《Untamed Flower( ပန်းရိုင်း)》အပိုင်း၆၈
Advertisement
ဝေယံပိုင် သူ၏ဇနီးလေးကို အိမ်ပြင်ခြံတံခါးထိ လိုက်ပို့ပြီး ရဲနိုင်နှင့် စကားအနည်းငယ်ပြောကာ အိမ်ထဲသို့ ပြန်ဝင်မည်အလုပ် ကားဟွန်းတီးသံကြောင့် ရွေ့နေသည့် ခြေလှမ်းများကို ရပ်လိုက်ရသည်။
ကားမှာတော့ အာကာထက် ကားဖြစ်ပြီး အရင်ပြေးဆင်းလာသူမှာ အာကာထက်မဟုတ်ပေ။ သူ့ညီမလေး ဝေကြူသင်းဖြစ်နေ၏။
ထူးဆန်းသည်က သူ့ကိုမြင်ရင် ပြေးပြေးဖက်သော ညီမလေးမှာ ဒီတစ်ခေါက်တော့ သူ့ကိုဖြတ်ကျော်ပြီး အိမ်ထဲပြေးဝင်ကာ သူ့ယောင်းမကို တကျီကျီ အော်ခေါ်နေခြင်းပင်။ ပြန်ထူးသံ မကြားတော့မှ သူ့အစ်ကိုဆီ ပြန်လှည့်လာပြီး
"ကိုကြီး.. မငယ်ရော မငယ်အိမ်မှာ မရှိဘူးလားဟင် ညီမလေး သူ့ကိုလွမ်းနေတာ..”
"အိုး..ညီမလေးက ကိုကြီးကို မလွမ်းဘဲ ကိုကြီးမိန်းမကို လွမ်းနေတာ တရားမျှတလို့လား ကလေး..”
ဝေယံက စသလိုလိုပြောလာလျှင် ကြူသင်းက မျက်နှာကြီး ပြုံးဖြီးပြီး..
"ဟီး... ကိုကြီးကိုလည်း လွမ်းပါတယ် ဒါပေမယ့် မငယ်ကို နည်းနည်းပိုပြီး လွမ်းတယ်”
"အာ..ဒီကလေးနဲ့တော့”
ဝေယံက သူ့ညီမလေးခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။
"ဝေယံ မင်းမိန်းမက တကယ်ပဲ ငါ့ဇနီးလောင်းလေးကို လုသွားတာပဲ နေ့တိုင်းနေ့တိုင်း မငယ်ဆီ သွားလည်ချင်တယ် သွားလည်ချင်တယ်နဲ့ တကျီကျီပူဆာနေတာ..”
သူတို့နှစ်ယောက်နောက်က သူတို့ဆီလျှောက်လာသည့် အာကာထက်မှာ လက်နှစ်ဖက်ပေါ် အထုပ်တွေ အစုကြီးအပြုံကြီး သယ်လာရင်း ပြောလေ၏။
ဝေယံသည်လည်း ယောက်ဖဖြစ်သူ ပင်ပန်းနေသည်ကို မကြည့်ရက်ပဲ သူစကားတွေကို တဟားဟားရယ်ပြီး အထုပ်တွေ လှမ်းကူသယ်လာ၏။ အိမ်ထဲရောက်တော့ ကြူသင်းက
"ကိုကို... ကြည့်ပါအုံး ကိုကြီးနဲ့မငယ်တို့ရဲ့ မင်္ဂလာစုံတွဲ ဓာတ်ပုံကြီး လှလိုက်တာ သဲတို့လည်း ဒီလိုဘယ်တော့ရိုက်ရမလဲ”
ဧည့်ခန်းနံရံပေါ် ကပ်ထားသည့် ဝေယံနှင့် ရွှေငယ်တို့၏ ဓာတ်ပုံကြီးကို လက်ညိုးနှင့်ထိကာ အာကာထက်အား ပြောရှာသည်။ အာကာထက်သည်လည်း ငတုံးမဟုတ်။ ဘယ်လိုအကွက်ရှာရမလဲ သိနေသည်။
"ဒါကတော့ ကိုကိုလည်း မသိဘူး.. သဲလေးပဲ သဲလေးရဲ့ ကိုကြီးကိုမေးလေ..”
ထိုအချိန်မှာတော့ ဝေယံက မင်းသိပ်တော်လှချည်လားဆိုသည့် မျက်နှာထားနှင့် အာကာထက်ကို စူးစူးရဲရဲကြည့်လိုက်သည်။ သို့သော် ကြူသင်းမေးသော မေးခွန်းက အာကာထက်အား မျော်လင့်ချက်မေ့စေလေ၏။
"ကိုကြီး မငယ် ဘယ်သွားတာလဲလို့ ညီမလေးမေးနေတာ မဖြေသေးဘူး..”
"အော်..ညီမလေးရဲ့ မမက ပန်းချီပြပွဲတစ်ခုကို သွားနေတာ..”
"အော်...”
အချိန်အတန်ကြာစကားပြောကြပြီး အာကာထက်က သူနှင့်ကြူသင်းကို အမြန်ဆုံးနီးစပ်ပေးစေဖို့ နည်းလမ်းတစ်စုံတစ်ရာကို ဖွေရှာလိုက်၏။ ဒီလို မရီးဖြစ်သူ အိမ်မှာမရှိတဲ့အချိန်ကလည်း အချိန်ကောင်းပဲ မဟုတ်လား..
"ဝေယံ.. မင်းတို့ ဘယ်ေတာ့ကလေးယူဖို့ စဥ်းစားထားလဲ”
အာကာထက်စကားကြောင့် ပွဲကျနေသော စကားဝိုင်းမှာ ချက်ချင်းပင် ငြိမ်ကျသွားလေသည်။ ကြူသင်းက အာကာထက်ကို မျက်နှာအမူအရာဖြင့် ကိုကိုတော့ မီးစကို မစွဲစွဲအောင် လုပ်နေတာပဲ ဟူ၍။
ဘာမှ မပြောပဲ ရန်ထသတ်မလား မသေချာမရေရာပဲ သူ့ကို ကြောင်ကြည့်နေသော ဝေယံပိုင်ကြောင့် အာကာထက် ကျောချမ်းလာ၏။ သူစကားမှားသွားတာလား တွေးမိပြီး
"ငါ..ငါ အဲတိုင်းပဲ မေးလိုက်တာပါ မှားသွားရင် ဆောရီးနော ဘရို”
သူ့ယောက်ဖလောင်း ပုခုံးကို ပုတ်ပြီး ခွင့်လွှတ်လားလား ပြောဆိုတုန်း အေးစက်နေသော မျက်နှာပိုင်ရှင်မှာ ရုတ်တရက် ပြုံးလာ၏။ နောက်ပြီး
"သူမသာ လက်ခံရင် ငါကဘယ်လို ဖြစ်ဖြစ်ရတယ် ကလေးယူယူ မယူယူ”
"ဘာ!”
"ဘယ်လို..!”
ဝေယံစကားက အာကာထက်ကိုရော ဝေကြူသင်းကိုပါ အကြိီးအကျယ် ရှော့ခ် ရသွားစေသည်။ ဝေယံ ဘာမှထပ်မပြောသေးခင် မှာပင် သူတို့နှစ်ယောက်က ဦးစွာ တပြိုင်နက်တည်း အဓိပ္ပါယ်တစ်ခု တည်းသော စကားကို အော်ပြောလိုက်၏။
"ဧကန္တ မင်း မင်းမိန်းမနဲ့ အတူမနေရသေးတာလား?”
"ကိုကြီးက မငယ်နဲ့ ခွဲအိပ်နေတာလား..ဟမ်”
သူတို့နှစ်ယောက် စကားကြောင့် မူလပြုံးနေသော ဝေယံ မျက်နှာမှာ နက်မှောင်သွားလေတော့၏။ ထိုသို့ နက်မှောင်ပြီး ချက်ချင်းပြောင်းလဲသွားသည်ကိုက အာကာနှင့်ကြူသင်း အဖို့ သူတို့ထင်မြင်ချက်ကို ပိုပြီး မှန်ကန်ကြောင်း ခန့်မှန်းနိုင်လေ၏။
"မင်းတို့တကယ်ပဲ အတူမအိပ်သေးတာလား ဝေယံ ဒါမှမဟုတ် ရွှေငယ်က မင်းကို လက်မခံလို့လား..”
အာကာထက်က သူ့ယောက်ဖအခြေအနေကို ကြည့်ပြီး မနေနိုင်စွာ ထပ်ကာဝင်ပြောလေ၏။ ထိုအချိန်မှ
"သူမ လက်မခံတာမဟုတ်ဘူး ငါကိုက မထိရက်မကိုင်ရက် ဖြစ်နေတာ ပြီးတော့ ငါသူမကို ချစ်ကြောင်း သဘောကျကြောင်းတောင် ဝန်မခံရသေးဘူး..”
"ဘာကွ!!”
"ကိုကြီး ဘယ်လိုပြောလိုက်တယ်!!”
နှစ်ယောက်စလုံး မျက်လုံးမျက်ဆံပြူးကာ ထိုင်နေရာမှ ထမိသည်အထိ ရှော့ခ် အကြီးကြီးရလိုက်ပြန်၏။
သူတို့နှစ်ယောက် ဖြစ်ပျက်နေသည်ကို ဂရုမထားဘဲ ကာယကံရှင် ဝေယံပိုင်မှာတော့ အေးအေးလူလူနှင့် စကားတွဲကို ဆက်လေ၏။
"မင်းတို့ကြားသလိုပဲ.. ငါဘယ်ချိန် ဖွင့်ပြောဖို့ ကြိုးစားကြိုးစား ပါးစပ်ကနေမထွက်ဘူး ဖြစ်နေတယ် ”
Advertisement
"ညီမလေးသာ မငယ် နေရာမှာဆို ကိုကြီးလို ယောက်ျားမျိုးကို ယူမှာတောင်မဟုတ်ဘူး”
သူ့အစ်ကိုကို မျက်စောင်းထိုးရင်း ယောင်းမအတွက် စိတ်မဖြေသာ ဖြစ်နေသော ဝေကြူသင်းကို အာကာထက်က
"သဲ.. သဲပြောပြလိုက် ကိုကိုဆို သဲကို တစ်နေ့ဘယ်နှစ်ခေါက် ချစ်တယ်ပြောလဲ သဲရဲ့ကိုကြီးကို ရှင်းပြလိုက်”
မီးလောင်ရာ လေပင့်နေသော အာကာထက်ကို ဝေယံ ထပြီးထိုးချင်စိတ်တောင် ပေါက်လာ၏။ သူလုပ်မှ သူ့ညီမလေးက ပိုလို့တောင် သူ့ကိုအပူရှာပေးအုံးမည်။
"ကိုကြီး.. ကိုကိုဆို တစ်နေ့အနည်းဆုံး သုံးကြိမ်ပြောတယ် မနက် နေ့လည် ည ဒါတောင် ကိုကို ဂျူတီဝင်နေရတဲ့ အချိန်တွေနော် မငယ်လို ညီမလေးကအနားမှာ ရှိနေရင် တစ်နေ့လုံးလုံး ချစ်တယ်ပဲ ပြောနေမှာ..”
တော် တန် တိတ် ဆိုပြီး ထအော်ချင်ပေမယ့် ဒါက အမှန်တရား။ ဝေယံ မငြင်းဆိုနိုင်ပေ။
"ကဲ ကြားလား မင်းက မင်းမိန်းမနဲ့ တချိန်လုံးရှိနေတာကို ဖွင့်တောင် မပြောဘူးတဲ့လား မင်း ငါနဲ့ မင်းညီမကို ကြည့်ပြီး သင်ယူ”
"သွားသေလိုက် ဒီမှာမနေတော့နဲ့ အိမ်ပြန်ကြတော့ စိတ်ရှုပ်တယ် အလကားနေ ငါ့ကိုပဲ ခွေးစာတွေ လာလာကျွေး”
စိတ်ရှုပ်သည်ကို အကြောင်းပြပြီး ညီမလေးနဲ့ ယောက်ဖကိုတောင် အိမ်ကနှင်ချသည့် ဝေယံအဖြစ်။
"ဟားဟား.. မင်းက ငါ့ထက်တောင်သာတယ်လေ မင်းနဲ့ရွှေငယ်က လက်ထပ်ပြီးပြီ ငါက ငါ့အသဲလေးနဲ့ စေ့စပ်ရုံ ဒါကိုဘာလို့ ငါက ခွေးစာကျွေးတယ် ဖြစ်နေရမှာလဲ.. ဟမ်”
"ကျွေးကျွေး မကျွေးကျွေး ငါ့ကို မင်းတို့ကူနိုင်မှာ မဟုတ်ဘူး အိမ်ပြန်ကြတော့ မိုးချုပ်လာတော့မယ်”
"ငါတို့ မကူညီနိုင်ဘူးလို့ ဘယ်သူပြောလဲ”
အာကာထက် ယုံကြည်ချက်ရှိရှိပြောရင်း ဝေကြူသင်းနှင့် အကြည့်ဆုံလိုက်ကာ မျက်ခုံးပင့် ပြလိုက်ပြီး အချက်ပေးလိုက်သည်။
"မင်းမိန်းမ အိမ်ဘယ်ချိန်လောက် ပြန်လာမှာလဲ”
"အာ.. ၁၀နာရီ နီးပါးထင်တယ် ပွဲက အခုမှ စမှာ ဘာလို့လဲဟမ်..”
ဝေကြူသင်းက သူမ၏ လက်ပတ်နာရီကို ငုံ့ကြည့်ပြီး တစ်ချက်ပြုံးလိုက်ကာ
"ငါးနာရီ အချိန်ရမယ် အကိုတို့ စလိုက်ရတော့မှာလား”
"လုံလောက်တဲ့ အချိန်ပဲ ဘေးဘီ ”
ဝေယံက သူတို့နှစ်ယောက် ဘာပြောလို့ ဘာပြောမှန်းမသိပဲ နားမလည်မှုများစွာဖြင့် ကြောင်အမ်းကြည့်နေမိသည်။ ရုတ်တရက် သူတို့နှစ်ယောက် က သူ့ကို ဆွဲခေါ်ပြီး သုံးယောက်မျက်နှာချင်းဆိုင် ဝိုင်းဖွဲ့ကာ အစီအစဥ်များကို တီးတိုးစွာ ရှင်းပြလေ၏။
29.11.21
"အာ..ဒီကလေးနဲ့တော့
"အော်...
Advertisement
"ဝေယံ.. မင်းတို့ ဘယ်တော့ကလေးယူဖို့ စဉ်းစားထားလဲ
"ဘာ!
"ဘယ်လို..!
ဝေယံစကားက အာကာထက်ကိုရော ဝေကြူသင်းကိုပါ အကွီးအကယျြ ရှော့ခ် ရသွားစေသည်။ ဝေယံ ဘာမှထပ်မပြောသေးခင် မှာပင် သူတို့နှစ်ယောက်က ဦးစွာ တပြိုင်နက်တည်း အဓိပ်ပါယျတဈခု တည်းသော စကားကို အော်ပြောလိုက်၏။
"ဘာကွ!!
29.11.21
Advertisement
- In Serial43 Chapters
Fighting for Rose
-Blake-Rose stands not too far in front of the ring looking at me, her face is pale and my gut twists in ways it never has.She shouldn't be here, why the hell is she here? My hands drop to my side, the victorious feeling once flowing through me is replaced with one of dread. She saw me fighting.--------Rose-"Alright. Time for you to go." He says. I feel the pull on my arm as he tries to take me away but my feet feel like they are glued to the ground as I continue to look at Blake. He has a little smirk on his face as he looks over the crowd. A look so completely different than any of the ones I saw the other day.Then our eyes meet, and his smirk drops.He drops his hands that were just held high in victory and looks at me like he's seeing a ghost. The guard pulls harder on my arm and I go flying back into his chest. "Listen here, I don't want to manhandle you, so do as I fucking say. Move." He growls as he pushes me into the crowd of celebrating people.I do what he says and start walking towards the exit, but I look over my shoulder one last time before I'm too far in the crowd to see anything. Blake's hands are fisted by his side and his face is red with anger, his eyes are focused on the hands that are on me pushing me away from him.----- I am the original owner of this book, please do not copy. Strong language and themes of abuse, mental disorders and violence.I don't own any of the pictures used in this story.#1 in alone 11/23/21#1 in strong 11/30/21#2 in boxing 4/19/22#1 in goodgirl 5/8/22#1 in fighting 5/19/22
8 223 - In Serial56 Chapters
STAGED
When A.J. is forced into an internship with her father's business, she finds herself touring with the biggest band in the world, and the man who will flip her life upside down. Most college students would kill for A.J. Carmichael's life. Her boyfriend is popstar, Asher Prescott, her father is the most sought-after stage designer in the music industry, and she is spending her summer touring with the biggest band in the world-The Remnants. A.J. has only has one problem. She is thrust into the middle of Asher and frontman, Kade Slone's ongoing feud. As the mysteries of their mutual hatred come to light, she learns truths that have her questioning her relationship and family. Is A.J.'s life as perfect as it seems or is it all staged?【WATTPAD PROFILE FEATURES】Romance--Contemporary RomanceCW/TW: Sexual Content, Assault, and Physical Violence
8 1197 - In Serial16 Chapters
☁ o, dreamer || gilbert blythe x reader ☁
"That you are here-that life exists, and identity; That the powerful play goes on, and you will contribute a verse." -------------------------------------- ☁ ------------------------------------In order to escape your cruel orphanage life, you had to take some drastic measures. But now that you've got a family, a home, and friends, will you be able to keep your secret hidden? And can you trust the doe-eyed boy from Avonlea? // my fellow impatient readers can skip to chapter five if they wish.
8 147 - In Serial60 Chapters
Hired Bride (COMPLETED)
*COMPLETED*Kelsey Parker is an average 23 year-old woman with financial needs. With her little brother in the hospital, her mother working as a babysitter, and her not being able to finish college, money has been pretty tight to make their ends meet. Mason King is a billionaire. He can buy anything he wants being the CEO of the company his father is going to pass on to him. At the age of 25, his grandmother thinks that he should stop messing around with women and start settling down.His grandmother makes a deal with him that if he doesn't get married in three months, she will ask her son to take the company out of Mason's hands and instead, give the company to Mason's sister, Ella. Desperate of not wanting to lose the company, Mason hunts for the perfect girl to hire as his bride. He knows that the only perfect woman is Kelsey. What will happen with the two? Will it be a marriage that will break them or make them?*ATTENTION*Not edited so please don't complain about wrong grammars, spellings or punctuations.All Rights Reserved#16 Romance |05/23/18|#1 Family |05/31/18|#2 Romance |12/23/19|#1 Completed |12/23/19|
8 855 - In Serial71 Chapters
ᴍʏ ᴍᴏᴍ ɪs ᴡʜᴏ? ✔︎
Meet Cody, an average teenager, dealing with a rough home life and the school bully, who just so happens to be her Captain on the high school soccer team. Thinking her life can only get worse, not better, she jumps at the chance to go to a USWNT game with her best friend Jack. Little did Cody know, her life is about to change forever.⚠️ Trigger warning - this story contains/mentions alcoholism, addiction and abuse.
8 179 - In Serial45 Chapters
Anomalies [BXB] ✔
HIS STAR SERIES 1***"I am the textbook definition of in love with you."***Castor Rex: He's snarky, quiet and mysterious. A secret keeper. He doesn't like his life to be on display. People avoid him, even if they respect him.Jasper Red: He's polite, nice and helpful. A open book. He likes filling his life with other people and their love. People love him, they can't help it.Because of his quiet nature, snarky smirks and sarcastic words Castor has always had a hard time when it came to making friends -and keeping them. Something Jazz doesn't struggle with.With Jazz's protective nature, shyness and many friends he doesn't need someone else to fill a spot in his life -at least, that's what he thought.Then they met.And that empty part in Jazz's heart felt a little bit bigger because he started to realize Cas could fill it.Cas sees him as a grinning, happy dork he has no chance with.Jazz sees him as a adorable, grumpy jock that now, is his.Castor wants to get through the school year as quietly as possible but with how loud Jazz loves, neither of them know if it's possible, and to make matters worse they're roommates for the rest of the year.It's only a matter of time before they come together or fall apart.***As a private person, someone who doesn't share myself with others, I can say that learning how to interact with others is difficult. It's like baking, almost, you have to mix the right ingredients together, and if you add the wrong ones things can taste hideous even if they look good. It's a lot like our words. But I've mastered how to tell someone just a little about myself but doing it in a way that makes the person in front of me think they know a lot.Jasper, somehow, sees through this every fucking time and it's absolutely infuriating. He's never satisfied with just a little of me, with my hidden truth, and it's the most annoying thing I've ever experienced.
8 192