《Untamed Flower( ပန်းရိုင်း)》အပိုင်း ၅၆
Advertisement
သူတို့ နားခိုဖို့ရာအတွက် အသင့်ပါလာသော တဲအိမ်ဆောက်ဖို့ ပစ္စည်းပစ္စရာများကို ထုတ်ကာ အားလုံး ကူညီဆောက်လိုက်ကြပြီး မိနစ်လေးဆယ်အကြာတွင် အားလုံးပြီးမြောက်သွားကြသည်။
ကျန်လေးယောက်မှာ အိမ်သို့ ပြန်သွားကြပြီဖြစ်ပြီး သူတို့သုံးယောက်သာ ကျန်တော့သဖြင့် ပတ်ဝန်းကျင်မှာ ယခင်ကထက် ပို၍ပင် တိတ်ဆိတ်သွားသည်။
နေလည်းဝင်တော့မည်မို့ သူတို့တစ်တွေ ညစာစစားလိုက်ကြသည်။ လူစိမ်းနှင့် ညစာအတူတူစားရတာမို့ ရွှေခေတ်က အစာအိမ်ခံရုံသာ စားခဲ့ပြီး တဲထဲသို့ဝင်သွားလေ၏။ ဖုန်းထုတ်ပြီး ကြည့်တော့ လှိုင်းကလဲမမိ။ ဒါကတောင်ပေါ်ဒေသမို့ မထူးဆန်းတော့ပေမယ့်လည်း ဘာမှလုပ်စရာမရှိတာ တွေးပြီးသူမတော်တော်လေးကို ပျင်းနေသည်။
"ဆရာ..စိတ်ချပါ ဒီတစ်ပတ်အတွင်း ဆရာနဲ့ ဆရာကတော်ကို ဆံပင်မွှေးတစ်ချောင်းတောင် မကျွတ်နိုင်အောင် ကာကွယ်ပေးပါ့မယ်”
လမ်းပြပေးသည့် ထိုအသက်သုံးဆယ်ကျော်ကျော်ခန့် ဦးလေးက ထမင်းမြိန်ရည်ရှက်ရေစားရင်း ဝေယံပိုင်အား ပြောလေ၏။ သို့သော် ထိုလူမှာ ဝေယံ ၏မျက်နှာ မှောင်မဲနေသည်ကို သတိမထားမိပေ။
ဝေယံ တဲဆီသို့ အကြည့်ပို့လိုက်ပြီး သူမလေးတဲထဲတွင်ညရှိနေသည်သေချာမှ ထိုလမ်းပြဘက်လှည့်ကာ
"ဦးလေး ကျွန်တော် အကူညီတောင်းစရာလေး နဲနဲရှိလို့..”
"ဘာ..ဘာများလဲဆရာ ကျွန်တော် တတ်နိုင်သလောက် ကူညီပေးမယ်”
ထိုအခါ ဝေယံက အန္တရာယ် ရှိသော အပြုံးတစ်ခုကို ဆက်မြန်းလိုက်ကာ...
"ခင်ဗျား ကျုပ်တို့လင်မယားကို ထားခဲ့ပြီး အိမ်ပြန်လိုက်ရင် ဘယ်လိုလဲ....”
"ဗျာ.....!”
..........................
ရွှေခေတ် တဲထဲရှိ ပလတ်စတစ်ဖာသေတ္တာများကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ရင်း တစ်စုံတစ်ရာကို လိုက်ရှာနေလေ၏။ မိနစ်နှစ်ဆယ် အကြာမှာတော့..
"ဒီမှာပဲ..တွေ့ပြီ”
အသစ်စက်စက် သူမဝယ်ထားခဲ့သော ဟင်းချက်နည်းစာအုပ် ။ထိုစာအုပ်ကို အိမ်မှာတုန်းက ကိစ္စမျိုးစုံနှင့် ရှုပ်နေသည်မို့ မဖတ်အားခဲ့ပေ။ ခရီးထွက်ရမည် သိသိချင်း ခရီးမှာ အပျင်းပြေဖတ်ဖို့အတွက် ထည့်လာခဲ့ခြင်းဖြစ်ကာ ခင်ပွန်း၏ တားမြစ်ခြင်းကိုတောင် ခံခဲ့ရသည်။ သို့သော်လည်း နောက်ဆုံး၌ ဇနီးမနိုင်သော ခင်ပွန်းက လက်လျှော့ခဲ့ရ၏။
သူမထိုစာအုပ်ဝယ်ရသည့် အကြောင်းအရင်းမှာ ခိုင်လုံပေသည်။ မြန်မာအမျိုးသမီးများ အိမ်ထောင်ကျသည့်အချိန် မီးဖိုချောင်မှာ ဒုတိယခင်ပွန်းလို ဖြစ်လာစမြဲ။ ထမင်းဟင်းမချက်တတ်သည့် မိန်းမဆိုသည်မှာ ခပ်ရှားရှားပင်။ သူမက ခင်ပွန်းကို တစ်နေ့သုံးနှပ် မရိုးရအောင် တစ်မျိုးပြီးတစ်မျိုး ဟင်းပြောင်းချက်ပေးသည့် တာဝန်ကျေအိမ်ထောင်ရှင်မ လုပ်ဖို့ သဘောမကျသော်လည်း သူမမိခင်၏နောက်ဆုံးစကားထဲတွင်မူ ထိုတစ်ခွန်းကို အကြိမ်ကြိမ် မှာကြားထားလေသောကြောင့် သူမ ပစ်ထားလို့မဖြစ်ပေ။
သူမအိပ်ယာထဲ ကိုယ်ကို လှဲလျောင်းပြီး စာအုပ်ထိုင်ဖတ်နေစဥ် တဲတံခါးဖွင့်သံနှင့်အတူ
"ခုနကပဲ ထမင်းစားပြီးတာ အခုအိပ်ယာထဲ လှဲနေပြီ ကျန်းမာရေး မကောင်းပဲ နေလိမ့်မယ်”
အသံနှင့်အတူ ဝေယံပိုင်ကို မြင်တော့ ရွှေခေတ် လဲနေရာမှ အလျင်အမြန် ထထိုင်လိုက်၏။
"အဟမ်း..ဖုန်းကလည်း လှိုင်းမမိဘူး ဘာမှလုပ်စရာလဲ မရှိတော့ ကျွန်မစာတွေ ထိုင်ဖတ်နေတာ..”
သူမ ချောင်းတစ်ချက် ဟန့်လိုက်ပြီး အလျင်အမြန်ရှင်းပြလေ၏။ ထိုသို့ လဲနေတာက သူ့ကို မြူစွယ်နေသလို ဖြစ်လေမလားလို့ သူမတွေးမိ သောကြောင့်ပင်။ သူမ လဲတုန်းက ထိုသို့ မတွေးမိဘဲ အခုမှ သူ့မျက်နှာ မြင်မှသာ..
"ငယ်..တကယ်ပဲ လုပ်စရာဘာမှ မရှိဘူးလား..?”
ပြောရင်းနှင့် သူမဆီ လျှောက်လာသော သူကြောင့် ရွှေခေတ် အိပ်ယာမှ အမြန်ထကာ သူ့ကိုဖြတ်ပြီး တဲအပြင်ဘက်သို့ ပြေးထွက်လိုက်သည်။
"ဘယ်လိုဖြစ်ဖြစ် ကိုယ့်လက်က လွတ်မှာမှ မဟုတ်ဘဲ ဘာလို့ ရှောင်ပြေးနေသေးတာလဲ ကလေးဆန်လိုက်တာ အာ..တကယ်ချစ်ဖို့ကောင်းတာ..”
သူ့ပုခုံးကို တိုက်ပြီး ပြေးထွက်သွားသော သူမကျောကို ငေးကာ သူတစ်ယောက်တည်း ရေရွတ်နေလိုက်သည်။
ရွှေခေတ် တဲ အပြင်ဘက်ရောက်တော့ တစ်ခုခုပျောက်နေသလို ခံစားရ၏။ ကျေးငှက်ကလေးများ အိမ်ပြန်ဖို့ တစ်ကောင်ကိုတစ်ကောင် သတိပေးသံ တကျီကျီမှ လွဲ၍ အရာအားလုံးတိတ်ဆိတ် နေသည်။
သူမ သေချာတွေးပြီး လှည့်ပတ်ကြည့်လိုက်တော့ သူမတို့ကို လမ်းပြပေးမည့် သူမရှိတော့မှန်း သိရ၏။
သူမနောက်မှ ခြေသံကြား၍ လှည့်ကြည့်လိုက်ရာ တစ်ခုခုကိုဖုံးကွယ်ထား သလိုမျက်နှာနှင့် သူမကို ကြည့်နေသည့် ဝေယံ။
"ဟိုလူရော...”
လက်ကိုပိုက်ပြီး မျက်ခုံးကို ပင့်လိုက်ကာ
"အိမ်ပြန်သွားပြီ...”
"ရှင်...!”
ရွှေခေတ် အလွန်ကိုပင် အံအားသင့်သွား၏။ ရွာမှာတုန်းကရော ဒီတောင်ပေါ်ရောက်စကပါ သူတို့ကို ဘာမှမထိခိုက်မိလေအောင် အကောင်းဆုံးသော သက်တော်စောင့် လုပ်ပေးမည်ဟု တကျီကျီပြောနေသော လူက သူမတို့ကို ထားခဲ့ပြီး အိမ်ပြန်သွားသည်တဲ့။
"သူက ဘာလို့ပြန်သွားရတာလဲ ဒါဆို ကျွန်မတို့ကရော...?”
ကြောင်အအ ပုံစံနှင့် သူမလေးကို မမြင်ဖူးသော ဝေယံမှာ ရယ်ချင်စိတ်ကို မနဲထိန်းလိုက်ရပြီး
"နေပါဦး...ငယ် ငယ့်မှာ ကိုယ်တစ်ယောက်လုံးရှိနေတာကို ဘာလို့ တခြားလူကို ပူရှာနေရတာလဲ”
ဘာမှ မထူးဆန်းသလို ပုံစံလုပ်နေသော ဝေယံကို သူမကြည့်လိုက်ပြီး...
"ကျွန်မတို့က လမ်းလဲသိတာမဟုတ် နောက်ပြီး သူက ဘာအကြောင်းပြချက်နဲ့ ကျွန်မတို့ကို ထားခဲ့ပြီး အိမ်ပြန်ရတာလဲ”
Advertisement
သူမ ထိုသို့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံတောင်းမှာကို သိနေသော ဝေယံက
"အော်..ခုနက သူ့လူတွေ လာခေါ်သွားတယ် သူ့မိန်းမ ကလေးမွေးတော့ မလို့တဲ့”
"ဘာ!”
ဒီလူ လိမ်နေမှန်း သူမသေချာသွား၏။ ဘာကို မိန်းမကလေးမွေး ၊ သူတို့ ရွာမှာတုန်းက သူ့မိန်းမဗိုက် ပြားချပ်ချပ်နဲ့ကို ။ သူမကို အရူးလာလုပ်နေတာလား..? သူမက အဲလောက်ထိတော့ အသိဉာဏ်မမဲ့သေးဘူးနော် လုံးဝကြိီးကို ရုပ်တည်နဲ့ ညာပြောနေတာ! သူမ နှုတ်ခမ်းကို ကိုက်တာ မရယ်ဖို့ မနဲထိန်းထားသော လူကို စူးရဲနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး..
"ရှင့်လက်ချက်မို့လား အမှန်တိုင်းပြော..ကျွန်မ လိမ်တတ်တဲ့ လူတွေကို မုန်းတယ်!”
ထိုသို့ပြောပြီး သူ့ကို ကျောခိုင်းရပ်လိုက်သည့် သူမလေးအား ဝေယံ ပို၍ပင် ရင်ခုန်လာမိသည်။ သူမသာ ဒီလိုမျိုးနေ့တိုင်း စိတ်ကောက်ပြီး သူလိုက်ချော့နေရရင် ဘယ်လောက်တောင် ကောင်းလေမလဲ?
သူမပခုံးကို လက်ချောင်းနှင့်တို့ပြီး
"ငယ်..ကိုယ်တောင်းပန်ပါတယ်နော် နော်လို့ ဒါကကိုယ်တို့ရဲ့ ပျားရေဆမ်းခရီးလေ တခြားလူကိုပါ ဆွဲခေါ်နေရင် ကိုယ်တို့ ဘယ်လိုလွတ်လပ် ပါ့မလဲ ငယ်..စိတ်မဆိုးနဲ့တော့နော် နော်လို့”
WYP group ရဲ့ ceoက ဒီလိုမျိုးလည်း ချွဲတတ်တာပဲလား..ရွှေခေတ် စိတ်ဆိုးနေရာမှ ပျောက်သွားတော့မည့် အလား ပြုံးချင်လာသော မျက်နှာကို ပြန်တင်းလိုက်ပြီး သူမ ပခုံးကို လာလာထိနေသော သူ့လက်အား ပုတ်ချလိုက်သည်။ နောက် သူဆီ အကြည့်ပြန်လှည့်လိုက်ပြီး..
"ရှင်က တောင်းပန်ရုံနဲ့ ပြီးရင် တရားရုံးတွေ ထောင်တွေ လိုအုံးမလား ”
"ကိုယ်က တခြားလူကို မတောင်းပန်ဖူးဘူး ငယ့်တစ်ယောက်တည်းကိုပဲ တောင်းပန်ဖူးတာ ငယ်...”
သူပြောသည့် စကားမှာ အမှန်ဖြစ်ကြောင်း ရွှေခေတ်အသေအချာသိ၏။ ဟိုတလော သူနှင့်မဆုံသေးခင် လက်မထပ်သေးခင် သုံးလလောက်က အိမွန်သူမကို နာမည်ကြီး ဂျာနယ်ဇင်းတစ်စောင် ထုတ်ပြပြီး အိမွန်က သူမမင်းသားလေး ဘယ်လောက်ချေကြောင်း ဘယ်လောက်မိုက်(ခန့်)ကြောင်းကို ပြောပြ၏။
ပုံထဲက စာခေါင်းစဥ်မှာတော့ ပျိုတိုင်းကြိုက်တဲ့ရွှေမင်းသားလေးက မော်ဒယ်မလေးတစ်ဦးကို တိုက်မိပြီး ထိုမော်ဒယ်မလေး၏ ဝတ်စုံ ဝိုင်ပေသွားကာ တောင်းမပန်ဘဲ သောင်းတန်ငွေထုတ်ပစ်ချပေးပြီး ဒီအကွက်တွေက ရိုးနေပြီဟုပြော ထိုသို့ဖြစ်လေ၏။
ဒီလူကြီးက ဘယ်သူ့ကိုမှ မတောင်းပန်တတ်ဘဲ သူမကိုကျတော့ တောင်းပန်စကားကို တနေ့ အခါငါးဆယ်လောက် ရွတ်နေ၏။ ဘာလို့လဲ?
"ရှင့်ဟာရှင် ဘယ်သူ့ကို တောင်းပန် မတောင်းပန် ကျွန်မစိတ်မဝင်စားဘူး အရေးကြီးဒါက ကျွန်မတို့ ဘယ်လို အိမ်ပြန်ရမှာလဲ ဆိုတာပဲ တွေး”
"တစ်ပတ်ပြည့်ရင် သူတို့ တောင်ပေါ်ပြန်တက်လာပြီး ကိုယ်တို့ကို လာကြိုဖို့ ပြောထားပြီးပြီ”
သူ ဘယ်တုန်းကတည်းက အစီအစဥ်တွေ ဆွဲနေခဲ့တာလဲ? နာရီဝက်အတွင်းမှာ ချုံပုတ်တစ်ဧကကို ရှင်းလိုက်နိုင်သလိုမျိုး ဝင့်ကြွားနေသည့် ယောက်ျား!
"ရှင်..ရှင်က တကယ့် အကြံသမားပဲ”
"ကိုယ်က အမြဲ ဒီလိုပဲလေ ငယ့်အတွက်ဆိုရင်တော့ နဲနဲပိုတယ်”
တီတီတာတာတွေ လာပြောနေတာလား သူမကိုလေ..
"စိတ်ကောက် နေသေးလား ”
သူမဘာမှ မပြောဘဲ နောက်တစ်ခါ ကျောခိုင်းလိုက်ပြန်၏။ ဒီတစ်ခါတော့ ဝေယံ ငြိမ်မနေတော့ဘဲ သူမပခုံးပေါ် မှေးတင်ကာ သူမခါးတွေကို ညင်သာစွာ အနောက်ဘက်မှ ထွေးပွေ့လိုက်၏။
သူမ ကြက်သီးများ ဖျန်းခနဲ ထသွားတော့၏။ ဒီလူ တော်တော်ကို လွန်လွန်းတယ်။ စိတ်ကောက်နေတာကိုမချော့ပဲ ဒီလိုမျိုး လာတွယ်ကပ်နေတာလား? အံ့သြ စရာကောင်းသည်မှာ သူမရုန်းဖို့ မတွေးမိသလို ရုန်းဖို့သတိရခဲ့လျှင်တောင် သူမအားအင်အားလုံးက ရင်ခုန်နှုန်းဆီသို့ အကုန်ပို့ထား၍ တစ်စက်ကလေးမှ မကျန်ဘဲ ယိုင်နဲ့နေ၏။
"ငယ်..ကြည့်ပါအုံး ဒီနေ့ကို နှုတ်ဆက်နေတဲ့ ရောင်ခြည်နီနီတွေ ကသိပ်လှတာပဲ ငယ်ရော လှတယ်လို့ ထင်လား”
သူမဘာမှ ထပ်မပြောလျှင်
"ကိုယ် ငယ့်ကို ဟိုနေ့က နည်းလမ်းလိုမျိုးနဲ့ ချော့ရမှာလား..”
"ရှင်”
ဟိုနေ့က နည်းလမ်း! ထိုနည်းလမ်းကြောင့်ပင် သူမဒီနေရာကို ရောက်လာခဲ့ခြင်းဖြစ်၏ ထို့ကြောင့် ထိုနည်းလမ်းကို လက်ခံမည့်အစား သူ့ကိုစိတ်မကောက်ဘဲ ထိုင်ရှိခိုးနေတာမှ သာအုံးမည်။ သူမချက်ချင်းပဲ လေသံကို အညင်သာဆုံးလှိုင်းပြုကာ
"စိတ်မကောက် ပါဘူး ဒါကြောင့် ချော့ဖို့မလိုဘူး ပြီးတော့ ရှင်..ရှင်ပြောတဲ့ နေရောင်ကလည်း တကယ်.. တကယ်ကို သိပ်လှတယ်!”
အထစ်ထစ်အငေါ့ငေါ့ ပြောနေသော သူမကြောင့် ဝေယံ အရယ်မထိန်းနိုင်တော့ပေ။ သူမ နောက်ဘက်ဆီမှ ရယ်သံသဲ့သဲ့ ထွက်လာသောကြောင့် သူမပို၍ပင် စိတ်ဆိုးချင်လာ၏။ သို့သော်မလုပ်ရဲပေ။ အကြောင်းမှာတော့...(သာသာတို့ သိတယ်မို့လား😆)
"ကျွန်မ တကယ်ပြောတာ တကယ်ကိုလှတယ်”
တောင်ထိပ်မို့ ပတ်ပတ်လည်တောင်တွေ ဝန်းရံထားပြီး သူမတို့ မျက်နှာမူနေသော နေဝင်ရာအနောက်ဘက် ကသာ ချိုင့်ဝှမ်းကျယ်ကြီး ဖြစ်၏။ ထိုချိုင့်ဝှမ်းတွင်ဘသူမတို့တည်းခဲ့သော ရွာအပါအဝင် အခြားသော ရွာများကလည်း စုပြုံနေကြ၏။ နေလုံးကြီးက ပျောက်ကွယ်သွားပြီ ဆိုသော်လည်း အမှတ်တရချန်ခဲ့သော နေရောင်များကမူ ပန်းချီကား တစ်ချပ်အလား လှပလွန်းပေ၏။
Advertisement
ထိုအချိန် တောင်ထိပ်တစ်နေရာတွင် ထူးထူးဆန်းဆန်း ပျားရေဆမ်းထွက်လာကြသော ဇနီးမောင်နှံနှစ်ဦးက အပြုံးကိုယ်စီဖြင့် နီရောင်ကောင်းကင်ကြီးကို ငေးမောနေကြပြီး စကားပြောနေကြ၏။
(သူတို့ ဘာပြောေနတာလဲ ဆိုတာ သာသာလဲ မသိပါဘူး😒)
............
5.11.21
အခုထိ အသဲကွဲနေတယ် ထင်ပြီး တရားဟောclipတွေ လာလာရှဲပေးနေတဲ့ သာသာ့အမေကို ကူပြီး နားချကူကြပါအုံး☹
သူတို႔ နားခိုဖို႔ရာအတြက္ အသင့္ပါလာေသာ တဲအိမ္ေဆာက္ဖို႔ ပစၥည္းပစၥရာမ်ားကို ထုတ္ကာ အားလုံး ကူညီေဆာက္လိုက္ၾကၿပီး မိနစ္ေလးဆယ္အၾကာတြင္ အားလုံးၿပီးေျမာက္သြားၾကသည္။
က်န္ေလးေယာက္မွာ အိမ္သို႔ ျပန္သြားၾကၿပီျဖစ္ၿပီး သူတို႔သုံးေယာက္သာ က်န္ေတာ့သျဖင့္ ပတ္ဝန္းက်င္မွာ ယခင္ကထက္ ပို၍ပင္ တိတ္ဆိတ္သြားသည္။
ေနလည္းဝင္ေတာ့မည္မို႔ သူတို႔တစ္ေတြ ညစာစစားလိုက္ၾကသည္။ လူစိမ္းႏွင့္ ညစာအတူတူစားရတာမို႔ ေ႐ႊေခတ္က အစာအိမ္ခံ႐ုံသာ စားခဲ့ၿပီး တဲထဲသို႔ဝင္သြားေလ၏။ ဖုန္းထုတ္ၿပီး ၾကည့္ေတာ့ လွိုင္းကလဲမမိ။ ဒါကေတာင္ေပၚေဒသမို႔ မထူးဆန္းေတာ့ေပမယ့္လည္း ဘာမွလုပ္စရာမရွိတာ ေတြးၿပီးသူမေတာ္ေတာ္ေလးကို ပ်င္းေနသည္။
"ဆရာ..စိတ္ခ်ပါ ဒီတစ္ပတ္အတြင္း ဆရာနဲ႕ ဆရာကေတာ္ကို ဆံပင္ေမႊးတစ္ေခ်ာင္းေတာင္ မကြၽတ္နိုင္ေအာင္ ကာကြယ္ေပးပါ့မယ္
လမ္းျပေပးသည့္ ထိုအသက္သုံးဆယ္ေက်ာ္ေက်ာ္ခန့္ ဦးေလးက ထမင္းၿမိန္ရည္ရွက္ေရစားရင္း ေဝယံပိုင္အား ေျပာေလ၏။ သို႔ေသာ္ ထိုလူမွာ ေဝယံ ၏မ်က္ႏွာ ေမွာင္မဲေနသည္ကို သတိမထားမိေပ။
ေဝယံ တဲဆီသို႔ အၾကည့္ပို႔လိုက္ၿပီး သူမေလးတဲထဲတြင္ညရွိေနသည္ေသခ်ာမွ ထိုလမ္းျပဘက္လွည့္ကာ
"ဦးေလး ကြၽန္ေတာ္ အကူညီေတာင္းစရာေလး နဲနဲရွိလို႔..
"ဘာ..ဘာမ်ားလဲဆရာ ကြၽန္ေတာ္ တတ္နိုင္သေလာက္ ကူညီေပးမယ္
ထိုအခါ ေဝယံက အႏၱရာယ္ ရွိေသာ အၿပဳံးတစ္ခုကို ဆက္ျမန္းလိုက္ကာ...
"ခင္ဗ်ား က်ဳပ္တို႔လင္မယားကို ထားခဲ့ၿပီး အိမ္ျပန္လိုက္ရင္ ဘယ္လိုလဲ....
"ဗ်ာ.....!
..........................
ေ႐ႊေခတ္ တဲထဲရွိ ပလတ္စတစ္ဖာေသတၱာမ်ားကို တစ္ခုၿပီးတစ္ခု ဖြင့္ၾကည့္ရင္း တစ္စုံတစ္ရာကို လိုက္ရွာေနေလ၏။ မိနစ္ႏွစ္ဆယ္ အၾကာမွာေတာ့..
"ဒီမွာပဲ..ေတြ႕ၿပီ
အသစ္စက္စက္ သူမဝယ္ထားခဲ့ေသာ ဟင္းခ်က္နည္းစာအုပ္ ။ထိုစာအုပ္ကို အိမ္မွာတုန္းက ကိစၥမ်ိဳးစုံႏွင့္ ရႈပ္ေနသည္မို႔ မဖတ္အားခဲ့ေပ။ ခရီးထြက္ရမည္ သိသိခ်င္း ခရီးမွာ အပ်င္းေျပဖတ္ဖို႔အတြက္ ထည့္လာခဲ့ျခင္းျဖစ္ကာ ခင္ပြန္း၏ တားျမစ္ျခင္းကိုေတာင္ ခံခဲ့ရသည္။ သို႔ေသာ္လည္း ေနာက္ဆုံး၌ ဇနီးမနိုင္ေသာ ခင္ပြန္းက လက္ေလွ်ာ့ခဲ့ရ၏။
သူမထိုစာအုပ္ဝယ္ရသည့္ အေၾကာင္းအရင္းမွာ ခိုင္လုံေပသည္။ ျမန္မာအမ်ိဳးသမီးမ်ား အိမ္ေထာင္က်သည့္အခ်ိန္ မီးဖိုေခ်ာင္မွာ ဒုတိယခင္ပြန္းလို ျဖစ္လာစၿမဲ။ ထမင္းဟင္းမခ်က္တတ္သည့္ မိန္းမဆိုသည္မွာ ခပ္ရွားရွားပင္။ သူမက ခင္ပြန္းကို တစ္ေန႕သုံးႏွပ္ မရိုးရေအာင္ တစ္မ်ိဳးၿပီးတစ္မ်ိဳး ဟင္းေျပာင္းခ်က္ေပးသည့္ တာဝန္ေက်အိမ္ေထာင္ရွင္မ လုပ္ဖို႔ သေဘာမက်ေသာ္လည္း သူမမိခင္၏ေနာက္ဆုံးစကားထဲတြင္မူ ထိုတစ္ခြန္းကို အႀကိမ္ႀကိမ္ မွာၾကားထားေလေသာေၾကာင့္ သူမ ပစ္ထားလို႔မျဖစ္ေပ။
သူမအိပ္ယာထဲ ကိုယ္ကို လွဲေလ်ာင္းၿပီး စာအုပ္ထိုင္ဖတ္ေနစဥ္ တဲတံခါးဖြင့္သံႏွင့္အတူ
"ခုနကပဲ ထမင္းစားၿပီးတာ အခုအိပ္ယာထဲ လွဲေနၿပီ က်န္းမာေရး မေကာင္းပဲ ေနလိမ့္မယ္
အသံႏွင့္အတူ ေဝယံပိုင္ကို ျမင္ေတာ့ ေ႐ႊေခတ္ လဲေနရာမွ အလ်င္အျမန္ ထထိုင္လိုက္၏။
"အဟမ္း..ဖုန္းကလည္း လွိုင္းမမိဘူး ဘာမွလုပ္စရာလဲ မရွိေတာ့ ကြၽန္မစာေတြ ထိုင္ဖတ္ေနတာ..
သူမ ေခ်ာင္းတစ္ခ်က္ ဟန့္လိုက္ၿပီး အလ်င္အျမန္ရွင္းျပေလ၏။ ထိုသို႔ လဲေနတာက သူ႕ကို ျမဴစြယ္ေနသလို ျဖစ္ေလမလားလို႔ သူမေတြးမိ ေသာေၾကာင့္ပင္။ သူမ လဲတုန္းက ထိုသို႔ မေတြးမိဘဲ အခုမွ သူ႕မ်က္ႏွာ ျမင္မွသာ..
"ငယ္..တကယ္ပဲ လုပ္စရာဘာမွ မရွိဘူးလား..?
ေျပာရင္းႏွင့္ သူမဆီ ေလွ်ာက္လာေသာ သူေၾကာင့္ ေ႐ႊေခတ္ အိပ္ယာမွ အျမန္ထကာ သူ႕ကိုျဖတ္ၿပီး တဲအျပင္ဘက္သို႔ ေျပးထြက္လိုက္သည္။
"ဘယ္လိုျဖစ္ျဖစ္ ကိုယ့္လက္က လြတ္မွာမွ မဟုတ္ဘဲ ဘာလို႔ ေရွာင္ေျပးေနေသးတာလဲ ကေလးဆန္လိုက္တာ အာ..တကယ္ခ်စ္ဖို႔ေကာင္းတာ..
သူ႕ပုခုံးကို တိုက္ၿပီး ေျပးထြက္သြားေသာ သူမေက်ာကို ေငးကာ သူတစ္ေယာက္တည္း ေရ႐ြတ္ေနလိုက္သည္။
ေ႐ႊေခတ္ တဲ အျပင္ဘက္ေရာက္ေတာ့ တစ္ခုခုေပ်ာက္ေနသလို ခံစားရ၏။ ေက်းငွက္ကေလးမ်ား အိမ္ျပန္ဖို႔ တစ္ေကာင္ကိုတစ္ေကာင္ သတိေပးသံ တက်ီက်ီမွ လြဲ၍ အရာအားလုံးတိတ္ဆိတ္ ေနသည္။
သူမ ေသခ်ာေတြးၿပီး လွည့္ပတ္ၾကည့္လိုက္ေတာ့ သူမတို႔ကို လမ္းျပေပးမည့္ သူမရွိေတာ့မွန္း သိရ၏။
သူမေနာက္မွ ေျခသံၾကား၍ လွည့္ၾကည့္လိုက္ရာ တစ္ခုခုကိုဖုံးကြယ္ထား သလိုမ်က္ႏွာႏွင့္ သူမကို ၾကည့္ေနသည့္ ေဝယံ။
"ဟိုလူေရာ...
လက္ကိုပိုက္ၿပီး မ်က္ခုံးကို ပင့္လိုက္ကာ
"အိမ္ျပန္သြားၿပီ...
"ရွင္...!
ေ႐ႊေခတ္ အလြန္ကိုပင္ အံအားသင့္သြား၏။ ႐ြာမွာတုန္းကေရာ ဒီေတာင္ေပၚေရာက္စကပါ သူတို႔ကို ဘာမွမထိခိုက္မိေလေအာင္ အေကာင္းဆုံးေသာ သက္ေတာ္ေစာင့္ လုပ္ေပးမည္ဟု တက်ီက်ီေျပာေနေသာ လူက သူမတို႔ကို ထားခဲ့ၿပီး အိမ္ျပန္သြားသည္တဲ့။
"သူက ဘာလို႔ျပန္သြားရတာလဲ ဒါဆို ကြၽန္မတို႔ကေရာ...?
ေၾကာင္အအ ပုံစံႏွင့္ သူမေလးကို မျမင္ဖူးေသာ ေဝယံမွာ ရယ္ခ်င္စိတ္ကို မနဲထိန္းလိုက္ရၿပီး
"ေနပါဦး...ငယ္ ငယ့္မွာ ကိုယ္တစ္ေယာက္လုံးရွိေနတာကို ဘာလို႔ တျခားလူကို ပူရွာေနရတာလဲ
ဘာမွ မထူးဆန္းသလို ပုံစံလုပ္ေနေသာ ေဝယံကို သူမၾကည့္လိုက္ၿပီး...
"ကြၽန္မတို႔က လမ္းလဲသိတာမဟုတ္ ေနာက္ၿပီး သူက ဘာအေၾကာင္းျပခ်က္နဲ႕ ကြၽန္မတို႔ကို ထားခဲ့ၿပီး အိမ္ျပန္ရတာလဲ
သူမ ထိုသို႔ အေၾကာင္းျပခ်က္ ခိုင္ခိုင္လုံလုံေတာင္းမွာကို သိေနေသာ ေဝယံက
"ေအာ္..ခုနက သူ႕လူေတြ လာေခၚသြားတယ္ သူ႕မိန္းမ ကေလးေမြးေတာ့ မလို႔တဲ့
"ဘာ!
ဒီလူ လိမ္ေနမွန္း သူမေသခ်ာသြား၏။ ဘာကို မိန္းမကေလးေမြး ၊ သူတို႔ ႐ြာမွာတုန္းက သူ႕မိန္းမဗိုက္ ျပားခ်ပ္ခ်ပ္နဲ႕ကို ။ သူမကို အ႐ူးလာလုပ္ေနတာလား..? သူမက အဲေလာက္ထိေတာ့ အသိဉာဏ္မမဲ့ေသးဘူးေနာ္ လုံးဝကြိီးကို ႐ုပ္တည္နဲ႕ ညာေျပာေနတာ! သူမ ႏႈတ္ခမ္းကို ကိုက္တာ မရယ္ဖို႔ မနဲထိန္းထားေသာ လူကို စူးရဲေနသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္ၿပီး..
"ရွင့္လက္ခ်က္မို႔လား အမွန္တိုင္းေျပာ..ကြၽန္မ လိမ္တတ္တဲ့ လူေတြကို မုန္းတယ္!
ထိုသို႔ေျပာၿပီး သူ႕ကို ေက်ာခိုင္းရပ္လိုက္သည့္ သူမေလးအား ေဝယံ ပို၍ပင္ ရင္ခုန္လာမိသည္။ သူမသာ ဒီလိုမ်ိဳးေန႕တိုင္း စိတ္ေကာက္ၿပီး သူလိုက္ေခ်ာ့ေနရရင္ ဘယ္ေလာက္ေတာင္ ေကာင္းေလမလဲ?
သူမပခုံးကို လက္ေခ်ာင္းႏွင့္တို႔ၿပီး
"ငယ္..ကိုယ္ေတာင္းပန္ပါတယ္ေနာ္ ေနာ္လို႔ ဒါကကိုယ္တို႔ရဲ႕ ပ်ားေရဆမ္းခရီးေလ တျခားလူကိုပါ ဆြဲေခၚေနရင္ ကိုယ္တို႔ ဘယ္လိုလြတ္လပ္ ပါ့မလဲ ငယ္..စိတ္မဆိုးနဲ႕ေတာ့ေနာ္ ေနာ္လို႔
WYP group ရဲ႕ ceoက ဒီလိုမ်ိဳးလည္း ခြၽဲတတ္တာပဲလား..ေ႐ႊေခတ္ စိတ္ဆိုးေနရာမွ ေပ်ာက္သြားေတာ့မည့္ အလား ၿပဳံးခ်င္လာေသာ မ်က္ႏွာကို ျပန္တင္းလိုက္ၿပီး သူမ ပခုံးကို လာလာထိေနေသာ သူ႕လက္အား ပုတ္ခ်လိဳက္သည္။ ေနာက္ သူဆီ အၾကည့္ျပန္လွည့္လိုက္ၿပီး..
"ရွင္က ေတာင္းပန္႐ုံနဲ႕ ၿပီးရင္ တရား႐ုံးေတြ ေထာင္ေတြ လိုအုံးမလား
"ကိုယ္က တျခားလူကို မေတာင္းပန္ဖူးဘူး ငယ့္တစ္ေယာက္တည္းကိုပဲ ေတာင္းပန္ဖူးတာ ငယ္...
သူေျပာသည့္ စကားမွာ အမွန္ျဖစ္ေၾကာင္း ေ႐ႊေခတ္အေသအခ်ာသိ၏။ ဟိုတေလာ သူႏွင့္မဆုံေသးခင္ လက္မထပ္ေသးခင္ သုံးလေလာက္က အိမြန္သူမကို နာမည္ႀကီး ဂ်ာနယ္ဇင္းတစ္ေစာင္ ထုတ္ျပၿပီး အိမြန္က သူမမင္းသားေလး ဘယ္ေလာက္ေခ်ေၾကာင္း ဘယ္ေလာက္မိုက္(ခန့္)ေၾကာင္းကို ေျပာျပ၏။
ပုံထဲက စာေခါင္းစဥ္မွာေတာ့ ပ်ိဳတိုင္းႀကိဳက္တဲ့ေ႐ႊမင္းသားေလးက ေမာ္ဒယ္မေလးတစ္ဦးကို တိုက္မိၿပီး ထိုေမာ္ဒယ္မေလး၏ ဝတ္စုံ ဝိုင္ေပသြားကာ ေတာင္းမပန္ဘဲ ေသာင္းတန္ေငြထုတ္ပစ္ခ်ေပးၿပီး ဒီအကြက္ေတြက ရိုးေနၿပီဟုေျပာ ထိုသို႔ျဖစ္ေလ၏။
ဒီလူႀကီးက ဘယ္သူ႕ကိုမွ မေတာင္းပန္တတ္ဘဲ သူမကိုက်ေတာ့ ေတာင္းပန္စကားကို တေန႕ အခါငါးဆယ္ေလာက္ ႐ြတ္ေန၏။ ဘာလို႔လဲ?
"ရွင့္ဟာရွင္ ဘယ္သူ႕ကို ေတာင္းပန္ မေတာင္းပန္ ကြၽန္မစိတ္မဝင္စားဘူး အေရးႀကီးဒါက ကြၽန္မတို႔ ဘယ္လို အိမ္ျပန္ရမွာလဲ ဆိုတာပဲ ေတြး
"တစ္ပတ္ျပည့္ရင္ သူတို႔ ေတာင္ေပၚျပန္တက္လာၿပီး ကိုယ္တို႔ကို လာႀကိဳဖို႔ ေျပာထားၿပီးၿပီ
သူ ဘယ္တုန္းကတည္းက အစီအစဥ္ေတြ ဆြဲေနခဲ့တာလဲ? နာရီဝက္အတြင္းမွာ ခ်ဳံပုတ္တစ္ဧကကို ရွင္းလိုက္နိုင္သလိုမ်ိဳး ဝင့္ႂကြားေနသည့္ ေယာက္်ား!
"ရွင္..ရွင္က တကယ့္ အႀကံသမားပဲ
"ကိုယ္က အၿမဲ ဒီလိုပဲေလ ငယ့္အတြက္ဆိုရင္ေတာ့ နဲနဲပိုတယ္
တီတီတာတာေတြ လာေျပာေနတာလား သူမကိုေလ..
"စိတ္ေကာက္ ေနေသးလား
သူမဘာမွ မေျပာဘဲ ေနာက္တစ္ခါ ေက်ာခိုင္းလိုက္ျပန္၏။ ဒီတစ္ခါေတာ့ ေဝယံ ၿငိမ္မေနေတာ့ဘဲ သူမပခုံးေပၚ ေမွးတင္ကာ သူမခါးေတြကို ညင္သာစြာ အေနာက္ဘက္မွ ေထြးေပြ႕လိုက္၏။
သူမ ၾကက္သီးမ်ား ဖ်န္းခနဲ ထသြားေတာ့၏။ ဒီလူ ေတာ္ေတာ္ကို လြန္လြန္းတယ္။ စိတ္ေကာက္ေနတာကိုမေခ်ာ့ပဲ ဒီလိုမ်ိဳး လာတြယ္ကပ္ေနတာလား? အံ့ၾသ စရာေကာင္းသည္မွာ သူမ႐ုန္းဖို႔ မေတြးမိသလို ႐ုန္းဖို႔သတိရခဲ့လွ်င္ေတာင္ သူမအားအင္အားလုံးက ရင္ခုန္ႏႈန္းဆီသို႔ အကုန္ပို႔ထား၍ တစ္စက္ကေလးမွ မက်န္ဘဲ ယိုင္နဲ႕ေန၏။
"ငယ္..ၾကည့္ပါအုံး ဒီေန႕ကို ႏႈတ္ဆက္ေနတဲ့ ေရာင္ျခည္နီနီေတြ ကသိပ္လွတာပဲ ငယ္ေရာ လွတယ္လို႔ ထင္လား
သူမဘာမွ ထပ္မေျပာလွ်င္
"ကိုယ္ ငယ့္ကို ဟိုေန႕က နည္းလမ္းလိုမ်ိဳးနဲ႕ ေခ်ာ့ရမွာလား..
"ရွင္
ဟိုေန႕က နည္းလမ္း! ထိုနည္းလမ္းေၾကာင့္ပင္ သူမဒီေနရာကို ေရာက္လာခဲ့ျခင္းျဖစ္၏ ထို႔ေၾကာင့္ ထိုနည္းလမ္းကို လက္ခံမည့္အစား သူ႕ကိုစိတ္မေကာက္ဘဲ ထိုင္ရွိခိုးေနတာမွ သာအုံးမည္။ သူမခ်က္ခ်င္းပဲ ေလသံကို အညင္သာဆုံးလွိုင္းျပဳကာ
"စိတ္မေကာက္ ပါဘူး ဒါေၾကာင့္ ေခ်ာ့ဖို႔မလိုဘူး ၿပီးေတာ့ ရွင္..ရွင္ေျပာတဲ့ ေနေရာင္ကလည္း တကယ္.. တကယ္ကို သိပ္လွတယ္!
အထစ္ထစ္အေငါ့ေငါ့ ေျပာေနေသာ သူမေၾကာင့္ ေဝယံ အရယ္မထိန္းနိုင္ေတာ့ေပ။ သူမ ေနာက္ဘက္ဆီမွ ရယ္သံသဲ့သဲ့ ထြက္လာေသာေၾကာင့္ သူမပို၍ပင္ စိတ္ဆိုးခ်င္လာ၏။ သို႔ေသာ္မလုပ္ရဲေပ။ အေၾကာင္းမွာေတာ့...(သာသာတို႔ သိတယ္မို႔လား😆)
"ကြၽန္မ တကယ္ေျပာတာ တကယ္ကိုလွတယ္
ေတာင္ထိပ္မို႔ ပတ္ပတ္လည္ေတာင္ေတြ ဝန္းရံထားၿပီး သူမတို႔ မ်က္ႏွာမူေနေသာ ေနဝင္ရာအေနာက္ဘက္ ကသာ ခ်ိဳင့္ဝွမ္းက်ယ္ႀကီး ျဖစ္၏။ ထိုခ်ိဳင့္ဝွမ္းတြင္ဘသူမတို႔တည္းခဲ့ေသာ ႐ြာအပါအဝင္ အျခားေသာ ႐ြာမ်ားကလည္း စုၿပဳံေနၾက၏။ ေနလုံးႀကီးက ေပ်ာက္ကြယ္သြားၿပီ ဆိုေသာ္လည္း အမွတ္တရခ်န္ခဲ့ေသာ ေနေရာင္မ်ားကမူ ပန္းခ်ီကား တစ္ခ်ပ္အလား လွပလြန္းေပ၏။
ထိုအခ်ိန္ ေတာင္ထိပ္တစ္ေနရာတြင္ ထူးထူးဆန္းဆန္း ပ်ားေရဆမ္းထြက္လာၾကေသာ ဇနီးေမာင္ႏွံႏွစ္ဦးက အၿပဳံးကိုယ္စီျဖင့္ နီေရာင္ေကာင္းကင္ႀကီးကို ေငးေမာေနၾကၿပီး စကားေျပာေနၾက၏။
(သူတို႔ ဘာေျပာေနတာလဲ ဆိုတာ သာသာလဲ မသိပါဘူး😒)
............
5.11.21
အခုထိ အသဲကြဲေနတယ္ ထင္ၿပီး တရားေဟာclipေတြ လာလာရွဲေပးေနတဲ့ သာသာ့အေမကို ကူၿပီး နားခ်ကဴၾကပါအုံး
Advertisement
- In Serial35 Chapters
MC Player (Broken Demons MC #7)
Ice is the ladies man of The Broken Demons MC. A different girl in his bed every night and he loves his life. Can one woman finally tame the beast?Imelda is a single mother with a secret. Can she help Ice grow up and become a man?
8 74 - In Serial21 Chapters
Un-thinkable
𝙔𝙤𝙪 𝙜𝙞𝙫𝙚 𝙢𝙚 𝙖 𝙛𝙚𝙚𝙡𝙞𝙣𝙜 𝙩𝙝𝙖𝙩 𝙄 𝙣𝙚𝙫𝙚𝙧 𝙛𝙚𝙡𝙩 𝙗𝙚𝙛𝙤𝙧𝙚𝘼𝙣𝙙 𝙄 𝙙𝙚𝙨𝙚𝙧𝙫𝙚 𝙞𝙩, 𝙄 𝙩𝙝𝙞𝙣𝙠 𝙄 𝙙𝙚𝙨𝙚𝙧𝙫𝙚 𝙞𝙩
8 331 - In Serial10 Chapters
Fantasy Farm Fantastic!
When Qastael reached the end of the world, she found a farm.Discover what it takes to cultivate acreage in the fantasy world of Evma, a place where monsters are the majority and magic grows strange crops. Qastael will need to learn quickly if she wants to bring in enough harvest while finding refuge from a violent past. Maybe she'll find love? It will be a tall order and hopefully Qastael is BIG enough to handle it.THEMESFantasy WesternSlice Of LifeFarming Procedural/EconomyLesbian RomanceAUTHOR'S NOTEHowdy! Ai here. This story will be published for my patrons first then made available here each chapter. I also won't have a regular schedule releasing chapters, as I will be switching between my PG-13 content on RR and more explicit stories over on Literotica (where other of my stories have already started to explore Evma and its secrets). Throwing the Sexual Content Warning up because while I won't publish anything explicit on RR, there will be plenty of steamy flirting.
8 95 - In Serial64 Chapters
Lord Day and Lady Night
The rich. The powerful. Those are the men Amy has always despised, because the only thing they've ever done is use her.So...what is she doing with HIM?Lord Patrick Day, descendant of a noble line, with enough arrogance for ten kings and the looks to go with it, is exactly the kind of man Amy hates the most. And yet, now he is the only hope she has.A sinister conspiracy. A young woman, hurt and broken. And a powerful man, who was never, ever meant to be with the likes of her. Together, can they take on the darkest depths of the London underworld?
8 535 - In Serial23 Chapters
Why her? Donnie x reader
Donnie loves April but, you love him. Can you get him to forget April and, fall for you(Short Chapters)
8 368 - In Serial32 Chapters
Isolation - a Dramione Fanfiction
When the war survivors from the school of Which Craft and Wizardry return to finish their remaining years, everyone seems to have different feelings. The Golden Trio is happy to be back to their rebuild home and happy to finally safe. Though it's not quite as safe as they had hoped. When Dementors suddenly start popping up and people start dying, what length will they go to, to have the life they want, to be safe and to save the people they love. Best Ranking - #1 in Hermione & Draco-I do not own any characters or settings, only the plot- -Some Mature Content (for some language and darker themes)-
8 160

