《Untamed Flower( ပန်းရိုင်း)》အပိုင်း(၆၅)
Advertisement
ဓာတ်လှေကား တံခါးပိတ်သွားသည်နှင့် သူ့လက်တွေ၏ ဆုပ်ကိုင်ထားမှုကို ခံရသော သူမလေး၏ လက်အစုံမှာ ချွေးစို့လာသည်။ ဘယ်လိုမျိုး သူ့ကို ရှင်းပြရမလဲ... ဒီဟင်းတွေက သူ သူမလေးအတွက်ချက်ထားပေးသော ဟင်းများဖြစ်သည့်အကြောင်းကို...
မရှိရှိသော အားများ သိက္ခာများ မာနများကို ထုတ်ကာ..
"အဲ..အဲဒီဟင်းတွေက ကျွန်မချက်ထားတာ မဟုတ်ဘူး..ရှင်မနက်က ချက်ထားတဲ့ ဟင်းတွေ..ကျွန်မ.. ကျွန်မက နွေးလာယုံပဲ..”
သူမပြောပြီး ကြမ်းပြင်ကိုသာ စိုက်ကြည့်နေခဲ့၏။ သူဘယ်လို တုံပြန်လာမလဲကို စောင့်ရင်း...
"ကိုယ်သိတယ်..”
"ရှင်...”
သူမအတော်လေးကို အံံ့သြ သွားသည်။ သူက ဘယ်လိုဖြစ်ပြီး သိနေရတာလဲ.. ဟိုသီချင်းထဲကလို ရင်ဘတ်ထဲမှာ ပုဏ္ဏားတွေများ ရှိနေတာလား..
"ဘယ်လိုလုပ်ပြီး....”
"အော်..ကိုယ်က ခန့်မှန်းလိုက်တာ..ငယ်ကိုယ့်ကို ဘာလို့ ခုနကလို ကိုလို့ ပြန်မခေါ်တာလဲ ထပ်ကြားချင်သေးတယ်...”
ထိုအချိန်မှ မျက်နှာလေးမှာ ပြန်နီရဲသွားပြီး စိတ်မရှည်တော့သည့် လေသံဖြင့်
"ဆုတောင်းနေလိုက်..”
"တကယ့်ကို နေ့တိုင်းညတိုင်း ဆုတောင်းနေတယ်နော်..ဒီနေ့မှ ပြည့်တော့တယ်..”
ဓာတ်လှေကား အပေါ်ဆုံးထပ်သို့ ဆိုက်ရောက်ပြီဖြစ်ကြောင်း အချက်ပေးသံနှင့်အတူ ပွင့်လာသော တံခါးကြီးကို မစောင့်မဆိုင်းနိုင်တော့သည့် ပမာ ရွှေငယ် ပြေးထွက်လိုက်၏။ တကယ်ပါပဲ...ဓာတ်လှေကား ကျဥ်းကျဥ်းလေးထဲမှာ ထိုလူရဲ့ တီတီတာတာစကားတွေကို သူမထပ်ပြီး နားမထောင်နိုင်တော့။ တော်ကြာ အေးစက်နေသော ဓာတ်လှေကားထဲတွင် ကောင်မလေးတစ်ယောက် ထူးခြားစွာ အရည်ပျော်သွားမှူ ဟူသော ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေ ထွက်ပေါ်လာပေလိမ့်မည်။
"ဘာလို့ ကိုယ့်ကို မစောင့်တာလဲ..”
မထွက်လာဘဲ ဓာတ်လှေကား ထဲတွင် ရပ်သေနေသော အနှီခင်ပွန်းကို စိတ်မရှည်စွာ ရွှေငယ် လှည့်ကြည့်ပြီး..
"ရှင့်ဟာရှင် ထွက်လာလို့မတတ်ဘူးလား..ခြေထောက်တွေ အောက်ထပ်မှာ ကျန်ခဲ့တာလား..”
"အိုး....”
ထိထိမိမိ ပြန်ပြောလိုက်သော ဇနီးဆိုးလေးကြောင့် ဝေယံပိုင် ခပ်မြန်မြန်လေး ထွက်လာရုံကလွှဲ၍ ပြောစရာ စကားမဲ့ သွားသည်။ ဖုန်းထဲက ခပ်ချွှဲချွဲ အသံပိုင်ရှင်က သူမမဟုတ်ခဲ့သလိုမျိုး...
ယောက်ျားကိုပဲ ဆူနေကာ ပတ်ဝန်းကျင်ကို သတိမထားခဲ့မိသော သူမက အခုမှ amazing နေရသည်။ အကြောင်းမှာတော့ အပေါ်ဆုံးထပ်မှာ အောက်ထပ်တွေကလို အကျယ်အဝန်းမများပဲ ဥက္ကဌ တစ်ဦးတည်း အတွက်သာ တည်ဆောက်ထားပုံရသော ကြောင့်ပင်။ ခမ်းနားလှပလွန်းသော မီးစိုင်းသဏ္ဍာန်များမှာ မှန်ပြတင်းပေါ်တွင် နေ့ကြီးမင်းကြီး ထွန်းလင်းထင်ဟပ်နေလျက်ရှိကာ ထိုကဲ့သို့ အရာတွေ နှင့် မစိမ်းကားသော သူမအဖို့တောင် မှင်သက်နေရသည်။ ဘယ်လောက်များ ကုန်ကျလေမလဲ ဒီတစ်ထပ်တည်းအတွက်...
ရုံးခန်းနှင့် နားနေခန်းကို တွဲထားသောကြောင့် သူမရုံးခန်းထဲကို လျှောက်ပတ်ကြည့်ရင်း ဝေယံပိုင် သူမနှင့် လက်မထပ်ခင် အိမ်ကဲ့သို့ နေထိုင်ခဲ့သော နားနေခန်းထဲသို့ ဝင်ကြည့်မိလိုက်၏။ ကုတင်တစ်လုံး အဝတ်ဘီဒို တစ်လုံးနှင့် သူမ၏ ကျိုင်းတုံက နေအိမ်အခန်းထက် ပို၍ပင် ရှင်းလင်းနေသော အခန်းအပြင်အဆင်မှာ ခေတ်ဆန်ဆန်..။
"ရှင်...အရင်က ဒီမှာပဲ အိပ်တာလား...”
မမေးဘဲ နေမလို့ကို ပါးစပ်က သူ့အလိုလိုဟလာ၏။ တော်တော်ကို အဆင်ပြေမနေဘူး..
"အင်း...အခုကစပြီး ဒီအခန်းက လိုတော့မှာတောင် မဟုတ်ဘူး.. ကိုယ့်မှာ အိမ်ကိုအချိန်မှန်မှန် ပြန်ဖို့ သတိရစေတဲ့ ငယ်လေး ရှိနေပြီလေ...”
"......”
ဆွံအ..
အခန်းကို ေမှာင်မဲနေစေသည့် နက်ပြာရောင် လိုက်ကာစများကို သူမဆွဲဖွင့်လိုက်တော့ အံ့အားသင့်စရာ မြင်ကွင်းက သူမကို ကြိုဆိုလို့နေသည်။ အထပ်နှစ်ဆယ် အဆောက်အအုံပေါ်မှ မြင်နေရသော တာချီလိတ်မြို့၏ မြင်ကွင်းမှာ နတ်ဖွက်ထားသယောင်..။ ဒီနယ်စပ်မြို့လေးက ဒီလောက်ထိ သာယာလှပမှန်း သူမမသိခဲ့လေဘူး...
သူမလေး မှန်ပြတင်းမှ အောက်ဘက်ဆီသို့မြင်နေရသော ရှုခင်းကို ငေးမောနေ၍ နေရောင်များ သူမမျက်နှာပေါ် ဖြာကျလာသည်ကို မေ့လျော့နေခဲ့သည်။
"နေပူတယ်...ညနေနေဝင်ချိန်ကျမှ ပြန်ကြည့်ကြမယ်နော်..နေဝင်ချိန်ဆို ပိုလှတယ်..”
ပြောရင်း သူမမျက်နှာကို လက်နှစ်ဖက်ဖြင့် နေရောင်ဒဏ်မှ ကာပေးလိုက်သော သူကြောင့် သူမရင်ခုန်နှုန်းမှာ အသိမပေးဘဲ အလိုလိုမြန်လာ၏။ ဘာလို့လဲမသိ သူ၏ လှုပ်ရှားမှုတိုင်း..ယုယမှုတိုင်းက သူမကို ရင်ခုန်နေစေသည်။ သူမသူ့ကို ချစ်မိနေတာလား....
(ညည်းယောက်ျားလေ ညည်းမချစ်ရင် ဘယ်သူချစ်မှာလဲ ရွှေငယ်ရေ..🥶🥶)
သူမတို့ ရုံးခန်းထဲ ပြန်ရောက်ချိန် စားပွဲပေါ်က ရုံးသုံးဖုန်းက မြည်လာ၏။ ရွှေငယ်က ဝေယံကို ကြည့်လိုက်သဖြင့် နှစ်ယောက်အကြည့်ဆုံကာ ဝေယံက ရွှေငယ်ကို "ဘယ်သူလဲမသိဘူး လုံးဝသိတတ်မှုမရှိဘူး" ဟူသော အမူအရာဖြင့် ပုခုံးတွန့်ပြ၏။
"ဟယ်လို..ပြောပါ..”
"...........”
တစ်ဖက်က ဘာပြောသွားမှန်း ရွှေငယ်မသိပေမယ့် မဲမှောင်နေသည့် ခင်ပွန်းမျက်နှာကြည့်ပြီး သတင်းကောင်း မဟုတ်မှန်း သိ၏။
Advertisement
"ခနလေး...ငါ ငယ့်ကို မေးလိုက်အုံးမယ်...”
"ဟမ်...ရှင်”
ရွှေငယ်က ဘာကိုဘာမှန်းမသိ၍ ဘာမှနားမလည်နိုင်ပေ။
"ငယ်...ခုနက ငယ့်ကို ဖြစ်ကဆန်းပြောသွားတဲ့ မိန်းမက သူ့ကို အလုပ်မဖြုတ်ဖို့ တောင်းပန်နေတယ်လို့ ရဲနိုင်ကပြောတယ်..သူမက အမေအိုကို ပြုစုနေရလို့တဲ့.. နောက်ပြီး သူမ ငယ့်ကို ဘာတွေ ပြောလိုက်သေးတာလဲ.. ငယ်သူ့ကို သနားလို့ အလုပ်မဖြုတ်ချင်ရင် ဘာအပြစ်ပေးချင်လဲ..”
ဘုရား..ဘုရား.. ဖုန်း၏ အခြားတစ်ဖက်မှ ရဲနိုင်မှာ ရင်ထဲဘုရားတနေမိ၏။ ဘာလုပ်လုပ် ကိုယ့်သဘော ကိုယ့်အတွေး ကိုယ်ကြိုက်တာကိုပဲ ဦးစားပေးသော ရေခဲတုံးကြီးမှာ အခု ဝန်ထမ်းကို အပြစ်ပေးဖို့လေးကို မိန်းမဆီ ခွင့်တောင်းနေလေရဲ့..။တကယ်ကို သူ့သူဌေးကို နိုင်တာ သူဌေးကတော် တစ်ယောက်ထဲ ရှိပုံပဲ..
ရွှေငယ်က စိတ်သဘောထား သေးသိမ်သူမဟုတ်သော်လည်း သူမကို ထိပါးစော်ကားလာသည့် သူအဖို့ ကြင်နာပေးမှာ မဟုတ်ချေ။ သူမက တောထွက်မည့် သူတော်စင် မဟုတ်သလို ပုတီးကုံးဆွဲသည့် သီလရှင်လည်း မဟုတ်ပေ။
"သူက ကျွန်မကို ကျွန်မကြောင့် ..အာ..မဟုတ်ဘူး..ကျွန်မလို ညစ်ညစ်ပတ်ပတ် ဝတ်ထားတဲ့ လူကြောင့် ရှင်က သန့်ရှင်းရေး အဒေါ်ကို အောက်ထပ်တစ်ထပ်လုံး သန့်ရှင်းရေး ထပ်လုပ်ခိုင်းဖို့ ဒုက္ခပေးမှာတဲ့... အခုကျွန်မ အပေါ်ဆုံးထပ်ထိ ရောက်လာပြီဆိုတော့ သန့်ရှင်းရေး အဒေါ်တွက် စိတ်မကောင်းစရာပဲ....”
သူမထိုသို့သာ ပြောလိုက်သော်လည်း သူမ မျက်လုံးတစ်ချက်မှိတ်လိုက်ရုံနှင့် သူမဘာတွေးနေမှန်း သိနေသော ဝေယံပိုင်မှာ...
"ရဲနိုင်...သူမကို အလုပ်မဖြုတ်တော့နဲ့ ဒါပေမယ့် ဧည့်ကြိုအလုပ်အစား ဒီတိုက်တစ်ခုလုံးရဲ့ သန့်ရှင်းရေးတာဝန်ကို လွှဲယူခိုင်းလိုက်...ဒါပဲ..ငါ့မိန်းမ အဖော်ပြုတော့မယ်..”
ဖုန်းချလိုက်ပြီး ကိုယ်တော်လား ဆိုပြီး မျက်ခုံးတွန့်ပြသော သူကြောင့် ရွှေငယ် အရယ်တောင် မထိန်းနိုင်တော့..။
"ဟင်း..ဟင်း..ရှင်ကတော်သားပဲ ကျွန်မဘာတွေးနေမှန်းတောင် ပြောစရာမလိုဘဲ အလိုလိုသိနေတယ်...”
"ဒါပေါ့ ကိုယ်က ငယ့် ယောက်ျားလေ...”
ထိုအချိန်မှာတော့ ရွှေငယ်အပြုံးတစ်ခုကို တပ်ဆင်လိုက်သည်။ ဝေယံပိုင်က သူမလေး၏ ထိုအပြုံးမှာ သူ့ကို အန္တရာယ်ပြုတော့မည်လို့ ဘာကြောင့်ထင်နေမိတာလဲ မသိပေ။
"ဒါဆို ရှင်းစမ်းပါအုံး ငယ့်ယောက်ျားကြီး..ဒီပုံက ဘယ်လိုကနေ ဘယ်လိုပေါ်လာတာလဲ..?”
စားပွဲပေါ်သူမ လက်ညိုးထိုးပြရာနောက် ငေးကြည့်မိသော် အဖြူရောင် ဝတ်စုံနှင့် ဘုရားပေါ်က စုံတွဲလေးတစ်တွဲ....
............
22.11.21
စာရေးမယ်ဆိုပြီး ပုံဆွဲလိုက် messengerဝင်ကြည့်လိုက် fbပွတ်လိုက် ig ပွတ်လိုက် reel ကြည့်လိုက် youtube ပေါ်က clipတွေ ကြည့်လိုက်နဲ့ လေလွင့်နေတဲ့ ဒီကသာသာကို ထိန်းပေးဖို့ ကိုကြီးတစ်ယောက်လောက်လိုနေပြီ🥶🥶
"ကိုယ်သိတယ်..
"ရှင်...
"ဘယ်လိုလုပ်ပြီး....
"ဆုတောင်းနေလိုက်..
"အိုး....
Advertisement
"......
ဆွံအ..
"ဟယ်လို..ပြောပါ..
"...........
"ဟမ်...ရှင်
............
22.11.21
Advertisement
- In Serial46 Chapters
Breaking up, No Joke
The most fucked-up separation in the world, is that there is a baby in your belly when you break up with someone. Bo Yu draws on his cigarette, slowly puffing out the smoke, and looks at the little boy lying in bed with deep eyes. Two years later, he finally comes back. Welcome to read the whole Breaking up, No Joke on Flying Lines.
8 121 - In Serial45 Chapters
Finding Sam (Featured)
For single mother Sam Martin, her life is broken, derailed by a history of abuse, broken dreams, and an ex-husband who refuses to take no for an answer.But all that changes when she meets Erik Maystrom and his widowed sister, Olivia. Suddenly, life becomes a much better place, made even better when Sam learns that Erik holds a special piece of her past.But what happens when she can't let go of her imperfections and hidden scars? Can she find true love and acceptance with Erik, or will she return to the life she always knew, unable to let go of the past that has long kept her rooted in regret?Liz Durano © Copyright 2014. All rights reserved. #ProjectWomanUp
8 237 - In Serial67 Chapters
Nightwalker
Time didn't matter to her. She got up when the sun did and tried to sleep when the sun went down. because of this seemingly endlessness, she's forgotten her name, she's forgotten her family and she's forgotten everything she use to be.Now she was nothing. Living on the streets of a town begging for money and food from travellers that didn't know who she was, unlike the rest of the town that thought of her as something unnatural even though she doesn't know why.Constantly abused by the townspeople who don't understand her, she is left to die in an alleyway after a horrible run in with three drunk men. She was expecting to die and have her corpse eaten by rats and other vermin. What she didn't expect was to be saved by a woman that was everything but human."Do you want to live?" This woman asked and when she looked into herself she knew the answer, it came easy through her busted lips."Yes."From that day on she became something else, something not human, something extraordinary and from that day forth she will serve this woman who saved her life and maybe one day remember her name or be given one by her new Mistress. Maybe one day she'll remember who she was and maybe she'll even find the one person that completes her soul.From that day forth she became a Nightwalker.Completed.This is a lesbian story and contains mature actions between females. There will be warnings at the beginning of the chapter if you do not wish to read such content.
8 207 - In Serial30 Chapters
50 Shades of Ackerman {Modern Levi x Reader}
50 shades of Gray, but with you and Levi Ackerman.
8 268 - In Serial64 Chapters
Blame the goddess ✔️
Cal Yorke the omega of the Blood Rose pack has never had an easy life. He's been abused by his Alpha and supposed mate. His father and sister treat him like trash. Driven by the constant abuse from them and forsaken by his Moon Goddess, Cal seeks to find a better life for himself and his friends. Can he do what no other Omega has done before? Tame his abusers, change his fate, and become a legend?Only time will tell.Book 1 in the Legend Series.Second place winner (Werewolf) Ohana Awards 2019Book cover by @Azanthiel.©️Copyright"If you are reading this story on any platform other than Wattpad, you are likely to be at risk of a malware (virus) attack and you are not reading the original story. If you wish to read this book in its original, safe form, please go to Wattpad. https://www.wattpad.com/home Thank you."
8 409 - In Serial5 Chapters
Philline's Writer Room
A book where I share writing tips (including templates you can use to craft your own stories), give sneak peeks and post background info about my novels! It's a fun time!
8 172