《A small cloud (Complete )》၁၂
Advertisement
ည၉နာရီကျော် ခန့်တွင်
ရှောင်ကျန်း စာကျက်ရင်း အိပ်ချင်လာတာမို့ လေညှင်းခံရန် ပြတင်းပေါက်ကို ဖွင့်လိုက်သည် ။
"ဟင် ဝမ်ရိပေါ် ''
တစ်ဖက်အိမ်မှ ကျွန်တော့်အခန်းနှင့် မျက်နှာချင်းဆိုင်အခန်းသည် မှန်ချပ်နှင့်ကာထားသည်မို့ ဝါကျင်ကျင်မီးရောင်အောက်ကနေ အထင်းသားမြင်နေရသည် ။
ရုတ်တရက် မြင်လိုက်ရတဲ့ မမှိတ်မသုန်ကြည့်နေသည့် မျက်ဝန်းတွေက နဂါးတစ်ကောင်လို မီးဝင်းဝင်းတောက်နေသလားထင်ရလောက်အောင် စူးရှပြီး ရုန်းထွက်ဖို့ ခက်ခဲလှသည် ။
ပြတင်းတံခါးကိုအမြန်ပိတ်ပြီး အိပ်ယာမှာဝင်လဲလျောင်းလိုက်သည်။
"သူက ဘယ်အချိန် က ပြောင်းလာတာလဲ ငါဘာလို့ မသိရတာလဲ ''
"အား စိတ်ရှုပ်လိုက်တာ ''
ထိုစဉ် ဝင်လာသောဖုန်းလေး က
လီဟွိုက် ဆီက။
"ဝေ ''
".......''
"အင်း ရပါတယ် လာခဲ့မယ်လေ ဘယ်အချိန်လဲ ''
".........''
"ဟုတ်ပြီ အာ ဒီလိုလုပ်ပါလား အစ်ကို ကျွန်တော့်ကို လာခေါ်လေ ''
"........''
"အင်း ဒါဆို စောင့်နေမယ် Good Night ''
ရှောင်ကျန်း ဖုန်းချပြီးနောက် တစ်ဖက်အိမ်က ဝမ်ရိပေါ်ကို ထပြီး လှမ်းကြည့်လိုက်သည်။
"အမယ်လေး လန့်လိုက်တာ ''
စူးစူးစိုက်စိုက်နဲ့ကြည့်ပြီး လိုက်ကာ
ဆွဲပိတ်သွားတဲ့ ဝမ်ရိပေါ်က ကြောက်စရာကောင်းသည်။
"နေပါအုန်း ငါ့ကို သူအမြဲလှမ်းကြည့်နေကျလား ဒါဆို ငါ့ခန္ဓာကိုယ်ကို သူမြင်သွားပြီလား အာ ဘာဖြစ်လဲ ယောကျာ်းချင်းပဲ ဒါပေမယ့် သူက ငါ့ကို ကြိုက်နေတာ လေ အိုက်ယား ရှက်လိုက်တာ ''
ကုတင်ပေါ်ကို ပစ်လှဲကာလူးလိမ့်ရင်း
တောင်တွေးမြောက်တွေး တွေးနေသော ရှောင်ကျန်းအတွက် အိပ်ပျော်ဖို့ အတော်ပင်ကြိုးစားလိုက်ရသည်။
......................................
ရိပေါ် အလိုမကျစွာ မျက်ခုံးတွေတွန့်ကျိုးလျက်
"သူဘယ်သူနဲ့ ဖုန်းပြောနေတာလဲ ''
"ရည်းစားနဲ့ပြောနေတာလား ''
"မဟုတ်လောက်ပါဘူး ကျိုးချန်နဲ့ ပြောနေတာဖြစ်မှာပါ ဒါဆို ကျိုးချန် က ညသန်းခေါင်ကြီး ဘာလို့ ဖုန်းဆက်တာလဲ ''
"သူ့ရည်းစား အာ မဟုတ်ဘူး သူ့မှာ ရည်းစားမရှိဘူး ဒါပေမယ့် ငါက ဘယ်လိုသိမလဲ ရှိရင်ရှိနေနိုင်တာပဲ
ဟာ ဘာလဲကွာ ''
"ကျစ် မင်းကို ငါရအောင်ယူမယ်
စောင့်ကြည့်နေလိုက် ရှောင်ကျန်း ''
အာရုံတွေ ထွေပြားလျက် သဝန်တိုမှုကြီးစိုးနေသောဝမ်ရိပေါ်ရယ်ပါ ။
အိပ်ပျော်ဖို့ မျက်လုံးကိုစုံမှိတ်ကာ စိတ်ကို လျှော့ချလိုက်သည်။
သို့သော် မျက်လုံးမှိတ်လိုက်တိုင်း
ပေါ်လာတဲ့ ပုံရိပ်ကလေးက သွားကြီးကြီးတွေပေါ်အောင်ပြုံးကာ ကလူကျီစယ်နေလေသတဲ့ ။
....................................
လေပြေသုန်သုန်တိုက်ခတ်နေတဲ့ အချိန်လေးမှာ ပြေးလွှာနေတဲ့ ကောင်လေးတစ်ယောက် ။
နဖူးမှာ Sport ခေါင်းပတ်ကလေးနဲ့
အနက်ရောင် ဘောင်းဘီနဲ့ အနွေးထည် အနက်ရောင် ကိုဝတ်ထားပြီး ပြေးနေတာလေးက ချွေးတွေ စိုရွှဲလို့။
"အိုက်ယား စောစောကမှ ချမ်းတုန်နေတာ အခုတော့ ချွေးပြန်နေပြီ ''
ဒူးနှစ်ဖက်ကိုလက်ထောက်ကာ ကုန်းကုန်းလေးအမောဖြေနေသည်ကောင်လေးက မနက်မိုးလင်းခါနီး ရောင်ခြည်ပျိုးကာစ နေဝန်းကြောင့်
အရောင်အဝါတွေတောက်နေသလို။
"ဟာ ကျန်းကျန်း နင်က မနက်အစောကြီး ထပြေးနေတာလား''
ဘေးနားကနေ မိန်းကလေး တစ်ဦး အသံကြောင့် မော့ကြည့်လိုက်သည်။
"ကျင်းရွှယ် ''
"တကယ်ပဲ နင်ကိုး မနက်တိုင်း ပြေးတာလား ''
"ဆိုပါတော့ ရေသောက်အုန်းလေ''
"တော်ပြီ ငါ့မှာ ပါတယ် နင်ပြေးနေတာကြာပြီလား''
"အင်း ခဏလေး နားပြီး ပြန်တော့မှာ
နင်ရော ''
"ငါ အင်း ငါလည်းပြန်တော့မှာ ဟိုနားက လီဖွားဖွားဆိုင်က ခေါက်ဆွဲစားပြီးရင်''
".......''
ရှောင်ကျန်း လည်း ကျင်းရွှယ် ပြသည့်နေရာကိုကြည့်လိုက်သည်။
ဆိုင်ခန်းသေးသေးလေးထဲမှာ အဖွားကြီး တစ်ယောက်နဲ့ သူတို့အရွယ်ကောင်လေးတစ်ယောက် အလုပ်လုပ်နေသည်။
ရှောင်ကျန်း လုကျင်းရွှယ် ကို
နားမလည်နိုင်စွာကြည့်လိုက်သည်။
လုကျင်းရွှယ် သူမကို ထူးဆန်းသော အကြည့်နဲ့ ကြည့်နေတဲ့ရှောင်ကျန်းကြောင့် သဘောကျကာ ရယ်လိုက်သည်။
"ထူးဆန်းနေလို့လား ''
"အင်း နင့်လို မာနခဲသူဋ္ဌေးသမီးက
လမ်းဘေးက အဖွားရဲ့ခေါက်ဆွဲဆိုင်မှာစားတယ်ဆိုတော့လေ ဘယ်တုန်းက ဒီလိုကျင့်တတ်သွားရတာလဲ ''
"အင်း ...နင် လူတွေကို အဆင့်အတန်းမခွဲခြားဘဲဆက်ဆံကတည်းက.. နင်လိုက်မလား.. လာ ''
လုကျင်းရွှယ် က သူနားမလည်အောင်ပြောပြီး ဆွဲခေါ်သွားခြင်းကြောင့် လိမ်ဖယ်လိမ်ဖယ်နဲ့ပါသွားရသည်။
.
.
"လီဖွားဖွား အသားလုံးခေါက်ဆွဲနှစ်ပွဲ ထုံးစံအတိုင်းဝက်သားနဲ့ ''
ရှောင်ကျန်း မှာ နားမလည်နိုင်သေး။
"ဟဲ့ ဘာဖြစ်နေတာလဲ ဘာလဲ ငါနဲ့ အတူမနက်စာစားရလို့ အိပ်မက်ထင်နေတာလား နိုးလိုက်ပါတော့ဟယ်
လုကျင်းရွှယ် ဆိုတဲ့ ရွှေရောင်နှင်းကလေးက နင်နဲ့မနက်စာတကယ်စားမှာပါ ''
"လုပ်ပြီ ငါက နင့်ကို စိုးရိမ်လို့ပါ ''
"ဟမ် ဘာဖြစ်လို့လဲ ''
"ငါက ကျောင်းမှာ စာတော်ရုပ်ချော
တဲ့King မိန်းကလေးတိုင်းက ဝမ်ရိပေါ် လီဟွိုက်နဲ့ ကိုကို ထက် ရှောင်ကျန်း ကို ပိုပြီး မက်မောကြတာမလား ယောကျာ်းလေး တွေတောင်ငါ့ကိုကြွေတယ်နော်အဲ့လို လူမျိုးမို့ တော်ကြာနေ ငါ့Fanတွေက မင်းကို ဝိုင်းသမနေကြရင်''
Advertisement
ပြောရင်း အနွေးထည် ကိုချွတ်လိုက်သည့် ရှောင်ကျန်းက မနက်ခင်းရဲ့
အလှထက်ပိုပြီးသက်ဝင်နုငယ်လွန်းသည့် ပန်းချီကားလေးအလား ။
"အမယ်လေး ဘဝင်တွေမြင့်နေပါသော ကိုရှောင်းကျန့်ရယ် နင်က ကျောင်းမှာ FanClubရှိတဲ့Kingချောမှန်းသိပါတယ် ခုတော့ ခေါက်ဆွဲလာပြီမို့ အေးဆေးစားလိုက်ပါအုန်း''
ဘေးက ခေါက်ဆွဲလာချပေးတဲ့ကောင်လေးက ကောင်းကောင်းသုံးဆောင်ပါဟုပြောကာ ထွက်သွားလေပြီ။ မျက်လုံး ကျွတ်ကျမတတ်ကျင်းရွှယ်က လည်ပြန်လို့ကြည့်နေတုန်း ။ ကျင်းရွှယ် အကြည့်က ကောင်လေးကို သဘောကျလို့ ငမ်းနေတာမျိုးမဟုတ် ထူးထူးဆန်းဆန်း ကြည့်နေတာဖြစ်သည်။
"ဟိတ် ပေါက်ကျော်မ ဘာလို့အတင်းလိုက်ငမ်းနေတာလဲ ခေါက်ဆွဲတွေအေးကုန်တော့မယ်
စားလိုက်အုန်း ''
" ရှောင်ကျန်း နင် ''
"ငါ ဘာဖြစ်လဲ ချောနေတာလား သိတယ် အခုတော့ ခေါက်ဆွဲစား ''
ကျင်းရွှယ် မှာ ရှောင်ကျန်းကို ထုနှက်ချင်စိတ်တဖွားဖွား ။
"ဘယ်လိုလဲ စားကောင်းလား အိုး
ပြောင်ခါနေတာပဲ ''
"လျှာမရှည်နဲ့ စား နင်တို့မိန်းကလေးတွေက ကောင်လေးချောချောရှေ့ဆိုရင် အဲ့လိုပဲ အစားကို ပဲများပြီးစားနေကျလား''
"ဘာ တခြားသူ တွေရှေ့တော့ ငါ ပဲများရင်များလိမ့်မယ် နင့်ရှေ့တော့မများဘူး ဘာလို့လဲသိလား နင်က ရုပ်ဆိုးလို့ ''
လျှာထုတ်ပြောင်ကာ ခေါက်ဆွဲကို ငုံ့စားနေတဲ့ ကျင်းရွှယ်ကို ခေါင်းကိုလှမ်း ခေါက်ပစ်လိုက်သည်။
"အ ''
"မှတ်ပြီလား ''
"ရုပ်ဆိုးကောင် ''
ရှောင်းကျန်း Earphoneတပ်ကာ သီချင်းနားထောင်ရင်း ဖုန်းသုံးနေလိုက်သည်။
ကျင်းရွှယ် ခေါက်ဆွဲစားရင်း မျက်လုံးလှန်ကာ ကြည့်လိုက်သည့်အချိန်တွင် ဖုန်းကိုအာရုံစိုက်ကြည့်နေတဲ့ရှောင်ကျန်းမျက်နှာလေးက
ချောမောလွန်းနေ၍ ထိုအနေအထားအတိုင်းငေးနေမိသည်။
သူမနဲ့ အတူ တစ်စုံတစ်ယောက်ကလည်းငေးကြည့်နေရင်း ဓာတ်ပုံတစ်ပုံအရအမိရိုက်လိုက်သည်။
"ကျင်းရွှယ် ပြီး ဟာ ဘာလုပ်နေတာလဲ ဆက်မစားတော့ဘဲ တန်းလန်းကြီး''
"ဟီး နင်းကကြည့်ကောင်းနေလို့ ''
"ဟုတ်လား ငါသိပါတယ် ငါချောမှန်း
ဒါပေမယ့် ဒီမနက်စာကို ငါရှင်းလိုက်မယ် ဟဲဟဲ ''
"သွားတော့မလို့လား ''
"အင်း သွားစရာရှိတယ် ပိုက်ဆံထားခဲ့ပြီနော် ပိုတာပြန်မအမ်းနဲ့တော့
မုန့်ဖိုး ယူထားလိုက် ''
အပြုံးတစ်ပွင့်ကိုဆင်မြန်းရင်း
ပြောနေတဲ့ကောင်လေးက တစ်စုံတစ်ယောက် ရဲ့ အကြင်နာအချစ်တွေဝေရွှန်းနေတဲ့အကြည့်ကို
မမြင်ခဲ့။
.................................
"သား ပြန်လာပြီလား ''
ကားပေါ်ကနေ ဆင်းကာရှိသေး
ပါးပါးရဲ့အသံကို ချိုအေးစွာကြားလိုက်ရသည်။အလုပ်သွားဖို့
ပြင်ဆင်ပြီး လှေကားကနေ ဆင်းလာတဲ့ ပါးက တကယ့်လူခန့်လူသန့်ကြီး ။
"ဟုတ် ပါးရေ မောနင်း ''
"မောနင်း မနက်စာစားရအောင်လေ''
"ဟုတ် ပါးပါး သားချွေးတွေစိုနေလို့
အဝတ်လဲလိုက်အုန်းမယ် ''
"အေးအေး ''
ပါးပါး မနက်စားစားဖို့ ထမင်းစားခန်းထဲဝင်သွားမှ ရှောင်ကျန်း အပေါ်ထပ်က အခန်းကို တက်သွားလိုက်သည် ။
.
.
"သားကျန့် ''
"ဗျာ ပါးပါး ''
"ပြောစရာရှိလို့လား ''
တကြည့်ကြည့်လုပ်နေတဲ့ ရှောင်ကျန်း က တစ်ခုခုပြောချင်နေပုံရတာကြောင့် ရှောင်ပါးက မေးလိုက်သည်။
"ဟုတ် ဟီး သား ကျောင်းက စီနီယာအစ်ကိုနဲ့ အပြင်သွားမလို့ ''
"......''
"အဲ့တာ ''
"သွားလေ သားရဲ့ ပိုက်ဆံလိုလို့လား''
"မလိုပါဘူး ပါးက ခွင့်ပြုတယ်ဆိုတော့ ရပါပြီ ''
"အေးပါ ကောင်းကောင်းလည်ခဲ့''
"ဟုတ် ပါးပါး''
ထိုစဉ် အိမ်ရှေ့က ကားသံကြားလိုက်ရသည်။
မကြာမီ အိမ်ထဲကို အလုပ်သမားမိန်းကလေးအသံနှင့်အတူ ဝင်လာတဲ့ လီဟွိုက်
"သခင်လေး ဧည့်သည် ''
"အော် ရောက်ပြီလား ပါးပါး သားသွားတော့မယ် ''
ရှောင်ကျန်း ကော်ဖီကို လတ်စသတ်ပြီး ထမင်းစားခန်းထဲက ထွက်လာခဲ့သည်။
"လီဟွိုက်ကော သွားရအောင် ဟီး
ဧည့်မခံတော့ဘူးနော် ''
"ရပါတယ်ကွာ သွားကြရအောင် ''
ရှောင်ကျန်း လည်း လီဟွိုက်ရဲ့ကားပေါ်ကိုတက်လိုက်သည်။
ပြိုင်ကားအဝါလေးသည် ရှောင်းအိမ်တော် မှာ ထွက်ခွာသွားလေပြီ ။
.....................................
"တောက် ဟုတ်နေတာပဲ အဲ့ဒီ လီဟွိုက်က Bunny ရဲ့ ရည်းစားပဲ ''
ဝမ်ရိပေါ် တစ်ယောက် သောက ဗျာပွေလျက် မနက်အစောကြီး မုဒိတာပွားနေလေသည်။
ထို့နောက်အဝတ်အစားတွေ တွေ့ကရာကောက်ဝတ်ကာ ကားသောဆွဲ၍ထွက်လာခဲ့လိုက်သည်။
ဦးတည်ရာက ကားဝါလေးရဲ့နောက်သို့ ။
♥♥♥♥♥♥♥
"ရုပ်ရှင်ကြည့်မလား ''
"လီဟွိုက်ကောကြည့်ချင်လို့လား ''
"အင်း ပြီးရင် ကစားကွင်းသွားမယ်''
"ဟမ့် ကလေးကလား ကစားကွင်းတဲ့ပျင်းစရာကြီး ''
"ညီက မသွားချင်ဘူးလား''
"အင်း မားကတ်သွားမယ် ''
"ဟုတ်ပြီ ဒါဆို အရင်ဆုံး ရုပ်ရှင်ကြည့်မယ် ညီက ဘာကြည့်မှာလဲ ''
"ပေါ့ပေါ့ပါးပါးနဲ့ ဟာသပဲ ကြည့်ကြတာပေါ့ ''
"အင်း အဲ့တာဆို အစ်ကိုလက်မှတ်သွားဝယ်လိုက်အုန်းမယ် ''
"ဟုတ်ပြီ ''
ရှောင်ကျန်း လည်း လီဟွိုက်ထွက်သွားသည်နှင့် ကြက်ကြော်ဆိုင် ထဲ ဝင်လိုက်သည် ။
Advertisement
ထို့နောက် Spicy ဝယ်ကာ ဆိုင်မှာထိုင်စားနေလိုက်သည်။
......................
ရိပေါ် တိတ်တိတ်လေးစောင့်ကြည့်ရင်း စိတ်က အစိုးမရဖြစ်နေသည်။
လီဟွိုက်နဲ့ Bunny က ကားရပ်ပြီး ဘာလုပ်နေလို့ ထွက်မလားသေးပါလိမ့်ဟု စဉ်းစားနေတုန်း လီဟွိုက်က
ရုပ်ရှင်ရုံဘက် ထွက်သွားသည်။
မကြာမီ ရှောင်ကျန်း ထွက်လာပြီး ကြက်ကြော်ဆိုင်ထဲဝင်သွားသည်။
ရိပေါ်က အခုချိန်မှာတော့ Stalkတစ်ယောက်ထက်ပင် မျက်လုံးကို ကျီးကန်းတောင်းမှောက် အငြိမ်မနေဘဲ ကြည့်နေရသည်။
လီဟွိုက်က ဖုန်းပြောရင်း ရုပ်ရှင်ရုံထဲကထွက်လာကာ ကြက်ကြော်ဆိုင် ထဲ ဝင်သွားပြန်သည် ။
ရိပေါ် Maskတက်ဦးထုပ်ဆောင်းကာ
ကြက်ကြော်ဆိုင် ထဲ လိုက်ဝင်ခဲ့သည်။
ထောင့်ကျကျနေရာက နှစ်ယောက်က ပြုံးဖြီးနေတာ ဘာတွေများ သဘောကျနေတာ ပါလိမ့် ။
သူတို့အနားက လွတ်တဲ့ဝိုင်းမှာ ထိုင်လိုက်ပြီး ဘာတွေပြောနေသလဲ
နားစွင့်လိုက်သည်။
တိုးတိုးလေး ပြောနေတော့ ဘာမှ မကြားရ ။
သဲသဲကွဲကဲဲကားလိုက်ရတာတစ်ခုကတော့ ကြည့်မည့်ရုပ်ရှင်ကား
နာမည် နဲ့ အချိန် ။
ရိပေါ် ကြက်ပေါင်ကြော်၂ခုဝယ်ကာ
ဆိုင်ထဲကထွက်လာပြီး ရုပ်ရှင်ရုံဘက် သွားလိုက်သည် ။
ခုချိန်မှာ လက်မှတ်ရဖို့ကအရေးကြီးသည်မို့။
.
.
ရုပ်ရှင်ရုံထဲတွင် မုန့်တွေစားရင်း တခွီးခွီး ရယ်နေသည့် ရှောင်ကျန်းအား
ငေးနေသော လီဟွိုက်...
ထိုနှစ်ယောက်ကို ကြည့်၍ ဘာပြလို့
ပြမှန်းမသိဘဲ ရင်တမမမောနေသောဝမ်ရိပေါ်....
သူတို့တွေ သတိထားမိခဲ့ဆိုလျှင်
နောက်ဆုံးမှာ တစ်ယောက်တည်းတိုင်ပြီး သူတို့အားလှမ်းကြည့်နေတဲ့လူတစ်ယောက်ကို မြင်ရလိမ့်မည်။
..........................
ရုပ်ရှင်ရုံက ထွက်လာပြီး လျှောက်ပတ်သွားလာနေသော ထိုနှစ်ယောက်နောက် ခြေတိုအောင် လျှောက်လိုက်နေသော ဝမ်ရိပေါ်နဲ့အတူ လူတစ်ယောက်လည်းရှိနေခဲ့သည်။
......................................
ရှောင်ကျန်းကို ညနေ၆နာရီ မှ ပြန်ပို့ပေးပြီး လီဟွိုက်လည်းပြန်လာခဲ့တော့သည်။
သူတို့နောက်မှာ လျှောက်လိုက်နေတဲ့
ဝမ်ရိပေါ်တစ်ယောက် ပင်ပန်းပြီး ဖျားသွားလေရဲ့ ။
........................................
"အားကျန့် ''
"ကျိုးချန် ဘာဖြစ်နေတာလဲ မင်းမျက်နှာက ကျောင်းကလူတွေက
ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ''
ရှောင်ကျန်း ကျောင်းလာတဲ့အချိန်
သူ့အားညအထူးတဆန်းကြည့်နေကြတဲ့ လူတွေကြောင့် ကျိုးချန်ကိုမေးလိုက်သည်။
"မနေ့က မင်းဘယ်တွေသွားနေတာလဲ ကျောင်းလေးတစ်ရက်ပိတ်တာကို အတော်ပျော်နေတာပေါ့ ''
"အေးလေ တစ်ပတ်မှာ တစ်ရက်တည်းနားတဲ့ကျောင်းအားရက်လေပဲလေ မဟုတ်ဘူးလား ''
"အေးပါ အဲ့တာကြောင့် အများမြင် Board နဲ့ ကျောင်း Website မှာ
မင်းရဲ့ သတင်းလေးတွေကမွှေးပျံ့ပွထနေတာလေ ''
"....???''
"ကျန်းကျန်း ''
"ကျင်းရွှယ် ''
"အေး နင်က စီနီယာလီဟွိုက်နဲ့ ဘာတွေလဲ ရှင်းပါအုန်း ''
"သူ့ကို ပြောမနေနဲ့ နင်လည်းပါတယ်ကျင်းရွှယ်''
"ငါက ဘာပါတာလဲ ''
"သပွတ်အူထဲမှာလေ သွားကြည့်ပါအုန်း အများမြင် Board မှာ ''
ကျင်းရွှယ်က ဘာကိုဆိုလိုတာလဲ ရှောင်ကျန်း မသိသလို ကျိုးချန်ဘာတွေပြောနေမှန်းလည်း နားမလည်။
နောက်ဆုံးမှာတော့ ကျိုးချန်သည် ရှောင်ကျန်းနှင့် ကျင်းရွှယ်ရဲ့လက် ကို ဆွဲပြီး အများမြင် Boardရှေ့သို့
ခေါ်လာခဲ့သည်။
ထိုနေ့က ဝမ်ရိပေါ် ကျောင်းလာမတက်ခဲ့ပေ။
ဒီအပိုင်းကပေါ့သွားတယ်
Zawgyi
ည၉နာရီကျော် ခန့်တွင်
"ဟင် ဝမ်ရိပေါ် ''
"အား စိတ်ရှုပ်လိုက်တာ ''
လီဟွိုက် ဆီက။
"ဝေ ''
".......''
".........''
"........''
"အမယ်လေး လန့်လိုက်တာ ''
......................................
ဟာ ဘာလဲကွာ ''
....................................
"ကျင်းရွှယ် ''
နင်ရော ''
".......''
"ထူးဆန်းနေလို့လား ''
.
.
"ဟမ် ဘာဖြစ်လို့လဲ ''
စားလိုက်အုန်း ''
" ရှောင်ကျန်း နင် ''
ပြောင်ခါနေတာပဲ ''
"အ ''
"မှတ်ပြီလား ''
"ရုပ်ဆိုးကောင် ''
"သွားတော့မလို့လား ''
မုန့်ဖိုး ယူထားလိုက် ''
မမြင်ခဲ့။
.................................
"သား ပြန်လာပြီလား ''
"ဟုတ် ပါးရေ မောနင်း ''
အဝတ်လဲလိုက်အုန်းမယ် ''
"အေးအေး ''
.
.
"သားကျန့် ''
"ဗျာ ပါးပါး ''
"ပြောစရာရှိလို့လား ''
"......''
"အဲ့တာ ''
"ဟုတ် ပါးပါး''
"သခင်လေး ဧည့်သည် ''
ဧည့်မခံတော့ဘူးနော် ''
.....................................
Advertisement
- In Serial63 Chapters
His Replaced bride ✔
#1 on Indian#1 on Forced Marriages#1 on Billionaire#1 on Romance #2 on Arrange Marriages #4 on Romance#13 on Romance Marriage is one of the greatest blessings in life, and choosing your spouse is one of the most important decisions you will ever make.But not her Samaira, she never wanted to marry like that. She wanted to achieve something first, being from a middle-class family, growing up without a parent's love. She wanted to become a doctor but her all dream got broken the day, when her uncle asked her to do something in return of his year's love, he had given to her.She could not refuse. Unwillingly she becomes his replaced bride.Someone's replacement.Abhimaan Rajvansh, a man of pride, arrogance, traditional values. He is the pride of his family. The most handsome and one of the eligible bachelor. Every girl dreams to be with him, he's enjoying his life fullest and suddenly he got to know that he's getting married. Will he accept his replaced bride? When her family was the reason for his family's embarrassment. Will he ever understand her? Will they ever find their soulmate in each other?Join their journey of trust, respect, compatibility and love.Unedited, with lots of grammatical errors. Cover by @Aarya_25
8 254 - In Serial45 Chapters
The Three CEOs
Silas, Sawyer, and Sage Sanders: Three of the youngest billionaires in the world. And three of the most sought-out bachelors available. Owning a multi-billionaire company, Sanders Corporation, the three brothers have risen from their parents' ashes and have taken the world by storm. Their only problem? They are arrogant, entitled, and cold. So what happens when Caden Wilson, a sweet, innocent, but damaged young soul comes crashing into their lives? +++Her face turns towards the bar, and I get somewhat of a clear image of what she looks like and my body freezes. Vanessa detaches her lips from my neck and says something but my mind doesn't register her words. All I can think about is HER. Dancing there with some motherfucker who isn't me. Without a second glance, I stalk toward the dance floor where she is, leaving Vanessa stranded and confused. But I don't give a fuck. Not when I know that someone else's hands are on HER.+++Rankings:#5 in ragstoriches #4 in newauthor #11 in innocent#14 abuse#1 in fiction
8 274 - In Serial30 Chapters
Humiliation Of A Samurai
C H A P T E R N I N E draft in progress - Part III published. Chapters 1 - 8 can be heard as audiobooks on YouTube: HUMILIATION OF A SAMURAI as audiobook on YouTube One week after Margaret pulls the plug on her relationship with Vincent, a decade-old video of their performance as a musical duo called Citizen Samurai goes viral, and they're hired as an opening act for an aging British boy band's reunion tour. Their romantic collaboration is kaput, but Vincent and Margaret seize the chance to achieve creative dreams by portraying themselves as a dedicated couple, singing intimate songs onstage while finding separate ways forward during a European summer tour.
8 210 - In Serial53 Chapters
Until I Really Do
(Highest ranking #1 in historical)"I volunteer. I will be your wife..." When he rose a brow, she covered the distance between them, her jaw set. "In name only."He seemed to consider her words for a few seconds. "No," He finally said."What?!" Her pitch rose a notch, disappointment lacing her voice.Taking a step that brought him face to face with her, "If you must be my wife, Blondie, then you must truly be my wife -in name, and in body." He leaned forward, his warm breath tickling her skin as his eyes ran down the length of her. "Frankly," He raised his eyes back to her. "I want all of you. All, or nothing."____________________________________Sharon Annabella Freelance is the only daughter of George Freelance, the town's drunk gambler. Not only has he gambled everything away, but he has managed to gamble his daughter away also. Left with no other choice, Sharon must marry and learn to live with the man her father lost a bet to. Well, he can have her but he will never possess her heart. That, he can bloody bet on! __________________________________Mathew Steiner, in a desperate attempt to be independent, leaves the comfort of his father's wealth, moves to a small town, and buys a mansion he cannot fully afford yet. When Mathew's only hope of paying fully for the house is dashed, he is faced with two options; return to his father, a failure or, get his hands on his inheritance left by his grandfather. There is only one problem with option two; he must find a wife to do so. Copyright © 2016-2017 Lily OrevbaAll rights reserved. No part of this publication may be reproduced, distributed, or transmitted in any form or by any means, including photocopying, recording, or other electronic or mechanical methods, without the prior written permission of the publisher.
8 224 - In Serial61 Chapters
Bi-Curious (BoyxBoy)
Local bad boy, Ethan Dechart, is starting to get worried about his friends as they start getting him into more and more trouble. Luckily, he's saved when he meets a new friend who shows him that he doesn't have to put up with his crew. College freshman, Charlie King, is handsome, witty, and compassionate, with many secrets hidden away in his leather journal. When he offers Ethan a hookup he can't turn down, Ethan starts to question things about himself and his sexuality.⚠️ Warning ⚠️: Dark topics and mature language/topics. Updates every Friday!Writers: @thesecretwriter888 and Jexis Kane- 2ND PLACE WINNER OF ACHERON AWARDS
8 108 - In Serial42 Chapters
OUR JOURNEY OF LOVE
SHE HATED HIM ,HE HATED HER LOVE WAS SOMETHING WHICH WAS NOT THEY CUP OF TEA BUT GOD BEING A CRAZY ONE HICHED THEM TOGETHER LETS SEE WHAT HAPPENS SHRUTI:A PURE BEAUTY, VERY CRAZY HER LIFE WAS A BEST HAVING A LOVEABLE PARENTS ,CRAZY SISTER AND A BUNCH OF NAUGHTY FRIENDS SHE IS A HARD NUT TO CRACK SHE IS DOING HER MASTER DEGREE SHREYAS:A HANDSOME HULK, HE IS A POSSESSIVE, COLD ATTITUDED ,ARROGANT MAN HE HATES SHAREING HIS THINGS WITH OTHERS HE HAS A SECRET NO ONE KNOWS EXCEPT HIS BEST FRIEND. WILL THE HATE BETWEEN THEM CHANGE INTO LOVE ??WILL THEY FIND LOVE !!WHAT IS THE SECRET??NOT WASTING MUCH TIME LETS JUMP INTO THE STORY RANKED 1st :Tamil On 23rd February 2020RANKED 7TH :COLLEGE ON 3RD MARCH 2020RANKED 1RD :EARNING On 5TH MARCH 2020RANKED 1RD ON :CHENNAI ON 5TH MARCH 2020⚠️ WARING:I DON'T OWN THE PICTURES or the Cover ,EVERYHING IS FROM GOOGLE AND INSTAGRAM⚠️some romantic sceans may occur 🤷♀️
8 124