《Untamed Flower( ပန်းရိုင်း)》အပိုင်း၅၅
Advertisement
ဝေယံပိုင် အထဲတွင် ရိုးရာဝတ်စုံပြောင်းလဲနေသည့် ဇနီးဖြစ်သူအား အပြင်မှ ထိုင်စောင့်နေသည်မှာ အတော်ကြာပြီ ဖြစ်၏။ တစ်နာရီလောက်ကြာသွား ပြီမို့ ဝေယံ စိတ်မရှည်နိုင်တော့။
"ဒေါက်..ဒေါက်”
"ငယ်...မပြီးကြသေးဘူးလား..”
သို့သော် ပြန်ဖြေလာသည့် အသံမှာ သူမလေးအသံမဟုတ်ဘဲ သူမလေးကို အဝတ်အစားဆင်ယင်ပေးနေသည့် မိန်းကလေးတစ်ယောက်၏ အသံဖြစ်နေသည်။
"ခနလေးပဲ ဆရာ..ဆရာကတော် က ဒီရိုးရာဝတ်စုံနဲ့ သိပ်လိုက်တာပဲ ဆရာသာတွေ့ရင် ဘယ်လောက်လှနေတယ်ဆိုတာ သိရလိမ့်မယ်..ခနလေးပဲနော်..”
ခပ်ဝဲဝဲ တိုင်းရင်းသူမလေး တစ်ဦး၏ သူမသိပ်လှပကြောင်း ချီးမွမ်းမှုအဆုံး ဝေယံပိုင် ပြုံးလိုက်ပြီး သစ်သားကုလားထိုင်ပေါ် ထိုင်စောင့်နေလိုက်သည်။
နောက်ထပ် ငါးမိနစ်တောင် မကြာလိုက် အခန်းတံခါးဖွင့်သံနှင့် အတူ သူ၏နတ်သမီးလေး ထွက်လာသည်။
သူမလေးဝတ်ဆင်ထားသည့် ဝတ်စုံမှာ ပုံမှန်အိမ်နေဝတ်ကြသော ရိုးရာဝတ်စုံမျိုး မဟုတ်ဘဲ ပွဲလမ်းသဘင်တက် ဝတ်စုံဖြစ်၏။ ဝတ်စုံ အရောင်မှာ မဲနက်နက်မဟုတ်တော့ဘဲ နက်ပြာရောင်ဖြစ်ကာ ခေါင်းပေါင်းအနီရောင်လေး ပေါင်းထား၏။ ခေါင်းပေါင်းပေါ်တွင် ရိုးရာရွှေဆံထုံး ကြီးနှစ်ခုကို ဆင်ထားပြီး ကျက်သရေရှိမှုကို ပိုမိုထင်လွှင်စေသည်။
ဘယ်လောက်ပဲ ပြင်ဆင်ပါစေ ရုပ်ခံမရှိရင် အလကား ဆိုသလို သူမလေး၏ ရုပ်ခံလှပမှုကြောင့် ထိုရိုးရာဝတ်စုံမှာ သူမနှင့် အတော်ကိုအံဝင်ခွင်ကျ လှပနေ၏။ သူတစ်နာရီ ကျော်ကျော် စောင့်ဆိုင်းခဲ့ရတာ အကျိုးမမဲ့ခဲ့တော့ပေ။ မီးပုံပွဲ သွားဖို့သဘောတူလိုက်တာက သူမ၏ ဒီလိုမျိုး မကြုံစဖူးထူးခြားသည့်အပြင် အဆင်လှပမှုတောင်မကဘဲ သူမဆီမှ အနမ်းပွင့်ရာချီ ရပေအုံးမည်မို့ ဝေယံပိုင် ကြိတ်ကျေနပ်နေမိသည်။
"ရှင်ရော..ခေါင်းပေါင်း ပေါင်းမလား..”
အစိမ်းရောင် ကျားပေါင်း ခေါင်းပေါင်းကို လှမ်းပေးကာ သူမလေးပြောလိုက်သည်။ ထိုအချိန် ဝေယံခေါင်းကို ချက်ချင်းပင် ရမ်းလိုက်ပြီး..
"မပေါင်းဘူး...ကို မကြိုက်ဘူး”
"ဒီမှာကြည့် ကျွန်မလည်း ပေါင်းနေတာပဲလေ ရှင်မပေါင်းရင် ကြည့်ကောင်းမှာ မဟုတ်ဘူး..”
သူမက သူမရဲ့ခေါင်းပေါ်က သပ်ရပ်စွာထုံးပေါင်းထားသည့် ခေါင်းပေါင်း ကိုလက်ညိုးထိုး ထိုးပြပြီး ပြောလိုက်သည် ။
"ကိုယ်မပေါင်းချင်ဘူး..”
ဝေယံကထပ်ငြင်းလျှင်..
"ရှင်ပေါင်းကိုပေါင်းရမယ် တရားမမျှတဘူး”
ကလေးငယ်ကို ထမင်းစားဖို့ လိုက်ဖမ်းနေသည့် အမေတစ်ယောက်လို ရွှေခေတ်က သူ့ခင်ပွန်းပြေးသည့်နောက် လိုက်ဖမ်းပြီး ခေါင်းပေါင်း ပေါင်းရန် တကြော်ကြော် အော်နေလေ၏။
ထိုမြင်ကွင်းမှာ ခုနရွှေခေတ်ကို အလှပြင်ပေးနေသည့် ပျိုမေတို့အားလုံးအတွက် ပီယဆေးတစ်ခွက်လိုပင်။
သူမလေးတို့တစ်တွေ ပအိုဝ်းဘာသာ စကားဖြင့် ထိုလင်မယား တစ်ယောက်ကိုတစ်ယောက် မည်မျှချစ်ကြောင်း ပြောဆိုမွှန်းတင် နေကြတော့၏။
"ဝွေသီးတမာဝါနဝ် အလွိုးရက်လွငါးဝင်နော် ”
(ဒါက ပအိုဝ်းစကားပါ🤗)
"သူတို့ လင်မယားက တကယ်ကို ချစ်ကြတာပဲနော်”
(this is mm tran😝)
..................
မီးပုံပွဲကို ရွာဦးစေတီကျောင်းမှာ ပြုလုပ်ကြပြီး ရပ်နီးရွာများမှ ပအိုဝ်း တိုင်းရင်းသား များလည်း လာရောက်ကြသည်။ မီးပုံဘေးတွင် ကနေကြသော အအိုအပျိုမျိုးစုံ မရွေးအားလုံး၏ မျက်နှာပေါ်တွင် အပြုံးကိုယ်စီ တွဲလွဲခိုနေလျက်။
ရုတ်တရက် ကလေးမလေးနှစ်ယောက်က ရွှေခေတ်လက်ကို လာတွဲပြီး အတူတူလာကရန် ပူဆာလေတော့၏။ အပျော်လွန်နေသော ရွှေခေတ်မှာ လိုက်ကဖို့ တစ်ခါတည်း သွားတော့မလို လုပ်ပေမယ့်လည်း ဘေးက ခင်ပွန်းဖြစ်သူကို သတိရပြီး
"ရှင်ရော ကချင်လား..”
"ကိုယ်မကတတ်ဘူး..ငယ်ကချင်ရင် သွားကလေ ကိုယ်က ငယ့်သဘောနဲ့ ခေါင်းပေါင်းကြီးတောင် ပေါင်းပေးထားပြီလေ..ဒီတစ်ခါတော့ ကိုယ့်ကို လွှတ်ပေးလိုက်ပါနော်..”
ခေါင်းပေါ်က ခေါင်းပေါင်းကို ကိုင်ပြပြီး အကူအညီမဲ့သည့် မျက်နှာဖြင့် ပြောလိုက်သည်။
"အင်း..ဒါဆိုလည်း ကျွန်မသွားမယ်နော်..”
သူမလှည့်ထွက်သွားမယ်အလုပ် ဆတ်ခနဲလက်ကို ဆွဲခံရ၏။
"ရှင်.. ဘာပြောစရာ ရှိလို့လဲ ကျွန်မကို ပေးမသွားဘဲ စိတ်ပြောင်းသွားတာလား?”
သို့သော် သူကမဖြေ။ သူမနားဆီ မျက်နှာကိုတိုးပြီး အသံမထွက်ပဲ လေသံနှင့်သာ သူမကြားသာအောင်သာ ပြောလိုက်သည်။
"ယောက်ျားတွေနဲ့ ဝေးဝေးနေ..”
ရွှေခေတ်..မျက်ခုံးပင့်လိုက်ပြီး
"ဒါကို ရှင်ပြောစရာမလိုပါဘူး..ကျွန်မအကျင့်ကို ရှင်သိနေတာပဲ ပြီးတော့ ရှင်ကသာကျွန်မနဲ့ အတော်ကိုကပ်နေတာလေ ဧကန္တ ရှင်ကယောက်ျားမဟုတ်လို့လား..”
ထိုသို့ပြောလို့ သူကအပြုံးတွေကို ဆင်မြန်းလိုက်ပြီး ခပ်ကျယ်ကျယ်အသံဖြင့်
"ကိုယ်က ငယ့်ယောက်ျားလေ..”
"ဟာ..စကားအရမ်းများ တာပဲ ကျွန်မသွားတော့မယ်”
ကလေးမလေး နှစ်ယောက်နောက်ကို ကပ်ပါသွားသော သူမလေးကို ကြည့်ပြီး ဝေယံ့မျက်နှာမှာ ကျေနပ်မှုအပြည့်။ သူမကို ပိုင်ဆိုင်ခွင့်ပေးခဲ့သော နတ်လူဟူသမျှကို အထူးတလည် ကျေးဇူးတင်နေမိသည်။
မီးပုံဘေးတွင် နက်ပြာရောင် ဝတ်စုံများနှင့် လူဆယ်ချီရာချီ ကနေကြပေမယ့် သူ၏ မျက်လုံးထဲတွင် သူမသည်သာ အလှပဆုံး အထင်ရှားဆုံး ရွှေတုံးများကြားက ကျောက်စိမ်းတုံးလိုပင်။ သူမ၏ အပြုံးများကလည်း အစစ်မှန်ဆုံး ဆိုသည်ကို ဖော်ပြလို့နေ၏။
ကိုယ်မင်းနဲ့သာ ဒီလိုမျိုးတစ်သက်လုံးနေသွားရရင် ဘာကိုဘာမှ ထပ်မလိုတော့ဘူး..ငယ်
Advertisement
.........
မနက်ခင်းလေးမှာ ကျေးရွာထဲရှိ အိမ်မွေးကြက်တွန်သံများနှင့် ကျေးငှက်များ၏ တီတီတာတာအော်မြည်သံများက အိမ်ရှေ့မီးဖိုဘေး အခါးရည်သောက်နေကြသော စုံတွဲအတွက် ထူးခြားသည့် စိတ်ခံစားမှုကို ပေးစွမ်းနေလေ၏။
"ဒီလိုဒေသမှာ တစ်သက်လုံး ဒီလိုပုံစံနဲ့ နေသွားရရင် သိပ်ကောင်းမှာပဲ”
အခါးရည်ခွက်ကို အပူလျှော့သွားအောင် မှုတ်နေရင်း ရွှေခေတ် ပြောလိုက်သည်။
"ဘယ်သူနဲ့လဲ..ကိုယ်နဲ့လား?”
"အိမ်မက်မက်နေလိုက်”
"အဲအိမ်မက်က တကယ်ဖြစ်လာနေပြီလေ..”
နေရာတကာ ပြောသမျှစကားတွေအကုန် ဝင်မဖျက်ဆီးရင် မနေတတ်သရော့လား ထင်ရလောက်အောင် အတော်ကို ရှုပ်သည့် ဝေယံပိုင် ပင် ။
"အန်တီ သမီးလာကူပေးမယ်”
သူပြောတာကို မကြားသလိုသာ ဟန်ဆောင်လိုက်ပြီး ရေပုံးတွေ သယ်လာသည့် သူတို့နေနေသော အိမ်၏ အိမ်ရှင်မကို သွားကူဖို့ အပြေးသွားလိုက်၏။ ကျန်ခဲ့သော ဝေယံမှာတော့ ပြောစရာစကားတစ်ဝက်တစ်ပျက်နှင့် ရှေ့ဆက်ရမလား နောက်ဆုတ်ရမလား ဝေခွဲမရဖြစ်နေသည်။
သူတို့တွေ မနက်စာကို တောင်ပေါ်လက်ရာ ဆိတ်သားဟင်းရည်နှင့် ချဥ်ပေါင်ရွက်ကြော်တို့ဖြင့် နစ်ပါးလိုက်ကြသည်။ ထိုအိမ်ရှင်၏ လက်ရာကောင်းသလား ဆိုသည်မှာ အစကစားဖို့ငြင်းနေသည့် နိုင်ငံခြားပြန် ဥက္ကဌကြီးတောင် ခေါင်းမဖော်နိုင်သည်အထိပင် စားနေရသည်။
သူတို့အိမ်ကနေ စထွက်တော့ ၁၀နာရီပင် ထိုးတော့မည်။ အကောင်းဆုံးသော view point ရှိသည့်နေရာကို ရောက်ဖို့ တောင်ပေါ်၂နာရီခေါက် ခြေလျင်တက်ခဲ့ရသည်။ လမ်းပြ ပါလာသည်မို့ သုံးနာရီခရီးမှာ တစ်နာရီလောက် သက်သာမှု ရခဲ့သည်ဖြစ်၏။ လမ်းပြမှာ တစ်ယောက်တည်းမဟုတ် ငါးယောက်လောက်တောင် ပါလာ၏။ ကျန်လေးယောက်က သူတို့တစ်ပတ်စာ အသုံးအဆောင် အစားအသောက် ရေ၊ဆေး စသဖြင့်သော ပစ္စည်းများ ကူသယ်ပေးကြရုံသာဖြစ်သည်။ ကျန်တစ်ယောက်ကသာ သူတို့နှင့် တစ်ပတ်လုံးလုံး တောင်ပေါ်တွင် အဖော်ပြုပေးနေမှာ ဖြစ်၏။
နှစ်နာရီလောက် တောင်တက်လိုက်ရသဖြင့် ကြံခိုင်သန်မာသည့် ကလေးမလေး ရွှေခေတ်မှာ ချွေးအလိမ်းလိမ်းဖြင့်။ သူမလေး ချွေးစို့နေသည့် နဖူးပြင်ကို မျက်နှာသုတ်ပုဝါဖြင့် သန့်ရှင်းနေသည့်ပုံကလည်း ချစ်စရာကောင်းတာ ပါပဲလား.... အိုး..မေ့ေနတာပဲ သူမရဲ့ လှုပ်ရှားမှုတိုင်းက သူ့အတွက် ချစ်စရာကောင်းနေတာလေ...။
........
3.11.21
ဝန်ခံပါတယ် တို့အပျင်းတစ်နေတဲ့ အကြောင်း:)
ေဝယံပိုင္ အထဲတြင္ ရိုးရာဝတ္စုံေျပာင္းလဲေနသည့္ ဇနီးျဖစ္သူအား အျပင္မွ ထိုင္ေစာင့္ေနသည္မွာ အေတာ္ၾကာၿပီ ျဖစ္၏။ တစ္နာရီေလာက္ၾကာသြား ၿပီမို႔ ေဝယံ စိတ္မရွည္နိုင္ေတာ့။
"ေဒါက္..ေဒါက္
"ငယ္...မၿပီးၾကေသးဘူးလား..
သို႔ေသာ္ ျပန္ေျဖလာသည့္ အသံမွာ သူမေလးအသံမဟုတ္ဘဲ သူမေလးကို အဝတ္အစားဆင္ယင္ေပးေနသည့္ မိန္းကေလးတစ္ေယာက္၏ အသံျဖစ္ေနသည္။
"ခနေလးပဲ ဆရာ..ဆရာကေတာ္ က ဒီရိုးရာဝတ္စုံနဲ႕ သိပ္လိုက္တာပဲ ဆရာသာေတြ႕ရင္ ဘယ္ေလာက္လွေနတယ္ဆိုတာ သိရလိမ့္မယ္..ခနေလးပဲေနာ္..
ခပ္ဝဲဝဲ တိုင္းရင္းသူမေလး တစ္ဦး၏ သူမသိပ္လွပေၾကာင္း ခ်ီးမြမ္းမႈအဆုံး ေဝယံပိုင္ ၿပဳံးလိုက္ၿပီး သစ္သားကုလားထိုင္ေပၚ ထိုင္ေစာင့္ေနလိုက္သည္။
ေနာက္ထပ္ ငါးမိနစ္ေတာင္ မၾကာလိုက္ အခန္းတံခါးဖြင့္သံႏွင့္ အတူ သူ၏နတ္သမီးေလး ထြက္လာသည္။
သူမေလးဝတ္ဆင္ထားသည့္ ဝတ္စုံမွာ ပုံမွန္အိမ္ေနဝတ္ၾကေသာ ရိုးရာဝတ္စုံမ်ိဳး မဟုတ္ဘဲ ပြဲလမ္းသဘင္တက္ ဝတ္စုံျဖစ္၏။ ဝတ္စုံ အေရာင္မွာ မဲနက္နက္မဟုတ္ေတာ့ဘဲ နက္ျပာေရာင္ျဖစ္ကာ ေခါင္းေပါင္းအနီေရာင္ေလး ေပါင္းထား၏။ ေခါင္းေပါင္းေပၚတြင္ ရိုးရာေ႐ႊဆံထုံး ႀကီးႏွစ္ခုကို ဆင္ထားၿပီး က်က္သေရရွိမႈကို ပိုမိုထင္လႊင္ေစသည္။
ဘယ္ေလာက္ပဲ ျပင္ဆင္ပါေစ ႐ုပ္ခံမရွိရင္ အလကား ဆိုသလို သူမေလး၏ ႐ုပ္ခံလွပမႈေၾကာင့္ ထိုရိုးရာဝတ္စုံမွာ သူမႏွင့္ အေတာ္ကိုအံဝင္ခြင္က် လွပေန၏။ သူတစ္နာရီ ေက်ာ္ေက်ာ္ ေစာင့္ဆိုင္းခဲ့ရတာ အက်ိဳးမမဲ့ခဲ့ေတာ့ေပ။ မီးပုံပြဲ သြားဖို႔သေဘာတူလိုက္တာက သူမ၏ ဒီလိုမ်ိဳး မႀကဳံစဖူးထူးျခားသည့္အျပင္ အဆင္လွပမႈေတာင္မကဘဲ သူမဆီမွ အနမ္းပြင့္ရာခ်ီ ရေပအုံးမည္မို႔ ေဝယံပိုင္ ႀကိတ္ေက်နပ္ေနမိသည္။
"ရွင္ေရာ..ေခါင္းေပါင္း ေပါင္းမလား..
အစိမ္းေရာင္ က်ားေပါင္း ေခါင္းေပါင္းကို လွမ္းေပးကာ သူမေလးေျပာလိုက္သည္။ ထိုအခ်ိန္ ေဝယံေခါင္းကို ခ်က္ခ်င္းပင္ ရမ္းလိုက္ၿပီး..
"မေပါင္းဘူး...ကို မႀကိဳက္ဘူး
"ဒီမွာၾကည့္ ကြၽန္မလည္း ေပါင္းေနတာပဲေလ ရွင္မေပါင္းရင္ ၾကည့္ေကာင္းမွာ မဟုတ္ဘူး..
သူမက သူမရဲ႕ေခါင္းေပၚက သပ္ရပ္စြာထုံးေပါင္းထားသည့္ ေခါင္းေပါင္း ကိုလက္ညိုးထိုး ထိုးျပၿပီး ေျပာလိုက္သည္ ။
"ကိုယ္မေပါင္းခ်င္ဘူး..
ေဝယံကထပ္ျငင္းလွ်င္..
"ရွင္ေပါင္းကိုေပါင္းရမယ္ တရားမမွ်တဘူး
ကေလးငယ္ကို ထမင္းစားဖို႔ လိုက္ဖမ္းေနသည့္ အေမတစ္ေယာက္လို ေ႐ႊေခတ္က သူ႕ခင္ပြန္းေျပးသည့္ေနာက္ လိုက္ဖမ္းၿပီး ေခါင္းေပါင္း ေပါင္းရန္ တေၾကာ္ေၾကာ္ ေအာ္ေနေလ၏။
ထိုျမင္ကြင္းမွာ ခုနေ႐ႊေခတ္ကို အလွျပင္ေပးေနသည့္ ပ်ိဳေမတို႔အားလုံးအတြက္ ပီယေဆးတစ္ခြက္လိုပင္။
သူမေလးတို႔တစ္ေတြ ပအိုဝ္းဘာသာ စကားျဖင့္ ထိုလင္မယား တစ္ေယာက္ကိုတစ္ေယာက္ မည္မွ်ခ်စ္ေၾကာင္း ေျပာဆိုမႊန္းတင္ ေနၾကေတာ့၏။
"ေဝြသီးတမာဝါနဝ္ အလြိုးရက္လြငါးဝင္ေနာ္
(ဒါက ပအိုဝ္းစကားပါ)
"သူတို႔ လင္မယားက တကယ္ကို ခ်စ္ၾကတာပဲေနာ္
(this is mm tran😝)
..................
မီးပုံပြဲကို ႐ြာဦးေစတီေက်ာင္းမွာ ျပဳလုပ္ၾကၿပီး ရပ္နီး႐ြာမ်ားမွ ပအိုဝ္း တိုင္းရင္းသား မ်ားလည္း လာေရာက္ၾကသည္။ မီးပုံေဘးတြင္ ကေနၾကေသာ အအိုအပ်ိဳမ်ိဳးစုံ မေ႐ြးအားလုံး၏ မ်က္ႏွာေပၚတြင္ အၿပဳံးကိုယ္စီ တြဲလြဲခိုေနလ်က္။
Advertisement
႐ုတ္တရက္ ကေလးမေလးႏွစ္ေယာက္က ေ႐ႊေခတ္လက္ကို လာတြဲၿပီး အတူတူလာကရန္ ပူဆာေလေတာ့၏။ အေပ်ာ္လြန္ေနေသာ ေ႐ႊေခတ္မွာ လိုက္ကဖို႔ တစ္ခါတည္း သြားေတာ့မလို လုပ္ေပမယ့္လည္း ေဘးက ခင္ပြန္းျဖစ္သူကို သတိရၿပီး
"ရွင္ေရာ ကခ်င္လား..
"ကိုယ္မကတတ္ဘူး..ငယ္ကခ်င္ရင္ သြားကေလ ကိုယ္က ငယ့္သေဘာနဲ႕ ေခါင္းေပါင္းႀကီးေတာင္ ေပါင္းေပးထားၿပီေလ..ဒီတစ္ခါေတာ့ ကိုယ့္ကို လႊတ္ေပးလိုက္ပါေနာ္..
ေခါင္းေပၚက ေခါင္းေပါင္းကို ကိုင္ျပၿပီး အကူအညီမဲ့သည့္ မ်က္ႏွာျဖင့္ ေျပာလိုက္သည္။
"အင္း..ဒါဆိုလည္း ကြၽန္မသြားမယ္ေနာ္..
သူမလွည့္ထြက္သြားမယ္အလုပ္ ဆတ္ခနဲလက္ကို ဆြဲခံရ၏။
"ရွင္.. ဘာေျပာစရာ ရွိလို႔လဲ ကြၽန္မကို ေပးမသြားဘဲ စိတ္ေျပာင္းသြားတာလား?
သို႔ေသာ္ သူကမေျဖ။ သူမနားဆီ မ်က္ႏွာကိုတိုးၿပီး အသံမထြက္ပဲ ေလသံႏွင့္သာ သူမၾကားသာေအာင္သာ ေျပာလိုက္သည္။
"ေယာက္်ားေတြနဲ႕ ေဝးေဝးေန..
ေ႐ႊေခတ္..မ်က္ခုံးပင့္လိုက္ၿပီး
"ဒါကို ရွင္ေျပာစရာမလိုပါဘူး..ကြၽန္မအက်င့္ကို ရွင္သိေနတာပဲ ၿပီးေတာ့ ရွင္ကသာကြၽန္မနဲ႕ အေတာ္ကိုကပ္ေနတာေလ ဧကႏၱ ရွင္ကေယာက္်ားမဟုတ္လို႔လား..
ထိုသို႔ေျပာလို႔ သူကအၿပဳံးေတြကို ဆင္ျမန္းလိုက္ၿပီး ခပ္က်ယ္က်ယ္အသံျဖင့္
"ကိုယ္က ငယ့္ေယာက္်ားေလ..
"ဟာ..စကားအရမ္းမ်ား တာပဲ ကြၽန္မသြားေတာ့မယ္
ကေလးမေလး ႏွစ္ေယာက္ေနာက္ကို ကပ္ပါသြားေသာ သူမေလးကို ၾကည့္ၿပီး ေဝယံ့မ်က္ႏွာမွာ ေက်နပ္မႈအျပည့္။ သူမကို ပိုင္ဆိုင္ခြင့္ေပးခဲ့ေသာ နတ္လူဟူသမွ်ကို အထူးတလည္ ေက်းဇူးတင္ေနမိသည္။
မီးပုံေဘးတြင္ နက္ျပာေရာင္ ဝတ္စုံမ်ားႏွင့္ လူဆယ္ခ်ီရာခ်ီ ကေနၾကေပမယ့္ သူ၏ မ်က္လုံးထဲတြင္ သူမသည္သာ အလွပဆုံး အထင္ရွားဆုံး ေ႐ႊတုံးမ်ားၾကားက ေက်ာက္စိမ္းတုံးလိုပင္။ သူမ၏ အၿပဳံးမ်ားကလည္း အစစ္မွန္ဆုံး ဆိုသည္ကို ေဖာ္ျပလို႔ေန၏။
ကိုယ္မင္းနဲ႕သာ ဒီလိုမ်ိဳးတစ္သက္လုံးေနသြားရရင္ ဘာကိုဘာမွ ထပ္မလိုေတာ့ဘူး..ငယ္
.........
မနက္ခင္းေလးမွာ ေက်း႐ြာထဲရွိ အိမ္ေမြးၾကက္တြန္သံမ်ားႏွင့္ ေက်းငွက္မ်ား၏ တီတီတာတာေအာ္ျမည္သံမ်ားက အိမ္ေရွ႕မီးဖိုေဘး အခါးရည္ေသာက္ေနၾကေသာ စုံတြဲအတြက္ ထူးျခားသည့္ စိတ္ခံစားမႈကို ေပးစြမ္းေနေလ၏။
"ဒီလိုေဒသမွာ တစ္သက္လုံး ဒီလိုပုံစံနဲ႕ ေနသြားရရင္ သိပ္ေကာင္းမွာပဲ
အခါးရည္ခြက္ကို အပူေလွ်ာ့သြားေအာင္ မႈတ္ေနရင္း ေ႐ႊေခတ္ ေျပာလိုက္သည္။
"ဘယ္သူနဲ႕လဲ..ကိုယ္နဲ႕လား?
"အိမ္မက္မက္ေနလိုက္
"အဲအိမ္မက္က တကယ္ျဖစ္လာေနၿပီေလ..
ေနရာတကာ ေျပာသမွ်စကားေတြအကုန္ ဝင္မဖ်က္ဆီးရင္ မေနတတ္သေရာ့လား ထင္ရေလာက္ေအာင္ အေတာ္ကို ရႈပ္သည့္ ေဝယံပိုင္ ပင္ ။
"အန္တီ သမီးလာကူေပးမယ္
သူေျပာတာကို မၾကားသလိုသာ ဟန္ေဆာင္လိုက္ၿပီး ေရပုံးေတြ သယ္လာသည့္ သူတို႔ေနေနေသာ အိမ္၏ အိမ္ရွင္မကို သြားကူဖို႔ အေျပးသြားလိုက္၏။ က်န္ခဲ့ေသာ ေဝယံမွာေတာ့ ေျပာစရာစကားတစ္ဝက္တစ္ပ်က္ႏွင့္ ေရွ႕ဆက္ရမလား ေနာက္ဆုတ္ရမလား ေဝခြဲမရျဖစ္ေနသည္။
သူတို႔ေတြ မနက္စာကို ေတာင္ေပၚလက္ရာ ဆိတ္သားဟင္းရည္ႏွင့္ ခ်ဥ္ေပါင္႐ြက္ေၾကာ္တို႔ျဖင့္ နစ္ပါးလိုက္ၾကသည္။ ထိုအိမ္ရွင္၏ လက္ရာေကာင္းသလား ဆိုသည္မွာ အစကစားဖို႔ျငင္းေနသည့္ နိုင္ငံျခားျပန္ ဥကၠဌႀကီးေတာင္ ေခါင္းမေဖာ္နိုင္သည္အထိပင္ စားေနရသည္။
သူတို႔အိမ္ကေန စထြက္ေတာ့ ၁၀နာရီပင္ ထိုးေတာ့မည္။ အေကာင္းဆုံးေသာ view point ရွိသည့္ေနရာကို ေရာက္ဖို႔ ေတာင္ေပၚ၂နာရီေခါက္ ေျခလ်င္တက္ခဲ့ရသည္။ လမ္းျပ ပါလာသည္မို႔ သုံးနာရီခရီးမွာ တစ္နာရီေလာက္ သက္သာမႈ ရခဲ့သည္ျဖစ္၏။ လမ္းျပမွာ တစ္ေယာက္တည္းမဟုတ္ ငါးေယာက္ေလာက္ေတာင္ ပါလာ၏။ က်န္ေလးေယာက္က သူတို႔တစ္ပတ္စာ အသုံးအေဆာင္ အစားအေသာက္ ေရ၊ေဆး စသျဖင့္ေသာ ပစၥည္းမ်ား ကူသယ္ေပးၾက႐ုံသာျဖစ္သည္။ က်န္တစ္ေယာက္ကသာ သူတို႔ႏွင့္ တစ္ပတ္လုံးလုံး ေတာင္ေပၚတြင္ အေဖာ္ျပဳေပးေနမွာ ျဖစ္၏။
ႏွစ္နာရီေလာက္ ေတာင္တက္လိုက္ရသျဖင့္ ႀကံခိုင္သန္မာသည့္ ကေလးမေလး ေ႐ႊေခတ္မွာ ေခြၽးအလိမ္းလိမ္းျဖင့္။ သူမေလး ေခြၽးစို႔ေနသည့္ နဖူးျပင္ကို မ်က္ႏွာသုတ္ပုဝါျဖင့္ သန့္ရွင္းေနသည့္ပုံကလည္း ခ်စ္စရာေကာင္းတာ ပါပဲလား.... အိုး..ေမ့ေနတာပဲ သူမရဲ႕ လႈပ္ရွားမႈတိုင္းက သူ႕အတြက္ ခ်စ္စရာေကာင္းေနတာေလ...။
........
3.11.21
ဝန္ခံပါတယ္ တို႔အပ်င္းတစ္ေနတဲ့ အေၾကာင္း:)
Advertisement
- In Serial461 Chapters
Mrs. Huo is a Crybaby
Song Yaoyao had already died in her previous life. Her life ended on the day of her 19th birthday.
8 967 - In Serial118 Chapters
Love Unfolding
Be brave enough to take off the mask you’ve been wearing and be who you are underneath. I think in life, happiness comes from deciding to follow your heart over your fears. So, let’s follow Ka...
8 490 - In Serial16 Chapters
I'm happy you're okay now(rewriting in process)
youre on a camping trip with five of the volleyball boys.it's a love hate relationship at first, what happens when sunas nightmares become reality?this needs to be rewritten just skip to like chapter 12-13what happens when the week long camping trip turns deadly? will suna still be there for y/n?
8 84 - In Serial24 Chapters
Chasing the Colemans (ON HOLD)
"Congratulations tersoro. Mio piccolo genio." I said in a low whisper, making me sound more husky than usual. (My little genius.)****Kara Coleman was 21 years old when she adopted a little girl, who completely changed her world. On top of that, she was a young genius, making a name for herself before the age of 25. What more could attract a billionaire and ceo like Alessandro De Luca who admires a strong, independent, intelligent woman like herself.How much trouble can two harmless girls give a billionaire? A lifetime.Stay tuned to find out how Alessandro De Luca keeps up with the Colemans.******start date: 16/06/20******#1 in troublemaker - 28/06/20#3 in innocent - 28/06/20#1 in godfather - 03/07/20#3 in piccolo - 09/07/20#2 in genius -19/07/20#1 in single mum -26/07/20#2 in baby - 12/07/20#1 in humor - 03/08/20
8 224 - In Serial13 Chapters
VegasPete (Fanfic)
This is just a fanfic for those who are supporting VegasPete.
8 72 - In Serial31 Chapters
Howl For Me
Star is a fierce werewolf warrior. An unwilling Omega to a pack of the most powerful wolves around. But, when Knox and his pack arrive from Dallas to sign a contract that would bring peace between the two biggest packs, Star can't help but feel an instant attraction. Knox, bound by his oath as Alpha to find a mate thinks he may have found the one. But Star's Alpha has other plans for her. He wants her back. At any cost....
8 303

