《Untamed Flower( ပန်းရိုင်း)》အပိုင်း၇၀
Advertisement
အိမွန်ကို နှုတ်ဆက်ပြီး အပြာရောင်ကား အမှောင်ထဲ လမ်းမီးတိုင်များကြား ပျောက်ကွယ်သွားမှ ရွှေငယ် အိမ်ရှိရာဘက်သို့ မျက်နှာမူမိ၏။ သူမ ဒီအိမ်ကြီးထဲ ရောက်လာခဲ့သည်မှာ တစ်လနီးပါးရှိပြီ ဖြစ်သော်လည်း အိမ်ကြီးကို ညဘက်မှောင်နက်ချိန် အပြင်မှ မမျှော်ကြည့်ဖူးသဖြင့် ထိုမြင်ကွင်းက သူမအတွက် ခြောက်ခြားလှပေသည်။
လမ်းမီးတိုင် ခြံမီးများမှလွဲ၍ အိမ်ကြီး၏ မည်သည့်အခန်း မည်သည့်အစိတ်အပိုင်းမှ တစိုးတစိလင်းလက်နေမှု မရှိချေ။ ထိုအချိန်သူမစိတ်ထဲမှ အသိစိတ်တစ်ခုက သူမကို သူအိပ်သွားပြီလားဟု မေးမြန်းနေ၏။ နာရီကို လှမ်းကြည့်တော့ ဆယ်နာရီ ခွဲပြီမို့သူမပြုံးလိုက်၏။ သူ တစ်ပတ်ကို ခြောက်ရက်လောက် အလုပ်တွေရှုပ်နေတော့ ပင်ပန်းနေရောပေါ့ ပိတ်ရက်လေး တစ်ရက်လေးကို အစောကြီးအိပ်ယာဝင်သွားတာ မဆန်းပါဘူးလေ.. ခဏအကြာမှာတော့
ငါဘယ်တုန်းက ယောက်ျား တစ်ယောက်ကို နားလည်ပေးတတ်လာတာလဲ ရွှေငယ် နင့်ကိုနင် သတိကပ်စမ်း
သူမ အိမ်ထဲသို့ ဝင်လာသည်နှင့် မှောင်နေသည့် အိမ်ကြီးက ရိုးရိုးသားသားမဟုတ်မှန်း သူမသိလေတော့၏။ အကြောင်းမှာတော့ ရာချီသော အဝါရောင် ဖရောင်းတိုင်များက ကြမ်းပြင်တစ်ခုလုံး ပြည့်နှက်နေအောင် ထွန်းထားခြင်းပင်။
လှေကားများကနေတစ်ဆင့် အိမ်ပေါ်ထပ်ထိ ခင်းကျင်းထားသည့် နှင်းဆီပွင့်ချပ်ပန်းခင်းလမ်းမှာ သူမတို့မင်္ဂလာဆောင်တွင် ခင်းကျင်းခဲ့သော သတို့သမီးလျှောက် ေရွှပန်းခင်းထက် ထူထဲလှပနေသယောင်။ သူမထိုအခြင်းအရာများအား မြင်တွေ့ပြီး မျက်တောင်မခတ်နိုင် စကားမပြောနိုင်သည်အထိ အံ့သြရပေ၏။
သူမ ဖယောင်းမီးထွန်းထားသော ပန်းခင်းလမ်းကြီးကို လှေကားထက်ထိ လျှောက်ကာတက်နင်းလာပြီး တစ်နေရာရောက်တော့ သူမခြေလှမ်းများမှာ တစ်စုံတစ်ရာကြောင့် ရပ်တန့်သွား၏။ ခင်ပွန်းဖြစ်သူက သူမပွဲတက်ဖို့ ဆင်ပေးခဲ့သော အဖြူရောင် ဂါဝန်ရှည်ကြီးကို မလျက် လှေကားထိပ်တည့်တည့်တွင် ထိုင်ရပ်နေသော ရွှေငယ်မှာ မိုးကောင်းကင်ပေါ်က နတ်သက်ကြွေလာသည့် နတ်သမီးအလားပင်။
သူမခြေလှမ်းများ ရပ်တန့်သွားရသည့်အကြောင်းအရင်းမှာတခြားမဟုတ်ပေ။ သူမ ထိုအတိုင်း သတိလက်လွတ်လျှောက်လာနေသော ပန်းခင်းလမ်းမှာ သူမတို့အခန်းထဲသို့ ဦးတည်နေသည်မဟုတ်သည့်အပြင် သူမတစ်ကြိမ်တစ်ခါမှ မဝင်ဖူး မရောက်ဖူးသေးသည့် သူမတို့ အိပ်ခန်းဘေးမှ အခန်းငယ်လေးဆီကို ဆက်နွယ် ခင်းကျင်းထားသောကြောင့်ပင်။
ထိုအခန်းကို တစ်ခါတစ်ရံ သူမသတိထားမိသော်လည်း ဝေယံက ထိုပိတ်ထားသည့် အခန်းအကြောင်းအား သူမကို ပြောမပြခဲ့သလို ဝေယံထိုအခန်းထဲမှ မနက်စောစောစီးစီးထွက်လာသည်ကို သူမမြင်ဖူးသော်လည်း ဝေယံကသူမမမြင်သလို ချက်ချင်းတံခါးပိတ်ကာ သူမအား တခြားသော အကြောင်းအရာကို ဦးတည်၍ စကားပြောခြင်းကြောင့် ထိုအခန်းကိစ္စကို သူမသိပ်စိတ်မဝင်စားမိခဲ့ပေ။
သို့သော် အခု သူမခင်ပွန်းတစ်ယောက်တည်းသာ ခင်းကျင်းထားသည်ဟု ဆိုနိုင်သော ဒ်ီပန်းခင်းလမ်းကြီးက ထိုတံခါးသာဖွင့်ထားပြီး အထဲတွင် ဘာရှိ၍ရှိမှန်းမသိသော မှောင်မဲမဲ အခန်းဆီကို ဦးတည်နေသည်။ သူမဝင်သွားသင့်လား သို့မဟုတ် မသိမတတ်သလို ဝင်မသွားဘဲ သူမအိပ်ခန်း ထဲဝင်ကာ ရေချိုးအိပ်စက် လိုက်ရမလား..
မိန်းမများ၏ စူးစမ်းသိရှိလိုစိတ်မှာ ယောက်ျားများထက် အဆပေါင်း သောင်းချီမြင့်မားသလို ရွှေငယ်သည်လည်း မိန်းမသဘာဝ ရိုးရာမပျက် စိတ်ကို အတင်းရဲအောင်မွေးကာ ထိုအခန်းထဲသို့ သတိရှိစွာ ခြေဖျားထောက်ပြီး တိတ်တိတ်ကလေး ဝင်သွားလေ၏။
"အောင်မလေး ..ဘုရား!!"
အခန်းမီးမှာ သူမအထဲရောက်သည်နှင့် ဖြတ်ခနဲလင်းလာသဖြင့် ရွှေငယ့်ခမျာ လန့်ဖြန့်ပြီး အသံကျယ်ကြီးဖြင့် ဘုရားတမိလေသည်။
"ဟင်..!"
တစ်ဖန်ထပ်ပြီး မီးလင်းသွားသော အခန်းသည်မှာ သူမကိုယခင်ကထက် အံ့သြပြီးအံသြနေသော သူမစိတ်ကို ပို၍ပင် တိုးစေ၏။ အကြောင်းရင်းမှာကား သူမရှေ့မှ အရာဝတ္ထုများအားလုံးမှာ လုံးဝကို သူမမမျှော်လင့်ထားခဲ့သော အရာများပင်။ သူမက ရိုးရိုးတန်းတန်း ပန်းနှင့် ကိတ်မုန့်ကဲ့သို့ သူမကြည့်ရှုဖူးခဲ့သော တီဗီဇာတ်လမ်းများထဲမှ အတိုင်း male lead က female lead ကို propose လုပ်သည်ဟု
သိစိတ်တစ်ချို့က တွေးခဲ့မိသော်လည်း ယခုမူ ထိုသို့မဟုတ်ဘဲ ပန်းချီကားချပ်ပေါင်းများစွာက သူမရှေ့ရှိ နံရံများ တွင် အပြည့်ချိတ်ဆွဲထားလေ၏။
သူမပါးစပ်အဟောင်းသားဖြင့် ထိုပန်းချီကားချပ်များ ချိတ်ဆွဲထားသော နံရံဆီအမြန်လျှောက်သွားကာ သေချာကြည့် လိုက်လေလျှင်
"ဘုရား.. ဘုရား.. ငါ အိပ်မက်များ မက်နေတာလား?!"
အံသြထူးခြားလွန်း၍ ဟောင်းဟနေမိသော ပါးစပ်ကို သူမ၏ လက်ချောင်းနုနုများဖြင့် ပိတ်ထားမိသည်။ တရားခံမှာတော့ ပန်းချီကားပေါ်ရှိ သူမလေး၏ ပုံတူများပင်။ အပုံနှစ်ဆယ်နီးပါးရှိပြီး ရှုထောင့်အမျိုးမျိုးမှ လှပသေသပ်စွာ ဆွဲယူဖန်တီးထားသော လက်ရာမှာ သူမအတွက် ရူးမတတ်သဘောကျစေသည့် ခံစားချက်ကို ဖြစ်ပေါ်စေလေ၏။
သူမ၏ ဘေးတစ်ဖက်တစ်ချက် ကိုကြည့်မိလျှင်လည်း အရောင်စုံဆေးမှင်များ ဟိုတစက်ဒီတစက်ကျနေသည့် ကြမ်းပြင်များနှင့်အတူ ပန်းချီဆွဲ ကိရိယာ တန်ဆာပလာများ ဆေးမှင်ဘူးများက အစုံအရီ။ ထို့အပြင် ကောင်ကလေးငယ်ငယ်တစ်ယောက်၏ ဆုယူနေသည့် မှန်ဘောင်ခတ် ဓာတ်ပုံများ ၊ ပန်းချီဆွဲနေသည့် ဓာတ်ပုံများအပြင် ရာချီသော ရွှေငွေ ဆုတံဆိပ်ပြား ဒိုင်းဖလားများက မှန်ဗီဒိုများထဲအပြည့်။
အခုမှာမူ ရွှေငယ်ဟူသော မိန်းကလေး၏ ဦးနှောက်အတွင်းနက်နက် တစ်နေရာတွင် သိန်းသောင်းချီသော မေးခွန်းများက အစီအရီထွက်ပေါ်လာ၏။ တစ်ဖန် သူမအတွေးတစ်ခု ရလာပြီး ခုနက ပန်းချီချပ်များ ကပ်ထားသည့် နံရံဆီ အကြည့်ရောက်ပြန်သည်။
"တကယ်ကိုသူ ပဲလား.. !? သူ..သူက anonymous လား..ဟင်.."
ပုံ၏ ညာဘက်အောက်စွန်း တစ်နေရာတွင် သူမခုံမင်နှစ်သက်ခဲ့ရပါသော ရူးမတတ် သဘောကျခဲ့ရပါသော english alphabet ၉လုံးက အထင်းသားကြီး ထိုးမှတ်ထားသော sign က သူမကို သေချာထပ်ခါထပ်ခါ ပြန်ကြည့်မိနေအောင် ပြသနေလျက်။
"ငယ်.. သဘောကျလား"
"အောင်မလေး! ရှင်..ရှင် ဝေယံပိုင် ရှင်ကျွန်မကို တကယ်ပဲအချိန်တိုင်း လန့်သေအောင် သတ်နေတာပဲ!"
ထို အမည်မသိဟူသော စာတန်းလေးကို ငေးနေမိပြီး အတွေးရာချီနှင့် နပန်းထွေးနေသော သူမကို နားဆီတိုးတိုးကပ်ပြီး ရုတ်တရက်ပြောထွက် လာသောစကားသံကြောင့် ရွှေငယ် လန့်ပြီးခုန်ပေါက်မိမတတ်။ သို့သော် သူမကိုယ်ဖြင့်ရော စိတ်ဖြင့်ရော ရင်းနှီးနေပြီးသည့် အသံပိုင်ရှင်က သူမခါးကို ဆွဲကာ အနောက်ဘက်မှ လျင်မြန်စွာ သိုင်းဖက်လာမှုကြောင့် သူမမှာ ခုန်ပေါက်ရုန်းဖို့ အားမသာခဲ့ပေ။
Advertisement
"ကိုယ်က ကိုယ့်မိန်းမကို ပြန်သတ်နေရအောင် ရူးနေတာမှ မဟုတ်ဘဲငယ်.."
ဒီတစ်ကြိမ် ဝေယံ့စကားကို ရွှေငယ်က ဆင်ခြေမတက်တော့ပေ။ သိုင်းဖက်ထားသော ထိုသူ့လက်များကို ညင်သာစွာ ဖယ်ချကာ မျက်နှာချင်းဆိုင်ဖြစ်သွားအောင် အနောက်ဘက်ကို မျက်နှာမူလှည့်လိုက်သည်။
နောက်ပြီး တိုးလျညင်သာကာ အက်ကွဲနေသော အသံဖြင့်
"ဝေယံပိုင်.. ရှင် ဒီအခန်းထဲမှာရှိနေတဲ့ အရာအားလုံးကို ရှင်းပြဖို့မလိုဘူးလား..? ကျွန်မတစ်ခုမှ နားမလည်တော့ဘူး ခေါင်းတွေကိုက်ပြီး ဦးနှောက်တွေလည်ပတ်မှုနှုန်းကလည်း မညီတော့ဘူး"
ခေါင်းလေးကို လက်သီးဖြင့် ခပ်ဖွဖွလေးထုကာ ပြောလာသော သူမကြောင့် ဝေယံ မရေးတရေးအပြုံးဖြင့် အနီးအနားရှိ ဆိုဖာပေါ်တွင် သူ၏နတ်ဘုရားမလေးအား ထိုင်တော်မူအနားယူစေပြီး ဖြစ်စဥ်အစမှ အဆုံးဆီထိ တစ်လုံးတစ်ကွက် မကျန်ရှင်းပြလေသတည်း..။
..........
"အော်..ဝေယံပိုင်!ရှင်က ရှင့်ရဲ့ နောက်ကမ္ဘာ တစ်ခုကို လူမသိသူမသိအောင် ဒီအခန်းထဲထိ လာဖွက်ထားလို့ပါလား ရှင်သိပ်တော်လွန်းတယ်"
နှုတ်ခမ်းကိုက်ကာ မကျေနပ်သလိုပြောလိုက်သော သူမကြောင့် ဝေယံပိုင်က အနှီမိန်းကလေး စိတ်ဆိုးလို့နေသည်ကို အလိုလိုသိစိတ်က အသိပေးနေလေ၏။ သို့သော် သူကပြန်မချော့ဘဲ ထပ်၍ပင်
"ငယ်.. ငယ်သိလား ကိုယ့်ကမ္ဘာက နှစ်ကမ္ဘာတည်းတင်မဟုတ်ဘူး သုံးကမ္ဘာတောင်ရှိတာ..ငယ် အဲဒီသုံးခုမြောက် ကမ္ဘာကိုသိချင်လား ကိုယ်ပြောပြမယ်"
ရွှေငယ်က ခေါင်းငုံ့ထားသည်မို့ ဝေယံမျက်နှာပေါ်တွင် ဖြစ်ပေါ်နေသော ထွန်းတောက်တောက် အပြုံးတစ်ပွင့်ကို မမြင်ခဲ့နိုင်ပေ။
တောက်စ်!!ဒီလူ စိတ်ဆိုးနေတာကို အရိပ်အမြွက်ပြနေတာ မသိတတ်ဘူးလား ကျွန်မက စိတ်မဆိုးတတ်ဘူးပြောရုံနဲ့ ရှင်က အပီမှတ်လိုက်တာပေါ့ ဘယ်မိန်းမက စိတ်မဆိုးတတ်လို့လဲ အရိပ်အကဲမကြည့်တတ်တဲ့လူ!!
ရွှေငယ် တစ်ယောက်တည်း စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ အပြင်ပြောထွက်ဖို့က သူမဘယ်တော့မှ လုပ်မည်မဟုတ်။ ယင်းအစား ထိုထိုအရိပ်အကဲ မကြည့်တတ်သော လူကြီးအား အ မြဲ အ ဆဲ လွှတ်ထားပေလိုက်မည်။
သို့သော်ရုတ်တရက် ငုံ့နေသော သူမ၏ မျက်နှာလေးမှာ ပူကျစ်ကျစ်အထိအတွေ့ဖြင့် နီရဲနေသော လက်ဖဝါးနှစ်ဖက်ကြားမှ မော့လာခဲ့ရသည်။
"ဒီမှာလေ... ဒီတစ်ခုက ကိုယ့်ရဲ့သုံးခုမြောက် ကမ္ဘာ၊ ငယ်က ရွှေငယ်လေးက ကိုယ်ရဲ့ ဇနီးချောလေး တိမ်တိုက်ရွှေငယ်က သုံးခုမြောက် ကိုယ်ရဲ့ တန်ဖိုးအထားရဆုံးသော ကမ္ဘာငယ်လေး..ငယ်..ငယ်အခုသိပြီမို့လား"
"ရှင်?"
တိတ်ဆိတ်နေသော အခန်းထဲတွင် ထိုယောက်ျား၏ အသံက ရှင်းလင်းပြတ်သားနေကာ ရွှေငယ်၏ နှလုံးတစ်စုံအား ရုန်းရင်းဆန်ခတ်နေစေသည်။ သူ့ရဲ့ တန်ဖိုးအထားရဆုံး ကမ္ဘာငယ်တဲ့လား? ဘယ်လိုတောင် အဓိပ္ပါယ်ကောက်ရပါ့ ဧကန္တ သူ..သူ ဖွင့်ပြောနေတာလား..?
ရှင်.. တစ်လုံးတည်းသာထူးပြီး တိတ်ဆိတ်နေသော အနှီမိန်းကလေးကြောင့် ဝေယံက အားမရဖြစ်လို့နေ၏။
"ငယ်.. ဘာလို့ဘာမှ ပြန်မပြောတာလဲဟင်"
ဝေယံအသံကြောင့် ရွှေငယ် အတွေးလွှတ်နေသည်မှ ချက်ချင်းသတိပြန်ကပ်လာကာ
"ရှင်.. ဟို ဟို ဘာပြောရမှာလဲဟင်"
မေးခွန်းပေါ် မေးခွန်းထပ် ဆိုသည့်စကားနှင့်အညီ မေးနေသော စကားကို ပြန်မဖြေဘဲ သူ့ကိုသာ ပြန်၍မေးခွန်းထုတ်နေသော ရွှေငယ့်ကို ဝေယံကစိတ်မရှည်စွာဖြင့်
"ငယ် ကိုယ့်ကို သေချာကြည့်"
လက်ဖဝါးကြီးကြီးနှစ်ဖက်ကြားမှ ဆူနေသော နှုတ်ခမ်းအား ကိုက်ကာ မျက်လုံးကလေးကို လှုပ်စိလှုပ်စိဖြင့် သူ့အသဲကို ခြွေနေပေါင်းများနေသည့် မိန်းကလေးက
"ကြည့်နေတယ်လေ.. ရှင်ကိုက ပိုလွန်းနေတာ"
"ကဲ..ဒါဆိုဇာတ်လမ်းရှည်တစ်ပုဒ်ကို ကိုယ်ပြောပြမယ် သေချာနားထောင်နော်"
"အင်းအင်း ဟောတော်မူပါတော့"
ရွှေငယ်က ထိုကဲ့သို့ ဇာတ်လမ်းပုံပြင်တွေ နားထောင်ရသည်ကို မနှစ်သက်ပင်မဲ့လည်း ဒီတစ်ခါ ပုံပြောဆရာက ခင်ပွန်းဖြစ်သူမို့ မငြိုငြင်ရက်။ ကောင်းမကောင်း အင်းဆိုပြီး လက်ခံခဲ့လေပြီ။
"ငယ်... ငယ်သိလား ငယ့်ကို ကိုယ်လေယာဥ်ကွင်းမှာ တွေ့တွေ့ချင်း ကတည်းက စိတ်ဝင်စားသွားတာ အဲလိုမျိုးအထုပ်တွေ မနိုင်မနင်းသယ်လာပြီး ဘာတွေမှန်းမသိ တတွတ်တွတ်ပြောနေတဲ့ ပုံစံလေးက ပီကေလိုမျိုး ကိုယ့်မျက်လုံးထဲက မကွာအောင်ကို ကပ်နေတာ နောက်ပြီး ကိုယ်က အာ့ကာ ကို သွားကူခိုင်းလိုက်တာ ငယ်က လက်ခံလိမ့်မယ်လို့ ကိုယ်ထင်ခဲ့တာပေါ့ ဒါမဲ့ မှားသွားတာပဲ အာကာက ရက်ရက်စက်စက် အငြင်းခံလိုက်ရတယ် သူကအခုထိ အငြင်းခံရတဲ့ ကိစ္စနဲ့ ကိုယ်မိန်းမက မမချေဖြစ်ကြောင်း ပြောလို့ကို မဆုံးသေးဘူး အဲဒီနေ့ကစပြီး ငယ့်အသံ ငယ့်ပုံစံတွေအားလုံးကို ကိုယ်အမှတ်ရနေခဲ့တယ် အဲဒီနံရံပေါ်က ခရီးဆောင်အိတ်သည်လှည်း တွန်းနေတဲ့ ပန်းချီကားက သက်သေပေါ့ .. ကိုယ်ငယ့်ကို ဘယ်တော့မှ ထပ်တွေ့လိမ့်မယ်လို့ မထင်ခဲ့ပေမယ့် ငယ်က ကိုယ့်ကို သေမင်းဘေးက ကယ်လာခဲ့ပြီး ကိုယ့်ဘဝထဲကို တစ်ကြိမ်ပြန်ပြီးပေါ်လာတယ် ပြောရရင် ကိုယ်ငယ့်အပေါ်ကို တကယ်တောင်းပန်ရင်တောင် ခွင့်မလွှတ်သင့်တဲ့ ကိစ္စတွေတော်တော် များများ လုပ်ခဲ့မိတယ် ငယ့်ဆီက မိတ်ကပ်ပစ္စည်းတွေ မှာတာမျိုး ငယ့်ကို စောင့်ကြည့်တာမျိုးပေါ့ ဒီကိစ္စက အရင်ကတခါရှင်းပြီးပြီးပဲ မေ့လိုက်တော့နော်ငယ် ကိုယ်ထပ်ပြောအုံးမယ် ကိုယ့်အဘွားက ကိုယ့်ကို စေ့စပ်ပေးဖို့ ကိစ္စပြောတော့ ကိုယ်အကြီးအကျယ် ငြင်းခဲ့တယ် အဲဒီတုန်းက ငယ်လည်း အိမ်မှာမရှိ၊ ငယ်သာ အိမ်မှာရှိနေခဲ့ရင် နည်းမျိုးစုံရှာ ငယ့်ကိုအတင်းဆွဲခေါ်လာပြီး အဘွားရှေ့မှောက်ထိ ကိုယ်မိန်းကလေးပါ ကိုယ်လက်ထပ်ယူချင်တဲ့ မိန်းကလေးပါ လို့ အော်ပြောချင်ခဲ့တာ ငယ်အိမ်မှာ မရှိတာကတမှောက် အဘွားကျန်းမာရေးက တဖုံကြောင့် တာဝန်အရလက်ထပ်ရမယ့် မိန်းကလေးကို တွေ့ဖို့ တောင်ကြီးကို တက်လာခဲ့ရတာ..
ဒီကိစ္စက ပြောရရင် ရယ်စရာကြီးပဲ ကိုယ်အကြိမ်ကြိမ်ငြင်း ခဲ့တဲ့ လက်ထပ်ပွဲက ငယ်နဲ့ လက်ထပ်ရမယ့် ပွဲဖြစ်နေတယ် အဲဒီနေ့ငယ်လှေကားပေါ်ကနေ ငယ့်အဒေါ်နောက်က ဆင်းလာတာကို အာကာက အထိတ်တလန့်လက်တို့ပြတော့ ကိုယ်လုံးဝကို အကြီးအကျယ် ရှော့ခ်ရသွားတာ ဒါအိပ်မက်ကြိီးလား ဆိုပြီး အာကာကို ေမးလိုက်သေးတယ် သူက အဟင်း...မင်းအိပ်မက်လို့ မှတ်နေသေးရင် မင်းရူးတာပဲတဲ့ အဲဒီနေ့ ကစပြီး အခုထိ ကိုယ်ဘယ်လောက်တောင် ပျော်ရွင်ခဲ့ရလဲ ကြည်နူးခဲ့ရလဲဆိုတာ အာ.. ပြောမပြတတ်အောင်ကိုပဲကွာ ငယ် ကိုယ်ငယ့်ကို ချစ်တယ် ကိုယ်ဒီစကားကို ပြောဖို့ ဘယ်လောက်ထိ ကြိုးစားကြိုးစား ထွက်မလာနိုင်ခဲ့ဘူး အခုတော့ပြောနိုင်ပြီ ငယ့်ကို ချစ်တယ် ငယ့်ကို ပိုင်ဆိုင်ချင်တယ် စောင့်ရှောက်ချင်တယ် မလွှတ်တမ်း ထွေးပွေ့ထားပြီးတော့ မြတ်နိုးကြောင်းတွေ တဖွဖွ ပြောချင်တယ် ငယ်နဲ့အတူ မြေး မြစ်တွေချီရတဲ့အထိ အတူတူ အိုမင်းသွားချင်တယ်..ငယ် ငယ်ကရော ကိုယ်နဲ့အတူ ဒီဘဝခရီးကို လျှောက်ချင်လား"
Advertisement
ဖရောင်းဝါဝါမီးတွေကြား နှင်းဆီပွင့်ချပ်တွေပေါ် မိန်းကလေးလက်ကို ကိုင်ပြီး ပြတ်သားရှင်းလင်းလှတဲ့ အသံတွေနဲ့ လှပလွန်းတဲ့ နတ်သမီးပုံပြင်လို ဇာတ်လမ်းရှည်ကြီး ပြောပြနေသော ယောက်ျားကြီးက သူ့ပုံရိပ်ဟု လုံးဝမထင်နိုင်အောင်အထိ ချိုသာမှုတွေ ကမ်းလှမ်းနေလေရဲ့။
ကိုယ်ငယ့်ကို ချစ်တယ် ပိုင်ဆိုင်ချင်တယ် စောင့်လျှောက်ချင်တယ် ဟုတ်လား.. သူမ ဒီစကားတွေ သူ့ပါးစပ်က ထွက်လာဖို့ ဘယ်လောက်ထိတောင် မျှော်မှန်းနေခဲ့ရတာလဲ ဆိုတာ သူမကသာ သိပေလိမ့်မည်။ အခုဆို ပျော်ရွင်စိတ်ကြောင့် ဝိုင်းစက်နေသည့် မျက်လုံးအစုံပေါ် ပုလဲဥတွေ သီးလို့နေပြီ။ ထိုပုလဲဥရည်ကြည်များကို အလျင်အမြန်သုတ်ကာ ခေါင်းအကြိမ်ကြိမ်ငြိမ့်ပြပြီး
"အင်း အင်း သေချာတာပေါ့ ရှင်ကကျွန်မရဲ့ ယောက်ျားပဲ ရှင်နဲ့ တစ်သက်လုံး အတူမနေဘဲ ကျွန်မက ဘယ်သူနဲ့သွားနေရမှာ.."
ရွှေငယ့် စကားအဆုံးမှာပဲ လက်နှစ်ဖက်မြောက်ကာ လက်သီးဆုပ်ပြီး အောင်နိုင်သူလို ထိုင်နေရာမှ ထကာ ခုန်ပေါက်နေသော ဝေယံကြောင့် ရွှေငယ့်မှာ ငိုရခက် ရီရခက်။
"ငယ်... ငယ်ဘယ်လိုပြောလိုက်တယ် ခုနက"
"အာ.. ရှင်နဲ့ တသက်လုံးတူတူနေထိုင်သွားဖို့ သဘောတူတယ်လို့ "
"မဟုတ်ဘူး အဲဒါမပြောခင်က တစ်ခွန်း"
ရွှေငယ် သူမဘာပြောလိုက်မိမှန်း ပြန်မှတ်မိတော့ ရှက်သွေးဖြာ နီရဲနေသော မျက်နှာဖြင့် ခေါင်းပြန်ငုံ့လိုက်သည်။ နောက် မပြောချင် ပြောချင်ဖြင့်
"ကျွန်မ.. ကျွန်မ ယောက်ျားလို့"
"အား... ရူးတော့မှာပဲ ဒါအိပ်မက် မဟုတ်ဘူးမို့လားငယ်..ဟမ်"
သူ့နားကို သူမယုံဘဲ ဖြစ်ပျက်နေသော လူသားအား ရွှေငယ် ဘယ်လိုရှင်းပြလို့ရှင်းပြ ရမှန်းမသိ။
"ရှင်က အာကာပြောသလိုပဲ ရူးနေတာ"
"ဟာ..ဘာလို့ပြောနေတုန်း တခြားလူကို ဆွဲထည့်ရတာလဲငယ် ကိုယ်ထပ်ကြားချင်သေးတယ် ပြန်ပြောအုံး နော်,ထပ်ခေါ်အုံး ကျွန်မယောက်ျား လို့"
"ဟင့်အင်း တော်ပြီ မပြောနိုင်ဘူး မခေါ်နိုင်ဘူး "
ရွှေငယ်ကနောက်တစ်ကြိမ် ပြန်ခေါ်ဖို့ အတင်းငြင်းနေလျှင် သူကမူလအနိုင်ယူနေကျ နည်းအတိုင်း
"ငယ် ထပ်မခေါ်ရင် ကိုယ်နမ်းပစ်မှာနော်"
ထိုခြိမ်းခြောက်သည့် စကားက ရွှေငယ့်အတွက်မူ ရိုးအီလို့နေပြီ။ ထိုတင်မက သည်ခရီးကို လျှောက်ခဲ့သည်မှာ ထက်ဝက်တောင် ကျိုးနေခဲ့ပြီ မဟုတ်လား.. ဘာလို့ ဘာအကြောင်းကြောင့်နဲ့ နောက်ကိုပြန်ဆုတ်ရမှာလဲ။
"နမ်းချင် နမ်း ကျွန်မထပ်မခေါ်နိုင်ဘူး!"
"...."
ဝေယံဆွံ့အ။
သူမငြင်းမည် ထင်ခဲ့မိတာ နမ်းချင်နမ်းတဲ့။ ဒါကလည်း နားကြားမှားတာ မဟုတ်ပါဘူးနော် ဘယ်လိုပဲ ဖြစ်နေပါစေ..အဟမ်း
"ငယ်.. ငယ်ကိုယ်တိုင် ပြောလိုက်တာနော် ပြီးမှ နောင်တမရနဲ့"
ထိုသို့ ပြောပြီး ရွှေငယ်ဘာမှမပြောနိုင်သေးခင်မှာပင်
ဆိုဖာပေါ် ထိုင်လျက်နှင့် သူ့အား မျက်လုံးဝိုင်းဝိုင်းဖြင့် ကြည့်နေသော မိန်းကလေးအား ဆွဲထကာ နှုတ်ခမ်းများကို အလျင်အမြန် နူးညံ့ညင်သာစွာ သိမ်းပိုက်လိုက်သည်။
ရွှေငယ့်မှာ ငြင်းလဲမငြင်း ရုန်းလဲမရုန်းသလို သူခေါ်ရာနောက် မတတ်တတတ်လိုက်ပါ နေသေး၏။ ထိုအချက်ကလည်းပဲ ဝေယံအား ပို၍ပင် စိတ်အားထက်သန် နေစေသည်။
သူမတို့ ဘယ်တုန်းက ဘယ်လို ပန်းချီဆွဲခန်းမှ ထွက်လာခဲ့သည်မသိ။ ရွှေငယ် သတိထားမိတော့ သူမက သူ့အောက်တွင် လှဲရက်နှင့် ပင်မအိပ်ခန်းရှိ ကုတင်ထက်ရှိလို့နေပြီ။ ေရွှငယ် လန့်ဖျပ်ကာ ထလိုက်ပြီး ပွရှုပ်နေသော ဆံပင်များကို အမြန်သိမ်းလေ၏။ ဝေယံသည်လည်း သူမလေး လန့်သွားသည်ဟု ထင်သွားကာ
"ဘာလို့လဲဟင် ငယ် ဘာဖြစ်လို့လဲ"
"အာ..ဟို ဟို ကျွန်မ စပျစ်သီးနံ့ရလို့ ရှင် ဝိုင် သောက်ထားတာလား.."
"ဟမ်.. ဟားဟား.. ကိုယ်က ဘာများလဲလို့ ဟုတ်တယ် ကြူသင်းနဲ့ အာကာက ကိုယ့်ကို အတင်းတိုက်ထားတာ ရဲဆေးတင်တယ် ဆိုလည်း မမှားဘူး "
"အော်.. ရှင်တို့က သုံးယောက်ပေါင်း အစီအစဥ် ဆွဲထားကြတာပေါ့ ဟုတ်လား"
သူမစကားကို ဝေယံက မငြင်းဘဲ ခေါင်းငြိမ့်ပြရုံဖြင့် ဝန်ခံလိုက်၏။ ထို့နောက် ရွှေငယ်သည်လည်း လှဲနေရာမှ ချက်ချင်းထကာ
"ဒါ..ဒါဆို သူတို့နှစ်ယောက်က အခု အခုဒီအိမ်မှာပေါ့"
လန့်သလိုလို လုပ်ပြသော သူမကြောင့် ဝေယံက သဘောတကျရယ်ရင်း
"ကိုယ်တို့နှစ်ယောက်ကို နောက်ယှက်ဖို့ အခုဒီအိမ်မှာ ကြွက်တစ်ကောင်တောင် မရှိဘူး "
သူ့စကား အနက်ကို နားလည်နေသည့် ရွှေငယ်မှာ မျက်နှာကို စောင်ဖြင့် အမြန်အုပ်ဖွက် ထားလိုက်သည်။ သို့သော် ချက်ချင်းပင် ပြန်ပြီး ဆွဲဖွင့်ခံရကာ..
"ငယ်... ဒီတစ်ကြိမ်တော့ ကိုယ့်ကို ခွင့်ပေးမယ် မဟုတ်လားဟမ်.."
"ကျွန်မက အမြဲ ခွင့်ပေးနေတာပဲ ရှင်ကိုယ်က သူတော်စင်ကြီး လုပ်နေတာ.."
ပြောလိုက်မိသော စကားကို ပြန်ရုတ်သိမ်းချင်မိသော်လည်း ရွှေငယ်တို့ နောက်ကျသွားခဲ့လေပြီ။ နတ်ဆိုးဆန်ဆန်အကြည့်နှင့် လူက သူမအား စားမတတ်ဝါးမတတ် စူးစူးရဲရဲကြည့်ကာ
"တိမ်တိုက်ရွှေငယ်! မင်းလေးက မီးနဲ့ကစားနေတာပဲ"
"ကျွန်မ မဟုတ်..."
"ငြင်းချင်သေးလား ငယ်မဟုတ်ဘူးလို့"
"ဝေယံ ရှင်က နတ်ဆိုးပဲ"
"ငယ့် တစ်ယောက်တည်း အတွက်ပဲဆိုးတာ"
"ဝေယံပိုင်!!"
"ယောက်ျားလို့ခေါ်ပါဆို.."
"ဆုတောင်းနေလိုက် လုံးဝမခေါ်နိုင်ဘူး"
"မခေါ်ဘူးဟုတ်လား ကိုယ့်ကို အဆိုးမဆိုနဲ့"
"ရှင်!!"
.........
20.12.21
ကိုယ်လုံးဝလုံးဝ မအားတာ ၆ရက်နေ့ကတည်းကပါ ၉ရက်နေ့ vaccine second timeသွားထိုးပြီး ၁၂ရက်နေ့ထိ အဖျားကြီးရော အဖျားကျတော့ new yearမှာ language online class တစ်ခု ဖွင့်ဖို့ ကိစ္စ စီစဥ်ရင်းနဲ့ ရှုပ်ပြန်ရော အခုထိအလုပ်ကရှုပ်နေတုန်းရယ်.. ဒါပေမယ့် ရှင်လေးတို့ လွမ်းနေမယ်ထင်လို့
အကြာကြီး ပြစ်ထားမိလို့ spoiler နဲနဲနဲ့ ချော့မယ်နော် mlက twinထွက်လာမှာ စနိုက်မကိုလည်း အရိပ်အယောင် ပြခဲ့ပြီးပါပြီ ဘယ်သူလဲလို့ လာမမေးနဲ့နော် နောက်လ၁၈ရက်ထိ ပြီးအောင်ရေးမယ် ပြောထားတာပဲ သင်တန်းကြောင့် ရှုပ်အုံးမလား တော့မသိရသေး ဟူး..
အိမြန္ကို ႏႈတ္ဆက္ၿပီး အျပာေရာင္ကား အေမွာင္ထဲ လမ္းမီးတိုင္မ်ားၾကား ေပ်ာက္ကြယ္သြားမွ ေ႐ႊငယ္ အိမ္ရွိရာဘက္သို႔ မ်က္ႏွာမူမိ၏။ သူမ ဒီအိမ္ႀကီးထဲ ေရာက္လာခဲ့သည္မွာ တစ္လနီးပါးရွိၿပီ ျဖစ္ေသာ္လည္း အိမ္ႀကီးကို ညဘက္ေမွာင္နက္ခ်ိန္ အျပင္မွ မေမွ်ာ္ၾကည့္ဖူးသျဖင့္ ထိုျမင္ကြင္းက သူမအတြက္ ေျခာက္ျခားလွေပသည္။
လမ္းမီးတိုင္ ၿခံမီးမ်ားမွလြဲ၍ အိမ္ႀကီး၏ မည္သည့္အခန္း မည္သည့္အစိတ္အပိုင္းမွ တစိုးတစိလင္းလက္ေနမႈ မရွိေခ်။ ထိုအခ်ိန္သူမစိတ္ထဲမွ အသိစိတ္တစ္ခုက သူမကို သူအိပ္သြားၿပီလားဟု ေမးျမန္းေန၏။ နာရီကို လွမ္းၾကည့္ေတာ့ ဆယ္နာရီ ခြဲၿပီမို႔သူမၿပဳံးလိုက္၏။ သူ တစ္ပတ္ကို ေျခာက္ရက္ေလာက္ အလုပ္ေတြရႈပ္ေနေတာ့ ပင္ပန္းေနေရာေပါ့ ပိတ္ရက္ေလး တစ္ရက္ေလးကို အေစာႀကီးအိပ္ယာဝင္သြားတာ မဆန္းပါဘူးေလ.. ခဏအၾကာမွာေတာ့
ငါဘယ္တုန္းက ေယာက္်ား တစ္ေယာက္ကို နားလည္ေပးတတ္လာတာလဲ ေ႐ႊငယ္ နင့္ကိုနင္ သတိကပ္စမ္း
သူမ အိမ္ထဲသို႔ ဝင္လာသည္ႏွင့္ ေမွာင္ေနသည့္ အိမ္ႀကီးက ရိုးရိုးသားသားမဟုတ္မွန္း သူမသိေလေတာ့၏။ အေၾကာင္းမွာေတာ့ ရာခ်ီေသာ အဝါေရာင္ ဖေရာင္းတိုင္မ်ားက ၾကမ္းျပင္တစ္ခုလုံး ျပည့္ႏွက္ေနေအာင္ ထြန္းထားျခင္းပင္။
ေလွကားမ်ားကေနတစ္ဆင့္ အိမ္ေပၚထပ္ထိ ခင္းက်င္းထားသည့္ ႏွင္းဆီပြင့္ခ်ပ္ပန္းခင္းလမ္းမွာ သူမတို႔မဂၤလာေဆာင္တြင္ ခင္းက်င္းခဲ့ေသာ သတို႔သမီးေလွ်ာက္ ေရွှပန်းခင်းထက် ထူထဲလွပေနသေယာင္။ သူမထိုအျခင္းအရာမ်ားအား ျမင္ေတြ႕ၿပီး မ်က္ေတာင္မခတ္နိုင္ စကားမေျပာနိုင္သည္အထိ အံ့ၾသရေပ၏။
သူမ ဖေယာင္းမီးထြန္းထားေသာ ပန္းခင္းလမ္းႀကီးကို ေလွကားထက္ထိ ေလွ်ာက္ကာတက္နင္းလာၿပီး တစ္ေနရာေရာက္ေတာ့ သူမေျခလွမ္းမ်ားမွာ တစ္စုံတစ္ရာေၾကာင့္ ရပ္တန့္သြား၏။ ခင္ပြန္းျဖစ္သူက သူမပြဲတက္ဖို႔ ဆင္ေပးခဲ့ေသာ အျဖဴေရာင္ ဂါဝန္ရွည္ႀကီးကို မလ်က္ ေလွကားထိပ္တည့္တည့္တြင္ ထိုင္ရပ္ေနေသာ ေ႐ႊငယ္မွာ မိုးေကာင္းကင္ေပၚက နတ္သက္ေႂကြလာသည့္ နတ္သမီးအလားပင္။
သူမေျခလွမ္းမ်ား ရပ္တန့္သြားရသည့္အေၾကာင္းအရင္းမွာတျခားမဟုတ္ေပ။ သူမ ထိုအတိုင္း သတိလက္လြတ္ေလွ်ာက္လာေနေသာ ပန္းခင္းလမ္းမွာ သူမတို႔အခန္းထဲသို႔ ဦးတည္ေနသည္မဟုတ္သည့္အျပင္ သူမတစ္ႀကိမ္တစ္ခါမွ မဝင္ဖူး မေရာက္ဖူးေသးသည့္ သူမတို႔ အိပ္ခန္းေဘးမွ အခန္းငယ္ေလးဆီကို ဆက္ႏြယ္ ခင္းက်င္းထားေသာေၾကာင့္ပင္။
ထိုအခန္းကို တစ္ခါတစ္ရံ သူမသတိထားမိေသာ္လည္း ေဝယံက ထိုပိတ္ထားသည့္ အခန္းအေၾကာင္းအား သူမကို ေျပာမျပခဲ့သလို ေဝယံထိုအခန္းထဲမွ မနက္ေစာေစာစီးစီးထြက္လာသည္ကို သူမျမင္ဖူးေသာ္လည္း ေဝယံကသူမမျမင္သလို ခ်က္ခ်င္းတံခါးပိတ္ကာ သူမအား တျခားေသာ အေၾကာင္းအရာကို ဦးတည္၍ စကားေျပာျခင္းေၾကာင့္ ထိုအခန္းကိစၥကို သူမသိပ္စိတ္မဝင္စားမိခဲ့ေပ။
သို႔ေသာ္ အခု သူမခင္ပြန္းတစ္ေယာက္တည္းသာ ခင္းက်င္းထားသည္ဟု ဆိုနိုင္ေသာ ဒ်ီပန်းခင်းလမ်းကြီးက ထိုတံခါးသာဖြင့္ထားၿပီး အထဲတြင္ ဘာရွိ၍ရွိမွန္းမသိေသာ ေမွာင္မဲမဲ အခန္းဆီကို ဦးတည္ေနသည္။ သူမဝင္သြားသင့္လား သို႔မဟုတ္ မသိမတတ္သလို ဝင္မသြားဘဲ သူမအိပ္ခန္း ထဲဝင္ကာ ေရခ်ိဳးအိပ္စက္ လိုက္ရမလား..
မိန္းမမ်ား၏ စူးစမ္းသိရွိလိုစိတ္မွာ ေယာက္်ားမ်ားထက္ အဆေပါင္း ေသာင္းခ်ီျမင့္မားသလို ေ႐ႊငယ္သည္လည္း မိန္းမသဘာဝ ရိုးရာမပ်က္ စိတ္ကို အတင္းရဲေအာင္ေမြးကာ ထိုအခန္းထဲသို႔ သတိရွိစြာ ေျခဖ်ားေထာက္ၿပီး တိတ္တိတ္ကေလး ဝင္သြားေလ၏။
"ေအာင္မေလး ..ဘုရား!!
အခန္းမီးမွာ သူမအထဲေရာက္သည္ႏွင့္ ျဖတ္ခနဲလင္းလာသျဖင့္ ေ႐ႊငယ့္ခမ်ာ လန့္ျဖန့္ၿပီး အသံက်ယ္ႀကီးျဖင့္ ဘုရားတမိေလသည္။
"ဟင္..!
တစ္ဖန္ထပ္ၿပီး မီးလင္းသြားေသာ အခန္းသည္မွာ သူမကိုယခင္ကထက္ အံ့ၾသၿပီးအံၾသေနေသာ သူမစိတ္ကို ပို၍ပင္ တိုးေစ၏။ အေၾကာင္းရင္းမွာကား သူမေရွ႕မွ အရာဝတၳဳမ်ားအားလုံးမွာ လုံးဝကို သူမမေမွ်ာ္လင့္ထားခဲ့ေသာ အရာမ်ားပင္။ သူမက ရိုးရိုးတန္းတန္း ပန္းႏွင့္ ကိတ္မုန့္ကဲ့သို႔ သူမၾကည့္ရႈဖူးခဲ့ေသာ တီဗီဇာတ္လမ္းမ်ားထဲမွ အတိုင္း male lead က female lead ကို propose လုပ္သည္ဟု
သိစိတ္တစ္ခ်ိဳ႕က ေတြးခဲ့မိေသာ္လည္း ယခုမူ ထိုသို႔မဟုတ္ဘဲ ပန္းခ်ီကားခ်ပ္ေပါင္းမ်ားစြာက သူမေရွ႕ရွိ နံရံမ်ား တြင္ အျပည့္ခ်ိတ္ဆြဲထားေလ၏။
သူမပါးစပ္အေဟာင္းသားျဖင့္ ထိုပန္းခ်ီကားခ်ပ္မ်ား ခ်ိတ္ဆြဲထားေသာ နံရံဆီအျမန္ေလွ်ာက္သြားကာ ေသခ်ာၾကည့္ လိုက္ေလလွ်င္
"ဘုရား.. ဘုရား.. ငါ အိပ္မက္မ်ား မက္ေနတာလား?!
အံၾသထူးျခားလြန္း၍ ေဟာင္းဟေနမိေသာ ပါးစပ္ကို သူမ၏ လက္ေခ်ာင္းႏုႏုမ်ားျဖင့္ ပိတ္ထားမိသည္။ တရားခံမွာေတာ့ ပန္းခ်ီကားေပၚရွိ သူမေလး၏ ပုံတူမ်ားပင္။ အပုံႏွစ္ဆယ္နီးပါးရွိၿပီး ရႈေထာင့္အမ်ိဳးမ်ိဳးမွ လွပေသသပ္စြာ ဆြဲယူဖန္တီးထားေသာ လက္ရာမွာ သူမအတြက္ ႐ူးမတတ္သေဘာက်ေစသည့္ ခံစားခ်က္ကို ျဖစ္ေပၚေစေလ၏။
သူမ၏ ေဘးတစ္ဖက္တစ္ခ်က္ ကိုၾကည့္မိလွ်င္လည္း အေရာင္စုံေဆးမွင္မ်ား ဟိုတစက္ဒီတစက္က်ေနသည့္ ၾကမ္းျပင္မ်ားႏွင့္အတူ ပန္းခ်ီဆြဲ ကိရိယာ တန္ဆာပလာမ်ား ေဆးမွင္ဘူးမ်ားက အစုံအရီ။ ထို႔အျပင္ ေကာင္ကေလးငယ္ငယ္တစ္ေယာက္၏ ဆုယူေနသည့္ မွန္ေဘာင္ခတ္ ဓာတ္ပုံမ်ား ၊ ပန္းခ်ီဆြဲေနသည့္ ဓာတ္ပုံမ်ားအျပင္ ရာခ်ီေသာ ေ႐ႊေငြ ဆုတံဆိပ္ျပား ဒိုင္းဖလားမ်ားက မွန္ဗီဒိုမ်ားထဲအျပည့္။
အခုမွာမူ ေ႐ႊငယ္ဟူေသာ မိန္းကေလး၏ ဦးႏွောက္အတြင္းနက္နက္ တစ္ေနရာတြင္ သိန္းေသာင္းခ်ီေသာ ေမးခြန္းမ်ားက အစီအရီထြက္ေပၚလာ၏။ တစ္ဖန္ သူမအေတြးတစ္ခု ရလာၿပီး ခုနက ပန္းခ်ီခ်ပ္မ်ား ကပ္ထားသည့္ နံရံဆီ အၾကည့္ေရာက္ျပန္သည္။
"တကယ္ကိုသူ ပဲလား.. !? သူ..သူက anonymous လား..ဟင္..
ပုံ၏ ညာဘက္ေအာက္စြန္း တစ္ေနရာတြင္ သူမခုံမင္ႏွစ္သက္ခဲ့ရပါေသာ ႐ူးမတတ္ သေဘာက်ခဲ့ရပါေသာ english alphabet ၉လုံးက အထင္းသားႀကီး ထိုးမွတ္ထားေသာ sign က သူမကို ေသခ်ာထပ္ခါထပ္ခါ ျပန္ၾကည့္မိေနေအာင္ ျပသေနလ်က္။
"ငယ္.. သေဘာက်လား
"ေအာင္မေလး! ရွင္..ရွင္ ေဝယံပိုင္ ရွင္ကြၽန္မကို တကယ္ပဲအခ်ိန္တိုင္း လန့္ေသေအာင္ သတ္ေနတာပဲ!
Advertisement
- In Serial65 Chapters
The Alpha's Little Witch | Completed ✔️
An Alpha and a witch, one cruel, one kind. Who will win and who will lose in this mateship? Will they come out of it hand-in-hand or part ways when the truth is revealed?
8 279 - In Serial48 Chapters
Three Eleven Thirteen
February 19th, 2018He is test subject Three-eleven-thirteen. Ellie for short. He's human. Remarkable.He can breathe freely, no tubes. His heart has adapted to beating on it's own. He opened his eyes yesterday, we looked at one another.He looked at me, truly looked at me. My daughter, Ripley, tried speaking with him, but he didn't understand.I will have her keep working with him. He will speak. February 23rd, 2018He is standing. His bones are still fragile, but he is gaining muscle rapidly. This is incredible progress in such little time. Everything is going as planned, though his fingernails are black. They weren't black yesterday.March 13th, 2018 Ellie attacked Ripley last night. He will be kept in restraints from now on.March 27th, 2018My God he is strong. The mysterious blackness that had formed in his fingernails is now flowing in his veins. Whatever this black liquid is, it's possessing him. April 4th, 2018He bit me last night. I can feel the mystery in my veins. What is this?April 5th, 2018Test subject three-eleven-thirteen, Ellie, will no longer be a patient of mine. I have locked him up in a cell in my lab. I fear him. He will stay in that cell for God knows how long until he starves to death.I am a coward.April 6th, 2018I can't tolerate this. I think I'm truly losing it. My memories, my spirit, I feel them being eaten by this black virus. I have to end this tonight. I have to end myself tonight. I have too. Ripley, my sweet daughter, I love you baby. I am sorry for creating that abomination. I am so sorry.
8 894 - In Serial21 Chapters
The Telvanni Girl
The Telvanni Girl is Nilas Arobar's story of self-discovery and search for identity.
8 168 - In Serial84 Chapters
Knock, Knock
You think your life is fucked up? You haven't met Casey Kings yet.Book cover by: @HerParamour 🖤
8 176 - In Serial31 Chapters
Until I Met You
"What makes you so sure that I hate you?" »»----- -----««Jade Montgomery didn't think the consequences of one little mistake would be so drastic. After being forced to pack up all of her things and move across the country, Jade realizes that she has messed up, and big time. She doesn't think her life could possibly get any worse, until it does. After a literal run-in with Luke Bradford, Jade's next-door-neighbor who seems hellbent on making her life more insufferable than it already is, Jade finds that the only thing she hates more than all of the changing in her life is Luke himself. The two soon find themselves caught up in a rivalry brought on by their immediate hatred, which forces the duo to wonder if it's really hate they feel for each other, or something else entirely.[COMPLETE]
8 150 - In Serial32 Chapters
Devil's Rebellious Queen
Spin-off of 'Back For Her'. It can be read as a stand alone. ●・○・●・○・●・○・●・○・●"I wish I could rearrange the letters of the alphabet. I would place U and I together.""That has got to be the lamest pick-up line in existence.""Don't worry. That's just plan A.""So what's plan B?""To take you hostage."●・○・●・○・●・○・●・○・●He's the devil, as they say. Ruthless,Merciless,Dangerous.These words are mild in describing him. He is Enzo Romano. The Devil.She's the rebel, as they say.Sassy,Feisty,Bold.These words accurately define her. She is Xena King. The Rebel.Enzo abducts Xena to claim her as his. His obsession. His love. His Queen. He can lay the world beneath her feet just to see a glimpse of her dazzling smile. On the other hand, Xena is not so keen in being kidnapped by the most merciless mafia leader. She will try her best to escape him. After all, she is a rebel.
8 142

