《Tomorrow》Tomorrow Part-4 (Z+U)
Advertisement
#Zawgyi
ေနာက္တစ္ေန႔မွာေတာ့ Lisa တစ္ေယာက္ သူ႔အေမအတြက္ ပစၥည္းပုိ႔ေပးဖို႔ အျပင္ကုိ ထြက္လာခဲ့တယ္
သူ႔အေမရဲ႕ ေဖာက္သည္ဆီ ပစၥည္းပုိ႔ေပးၿပီးေနာက္ ဘတ္စ္ကားမစီးဘဲ အိမ္ကုိ လမ္းေလ်ွာက္ျပန္လာဖုိ႔ ဆုံးျဖတ္လုိက္သည္။
လမ္းေလ်ွာက္ရင္း လမ္းႏွစ္လမ္းကုိ ျဖတ္ေက်ာ္ၿပီးေနာက္ Rosတုိ႔ အလုပ္လုပ္ေနၾက ေကာ္ဖီဆုိင္နားသုိ႔ ေရာက္လာေလသည္။
Lisa ေကာ္ဖီဆုိင္ထဲ Rosမ်ား ႐ွိမလားဆုိၿပီး ေခ်ာင္းၾကည့္တယ္....ဒါေပမယ့္ မေတြ႔တာနဲ႔ ေနာက္တစ္ေခါက္ ျပန္လွည့္ၿပီး ျပန္ေခ်ာင္းၾကည့္တယ္
ဆိုင္ထဲ ေခ်ာင္းၾကည့္ရင္း စုံတြဲတစ္တြဲနဲ႔ ၀င္တုိက္မိသြားတယ္.......
"Lisa....."
Irene ျပံဳးၿပီး Lisaကုိ ႏႈတ္ဆက္လုိက္သည္။
"နင္ ဘာလုိ႔ ေခြၽးေတြထြက္ေနတာလည္း......."
Seulgiမွာ ေခြၽးေတြထြက္ေနတဲ့ Lisaကို ၾကည့္ၿပီး ေမးလုိက္သည္။ Ireneမွာေတာ့ တစ္ခုခုကုိ ေတြးမိၿပီး Seulgiေတာ့ သူနဲ႔ေလာင္းထားတဲ့ ေငြေတြ ႐ႈံးေတာ့မယ္ဆိုၿပီး ေပ်ာ္ေနေလရဲ႕
"Rosဆီ လာလည္တာလား....."
Irene ေမးလုိက္သည္။
"A...Aniyo...ငါ့အေမရဲ႕ ေဖာက္သည္ဆီ ခဏလာတာ...."
Lisa ခ်က္ခ်င္း ျငင္းလုိက္သည္။
"Honey ၾကားလား သူက သူ႔အေမေဖာက္သည္ဆီလာတာတဲ့...."
Irene ျပံဳးၿပီး Seulgiကို အထာနဲ႔ ေျပာေပမယ့္ ငတုံးေလး Seulgiကေတာ့ ဘာမွမသိေပ
"Come on.....Seulgiက ေကာ္ဖီ၀ယ္တုိက္မယ္တဲ့ အတူတူေသာက္ရေအာင္...."
Lisaရဲ႕ လက္ကုိ ဆြဲၿပီး Irene ေကာ္ဖီဆုိင္ထဲ ၀င္သြားတယ္.....
Seulgiကေတာ့ Irene သူနဲ႔ဒိတ္ေနတာကုိ ဘာလုိ႔ Lisaကို ေခၚတာလည္းဆုိၿပီး အူေၾကာင္ေၾကာင္ျဖင့္ ေတြးေန၏
စားပြဲ၀ုိင္းတြင္ အတူထိုင္ၿပီး ေရာက္တတ္ရာရာ အေၾကာင္းေတြ ေလ်ွာက္ေျပာေနၾကရင္း Lisa ေခြၽးေတြ ထြက္ထြက္လာတာကုိ Irene သတိထားမိသည္။
" ဟုိမွာ Ros"
Irene ေကာင္တာဘက္ကို Lisa ခ်က္ခ်င္းဘဲ လွမ္းၾကည့္လုိက္သည္။ ဒါေပမယ့္ Rosကို မေတြ႔ရေပ....
"Oh Ros ထင္ေနတာ မဟုတ္ဘူးဘဲ....."
Seulgiကုိ ၾကည့္ၿပီး Irene မ်က္ခုံးပင့္ျပကာ ေျပာလုိက္သည္။ သုိ႔ေသာ္လည္း အူေၾကာင္ေၾကာင္ Seulgiေလးကေတာ့ အခုထိ ဘာျဖစ္ေနမွန္းမသိေပ.......
Irene သူမွာခ်င္တာေတြ ေျပာျပီးေနာက္ Seulgi မွာ ေကာင္တာကုိ သြားၿပီး သူ႔ခ်စ္သူအတြက္ မွာေပးရ၏
"Miss .....ငါ့အတြက္.. ..."
"Sorry Miss....ကြၽန္မရဲ႕ တာ၀န္အခ်ိန္က ၿပီးသြားလုိ႔ ေနာက္တစ္ေယာက္ကုိ မွာေပးပါေနာ္"
ေကာင္တာက ေကာင္မေလးမွာ ထုိသုိ႔ေျပာၿပီး ထြက္သြားေလ၏
"Seulgi.. ..."
Ros အ့ံျသသြားတယ္
"Oh Ros.....Ireneနဲ႔ ငါက အတူလာတာေလ....."
Ireneကလည္း Rosကုိ လက္လွမ္းျပသည္။
"တကယ္က ငါတို႔ ႏွစ္ေယာက္က ဒိတ္ဖုိ႔လာတာ.....Lisa ဒီဆုိင္ထဲ ေခ်ာင္းၾကည့္ေနတာေတြ႔လုိ႔ သူ႔ကုိပါ ေခၚလာတာ........"
"Lisa နင္က ဒီထဲ ေခ်ာင္းၾကည့္ေနတာလား......"
Ros တစ္ေယာက္ Lisa ကုိ လွမ္းေမးလုိက္တယ္
"အာ...မၾကည့္ပါဘူး ငါ့အေမအတြက္ ပစၥည္းပုိ႔ေပးရင္း ဒီေ႐ွ႕က ျဖတ္သြားတာပါ....."
Seulgiမွာ သူ႔ရဲ႕ ထူးဆန္းတဲ့ ပတ္၀န္းက်င္ကုိ သတိမထားမိ ဘဲ Irene အတြက္သာ မွာစရာ႐ွိတာ မွာေန၏.....
"Lisa ဘာမွာအုံးမလည္း နင္ျကိဳက္တာမွာေလ
ငါ ၀ယ္ေကြၽးပါမယ္....."
"Rosကို ငါႀကိဳက္တယ္.....Seulgi "
Lisa ရဲ႕ စကားေၾကာင့္ Ros လွမ္းၾကည့္ေတာ့ Lisa နဲ႔အၾကည့္ခ်င္းဆုံသြားေလသည္။
"Rosကုိ လုိခ်င္တယ္ ဟုတ္လား...."
"အာ ငါေျပာတာ ႏွင္းဆီလက္ဖက္ရည္ေသာက္ခ်င္တယ္လုိ႔ ေျပာတာ...."
"ေအာ္ ႐ွိတယ္ ႏွင္းဆီလက္ဖက္ရည္...."
Seulgi တစ္ေယာက္ မွာစရာ႐ွိတာ မွာ ပုိက္ဆံ႐ွင္းၿပီး Ireneတုိ႔ဆီ ျပန္လာတယ္....Lisaကေတာ့ အိမ္သာထဲကို ၀င္သြားတယ္.....
အိမ္သာထဲတြင္ မွန္ကုိ ၾကည့္ရင္း
"Ros....Lisa...ဘာေတြေျပာေနတာလည္း ႐ူးေနတာလား....."
Lisaတစ္ေယာက္ Ros နဲ႔ ေတြ႔တုိင္း အျမဲ စိတ္လႈပ္ရွားေနမိလုိ႔ သူ႔ကုိယ္သူ သတိေပးကာ အိမ္သာထဲက ထြက္လာလုိက္သည္။
သူ႔ကုိယ္သူ စိတ္ၿငိမ္ေအာင္လုပ္ၿပီး အိမ္သာထဲက ထြက္လာစဥ္ အိမ္သာေ႐ွ႕မွာ Rosနဲ႔ေတြ႔ၿပီး ထပ္ၿပီး စိတ္လႈပ္႐ွားျပန္ေလသည္
#tbc
#Unicode
နောက်တစ်နေ့မှာတော့ Lisa တစ်ယောက် သူ့အမေအတွက် ပစ္စည်းပို့ပေးဖို့ အပြင်ကို ထွက်လာခဲ့တယ်
သူ့အမေရဲ့ ဖောက်သည်ဆီ ပစ္စည်းပို့ပေးပြီးနောက် ဘတ်စ်ကားမစီးဘဲ အိမ်ကို လမ်းလျှောက်ပြန်လာဖို့ ဆုံးဖြတ်လိုက်သည်။
လမ်းလျှောက်ရင်း လမ်းနှစ်လမ်းကို ဖြတ်ကျော်ပြီးနောက် Rosတို့ အလုပ်လုပ်နေကြ ကော်ဖီဆိုင်နားသို့ ရောက်လာလေသည်။
Advertisement
Lisa ကော်ဖီဆိုင်ထဲ Rosများ ရှိမလားဆိုပြီး ချောင်းကြည့်တယ်....ဒါပေမယ့် မတွေ့တာနဲ့ နောက်တစ်ခေါက် ပြန်လှည့်ပြီး ပြန်ချောင်းကြည့်တယ်
ဆိုင်ထဲ ချောင်းကြည့်ရင်း စုံတွဲတစ်တွဲနဲ့ ဝင်တိုက်မိသွားတယ်.......
"Lisa....."
Irene ပြုံးပြီး Lisaကို နှုတ်ဆက်လိုက်သည်။
"နင် ဘာလို့ ချွေးတွေထွက်နေတာလည်း......."
Seulgiမှာ ချွေးတွေထွက်နေတဲ့ Lisaကို ကြည့်ပြီး မေးလိုက်သည်။ Ireneမှာတော့ တစ်ခုခုကို တွေးမိပြီး Seulgiတော့ သူနဲ့လောင်းထားတဲ့ ငွေတွေ ရှုံးတော့မယ်ဆိုပြီး ပျော်နေလေရဲ့
"Rosဆီ လာလည်တာလား....."
Irene မေးလိုက်သည်။
"A...Aniyo...ငါ့အမေရဲ့ ဖောက်သည်ဆီ ခဏလာတာ...."
Lisa ချက်ချင်း ငြင်းလိုက်သည်။
"Honey ကြားလား သူက သူ့အမေဖောက်သည်ဆီလာတာတဲ့...."
Irene ပြုံးပြီး Seulgiကို အထာနဲ့ ပြောပေမယ့် ငတုံးလေး Seulgiကတော့ ဘာမှမသိပေ
"Come on.....Seulgiက ကော်ဖီဝယ်တိုက်မယ်တဲ့ အတူတူသောက်ရအောင်...."
Lisaရဲ့ လက်ကို ဆွဲပြီး Irene ကော်ဖီဆိုင်ထဲ ဝင်သွားတယ်.....
Seulgiကတော့ Irene သူနဲ့ဒိတ်နေတာကို ဘာလို့ Lisaကို ခေါ်တာလည်းဆိုပြီး အူကြောင်ကြောင်ဖြင့် တွေးနေ၏
စားပွဲဝိုင်းတွင် အတူထိုင်ပြီး ရောက်တတ်ရာရာ အကြောင်းတွေ လျှောက်ပြောနေကြရင်း Lisa ချွေးတွေ ထွက်ထွက်လာတာကို Irene သတိထားမိသည်။
" ဟိုမှာ Ros"
Irene ကောင်တာဘက်ကို Lisa ချက်ချင်းဘဲ လှမ်းကြည့်လိုက်သည်။ ဒါပေမယ့် Rosကို မတွေ့ရပေ....
"Oh Ros ထင်နေတာ မဟုတ်ဘူးဘဲ....."
Seulgiကို ကြည့်ပြီး Irene မျက်ခုံးပင့်ပြကာ ပြောလိုက်သည်။ သို့သော်လည်း အူကြောင်ကြောင် Seulgiလေးကတော့ အခုထိ ဘာဖြစ်နေမှန်းမသိပေ.......
Irene သူမှာချင်တာတွေ ပြောပြီးနောက် Seulgi မှာ ကောင်တာကို သွားပြီး သူ့ချစ်သူအတွက် မှာပေးရ၏
"Miss .....ငါ့အတွက်.. ..."
"Sorry Miss....ကျွန်မရဲ့ တာဝန်အချိန်က ပြီးသွားလို့ နောက်တစ်ယောက်ကို မှာပေးပါနော်"
ကောင်တာက ကောင်မလေးမှာ ထိုသို့ပြောပြီး ထွက်သွားလေ၏
"Seulgi.. ..."
Ros အံ့သြသွားတယ်
"Oh Ros.....Ireneနဲ့ ငါက အတူလာတာလေ....."
Ireneကလည်း Rosကို လက်လှမ်းပြသည်။
"တကယ်က ငါတို့ နှစ်ယောက်က ဒိတ်ဖို့လာတာ.....Lisa ဒီဆိုင်ထဲ ချောင်းကြည့်နေတာတွေ့လို့ သူ့ကိုပါ ခေါ်လာတာ........"
"Lisa နင်က ဒီထဲ ချောင်းကြည့်နေတာလား......"
Ros တစ်ယောက် Lisa ကို လှမ်းမေးလိုက်တယ်
"အာ...မကြည့်ပါဘူး ငါ့အမေအတွက် ပစ္စည်းပို့ပေးရင်း ဒီရှေ့က ဖြတ်သွားတာပါ....."
Seulgiမှာ သူ့ရဲ့ ထူးဆန်းတဲ့ ပတ်ဝန်းကျင်ကို သတိမထားမိ ဘဲ Irene အတွက်သာ မှာစရာရှိတာ မှာနေ၏.....
"Lisa ဘာမှာအုံးမလည်း နင်ကြိုက်တာမှာလေ
ငါ ဝယ်ကျွေးပါမယ်....."
"Rosကို ငါကြိုက်တယ်.....Seulgi "
Lisa ရဲ့ စကားကြောင့် Ros လှမ်းကြည့်တော့ Lisa နဲ့အကြည့်ချင်းဆုံသွားလေသည်။
"Rosကို လိုချင်တယ် ဟုတ်လား...."
"အာ ငါပြောတာ နှင်းဆီလက်ဖက်ရည်သောက်ချင်တယ်လို့ ပြောတာ...."
"အော် ရှိတယ် နှင်းဆီလက်ဖက်ရည်...."
Seulgi တစ်ယောက် မှာစရာရှိတာ မှာ ပိုက်ဆံရှင်းပြီး Ireneတို့ဆီ ပြန်လာတယ်....Lisaကတော့ အိမ်သာထဲကို ဝင်သွားတယ်.....
အိမ်သာထဲတွင် မှန်ကို ကြည့်ရင်း
"Ros....Lisa...ဘာတွေပြောနေတာလည်း ရူးနေတာလား....."
Lisaတစ်ယောက် Ros နဲ့ တွေ့တိုင်း အမြဲ စိတ်လှုပ်ရှားနေမိလို့ သူ့ကိုယ်သူ သတိပေးကာ အိမ်သာထဲက ထွက်လာလိုက်သည်။
သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်ပြီး အိမ်သာထဲက ထွက်လာစဉ် အိမ်သာရှေ့မှာ Rosနဲ့တွေ့ပြီး ထပ်ပြီး စိတ်လှုပ်ရှားပြန်လေသည်
#tbc
Advertisement
- In Serial26 Chapters
Down the sewer (complete)
Ria Battista is a 21-year-old young college-goer: happy, healthy, and ravishing. She has Long legs, beautiful golden hair, creamy soft skin, deep blue eyes, a sharp nose, and a soft jaw. Her parents are well off. Her life is great. Her friends call her princess. Her science teacher has a crush on her. She knows. She’s flying through her life. Everything is perfect, but one day she fell down the sewer and her life changed forever.
8 133 - In Serial97 Chapters
Tasìa Del Alma-Gris
Where the borders of four nations in South America meet social and economic anarchy thrived for generations before the Cull Spores rained down a psychosis causing plague on the population. An emergency declared, the region is renamed the Quadra as the four Nations agree to relinquish their sovereignty to an international body called the Salvage. Tasìa del Alma-Gris raised in a poor barrio in the city of Rossara spent her early adult years in a convent. Overwhelmed by boredom fueled wonderlust she discovers a natural talent for cat burglary as the emergency grew and those with the resources to escape the infected area did so, leaving their wealth behind. She lives the high life until the day, betrayed by accomplices, she is caught by bounty hunters and sent to Ward Nueve, a worker's collective inside a hospital for inmates. There, her problems begin in earnest.
8 161 - In Serial11 Chapters
A Parallel Dream
Due to a recent rating, the story may not be featured or shown anywhere on Royal Road. If you enjoy the story, please rate and favorite. It really helps to keep me motivated and ensure others get to see the story. Thank you! Elijah Arrington was never a person many gave a second thought about. He and his sister, Abigail, lived alone while his parents worked out of town. However, one day, something odd happened while he made a trip into town. Within an instant, Eli is forced into an alternate world where his survival and the survival of those around is in danger. Eli must push forward to protect those that mean everything to him, while also attempting to make it back to his own world. If he doesn't, he risks losing everything. The series will have two chapters published each week. Depending on its popularity, more chapters may be published in quicker succession.
8 165 - In Serial7 Chapters
Mage Blessed
James leads a busy life as a software developer for a big tech company. One late night too often, he is teleported to a world full of magic and wonder. He is marked as 'Mage Blessed' due to the magical markings on his hand, a special gift that people are born with and spend their life cultivating. Yet his mark is different and his magic unusual. An unfamiliar gift in an unfamiliar world. Can he use his wits and intelligence to craft a life for himself in this wonderful yet perilous world?
8 142 - In Serial18 Chapters
Suicide, depressed, self harm quotes
TRIGGER WARNING.Complete.I don't own these poems. I might occasionally write my own idk.Pm me if ya need.
8 170 - In Serial40 Chapters
Love on First Spark | Boboiboy x Reader |
Disclaimer: Boboiboy is owned by Monsta. None of the story plots are from the series/episodes and movies. All are ideas of mine.~~~Y/n L/n was born with a different life. She was born with a power she can possess. A power to create storms. Thunderstorms. With this power, she lost her parents. People tried to kidnapped her just for money because of her abilities and her parents protected her. She kept her power from everyone. Not until she was asked by her grandpa's friend Tok Aba to stay at their home as long as she wants to.She went to their hometown and featured Boboiboy and his gang who also possess element and other kind of power even if it's just from their power watches. She go along side them,friends them, joined them in their journey throughout the galaxy.And most of all. Fall in love.They'll discover her abilities. Her power she's been keeping. Her first spark infront of the public. Infront of him.
8 151

