《Ding-dong(Season 1)(Completed)》(1)ရှင်းဟွားကျောင်း
Advertisement
ရှင်းဟွားကျောင်းဆိုတာက နှစ်ပေါင်းတစ်ရာကျော်လောက်ထဲက တည်ထောင်ခဲ့သော ကျောင်းတစ်ကျောင်းဖြစ်သည်။
ပညာရေးကောင်းမွန်ပြီး အုပ်ချုပ်ခဲ့တဲ့ ကျောင်းအုပ်တွေရဲ့ အုပ်ချုပ်မှုက ကျောင်းကို တရုတ်မှာ နာမည်အကြီးဆုံး ဖြစ်လာစေသည်။
ရှေးခေတ်အငွေ့အသက်တွေနဲ့ ထည်ဝါလှတာကြောင့် သရဲခြောက်သည်ဟုပင် နာမည်ကြီးလေသည်။သို့သော် ကျောင်းနေတဲ့ကျောင်းသားတွေကတော့ တစ်ခါမှတော့ အခြောက်မခံရသဖြင့် ကောလဟာလဟုသာ သတ်မှတ်ထားကြသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်လောက်က အရမ်းကို ဆိုးဝါးတဲ့ ဝိဉာဥ်တစ္ဆေကြီးတစ်ယောက်ရှိတယ်...သူက မသေခင်က အရမ်းကို အောင်မြင်ကျော်ကြားတဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ဘဲ....သူက လုပ်ကြံခံရပြီး သေသွားခဲ့တာ...သူသေပြီးတဲ့နောက်မှာ သူ့ဝိဉာဥ်က သူ့ကို လုပ်ကြံတဲ့သူတိုင်းကို ပြန်သတ်ခဲ့တယ်...အဲ့လူတွေရဲ့ သားစဥ်မြေးမြစ်အထိပါ သတ်ဖြတ်တာ...အဲ့တာကြောင့် စွမ်းအားကြီးတဲ့ နတ်ဆရာမတစ်ယောက်က သူ့ဝိဉာဥ်ကို ဖမ်းချုပ်ပြီး သူ့ရဲ့ပုံတူရုပ်ထုထဲမှာ ထည့်ပိတ်ထားလိုက်တယ်တဲ့....သူ့ကို တစ်ယောက်ယောက်က နမ်းမှ ရုပ်ထုထဲက ထွက်နိုင်မှာတဲ့...ကြောက်စရာကြီးနော်"
"ဟွန့်....ပေါက်တတ်ကရတွေ"
ရှောင်းကျန့် သူငယ်ချင်းဖြစ်သူ ဖန်မုဟန်ရဲ့ မဟုတ်ကဟုတ်က စကားတွေကို အယုံအကြည်မရှိပေ။သူက သရဲကြောက်တတ်တာကြောင့် ဒီလိုပုံပြင်တွေကို လုံးဝနားမထောင်ချင်ပါ။
"ရှောင်းကျန့်....မင်းကြောက်နေတယ်မလား"
"မကြောက်ပါဘူးနော်...ငါက ယောကျ်ားကွ...သရဲကြောက်စရာလား"
ရှောင်းကျန့် သူ့ရဲ့နောက်သူငယ်ချင်းတစ်ယောက်ဖြစ်သည့် ရီချုံးမိုရဲ့ စနောက်မှုကို ပြန်ပြောလိုက်သည်။သူ့မှာ သူငယ်ချင်းဆိုလို့ ဖန်မုဟန်နဲ့ ရီချုံးမိုသာ ရှိပါသည်။
သူတို့က အလယ်တန်းထဲကနေ အခုအထက်တန်းနောက်ဆုံးနှစ်အထိ အတူတူပင်ဖြစ်သည်။ထို့ပြင် သူတို့သုံးယောက်က အဆောင်လည်း အတူတူ နေသေးသည်။
"အားလုံးဘဲ....လပတ်စာမေးပွဲ နီးလာပြီနော်"
အတန်းထဲ အတန်းပိုင်ဆရာမ ဝင်လာတာကြောင့် ရှောင်းကျန့်တို့တွေ ကိုယ့်နေရာကိုယ် ဝင်ထိုင်လိုက်သည်။ဖန်မုဟန်နဲ့က တစ်ခုံထဲ ထိုင်တာဖြစ်ပြီး ရီချုံးမိုကတော့ သူတို့အရှေ့တန်းမှာ ဖြစ်သည်။
ရှောင်းကျန့် သူ့ရဲ့ မျက်မှန်အဝိုင်းလေးကို ပင့်တင်လိုက်ရင်း ဆရာမ စာရှင်းပြတာကို နားထောင်နေလိုက်သည်။
"ကဲ...ဒီပုစ္ဆာကို ဘယ်သူလာတွက်မလဲ"
အတန်းပိုင်က သင်္ချာဆရာမဖြစ်ကာ စာအရမ်းမေးသူဖြစ်သည်။လူတိုင်း ပုစ္ဆာကခက်တာကြောင့် ခေါင်းငုံ့ထားကြသည်။
ရှောင်းကျန့်တစ်ယောက် သူ့မျက်မှန်သူ ထပ်ပြီး ပင့်တင်လိုက်ကာ လက်ထောင်လိုက်သည်။
"ဆရာမ....ကျွန်တော်တွက်မယ်"
"နေစမ်းပါ ရှောင်းကျန့်ရယ်...နင့်ကိုသာ တွက်ခိုင်းရင် ငါ့အချိန်ကုန်သွားရင်တောင် နင်တွက်လို့ ပြီးမှာမဟုတ်ဘူး"
"ဆရာမကလည်း..."
"ဘာမှမလည်းနဲ့....အတန်းထဲမှာ နောက်ဆုံးကရေရင် သုံးယောက်မြောက်ဆိုတာ သတိရဦး....ငါလေ နင့်ရဲ့စိတ်အားထက်သန်မှုတွေကို တကယ်သဘောကျပါတယ်...ဒါပေမဲ့ အချိန်ကုန်သွားလိမ့်မယ်"
"ဟုတ်...ဆရာမ"
ရှောင်းကျန့် သူ့နေရာသူ ငြိမ်ငြိမ်လေးသာ ပြန်ထိုင်နေလိုက်သည်။သူက ရိုးသားကြိုးစားတဲ့ စာကြမ်ပိုးပုံစံလေးပေမဲ့ စာကတော့ အရမ်းညံ့ပါသည်။
ဒါပေမဲ့ သူကနောက်ဆုံးတော့ မဟုတ်ပါ။သူ့အောက်မှာ ဖန်မုဟန်နဲ့ ရီချုံးမိုတို့ ရှိပါသေးသည်။သူတို့သုံးယောက်ထဲမှာ သူက အတော်ဆုံးပါဘဲ။
ဒီလိုနဲ့ အတန်းချိန်ပြီးသွားတော့ နေ့လည်စာစားချိန် ရောက်လာလေသည်။ရှောင်းကျန်တို့သုံးယောက်စလုံး ကန်တင်းမှာ သွားစားတော့သည်။
"ရှောင်းကျန့်....မင်းဟိုတနေ့က သတင်းတစ်ခု ကြည့်လိုက်သေးလား"
"ဘာသတင်းလဲ"
"ရှေးဟောင်းသုတေသနအဖွဲ့က ဂူတစ်ခုထဲကနေ ဗိုလ်ချုပ်ရုပ်ထုကြီးတစ်ခုကို တူးဖော်မိတယ်တဲ့"
"အဲ့တာငါတို့နဲ့ဆိုင်လို့လား"
"ဆိုင်တာပေါ့....အဲ့ရုပ်ထုမှာ ဝမ်ဆိုတဲ့တံဆိပ်ပုံ ပါတယ်တဲ့...ဒီကျောင်းကို တည်ထောင်ခဲ့တဲ့သူက ဝမ်မျိုးရိုး ဗိုလ်ချုပ်မိသားစုကတဲ့...အဲ့တာကြောင့် ကျောင်းအုပ်ကြီးက ဒီရုပ်ထုကို ငါတို့ကျောင်းမှာ ထားတော့မယ်တဲ့"
"အော်..."
"အဲ့ရုပ်ထုမှာ သရဲတွေဘာတွေပါလာရင် ဘယ်လိုလုပ်မလဲ"
"မ...မဖြစ်နိုင်ပါဘူး"
"ရှောင်းကျန့်....မင်းငါတို့ကျောင်းရဲ့ပုံပြင်ကို ကြားဖူးလား"
ရှောင်းကျန့် ဘေးဘီကို ဝေ့ကြည့်လိုက်ပြီး ကျောင်းသားပေါင်းများစွာကို တွေ့လိုက်ရမှ စိတ်သက်သာသွားကာ ခေါင်းညိတ်ပြလိုက်သည်။
"ငါတို့ကျောင်းမှာ ရှေးအဆန်ဆုံးက စာကြည့်တိုက်ဘဲ...တစ်ညမှာ ကျောင်းသူလေးတစ်ယောက်က စာအကြည့်လွန်ပြီး စာကြည့်တိုက်ထဲမှာ မိုးချုပ်တဲ့အထိ နေမိသွားတယ်တဲ့....သူစာကြည့်ပြီးတဲ့အချိန်မှာ မှောင်မဲနေတဲ့စာကြည့်တိုက်ကြီးက အရမ်းကြောက်စရာကောင်းတာတဲ့....ပြီးတော့ သူ့ကို တစ်ယောက်ယောက်က ကြည့်နေသလိုတွေ ခံစားရတယ်တဲ့....သူလည်းကြောက်ကြောက်လန့်လန့်နဲ့ ထွက်သွားတော့မဲ့အချိန်မှာ ဗုန်းခနဲဆိုပြီး သူလဲကျသွားကော...သူ့ခြေထောက်ကို ကြည့်လိုက်တော့ ခြေထောက်ကို သရဲလက်ကြီးက ကိုင်ထားတာတဲ့လေ"
"......."
"ရှောင်းကျန့်...."
ရှောင်းကျန့်တစ်ယောက် မြင်ကွင်းကို ပုံဖော်ပြီး ကြောက်လန့်သွားသဖြင့် ခဏမျှ စကားမပြောနိုင် ဖြစ်သွားလေသည်။သူ့အနေနဲ့ စာကြည့်တိုက်တောင် မသွားချင်တော့ပေ။
"မုဟန်.....မင်းကလည်း....ငကျန့်က ကြောက်တတ်ပါတယ်ဆိုမှ...စနေတယ်"
"သူက ဘာမှကြောက်တဲ့သူမဟုတ်ဘူး...သရဲကလွဲလို့"
"အဲ့တာလည်း ဟုတ်တယ်...စာမရလည်း စာမေးတိုင်းထဖြေတယ်....ဘယ်ပွဲဘဲဖြစ်ဖြစ် အမြဲထိပ်ဆုံးကပါတယ်...ဆရာကြီးလုပ်တာကလည်း ခဏခဏဘဲ"
ရှောင်းကျန့် သူ့ရှေ့မှာ သူ့အတင်းပြောနေတဲ့ သူငယ်ချင်းနှစ်ယောက်ကို မျက်မှန်ပင့်တင်ရင်း ကြည့်လိုက်သည်။
"လောကကြီးမှာ မြင်ရတဲ့အရာတွေထက် မမြင်ရတာတွေက ပိုပြီးကြောက်ဖို့ကောင်းတယ်ကွ....ဘုမသိဘမသိနဲ့ ငါသရဲကြောက်တာလို့ မပြောစမ်းနဲ့...ငါက သတိထားတာကွ....ပြီးတော့ စာဆိုတာက ဖြေဖို့ဘဲ...မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ ဖြေရမှာဘဲ...မဖြေဘူးဆိုရင် ဘာလို့စာသင်နေတော့မှာလဲ...ထပ်ပြီးတော့ ငါက တက်ကြွဖျက်လတ်တဲ့ လူငယ်တစ်ယောက်....လူငယ်ဆိုတာ အရာရာကို စွမ်းဆောင်နိုင်ရမယ်...အဲ့တော့ ဝင်ပါတာ ဘာဖြစ်လဲ...နောက်တစ်ခု ငါက ဆရာကြီးလုပ်တာမဟုတ်ဘူး...မင်းတို့က ငတုံးတွေမို့ ဆရာနေရာဝင်ပေးနေတာ ရှင်းလား"
Advertisement
"ရှောင်းကျန့်....မင်းလေ ဘာလို့ အမှားတွေပြောနေရင်တောင် ယုံကြည်မှုရှိနေတာလဲ"
"လူတိုင်း အမှားနဲ့မကင်းဘူးလေ"
"မင်းလည်း တစ်ခါမှမမှန်ဖူးဘူးလေ"
"ဘဝဆိုတာ ရခဲတယ်...မမှန်လည်း မှားရုံဘဲပေါ့...ဘာဖြစ်လဲ"
"....."
!ဟားဟား....ဒီကလေး သိပ်ရီရတာဘဲ!
!ဟုတ်တယ်....ငါသာ အသက်ရှိသေးရင် သူ့ကို ငါမြေးတော်လိုက်မယ်!
ရှောင်းကျန့်တို့ မသိလိုက်တာက သူတို့ထိုင်ခုံနားတွင် ထိုင်နေတဲ့ ရှေးခတ်ဝတ်စုံနဲ့ သက်ကြီးရွယ်အို ဝိဉာဥ်တစ်ခုဟာ သူတို့ပြောတာကို နားထောင်နေသည်ကိုပေါ့။
Part (2)ဆက်ရန်.....
Zawgyi
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်လောက်က အရမ်းကို ဆိုးဝါးတဲ့ ဝိဉာဉ်တစ်ဆေကြီးတစ်ယောက်ရှိတယ်...သူက မသေခင်က အရမ်းကို အောင်မြင်ကျော်ကြားတဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ဘဲ....သူက လုပ်ကြံခံရပြီး သေသွားခဲ့တာ...သူသေပြီးတဲ့နောက်မှာ သူ့ဝိဉာဉ်က သူ့ကို လုပ်ကြံတဲ့သူတိုင်းကို ပြန်သတ်ခဲ့တယ်...အဲ့လူတွေရဲ့ သားစဉ်မြေးမြစ်အထိပါ သတ်ဖြတ်တာ...အဲ့တာကြောင့် စွမ်းအားကြီးတဲ့ နတ်ဆရာမတစ်ယောက်က သူ့ဝိဉာဉ်ကို ဖမ်းချုပ်ပြီး သူ့ရဲ့ပုံတူရုပ်ထုထဲမှာ ထည့်ပိတ်ထားလိုက်တယ်တဲ့....သူ့ကို တစ်ယောက်ယောက်က နမ်းမှ ရုပ်ထုထဲက ထွက်နိုင်မှာတဲ့...ကြောက်စရာကြီးနော်"
"ဟွန့်....ပေါက်တတ်ကရတွေ"
"မကြောက်ပါဘူးနော်...ငါက ယောက်ျားကွ...သရဲကြောက်စရာလား"
"ကဲ...ဒီပုစ်ဆာကို ဘယ်သူလာတွက်မလဲ"
"ဆရာမကလည်း..."
"ဟုတ်...ဆရာမ"
"ဘာသတင်းလဲ"
"အော်..."
"မ...မဖြစ်နိုင်ပါဘူး"
"......."
"ရှောင်းကျန့်...."
"....."
Part (2)ဆက်ရန်.....
Advertisement
- In Serial17 Chapters
Method Of Loci
Have you ever wondered how a blind person sees? Not their surroundings but in their mind, the place most sacred to anyone. Where they keep memories, ideas, dreams, fears, nightmares and where they let their imagination roam free. We with sight, see things in still photos or moving pictures from memories, or other references that we see everyday. Framing our mind into something that's usually the same as most of the population, something conformed. We see the same colors the same movements, the same designs. We may all think differently but we all see the same, both on the outside and the inside. Not Eliot because he was born blind, never seen a thing in his whole life, that is until the satellites appeared giving him vision and the whole world new possibilities. *** Apocalyptic setting. Game-like elements. Atleast two chapter a week
8 188 - In Serial78 Chapters
Evolution of the Skeleton who walked alone in a Dungeon
An army of skeletons was summoned by the necromancer during his battle. However, at the end of the fight, none survived except a Skeleton. Follow our protagonist as he struggles to survive in a foreign, RPG-like setting surrounded by danger and monsters. This was inspired by the novel "Overlord, Lv1 Skeleton, Skeleton Soldier Couldn'T Protect The Dungeon." Disclaimer: This is a work of fiction. Unless otherwise indicated, all the names, characters, businesses, places, events, and incidents in this book are either the product of the author's imagination or used in a fictitious manner. Any resemblance to actual persons, living or dead, or actual events is purely coincidental.
8 948 - In Serial6 Chapters
Grinning Enigma
Freddy is a very bad boy. Meets some people that know what he did. He tries to escape punishment, makes it [Redacted]. Freddy might be a mass-murdering troll, but he isn’t a bad person, right? Right? Disclaimer: This is not an instruction manual. If you want to be a horrible human being, go figure it out yourself. Autopsy: Writing this story gave me some degree of insight into how much I've managed to fuck up my own personality by suppressing basic needs. Now I hate myself even more. It started as a story where the MC was supposed to be a blend of the NZ-land shooter and other cancerous personalities. That way I wouldn't feel bad about torturing him. Instead I ended up witnessing all the worst aspects of my own personality, or lack thereof. I'm a horrid person, I can't even bring myself to do what's the only right thing at this point.
8 188 - In Serial55 Chapters
JJBA X Reader
FOCUSES MORE ON JOTARO The memes don't belong to me, neither does the cover.JoJo's Bizarre Adventure is owned by Hirohiko Araki.
8 141 - In Serial73 Chapters
Moran arranged marriage
so here monami and Karan is married, param is alive, monami joined academy as a doctor not as a cadet
8 105 - In Serial11 Chapters
I cant think of a title for this.
Jinkx Monsoon. Sharon Needles. Alaska. All live together. This is completely fiction and not true what so ever. I'm just a fucked up individual. We are well aware of that. On with the description.Jinkx Monsoon ditched home at 18 to go live with his lovers Sharon and Alaska.Jinkx is a senior in high school . He does very well in school. Sharon and Alaska provide for him, Jinkx pays with his body.
8 202