《Ding-dong(Season 1)(Completed)》(4)သရဲအလှလေး
Advertisement
ညရောက်တော့ ရှောင်းကျန့် သူ့မှာရှိသမျှ အဆောင်မှန်သမျှကို သူ့ကုတင်ဘေးမှာ လိုက်ချထားသည်။ငယ်ငယ်ထဲက သရဲကြောက်တတ်သူမို့ ပါးနှစ်ယောက်စလုံးက သူ့အတွက် ဘုရားအဆောင်မှန်သမျှကို ရှာထားပေးသည်။
သူက သေသွားသည့်ပါးရဲ့ ရင်သွေးအစစ်အမှန် ဖြစ်တာမို့ ပါးသေသွားတုန်းက သူ့ဆီလာမလားဆိုပြီး တစ်လလောက် စိတ်ဆင်းရဲခဲ့ရသေးသည်။ကျန်ခဲ့သည့် ပါးပါးရှောင်း ထပ်ပြီးယူလာပေးသည့် အဆောင်ပစ္စည်းတွေကြောင့်သာ အဆင်ပြေသွားတာ ဖြစ်သည်။
သူ့ပါးပါးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာမို့ တစ်ယောက်ရဲ့သွေးက သူဖြစ်တည်လာပြီး မျိုးရိုးကတော့ အခြားတစ်ယောက်ရဲ့မျိုးရိုးဖြစ်သည်။
ထို့ကြောင့် သူက သွေးသားရင်းမဟုတ်သည့် ပါးပါးရှောင်းရဲ့ မျိုးရိုးနဲ့ ဖြစ်သည်။သူ့ရဲ့ ဆွေစဥ်မျိုးဆက်ကို ကြည့်ရင် ပိုတောင်ဆိုးသေးသည်။အဖိုးတွေကလည်း gayတွေပင်ဖြစ်ကာ သွေးသားတိုင်းက အငှားကိုယ်ဝန်တွေနဲ့ပင် ဖြစ်သည်။
ရှောင်းကျန့် သူ့မျိုးရိုးအရ သူကွေးလာခဲ့ပေမဲ့ အမှန်စင်စစ် သူက ကွေးမနေပေ။ကောက်ရုံလေးသာ ဖြစ်သည်။
ထို့ကြောင့် အကောက်လေးဖြစ်သည့်သူက သရဲဆိုရင်တောင် ခပ်ဖြောင့်ဖြောင့် ခပ်ချောချောကိုမှ လက်ခံနိုင်မည်ဖြစ်ပါသည်။
သို့သော် သရဲဆိုမှတော့ ချောမည်မဟုတ်ပေ။အဆင်လေးဖြစ်ရင်တောင် အစွယ်လေးတစ်ခု ဒါမှမဟုတ် ဖြူဖပ်ဖပ် မျက်နှာကြီးနဲ့ ဖြစ်နိုင်သည်။
သူက အောက်ထပ်ကမို့ အစွယ်ပါပါက သူ့ရဲ့ဟာမှန်သမျှ ပြတ်ထွက်နိုင်ပြီး ဖြူဖပ်ဖပ်ဆိုပါက သူက အပေါ်ကတောင် နေရနိုင်ချေ ရှိသဖြင့် လုံးဝလက်မခံနိုင်ပါ။
လူသားအနေနဲ့ တစ်ခါမှ မမြင်ဖူးဘဲ ငြင်းရမှာက အားနာစရာဖြစ်ပေမဲ့ သူ့ကို ကြိုက်နေတာက သရဲဖြစ်နေတာကြောင့် အားမနာနေတော့ပေ။
ရှောင်းကျန့် အဆောင်တွေကြောင့် စိတ်ချမ်းသာသွားကာ အေးအေးချမ်းချမ်း အိပ်လိုက်ပါတော့သည်။သူ့ကုတင်က တစ်ယောက်အိပ်ကုတင်အသေးလေးဖြစ်ပြီး ရီချုံးမိုနဲ့ ဖန်မုဟန်တို့က နှစ်ယောက်အိပ်ကုတင်အကျယ် မှာ ဖြစ်သည်။သူတို့က ကျောင်းကအဆောင်မှာမဟုတ်ဘဲ အပြင်အဆောင်မှာမို့ နေရာကျယ်ဝန်းပါသည်။
ရှောင်းကျန့် အိပ်ပျော်နေတုန်း သူ့အနောက်မှာ အရိပ်မဲတစ်ခု ပေါ်လာပြီး ရှောင်းကျန့်ရဲ့ ကုတင်သေးသေးလေးမှာ ရှောင်းကျန့်ခါးကို ဖက်ထားလေသည်။
"အဆောင်တွေက အတုတွေချည်းဘဲ...အစစ်ဆိုရင်တောင် မင်းလေးက ကိုယ့်ကို မတားနိုင်ပါဘူး"
ထို့နောက် အရိပ်က တဖြည်းဖြည်း ရုပ်လုံးပေါ်လာကာ ချောမောအေးစက်တဲ့ ရှေးခေတ်စာသင်သားပုံလေး ဖြစ်သွားသည်။
ဆံပင်တွေက ရှည်လွန်းကာ မျက်တောင်လေးတွေကအစ လှပလွန်းသဖြင့် မိန်းကလေးရှုံးအောင် လှပလေသည်။
အပြင်မှာ လျှောက်သွားနေသည့် သရဲတွေသာ မြင်ပါက မယုံနိုင်အောင် ဖြစ်သွားလောက်သည်။ဗိုလ်ချုပ်ရုပ်ထုထဲက သရဲဟာ ကြောက်မက်ဖွယ်စွမ်းအားတွေနဲ့မို့ လူပေါင်းများစွာ သတ်ဖြတ်ဖူးသည့် ဗိုလ်ချုပ်တစ်ယောက်လို့သာ ထင်နေမှာဖြစ်သည်။
ထို့ပြင် သူတို့ကလည်း အရိပ်မဲပုံစံကိုသာ မြင်ရသဖြင့် ပိုတောင်ကြောက်ရွံ့ကြသေးသည်။အခုတော့ ထိုကြောက်မက်ဖွယ်စွမ်းအားပိုင်ရှင်က အလှလေးတစ်ယောက် ဖြစ်နေခဲ့သည်လေ။
ထိုစာသင်သားအလှလေးဟာ ရှောင်းကျန့်ခါးကို ဖက်နေရင်း လက်က အင်္ကျီအတွင်းထဲ ရောက်သွားကာ ရှောင်းကျန့်ရဲ့ အဆီနည်းနည်းလေးနဲ့ ဗိုက်ပူပူလေးကို ပွတ်သပ်နေသည်။
ရှောင်းကျန့် အထိအတွေ့ကြောင့် မျက်လုံးပွင့်လာလေသည်။သို့သော် နိုးမနေပါ။ပြန်မှိတ်ကာ ပြန်ပြီးအိပ်ပျော်သွားလေသည်။
အခုချိန်မှာ သူ့ကို မဒိန်းတက်ကျင့်ရင်တောင် သူနိုးလာမှာ မဟုတ်ပေ။မဒိန်းတက်ကျင့်ဖို့ လာတဲ့သူကတောင် ပြန်ပြေးနိုင်လောက်အောင် ရှောင်းကျန့်ဟာ အိပ်ရေးဆိုးပါသည်။
သရဲအလှလေး ဖက်ထားလို့ ငါးမိနစ်မပြည့်သေးခင် သူက ကုတင်ပေါ်က ပြုတ်ကျနေပြီဖြစ်သည်။ကြမ်းပြင်မှာလည်း တစ်ပတ်လည်ကာ ခေါင်းနဲ့ ခြေထောက်နေရာမှားနေပြီး စောင်ကလည်း မျက်နှာကို အုပ်နေတော့သည်။
သရဲအလှလေးခမျာ ပွေ့ဖက်ကို အရေးကိုတောင် ဘာလုပ်ရမယ်မှန်း မသိတော့ပေ။ထို့ကြောင့် သူ့ရဲ့ ဝိဉာဥ်ကိုယ်ထည်ကို ရှောင်းကျန့်နဲ့ ကပ်ထားရင်း ရှောင်းကျန့်တစ်ပတ်လည်ရင် သူပါတစ်ပတ်လည်နေရတော့သည်။
..............
မိုးလင်းတော့ ရှောင်းကျန့်က အိပ်ရေးဝဝနိုးထလာခဲ့သည်။အရိပ်မဲအဖြစ် ပြန်ပြောင်းသွားသည့် သရဲအလှလေးကတော့ သူသာ လူသားဆိုပါက မျက်ကွင်းနက်နက်တွေ ပိုင်ဆိုင်လောက်ပြီဟု တွေးနေမိသည်။
"Morning....ရှောင်းကျန့်...မင်းကတော့ နေ့သစ်တစ်ရက်ကို ထပ်ပြီး ဖြတ်သန်းရပြန်ပြီ...ကံကောင်းလိုက်လေခြင်း...သေမဲ့အချိန်ကို မသိတဲ့အတွက် တစ်ရက်လေး အသက်ပိုရှင်ရတာက ပျော်ရွှင်စရာဘဲ"
ရှောင်းကျန့် ကိုယ့်ကိုယ်ကို ပြောရင်း ကုတင်ပေါ်တက်ကာ အိပ်လိုက်လေသည်။ငါးမိနစ်အိပ်ပြီးတော့ ပြန်ထကာ ရေမိုးချိုးပြီး ကျောင်းသွားတော့သည်။
ဖန်မုဟန်တို့ကတော့ အခုထိ မနိုးကြသေးပေ။ရှောင်းကျန့်က အတန်းခေါင်းဆောင်ပီပီ စောစောကြိုသွားတတ်သဖြင့် ကျောင်းကို ဘယ်သူမှမရောက်ခင် ရောက်လေ့ရှိသည်။
စာတော်တဲ့သူတွေတောင် သူ့လောက်မစောကြပေ။သူ့လောက်လည်း ဝီရိယမရှိကြပေ။အဆောင်နဲ့ ကျောင်းက သိပ်မဝေးသည်မို့ သူအကျွမ်းကျင်ဆုံးယာဥ်လေးနဲ့သာ သွားလိုက်သည်။
ရှောင်းကျန့် သူ့အကျွမ်းကျင်ဆုံး လမ်းလျှောက်ခြင်းဖြင့် ကျောင်းရောက်ပြီးနောက် ကျောင်းရဲ့ အဝင်ဝတွင် ထူးဆန်းသည့်စာတစ်စောင် ကပ်ထားသည်ကို တွေ့လိုက်ရသည်။
"လက အနီရောင်ပြောင်းတော့မယ်....အဲ့နေရာကလည်း အသက်ဝင်လာတော့မယ်....လူတွေလည်း သေကြတော့မယ်....ဘာပါလိမ့်...ကဗျာ? "
ရှောင်းကျန့် သူ့မျက်မှန်သူ ပင့်တင်ရင်း ခေါင်းတညိမ့်ညိမ့်ဖြင့် ထပ်ဆိုလိုက်သည်။
"လက အနီရောင်ပြောင်းတော့မယ်....အဲ့နေရာကလည်း အသက်ဝင်လာတော့မယ်....လူတွေလည်း သေကြတော့မယ်....ရှောင်းကျန့်လည်း စွံတော့မယ်...သူ့ကောင်လေးကလည်း အချောလေးဖြစ်မယ်...ဟူး...နောက်ဆုံးတော့ လူတွေမွေးဖွားကြသေကြရင်တောင် ရှောင်းကျန့်က ယောကျ်ားရဦးမှာဘဲ...ဘဝ...ဘဝ....ဆန်းကြယ်လိုက်လေခြင်း"
စကားဆုံးတာနဲ့ ရှောင်းကျန့်ဟာ ကျောင်းထဲကိုသာ ဝင်လိုက်တော့သည်။သူမသိလိုက်သည်က သူ့အနောက်က အရိပ်မဲလေးဟာ စာကြည့်တိုက်ဘက်ကို စူးရှစွာ ကြည့်နေတာကိုသာ ဖြစ်သည်။
Part (5)ဆက်ရန်....
Zawgyi
Advertisement
..............
"လက အနီရောင်ပြောင်းတော့မယ်....အဲ့နေရာကလည်း အသက်ဝင်လာတော့မယ်....လူတွေလည်း သေကြတော့မယ်....ရှောင်းကျန့်လည်း စွံတော့မယ်...သူ့ကောင်လေးကလည်း အချောလေးဖြစ်မယ်...ဟူး...နောက်ဆုံးတော့ လူတွေမွေးဖွားကြသေကြရင်တောင် ရှောင်းကျန့်က ယောက်ျားရဦးမှာဘဲ...ဘဝ...ဘဝ....ဆန်းကြယ်လိုက်လေခြင်း"
Part (5)ဆက်ရန်....
Advertisement
- In Serial76 Chapters
Female Protagonist Is A Blackened Villainess (GL)
It's not a good thing to cross into Long Aotian's world. Kindly snatched a cute girl who is easy to blacken out from the male protagonist. She thought that she would not be blackened into a villain by protecting her, but unexpectedly formed a more terrifying attribute than blackening.
8 279 - In Serial22 Chapters
Tales of Cultivation
The Wu Clan is under attack, their cultivators prepare for a last stand. But when Wu Jian’s father makes the ultimate sacrifice, they have a chance at something more, something greater than just being a small clan on the outskirts of the Qin Dynasty. Join Wu Jian as he manoeuvres through the muddy waters of clan politics, cultivates towards immortality, and shows the world that messing with the Wu Clan is a very, very bad idea.
8 157 - In Serial59 Chapters
Soten (Book I in The Saga of Mira the Godless)
Anyone on the Isle will say Lady Mira caused the Twenty Years' War. While they're at it, they'll call her a witch, a whore, or a heathen, maybe all three in the same breath. Soten is Mira's version of the story. Captive in a Northern village, Mira expects brutality from the rough climate and harsh Northerners. Instead, she discovers a land where people speak their thoughts out loud, where women are free to be with any they desire, and those who divine messages from the gods are listened to, not burnt at the stake. Mira's idyllic new life is threatened when she hears of her brother's growing army to the south; she doesn't need rescuing; she's far too attached to the life she's building (and the lighthearted raider who is quickly becoming a central part of it). Then she meets Arik, the enigmatic Norsern king, a man who has drastic plans for next season's raids, plans that involve the sister of a great southern commander. To Mira, this is a story about love. To the rest of the world, it is a story about war. Book II: KAKEN coming soon!
8 214 - In Serial18 Chapters
The Rest of Your Life (Yandere!Killua x Reader)
A simple visit to a bakery leads to a crazy, obsessive stalker. He loves every part of you so much and would do anything for you to be his. He won't stop until he has you all to himself . . . no matter the cost. (Yandere!Killua x Reader) ***COMPLETED***WARNING: Some chapters (most later on) contain violence and disturbing actions. Read at your own risk. Mentions of non-consensual sexual themes.
8 153 - In Serial33 Chapters
Love You Lots! Vento Aureo x reader
Y/N L/N, a bright, energetic, and charismatic 17 year old who's adored by her peers as a beacon of happiness and excitement. Everything seemed to be going great for our young heroine, or...so it seemed....What would happen if she was suddenly plunged into a world of violence and crime?vento aureo x reader
8 160 - In Serial11 Chapters
Echoes of Ruin
Ruthven is a soldier that works under the Defense Squadron of Carlisle. One day when he encounters a demon upon beating it realizes his wounds were fatal and will kill him. Faced with the choice to live and accept a curse or die and leave everything behind, he decides to live. Once the curse is afflicted, however, there is no turning back. This is a tale of Ruthven, a normal man, through his own desperation becomes The King Of Ruin.
8 123