《A small cloud (Complete )》၁၃
Advertisement
"ဟင် ဒါက ''
ကျင်းရွှယ်ကဆိုရင်း အံ့သြတကြီး ရှောင်ကျန်း ကို လှမ်းကြည့်သည်။
ရှောင်ကျန်း က မျက်မှောင့်ကျုံ့ကာ
အများမြင်Boardပေါ်က ပုံတွေကို ကြည့်နေသည်။နူတ်ဖျားမှလှောင်ရယ်ကာရေရွတ်ရင်း...
"ဟက် ဘာအရူးထနေတာလဲ မသိဘူး လူတွေများ ''
"ဘာဖြစ်လို့လဲ အားကျန်း''
"ကျိုးချန် ငါက မိန်းကလေးလား''
"မင်းက ယောကျာ်းလေးလေ''
"အေးလေ ယောကျာ်းလေးနှစ်ယောက် ကို တွဲပြီးပေးစားနေတာသူတို့ ရူးနေတာ မဟုတ်လို့ဘာဖြစ်ရမှာလဲ''
"ဒါဆို ကျင်းရွှယ် နဲ့ ''
ကျိုးချန်က ကျင်းရွှယ်နဲ့ ရှောင်ကျန်း မနေ့ကမနက်ခင်းတွင် ပြေးရင်းအတူတွေ့ဖြစ်ပြီး စကားပြောနေပုံများနဲ့
ခေါက်ဆွဲဆိုင် မှာ ခေါက်ဆွဲစားရင်း တစ်ယောက်နဲ့တစ်ယောက်ရန်တွေ့နေပုံများအား ပြရင်း ပြောသည်။
"..........''
"မင်းကို ကျောင်းမှာ နာမည်ဖျက်ချင်တဲ့သူရှိနေပြီ ''
"ငါက ဘယ်သူနဲ့မှ ပြဿနာ မရှိခဲ့ဘူး အဲ့တာ ဘယ်သူများဖြစ်နိုင်မလဲ''
"ဝမ်ရိပေါ်??''
"မဟုတ်သေးဘူး ကျင်းရွှယ် ဝမ်ရိပေါ်က အားကျန့်ကို လိုက်ပိုးတာ သိတယ်မလား ဒါဆို ဝမ်ရိပေါ်ကို ကြိုက်နေတဲ့သူ ''
"ဖြစ်နိုင်တယ် ဘယ်သူဖြစ်မလဲ''
ကျိူးချန်၏စကားအားရှောင်ကျန်းကလက်ခံလိုက်သည်။
ထိုစဉ် မေးကို ပွတ်ကာ စဉ်းစားနေသော ကျင်းရွှယ်က စဉ်းစားရသွားပုံပင် ထပြောလာသည်။
"ငါကတော့ ကရောင်းလို့ထင်တယ်''
"ဟို ထိုင်းမလေးလား''
ကျိုးချန်က သိသလိုထမေးလိုက်ပေမယ့် ရှောင်ကျန်းကတော့ အခုထိ မသိ။
"အင်း ''
"ငါ့ကို ပြောကြပါအုန်း ဘယ်က
ကရောင်းလဲ မသိလို့ ရှင်းကြပါဟ''
"လွန်ခဲ့တဲ့ ၂ပတ်လောက်က ပြောင်းလာတာ သူက ရိပေါ်ကောကိုကြိုက်နေတာ ရိပေါ်ကောတို့အခန်းထဲကပဲ''
"အော် အဲ့လို ''
".......''
"အဲ့တာက နောက် အခုတော့ ဒီBoardပေါ်ကပုံတွေဘာလုပ်ကြမလဲ ''
"ထားလိုက်ပါ သူတို့စိတ်သက်သာရာရဖို့အတွက် ထားပေးလိုက် ငါက မဟုတ်ဘဲ ခေါင်းထဲမှာ ထည့်မထားနိုင်ဘူး အချိန်တန်ရင်နပိန်ကန်လိမ့်မယ်''
"အော် အေးပါ ''
"နင်တို့နှစ်ယောက်တော်ကြတော့
အတန်းစတော့မှာ သွားရအောင် အချိန်နီးနေပြီ ''
ကျိုးချန်နဲ့ ရှောင်ကျန်း လက်အား
ဆွဲကာ ပြေးသွားသော ကျင်းရွှယ်သည် အရပ်မနိမ့်မမြင့် ချစ်စရာကောင်းသည် ။
ဒါကြောင့် အရင်က ဝမ်ရိပေါ်က တစ်ခွန်းဆိုတစ်ခွန်းပဲ သိပ်နားထောင်သည်။ မျက်နှာတောင် အညိုးမခံဘဲ ချစ်တတ်လွန်းသည့်
ဝမ်ရိပေါ်ပါ ။
အခုက ဘာတွေဘယ်လို ဆေးစားမှားတာလား မသိ။ ရှောင်ကျန်းကို အသေရရအရှင်ရရ တွယ်ကပ်နေသည်။
နောက်မှ လောရှည်နှစ်ကောင်သည်
ကျင်းရွှယ် ခေါ်ရာနောက်သို့
ကန့်လန့်ပါသွားလေသည်။
.....................................
"ညီ ''
ခေါ်လာတဲ့အသံက နူးညံ့စွာ ။
ဘယ်သူဆိုတာကို တန်းသိသည်မို့
ရှောင်ကျန်း က ခေါင်းကိုမော့ကာ
ပြုံးပြလိုက်သည်။
"အာ အစ်ကို ဘာကိစ္စလဲ ''
"အစ်ကို့ကြောင့် ညီကို ထိခိုက်စေမိပြီတောင်းပန်ပါတယ်''
စာကြည့်တိုက်တွင် အားလပ်ချိန်စာလာဖတ်နေသူအများအပြားရှိသည်မို့
အသံကို နိမ့်ပြောနေသည့် လီဟွိုက်က သဘောရိုးနဲ့ တောင်းပန်နေသည်ထင်ပါရဲ့။
"အာ မလိုပါဘူး သူတို့က ဦးနှောက်က အခွံလွှတ်နေတာဖြစ်မယ် ယောကျာ်းနှစ်ယောက်ကို လိုက်ပေးစားနေတာ ရယ်ရတယ်မလား ''
ပေါ့ပါးစွာ ပြန်ဖြေလာသည့် ကောင်လေးကို လီဟွိုက် ငေးမဆုံးပေ။
ဘာလို့ အဲ့လောက်ထိ ချစ်စရာကောင်းနေရသည်လဲ။နားမလည်တော့ ။ သေချာသည်က လီဟွိုက်ကွေးနေပြီဆိုတာပင်။
"........''
"ကဲ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုန်း ''
ရှောင်ကျန်း ထွက်သွားမည်အပြု
ဆွဲလိုက်သည့်လက်တစ်စုံ။
"အစ်ကိုမင်းကိုပြောစရာရှိတယ် ညီ''
"???''
".......''
"အာ ကောင်းပြီလေ လက်ကိုလွှတ်ပါအုန်း ထွက်မပြေးပါဘူးဗျ ''
"ဟုတ်သား ဆောရီးဆောရီး ''
လီဟွိုက်က မျက်နှာထားပန်းနုရောင်တွေသန်းကာ ရှယ်ရယ်ရယ်ပြီးဖြေလာသည်။
လီဟွိုက်က အပျိုဖြန်လေးနဲ့ပင်တူလှ၏။
"ကဲ ပြောလေ ဘာပြောမှာလဲ ''
လည်ဂုတ်ကို မီးပွင့်မတတ်ရှက်ရမ်းရမ်းပြီးပွတ်နေသည့် လီဟွိုက်က ရယ်စရာလေးပင်။
"အစ်ကို မင်းကို ချစ်တယ် ညီ ''
သေချာစိုက်ကြည့်ကာ တစ်ခွန်းချင်းလေးနက်စွာ ပြောပြီးပြေးထွက်သွားသော လီဟွိုက်ကြောင့်ရှောင်ကျန်းမှာ အတောင့်လိုက် ကျောက်ရုပ်ကြီးလို ဖြစ်နေခဲ့သည်။
ဘာရယ် ဘယ်လိုလူလဲမသိဘူး ရည်းစားစကားကပြောသေး အဖြေလည်းတောင်းမသွားဘူး ငါက ရှက်ရမှာကို သူက ဝင်ရှက်သွားတယ် ဘာလဲ ငါ့အစား ရှက်ပေးတာလား
ရှောင်ကျန်း တစ်ယောက်တည်း အတွေးပင်လယ် ဝေနေမိသည်။
———————————
ရိပေါ် နေမကောင်း၍ကျောင်းမတက်ရသော်လည်း အိမ်မှာပဲ သတင်းထောက်လှမ်းနေမိသည်။
တစ်ရက်ကလေးပင် ရှောင်ကျန်း နဲ့ အဆက်အသွယ်မပြတ်လိုတာကြောင့် ဟူကော်တို့အား စောင့်ကြည့်ခိုင်းထားခြင်းဖြစ်သည်။
သို့သော် ကြားလိုက်တဲ့ သတင်းသည် သူ့၏ရင်ဘတ်အား မီးစနဲ့ထိုးဆွသကဲ့သို့ခံစားရစေသည်။
Bunny ကို လီဟွိုက်က ရည်းစားစကားပြောသွားသည်တဲ့
Bunny က စိတ်မဆိုးသည့်အပြင်
ပြုံးပြုံးကြီး ကျေနပ်နေလေသတဲ့
"မဖြစ်ဘူး မနက်ဖြန် ငါ ကျောင်းပြန်တက်မယ် ဟုတ်တယ် ငါကျောင်းပြန်တက်မှဖြစ်မယ် Bunny သူများနောက် ပါသွားလို့ မဖြစ်ဘူး သူ့ကငါ့အတွက် ''
Advertisement
ရိပေါ်သည် အဖျားတွေပင် ကြက်ပျောက်ငှက်ပျောက် ဘယ်ဆီဘယ်ဝယ်ရောက်သွားလေသလဲမသိ။
အရေးမကြီးဘူး ။ အခုသူသိသည်က
ရှောင်ကျန်းနဲ့ နီးစပ်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပင် ။
ထို့သို့ဖြင့် ဝမ်ရိပေါ်သည်
အခန်းထဲရှိ ကုတင်ပေါ်မှာ ခြေလှည့်ခေါင်းလှည့် ဖြင့် စဉ်းစားတွေးတောရင်း ညနက်သွားလေသည်။
..................................
"သားလေး ''
"ဗျာ ပါးပါး ''
"နေမကောင်းဘူးလား ''
"ကောင်းပါတယ် ပါးပါးရဲ့ ဘာဖြစ်လို့လဲ ''
"မလန်းဘူးလားလို့ သားကို ကြည့်ရတာ ''
"ဟုတ် သားညနေက Basketball ကစားခဲ့လို့ နည်းနည်းလေး ပင်ပန်းနေလို့ ဒါနဲ့ ကိုကို ရော ''
ညစာစားရင်း ပါးရဲ့ အမေးကို ဖြေရင်း ထမင်းဝိုင်းမှာ လူမစုံတာကြောင့် ရှောင်ကျန်း မေးကြည့်လိုက်သည်။
"သား ကိုကိုက ဖျားနေတာ ဆန်ပြုတ်ပြင်ခိုင်းထားတယ် ပြီးမှ ဆေးနဲ့ သွားပို့မလို့ ''
"ဟုတ်လား သားသွားပို့လိုက်မယ်
ကိုကို့ကို ကြည့်ရတာ ကျောင်းမှာတုန်းက အကောင်းကြီးပါ ''
"ဟုတ်တယ် ပြန်လာတော့လည်း အကောင်းကြီးပါပဲ ဒါပေမယ့် တွေတွေကြီးဖြစ်နေတာ စမ်းကြည့်လိုက်တော့ ကိုယ်ငွေ့ရနေလို့''
"အော် ဒါဆို ပြီးရင် ကိုကို့ဆီ သားသွားကြည့်လိုက်မယ် ''
"အင်း သားငယ်သဘောလေ''
လီရန်ချင်းနဲ့လေပေးဖြောင့်နေသောသားကို ရှောင်သခင်ကြီးသဘောကျကာ ကြည့်နေမိသည် ။
အင်း ငါ့သားလေး လူပေါင်းဆံ့လာပြီပဲ
ရှောင်ကျန်း စားသောက်ပြီး ယွီချန်ရဲ့ အခန်းသို့ ဆန်ပြုတ် နဲ့ ဆေးယူကာ
ဝင်လာခဲ့လိုက်သည်။
"ကိုကို ဆေးသောက်ရမှာ ဆန်ပြုတ်လေးစားလိုက်အုန်း ''
"အာ ကျန်းကျန်း ''
"......''
အိပ်ယာပေါ်မှာ လှဲနေရာက ထထိုင်ပြီး ကြည့်လာတဲ့ ကိုကို့အား ရှောင်ကျန်းပြုံးပြလိုက်သည်။
ရှောင်ကျန်းခံစားမိနေသည်။
ကိုကို သူ့အပေါ်မှာ မရိုးသားတဲ့ စိတ်တွေရှိနေသည်ဆိုတာကို....
"ကျန်းကျန်းမှန်မှန်ပြောပြပါ
လီဟွိုက်ကို သဘောကျနေတာလား
ခံစားချက်ရှိနေပြီလား ''
".......''
"လီဟွိုက် နဲ့ တွဲမှာလား ''
"စဉ်းစားနေတာ ''
ရယ်ကျဲကျဲဖြင့် ဖြေလာသူ အား
ယွီချန် ငေးကြည့်နေမိသည်။
တကယ်ပဲ လီဟွိုက်နဲ့ တွဲမှာလား
ကျန့်ငယ်
".......''
"စားပြီး ဆေးသောက်နော် ပြီးရင် အိပ်တော့ ကိုကို နေကောင်းဖို့အရေးကြီးတယ်''
"အင်း ကျေးဇူးပါ ကျန်းကျန်း ''
နောက်တစ်နေ့ တွင်>>>>>
ကျောင်းမှာ ပျံ့နှံ့သွားသည့် သတင်းက
လီဟွိုက်နဲ့ ရှောင်းကျန့် တွဲနေကြပြီဆိုတဲ့သတင်း ။
ရိပေါ် ကျောင်းကို ရောက်ရောက်ချင်း အမောဆို့သွားရသည်။
"Bunny က လီဟွိုက်နဲ့ တွဲနေကြပြီ
မဖြစ်နိုင်တာ မနေ့ကပဲ ရည်းစားစကားဖွင့်ပြောပြီး အခု တွဲနေကြပြီ Bunny က နည်းနည်းလေးမှ မစဉ်းစားဘူးလား ဘာလဲ ''
ဝူယွမ်က မသိဘူးလေ ဆိုတဲ့ သဘောနဲ့ ပုခုံးတွန့်ပြသည်။
ဟူကော်နဲ့ လင်းရှန့်က လည်း အစောကြီး ဂိမ်းတိုက်နေကြသည်မို့ ရိပေါ်စကားကို
အာရုံရဟန်မတူ။
"ငါ သွားမေးမယ် အခုပဲ ငါသွားမယ် ''
ရိပေါ်က သက်ပြင်းချကာ ရှောင်းကျန့်အတန်းဘက်ကို ခြေလှမ်းတွေဦးတည်သည်။
"အများမြင် board က ကျင်းရွှယ်နဲ့ ပုံတွေကလည်း ပွထနေတာပဲ ထားပါ အဲ့တာကို
သူငယ်ချင်းတွေဆိုပြီး ခွင့်လွှတ်ပေးလို့ရတယ် ဒီ လီဟွိုက်က တော့ ''
"ရိပေါ် ''
ရိပေါ် တိုးတိုး ရေရွတ်ရင်း နောက်ပါးမှ ခေါ်သံကြားလိုက်ရ၍ လှည့်ကြည့်လိုက်သည် ။
"Crown ''
ငယ်ချစ်ကို တွေ့လိုက်ရ၍ နှလုံးသားက ရုတ်တရက် တင်းကျပ်မှုကို ခံစားလိုက်ရသည် ။
ဒါပေမယ့် ငါကမှ မင်းကို မချစ်တော့တာ
မင်းရောက်လာတာက ငါ့အတွက် ကံကောင်းခြင်းဖြစ်ပါရစေ ကျေးဇူးပြုပြီး ငါ့ကို စိတ်ဆင်းရဲအောင် ထပ်မလုပ်ပါနဲ့တော့
စိတ်ထဲကနေ တိုးတိတ်စွာ ဆုတောင်းနေရင်း သူမအား ပြုံးပြလိုက်သည်။
"အင်း မတွေ့တာကြာပြီနော် ကရောင်း ဘယ်တုန်းက ဒီကျောင်းမှာ တက်တာလဲ''
"ရိပေါ်က ကရောင်းကိုမေ့နေပြီထင်တာ နှစ်ပတ်လောက်ရှိပါပြီ ရိပေါ်နဲ့ တစ်ခန်းထဲ လေ ''
"အာ ဟုတ်လား ''
"အင်း နင်အရင်က မေးတဲ့မေးခွန်းကို ထပ်မေးဖို့ ဆန္ဒရှိသေးလား ရိပေါ် ''
ပြာလဲ့လဲ့ မျက်ဝန်းကြည်လေးတွေနဲ့သူမက ချစ်ဖို့ကောင်း သလို လှလည်းလှ သည်။
ဒါပေမယ့် သူမကို သဘောထားက အရင်းအတိုင်း မဟုတ်မှန်း Bunny ကြောင့် သိခဲ့ရပြီ
သူသည် Bunny အပေါ်သာ ချစ်ခင်စုံမက်သည် ။ Crown ကိုတော့ ငယ်ငယ်က
စိတ်ကစားတဲ့ အတွက် အချစ်ဟု ထင်မိခဲ့သည်။
"ငါတို့က မင်းပြောဖူးတဲ့အတိုင်း သူငယ်ချင်းတွေပဲလေ ကရောင်း ဘာကိုငါထပ်မေးရမှာလဲ ''
Advertisement
"........''
"သွားတော့မယ်နော် အရေးကြီးကိစ္စ ရှိလို့ ''
ဖြူဥနေတဲ့အသားအရေပေါ်က သွေးကြောစိမ်းလေးတွေနဲ့ နဂိုကလို ဆံပင်ရွှေရောင်
ဂုတ်ဝဲကေ မဟုတ်တော့ဘဲ ပိုပြီး ယောကျာ်း ဆန်ဆန်ချောမောလာတဲ့ ရိပေါ်ကို ငေးကြည့်ကျန်ခဲ့ရင်း တစ်ချိန်က သူမဘက်က ငြင်းခဲ့တာတွေကို နောင်တရချင်လာသည်။
"ငါ့ကို အခွင့်အရေးလေးတွေ ထပ်ပြီးပေးပါအုန်းလား ရိပေါ်ရယ် ''
မျက်လုံးပြာပြာလေးမှာ မျက်ရည်တွေဝိုင်းလျက် ငေးယုံသာတတ်နိုင်သည့် သူမအခြေအနေအား အကဲခတ်နေတဲ့ မိန်းကလေးတစ်ယောက် ရှိနေခဲ့သည်။
ပေါ့သွားတယ် ဇာတ်မျောကြီး ဖြစ်နေပြီလားမသိဘူး
Zawgyi
"ဟင် ဒါက ''
"မင်းက ယောကျာ်းလေးလေ''
"ဒါဆို ကျင်းရွှယ် နဲ့ ''
"..........''
"ဝမ်ရိပေါ်??''
ကျိုးချန်၏စကားအားရှောင်ကျန်းကလက်ခံလိုက်သည်။
"ဟို ထိုင်းမလေးလား''
"အင်း ''
"အော် အဲ့လို ''
".......''
"အော် အေးပါ ''
ဝမ်ရိပေါ်ပါ ။
ကန့်လန့်ပါသွားလေသည်။
.....................................
"ညီ ''
ပြုံးပြလိုက်သည်။
"အာ အစ်ကို ဘာကိစ္စလဲ ''
"........''
"???''
".......''
"ဟုတ်သား ဆောရီးဆောရီး ''
"ကဲ ပြောလေ ဘာပြောမှာလဲ ''
———————————
အရေးမကြီးဘူး ။ အခုသူသိသည်က
..................................
"သားလေး ''
"ဗျာ ပါးပါး ''
"နေမကောင်းဘူးလား ''
"အင်း သားငယ်သဘောလေ''
ဝင်လာခဲ့လိုက်သည်။
"အာ ကျန်းကျန်း ''
"......''
".......''
"စဉ်းစားနေတာ ''
ကျန့်ငယ်
".......''
နောက်တစ်နေ့ တွင်>>>>>
အာရုံရဟန်မတူ။
"ရိပေါ် ''
"Crown ''
"အာ ဟုတ်လား ''
"........''
Advertisement
- In Serial126 Chapters
Knot Of Destiny
☆ Ranked # 1 in romance (out of 2M stories) ☆☆ Ranked # 1 in india ☆☆ Ranked # 1 in forced marriage ☆23 year old, Harshika is a curvy girl who is the perfect definition for "adamant".. At the age of 13, she lost both of her parents in a car accident. Due to his unconditional love for his sister, her uncle had brought her to his house and reared her as his own daughter. She is staying in the servant quarter of the RN mansion with her uncle's family.Her only desire and goal is to marry her crush, RN mansion's younger son, Naresh kumar.. Her world and embody will always revolves around her crush naresh.. Her entire focus will be on how to get closer to him.. At one point she came to know that he was in love with his childhood sweetheart tashvi.. Cruel revelation shattered her dreams and desire mercilessly.. Even after she knew his relationship, she was very determined that her dream and desire to be his wife should never be broken.. Therefore, she began to proceed her evil plan to break off his relationship with the idea of making him as her's..How will she cope when fate smashes all of her plans and turns her life upside down ??.. What will happen when she was forced to get marry because of the conspiracy she made ??..Peep into the story to know how destiny played a game in her life..
8 446 - In Serial54 Chapters
Resisting A Cocky Billionaire
6 simple rules. 6 rules she was unconsciously breaking, simply by trying to resist him. Karma wasn't fair when her fiancé ran away on their wedding day. As if that wasn't enough, Karma shipped her to another world that had to involve her wealthy, cocky and arrogant ex boyfriend. A world that involved a deal with a man she hated terribly. But, a deal isn't really one if rules are broken right? What happens when the stubborn Aisha Ahmad tries to resist a cocky billionaire?
8 307 - In Serial92 Chapters
JAHS/ELEY
-bxb- just read it HOE
8 155 - In Serial9 Chapters
GAY TRAIN
WELCOME TO THE GAY TRAIN WHERE EVERYONE IS WELCOME EXCEPT FOR THOSE WHO ARE BIASED AND HOMOPHOBIC! WE SUPPORT EVERYTHING AND ANYTHING AND YOU WILL ALWAYS BELONG HERE. WE ARE YOUR FAMILY WHO WILL ALWAYS BE THERE TO SUPPORT YOU NO MATTER WHAT. JOIN THE RAINBOW FAM! JOIN US!
8 72 - In Serial10 Chapters
Mysterious Blue (KnB Fanfic)
There's another side of Japan that carries non humans, where a royal family rules over all monsters. One secret is that the royal family has a child, growing up in the castle reading novels and training to be the next ruler after his father. Now that he turns into a senior, his parents gives him a chance to experience how it feels to be out in the open and meet new people. But his identity remains a mystery to the outer world for him to be protected. ~Will this secret remain until than? ~Who is the hidden child? ~How strong will the prince be until he rules over?
8 155 - In Serial22 Chapters
In This Town
Alexa Morgan is perfect... or at least that's what meets the eye. However, looks can be deceiving. In reality, she's a young mother, with a secret that's eating her alive. When she ends up back where it all started, and has to face the very person she thought she may never see again, things get a bit hectic. As her guilt builds up, and a moment of weakness allows her secret to get out, what will happen between Alexa, and unknowing baby daddy, Jamison Lee?
8 149