《Untamed Flower( ပန်းရိုင်း)》အပိုင်း၅၄
Advertisement
အနက်ရောင် တောဒဏ်ခံနိုင်သည့် toyota ကားတစ်စီးမှာ တစ်ပတ်စာ စားနပ်ရိက္ခာတွေ စုတင်ပြီး ဟိုပုံးမြို့နယ် လုံးဟီးအုပ်စု ကျေးရွာများရှိရာဆီသို့ ဦးတည်မောင်းနှင်လာနေသည်။
ဝေယံနှင့် ရွှေခေတ်တို့ နှစ်ယောက် မနေ့နံနက်စောစောကတည်းက အိမ်မှထွက်လာခဲ့ပြီး ဟိုပုံးမြို့ရှိ ဝေယံပိုင်၏ အတန်းဖော်ဟောင်း ကိုစိုင်းမွန်း အိမ်ကို ညနေစောင်း ေလာက်မှရောက်ခဲ့ကြသည်။ ကိုစိုင်းမွန်းမှာ ကျိုင်းတုံ ဇာတိဖြစ်သော်လည်း မိသားစု စီးပွားရေး အရွေ့အပြောင်းကြောင့် ဟိုပုံးဘက်သို့ အထက်တန်းကျောင်းကတည်းက ပြောင်းရွှေ့သွားခဲ့ရသည်။ ထိုသို့ဝေးသွားသော်လည်း ဝေယံပိုင်နှင့် ဘော်ဒါကောင်းပီပီ အဆက်အသွယ် မပြတ်ခဲ့ပေ။
သို့သော် ဒီတစ်ခါ ကိုစိုင်းမွန်း အတော်ကြီးကို ခံပြင်းသွား၏။ သူနေထိုင်သည့် ဟိုပုံးမြို့နှင့် ၁၂မိုင်သာ ဝေးကွာသော တောင်ကြီးမြို့ တွင် မင်္ဂလာဆောင် တာတောင် သူ့ကိုမဖိတ်သည်သာမက လက်ထပ်သွားကြောင်းကို တောင် သတင်းမပါးခဲ့ပေ။ ဒါတောင် ဒင်းက အခု ပျားရေစမ်း ခရီးအတွက် သူ့ကို အကူအညီ လာတောင်းရဲသေးသည်။
"မင်းကွာ..မင်္ဂဆောင်ကို မဖိတ်တာ ဘာမှမဖြစ်ပေမယ့် လက်ထပ်သွားတာကိုတော့ သတင်းလေးဘာလေး ပါးသင့်တယ်လေ..အခုဟာက ”
"အာ..မင်းကလည်း ရေးကြီးခွင်ကျယ်ကို လုပ်နေတာ ငါ့လက်ထပ်ပွဲက လူသုံးဆယ်တောင် မပြည့်ဘူး အခုမင်းငါ့မိန်းမ မြင်နေရပြီပဲလေ ဘာလိုသေးလဲ”
ဝေယံပိုင် စကားကြောင့် ကိုစိုင်းမွန်း မျက်လုံးအစုံ ပြူးသွားပြီး
"ဘာကွ...မင်း လက်ထပ်ပွဲ က လူသုံးဆယ်တောင် မပြည့်ဘူး ခယ်မလေး..မင်းယောက်ျားက အဲဒီ ကပ်စီးကုပ် အကျင့်ကို မဖြတ်နိုင်သေးဘူး ထင်တယ် ဒီလောက် ချောမောလှပတဲ့ မိန်းမရထားတာတောင် မင်္ဂလာပွဲ ကို လူသုံးဆယ်ပြည့်အောင် မဖိတ်ဘူး..…”
အဲလိုစကား ဟလာမည်ကို ဝေယံ မလာခင်ကတည်း ခန့်မှန်းမိနေပြီမို့..
"မင်း...မသိပါဘူးကွာ”
ရွှေခေတ်မှာတော့ မိန်းမဆိုတဲ့နာမ်စား ရော ခယ်မလေးဆိုသည့် နာမ်စားရော နာမ်စားနှစ်ခုကြားမှာ ဂူထဲပိတ်ခံရသည့် သမင်ပျိုပမာ။ အစပြုစမည့် စကားစကလေးတောင် ရှာမတွေ့ပေ။ သို့သော် ဒီတစ်ခါတော့ သူ့ခင်ပွန်းဖြစ်သူ ကပ်စီးကုပ်လို့ အစွပ်စွဲခံရသည်ကိုတော့ အငြိမ်မခံ။ လက်ထပ်ပွဲကသူမဆန္ဒ ကြောင့်သာ သေးငယ်သွားရသောကြောင့် ဝေယံပိုင်ကို အပြစ်တင်မှာကို သူမကန့်ကွက်၏။
"မဟုတ်ပါဘူး..လက်ထပ်ပွဲကကျွန်မ ဆန္ဒအရ လုပ်လိုက်တာပါ..”
ထိုအခါတွင်မှ ဝေယံပိုင် ကိုစိုင်းမွန်းကို မျက်ခုံးပင့်ပြကာ တွေ့ပြီလားဆိုပြီး မေးလိုက်သည်။ စကားအတော်အတန်ကြာ ပြောပြီး ဝေယံက သူတို့ထွက်မည့်ခရီးကို အစပြုတော့ ကိုစ်ိုင်းမွန်းခမျာ ဗိုက်ပူကြီးကို ဖိဖိပြီး ရယ်နေရသည်။ သူအသက်ရှင်လာသည့် တစ်လျှောက် ဟန်းနီးမွန်းကို လေ့လာရေးခရီးထွက်ဖို့လုပ်နေသော စုံတွဲအား ပထမဆုံးမြင်တွေ့ဖူးခြင်းဟု ပြောလေ၏။ ထိုသို့လှောင်ရယ်သော်လည်း နောက်ဆုံးတွင် တောင်ပေါ်တိုင်းရင်းသားဒေသက သူသိကျွမ်းသော အသိတစ်ယောက်အား မိတ်ဆက်ပေးပြီး ထိုသူအား သူတို့နှစ်ယောက်အတွက် လမ်းပြပေးစေ၏။
သူတို့နှစ်ဦး မောင်းလာသည့်ကားမှာ တောဒဏ်မခံနိုင်သည့်အတွက် ကိုစိုင်းမွန်း ကသူ၏ တောတက်တောင်တက် ဒဏ်ခံနိုင်သည့် toyota တစ်စီး ငှားပေးလိုက်ရသည်။ သူတို့ မနက်စောစောပင် ဟိုပုံးကထွက်လာခဲ့၍ နေအတော်လေး မမြင့်သေးခင် ကိုစိုင်းမွန်း ဆက်သွယ်ပေးထားသည့် တိုင်းရင်းသားတစ်ဦး၏ အိမ်သို့ ရောက်ရှိခဲ့သည်။ ေတာင်တန်းဒေသမို့ ကိုးနာရီလောက်မှ နေလုံးကြီးကို ရှင်းရှင်းလင်းလင်းမြင်ရ၏။
ရွှေခေတ်မှာ သူမကို မသွားသွားအောင် ကျီစယ်နှောင့်ယှက်ပြီး အတင်းလိုက်ခိုင်းသော လူကြီးနှင့် တောလမ်းတစ်လျှောက် ကားတူတူနှစ်ယောက်ထဲ စီးလာရ၍ စိတ်ပျက်နေမိသည်။ ဟိုနေ့က ဘာလို့သူမ သူ့ကို တောထဲ အပန်းဖြေ ဖို့အကြံပေးမိတာပါလိမ့်..
သစ်ဆေးရောင် ပျဥ်ချပ်များဖြင့် ပြုလုပ်ထားသည့် အိမ်များမှာ အုံမှိုင်းမှိုင်းတောင်တန်းဒေသ၏ ချိုင့်ဝှမ်းတောင်အောက်တွင် ရှိသဖြင့် မြင်ရသူတိုင်း အဖို့ အတော်ကိုလှပလွန်းသည့် ကဗျာတစ်ပုဒ်လိုပင်။ ထိုရွာလေးတွင် နေထိုင်သူအားလုံးမှာ တောင်ယာလုပ်ကိုင်ကြပြီး အသက်မွေးဝမ်းကျောင်းပြုနေကြသော တောင်သူလယ်သမား ပအိုဝ်း တိုင်းရင်းသားများပင်ဖြစ်၏။
(သာသာ အောက်မှာ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်မှုကို ဖော်ပြထားပါတယ်နော်..)
ဒီပုံက အောင်ရဲလင်းနဲ့ ဝတ်မှုန်ရွှေရည် အနမ်းဝိုင်ရုပ်ရှင်ထဲက ပုံတွေပါ..
.........
အနက်ရောင် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ယောက်ျားမိန်းမမရွေး ခေါင်းပေါင်းပေါင်းထားကြ၏။ အကုန်လုံးက ရွှေခေတ်တို့ လင်မယားနှစ်ယောက်အပေါ် ဖော်ရွေကြပြီး ဗမာစကားမတတ်ရင်တောင် ဝိုးတိုးဝါးသား အမူအရာဖြင့် စကားလာပြောကြသည်။
ဝေယံပိုင်မှာ ထိုသို့ လူအများကြီးနှင့် နီးနီးကပ်ကပ် မနေဖူးသဖြင့် အနေထိုင်ရခက်လာ၏။ သို့သော် ရွှေခေတ်မှာ ဗမာစကားတစ်စွန်းတစ်စ အသံဝဲဝဲနှင့် ပြောတတ်သော အမျိုးသမီးကြီးများနှင့် စကားလက်ဆုံကျနေလေသည်။
ထိုအမျိုးသမီးများက ဒီနေ့ည သူတိုရွာတွင် မီးပုံပွဲကြီးရှိသည်ဟု ပြောကာ သူမတို့အား လိုက်ပါဆင်နွှဲရန် တိုက်တွန်းနေကြ၏။ ဝေယံက ကြားကြားချင်းပင် ငြင်းလိုက်သည်။ သို့သော် စူးစမ်းလေ့လာချင်စိတ် အပြည့်နှင့် ရွှေခေတ်မှာ ထိုပွဲအား သွားရောက်ချင်နေသဖြင့် ယောက်ျားဖြစ်သူအား ပူဆာလေတော့၏။
"ကိုယ်ပြောတယ်လေ..မရဘူးဆိုမရဘူးပဲ..ငယ်က ဟန်းနီးမွန်း ပထမဆုံးနေ့ကို ဒီလို အချိန်ဖြုန်းပစ်ချင်တာလား...”
ရွှေခေတ်က အောက်နှုတ်ခမ်းကို ကိုက်ကာ ဝိုင်းစက်နေသည့် မျက်လုံးများနှင့် ဝေယံကို ကြည့်နေ၏။ ထိုအကြည့်က ဝေယံအား ခေါင်းမွှေးမီးလောင် စေသလိုပင် ပူပြင်းလှသည်။ ဘာလို့ အဲလောက်ထိ ချစ်စရာကောင်းနေရတာလဲ...။ တခြားအချိန်မှာ ထိုအမူအရာသာလာလုပ်ပြရင် သူ သူမလေးတောင်းဆိုသမျှ နှလုံးတစ်စုံကိုတောင်မှ ဓားနဲ့မွှန်းခွဲပြီး ရက်ရက်ရောရောထုတ်ပေးလိမ့်မည်။ သို့သော် ဒါက ပျားရေစမ်းခရီး!
Advertisement
အမှန်ဆိုရင် ကြင်စဦးမောင်နှံ နှစ်ယောက်တည်းသာ ငြိမ်းငြိမ်းချမ်းချမ်းလေး ရှိနေရမည်။
"ဒီတစ်ည တည်းပါ ရှင်ရယ်..နော်..နော်လို့”
သူ့အင်္ကျီ လက်ကိုဆွဲကာ ပူဆာပြီး ပြောနေလေ၏။
"ကိုယ်..မရဘူးလို့ ပြောနေတယ်လေ..”
"ရှင်ဘာလို့ သိပ်ကပ်စေးနဲ နေရတာလဲ တစ်ညတည်းကို”
"တကယ်ဆို အဲတစ်ညက ကိုယ်နဲ့ငယ့်အတွက် အရေးကြီးညပဲလေ..”
"ရှင်..!”
မဆဲမိဖို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် သတိပေးနေရသည်။ သူမအခု စိတ်ထဲတွင် ထိုပွဲသွားရဖို့ကလွဲလျှင် တခြားမရှိပေ။
ထို့ကြောင့် စိတ်ကို တင်းပြီး
"ရှင်...ကျွန်မကို ပေးသွားရင် ကျွန်မရှင့် ပါးကို နမ်းမယ်”
ထိုသို့ပြောထွက်လိုက်ပြီးမှ မှားသွားကြောင်း အသိရလာ၏။ သို့သော် ထိုစကားကို ပြန်ကောက်သိမ်း၍မရတော့ပေ။ ဇွတ်အတင်း ရချင်တဲ့အချိန်ကျရင် လူတွေဟာ အရှက်မဲ့တတ်ကြသည် ဆိုသောစကားပုံက သူမနှင့်လာဆိုင်နေသည်။
သူမစကားကြောင့် ဝေယံထိုင်နေရာမှ ထလိုက်ပြီး သူမအနားလျှောက်သွားလိုက်၏။ သစ်ပင်ကြီးအောက်မို့ နေပူသော်လည်း အရိပ်ရ၍ တောင်တန်းဒေသ သဘာဝ အေးစိမ့်နေသည်။
ရွှေခေတ်က သူမဆီလျှောက်လာသော သူကိုကြည့်ပြီး မကောင်းသည့် အငွေ့အသက်များ ရနေသည်။ ဒီလူ ဘာလုပ်မလို့လဲ.. ဒါမှမဟုတ် ခုနကသူမစကားကြောင့် သူမကို လွယ်တဲ့မိန်းခလေးလို့ ထင်သွားတာတော့မဟုတ်ပါဘူးနော်...
ဝေယံသူမနားဆီ မျက်နှာအပ်ပြီး တိုးလျလျအသံနှင့်
"ဆယ်ခါ ဆိုရင်ရော..”
သူ့စကားကြောင့် သူမမျက်နှာမှာ ချပ်ချင်းပင် ရဲတက်လာပြီး
"ရှင် မညစ်နဲ့ ငါးကြိမ်ဆို ရပြီလေ”
"အခါတစ်ရာ..”
"ရှင် ရှင်..လူယုတ်မာ! ”
ဝေယံပိုင် ကျေနပ်မှုပြည့်နေသော အပြုံးတစ်ခုကာ ပြုံးလိုက်ကာ..
"ငယ် ကတစ်ခါငြင်းတိုင်း ကိုယ်ဆယ်ဆတိုးပစ်မှာ ငယ်ပဲ ဒီအပေးအယူကို စတင်လိုက်တဲ့သူလေ..”
သူမတကယ်ပဲ ဒီအပေးအယူကြီးကို စတင်လိုက်သည်မှာ မှန်ပင်မယ့် သူက ဒီလောက်ထိ လိုလို့လား..ဦးနှောက်ပျက်သွားတာပဲ ဖြစ်မယ်
"ရှင် ရှင်ကရူးနေတာပဲ”
"ငယ့်အတွက်ဆို ကိုယ်တသက်လုံးရူးနေရလည်း ကျေနပ်တယ်..”
..........
1.11.21
အနက္ေရာင္ ေတာဒဏ္ခံနိုင္သည့္ toyota ကားတစ္စီးမွာ တစ္ပတ္စာ စားနပ္ရိကၡာေတြ စုတင္ၿပီး ဟိုပုံးၿမိဳ႕နယ္ လုံးဟီးအုပ္စု ေက်း႐ြာမ်ားရွိရာဆီသို႔ ဦးတည္ေမာင္းႏွင္လာေနသည္။
ေဝယံႏွင့္ ေ႐ႊေခတ္တို႔ ႏွစ္ေယာက္ မေန႕နံနက္ေစာေစာကတည္းက အိမ္မွထြက္လာခဲ့ၿပီး ဟိုပုံးၿမိဳ႕ရွိ ေဝယံပိုင္၏ အတန္းေဖာ္ေဟာင္း ကိုစိုင္းမြန္း အိမ္ကို ညေနေစာင္း ေလာက်မှရောက်ခဲ့ကြသည်။ ကိုစိုင္းမြန္းမွာ က်ိဳင္းတုံ ဇာတိျဖစ္ေသာ္လည္း မိသားစု စီးပြားေရး အေ႐ြ႕အေျပာင္းေၾကာင့္ ဟိုပုံးဘက္သို႔ အထက္တန္းေက်ာင္းကတည္းက ေျပာင္းေ႐ႊ႕သြားခဲ့ရသည္။ ထိုသို႔ေဝးသြားေသာ္လည္း ေဝယံပိုင္ႏွင့္ ေဘာ္ဒါေကာင္းပီပီ အဆက္အသြယ္ မျပတ္ခဲ့ေပ။
သို႔ေသာ္ ဒီတစ္ခါ ကိုစိုင္းမြန္း အေတာ္ႀကီးကို ခံျပင္းသြား၏။ သူေနထိုင္သည့္ ဟိုပုံးၿမိဳ႕ႏွင့္ ၁၂မိုင္သာ ေဝးကြာေသာ ေတာင္ႀကီးၿမိဳ႕ တြင္ မဂၤလာေဆာင္ တာေတာင္ သူ႕ကိုမဖိတ္သည္သာမက လက္ထပ္သြားေၾကာင္းကို ေတာင္ သတင္းမပါးခဲ့ေပ။ ဒါေတာင္ ဒင္းက အခု ပ်ားေရစမ္း ခရီးအတြက္ သူ႕ကို အကူအညီ လာေတာင္းရဲေသးသည္။
"မင္းကြာ..မဂၤေဆာင္ကို မဖိတ္တာ ဘာမွမျဖစ္ေပမယ့္ လက္ထပ္သြားတာကိုေတာ့ သတင္းေလးဘာေလး ပါးသင့္တယ္ေလ..အခုဟာက
"အာ..မင္းကလည္း ေရးႀကီးခြင္က်ယ္ကို လုပ္ေနတာ ငါ့လက္ထပ္ပြဲက လူသုံးဆယ္ေတာင္ မျပည့္ဘူး အခုမင္းငါ့မိန္းမ ျမင္ေနရၿပီပဲေလ ဘာလိုေသးလဲ
ေဝယံပိုင္ စကားေၾကာင့္ ကိုစိုင္းမြန္း မ်က္လုံးအစုံ ျပဴးသြားၿပီး
"ဘာကြ...မင္း လက္ထပ္ပြဲ က လူသုံးတယ္ေတာင္ မျပည့္ဘူး ခယ္မေလး..မင္းေယာက္်ားက အဲဒီ ကပ္စီးကုပ္ အက်င့္ကို မျဖတ္နိုင္ေသးဘူး ထင္တယ္ ဒီေလာက္ ေခ်ာေမာလွပတဲ့ မိန္းမရထားတာေတာင္ မဂၤလာပြဲ ကို လူသုံးဆယ္ျပည့္ေအာင္ မဖိတ္ဘူး..
အဲလိုစကား ဟလာမည္ကို ေဝယံ မလာခင္ကတည္း ခန့္မွန္းမိေနၿပီမို႔..
"မင္း...မသိပါဘူးကြာ
ေ႐ႊေခတ္မွာေတာ့ မိန္းမဆိုတဲ့နာမ္စား ေရာ ခယ္မေလးဆို႔သည့္ နာမ္စားေရာ နာမ္စားႏွစ္ခုၾကားမွာ ဂူထဲပိတ္ခံရသည့္ သမင္ပ်ိဳပမာ။ အစျပဳစမည့္ စကားစကေလးေတာင္ ရွာမေတြ႕ေပ။ သို႔ေသာ္ ဒီတစ္ခါေတာ့ သူ႕ခင္ပြန္းျဖစ္သူ ကပ္စီးကုပ္လို႔ အစြပ္စြဲခံရသည္ကိုေတာ့ အၿငိမ္မခံ။ လက္ထပ္ပြဲကသူမဆႏၵ ေၾကာင့္သာ ေသးငယ္သြားရေသာေၾကာင့္ ေဝယံပိုင္ကို အျပစ္တင္မွာကို သူမကန့္ကြက္၏။
"မဟုတ္ပါဘူး..လက္ထပ္ပြဲကကြၽန္မ ဆႏၵအရ လုပ္လိုက္တာပါ..
ထိုအခါတြင္မွ ေဝယံအိုင္ ကိုစိုင္းမြန္းကို မ်က္ခုံးပင့္ျပကာ ေတြ႕ၿပီလားဆိုၿပီး ေမးလိုက္သည္။ စကားအေတာ္အတန္ၾကာ ေျပာၿပီး ေဝယံက သူတို႔ထြက္မည့္ခရီးကို အစျပဳေတာ့ ကိုစ်ိုင်းမွန်းခမျာ ဗိုက္ပူႀကီးကို ဖိဖိၿပီး ရယ္ေနရသည္။ သူအသက္ရွင္လာသည့္ တစ္ေလွ်ာက္ ဟန္းနီးမြန္းကို ေလ့လာေရးခရီးထြက္ဖို႔လုပ္ေနေသာ စုံတြဲအား ပထမဆုံးျမင္ေတြ႕ဖူးျခင္းဟု ေျပာေလ၏။ ထိုသို႔ေလွာင္ရယ္ေသာ္လည္း ေနာက္ဆုံးတြင္ ေတာင္ေပၚတိုင္းရင္းသားေဒသက သူသိကြၽမ္းေသာ အသိတစ္ေယာက္အား မိတ္ဆက္ေပးၿပီး ထိုသူအား သူတို႔ႏွစ္ေယာက္အတြက္ လမ္းျပေပးေစ၏။
သူတို႔ႏွစ္ဦး ေမာင္းလာသည့္ကားမွာ ေတာဒဏ္မခံနိုင္သည့္အတြက္ ကိုစိုင္းမြန္း ကသူ၏ ေတာတက္ေတာင္တက္ ဒဏ္ခံနိုင္သည့္ toyota တစ္စီး ငွားေပးလိုက္ရသည္။ သူတို႔ မနက္ေစာေစာပင္ ဟိုပုံးကထြက္လာခဲ့၍ ေနအေတာ္ေလး မျမင့္ေသးခင္ ကိုစိုင္းမြန္း ဆက္သြယ္ေပးထားသည့္ တိုင္းရင္းသားတစ္ဦး၏ အိမ္သို႔ ေရာက္ရွိခဲ့သည္။ ေတာင်တန်းဒေသမို့ ကိုးနာရီေလာက္မွ ေနလုံးႀကီးကို ရွင္းရွင္းလင္းလင္းျမင္ရ၏။
Advertisement
ေ႐ႊေခတ္မွာ သူမကို မသြားသြားေအာင္ က်ီစယ္ႏွောင့္ယွက္ၿပီး အတင္းလိုက္ခိုင္းေသာ လူႀကီးႏွင့္ ေတာလမ္းတစ္ေလွ်ာက္ ကားတူတူႏွစ္ေယာက္ထဲ စီးလာရ၍ စိတ္ပ်က္ေနမိသည္။ ဟိုေန႕က ဘာလို႔သူမ သူ႕ကို ေတာထဲ အပန္းေျဖ ဖို႔အႀကံေပးမိတာပါလိမ့္..
သစ္ေဆးေရာင္ ပ်ဥ္ခ်ပ္မ်ားျဖင့္ ျပဳလုပ္ထားငည့္ အိမ္မ်ားမွာ အုံမွိုင္းမွိုင္းေတာင္တန္းေဒသ၏ ခ်ိဳင့္ဝွမ္းေတာင္ေအာက္တြင္ ရွိသျဖင့္ ျမင္ရသူတိုင္း အဖို႔ အေတာ္ကိုလွပလြန္းသည့္ ကဗ်ာတစ္ပုဒ္လိုပင္။ ထို႐ြာေလးတြင္ ေနထိုင္သူအားလုံးမွာ ေတာင္ယာလုပ္ကိုင္ၾကၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳေနၾကေသာ ေတာင္သူလယ္သမား ပအိုဝ္း တိုင္းရင္းသားမ်ားပင္ျဖစ္၏။
(သာသာ ေအာက္မွာ ပအိုဝ္းတိုင္းရင္းသားေတြရဲ႕ ဝတ္စားဆင္ယင္မႈကို ေဖာ္ျပထားပါတယ္ေနာ္..)
ဒီပုံက ေအာင္ရဲလင္းနဲ႕ ဝတ္မႈန္ေ႐ႊရည္ အနမ္းဝိုင္႐ုပ္ရွင္ထဲက ပုံေတြပါ..
.........
အနက္ေရာင္ ရိုးရာဝတ္စုံကို ဝတ္ဆင္ထားၿပီး ေယာက္်ားမိန္းမမေ႐ြး ေခါင္းေပါင္းေပါင္းထားၾက၏။ အကုန္လုံးက ေ႐ႊေခတ္တို႔ လင္မယားႏွစ္ေယာက္အေပၚ ေဖာ္ေ႐ြၾကၿပီး ဗမာစကားမတတ္ရင္ေတာင္ ဝိုးတိုးဝါးသား အမူအရာျဖင့္ စကားလာေျပာၾကသည္။
ေဝယံပိုင္မွာ ထိုသို႔ လူအမ်ားႀကီးႏွင့္ နီးနီးကပ္ကပ္ မေနဖူးသျဖင့္ အေနထိုင္ရခက္လာ၏။ သို႔ေသာ္ ေ႐ႊေခတ္မွာ ဗမာစကားတစ္စြန္းတစ္စ အသံဝဲဝဲႏွင့္ ေျပာတတ္ေသာ အမ်ိဳးသမီးႀကီးမ်ားႏွင့္ စကားလက္ဆုံက်ေနေလသည္။
ထိုအမ်ိဳးသမီးမ်ားက ဒီေန႕ည သူတို႐ြာတြင္ မီးပုံပဲႀကီးရွိသည္ဟု ေျပာကာ သူမတို႔အား လိုက္ပါဆင္ႏႊဲရန္ တိုက္တြန္းေနၾက၏။ ေဝယံက ၾကားၾကားခ်င္းပင္ ျငင္းလိုက္သည္။ သို႔ေသာ္ စူးစမ္းေလ့လာခ်င္စိတ္ အျပည့္ႏွင့္ ေ႐ႊေခတ္မွာ ထိုပြဲအား သြားေရာက္ခ်င္ေနသျဖင့္ ေယာက္်ားျဖစ္သူအား ပူဆာေလေတာ့၏။
"ကိုယ္ေျပာတယ္ေလ..မရဘူးဆိုမရဘူးပဲ..ငယ္က ဟန္းနီးမြန္း ပထမဆုံးေန႕ကို ဒီလို အခ်ိန္ျဖဳန္းပစ္ခ်င္တာလား...
ေ႐ႊေခတ္က ေအာက္ႏႈတ္ခမ္းကို ကိုက္ကာ ဝိုင္းစက္ေနသည့္ မ်က္လုံးမ်ားႏွင့္ ေဝယံကို ၾကည့္ေန၏။ ထိုအၾကည့္က ေဝယံအား ေခါင္းေမႊးမီးေလာင္ ေစသလိုပင္ ပူျပင္းလွသည္။ ဘာလို႔ အဲေလာက္ထိ ခ်စ္စရာေကာင္းေနရတာလဲ...။ တျခားအခ်ိန္မွာ ထိုအမူအရာသာလာလုပ္ျပရင္ သူ သူမေလးေတာင္းဆိုသမွ် ႏွလုံးတစ္စုံကိုေတာင္မွ ဓားနဲ႕မႊန္းခြဲၿပီး ရက္ရက္ေရာေရာထုတ္ေပးလိမ့္မည္။ သို႔ေသာ္ ဒါက ပ်ားေရစမ္းခရီး!
အမွန္ဆိုရင္ ၾကင္စဦးေမာင္ႏွံ ႏွစ္ေယာက္တည္းသာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလး ရွိေနရမည္။
"ဒီတစ္ည တည္းပါ ရွင္ရယ္..ေနာ္..ေနာ္လို႔
သူ႕အကၤ်ီ လက္ကိုဆြဲကာ ပူဆာၿပီး ေျပာေနေလ၏။
"ကိုယ္..မရဘူးလို႔ ေျပာေနတယ္ေလ..
"ရွင္ဘာလို႔ သိပ္ကပ္ေစးနဲ ေနရတာလဲ တစ္ညတည္းကို
"တကယ္ဆို အဲတစ္ညက ကိုယ္နဲ႕ငယ့္အတြက္ အေရးႀကီးညပဲေလ..
"ရွင္..!
မဆဲမိဖို႔ ကိုယ့္ကိုယ္ကို အႀကိမ္ႀကိမ္ သတိေပးေနရသည္။ သူမအခု စိတ္ထဲတြင္ ထိုပြဲသြားရဖို႔ကလြဲလွ်င္ တျခားမရွိေပ။
ထို႔ေၾကာင့္ စိတ္ကို တင္းၿပီး
"ရွင္...ကြၽန္မကို ေပးသြားရင္ ကြၽန္မရွင့္ ပါးကို နမ္းမယ္
ထိုသို႔ေျပာထြက္လိုက္ၿပီးမွ မွားသြားေၾကာင္း အသိရလာ၏။ သို႔ေသာ္ ထိုစကားကို ျပန္ေကာက္သိမ္း၍မရေတာ့ေပ။ ဇြတ္အတင္း ရခ်င္တဲ့အခ်ိန္က်ရင္ လူေတြဟာ အရွက္မဲ့တတ္ၾကသည္ ဆိုေသာစကားပုံက သူမႏွင့္လာဆိုင္ေနသည္။
သူမစကားေၾကာင့္ ေဝယံထိုင္ေနရာမွ ထလိုက္ၿပီး သူမအနားေလွ်ာက္သြားလိုက္၏။ သစ္ပင္ႀကီးေရွ႕မို႔ ေနပူေသာ္လည္း အရိပ္ရ၍ ေတာင္တန္းေဒသ သဘာဝ ေအးစိမ့္ေနသည္။
ေ႐ႊေခတ္က သူမဆီေလွ်ာက္လာေသာ သူကိုၾကည့္ၿပီး မေကာင္းသည့္ အေငြ႕အသက္မ်ား ရေနသည္။ ဒီလူ ဘာလုပ္မလို႔လဲ.. ဒါမွမဟုတ္ ခုနကသူမစကားေၾကာင့္ သူမကို လြယ္တဲ့မိန္းခေလးလို႔ ထင္သြားတာေတာ့မဟုတ္ပါဘူးေနာ္...
ေဝယံသူမနားဆီ မ်က္ႏွာအပ္ၿပီး တိုးလ်လ်အသံႏွင့္
"ဆယ္ခါ ဆိုရင္ေရာ..
သူ႕စကားေၾကာင့္ သူမမ်က္ႏွာမွာ ခ်ပ္ခ်င္းပင္ ရဲတက္လာၿပီး
"ရွင္ မညစ္နဲ႕ ငါးႀကိမ္ဆို ရၿပီေလ
"အခါတစ္ရာ..
"ရွင္ ရွင္..လူယုတ္မာ!
ေဝယံပိုင္ ေက်နပ္မႈျပည့္ေနေသာ အၿပဳံးတစ္ခုကာ ၿပဳံးလိုက္ကာ..
"ငယ္ ကတစ္ခါျငင္းတိုင္း ကိုယ္ဆယ္ဆတိုးပစ္မွာ ငယ္ပဲ ဒီအေပးအယူကို စတင္လိုက္တဲ့သူေလ..
သူမတကယ္ပဲ ဒီအေပးအယူႀကီးကို စတင္လိုက္သည္မွာ မွန္ပင္မယ့္ သူက ဒီေလာက္ထိ လိုလို႔လား..ဦးႏွောက္ပ်က္သြားတာပဲ ျဖစ္မယ္
"ရွင္ ရွင္က႐ူးေနတာပဲ
"ငယ့္အတြက္ဆို ကိုယ္တသက္လုံး႐ူးေနရလည္း ေက်နပ္တယ္..
..........
1.11.21
Advertisement
- In Serial17 Chapters
Rock Lee x Blind!Reader Beautiful
You weren't born blind. But by the time you were four your vision was completely gone. Most people think that you won't ever become a ninja. They don't say it to your face, but you know. One boy, however, has the utmost faith in you. His name is Lee. And you love him more than anything.
8 101 - In Serial63 Chapters
The Grey Ones
(#1) Lady Juniper becomes an ambassador when the city of Noxborough is visited by an army of elite Kas warriors, the Demons of the North, the Grey Ones. Everyone knows an invasion is imminent, and it falls upon Juniper's shoulders to appease the foreign, giant, grey-skinned Warlord.
8 167 - In Serial71 Chapters
Blackmail
After being viciously assaulted, Cecilia never expected to find herself in this situation. Pregnant with the man's child.Desperate not to let anyone find out about the attack, Cecilia seeks out a boy willing to pose as her boyfriend.And the baby's father.Mr. Perfect Attendance, Nathaniel King, becomes her target the minute she catches him smoking in the hallway.The punishment if turned in would be suspension. A blemish on his record and something he wants to avoid.In exchange for Cecilia's silence, Nathaniel has to be her fake boyfriend.But will he?Highest Ranking:#392 in ChickLit (11/12/17)#304 in ChickLit (11/13/17)#244 in ChickLit (11/16/17)#232 in ChickLit (11/17/17)#205 in ChickLit (11/18/17)#201 in ChickLit (11/19/17)#166 in ChickLit (11/22/17)#122 in ChickLit (11/25/17)#75 in ChickLit (11/26/17)#73 in ChickLit (11/27/17)#59 in ChickLit (11/28/17)#1 in accident (10/15/18)
8 166 - In Serial128 Chapters
Wattpad Block Party - Summer Edition IV
Welcome to the Wattpad Block Party - Summer Edition IV!Round EIGHT of this popular event is coming your way the entire month of August 2018 and it's going to be epic! Everyone from your all time favorite Wattpad Super Stars, to USA TODAY Bestselling authors, to talented up and coming writers are joining us for this event!Check out the first chapter for a more detailed description and keep an eye out on the Line Up chapter to see who is going to be featured for the Wattpad Block Party - Summer Edition IV! Curious how this event will run? Here's the link to the last Wattpad Block Party: https://www.wattpad.com/story/133344241-wattpad-block-party-winter-edition-ivBe sure you add this story to your library, vote and leave comments on your favorite author's posts, and follow me, @KellyAnneBlount, for Wattpad Block Party updates!AMAZING COVER PROVIDED BY, @FallzSwimmer!
8 240 - In Serial37 Chapters
My Alpha King
Sandy Gordon was a normal human, who just lost the only parents she knew. So she packed up all her bags and moved to a new town, for a new start. How could she have known that, she was playing right into fates master plan and into the arms of the most deadly and gorgeous man named, Jordan Bissett. Finding love wasn't in her cards, so falling in love with a werewolf was unimaginable. And what about Jordan, how will he take finding out that his life mate is a human?** Hey guys if u have any questions, or suggestions please let me know. But I will not tolerate anyone being rude to me. Other than that, I hope you guys enjoy and I'm excited to see where this takes me.**
8 381 - In Serial8 Chapters
The Stakes Between Us
After being betrayed by the ones who she cared for most, Cleo must make a decision as a war breaks out between vampires and humans-- which side she'll take in it.
8 101

