《Untamed Flower( ပန်းရိုင်း)》အပိုင်း(၆၂)
Advertisement
ရွှေငယ်တစ်ယောက် ဝေယံရုံးသွားပြီး မကြာမီမှာပင် ဖုန်းကောလ် တစ်ခုလက်ခံရခဲ့၏။ ထိုသူမှာ တခြားသူမဟုတ်ပေ။ သူမ၏ ဆိုးဖော်ကောင်းဖက် တစ်ဦးတည်းသော သူငယ်ချင်း အိမွန်ပင်။
အိမွန်ဆီမှ သူမကြားရသည့် သတင်းကြောင့် ဆိူဖာပေါ်ကနေတောင် ထခုန်မိလေ၏။ အကြောင်းမှာတော့
သူမကျောင်းတက်စဥ် ကတည်းက သဘောကျနှစ်သက်ခဲ့ရသော anonymous ပန်းချီဆရာက မနက်ဖြန်ကျ ပန်းချီပြပွဲ ပြုလုပ်မည်ကိုပင်...။ ထိုပန်းချီဆရာ၏ ပန်းချီကားများမှာ အသက်ဝင်လှပြီး လူတစ်ဦး၏ ခံစားချက်များဖြင့် နက်ရှိုင်းစွာ ပုံဖော်ထားမှန်းသိသာလှသည်။
ထိုပန်းချီဆရာမှာ ရှုခင်းပုံ လေဟာနယ်ထဲ ပျံဝဲနေသော အမည်မသိ အရာဝတ္ထုပုံများမှ လွဲ၍ လူသားပုံ ဟူ၍ မဆွဲဖူးပေ။ သို့သော် ထိုပန်းချီဆရာမှာ မည်သူမည်ဝါမှန်း မည်သူမျှ မသိကြပေ။ တစ်ချို့သော သူတွေက ထိုပန်းချီ ဆရာကို ကိုယ်ပျောက်ပန်းချီဆရာ ဟုပင် တင်စားခေါ်ဝေါ်ကြ၏။ မည်သူမည်ဝါမှန်း ထုတ်မပြောသော်လည်း နိုင်ငံတကာ အာရှတစ်ခွင်တွင် လွန်ခဲ့သည့် နှစ်နှစ်ခန့် ဟိုးလေးတကျော် ဖြစ်ခဲ့သည်။
ထိုပန်းချီဆရာ ပျောက်ကွယ်သွားသည်မှာ နှစ်နှစ်လောက်ရှိပြီ ဆိုသော်လည်း ထိုနှစ်နှစ်အတွင်း ထိုပန်းချီဆရာ၏ အကြောင်းကား တိမ်တိုက်ရွှေငယ် ဟူသော ကောင်မလေး၏ နှလုံးသားတွင်မူ မှဲ့စွန်းမရှိ
ကပ်တွယ်နေခဲ့၏။
ရွှေငယ် တစ်ယောက် ကိုယ်လေးစားအားကျရပါသော အနုပညာရှင် တစ်ဖန်ပေါ်ထွက်လာသည့် အခွင့်အရေးကို ဘယ်တော့မှ လက်လွှတ်ခံမည် မဟုတ်ပေ။
ထိုအရာက သူမအတွက် ရွှေအခွင့်အရေး! သူမတည်ရှိနေသော တာချီလိတ်မြို့တွင် ပန်းချီပြပွဲကို မနက်ဖြန် ပြုလုပ်မှာတဲ့....
သို့သော် စိတ်မကောင်းစရာကမူ ပြပွဲလက်မှတ်ထပ်ဝယ်ယူ၍ မရတော့ခြင်းပင်..။အဲဒီလက်မှတ်ကို ဘယ်လိုရအောင် ထပ်ယူရမလဲ? သူမဘယ်လို လုပ်ရမှာလဲ လို့ တွေးနေစဥ်မှာပင် လျှပ်စီးထက်မြန်ဆန်လွန်းသော အတွေးတစ်ခုက သူမဦးနှောက်ထဲ ဖျတ်ခနဲ ပြေးဝင်သွားသည်။
သူမယောက်ျား..!
ဟုတ်တယ်..သူမယောက်ျား ဝေယံပိုင်..
WYP Group ရဲ့ CEO
ဒီ တာချီလိတ်မြို့တင်မကပဲ တစ်နိုင်ငံလုံး၏ အသိအမှတ်ပြုခြင်း ခံရသော ပုဂ္ဂိုလ် ။
သူမသာ သူမခင်ပွန်းကို ထိုပွဲသို့ တက်ရောက်ခွင့်တောင်းပေးရန်ပြောလျှင် အတော်ကို အဆင်ပြေလိမ့်မည်။ ထိုသည်သာမက သူမကို ထိုပွဲတွင် အရေးပေးခံရပြီး သူမ၏ idolအား မြင်တွေ့ချင် မြင်တွေ့နိုင်လိမ့်မည်။
သူတစ်ပါးကို အားမကိုးပဲ မာနမိုးအောက်တွင် ချေမိုးမှုများစွာဖြင့် ဘဝကို ဖြတ်သန်းနေသော သူမက ထိုအချိန်တွင် မာနဟူသည်ကိုလည်း မေ့လျော့လို့ သွားချေပြီ။ သို့သော်....သူမခင်ပွန်းက သူမကို ထိုပြပွဲဆီအား သွားေရာက်ခွင့်ပေးမည်လား ဆိုတာကိုတောင် သူမမသိပေ။
မည်သို့ပင် ဖြစ်စေကာမူ နှစ်နှစ်လောက် အရိပ်အယောင်တောင် မပြပျောက်ကွယ်သွားသော သူမ၏ အိုင်ဒေါကြီးအား ဆုံကိုဆုံနိုင်ရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
သူမ သူမ၏ ခင်ပွန်းကုမ္ပဏီကို မည်သည့်အကြောင်းပြချက်ဖြင့် သွားရမည်နည်း..? ထိုကိုယ့်ကိုယ်ကို မေးမြန်းနေရသော မေးခွန်းမှာလည်း သူမကိုတစ်ဖန် ခေါင်းခြောက်စေပြန်သည်။ လွမ်းလို့ဆိုပြီး သွားရမှာလား ဒါမှမဟုတ် သွားချင်လို့ သွားတာဘာဖြစ်လဲလို့ ပြန်ချေလိုက်ရမှာလား..? မေးခွန်းသောင်းချီ သူမအတွေးထဲ ချာချာလည်နေ၏။
ရုတ်တရက် ဝေယံပိုင် မနက်ကပြောခဲ့သော နည်းတူအကြံကို သူမရခဲ့လေသည်။ ခင်ပွန်းကို ထမင်းဟင်းတွေ သွားပို့မယ်...!!
နံရံပေါ်ကပ်ထားသော နာရီကို သူမမျှော်ကြည့်လျှင် အချိန်ကမစောလှတော့ ။ ၁၁နာရီတောင် ခွဲလို့သွားလေပြီ...ဒီအချိန်ရောက်မှ ထမင်းဟင်းတွေထချက်ရင်လည်း မှီမှာမဟုတ်။ ထို့အပြင် သူမက ပိုင်ပိုင်နိုင်နိုင်ချက်တတ်တာလည်း မဟုတ်သလို ဝေယံကလည်း သူမလက်ရာကို မမြည်းဖူးပေ။
ပူဆာဖို့ ဓားစာခံအဖြစ်သုံးမည့် အစားအစာက ပစ်မှတ်၏ အကြိုက်မဟုတ်လျှင် အနိုင်ရဖို့က ဝေးလို့သွားမည်။ သူမ ဘယ်လိုလုပ်မလဲ စဥ်းစားပြီး ရေခဲသေတ္တာဆီ စားစရာ မွှေရှာလိုက်၏။ ဖွင့်ဖွင့်ချင်းပင် ဖန်ထမင်းဘူးဖြင့် ထည့်ထားကာ "ငယ်လေးအတွက် နေ့လည်စာ” ဆိုသည့် စက္ကူကပ်ထားသော ဟင်းဘူးနှစ်ဘူးကို သူမတွေ့လိုက်သည်။
အသီးအရွက်တွေကို အသားနည်းနည်းဖြင့် ကြော်လှော်ထားသည့် ဟင်းနှင့် သူမအကြိုက် ပဲသီးဟင်းချို ပွဲနှစ်ခုကိုယူကာ microwave ထဲ နွေးစေလိုက်သည်။
စတီးချိုင့်ထဲသို့ သေသပ်စွာ ထုပ်ပိုးပြီးမှ တက္ကဆီလှမ်းခေါ်ကာ တစ်မိနစ်တောင် မနောက်ကျစေတော့ဘဲ သူမတို့အိမ်နှင့် မိနစ် နှစ်ဆယ်ခန့် မောင်းသွားရသော WYP group ရုံးချုပ်သို့ ထွက်ခွာခဲ့သည်။
ကားခရှင်းပြီး ကားပေါ်ကဆင်းလာမှ မိုးမျှော်တိုက်၏ မှန်နံရံတွေပေါ် သူမ၏ ဝတ်စားဆင်ယင်ပုံကို သတိရသွား၏။ မနက်က ဝေယံ ရုံးသွားတာနှင့် သူမချက်ချင်းပင် အဝတ်အစားလှဲလိုက်ခြင်း ဖြစ်သည်။ အခုသူမဝတ်ဆင်ထားသည်မှာ အိမ်တွင်းဝတ်ပေါ့ပေါ့ပါးပါး တီရှပ်အဖြူနှင့် အနက်ရောင် ဘောင်းဘီပွရှည်တို့ပင် ။ ဆံပင်ကိုလည်း ဖြစ်တတ်ကဆန်း ထုံးထားသေး၏။
အရင်တုန်း အိမ်ထောင်မကျခင်က အပြင်တစ်ခါထွက်လျှင် ရှိရှိသမျှ ယောက်ျားတွေကို ချေမိုးဖို့ ဝတ်စားဆင်ယင်ပုံကို သူမအမြဲဂရုထားခဲ့သည်။ သို့သော် ဒီတစ်ခါတော့ ရောင်ထင်မှန်ပေါ် ဟပ်နေသော သူမပုံရိပ်ကို ကြည့်ကာ ခနဲ့အပြုံးဖြင့် တလောကလုံး သူမပြောထွက်မည်ဟု မထင်ထားသော စကားလုံးကို ပြောထွက်လိုက်သည်။
"ငါ ငါ့ခင်ပွန်းရဲ့ ကုမ္ပဏီကို လာတာပဲ ပြင်ဆင်စရာလိုလို့လား? ?”
Advertisement
...........
19.11.21
သာသာက thailand မှာပါ
ခုတလော အလုပ်တွေ အရမ်းပိနေလို့ update တွေမမှန်ဘူးရယ်..
မနေ့ကလည်း ဆေးရုံသွားပြီး vaccineသွားထိုးရလို့
တစ်ကိုယ်လုံးကိုက်ခဲပြီး ၇နာရီပဲရှိသေးတာ အိပ်လိုက်တယ်
မနက်ထလာတော့ သတင်းတွေက လူကိုထူပူသွားစေပြန်တယ်
ခေါင်းတွေကိုက်တာ ရစရာမရှိတော့ပဲ
ဒီတော်လှန်ရေးကို အောင်ကိုအောင်မှဖြစ်တော့မှာပါ
clickကြပါ project တွေထဲမှာလည်း မပျင်းစေဖို့
ဂိမ်းတွေလည်း ထည့်ပေးထားတယ်လေ..
သာသာကတော့ ခုတလော ဒီဂိမ်းလေး ဆော့နေပါတယ် playstoreမှာ ရှာဒေါင်းလို့ရတယ်နော်
cat rescue ဆိုတာလေး..
သာသာကလည်း updateမှန်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးသွားပါ့မယ်နော်
အိမွန်ဆီမှ သူမကြားရသည့် သတင်းကြောင့် ဆိုဖာပေါ်ကနေတောင် ထခုန်မိလေ၏။ အကြောင်းမှာတော့
ကပ်တွယ်နေခဲ့၏။
သူမယောက်ျား..!
WYP Group ရဲ့ CEO
...........
19.11.21
သာသာက thailand မှာပါ
cat rescue ဆိုတာလေး..
Advertisement
- In Serial22 Chapters
From hate, to Lust to Love
I drink hard, I play hard, I f*ck hard and I thrive hard in everything I do. I am care free. I use women like toilet papers. I don't care who gets hurt and why they get hurt. And I proceed to live happily. But my problem started when a f*cking Muslim bitch came to live next door. I have to keep my music low because the bitch has to sleep, I have to keep my f*cking inside the apartment because she couldn't soil her eyes. Well, guess what? I don't. People don't mess with me for a reason and this bitch is about to find it out.I am Robert or Rob. Whatever you choose to call me. I need a break from life. My step father kicked me out of the house for refusing to marry the man he choose for me. That is least of my problems. My problem is Rob, the moron who play heavy metal music all night, make out in the open and does a lot of things that is making my life a difficult one. He is too dangerous. He can completely destroy me. Yet..... Can life be anything but cruel? I am Amira and I about to find out. ****************************** I set to destroy her yet I destroyed myself - Rob I meant to change him and became a changed woman - Amira ************************** Please also read "A flower From Heaven (Zahra)", the story of Zainab and Stuart, the billionaire.The rogue Assassin , story of Safia, the doctor and John who kill for a living.
8 153 - In Serial185 Chapters
The Village Girl Who Jinxes Her Husband Is Filthy Rich
SynopsisLin Xinlan, who possessed both spatial and wood manipulation abilities, was betrayed by her boyfriend and best friend. They had drugged her and sent her to a laboratory to become a test specimen all for the sake of a month's worth of food supply. Having suffered both physical and mental torture, she chose to self-destruct, taking the lab researchers down with her! When she woke up again, she found herself in another era as a twelve-year-old girl named Lin Yuelan.When Lin Yuelan was nine years old, a Taoist who had been begging for water asserted that she would grow up to jinx her husband! Rumors spread and the assertion of her jinxing her husband turned into jinxing her parents, to her relatives, then her friends, and eventually she was said to be a jinx of the world. Her grandparents, uncles, and awful relatives were terrified of being jinxed to death, so they resolutely severed ties with nine-year-old Lin Yuelan. They removed her from the family register and made her live on her own. Her foolish father had obeyed the clan's wishes, her mother was a crying mess, and her siblings couldn't do anything to help. Being separated from the family at nine years old, she was given a shabby and shaky little hut, one paddy field, and two dry fields as severance compensation. From then on, the Lin family had nothing to do with Lin Yuelan, and Lin Yuelan became a girl with no background. She warily reached the age of twelve, but accidentally offended the village's bully. The bully's comrade eventually beat her to death, and that allowed Lin Xinlan to transmigrate onto her."I have spatial abilities, and the world will be mine! Watch as I, Lin Xinlan, command authority wherever I go, and become a supreme being!"_______________https://bonnovel.com/manga/the-village-girl-who-jinxes-her-husband-is-filthy-rich-novel/
8 880 - In Serial14 Chapters
Down And Out Is Where You Oughta Stay (Patrochilles AU)
Patrochilles AUPatroclus and Achilles were best friends as children, but when they got to high school they drifted apart. Achilles made lots of new friends, while Patroclus is the loner, with Greek foreign exchange student Briseis as his only friend. Now Achilles needs his help, but, afraid of getting hurt again, Patroclus is reluctant to let him back into his life.
8 126 - In Serial18 Chapters
Nuisance of his life
A beautifull journey of ADVITH and ELIRA filled with love, affection, happiness but with a twist of heartbreak, raging emotions, jealousy, insecurity and possessiveness.In the middle of party, Advith's eyes fell on her, she was roaming around busily greeting guests, enjoying the party. His eyes followed her everywhere, he felt his heart just skipped a beat, he questioned his subconscious mind - 'Did my heart beat till now? For what I felt I never saw true beauty till this night' ****************Well the most infamous destiny has played it's part and looks like it has planned something for them.But as the saying goes by "ROSES COME WITH THORNS AND THORNS DRAW BLOOD".__________________________________________________From first sight to forever - You Are MINE.- cupncakez__________________________________________________
8 180 - In Serial46 Chapters
Girls Talk [Girl x Girl]
When two enemies from high-school are picked to be university roommates, both are left feeling they have been dealt some serious bad luck. When they're told they can not change rooms until the month is up, how will Kate and Victoria survive the beginning of their time at University together?
8 102 - In Serial57 Chapters
The Dead Poets
The year is 1959, and for its very first time, Welton Academy Boarding School is now accepting female students. Violet Ross is not only one of those girls, but the only girl in the graduating class. She feels as though she must face her fears entirely alone, until she comes across a quirky group of boys. Also known as The Dead Poets. Violet soon finds herself becoming rather close with one in particular..."I'm not entirely sure I even knew what constituted 'love,' until I had met him. Now the mere thought of him made me ache to be with him, to look at him, to touch him. I couldn't quite put my feelings into words. Even as I try, few seem to suffice. An entire sea of ink could not adequately describe my feelings towards him. It was almost as if all the stars in the sky were condensed into a single, twinkling one. The only words I felt could convey some of what I felt for him, easily fell from my lips. ' I love you, too.'"
8 116