထားလိုက္နိုင္သည္။ ဒီေကာင္မေလး ဘယ္က တိုက္ကြန္ဒို ဆရာနဲ႕ သင္ၾကားခဲ့တာလဲ ? အခ်ိန္ စကၠန့္အနည္းငယ္အတြင္း ႀကံခိုင္သန္မာေသာ သူက ထိုမိန္းကေလး လက္ထဲတြင္ ပမႊားပမာ ျဖစ္ေနလ်က္။
"မင္း..မင္းငါ့ကို အခုလႊတ္"
"ရွင္ ဘယ္သူလဲ အရင္လကတည္းက ကြၽန္မသူငယ္ခ်င္းေနာက္ လိုက္ေနတာ အခု သူမေယာက္်ားရသြားၿပီး အိမ္ေျပာင္းသြားတာေတာင္ ေနာက္ေယာင္ခံ ေနေသးတယ္ အရွက္ကို မရွိဘူး ကြၽန္မအခု ရဲေခၚလိုက္မွာေနာ္ ေျပာ..ဘာကိစၥလဲ ဘာလိုခ်င္လည္း?"
ထိုေနရာတြင္ ရဲနိုင္ အခက္ခဲႀကီး ေတြ႕ေလ၏။ သူေဌးျဖစ္သူက သူ သူေဌးကေတာ္အား ေနာက္ေယာင္ခံ ခဲ့တာကို ဘယ္သူ႕ကိုမွမေျပာဖို႔ရန္ တားျမစ္ထားသည္။ ေနာက္ၿပီး ဒီမိန္းမက သူ မေျပာရင္ ရဲေခၚေတာ့မည္။
အိမ္ေရွ႕က ႐ုတ္႐ုတ္သဲသဲျဖစ္ေနေသာ အသံေၾကာင့္ အိမ္ေပၚထပ္က ေ႐ႊေခတ္ ေရာ အိမ္ေအာက္ထပ္က ေဝယံပိုင္ေရာ အတူတူထြက္ၾကည့္ဖို႔ ထြက္လာခဲ့ၾကသည္။ ကင္းလွည့္အေစာင့္မွာလည္း သူတို႔ဆီ အေျပးလာခဲ့၏။
ေ႐ႊေခတ္မွာ အေျခအေနကို သိမေနေသာ္လည္း ေဝယံမွာေတာ့ သူ႕လက္ခ်က္ေၾကာင့္ ျဖစ္ေၾကာင္း ေအာ္ေျပာေနသည့္ အိမြန္၏ စကားအစြန္အစကို ၾကားၿပီး သိေန၏။ ထို႔ေၾကာင့္မို႔ အိမ္ထဲမွာပဲ ေျဖရွင္းရန္ ေ႐ႊေခတ္အား အိမြန္ကို အတင္းတိုက္တြန္းေစၿပီး ကင္းလွည့္ကို အိမ္တြင္းျပႆနာသာ ျဖစ္ေၾကာင္း ရွင္းျပကာ ျပန္လႊတ္လိုက္သည္။
အိမ္ထဲေရာက္သည္အထိ အိမြန္မွာ သူမ၏ chanel bag ႀကီးျဖင့္ ရဲနိုင္အား လွမ္းရိုက္ဖို႔ ႀကိဳးစားေနသည္ကို ေ႐ႊေခတ္ တစ္ေယာက္ မနဲခ်ဳပ္ထားေနရ၏။
ရဲနိုင္မွာလည္း သနားစရာ။ သူ႕သူေဌး ထိုင္ေနေသာ ဆိုဖာေဘးတြင္ မိန္းကေလးႏွစ္ဦးႏွင့္ မ်က္ႏွာခ်င္းဆိုင္ကာ မတ္တပ္ရပ္လ်က္။
ေဝယံခမ်ာေတာ့ အေၾကာင္းစုံ ရွင္းျပဖို႔ရန္အတြက္ ရွိသမွ်ေသာ သတၱိစိုင္မ်ားကို ႀကိဳးစားထုတ္ေနရ၏။ မရွင္းျပဘဲ စကားလမ္းေၾကာင္းလႊဲလိုက္ ရင္လည္း ရ၏။ သို႔ေသာ္ သူထိုသို႔မျပဳလုပ္လိုေပ။ အေၾကာင္းရင္းမွာ သူ၏ ဇနီးေခ်ာေလးက လိမ္တတ္သည့္ လူကို အေတာ္ႀကီးမုန္းတတ္ေသာ ေၾကာင့္ပင္ျဖစ္၏။ သူ႕ဇနီးေလး သူ႕ကိုမုန္းသြားဖို႔ထက္ သူေၾကာက္တာ ေလာကမွာမရွိေခ်။
.......
လူတစ္ေယာက္၏ ရွည္လ်ားေသာ ရွင္းျပမႈအဆုံး ဧည့္ခန္းတစ္ခုလုံးက အပ္က်သံၾကားရေလာက်အောင်ပင် တိတ္ဆိတ္ၿငိမ္သက္သြားသည္။ ထိုအစား တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကၿပီး ရဲနိုင္က အိမြန္အား သူ႕အမွားမဟုတ္တာ သိၿပီလား ဆိုသည့္ အမူအရာျဖင့္ ေျပာလိုက္၏။ ေ႐ႊေခတ္မွာမူ အခုထိ ေၾကာင္အမ္းလို႔ မဝေသးေပ။ ဘာေတြ ျဖစ္ကုန္တာလဲ? သူမေယာက္်ားက မေစ့စပ္ခင္တုန္း ဘာလို႔ သူမေနာက္ကို ေနာက္ေယာင္ခံ ခဲ့တာလဲ? ဒါမွမဟုတ္ သူမနဲ႕ လက္ထပ္ရမွာကို သူအစကတည္းက သိေနတာလား..
"ငယ္..ကိုယ္ေတာင္းပန္ပါတယ္ေနာ္ ကိုယ့္ကို စိတ္မဆိုးဖို႔ ေမွ်ာ္လင့္လိုရမလား?
ျမတ္စြာဘုရား...ရဲနိုင္ နားၾကားမွားေနသလားလို႔ ေတြးၿပီး ေသခ်ာျပန္နားေထာင္လိုက္၏။ နားၾကားမွားသည္ မဟုတ္ဘဲ သူ႕သူေဌးက ဇနီးျဖစ္သူကို ေတာင္းပန္စကား ေျပာေနျခင္းပင္။ အမ်ိဳးသားေတြကိုေတာင္ မေတာင္းပန္တဲ့ မာနဘုရင္ႀကီးက မိန္းကေလး တစ္ေယာက္ကို ေတာင္းပန္ေနသည္ တဲ့လား....
သူ႕စကားေၾကာင့္ ေ႐ႊေခတ္ ေတြေဝေနရာမွ ရပ္လိုက္ၿပီး...
"ရွင္ ကြၽန္မ မသိဘဲ ဘာေတြ ခိုးလုပ္ထားေသးတာလဲ ကြၽန္မကို လက္မထပ္ရခင္ကတည္းက ေနာက္ေယာင္ခံေနရေအာင္ ရွင္က ရွင္ဘုရင္ႀကီးမို႔လား ကြၽန္မက အဲလို လိမ္ညာခိုးမိုး တတ္တဲ့ လူေတြကို ဘယ္ေလာက္မုန္းတတ္တာ ေဒၚေလး ေျပာျပၿပီးၿပီ မဟုတ္လား ရွင္က မမွတ္ထားတာပဲေနမယ္ ရပါတယ္ေလ..ရွင္ကေတာင္ ကြၽန္မ စိတ္မဆိုးဖို႔ ေမွ်ာ္လင့္ရဲေသးတာပဲ ကြၽန္မက စိတ္ဆိုးဖို႔ အစီအစဥ္ ဆြဲရေတာ့မွာေပါ့
သူမ အသံက တုန္တုန္ရီရီ ။ စိတ္ဆိုးေနမွန္း အေတာ္ကို သိသာလွသည္။
"ငယ္...ကိုယ္ ဆိုလိုတာ အဲလိုမဟုတ္..
ေဝယံ စကားေတာင္ မဆုံးေသးခင္ သူမက ဆိုဖာမွ ထၿပီး အိမ္ေပၚ သို႔ ေလွကားထစ္ ေတြနဲ႕ အညီ ေျပးတက္သြားသည္။ ရဲနိုင္နဲ႕ အိမြန္ မွာေတာ့ ရန္ျဖစ္ေနတဲ့ ၾကင္စဦးေမာင္ႏွံကို ၾကည့္ၿပီး ေျပာစရာစကားမဲ့ေနလ်က္။ အိမြန္မွာ သူတာခ်ီလိတ္ကို သူ႕အေဖကုမၸဏီကိစၥႏွင့္ လာရင္း ေ႐ႊေခတ္အား အလည္တစ္ေခါက္ေလာက္ ဝင္ဖို႔ရန္ ေတြးၿပီး လိပ္စာေတာင္းခဲ့လိုက္၏။ သို႔ေသာ္ ကံမေကာင္းသည္က ေ႐ႊေခတ္ေပးေသာအိမ္ လိပ္စာေရွ႕တြင္ အရင္တစ္လခန့္က ေ႐ႊေခတ္ကို ေခ်ာင္းလားေျမာင္းလား လုပ္ေနေသာ ဂ်ေလဘီ တစ္ေယာက္အား ေတြ႕ၿပီး သတ္ပုတ္ဖို႔ရန္ အဆင္သင့္ ျဖ္ေနခဲ့၏။ သူမေၾကာင့္ သူတို႔လင္မယား ရန္ျဖစ္ရတယ္လို႔ ေတြးၿပီး
"ကြၽန္မ ...အမွားႀကီးႀကီးမားမား တစ္ခု လုပ္လိုက္မိၿပီလား ကိုေဝယံ?
သို႔ေသာ္ ျပန္ေျဖသံ ထြက္မလာ။ ေဝယံပိုင္မွာ မွန္စားပြဲကိုသာ ေငးၾကည့္ေနၿပီး သူမေလးကို ဘယ္လိုေခ်ာ့မွရမလဲ လို႔ စဥ္းစားလို႔ေန၏။ မိႏွစ္အနည္းငယ္ၾကာမွ..
"ဘာမွမျဖစ္ဘူး မင္းျပန္ေတာ့
မာေက်ာေက်ာအသံမွာ ခုနသူ႕ဇနီးကို တငယ္ ငယ္ႏွင့္ေခၚေနေသာ အခ်ိန္ႏွင့္ကြာပ။
ရဲနိုင္မွာ မျပန္ေသးပဲ ေဝယံ၏ ေနာက္ထပ္စကားတစ္ခြန္း ေမွ်ာ္ကိုးေနဟန္ႏွင့္ ျဖစ္ေနေသာ အိမြန္ကို
"ဘာလဲ အခုထိ မျပန္ေသးဘူးလား_
အိမြန္မွာ သူ႕အိတ္ႀကီးႏွင့္ ရဲနိုင္ကို ကိုင္ေပါက္မည္အလုပ္ ျပႆနာတက္ေနသည့္ စုံတြဲအား သနားသြားၿပီး ျပန္ခ်ထားလိုက္၏။
"ရဲနိုင္..မင္းလည္း တူတူပဲ ျပန္ေတာ့
ေဝယံပိုင္၏ ထိုစကားမွာေတာ့ အိမြန္ကို အေက်နပ္ႀကီး ေက်နပ္မႈကို ရရွိေစသည္။ ရွင္လည္းတူတူပဲဟု အမူအရာျဖင့္ ပုံေဖာ္ျပကာ အိမ္ျပင္ ထြက္သြား ေလ၏။ အေအးဓာတ္လႊင့္ေနေသာ ေဆာင္းရာသီဥကၠဌ ႀကီးေဘးတြင္ ၾကာၾကာမေနနိုင္ေသာ ရဲနိုင္ကလည္း အိမ္ျပင္ကို အေျပး ထြက္သြားေလ၏။
သူတို႔အားလုံး ျပန္သြားမွ ေဝယံပိုင္ အိမ္ေပၚသို႔ ေျပးတက္ကာ သူမအား ရွာေလသည္။ သူမေလးမွာ ျပတင္းဘက္ကို မ်က္ႏွာလွည့္ေနၿပီး ေနေရာင္စူးစူးႀကီးကို အံခဲေန၏။
ခပ္တိုးတိုး ေျခလွမ္းသံကို ၾကားရကတည္း သူမွန္းေ႐ႊေခတ္ သိေနခဲ့သည္။ သူမ ျမင္ကြင္း အေပၚဘက္မွ လက္ဖဝါး တစ္စုံ အရိပ္လာက်သည္ႏွင့္ တၿပိဳင္နက္ သူမလွည့္ထြက္သြားဖို႔ရန္ စိတ္ကူးေပါက္လိုက္သည္။ သို႔ေသာ္ သူမစိတ္ကူးကို ပုံမေဖာ္လိုက္နိုင္ခဲ့ေပ။ အျဖဴေရာင္ bathrobe ႏွင့္ ေယာက္်ား တစ္ေယာက္၏ ရင္ခြင္ထဲသို႔ ဆြဲသြင္းျခင္းကို ခံလိုက္ရသည္။
"ရွင္..ရွင္ ကြၽန္မကိုလႊတ္..
သူမ ခ်က္ခ်င္း႐ုန္း၏။ သို႔ေသာ္ အားအင္မွာ မမွ်တေသာေၾကာင့္ သူဖက္ထားသည္ကို ပိုတင္းျခင္းသာ အက်ဳံးဝင္ေနေလသည္။
"ဟမ္..ငယ္ ကိုယ့္ကိုစိတ္ဆိုး ေနတုန္းလား
ထိုသို႔ေျပာၿပီး သူမကို ခပ္တင္းတင္း ဖက္ထားရာမွ အသက္ရႉမက်ပ္ဖို႔ နည္းနည္ကြာေပးလိုက္သည္။
"ရွင္က ေမးရဲ ေသးတာလား..
"ဘာလို႔ မေမးရဲ ရမွာတုန္း..ကိုယ္က ကိုယ့္အျပစ္ကို ဝန္ခံလိုက္ၿပီး ေတာင္းပန္စကားေတာင္ ဆိုပြီးပြိိီလေ..
သူအျပစ္ကင္းသြားၿပီ ျဖစ္ေၾကာင္း ကိုယ့္ကိုယ္ကို ကြန္ဖီးဒန့္ လယ္ဗယ္ အရမ္းႀကီး ျမင့္ေနေသာ ထိုလူကို ေ႐ႊေခတ္ ပိုပိုၿပီး စိတ္တိုလာမိသည္။ သူႏွင့္ အလြန္နီးကပ္ေနသည္ကို သတိမထားမိေတာ့ဘဲ သူ႕ရင္ဘတ္ႀကီးကို လက္ေလးေတြျဖင့္ တဘုန္းဘုန္းထု ကာ
"ရွင္..ရွင္အရွက္မရွိဘူး လူယုတ္မာ !
ထိုစကားလုံးမ်ား စိတ္တိုေနသည့္ မ်က္ႏွာေလးႏွင့္ သူမကို ေဝယံပိုင္ ပိုပို၍ပင္ ရင္ခုန္လာသည္။ သူမေလးမွာ သူ႕မ်က္ႏွာကို မၾကည့္ဘဲ ခုန္ေနေသာ ရင္ဘတ္ႀကီးကို ထုေနသည့္အတြက္ ေဝယံ့၏ ႏွလုံးသားတစ္စုံမွာ တည္မၿငိမ္ ျဖစ္လာသည္။ နဖူးေပၚ နည္းနည္းပါးပါး ျဖာက်ေနသည့္ ဆံပင္မ်ားမွာ သူမအလွကို ပို၍ပင္ ေထာက္ပံံ့ေပးေနသေယာင္ပင္။
ေဝယံ့မ်က္လုံးအစုံမွာ ႐ုတ္တရက္ တတြတ္တြတ္ႏွင့္ ဘာကိုေျပာလို႔ေျပာမွန္းမသိ လႈပ္ရွားေနသည့္ သူမေလး၏ ပန္းေရာင္သန္းေနေသာ ႏႈတ္ခမ္းတစ္စုံေပၚသို႔ က်ေရာက္သြားသည္။ သူ သူမေလးကို ေခ်ာ့ဖို႔ အႀကံရသြားၿပီ!
ေ႐ႊေခတ္မွာ ေျခာက္ေပေလာက္အရပ္ရွည္ေသာ ထိုလူ၏ ရင္ဘတ္ကို တဘုန္းဘုန္းရိုက္ေန၏။ အံ့ၾသသည္က ထိုလူမွာ မ႐ုန္းပဲ သူမျပဳသမွ်ၿငိမ္ခံေနသည္။ (နင့္ကို ေငးေနၿပီး နင့္ကို စားေတာ့မွာကို နင္ေလမသိဘူး:)
႐ုတ္တရက္ ဆိုသလို ခပ္ေအးေအး လက္တစ္စုံက သူမ ေမးဖ်ားေပၚေရာက္လာၿပီး ေမးဖ်ားမွာ ထိုလက္ပင့္သလို ေမာ့လာရသည္။ ထိုအခ်ိန္တြင္မွ သူမမွာ အေရာင္တလက္လက္ ေတာက္ပေနေသာ ထိုလူ၏ မ်က္လုံးမ်ားျဖင့္ ဆုံမိၿပီး သူႏွင့္အေတာ္ကို နီးကပ္ေနမွန္း သတိထားမိေလ၏။ ႏွလုံးသား မွာလည္း ေက်ာက္စရစ္ခ်သည့္ ထရပ္ကားႀကီးလို ဒုန္းဒုန္းဒိုင္းဒိုင္း ခုန္ေပါက္လ်က္။
သူမ ခ်က္ခ်င္းအသိရကာ သူ႕ကို ေရွာင္ထြက္ရန္ႀကိဳးစားလိုေပမယ့္ ခႏၶာသာ ေ႐ႊ႕သြားၿပီး မ်က္ႏွာမွာ သူ႕ပင့္ထားသည့္ ေမးဖ်ားေၾကာင့္ မေ႐ႊ႕နိုင္ခဲ့ေပ။ ခ်က္ခ်င္းဆိုသလို သူမႏႈတ္ခမ္းကလည္း အိစက္ေနသည့္ အထိအေတြ႕ တစ္ခုကို ခံစားလိုက္ရသည္။
ဘယ္တုန္းက ပိတ္သြားမွန္း မသိေသာ မ်က္လုံးအစုံကို ဖြင့္ၾကည့္ေတာ့ သူမနည္းတူ မ်က္စိမွိတ္ထားသည့္ လူႏွင့္ တစ္လက္မသာျခားၿပီး ဆုံလိုက္ရသည္။ ထိုအခ်ိန္မွ သူ သူမကို နမ္းေနေၾကာင္း သိလိုက္ရၿပီး အလ်င္အျမန္ တြန္းထုတ္လိုက္သည္။ သူမ ဘာစကားမွ မေျပာနိုင္ေသး ။ ထိုသည္မွာ သူမ၏ ပထမဆုံး အနမ္းပင္။ စကၠန့္အနည္းငယ္ၾကာမွ တုန္တုန္ရီရီ အသံျဖင့္
"ရွင္..ရွင္ ဘာလုပ္တာလဲ
စိုစြတ္ေနသည့္ ႏႈတ္ခမ္းကို လက္ေမာင္းျဖင့္ သုတ္ကာ ေ႐ႊေခတ္ ေျပာလိုက္သည္။
"ငယ့္ ကို စိတ္ဆိုးေျပေစဖို႔ ေခ်ာ့ေနတာေလ..
"ရွင္!!
............
31.10.21
ရွည္ေပမယ့္ ႀကိဳက္မယ္လို႔ေမွ်ာ္လင့္ပါတယ္ရွင္
ေအာက္တိုဘာရဲ႕ ေနာက္ဆုံးေန႕ေလး..
Advertisement
- In Serial1436 Chapters
Young Master Gu, Please Be Gentle
After facing her fiancé's betrayal, things take an unexpected turn after Tang Mo’er inadvertently gets involved with the Capital’s preeminent magnate, Gu Mohan.
8 1504 - In Serial11 Chapters
I'll Become Stronger, My Duke
Laura, a young woman victim of bullying throughout her whole life found herself at peace in the novels she read. But what happens when she reincarnates as the villainess of her favorite novel "Mille Occhi"? Will she be able to survive her death and live peacefully? This publication is a creative work fully protected by all applicable copyright laws.
8 124 - In Serial10 Chapters
Freedom { Shownu Series }
Shownu deepens his relationship with his English teacher.
8 143 - In Serial60 Chapters
Just Friends || h.s.
PREVIOUSLY NAMED "TENSION"~Nothing is louder than the silence between two people who used to be so in love with each other~•••In her first year of college, Madison made memories and fell in love with a green-eyed English boy. But all of that came crashing down by the time by time sophomore year came and the man she loved went home. Three years later, the two finally meet again in the beautiful city of Toronto.
8 128 - In Serial26 Chapters
How I Got To You | Morgan Wallen
Two best friends and a concert in Maryland, where will the end up? More importantly who will they end up with?The trial and errors of two girls, will friendships be tested?
8 175 - In Serial44 Chapters
She's a flirt (training camp x reader)
#1 haikyuu fanfiction october 23, 2022In which y/n works at a boys volleyball training camp every summer. Her only goal, F hot boys and flirt as much as she can. Not being seen at school drives her crazy. So she will be seen atleast here if she can help it. And she wants to show these cute boys all she can. WARNING: every boy and y/n herself. Are aged up atleast 18+. There are no minor characters who will be shown sexually!!NUMBER 1 in HAIKYUU FANFICTION 10/10/22!!!!!
8 101

