《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[87]
Advertisement
[Unicode]
087:ချင်းယွမ်အကယ်ဒမီကျောင်းတွင် ကြော်ငြာခြင်း။
ဦးလေးဖုန်း ဝမ်းမြောက်ဝမ်းသာ ရယ်မောလျက် ပြောလိုက်သည်။ "ဒါဆို ဒီလူအိုကြီး မနေတော့ဘူး။အခုလည်း မွန်းတည့်ပြီဆိုတော့ အိမ်ပြန်ရမယ်”
ဦးလေးဖုန်း ထွက်သွားပြီးနောက် ချင်မျန် ပြောလိုက်သည်။ "အားထျဲ....ချယ်ရီသီးတချို့ ရွေးရအောင်၊ ခင်ဗျားအတွက် မြည်းစမ်းကြည့်ဖို့ ချယ်ရီဝိုင်နဲ့ ချယ်ရီယိုလုပ်ပေးမယ်"
"ကိုယ် တောင်းသွားယူလိုက်မယ်။"
လဲ့ယ်ထျဲ တိုက်ရိုက်ပျံသန်းကာ ထွက်ခွာသွားခဲ့သည်။ သူ့နောက်ကျောကိုကြည့်ရသည်မှာ ယုံကြည်မှုအပြည့်နဲ့ ပေါ့ပါးနေဟန်။ ချင်မျန် မနာလိုဖြစ်ကာ ညည်းညူလိုက်မိသည်။ "အရမ်းကိုမှ မိမိုက်နေသလို ပုံစံဖမ်းနေတယ်ပေါ့။ ဟုတ်တယ်မလား ပိုင်တျန့်လေး?"
"အာဝူး” ပိုင်တျန့်လေးသည် သူ့ကိုကြည့်ရင်း သဘောတူလိုက်သလိုပင်။ ချင်မျန် မတတ်နိုင်စွာ ထိုင်ချလိုက်ပြီး ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ထို့နောက် လဲ့ယ်ထျဲ ခြင်းတောင်းတစ်ခုနှင့် ပြန်ပေါ်လာသည်။
ချယ်ရီသီးခူးဖို့ရာ လဲ့ယ်ထျဲက တာဝန်ယူထားပြီး ချင်မျန်ကတော့ ခြင်းတောင်းကို ကိုင်ထား၏။ အသီးအနှံတွေကို ပိုးသတ်ဆေးမဖြန်းထားပေ။ ချင်မျန် ချယ်ရီသီးတစ်လုံးကို ကောက်ယူပြီး သူ့အဝတ်အစားဖြင့် သာမာန်ကာလျှံကာ ပွတ်သပ်လိုက်သည်။
စားဖို့ လုပ်နေချိန်တွင် လဲ့ယ်ထျဲ တားမြစ်လိုက်၏။ လဲ့ယ်ထျဲ သူ့ရင်ခွင်ထဲမှ လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်လိုက်ပြီး ချင်မျန်၏လက်ကို သေချာသုတ်ပေးလိုက်သည်။ ထို့နောက် သူချယ်ရီသီးတစ်လုံးကို ထပ်မံကောက်ယူပြီး ချင်မျန်အား ကမ်းပေးလိုက်သည်။
"မင်း ခုနတုန်းက ပိုင်တျန့်ကို ထိလိုက်သေးတယ်လေ။"
"ဝူး?" ပိုင်တျန့်လေးသည် ခေါင်းကို မော့ကြည့်လိုက်သည်နှင့် နားရွက်လေးများမှာ ညွှတ်ကျသွားပြီး မျက်ခွံညွှတ်ညွှတ်လေးဖြင့် ပြန်ကြည့်လိုက်သည်။
ချင်မျန် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး "သူ ခင်ဗျားကို မထီမဲ့မြင်ပြုနေသလိုပဲ"
လဲ့ယ်ထျဲ၏မှင်သေသေ မျက်လုံးများက ပိုင်တျန့်ပေါ် စိုက်ကြည့်နေသည်။
ပိုင်တျန့်လေး၏နားရွက်များသည် ပြန်ထောင်လာပြီး ဘာမှမဖြစ်သလိုဖြင့် အခြားဘက်သို့ လှည့်သွားပြန်သည်။
ချင်မျန် ထပ်ရယ်ရပြန်သည်။
သူတို့ ချယ်ရီသီးတွေကို တောင်းတစ်ဝက်လောက်ထိ ခူးပြီးနောက် အိမ်ပြန်ခဲ့ကြသည်။
ချယ်ရီဝိုင် ပြုလုပ်ရသည်မှာ ရိုးရိုးရှင်းရှင်းပင်- ချယ်ရီသီးများကို သန့်စင်အောင်ဆေးကြောပြီး အညှာများနှင့် အစေ့များကို ဖယ်ရှားကာ လက်ဖျော်စက်ထဲသို့ ထည့်လိုက်သည်။ ခေါက်ဆွဲညစ်စက်နဲ့ ဆင်တူတဲ့ ဒီဖျော်ရည်စက်ကိုလည်း ချင်မျန်ကပဲ တီထွင်ခဲ့ခြင်းပင်။
ချယ်ရီယိုလုပ်ရသည်မှာလည်း မခက်ခဲပေ။ ထို့အတူ ချယ်ရီသီးများကို ဆေးကြောပြီး အညှာများနှင့် အစေ့များကို ဖယ်ရှားကာ အပိုင်းပိုင်းဖြတ်ပြီး ရေအိုးတစ်လုံးထဲသို့ ထည့်လိုက်သည်။ အရည်များ ထွက်လာသည်အထိ အပူရှိန်အနေတော်ဖြင့် မွှေပြီး နူးအိလာသည်မှ အပူရှိန်ကို လျော့လိုက်သည်။ သကြားထည့်ပြီး ပွလာသည်အထိ ပြုတ်ရမည်။ အရသာကောင်းမွန်ပြီး အဆီမပါဘဲ ချိုမြသည့်အရသာမှာ ခပ်ဖျဖျ။
ချင်မျန် ပန်းကန်သေးသေးနှစ်လုံးထဲသို့ ထည့်လိုက်ပြီး လဲ့ယ်ထျဲဆီ ပေးကာ "ကျွန်တော်တို့လည်း ရေခဲရုံဆောက်သင့်တယ်။ ဆောင်းရာသီအတွက် သစ်သီးဖျော်ရည်၊ ယို၊ စည်သွပ်ဘူးတွေကို သိမ်းထားနိုင်ရင် ဈေးကောင်းကောင်းနဲ့ ရောင်းရမှာသေချာတယ်။”
လဲ့ယ်ထျဲ ခေါင်းခါလိုက်ပြီး "ခပ်ဖြေးဖြေးလုပ် ဒါမှမဟုတ်ရင် ပေါ်လွင်နေလိမ့်မယ်။ ကိုယ်တို့က ငွေပြတ်နေတာလည်း မဟုတ်ဘူးလေ"
"မှန်တယ်။" ချင်မျန် ထိုကဲ့သို့သတိပေးခံရသောအခါတွင် သူ အလျင်စလို နိုင်သွားသည်ကို သူသိလိုက်သည်။ သူ ပြောလိုက်သည်။ "အားထျဲ...ပြောတာကို ကျွန်တော်နားထောင်မယ်။”
လဲ့ယ်ထျဲ သူ့ကို ပွေ့ဖက်ကာ "ချင်းဇီ....ကိုယ့်မှာ အကြံတစ်ခုရှိတယ်။ ဝိုင်ဆိုင်က ပုံမှန်လမ်းကြောင်းပေါ်ရောက်သွားရင် ကိုယ်တို့ လူငယ်တစ်စုလောက်ကို ဝယ်ထားပြီး ကွန်ဖူးသင်ပေးရမယ်။ တစ်နှစ် သို့မဟုတ် နှစ်နှစ် လေ့ကျင့်ပြီးရင်တော့ အရေးကြီးတဲ့ အလုပ်မျိုးကို ထမ်းဆောင်နိုင်လိမ့်မယ်။အနည်းဆုံးတော့ သူတို့က ကိုယ်တို့အိမ်နဲ့ လုပ်ငန်းကို ကာကွယ်ပေးနိုင်မယ်။”
ချင်မျန် သူပြောသည်မှာ မှန်နေကြောင်း ယုံကြည်သည့်အတွက် သူ့အနားကို ကပ်သွားပြီး နှုတ်ခမ်းကို နမ်းလိုက်၏။ "ခင်ဗျား တွေးနိုင်သားပဲ။ ကျွန်တော်တို့ လုပ်ငန်းက အနာဂတ်မှာ ပိုပိုပြီးကြီးမားလာမှာ ဒါကို ကျွန်တော်စိုးရိမ်မိတယ်။ ကျွန်တော်တို့ လူတွေကို လေ့ကျင့်ပေးဖို့ တကယ်လိုတယ်”
လဲယ်ထျဲ၏နှုတ်ခမ်းများသည် ချယ်ရီယို၏ချိုမြိန်မှုကို ခံစားမိရာ သူ သူ့လျှာဖျားကို ထပ်မံအရသာခံချင်သည်မှာ မတတ်နိုင် ဖြစ်ရချေပြီ။လဲ့ယ်ထျဲ ချင်မျန်၏လက်နှစ်ဖက်နှင့် ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပြီး ဆက်တီခုံပေါ်သို့ မတင်လိုက်ကာ အနမ်းကို နက်နက်ရှိုင်းရှိုင်း ရှိုက်ယူနေတော့သည်။
အမျိုးသားများသည် ရန်လိုတတ်ရုံသာမက အုပ်စိုးချုပ်ကိုင်ချင်ကြသည်။ ချင်မျန်ကတော့ လုံးဝ ဖိနှိပ်ခံထားရသည့် အနေအထားမျိုးတွင် ရှိနေရာ ကျင့်သားရမနေဘဲ ရုန်းကန်ပြီး လဲ့ယ်ထျဲကို ပြန်လည်ဖိနှိပ်နိုင်ရန် ကြိုးစားခဲ့သည်။
အပြန်အလှန်အားဖြင့် လဲ့ယ်ထျဲလည်း ပြင်းထန်သည့် တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပြီး ထုံကျင်သွားသည်အထိ လျှာဖျားကို စုပ်ယူလိုက်သည်။ချင်မျန် ရုန်းကန်နေသည်ကိုသာ စွန့်လွှတ်ရချေတော့သည်။ သို့သော် သူ့နှုတ်ခမ်းနှင့်လျှာကတော့ ရှုံးနိမ့်မှုကို ဝန်မခံဘဲ ပြီးမြောက်လိုစိတ်မရှိ ပြန်လည်တိုက်ခိုက်ခဲ့သည်။
ခံတွင်းထဲက ချိုမြိန်ခြင်းရဲ့ နောက်ဆုံးခြေရာတွေ ပျောက်ကွယ်သွားတဲ့အထိ နှစ်ယောက်သား နမ်းရှိုက်နေခဲ့၏။
ပြန်လည်ဆုတ်ခွာသွားကာမှ ချင်မျန် လဲ့ယ်ထျဲ၏နှုတ်ခမ်းများ ရောင်ရမ်းနေသည်ကို သတိပြုမိလိုက်သည်။ သူ အနည်းငယ် ရှက်ရွံ့သွားသလို အဝေးကို လှမ်းကြည့်ရင်း နက်မှောင်နေသည့် မျက်လုံးတစ်စုံနှင့် ဆုံမိလိုက်သည်။ သူ့ရင်ဘတ်မှာ ဒိတ်ခနဲ ခုန်လှုပ်သွားသလို ခံစားလိုက်ရ၏။ အနီးသို့ရောက်ရန် သူခေါင်းကို မြှောက်လိုက်ပြီး ထိုလူ၏မျက်ခုံးကို နမ်းလိုက်သည်။
Advertisement
လဲ့ယ်ထျဲ ဇနီးဖြစ်သူ၏ပါးစပ်ထောင့်ရှိ တံတွေးတွေကို အင်္ကျီလက်ဖြင့် သုတ်ပေးလိုက်ပြီး ဖြည်းညှင်းစွာ ပြန်ခွာကာ အင်္ကျီကိုပြန်ဆွဲထုတ်လိုက်သည်။
ချင်မျန် ခုံပေါ်မှ ပြန်ခုန်ဆင်းလိုက်ပြီး လဲယ်ထျဲကို ကျောခိုင်းကာ "အဟွတ်......ကျန်တဲ့ ချယ်ရီယိုတွေကို ယူထားလိုက်မယ်။ နက်ဖြန် ပဉ္စမညီနဲ့တွေ့ဖို့ အကယ်ဒမီကျောင်းကို သွားပြီး ပေးရမယ်။”
လဲ့ယ်ထျဲ ရုတ်တရက် ခေါင်းမော့လာပြီး "သူ့ကို သွားရှာမလို့လား။ ဘာအတွက်လဲ?"
ဒီလို တုံ့ပြန်မှုကြီးက ဘာလဲ? ချင်မျန် သဘောမပေါက်ခင် ကြောင်အသွားပြီး ရယ်ရယ်မြူးမြူး ပြောလိုက်သည်။ "ဟုတ်တယ်လေ... ကျွန်တော်တို့ ဝိုင်ဆိုင်ကို လူသိရှင်ကြား အသိပေးဖို့ပါပဲ။တစ်ခြားဘာများရှိရဦးမှာလဲ?"
ထိုလူ သူ့နောက်သို့လိုက်လာမည်ကိုသိ၍ မီးဖိုချောင်ထဲသို့ဝင်လိုက်သည်။ သူ ဗီရိုထဲမှ သန့်ရှင်းသည့် ဝါးဘူးတစ်ခုကို ထုတ်ယူကာ ချယ်ရီယိုကို ဂရုတစိုက် အပြည့်ထည့်ကာ ယင်းဝါးပြွန်ကို နယ်မြေထဲသို့ ထည့်လိုက်သည်။ အခုလို ပူပြင်းတဲ့ရာသီဥတုတွင် အပြင်မှာထားပါက ပျက်စီးဖို့လွယ်လေသည်။ထို့နောက် ကျန်ချယ်ရီယိုတွေကို ဇလုံတစ်ခုထဲသို့ ထည့်လိုက်သည်။
" ကျွန်တော် ဒီကိစ္စကို စဉ်းစားပြီးပြီ။ကျွန်တော့်အကြံကို နားထောင်ကြည့်ရင် ဘယ်လိုလဲ..."
နောက်နေ့မနက်မှာတော့ ချင်မျန်နဲ့ လဲ့ယ်ထျဲတို့ ချယ်ရီဝိုင် အိုး 20 ကို ပြုလုပ်ခဲ့သည်။ အချိန်နီးလာသောအခါ သူတို့ နေ့လည်စာထမင်းတစ်ဘူး၊ ချယ်ရီသီး ခြင်းတောင်းတစ်တောင်းနှင့် လက်ကမ်းစာစောင်တစ်ထပ်ကိုယူကာ ကျိုးယန်ခရိုင်ဆီသို့ မြင်းစီးပြီးသွားကြသည်။
လူတစ်ဦးကတော့ သူတို့အိမ်ကိုကြည့်ရှုရန် အမြဲချန်ထားခဲ့မည်ဖြစ်သည်။ ဦးလေးဖူနှင့် ဒေါ်လေးဖူတို့ကတော့ လယ်ယာမြေသို့သွားခိုင်းပြီးနောက် ရှီလသည် တံခါးကိုသော့ခတ်ကာ ခွေးခြေကိုရွှေ့ပြီး ချယ်ရီပင်များမှ ငှက်များကို မောင်းထုတ်ရန် ဝါးတိုင်ကိုယူလိုက်သည်။ ရုတ်တရက် တစ်စုံတစ်ယောက်က တံခါးကို လာခေါက်၏။
တံခါးကို ကမန်းကတမ်းဖွင့်မယ့်အစား ရှီလသည် မေးလိုက်၏။ "ဘယ်သူလဲ? သခင်တွေ အိမ်မှာ မရှိဘူး။တစ်ခုခုပြောစရာရှိရင် နောက်နေ့ ပြန်လာခဲ့ပါ"
"ရှီလ.....ငါပါ။မင်း ဘာလို့တံခါးမဖွင့်တာလဲ?"
တံခါးအပြင်ဘက်တွင် တုရှီ၏မာနခပ်ကြီးကြီး အသံ ထွက်လာသည်။
ရှီလ နှာမှုတ်လိုက်သော်လည်း ယဉ်ယဉ်ကျေးကျေးသာ ပြန်ပြောလိုက်သည်။ "သခင်မကြီး လာတာလားခင်ဗျ။ကျွန်တော်တို့ရဲ့ သခင်ကြီးနဲ့ သခင်ငယ်လေးက အိမ်မှာ မရှိပါဘူး”
"ရှီလ....ဒါက ဒီလိုပါ။ဒီနေ့ ငါ အမေ့အိမ်ကို ပြန်ရမယ်။ အထဲဝင်ပြီး အမေအတွက် ချယ်ရီသီးအနည်းငယ်ကို မြည်းစမ်းကြည့်စေချင်တယ်။ တံခါးကို မြန်မြန်ဖွင့်စမ်း။" တုရှီ လှမ်းအော်လိုက်သည်။ မနီးမဝေးတွင် ရပ်နေကြသည့် ရွာသူရွာသား အနည်းငယ်မှာ တက်ကြွသော အမူအရာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသောအခါတွင် သူမသည် အရှက်တရားဖြင့် ဒေါသတကြီး တိုးဝင်သွားခဲ့သည်။
"သခင်မကြီး...ကျွန်တော်တို့ရဲ့ သခင်ကြီးနဲ့ သခင်လေးက ခုနကလေးပဲ ထွက်သွားတာပါ။ အလျင်လိုရင် လိုက်ဖို့ အချိန်ရှိသေးတယ်။ ဒီအစေခံက တခြားလုပ်စရာရှိလို့ အရင်သွားနှင့်ပါဦးမယ်။"
ရှီလသည် ပြောပြီးသည်နှင့် ထွက်ပြေးသွားလေသည်။
"ရှီလ! ရှီလ!" တုရှီသည် တံခါးအပြင်ဘက်ကနေ အကြိမ်ပေါင်းများစွာ လှမ်းခေါ်သော်လည်း မည်သူမျှ ထပ်တုံ့ပြန်ခြင်းမရှိတော့ပေ။ ဒေါသအရမ်းထွက်ပြီး တံခါးကို ပြင်းပြင်းထန်ထန် ရိုက်လိုက်လေသည်။ တံခါးက မပွင့်ပေမယ့် သူ့လက်ကတော့ နာကျင်သွား၏။ သူမ ဒေါသတကြီး ကျိန်ဆဲပြီးနောက် ထွက်သွားလိုက်သည်။
ရွာသားအနည်းစုကတော့ အချင်းချင်း တီးတိုးပြောနေကြတော့သည်။
"ဟမ့်.... တုရှီတစ်ယောက် လဲ့ယ်အိမ်ရဲ့ အကြီးဆုံးသားအပေါ် ဘယ်လောက်ရက်စက်ခဲ့လဲလို့ တွေးကြည့်လိုက်ရင် အခု သူနောင်တရနေပြီ မဟုတ်လား။ ကံမကောင်းစွာပဲ ဒီကမ္ဘာပေါ်မှာ နောင်တမရတဲ့ဆေးဆိုတာ မရှိဘူးပဲ။”
"ဟုတ်တယ်။” အခြားရွာသားတစ်ဦးက လက်ပိုက်ပြီး ပြောလိုက်သည်။ "လဲ့ယ်တာချန်လည်း ဘာထူး!လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ ဝင်ပြီး ချယ်ရီသီးရွေးချင်ပေမယ့် မအောင်မြင်ခဲ့ဘူးလေ”
“လဲ့ယ်ထျဲတို့စုံတွဲက ကြိုက်တယ် မုန်းတယ်ဆိုတဲ့ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်းသိတယ်လို့ ထင်တယ်။ သူတို့အပေါ် ကောင်းတဲ့သူတိုင်းကို သတိရကြတယ်။ အဲဒီအချိန်တုန်းက သူတို့ မိသားစုကနေ ခွဲထွက်ပြီးချိန် ကျန်းတရွှေ၊ အဘိုးကျန်းနဲ့ ဦးလေးကျိုးတို့က လက်တွဲကူပေးခဲ့ကြတယ်လေ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က အဲဒီငယ်ရွယ်တဲ့စုံတွဲလေးက သူတို့တစ်ဦးစီကို အနည်းဆုံး 5 ကျင် 6 ကျင် အထိရှိတဲ့ ချယ်ရီတစ်ခြင်းစီပေးခဲ့လို့ ကျုပ်တောင် မြည်းစမ်းကြည့်သေးတယ်။ချိုလိုက်တာများဗျာ!"
"......."
ပိုင်တျန့်လေးသည် ပြေးလွှားလာသည်မှာ မြင်းနှစ်ကောင်ထက် နှေးကွေးသည်မဟုတ် အနက်ရောင်မြှားတစ်စင်းကဲ့သို့ပင်။ ခရိုင်မြို့ထဲသို့ဝင်ပြီးနောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့ အရှိန်လျှော့ကာ ချင်းယွမ်အကယ်ဒမီကျောင်းသို့ သွားကြသည်။
လမ်းမပေါ်ရှိ လမ်းသွားလမ်းလာအားလုံးက ပိုင်တျန့်လေးကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။ လူအနည်းငယ်က ၎င်းသည် အမှန်တကယ်ပင် ဝံပုလွေတစ်ကောင်ဖြစ်ကြောင်း သိခဲ့ကြပြီး ကြောက်ရွံ့ထိတ်လန့်သွားကြကာ ဖြတ်သွားဖြတ်လာများကလည်း ရှောင်ဖယ်သွားခဲ့ကြသည်။
ပိုင်တျန့်လေးကတော့ မျက်လုံးများကို မောက်မာစွာ စိုက်ကြည့်ကာ ချင်မျန်၏အညိုရောင်မြင်းနောက်ကို လိုက်သွားခဲ့သည်။ မြင်းနှစ်ကောင်၏သတ္တိမှာ လေ့ကျင့်ယူထားသောကြောင့် မကြောက်ကြပေ။ အကြောင်းမှာ သူတို့သည် ဝိညာဉ်ရေးစမ်းရေကို သောက်ထားခဲ့ကြသောကြောင့်ပင်။
မနက်ပိုင်း အတန်းမပြီးသေးသည့်အတွက် အကယ်ဒမီကျောင်းမှာ တိတ်ဆိတ်နေ၏။ချင်မျန်သည် ခြံဝင်းတံခါးဝတွင် ထိုင်နေသော အဘိုးအိုထံသို့ သွားခဲ့သည်။
“ဦးလေး....ကျွန်တော်တို့က လူတစ်ယောက်ကို ရှာချင်လို့ပါ။ ကျွန်တော်တို့ ဝင်လို့ရမလား?" ချင်မျန်သည် ခြင်းတောင်းထဲမှ ချယ်ရီသီးလက်တစ်ဆုပ်စာကို ကိုင်လိုက်ပြီး "ဒီချယ်ရီသီးတွေက အိမ်တွင်းဖြစ်တွေပါ။လုံးဝ မချဉ်ပါဘူး။မြည်းစမ်းကြည့်ချင်လား?"
Advertisement
"အိုး ကျေးဇူးအများကြီးတင်ပါတယ်! မင်းရဲ့ ချယ်ရီသီးတွေက တကယ်ကြီးတာပဲ။" ဦးလေးသည် ချယ်ရီသီးများကို ဝမ်းသာအားရ လက်ခံပြီးနောက် မေးလိုက်သည်။"ဘယ်သူကို ရှာနေတာလဲ?”
ချင်မျန်က "ဒီနှစ်မှ ဝင်လာတဲ့ကျောင်းသားသစ် လဲ့ယ်ရှန်းကျစ်ကို ရှာချင်တာပါ"
အဘိုးကြီးသည် လက်ထဲတွင် ချယ်ရီသီးများကိုင်လျက် ထွက်လာသည်။ "ပုံမှန်အားဖြင့်တော့ အကယ်ဒမီကျောင်းကို ဧည့်သည်တွေ ဝင်ခွင့်မပြုထားဘူး။ဒါပေမယ့် ငါ မင်းတို့ကို ခေါ်သွားပေးမယ်။ မြင်းတွေကိုလည်း အထဲဝင်ခိုင်းလိုက်။ ပြီးရင် ဟိုကသစ်ပင်မှာ ချည်နိုင်တယ်။ လုံခြုံပါတယ်။”
"အခက်အခဲအတွက် ကျေးဇူးတင်ပါတယ် ဦးလေး"
အဘိုးကြီးသည် သူတို့ကို ကျောင်းထဲ ခေါ်သွားပြီး စာသင်ခန်းနားသို့ တိုက်ရိုက်ခေါ်သွားလိုက်သည်။ သူ တစ်ဖက်ကို လက်ညှိုးထိုးပြပြီး "အတန်းက မပြီးသေးဘူး။ မင်းတို့ ဒီမှာစောင့်လို့ရတယ်။"
ချင်မျန် ကျေးဇူးတင်စကား ပြောပြီး လဲ့ယ်ထျဲနဲ့အတူ အနားယူဖို့ ရပ်နားဆောင်ထဲသို့ လိုက်သွားခဲ့သည်။ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ စာသင်ခန်းထဲတွင် ကျောင်းသားတွေ တန်းစီနေတာကို မြင်လိုက်ရ၏။
ပိုင်တျန့်လေးသည်လည်း နံဘေးတွင် နာခံမှုရှိရှိဖြင့် ရပ်နေသည်။
ပုချင်းယွမ်သည် ပြတင်းပေါက်ကနေ မျက်နှာချင်းဆိုင် အနေအထားတွင် လဲ့ယ်ရှန်းကျစ်နှင့် အတူတူ ထိုင်နေလေသည်။ မနက်စာက ကြေနေပြီမို့ ဗိုက်ဆာဆာနှင့် ပြတင်းပေါက်ကနေ လှမ်းကြည့်နေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားရ၏။ ထို့နောက် သူ့မျက်လုံးများက တောက်ပလာသည်။ သူ လဲ့ယ်ရှန်းကျစ်ကို လက်ညိုးနဲ့ထိုးပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "နောင်တော်လဲ့ယ်....ဟိုမှာ မင်း တာ့ကောနဲ့ မရီး မဟုတ်ဘူးလား?"
လဲ့ယ်ရှန်းကျစ်သည် စာကိုစျန်ဝင်နေရာမှ အသိပြန်ဝင်လာတော့သည်။ ချင်မျန်နှင့် လဲ့ယ်ထျဲတို့ကို တွေ့သောအခါ အံ့သြသွားပြီး ခေါင်းညိတ်လိုက်သည်။
ပုချင်းယွမ်သည် စင်ပေါ်ရှိ ဆရာမှာ ဤနေရာမှ လှုပ်ရှားမှုကို သတိမပြုမိကြောင်းမြင်တော့မှ သူ စိတ်လှုပ်ရှားစွာ အသံကို လျှော့လိုက်ပြီး ပြောလိုက်သည်။ "သူတို့ အစားအသောက်ဘူးတွေကို သယ်လာတာကို မြင်လိုက်တယ်။ သူတို့ မင်းကို အရသာရှိတဲ့ အစားအစာတွေ လာပို့ပေးတာနေမယ် "
လဲ့ယ်ရှန်းကျစ်မှာ အနည်းငယ် ဆွံအသွားရချေပြီ။ စားစရာတွေ လာပို့ပေးရင်တောင် မင်းနဲ့ ဘာဆိုင်လို့လဲ?
“Dang dang dang—”
ခေါင်းလောင်းသံ သုံးချက်မြည်ပြီးနောက် ဆရာက စာအုပ်ကို ကောက်ပိတ်လိုက်ပြီး "အတန်းပြီးပြီ"
လဲ့ယ်ရှန်းကျစ်သည် စာအုပ်များနှင့် ရတနာလေးပါးကို ပုချင်းယွမ်၏တိုက်တွန်းသံအောက်တွင် စာအုပ်သေတ္တာထဲသို့ ထည့်လိုက်ပြီး ခန်းမဆီသို့ အမြန်ပြေးသွားခဲ့သည်။
ဟုန်စီရွေ့က စိတ်ဝင်တစား လျှောက်လာပြီး "ရှန်းကျစ်....ဘယ်သွားမလို့လဲ"
"စီရွေ့....ငါ့အစ်ကိုအကြီးဆုံးနဲ့ မရီးက ဒီကို ရောက်လာလို့"
ချူကျုံးဝမ်သည် စူးရှသောမျက်လုံးများရှိသည်။ မျက်စိတစ်လျှောက်ကြည့်ရာ တွေ့သွားခဲ့သည်။ဝမ့်ရှန်းဝမ်နှင့် ကျိုးထျန်းဟယ်တို့လည်း သူ့ကိုတွေ့ပြီး သူ့နောက်ကနေ လိုက်သွားခဲ့သည်။ သူတို့အားလုံးသည် မြို့တွင်းရှိ ရပ်ကွက်ကျောင်းလေးမှ အကယ်ဒမီကျောင်းသို့ တက်လာခဲ့ကြသောကြောင့် အလွန်ရင်းနှီးကြသည်။
ထို့နောက် လဲ့ယ်ရှန်းကျစ်သည် လူတစ်စုကိုပါ ရပ်နားဆောင်ထဲသို့ ခေါ်သွားခဲ့သည်။
"တာ့ကော...မရီး"
ပုချင်းယွမ်နှင့် အခြားသူများသည်လည်း ရှေ့တွင် လက်ဝိုက်ထားဟန်ဖြင့် အရိုအသေပြုလိုက်ကြပြီး "မင်္ဂလာပါ လဲ့ယ်တာကောနဲ့မရီးလဲ့ယ့်”
လူအနည်းငယ်၏မျက်လုံးများသည် ခြင်းတောင်းထဲရှိ ချယ်ရီသီးနီများကို စိုက်ကြည့်နေကြသည်။ ချင်မျန် အရမ်းပျော်သွားတော့သည်။
လဲ့ယ်ထျဲက နေ့လည်စာဘူးကို လဲ့ယ်ရှန်းကျစ်ထံ တွန်းပေးလိုက်ပြီး "မင်းအတွက် နေ့လည်စာ"
“ကျေးဇူးအများကြီးတင်ပါတယ် တာ့ကောနဲ့ မရီး”
သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် လဲ့ယ်ရှန်းကျစ်သည် သူ့ဘေးက ကျောက်တုံးခုံတန်းပေါ်တွင် ထိုင်လိုက်သည်။ အစားအသောက်ဘူးကိုဖွင့်လိုက်သည်နှင့် အရသာရှိမည့်အနံ့တစ်ခု ထွက်လာသည်။ အစားအသောက်တွေကို ကျောက်စားပွဲပေါ်တင်လိုက်တော့ ပန်းကန်တစ်ခုထက်မက ရှိနေသည်ကို သိလိုက်ရသည်။ သူ အရမ်းစိတ်လှုပ်ရှားသွား၏။
ချူကျုံးဝမ် နှင့် အခြားသူများသည် နှစ်ကြိမ်ပေါင်းနှပ်ထားသည့်ဝက်သား၊ ငါးနီသမ်း၊ ခရမ်းသီးနုတ်နုတ်စင်း၊ ခရမ်းချဉ်သီးကြက်ဥမွှေ၊ တို့ဟူးကြော်အပြင် ထမင်းဖြူပန်းကန်လုံးကြီးတစ်လုံးတို့ကို စိုက်ကြည့်နေကြသည်။
ဟင်းပမာဏမှာ တော်တော်များ၏။ လဲ့ယ်ရှန်းကျစ် သူတို့ကို ပြောလိုက်သည်။"ငါက ဟင်းအများကြီး မစားနိုင်ဘူး။ စိတ်မရှိရင် ထမင်းအတူတူစားဖို့ ထမင်းသွားယူကြပါလား?”
"......"
"ကျေးဇူးအများကြီးတင်ပါတယ် နောင်တော်လဲ့ယ်" ချူကျုံးဝမ်နှင့် အခြားသူများသည် အသက် ၁၆ နှစ်မှ ၁၇ နှစ်ခန့် အရွယ်လေးများသာ။ သူတို့သည် ကလေးတစ်ယောက်၏စိတ်နေစိတ်ထားမျိုး အနည်းငယ်ကျန်ရှိနေသေးသည်။ သူတို့အားလုံး ရယ်မောပြီး အချင်းချင်း ပြေးလွှားသွားကြတော့သည်။
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
087:ခ်င္းယြမ္အကယ္ဒမီေက်ာင္းတြင္ ေၾကာ္ျငာျခင္း။
ဦးေလးဖုန္း ဝမ္းေျမာက္ဝမ္းသာ ရယ္ေမာလ်က္ ေျပာလိုက္သည္။ "ဒါဆို ဒီလူအိုႀကီး မေနေတာ့ဘူး။အခုလည္း မြန္းတည့္ၿပီဆိုေတာ့ အိမ္ျပန္ရမယ္”
ဦးေလးဖုန္း ထြက္သြားၿပီးေနာက္ ခ်င္မ်န္ ေျပာလိုက္သည္။ "အားထ်ဲ....ခ်ယ္ရီသီးတခ်ိဳ႕ ေ႐ြးရေအာင္၊ ခင္ဗ်ားအတြက္ ျမည္းစမ္းၾကည့္ဖို႔ ခ်ယ္ရီဝိုင္နဲ႔ ခ်ယ္ရီယိုလုပ္ေပးမယ္"
"ကိုယ္ ေတာင္းသြားယူလိုက္မယ္။"
လဲ့ယ္ထ်ဲ တိုက္႐ိုက္ပ်ံသန္းကာ ထြက္ခြာသြားခဲ့သည္။ သူ႕ေနာက္ေက်ာကိုၾကည့္ရသည္မွာ ယုံၾကည္မႈအျပည့္နဲ႔ ေပါ့ပါးေနဟန္။ ခ်င္မ်န္ မနာလိုျဖစ္ကာ ညည္းညဴလိုက္မိသည္။ "အရမ္းကိုမွ မိမိုက္ေနသလို ပုံစံဖမ္းေနတယ္ေပါ့။ ဟုတ္တယ္မလား ပိုင္တ်န္႔ေလး?"
"အာဝူး” ပိုင္တ်န္႔ေလးသည္ သူ႕ကိုၾကည့္ရင္း သေဘာတူလိုက္သလိုပင္။ ခ်င္မ်န္ မတတ္ႏိုင္စြာ ထိုင္ခ်လိုက္ၿပီး ေခါင္းကို ပြတ္သပ္ေပးလိုက္သည္။ထို႔ေနာက္ လဲ့ယ္ထ်ဲ ျခင္းေတာင္းတစ္ခုႏွင့္ ျပန္ေပၚလာသည္။
ခ်ယ္ရီသီးခူးဖို႔ရာ လဲ့ယ္ထ်ဲက တာဝန္ယူထားၿပီး ခ်င္မ်န္ကေတာ့ ျခင္းေတာင္းကို ကိုင္ထား၏။ အသီးအႏွံေတြကို ပိုးသတ္ေဆးမျဖန္းထားေပ။ ခ်င္မ်န္ ခ်ယ္ရီသီးတစ္လုံးကို ေကာက္ယူၿပီး သူ႕အဝတ္အစားျဖင့္ သာမာန္ကာလွ်ံကာ ပြတ္သပ္လိုက္သည္။
စားဖို႔ လုပ္ေနခ်ိန္တြင္ လဲ့ယ္ထ်ဲ တားျမစ္လိုက္၏။ လဲ့ယ္ထ်ဲ သူ႕ရင္ခြင္ထဲမွ လက္ကိုင္ပုဝါတစ္ထည္ကို ထုတ္လိုက္ၿပီး ခ်င္မ်န္၏လက္ကို ေသခ်ာသုတ္ေပးလိုက္သည္။ ထို႔ေနာက္ သူခ်ယ္ရီသီးတစ္လုံးကို ထပ္မံေကာက္ယူၿပီး ခ်င္မ်န္အား ကမ္းေပးလိုက္သည္။
"မင္း ခုနတုန္းက ပိုင္တ်န္႔ကို ထိလိုက္ေသးတယ္ေလ။"
"ဝူး?" ပိုင္တ်န္႔ေလးသည္ ေခါင္းကို ေမာ့ၾကည့္လိုက္သည္ႏွင့္ နား႐ြက္ေလးမ်ားမွာ ၫႊတ္က်သြားၿပီး မ်က္ခြံၫႊတ္ၫႊတ္ေလးျဖင့္ ျပန္ၾကည့္လိုက္သည္။
ခ်င္မ်န္ ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္ၿပီး "သူ ခင္ဗ်ားကို မထီမဲ့ျမင္ျပဳေနသလိုပဲ"
လဲ့ယ္ထ်ဲ၏မွင္ေသေသ မ်က္လုံးမ်ားက ပိုင္တ်န္႔ေပၚ စိုက္ၾကည့္ေနသည္။
ပိုင္တ်န္႔ေလး၏နား႐ြက္မ်ားသည္ ျပန္ေထာင္လာၿပီး ဘာမွမျဖစ္သလိုျဖင့္ အျခားဘက္သို႔ လွည့္သြားျပန္သည္။
ခ်င္မ်န္ ထပ္ရယ္ရျပန္သည္။
သူတို႔ ခ်ယ္ရီသီးေတြကို ေတာင္းတစ္ဝက္ေလာက္ထိ ခူးၿပီးေနာက္ အိမ္ျပန္ခဲ့ၾကသည္။
ခ်ယ္ရီဝိုင္ ျပဳလုပ္ရသည္မွာ ႐ိုး႐ိုး႐ွင္း႐ွင္းပင္- ခ်ယ္ရီသီးမ်ားကို သန္႔စင္ေအာင္ေဆးေၾကာၿပီး အညႇာမ်ားႏွင့္ အေစ့မ်ားကို ဖယ္႐ွားကာ လက္ေဖ်ာ္စက္ထဲသို႔ ထည့္လိုက္သည္။ ေခါက္ဆြဲညစ္စက္နဲ႔ ဆင္တူတဲ့ ဒီေဖ်ာ္ရည္စက္ကိုလည္း ခ်င္မ်န္ကပဲ တီထြင္ခဲ့ျခင္းပင္။
ခ်ယ္ရီယိုလုပ္ရသည္မွာလည္း မခက္ခဲေပ။ ထို႔အတူ ခ်ယ္ရီသီးမ်ားကို ေဆးေၾကာၿပီး အညႇာမ်ားႏွင့္ အေစ့မ်ားကို ဖယ္႐ွားကာ အပိုင္းပိုင္းျဖတ္ၿပီး ေရအိုးတစ္လုံးထဲသို႔ ထည့္လိုက္သည္။ အရည္မ်ား ထြက္လာသည္အထိ အပူ႐ွိန္အေနေတာ္ျဖင့္ ေမႊၿပီး ႏူးအိလာသည္မွ အပူ႐ွိန္ကို ေလ်ာ့လိုက္သည္။ သၾကားထည့္ၿပီး ပြလာသည္အထိ ျပဳတ္ရမည္။ အရသာေကာင္းမြန္ၿပီး အဆီမပါဘဲ ခ်ိဳျမသည့္အရသာမွာ ခပ္ဖ်ဖ်။
ခ်င္မ်န္ ပန္းကန္ေသးေသးႏွစ္လုံးထဲသို႔ ထည့္လိုက္ၿပီး လဲ့ယ္ထ်ဲဆီ ေပးကာ "ကြၽန္ေတာ္တို႔လည္း ေရခဲ႐ုံေဆာက္သင့္တယ္။ ေဆာင္းရာသီအတြက္ သစ္သီးေဖ်ာ္ရည္၊ ယို၊ စည္သြပ္ဘူးေတြကို သိမ္းထားႏိုင္ရင္ ေဈးေကာင္းေကာင္းနဲ႔ ေရာင္းရမွာေသခ်ာတယ္။”
လဲ့ယ္ထ်ဲ ေခါင္းခါလိုက္ၿပီး "ခပ္ေျဖးေျဖးလုပ္ ဒါမွမဟုတ္ရင္ ေပၚလြင္ေနလိမ့္မယ္။ ကိုယ္တို႔က ေငြျပတ္ေနတာလည္း မဟုတ္ဘူးေလ"
"မွန္တယ္။" ခ်င္မ်န္ ထိုကဲ့သို႔သတိေပးခံရေသာအခါတြင္ သူ အလ်င္စလို ႏိုင္သြားသည္ကို သူသိလိုက္သည္။ သူ ေျပာလိုက္သည္။ "အားထ်ဲ...ေျပာတာကို ကြၽန္ေတာ္နားေထာင္မယ္။”
လဲ့ယ္ထ်ဲ သူ႕ကို ေပြ႕ဖက္ကာ "ခ်င္းဇီ....ကိုယ့္မွာ အၾကံတစ္ခု႐ွိတယ္။ ဝိုင္ဆိုင္က ပုံမွန္လမ္းေၾကာင္းေပၚေရာက္သြားရင္ ကိုယ္တို႔ လူငယ္တစ္စုေလာက္ကို ဝယ္ထားၿပီး ကြန္ဖူးသင္ေပးရမယ္။ တစ္ႏွစ္ သို႔မဟုတ္ ႏွစ္ႏွစ္ ေလ့က်င့္ၿပီးရင္ေတာ့ အေရးႀကီးတဲ့ အလုပ္မ်ိဳးကို ထမ္းေဆာင္ႏိုင္လိမ့္မယ္။အနည္းဆုံးေတာ့ သူတို႔က ကိုယ္တို႔အိမ္နဲ႔ လုပ္ငန္းကို ကာကြယ္ေပးႏိုင္မယ္။”
ခ်င္မ်န္ သူေျပာသည္မွာ မွန္ေနေၾကာင္း ယုံၾကည္သည့္အတြက္ သူ႕အနားကို ကပ္သြားၿပီး ႏႈတ္ခမ္းကို နမ္းလိုက္၏။ "ခင္ဗ်ား ေတြးႏိုင္သားပဲ။ ကြၽန္ေတာ္တို႔ လုပ္ငန္းက အနာဂတ္မွာ ပိုပိုၿပီးႀကီးမားလာမွာ ဒါကို ကြၽန္ေတာ္စိုးရိမ္မိတယ္။ ကြၽန္ေတာ္တို႔ လူေတြကို ေလ့က်င့္ေပးဖို႔ တကယ္လိုတယ္”
လဲယ္ထ်ဲ၏ႏႈတ္ခမ္းမ်ားသည္ ခ်ယ္ရီယို၏ခ်ိဳၿမိန္မႈကို ခံစားမိရာ သူ သူ႕လွ်ာဖ်ားကို ထပ္မံအရသာခံခ်င္သည္မွာ မတတ္ႏိုင္ ျဖစ္ရေခ်ၿပီ။လဲ့ယ္ထ်ဲ ခ်င္မ်န္၏လက္ႏွစ္ဖက္ႏွင့္ ခႏၶာကိုယ္ကို လက္ႏွစ္ဖက္ျဖင့္ သိုင္းဖက္လိုက္ၿပီး ဆက္တီခုံေပၚသို႔ မတင္လိုက္ကာ အနမ္းကို နက္နက္႐ိႈင္း႐ိႈင္း ႐ိႈက္ယူေနေတာ့သည္။
အမ်ိဳးသားမ်ားသည္ ရန္လိုတတ္႐ုံသာမက အုပ္စိုးခ်ဳပ္ကိုင္ခ်င္ၾကသည္။ ခ်င္မ်န္ကေတာ့ လုံးဝ ဖိႏွိပ္ခံထားရသည့္ အေနအထားမ်ိဳးတြင္ ႐ွိေနရာ က်င့္သားရမေနဘဲ ႐ုန္းကန္ၿပီး လဲ့ယ္ထ်ဲကို ျပန္လည္ဖိႏွိပ္ႏိုင္ရန္ ႀကိဳးစားခဲ့သည္။
အျပန္အလွန္အားျဖင့္ လဲ့ယ္ထ်ဲလည္း ျပင္းထန္သည့္ တန္ျပန္တိုက္ခိုက္မႈကို ျပဳလုပ္ခဲ့ၿပီး ထုံက်င္သြားသည္အထိ လွ်ာဖ်ားကို စုပ္ယူလိုက္သည္။ခ်င္မ်န္ ႐ုန္းကန္ေနသည္ကိုသာ စြန္႔လႊတ္ရေခ်ေတာ့သည္။ သို႔ေသာ္ သူ႕ႏႈတ္ခမ္းႏွင့္လွ်ာကေတာ့ ႐ႈံးနိမ့္မႈကို ဝန္မခံဘဲ ၿပီးေျမာက္လိုစိတ္မ႐ွိ ျပန္လည္တိုက္ခိုက္ခဲ့သည္။
ခံတြင္းထဲက ခ်ိဳၿမိန္ျခင္းရဲ႕ ေနာက္ဆုံးေျခရာေတြ ေပ်ာက္ကြယ္သြားတဲ့အထိ ႏွစ္ေယာက္သား နမ္း႐ိႈက္ေနခဲ့၏။
ျပန္လည္ဆုတ္ခြာသြားကာမွ ခ်င္မ်န္ လဲ့ယ္ထ်ဲ၏ႏႈတ္ခမ္းမ်ား ေရာင္ရမ္းေနသည္ကို သတိျပဳမိလိုက္သည္။ သူ အနည္းငယ္ ႐ွက္႐ြံ႕သြားသလို အေဝးကို လွမ္းၾကည့္ရင္း နက္ေမွာင္ေနသည့္ မ်က္လုံးတစ္စုံႏွင့္ ဆုံမိလိုက္သည္။ သူ႕ရင္ဘတ္မွာ ဒိတ္ခနဲ ခုန္လႈပ္သြားသလို ခံစားလိုက္ရ၏။ အနီးသို႔ေရာက္ရန္ သူေခါင္းကို ေျမႇာက္လိုက္ၿပီး ထိုလူ၏မ်က္ခုံးကို နမ္းလိုက္သည္။
လဲ့ယ္ထ်ဲ ဇနီးျဖစ္သူ၏ပါးစပ္ေထာင့္႐ွိ တံေတြးေတြကို အက်ႌလက္ျဖင့္ သုတ္ေပးလိုက္ၿပီး ျဖည္းညႇင္းစြာ ျပန္ခြာကာ အက်ႌကိုျပန္ဆြဲထုတ္လိုက္သည္။
ခ်င္မ်န္ ခုံေပၚမွ ျပန္ခုန္ဆင္းလိုက္ၿပီး လဲယ္ထ်ဲကို ေက်ာခိုင္းကာ "အဟြတ္......က်န္တဲ့ ခ်ယ္ရီယိုေတြကို ယူထားလိုက္မယ္။ နက္ျဖန္ ပၪၥမညီနဲ႔ေတြ႕ဖို႔ အကယ္ဒမီေက်ာင္းကို သြားၿပီး ေပးရမယ္။”
လဲ့ယ္ထ်ဲ ႐ုတ္တရက္ ေခါင္းေမာ့လာၿပီး "သူ႕ကို သြား႐ွာမလို႔လား။ ဘာအတြက္လဲ?"
ဒီလို တုံ႔ျပန္မႈႀကီးက ဘာလဲ? ခ်င္မ်န္ သေဘာမေပါက္ခင္ ေၾကာင္အသြားၿပီး ရယ္ရယ္ျမဴးျမဴး ေျပာလိုက္သည္။ "ဟုတ္တယ္ေလ... ကြၽန္ေတာ္တို႔ ဝိုင္ဆိုင္ကို လူသိ႐ွင္ၾကား အသိေပးဖို႔ပါပဲ။တစ္ျခားဘာမ်ား႐ွိရဦးမွာလဲ?"
ထိုလူ သူ႕ေနာက္သို႔လိုက္လာမည္ကိုသိ၍ မီးဖိုေခ်ာင္ထဲသို႔ဝင္လိုက္သည္။ သူ ဗီ႐ိုထဲမွ သန္႔႐ွင္းသည့္ ဝါးဘူးတစ္ခုကို ထုတ္ယူကာ ခ်ယ္ရီယိုကို ဂ႐ုတစိုက္ အျပည့္ထည့္ကာ ယင္းဝါးႁပြန္ကို နယ္ေျမထဲသို႔ ထည့္လိုက္သည္။ အခုလို ပူျပင္းတဲ့ရာသီဥတုတြင္ အျပင္မွာထားပါက ပ်က္စီးဖို႔လြယ္ေလသည္။ထို႔ေနာက္ က်န္ခ်ယ္ရီယိုေတြကို ဇလုံတစ္ခုထဲသို႔ ထည့္လိုက္သည္။
" ကြၽန္ေတာ္ ဒီကိစၥကို စဥ္းစားၿပီးၿပီ။ကြၽန္ေတာ္႕အၾကံကို နားေထာင္ၾကည့္ရင္ ဘယ္လိုလဲ..."
ေနာက္ေန႔မနက္မွာေတာ့ ခ်င္မ်န္နဲ႔ လဲ့ယ္ထ်ဲတို႔ ခ်ယ္ရီဝိုင္ အိုး 20 ကို ျပဳလုပ္ခဲ့သည္။ အခ်ိန္နီးလာေသာအခါ သူတို႔ ေန႔လည္စာထမင္းတစ္ဘူး၊ ခ်ယ္ရီသီး ျခင္းေတာင္းတစ္ေတာင္းႏွင့္ လက္ကမ္းစာေစာင္တစ္ထပ္ကိုယူကာ က်ိဳးယန္ခ႐ိုင္ဆီသို႔ ျမင္းစီးၿပီးသြားၾကသည္။
Advertisement
- In Serial23 Chapters
Daniel Haley and the Immortal Ninja
For thousands of years, the ninja have ruled the world in secret, orchestrating history and protecting humanity from the strange creatures that lurk in the shadows and beings with extraordinary abilities. So far, they’ve done an impeccable job. The humans are convinced that they live in an average world.But all of that is about to change.Our unseen guardians are being overwhelmed and the planet is rapidly succumbing to chaos as the climate changes, the enemies of the ninja grow stronger, and everything the ninja fought to keep hidden threatens to break loose.The ninja have sent Katherine Carvosso to recruit humanity’s best hope for survival—a clumsy and socially dysfunctional seventeen-year-old Daniel Haley.Of course, Daniel figures this must all be the world’s best prank—until he sees Katherine tearing the roofs off of cars with her bare hands, bounding over impossible distances, and somehow having the power to create earthquakes.Daniel has no idea the fate of the world rests on his shoulders. All he wants is to find a way to win over the girl of his dreams.Will he get his head out of the clouds and save us, or will he let the Earth burn chasing after his heart?
8 167 - In Serial8 Chapters
The Supreme Trickster
When a Yo-yo fanatic Gyro wakes up from a coma, he finds himself reborn in the body of a 15-year old boy, in a mystical world where the strong preys on the weak and people with extraordinary abilities can bend the fabric of reality. In his desire to return to his home world, he discovers that his only way is to strengthen himself to a level in which no one has attained in the last 10 thousand years, an almost impossible task, until he finds hope in a Trick System installed in his mind. This leads Gyro to bitterly struggle his way to the top against the people who want the same thing, Godhood.
8 108 - In Serial51 Chapters
Accidental dungeon
A man, reincarnated into a magic world, fought his way to the very top, only to have to start again after an accident. He find's himself turned into a dungeon core and now he has to do it all over again. Maybe this time, he can even rise higher than he climbed before. On his side he has his trusted partner Luna - a dungeon fairy, for him she was more like a deus ex machina. The story is written in the third person and contains multiple points of view. At the moment this would be the mc, Luna and a young starting adventurer. The story will not be continued. If you're interested in thereasons, you can read the last chapter.
8 177 - In Serial11 Chapters
The Totalitarian
He is nameless but has survived the war. Battle-scarred and hardened, he returns home depressed and suicidal. Life no longer means anything to him. One fateful day, he takes his service rifle and... ?
8 74 - In Serial44 Chapters
Wendy
"He left me all alone, now what am I supposed to do?""She wanted me to grow up, I wasn't sure I could."Did you think there story was finished, once Peter went back to Neverland? I don't think so, after all, how could they forget the love of their lives?
8 89 - In Serial10 Chapters
BOSS | LayChan/ChanLay
."Yixing es el jefe. Domina, manda y obtiene lo que quiere. Quiere a Chanyeol y hará lo que sea por obtener cualquier cosa de él, y cuando lo logra, no espera que su mundo se venga patas arribas gracias a ese dulce tonto de casi dos metros. Chanyeol era la debilidad de Zhang Yixing, quien no había obtenido negro o blanco sino una gama de colores."...✎ Pareja: Chanyeol + Yixing (Lay). ✎ Semi-songfic, basado en BOSS de Lay. Aunque hay menciones de otras letras. ✎ "Songfic" | Humor | CEO!Lay x Profesor!Chanyeol | Lay!Top x Chanyeol!Bottom + Versatilidad | ✎ No copiar ni adaptar, por favor.
8 145

