《A small cloud (Complete )》၄
Advertisement
အပိုင်း၃က ssလေး ကျန်တာ
Limit ကျော်သွားလို့ ဒီမှာ လာပေါင်းတာ
☁☁Rebirth of XiaoZhan ☁☁
မှောင်းပိန်းနေတဲ့...နေရာတစ်ခုသို့ ရောက်နေတဲ့...ကျွန်တော်...
"ရှောင်းရှောင်ကျန်း အသက် ၁၈နှစ်
Suicide ဖြင့်ကွယ်လွန်...''
"ဟို... ကျွန်တော်အခု ဘယ်ကိုရောက်လာတာလဲ...''
ရှောင်ကျန်း သူ့ရှေ့မှ..အလင်းတန်းထဲက အဖြူရောင် ရိုးရာဝတ်စုံနဲ့အမျိုးသမီးကိုကြည့်ကာ..နားမလည်စွာ ..အရဲစွန့်မေး လိုက်သည်..
"ကောင်လေး...မိုက်မဲတာပဲ မင်းက
ထားပါတော့ အခု..မင်းရောက်နေတာက...မင်းရဲ့ နောက်ဆုံးဆန္ဒကြောင့်..မင်းစိတ်အလိုရှိရာကိုရောက်နေတာ...''
"ဒါဆို ကျွန်တော့်ကို ကူညီပေးနိုင်တယ်ပေါ့နော်...''
"ဒါပေါ့.. မင်းကို အခွင့်အရေးတစ်ကြိမ်ပေးမယ်...ပထမဘဝကလို...
အမှားအယွင်းတွေ..မလုပ်မိပါစေနဲ့..ဘယ်လိုလဲ လက်ခံမလား.. မင်းဆန္ဒတွေပြည့်ဖို့အတွက်...''
"အခွင့်အရေး...ဟုတ်... ကျွန်တော်ကဘာပြန်ပေးဆပ်ရမှာလဲ..''
"မလိုပါဘူး.. ပေးစရာမလိုဘူး... မင်းသာ..မင်းဆန္ဒကိုပြီးမြောက်အောင်လုပ်နိုင်ရင်...မင်းအသက်က သက်တမ်းရှိနေတဲ့ အတိုင်း ရှင်သန်နေမှာ တကယ်လို့မလုပ်နိုင်ဘူးဆိုရင်
အခုလိုပဲ..သေရမယ်...''
"ဆိုလိုတာက...''
"အချိန်တွေပြန်လှည့်ပေးမယ်...''
"တကယ်... အဲ့လိုလုပ်လို့ရတယ်ပေါ့..ဒါဆို မား...''
"အဲ့ဒီ အချိန်ထိက...မဖြစ်နိုင်ဘူး..သိပ်ကြာတယ်...''
"ဒါဆို.. ပါးကို ပြန်ခေါ်ပေးပါ.. ''
"ကောင်းပြီ.. ဒါဆို မင်းပါးပါးကို မသေအောင် မင်းကြိုးစားရမယ်..''
"ရတယ် ကျွန်တော် ကြိုးစားမယ်..''
"ဟုတ်ပြီ.. ကဲပါ.. ငါ့နောက်လိုက်ခဲ့..မင်းစိတ်ကို ပျော့ညံ့တဲ့ စိတ်ကနေပြောင်းလဲရမယ်အဲ့တာ မြဲမြဲမှတ်ထား ..''
".........''
.
.
"ရောက်ပြီ...ဝင်လိုက်..အဲ့ဒီအထဲကို..''
အလွန်မှောင်တဲ့နေရာကနေခေါ်လာပြီး..တစ်နေရာတည်း..ကွက်လင်းနေသည့်...ဖန်ပေါင်းခံတစ်ခုထဲကို..
ညွှန်ပြပြီးဝင်ဖို့ပြောနေတာမို့..
ရှောင်ကျန်းလည်း ဝင်သွားလိုက်သည်...
ခဏအကြာမှာ နာရီသံ တချက်ချက် ကို..ကြားလိုက်ရပြီး..ရှောင်ကျန်း မျက်ဝန်းတွေ..မှိတ်ကျသွားသည်..
စက်ယန္တရားနားက..ဝတ်ရုံဖြူနဲ့အမျိုးသမီးတစ်ယောက်ကတော့..
ပါးချိုင့်တွေပေါ်အောင်ပြုံးရင်း
"ကံကောင်းပါစေ... မားရဲ့သားလေး''
ထို့နောက်... ထိုနေရာမှ..ပျောက်ကွယ်သွားတော့သည်..
..............................................
"ဆူညံနေတာပဲ...''
ရှောင်ကျန်း အိပ်ယာပေါ်မှာ လူးလိမ့်ပြီး..ပြောလိုက်သည်။လက်ကလည်း
တဒီးဒီးမြည်နေလေသည့် ဖုန်းလေးကို စမ်းရင်း....
"ဝေ...ရှောင်းရှောင်ကျန်း ပြောနေ..ဟမ်...''
ရှောင်ကျန်းလက်ထဲက ဖုန်းလေးက..လွတ်ကျသွားသည်..
ရှောင်ကျန်း သူ့မျက်နှာနဲ့..ခန္ဓာကိုယ် ကို ဟိုစမ်းဒီကိုင်လုပ်ရင်း..
"ငါ... ငါက.. သေသွားပြီလေ... အိပ်မက်မက်နေတာလား..ဖြန်း...အ...နာတယ်...ဒါဆို ငါ..သုံးထပ်ကျောင်းဆောင်ရဲ့အမိုးပေါ်က..ခုန်ချတာ...မသေဘူးလား.. ''
ရှောင်ကျန်း မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကို ကြည့်လိုက်တော့.. ပါးစပ်အဟောင်းသား နဲ့ အံ့အားသင့်သွားလေသည်
"ဒါ.. ဒါက... ငါ..ရုပ်မဆိုးသေးဘူး..ဒါဆို.. တကယ်ပေါ့...''
အခန်းပတ်ဝန်းကျင်ကို..လှည့်ပတ်ကြည့်နေရင်း
"ဒါ.. အိမ်တော်ရဲ့ မြေအောက်ခန်းမဟုတ်ဘူး...ငါ့အခန်း...ဒါဆို.. ငါက
ပြန်လည်မွေးဖွားတဲ့ သဘောပေါ့..ကျေးဇူးပါ နတ်သမီး ..''
ရှောင်ကျန်း မျက်နှာမသစ်နိုင်ဘဲ..
အံ့သြနေသည်မှာ...ကျောက်ရုပ်ကြီးလိုပင်
"သားလေး...ကျန်းကျန်း... ''
"ပါးပါး... ''
"အောင်မလေးဗျ...''
ရှောင်ကျန်း သူ့မျက်လုံးကိုပင် သူမယုံနိုင်ဘူး ဖြစ်နေသည်..
သေပြီးသားဖြစ်တဲ့ သူက..အခုရုပ်ရည်ချောမောစွာ...ရှင်လာရုံတင်မက...ပါးပါး ကလည်း ပြန်ရှင်လာပြီ..အိပ်မက်လား..သေသွားလို့ ထင်ယောင်ထင်မှားဖြစ်နေတာပါလို့ စဉ်းစားပြီး သေချာသိအောင်
ပါးပါး ကိုယ်ပေါ် ခွတက်လိုက်သည်
"အိပ်မက်မဟုတ်ဘူး ..တကယ်.. ပါးပါး မသေဘူး...ပါးပါး မသေဘူး..ဟီးအီး....ပါးပါးအစစ်ကြီး..အင့်..ဟင့်...''
"အားကျန့်... ပါးပါး ဘာလို့သေရမှာလဲ..မျက်နှာက..မသစ်ရသေးဘူး.. သွား..မျက်နှာသစ်.. မနက်စာစားကြရအောင်..အော်...မေ့တော့မလို့.. အထက်တန်းအောင်စာရင်းရလဒ်ကဘာလဲ.. ''
"ဟင်..သားက ဒုတိယနှစ်တက်နေတာလေ..''
"ရော်..အရူးလေး..အိပ်မက်တွေမက်နေပြီ..အခုမှ..သားလေးက၁၆နှစ်လေ ...''
"ဟင်..သားက..''
"ကဲပါ.. သွား..မျက်နှာသစ်.. ''
"ဟုတ်.. ဟုတ်..ပါး..ပါး...''
အပါးထွက်သွားပေမယ့်.. ရှောင်ကျန်းက..အခုထိ..ကြောင်လို့ကောင်းတုန်း...
*နတ်သမီး က ငါ့ကို ၁၆နှစ် ပြန်လုပ်ပေးလိုက်တာပေါ့..အဲ့တာဆို ငါက အခုထိ တက္ကသိုလ် မတက်ရသေးဘူးပေါ့... *
ထိုစဉ် တဖန်ဝင်လာသော..ဖုန်းကြာင့်....
"ဝေ...''
(အားကျန်း ငါတို့အောင်တယ်မင်းက..2Dပါတယ်..အဲ့တာ လှမ်းပြောတာ..ဒါနဲ့ နေပါအုံး ခုနက..ဘာလို့ ဖုန်းချသွားတာတုန်း)
"ငါ.. ငါ..အိပ်ငိုက်နေလို့ ဟုတ်တယ် ဟီး..အိပ်ငိုက်နေလို့.. ''
(ဒီနေ့ ငါတို့.. မုန့်စားသွားရအောင်..)
Advertisement
"လိုက်မယ်.. သားရီး..''
(အေးပါ.. အဲ့လိုတက်ကြွနေစမ်းပါ..ခဏနေ ငါရောက်မယ်..ပြင်ဆင်ထား... )
"ဟုတ်ပြီ.. ဒါဆို.. ငါပြင်ဆင်လိုက်အုန်းမယ်ကွာ..နော်..ဖုန်းချလိုက်တော့မယ် ''
ရှောင်ကျန်း ဖုန်းချလိုက်ပြီး ရေချိုးခန်းထဲဝင်လိုက်သည်...
"အင်း... အခု..ငါက တကယ်ကြီး ပြန်မွေးဖွားလာတာပဲ..တကယ်မယုံနိုင်ဘူး...ကံတရားက ငါ့ကို အခွင့်အရေးပေးတဲ့သဘောပေါ့...ကျေးဇူးပါ မိုးနတ်မင်း..ပြီးတော့ အချိန်ပြန်လှည့်ပေးတဲ့..နတ်သမီးကိုရောပဲ.
ကျွန်တော့်ရဲ့ အပါးနဲ့ ကျိုးချန်ကို..ကျွန်တော်ကယ်တင်မယ်..''
ရှောင်ကျန်း တက်ကြွစွာ အောက်ထပ်ကိုဆင်းလာတော့.မိမိအား ..ကြည့်ပြီးအံ့သြနေသည်..အစေခံများ ။
သူတို့တင်မဟုတ်ပါဘူး..ပါးနဲ့မေမေလေးရော..ကိုကို ရောပဲ
အင်္ကျီအဝါရောင်တီရှပ်ပွပွလေးနဲ့..ဂျင်းပြာဘောင်းဘီရှည်လေးကိုဝတ်ထားတဲ့..ရှောင်ကျန်းက..ဆံပင်ဘုတ်သိုက်လေးနဲ့..တကယ်ချစ်ဖို့ကောင်းလွန်းလို့..လုပိုင် ငေးနေမိသည်..
"ပိစိက.. တက်ကြွနေတာပဲ..ဘာလဲ Dတွေနဲ့လား... ''
"ဟုတ်တယ်...၂ခုတောင်ပါတာ...
ကိုလေး ရ..''
သူ့ကို ပိစိလို့ခေါ်ရင်..မျက်မှောင်လေးကျုံ့၍အလိုမကျသည့်ပုံလေး နဲ့ ကြည့်တတ်တဲ့..ကလေးငယ်က..သူ့ကို စကားကောင်း ပြောနေတာကြောင့်..လုပိုင်မှာ အံ့သြသွားရသည် ...
အကုန်လုံး တအံ့တသြ ကြည့်နေတဲ့အထဲကမှ..ဒေါ်လီရန်ချင်းက အပျော်ကြီးပျော်နေသေးသည်..
*သူက ဘာလို့ အဲ့လောက်ပျော်နေတာလဲ..သူက ငါ့ကို မုန်းနေတာမို့လား..ပါးပါး ဆုံးကာရှိသေး..ငါ့ကို မီးဖိုချောင်ထဲ တန်းထည့်တာလေ..
အခု..သူက ငါ့ကို မေတ္တာအကြည့်တွေနဲ့ကြည့်နေတာလား...*
ရှောင်ကျန်း ဆက်စဉ်းစားမနေတော့ဘဲ..မနက်စာ သူ့အကြိုက်..အသားညှပ်ပေါင်မုန့်ကို..စားနေလိုက်သည်။
"ကဲ..ပါးပါး.. သားစားလို့ဝပြီ..ကျိုးချန် နဲ့ ချိန်းထားတာရှိလို့ ''
"အင်း..မုန့်ဖိုးက..ကဒ်ကိုယူသွားလိုက်ရော့..လိုရင် ပါးကို ဖုန်းဆက်''
"ဟုတ်.. ဒါဆို သားသွားတော့မယ် ''
ရှောင်ကျန်း အိမ်ရှေ့က စောင့်နေတဲ့ကျိုးချန်ကို
"ကြာပြီလား..ရောက်နေတာ..''
"မေးတတ်တယ်.. ကြာသေးဘူး ဟီးဟီး.. တက်လေ...လာ..''
"အင်း... ''
ရှောင်ကျန်းလည်း ကားနောက်ခန်းမှာ ကျိုးချန်နဲ့ အတူတူပဲ ဝင်ထိုင်လိုက်သည်။
"ဦးလုံ..ရပြီ..မားကတ်ကိုအရင်မောင်း...ကဲ..သားရီး..၂ခု ဆိုတော့ ဂုဏ်ပြုပါရစေ ငါ့ကို ဘာဝယ်ကျွေးမှာလဲ..''
"ပါးပါးက BankCardပေးလိုက်တာ..ငါ့ကို ကြိုက်သလိုသုံးတဲ့..မင်းကို.. မားကတ်ရောက်မှ..Toilet ထဲလိုက်ပို့ပေးမယ်...''
"ဘာကွ..အားကျန်း..မင်း..''
"စတာပါ.. မင်းကြိုက်တာလိုချင်တာ
ငါဝယ်ပေးမယ်..ပါးကလိုရင်ဖုန်းဆက်တဲ့..''
"ဟုတ်လား...ရှောင်ပါးကို..ချွန်တွန်းလုပ်အုန်းမှ...''
"လုပ်ပြီ.. မင်းကတော့..ဒါနဲ့.. မနက်စာမစားရသေးဘူးလား..ဘာစားထားလဲ..''
"မနက်က အပျော်လွန်ပြီး ဘာမှ မစားရသေးဘူး.. ဦးလုံ..ရှေ့နားက
ကော်ဖီဆိုင်မှာ ရပ်ပေးနော်.. ကျွန်တော် ဗိုက်ဆာနေလို့.. ''
ထို့နောက်.. ၂ယောက်သား ဆိုင်ထဲကို ဝင်ပြီး ချောင်ကျကျနေရာလေးမှာ
ဝင်ထိုင်လိုက်သည်။
"ကျိုးချန်.. ဦးလုံ အတွက် တစ်ခုခုသွားပို့လိုက်..''
"အမယ်လေး.. ဦးလုံကို..ပူမနေနဲ့ ခုလောက်ဆို ခေါက်ဆွဲဆိုင် ရောက်နေလောက်ပြီ..သူက ငါ့ကို ပြောပြီးသား...မင်းကို ဝင်ခေါ်ကတည်းက..''
"အော်.. ငါက စားခဲ့ပြီ ကော်ဖီပဲသောက်တော့မယ်..မင်းစားလေ..''
"အင်း.. ''
ကျိုးချန်က သူစားချင်တာ မှာပြီး ရှောင်ကျန်းအတွက်..Black Coffee မှာပေးလိုက်သည်..
ရှောင်ကျန်း..ဖုန်းကြည့်နေရင်း.. လာချပေးတဲ့ကော်ဖီကို..သောက်လိုက်သည်။
"ကျိုးချန်.. ငါ ပုံတင်မလို့..စဉ်းစားနေတာ.. ''
"ဟွမ်..ဘွာရွယ်..''
ကျိုးချန် ရဲ့ ပလုပ်ပလောင်း
သံကြောင့်..ရှောင်ကျန်း ကြည့်လိုက်မိသည်။ ဘာဂါပလုတ်ပလောင်းနှင့် ရင်ထုမျိုချနေသော..ကျိုးချန် ပါလေ..
"ဖြေးဖြေးစား.. ရော့..ရေသောက် ''
"အွင်း..(ရေသောက်ပြီး)ဟဲ..ကျေးဇူး နေစမ်းပါအုံး ဘာလို့ပုံတင်မှာလဲ..မတင်ပါနဲ့ ''
"တင်မှာပဲ..ဘာတုန်း..ငါရုပ်ဆိုးလို့လား...''
ကျိုးချန် စိတ်ထဲမှာ အရမ်းချောပြီးချစ်ဖို့ကောင်းတယ်လို့ပြောနေပေမယ့်..လက်တွေ့မှာတော့
"ဟုတ်တယ်ဟေ့ ဟုတ်တယ် မင်းကြောင့်ငါ့ရဲ့Weiboမှာ..ရုပ်ဆိုးကူးမှာစိုးလို့...''
"ဟာ..တော်ပြီတော်ပြီ.. အဲ့တာဆို မတင်တော့ဘူး...ဒါနဲ့ ငါက တကယ် တအားကြီး ရုပ်ဆိုးနေတာလား..''
"စတာပါ.. တအားချောလွန်းလို့..ချစ်ဖို့ကောင်းလွန်းလို့..ငါ..စိတ်မချလို့ပါ
မျက်နှာက ပြုံးပါအုန်း ''
"ဒါဆို မင်းက..ငါချောလို့သဝန်တိုလွန်းလို့ပေါ့ဟုတ်လား..သားကြီး ''
"ဆုတောင်းလေ.. ငါ့ကို ကျော်ပြီး မင်းဆီကို ကောင်မလေးတွေကလာကြိုက်မှာစိုးလို့..''
"အာ..ငါ့ကုသိုလ်ကံပေါ့ကွာ..ဟားဟားဟား ''
"ငါ အေးဆေးစားပါရစေ နော် အသံနဲ့ နိုပ်စက်တာရုပ်နဲ့နိုပ်စက်တာ..တော်ပါတော့.. ''
"........''
Advertisement
ရှောင်ကျန်း ပါးစပ်ကို..ဇစ်ဆွဲပိတ်သလိုလုပ်ပြကာ..ကော်ဖီဆက်သောက်နေလိုက်သည်...
သူတို့စားသောက်နေတာကို..တစ်နေရာကနေလှမ်းကြည့်နေတဲ့..
တစ်စုံတစ်ယောက် ရှိခဲ့သေးသည်ဆိုတာတော့...သူတို့ သတိမထားမိ...
.
.
"အားယား....ကျန်းကျန်း... အားကျန်းလေး...ရှောင်းလေး..ငါအရမ်းကြိုက်လို့ပါ..လုပ်ပါကွာ.. နော်.. ''
"မသိဘူးကွာ... မနက်စာ စားပြီးကတည်းက...ဒီကုန်တိုက်ဝင်ဟိုကုန်တိုက်သွားနဲ့..ငါပင်ပန်းနေပြီ.. ''
"လုပ်ပါကွာ အဲ့ဒီ ဆိုင်ကို ဝင်ပြီး ရင် ရပြီ.. တစ်ခါတည်းပါ..''
"မင်းလက်ထဲကိုပြန်ကြည့်အုန်း..
ကုလားကားထဲက..မယ်တော်က..လက်ငှားမယ်.ဆိုရင်တောင်မှ
နိုင်မှာမဟုတ်ဘူး..''
"ဒါပေမယ့်...အဲ့ဒီ ဖိနပ် ငါကြိုက်လို့ ပါ.. နော်.. ဝယ်ပါရစေ..''
"သွား...အဲ့အထုပ်တွေ..အရင်ထားလိုက်...ငါကူမသယ်နိုင်ဘူး..''
"အေးပါ...ဟီး.''
ကျိုးချန် အထုပ်တွေနဲ့..ကလည်ကလည်နဲ့..ကားပါးကင်ကို..သွားလိုက်သည်...
အထုပ်တွေကိုဆွဲကာ ဦးလုံ ကို အပ်ထားခဲ့ပြီး ရှောင်ကျန်းဆီကို ပြန်လာခဲ့သည်...
"မောလိုက်တာ.. ''
"မောသွားလား...ဆောရီး လာ..''
ရှောင်ကျန်း လည်း ကျိုးချန်ရဲ့ မျက်နှာက ချွေးတွေကို..သုတ်ပေးလိုက်သည်..
"ရပြီ...သွားမယ်..လာ..''
"အင်း.. ဟီး..''
"မရယ်နဲ့..နှာခေါင်းက သစ်တောက်ငှက်နူတ်သီးလိုနဲ့..''
"မင်းရော..ဘာထူးလဲ ဂေါ်ပြားလိုယုန်သွားကြီးနဲ့..''
"ဘာကွ...ဟင်းဟင်း များနေပြီနော်
မင်းဖဲ့တာ...''
"စတာပါ..အားကျန်လေးကလည်း..
အချစ်လေးကလည်း..''
"မင်းအဘကြီး..ချစ်..''
"ဟားဟား.. ''
ကျိုးချန်ရဲ့ကျောကို ရှောင်ကျန်းက တဘုန်းဘုန်းထုရိုက်လိုက်သည်..
မားကတ်ထဲက..မိန်းကလေးအချို့က
လက်သည်းကိုက်ပြီး..ကြည့်နေကြသည်..
သေချာတယ်..သူမတို့က..
သူငယ်နာမစင်သေးလို့...
"အ...''
"လမ်းကို သေချာကြည့်လျှောက်မှပေါ့...''
*ဝမ်ရိပေါ် သူက ဘယ်လိုလုပ် ပြီး..သူကငါနဲ့..တက္ကသိုလ် မှာ စတွေ့တာပါ..အခုက.. ဘာပဲဖြစ်ဖြစ် သူက ငါ့ရဲ့ ဘဝကို အလဲထိုးမယ့် သူ...ဟုတ်တယ် မုန်းတယ်.. *
"မုန်းလိုက်တာ... ''
"ဟမ်.. ကိုယ်သေချာမကြားလိုက်လို့..ဘာပြောတာလဲဟင် ''
"ဘာမှ မပြောဘူး..ရပြီ... ကျေးဇူး ''
ရှောင်ကျန်း ထိုလူရဲ့ ရင်ခွင်ထဲက ထွက်ပြီး..ကြောင်တောင်တောင် လုပ်နေတဲ့.. ကျိုးချန် လက်ကို ဆွဲကာ..မားကတ်အပြင်ကို..ထွက်ခဲ့သည်...
"ဦးလုံ.. ပြန်ရအောင်.. ''
"နေအုန်း.. ငါဖိန......''
"ဘာမှ ဆက်မပြောနဲ့.. အဲ့ဒီဖိနပ် ကို မင်းအိမ်မှာ ပြန်ရောက်ရင်တွေ့ရလိမ့်မယ်.. ''
"နေအုန်း.. ရုတ်တရက်..ဟိုလူက ဘယ်သူလဲ.. မင်းက..ဘာလို့ အဲ့လောက်..ဒေါသထွက်နေတာလဲ ''
"ငါ.. ဗိုက်ဆာလို့... ''
"အမ်...အော်... အေး... ''
ရှောင်ကျန်း စဉ်းစားနေမိသည်။
*ငါက ဘာလို့များ ဝမ်ရိပေါ်ကို ရင်မခုန်ရတော့တာလဲ.....*
Zawgyi
☁☁Rebirth of XiaoZhan ☁☁
အခုလိုပဲ..သေရမယ်...''
"ဆိုလိုတာက...''
".........''
.
.
..............................................
"ဆူညံနေတာပဲ...''
"သားလေး...ကျန်းကျန်း... ''
"ပါးပါး... ''
"အောင်မလေးဗျ...''
"ဟင်..သားက..''
"ကဲပါ.. သွား..မျက်နှာသစ်.. ''
"ဟုတ်.. ဟုတ်..ပါး..ပါး...''
"ဝေ...''
"လိုက်မယ်.. သားရီး..''
"ဟုတ်တယ်...၂ခုတောင်ပါတာ...
ကိုလေး ရ..''
"ကြာပြီလား..ရောက်နေတာ..''
"အင်း... ''
"ဘာကွ..အားကျန်း..မင်း..''
ဝင်ထိုင်လိုက်သည်။
"အင်း.. ''
"ဟွမ်..ဘွာရွယ်..''
"........''
.
.
နိုင်မှာမဟုတ်ဘူး..''
Advertisement
- In Serial11 Chapters
Diamond In The Rough (Complete)
A reverse type of ‘Aladdin’ Story.(Book 2 of TLCsDestiny Fairy tale books) Rangcew, the capital of Commorda, might be flustering about with the upcoming marriage of Cid and Princess Bethany but that doesn’t mean everything is going according to plan for Prince Elton.Prince Elton, the next in line for the throne, has serious plans to disrupt and force his own father to abandon the title of ‘King’. With this, Prince Elton finds what he needs to make this goal to finally happen!…The ‘Little Pillager’ knows and has evidence that he needs! He must obtain it without fail!But to woo the woman, he is in the unknown and feels like he’s the one being wooed instead! Alison, a thief with a cause, ends up in trouble, only to be caught in a web from the very same person that had brought her family down. Suddenly, she’s become a daughter to another family, with nice dresses and yummy food…This was all to ‘tame’ someone…It is all to woo the Prince…With reason to ‘play along’, Alison finally finds evidence to reclaim her family’s innocence but…Never thought that she’d ‘stupidly’ fall for the son of that man!It all just seems so impossible and wrong to go down a certain path, it’s a romance that can’t even be thought of, yet alone acted upon! Then…Why is she so easily lying and pretending like she does want this? Sometimes she even forgets who’s she’s supposed to be entirely and gets swept away by the idiot who claims himself to be a Prince! Without knowing, they help the other. Without knowing they both become greedy for a certain person’s presence and affection…Can a thief strive for the position of Queen? Can the Prince speak the words that need to be said?
8 165 - In Serial45 Chapters
fallacious | k:taehyung
Амьдрал бүхэлдээ л худал хуурмаг.Гол нь чи яг юу нь худал хуурмагийн ард нуугдах үнэн , болон яагаад анхнаасаа худал хуурмаг болсон шалтгааныг л олж мэдэх хэрэгтэй.Тэгсэн цагт л чи хаалгыг нээнэ.[!] Уншихаасаа өмнө мэдэх зүйлс1. Энэ бол миний анхны фэнфик байсан.2. Би энэ үед улаан арми байсан.3. Дахиж засвар хийгээгүй байгаа учраас алдаа их байх болно.4. Бас би энэ фэнфикээ уншихаас ичдэг. Болж өгвөл нэг өдөр устгачихмаар байна. Highest rank in fanfiction #176 Зохиолчийн зөвшөөрөлгүй хуулбарлахыг хориглоно.
8 211 - In Serial17 Chapters
Haruhi's Secret (OHSHC Fanfic)
[COMPLETED]Haruhi has been part of the host club for a while now but what happens when Haruhi isn't acting like herself?What if the hosts realize that she's acting differently?Will she tell them the reason why or will she keep it to herself?Find out by reading Haruhi's secret!* possible romances and slight cursingHighest rank:#1 in haruhifujioka 👏👏 10/27/19 - 12/16/19
8 137 - In Serial37 Chapters
Rejected and pregnant (#1)
missing father, a whore of a mother and a brother who is emotionally abusive and angry when around her. That's tough enough right? But what happens when her soul mate rejects her after a special night together? Redwood pack book 1Book re-started:16/07/18-11/03/2020Hit 100k votes: 27.07.2020Hit 200k votes 18.09.2021Book complete
8 143 - In Serial41 Chapters
My fiance /Vkook(Taekook) ✔️
Jungkook :Seriously you think I wouldn't know someone is invading my privacy at this stage of my life .Kim taehyung is an engineer and CEO of Kim cooperation who is now engaged to Jeon jungkook ceo of Jeon company without his knowledge ..
8 148 - In Serial32 Chapters
The Queen Below
A retelling of the Hades and Persephone myth, a story of fate, the struggle for power, and love found in the most unexpected places. *****Persephone has been raised in Olympus all her life - her mother absent, her father a cruel king, with her siblings teaching her all they know. She has seen all of what the gods and goddesses do and she is sick of it. When she learns her safety is threatened by staying in Olympus, she flees to the Underworld. There she stays until she learns that her leaving has caused the world to wilt. But leaving behind her newfound friends and Lady of the Underworld is something she will not do willingly, no matter the consequences.[[word count: 150,000-200,000 words]]Cover designed by Regina DionelaContent Warning: Mentions of rape and incest
8 132