《Untamed Flower( ပန်းရိုင်း)》အပိုင်း ၅၈
Advertisement
ရွှေငယ် ဒီတစ်ခါလည်းသူ့ကို တွန်းမထုတ်မိပြန်ခဲ့ပေ။ သူမထိုကဲ့သို့သော အခြေအနေကို အနှေးမဟုတ်အမြန် ကြုံရမည်ဖြစ်မှန်း သိနေ၏။ ဟန်းနီးမွန်းဆိုမှတော့ လင်မယားနှစ်ယောက်ရဲ့ ပျော်ဖွယ်ရွှင်ဖွယ်ကလွဲရင် တခြားဘာလုပ်စရာရှိလို့လဲ?
သူမက ထပ်မတွန်းပဲ သူနမ်းနေတာကို ငြိမ်ခံနေတာမို့ ဝေယံပိုင် ကြောင်အမ်းသွားသည်။ နမ်းနေတာကို ခဏရပ်လိုက်ပြီးမှ သူမမျက်နှာကို စေ့စေ့ကြည့်လိိုက်၏။ ထင်ထားသည့်အတိုင်း မျက်လုံးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ပိတ်ထားလေ၏။
ဝေယံက နူးညံ့လှသော အနမ်းမှ နက်ရှိုင်းလှသောအနမ်းအဖြစ် ပြောင်းလဲလိုက်ကာ သူမကိုယ်ကို သူနှင့်ပိုကပ် စေလိုက်သည်။ ရွှေငယ်လေးက သူမ သူနှင့်မည်မျှထိ နီးကပ်ပူးတွဲနေမှန်း ခံစားမိလိုက်ပြီး မျက်လုံးများကို မူလထပ်ပို ကျစ်ပိတ်စေလိုက်၏။
သူက သူမကို သူ့ပေါ်ယိုင်မကျအောင် မတ်မတ်ရပ်စေပြီး ခါးတွက်ဖက်ထားသောလက်များက သူမခေါင်းနှစ်ဖက်ကို ထိန်းချုပ်ကာ နမ်းရှိုက်လာသည်။ ရွှေငယ့် နှုတ်ခမ်းများ ပူစပ်လာသည်အထိ နမ်းကာ အသက်ရှူစေဖို့ စက္ကန့်အတော်ကြာတစ်ခါ ရပ်၏။
တောင်ထိပ်တစ်နေရာတွင် မနက်စောစောစီးစီး တွယ်ကပ်ကာနမ်းရှိုက်နေကြသော စုံတွဲကြီးကို ဝေဟင်ကောင်းကင်ကြီးက အမြင်ကပ်လာ၍ ကိုယ်တော်မောင် နေမင်းကြီးအား ထွက်လာစေခဲ့သည်။
သူတို့ မည်မျှကြာအောင် အသံတိတ်ဖက်တွယ် နေကြသည်မသိ။ ရောင်ခြည်ဝါဝါများ သူမလေး မျက်နှာပြင်ပေါ် ကျရောက်လာတော့မှ သူမက သူ့ဖိကပ်နမ်းနေသည့်မှ ခွာကာ တိုးလျသောအသံဖြင့်..
"နေထွက်နေပြီ....”
ဝေယံလည်း အသက်ကို တဝရှူရှိုက်လိုက်ပြီး
"ကိုယ်သိတယ်...အထဲဝင် ကြရအောင်..”
"ရှင်!”
သူဘာဆက်လုပ် မလို့လဲ?
သူမ ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသည်။
period လာနေတာ မေ့နေရသလား ရွှေငယ်ရေ..
သူ့မျက်နှာကို မြင်ပြီး မေ့သွားတာလား ဒါမှမဟုတ် စိတ်လှုပ်ရှားနေလွန်းလို့လား
သူမမငြင်းနိုင်ခင်မှာပဲ သူမကိုယ်က လေထဲမြောက်ကြွသွားပြီး ခင်ပွန်းသည်၏ မင်းသမီးပွေ့ ပွေ့ချီခြင်းကို ခံရလိုက်သည်။ထို့နောက် ကုတင်မဟုတ်ဘဲ ဖျာခင်းအိပ်ယာထဲသို့ နူးညံ့ညင်သာစွာ တင်ချခံလိုက်ရသည်။ သူက ချက်ချင်းပင် သူမအပေါ်အုပ်မိုး လာသဖြင့် သူမ နှလုံးတွေက ခုန်ပေါက်ကာ လွတ်ထွက်တော့မလိုပင်။
"ကျွန်..ကျွန်မသွား မတိုက်ရသေးဘူး..”
ဝေယံ ရယ်ချင်စိတ်မထိန်းနိုင်ပဲ ရယ်ချလိုက်မိသည်။ သိပ်ကလေးဆန်တာပဲ။ ခုဏက နာရီပိုင်းလောက် နမ်းရှိုက်နေတုန်း သွားမတိုက်ရသေးတာကို မပြောပဲ အခုမှ အကြောင်းပြချက်အဖြင့် အသုံးချချင်နေခြင်း။
"ဟား..ကိုယ် လည်း မတိုက်ရသေးပါဘူး မလိုဘူးလေ..”
သူမ တည့်တိုးပြောလိုက်ရမှာလား..? မတတ်နိုင်တော့ဘူး ဒီနည်းလမ်းပဲ ကျန်တော့တယ်..
"ကျွန်မ period လာနေတယ် ဒီနေ့မရဘူး”
"ကိုယ်သိတယ်”
ခေါင်းငြိမ့်ပြကာ မျက်နှာတည်ကြီးနှင့် ပြောနေသောသူကြောင့် ရွှေငယ် အံ့အားသင့်သွား၏။
သူကဘယ်လိုသိနေတာလဲ..
ပြီးတော့ ရုပ်တည်ကြီးနဲ့ ပြောနေနိုင်သေးတယ်
မဟုတ်မှ မနေ့ည..
"ရှင်..ရှင် ဘယ်လိုသိနေတာလဲ?”
"ကိုယ်နေ့စွဲ မှတ်ထားတာ ပြီးခဲ့တဲ့ နှစ်လ ငယ့်ကိုဆေးရုံပို့တုန်းကလေ..”
"အိုး..”
သူ မှတ်မိနေတာလား..
မဟုတ်မှလွှဲ သူမအကြောင်းဆို သမျှကို မှတ်တမ်းလုပ်ထားတာများလား
"ရှင်သိနေပြီဆိုတော့ ကျွန်မပေါ်ကနေ ဘာလို့မဖယ်သေးတာလဲ ”
သူမပေါ်က မခွာပဲ လက်နှစ်ဖက်ကို သူမခေါင်းရင်းတစ်ဖက်တစ်ချက်စီ ထောက်ထားပြီး သူမကိုအုပ်မိုးကာ စိုက်ကြည့်နေသော သူကို သူမပြောလိုက်သည်။ သူကဘာမှ ပြန်မပြောပေ။ ချွေးတွေပြန်ပြီး မျက်နှာနီရဲကာ သူ့အသက်ရှူသံများက ကျယ်လောင်ပြိီး ရှူထုတ်လိုက်သည့် လေပူများကို သူမခံစားနေရသည်။ ဒီအခြေအနေက သူမကြောင့်လည်း ဖြစ်သလို သူမအပေါ် မူတည်နေတာလည်း ဖြစ်ကြောင်း ရွှေငယ် ကောင်းကောင်းသိနေ၏။
"ရှင်..ရှင် အဆင်ပြေလား ”
"....”
သူမလေး သူ့အတွက် တွေးပေးနေတာလား? ထိုစကားအပြီးမှာတော့ သူ့မျက်နှာက ပိုနီရဲလာကာ သူမခေါင်းရင်းမှာ ထောက်ထားသော လက်နှစ်ဖက်က တုန်ယင်လာ၏။
"ရှင် ထိန်းချုပ်နိုင်မှာပါ ရှင်ကလူကြီးလူကောင်းပဲ ကျွန်မကလည်း အခုလိုအချိန်မှ အဆင်မပြေဖြစ်စေရလို့ တောင်းပန်ပါတယ်..”
သူ့အတွက်ကို တောင်းပန်စကားက ရေခပ်သောက်သလို လွယ်လွယ်လေး ထွက်လာနိုင်နေ၏။ ဘာကြောင့်လဲ သူမမသိ။ ဘဝမှာ ယောကျ်ားတွေအားလုံးထဲ ဒီလူတစ်ဦးတည်းကိုသာ မမုန်းဘဲ တောင်းပန်စကားတောင် ဆိုနေနိုင်သည်။ တကယ်ပါပဲ သူ့ရှေ့မှာဆို မာနတွေအားလုံး သူ့ဟာသူချိုးပုံကျိုးနွံခံနေရ၏။
တခြားယောက်ျားဆို တောင်းပန်မည့်အစား ဇက်ဖြတ်ခံရမယ်ဆိုရင်တောင် ကောင်းကောင်းကြီးကို လည်ခံပေးမှာပင်။ သူ့ကိုကျတော့ ထိန်းကွပ်မဲ့စွန်လိုမျိုး..
ဒါအချစ်လား....။
"ကိုယ့်ရဲ့ ဒီပုံက ဆက်ထိန်းထားနိုင်မယ်လို့ ငယ်ထင်နေတာလား...”
"ရှင်..ဘယ်လို!!”
"ကိုယ်ဖြေရှင်းဖို့ လိုတယ်”
"ကျွန်မ....”
နှုတ်ခမ်းတွေ တစ်ဖန်သိမ်းပိုက်ခံလိုက်ရပြန်သည်။
"ဖြေရှင်းဖို့က တစ်နည်းတည်း ရှိတာမှမဟုတ်ဘဲ..”
သူမနဲ့ နှုတ်ခမ်းချင်းခွာကာ ပြောလိုက်ပြီး သူ့နှုတ်ခမ်း၏ ဦးတည်ရာကို ပြောင်းလိုက်သည်။ ဒီတစ်ချိန်မှာ နှုတ်ခမ်း တစ်နေရာတည်းမဟုတ်ဘဲ မျက်နှာအနှံ့နမ်းရှိုက်နေ၏။
ရွှေငယ်စကားတစ်ခွန်း မှမပြောနိုင်ဘဲ မျက်စိစုံမှိတ်ပြီး အိပ်ယာခင်းစကိုသာ ကျစ်ကျစ်ပါအောင် ဆုတ်ထားမိသည်။ သူလုပ်ချင်ဒါသာ လုပ်ပါတော့... အရှုံးပေးလိုက်ပြီ
Advertisement
သူက မျက်နှာမှ တစ်ဆင့် နား နားသယ်စပ် လည်ပင်းနှင့် ညှပ်ရိုးတွေ အထိပါဆင်းလာသည်။ သူနှုတ်ခမ်းသွားရာနေရာ အကုန် အနီရောင် အမှတ်အသားများ ကျန်ရစ်ခဲ့လေ၏။
ရွှေငယ်က ဘယ်လိုဘယ်ချိန် အိပ်ပျော်သွားမှန်းမသိ။ သူမထလာတော့ သူမအဖြူရောင် ညဝတ်အင်္ကျီမှာ ဖရိုဖရဲ။ ထို့အပြင် ကြက်ဥနစ်ရောင် လည်ပင်းသားများလည်း အနီကွက်တွေဖြင့် ပြည့်နှက်နေသည်။
ရွှေငယ် သူမဘေးတွင် နှစ်ခြိုက်စွာ အိပ်စက်နေသော ဝေယံကို စူးစူးရဲရဲကြီး ကြည့်လိုက်၏။ တည်ကြည်ခန့်ညားပြီး လူကြီးလူကောင်းဆန်လှတဲ့ဒီလူကြီးက ဘာလို့အဲသလောက်ထိ ညစ်နေရတာလဲ?
သူမ သူ့မျက်နှာကို ကြာကြာမကြည့်ချင်၍ ကျောခိုင်းကာ အိပ်ယာမှ ထလာမည်ပြင်တုန်း အစာအိမ်က တဂွင်ဂွင်နှင့် အစာစားဖို့ နိုးဆော်နေ၏။ မွန်းတောင် လွှဲနေပြီ မနက်စာမပြောနဲ့ ရေလေးတစ်စက်တောင် မသောက်ရသေး..။
"ငယ်..ဗိုက်ဆာနေပြီလား..”
ဘယ်တုန်းကတည်း နိုးနေမှန်း မသိတဲ့လူဆီမှ အသံကြား၍ ရွှေငယ် ရုတ်တရက်သူ့ဆီ လှည့်ကြည့်မိ၏။
"ရှင် ဘယ်တုန်းကတည်းက နိုးနေတာလဲ”
တော်သေးလို့..တော်သေးလို့ ခုနက စိတ်အတိုလွန်ပြီး မျက်နှာကို ထိုးချင်နေတဲ့စိတ်ကို ထိန်းလိုက်နိုင်တာ!
"ကိုယ်..အိပ်မပျော်ဘူး နေ့ဘက် အိပ်တဲ့အကျင့်မရှိလို့..”
"ရှင် ဗိုက်မဆာဘူးလား ကျွန်မဆာလို့သေတော့မယ်..”
"ကိုယ့်ကို ငယ်ကျွေးထားလို့ ဗိုက်ပြည့်နေပြီလေ ”
နှုတ်ခမ်းကို လက်ဖြင့်သပ်ကာ ပြုံးဖြဲဖြဲ လုပ်နေသော ထိုလူကြီးကို ရွှေငယ်လည်ပင်း ညစ်သတ်ချင်လာသည်။
"သွားသေလိုက်!”
.......
8.11.21
ဒီအပိုင်းကို ရေးပြီး မှန်မကြည့်ရဲဘူး
အငဲး ဘယ်သူလဲဆိုတာ သိနေတဲ့ ဒါဒါတွေလည်း
ဒီအပိုင်းရေးနေတာ အငဲးမဟုတ်ဘူးလို့ မှတ်ပြီး ဖတ်ပေးကြပါ😐
ေ႐ႊငယ္ ဒီတစ္ခါလည္းသူ႕ကို တြန္းမထုတ္မိျပန္ခဲ့ေပ။ သူမထိုကဲ့သို႔ေသာ အေျခအေနကို အႏွေးမဟုတ္အျမန္ ႀကဳံရမည္ျဖစ္မွန္း သိေန၏။ ဟန္းနီးမြန္းဆိုမွေတာ့ လင္မယားႏွစ္ေယာက္ရဲ႕ ေပ်ာ္ဖြယ္႐ႊင္ဖြယ္ကလြဲရင္ တျခားဘာလုပ္စရာရွိလို႔လဲ?
သူမက ထပ္မတြန္းပဲ သူနမ္းေနတာကို ၿငိမ္ခံေနတာမို႔ ေဝယံပိုင္ ေၾကာင္အမ္းသြားသည္။ နမ္းေနတာကို ခဏရပ္လိုက္ၿပီးမွ သူမမ်က္ႏွာကို ေစ့ေစ့ၾကည့္လိိုက္၏။ ထင္ထားသည့္အတိုင္း မ်က္လုံးႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ ပိတ္ထားေလ၏။
ေဝယံက ႏူးညံ့လွေသာ အနမ္းမွ နက္ရွိုင္းလွေသာအနမ္းအျဖစ္ ေျပာင္းလဲလိုက္ကာ သူမကိုယ္ကို သူႏွင့္ပိုကပ္ ေစလိုက္သည္။ ေ႐ႊငယ္ေလးက သူမ သူႏွင့္မည္မွ်ထိ နီးကပ္ပူးတြဲေနမွန္း ခံစားမိလိုက္ၿပီး မ်က္လုံးမ်ားကို မူလထပ္ပို က်စ္ပိတ္ေစလိုက္၏။
သူက သူမကို သူ႕ေပၚယိုင္မက်ေအာင္ မတ္မတ္ရပ္ေစၿပီး ခါးတြက္ဖက္ထားေသာလက္မ်ားက သူမေခါင္းႏွစ္ဖက္ကို ထိန္းခ်ဳပ္ကာ နမ္းရွိုက္လာသည္။ ေ႐ႊငယ့္ ႏႈတ္ခမ္းမ်ား ပူစပ္လာသည္အထိ နမ္းကာ အသက္ရႉေစဖို႔ စကၠန့္အေတာ္ၾကာတစ္ခါ ရပ္၏။
ေတာင္ထိပ္တစ္ေနရာတြင္ မနက္ေစာေစာစီးစီး တြယ္ကပ္ကာနမ္းရွိုက္ေနၾကေသာ စုံတြဲႀကီးကို ေဝဟင္ေကာင္းကင္ႀကီးက အျမင္ကပ္လာ၍ ကိုယ္ေတာ္ေမာင္ ေနမင္းႀကီးအား ထြက္လာေစခဲ့သည္။
သူတို႔ မည္မွ်ၾကာေအာင္ အသံတိတ္ဖက္တြယ္ ေနၾကသည္မသိ။ ေရာင္ျခည္ဝါဝါမ်ား သူမေလး မ်က္ႏွာျပင္ေပၚ က်ေရာက္လာေတာ့မွ သူမက သူ႕ဖိကပ္နမ္းေနသည့္မွ ခြာကာ တိုးလ်ေသာအသံျဖင့္..
"ေနထြက္ေနၿပီ....
ေဝယံလည္း အသက္ကို တဝရႉရွိုက္လိုက္ၿပီး
"ကိုယ္သိတယ္...အထဲဝင္ ၾကရေအာင္..
"ရွင္!
သူဘာဆက္လုပ္ မလို႔လဲ?
သူမ ႐ုတ္တရက္ တစ္စုံတစ္ရာကို သတိရသြားသည္။
period လာေနတာ ေမ့ေနရသလား ေ႐ႊငယ္ေရ..
သူ႕မ်က္ႏွာကို ျမင္ၿပီး ေမ့သြားတာလား ဒါမွမဟုတ္ စိတ္လႈပ္ရွားေနလြန္းလို႔လား
သူမမျငင္းနိုင္ခင္မွာပဲ သူမကိုယ္က ေလထဲေျမာက္ႂကြသြားၿပီး ခင္ပြန္းသည္၏ မင္းသမီးေပြ႕ ေပြ႕ခ်ီျခင္းကို ခံရလိုက္သည္။ထို႔ေနာက္ ကုတင္မဟုတ္ဘဲ ဖ်ာခင္းအိပ္ယာထဲသို႔ ႏူးညံ့ညင္သာစြာ တင္ခ်ခံလိုက္ရသည္။ သူက ခ်က္ခ်င္းပင္ သူမအေပၚအုပ္မိုး လာသျဖင့္ သူမ ႏွလုံးေတြက ခုန္ေပါက္ကာ လြတ္ထြက္ေတာ့မလိုပင္။
"ကြၽန္..ကြၽန္မသြား မတိုက္ရေသးဘူး..
ေဝယံ ရယ္ခ်င္စိတ္မထိန္းနိုင္ပဲ ရယ္ခ်လိဳက္မိသည္။ သိပ္ကေလးဆန္တာပဲ။ ခုဏက နာရီပိုင္းေလာက္ နမ္းရွိုက္ေနတုန္း သြားမတိုက္ရေသးတာကို မေျပာပဲ အခုမွ အေၾကာင္းျပခ်က္အျဖင့္ အသုံးခ်ခ်င္ေနျခင္း။
"ဟား..ကိုယ္ လည္း မတိုက္ရေသးပါဘူး မလိုဘူးေလ..
သူမ တည့္တိုးေျပာလိုက္ရမွာလား..? မတတ္နိုင္ေတာ့ဘူး ဒီနည္းလမ္းပဲ က်န္ေတာ့တယ္..
"ကြၽန္မ period လာေနတယ္ ဒီေန႕မရဘူး
"ကိုယ္သိတယ္
ေခါင္းၿငိမ့္ျပကာ မ်က္ႏွာတည္ႀကီးႏွင့္ ေျပာေနေသာသူေၾကာင့္ ေ႐ႊငယ္ အံ့အားသင့္သြား၏။
သူကဘယ္လိုသိေနတာလဲ..
ၿပီးေတာ့ ႐ုပ္တည္ႀကီးနဲ႕ ေျပာေနနိုင္ေသးတယ္
မဟုတ္မွ မေန႕ည..
"ရွင္..ရွင္ ဘယ္လိုသိေနတာလဲ?
"ကိုယ္ေန႕စြဲ မွတ္ထားတာ ၿပီးခဲ့တဲ့ ႏွစ္လ ငယ့္ကိုေဆး႐ုံပို႔တုန္းကေလ..
"အိုး..
သူ မွတ္မိေနတာလား..
မဟုတ္မွလႊဲ သူမအေၾကာင္းဆို သမွ်ကို မွတ္တမ္းလုပ္ထားတာမ်ားလား
"ရွင္သိေနၿပီဆိုေတာ့ ကြၽန္မေပၚကေန ဘာလို႔မဖယ္ေသးတာလဲ
သူမေပၚက မခြာပဲ လက္ႏွစ္ဖက္ကို သူမေခါင္းရင္းတစ္ဖက္တစ္ခ်က္စီ ေထာက္ထားၿပီး သူမကိုအုပ္မိုးကာ စိုက္ၾကည့္ေနေသာ သူကို သူမေျပာလိုက္သည္။ သူကဘာမွ ျပန္မေျပာေပ။ ေခြၽးေတြျပန္ၿပီး မ်က္ႏွာနီရဲကာ သူ႕အသက္ရႉသံမ်ားက ကျယ်လောင်ပြိီး ရႉထုတ္လိုက္သည့္ ေလပူမ်ားကို သူမခံစားေနရသည္။ ဒီအေျခအေနက သူမေၾကာင့္လည္း ျဖစ္သလို သူမအေပၚ မူတည္ေနတာလည္း ျဖစ္ေၾကာင္း ေ႐ႊငယ္ ေကာင္းေကာင္းသိေန၏။
Advertisement
"ရွင္..ရွင္ အဆင္ေျပလား
"....
သူမေလး သူ႕အတြက္ ေတြးေပးေနတာလား? ထိုစကားအၿပီးမွာေတာ့ သူ႕မ်က္ႏွာက ပိုနီရဲလာကာ သူမေခါင္းရင္းမွာ ေထာက္ထားေသာ လက္ႏွစ္ဖက္က တုန္ယင္လာ၏။
"ရွင္ ထိန္းခ်ဳပ္နိုင္မွာပါ ရွင္ကလူႀကီးလူေကာင္းပဲ ကြၽန္မကလည္း အခုလိုအခ်ိန္မွ အဆင္မေျပျဖစ္ေစရလို႔ ေတာင္းပန္ပါတယ္..
သူ႕အတြက္ကို ေတာင္းပန္စကားက ေရခပ္ေသာက္သလို လြယ္လြယ္ေလး ထြက္လာနိုင္ေန၏။ ဘာေၾကာင့္လဲ သူမမသိ။ ဘဝမွာ ေယာက်္ားေတြအားလုံးထဲ ဒီလူတစ္ဦးတည္းကိုသာ မမုန္းဘဲ ေတာင္းပန္စကားေတာင္ ဆိုေနနိုင္သည္။ တကယ္ပါပဲ သူ႕ေရွ႕မွာဆို မာနေတြအားလုံး သူ႕ဟာသူခ်ိဳးပုံက်ိဳးႏြံခံေနရ၏။
တျခားေယာက္်ားဆို ေတာင္းပန္မည့္အစား ဇက္ျဖတ္ခံရမယ္ဆိုရင္ေတာင္ ေကာင္းေကာင္းႀကီးကို လည္ခံေပးမွာပင္။ သူ႕ကိုက်ေတာ့ ထိန္းကြပ္မဲ့စြန္လိုမ်ိဳး..
ဒါအခ်စ္လား....။
"ကိုယ့္ရဲ႕ ဒီပုံက ဆက္ထိန္းထားနိုင္မယ္လို႔ ငယ္ထင္ေနတာလား...
"ရွင္..ဘယ္လို!!
"ကိုယ္ေျဖရွင္းဖို႔ လိုတယ္
"ကြၽန္မ....
ႏႈတ္ခမ္းေတြ တစ္ဖန္သိမ္းပိုက္ခံလိုက္ရျပန္သည္။
"ေျဖရွင္းဖို႔က တစ္နည္းတည္း ရွိတာမွမဟုတ္ဘဲ..
သူမနဲ႕ ႏႈတ္ခမ္းခ်င္းခြာကာ ေျပာလိုက္ၿပီး သူ႕ႏႈတ္ခမ္း၏ ဦးတည္ရာကို ေျပာင္းလိုက္သည္။ ဒီတစ္ခ်ိန္မွာ ႏႈတ္ခမ္း တစ္ေနရာတည္းမဟုတ္ဘဲ မ်က္ႏွာအႏွံ႕နမ္းရွိုက္ေန၏။
ေ႐ႊငယ္စကားတစ္ခြန္း မွမေျပာနိုင္ဘဲ မ်က္စိစုံမွိတ္ၿပီး အိပ္ယာခင္းစကိုသာ က်စ္က်စ္ပါေအာင္ ဆုတ္ထားမိသည္။ သူလုပ္ခ်င္ဒါသာ လုပ္ပါေတာ့... အရႈံးေပးလိုက္ၿပီ
သူက မ်က္ႏွာမွ တစ္ဆင့္ နား နားသယ္စပ္ လည္ပင္းႏွင့္ ညွပ္ရိုးေတြ အထိပါဆင္းလာသည္။ သူႏႈတ္ခမ္းသြားရာေနရာ အကုန္ အနီေရာင္ အမွတ္အသားမ်ား က်န္ရစ္ခဲ့ေလ၏။
ေ႐ႊငယ္က ဘယ္လိုဘယ္ခ်ိန္ အိပ္ေပ်ာ္သြားမွန္းမသိ။ သူမထလာေတာ့ သူမအျဖဴေရာင္ ညဝတ္အကၤ်ီမွာ ဖရိုဖရဲ။ ထို႔အျပင္ ၾကက္ဥနစ္ေရာင္ လည္ပင္းသားမ်ားလည္း အနီကြက္ေတြျဖင့္ ျပည့္ႏွက္ေနသည္။
ေ႐ႊငယ္ သူမေဘးတြင္ ႏွစ္ၿခိဳက္စြာ အိပ္စက္ေနေသာ ေဝယံကို စူးစူးရဲရဲႀကီး ၾကည့္လိုက္၏။ တည္ၾကည္ခန့္ညားၿပီး လူႀကီးလူေကာင္းဆန္လွတဲ့ဒီလူႀကီးက ဘာလို႔အဲသေလာက္ထိ ညစ္ေနရတာလဲ?
သူမ သူ႕မ်က္ႏွာကို ၾကာၾကာမၾကည့္ခ်င္၍ ေက်ာခိုင္းကာ အိပ္ယာမွ ထလာမည္ျပင္တုန္း အစာအိမ္က တဂြင္ဂြင္ႏွင့္ အစာစားဖို႔ နိုးေဆာ္ေန၏။ မြန္းေတာင္ လႊဲေနၿပီ မနက္စာမေျပာနဲ႕ ေရေလးတစ္စက္ေတာင္ မေသာက္ရေသး..။
"ငယ္..ဗိုက္ဆာေနၿပီလား..
ဘယ္တုန္းကတည္း နိုးေနမွန္း မသိတဲ့လူဆီမွ အသံၾကား၍ ေ႐ႊငယ္ ႐ုတ္တရက္သူ႕ဆီ လွည့္ၾကည့္မိ၏။
"ရွင္ ဘယ္တုန္းကတည္းက နိုးေနတာလဲ
ေတာ္ေသးလို႔..ေတာ္ေသးလို႔ ခုနက စိတ္အတိုလြန္ၿပီး မ်က္ႏွာကို ထိုးခ်င္ေနတဲ့စိတ္ကို ထိန္းလိုက္နိုင္တာ!
"ကိုယ္..အိပ္မေပ်ာ္ဘူး ေန႕ဘက္ အိပ္တဲ့အက်င့္မရွိလို႔..
"ရွင္ ဗိုက္မဆာဘူးလား ကြၽန္မဆာလို႔ေသေတာ့မယ္..
"ကိုယ့္ကို ငယ္ေကြၽးထားလို႔ ဗိုက္ျပည့္ေနၿပီေလ
ႏႈတ္ခမ္းကို လက္ျဖင့္သပ္ကာ ၿပဳံးၿဖဲၿဖဲ လုပ္ေနေသာ ထိုလူႀကီးကို ေ႐ႊငယ္လည္ပင္း ညစ္သတ္ခ်င္လာသည္။
"သြားေသလိုက္!
.......
8.11.21
ဒီအပိုင္းကို ေရးၿပီး မွန္မၾကည့္ရဲဘူး
အငဲး ဘယ္သူလဲဆိုတာ သိေနတဲ့ ဒါဒါေတြလည္း
ဒီအပိုင္းေရးေနတာ အငဲးမဟုတ္ဘူးလို႔ မွတ္ၿပီး ဖတ္ေပးၾကပါ😐
Advertisement
- In Serial59 Chapters
Billionaire's Disastrous Kiss
When Hailey Evans, an aspirant employee of the marketing department in one of the most wealthiest companies in the states finds herself in trouble with the arrogant, cold hearted CEO Ian Kingston, she pulls a trick no one has ever done.And in return he gives her a disastrous kiss that turn her world upside down. One party.One kiss.And the next thing she knows, she's a billionaire's fiancé.
8 966 - In Serial58 Chapters
Me And A Rejection ✔
One more step and my whole life changes. I'll become a rogue, all the connections I have with the pack will be lost.Do I really want to do that? Do I just want to walk away from everything? Am I gonna ruin my pack life just because of a stupid rejection? What will I do after I leave? Where will I go?*******'Rejection' Who knew that this word, would crash my world? What would you do, if you wait 7 years for your mate to arrive, and the first thing they do, after laying eyes on you is, to reject you. I'm Alexis Greyback and this is how I survived being a reject.
8 139 - In Serial42 Chapters
Hidden Pegasus (Completed)
Athena is a beautiful girl who is given the chance to get enough money to pay for her brother's study. In return, she will have to pretend to be the fiancé of Maximus Knight, one of the richest man in the world. Getting attached to the cruel man was a piece of cake but then secrecy came in the way followed by misunderstanding. When discovering the true identity of Maximus Knight, what will happen to Athena? What would be her feeling knowing that she has been lied to? Would she be able to hide her feelings?
8 107 - In Serial63 Chapters
Besides Being Werewolves, They're Weird, Rude, Confusing, and Clingy
Alicia Lindros just wanted to make it through her Junior year, but never expected a Group--rather Pack--of boys to change her life completely until a twisted story and plan comes into play, affecting more than just their own fate...
8 197 - In Serial54 Chapters
Different
This book contains sexual assault, suicidal behaviour, drugs, alcohol and self harm.If any of these things trigger you, I advise you not to read this book.~"Who do you think you are?" I snap."A very hot guy that I know you can't resist," he winks at me.Dick."Well you got that wrong as usual," I roll my eyes at him and turn around, to walk home."Please don't go," I hear a sad whisper behind me. Is he for real?"Stop playing these games with me. I'm not just one of your other whores that you can just have sex with whenever you feel like it. I know how you are. I know what you are," I snap at him, disgust clear in my voice.I wait for a response but I don't get one so I just turn around and leave.~#1 in heartbreak 10th December 2k19#1 in college 27th March 2k19#1 in toxic 20th July 2k19#6 in romance 4th March 2k21
8 292 - In Serial82 Chapters
But Too Well
"His gaze holds mine like a spell, like a dangerous, delirious kind of magic. I swallow, my heart racing, my head filling with panic and confusion and anticipation and an inexplicable, unidentifiable hunger. . ."When Rosalyn Clark moves into her new apartment, she unwillingly becomes involved in the criminal antics of her gorgeous yet completely dangerous next door neighbor. Young, dark, and mysterious, he turns Rosalyn's world upside down. Her once normal life quickly becomes a part of his chaos. The worst part? She can't seem to stay away from him, no matter how hard she tries.A not-so-cliché mafia romance by Ami. Mature content and lots of steam.⭐️ Ami's Good-Grammar Guarantee
8 189

