《Ding-dong(Season 1)(Completed)》(5)Ding-dong
Advertisement
ဒီနေ့ စာသင်တော့ အတန်းပိုင်ဆရာမဟာ မူမမှန်နေမှန်း ရှောင်းကျန့် ခံစားနေရသည်။ကျောင်းသားတိုင်းကို မျက်ထောင့်နီကြီးဖြင့် ကြည့်နေကာ သူတို့က မကြာခင် သေတော့မလို ပုံစံမျိုး ဖြစ်သည်။စာသင်တော့လည်း ဘာတွေရွတ်နေမှန်းကို မသိ။
ဖန်မုဟန်နဲ့ ရီချုံးမိုတို့ကလည်း သတိထားမိကြသဖြင့် ရှောင်းကျန့်ဘက်လှည့်ကာ 'မင်းသိလား'ဆိုတဲ့အကြည့်နဲ့ ကြည့်နေကြသည်။
ရှောင်းကျန့်ကလည်း 'ငါသိတယ်'ဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်ကာ အသံတိုးတိုးနဲ့ ရှင်းပြလိုက်သည်။
"သူမ ငါတို့ကို သေတော့မလိုပုံစံနဲ့ ကြည့်နေတာက စာမေးပွဲနီးလာတာမို့လို့လေ...နင်တို့သာ စာမေးပွဲကျရင် သေပြီဘဲဆိုပြီး ခြိမ်းခြောက်နေတာ"
"အော်....မျက်ထောင့်တွေ နီနေတာကရော"
"ရာသီလာနေလို့နေမှာပေါ့"
"သူမ ဘာမှန်းမသိတာတွေကို ရွတ်နေတာကရော"
"သွေးဆုံးသွားလို့နေမှာပေါ့"
ဖန်မုဟန် "...."
ရီချုံးမို "...."
ဆရာမဘာတွေဖြစ်နေလဲဆိုတာကို နားမလည်ပါဘူးဆိုမှ ရှောင်းကျန့်စကားကြောင့် ပိုပြီးရှုပ်သွားကြသော ဖန်မုဟန်တို့ဟာ အရှေ့ကိုသာ ကြည့်ပြီး ဆရာမရဲ့ မှော်စကားတွေကို နားထောင်နေလိုက်သည်။
ဆက်နားထောင်လိုက်ရင် မှော်ပညာရှင်တွေများ ဖြစ်မလားဆိုပြီးတော့ပေါ့။သို့သော် ငါးမိနစ်လောက်နဲ့တင် ရူးမလို ဖြစ်သွားသည်။
ရှောင်းကျန့်ကလည်း ကျောင်းသားကောင်းပီပီ သေချာလိုက်နားထောင်ပါသည်။သူက စာနဲ့တောင် ရေးမှတ်ထားသည်။မတော်လို့ စာမေးပွဲမေးခွန်းလေးတွေများ ပါလို့ငြားပေါ့။
သူလိုက်မှတ်နေစဥ် သူ့ခါးကို အရိပ်မဲတစ်ခုက လာဖက်ပါသည်။ဒီတစ်ခါတော့ အရိပ်မဲကိုယ်ထည်ကိုပါ တွေ့လိုက်ရတာကြောင့် လန့်ဖြန့်ကာ ရင်ထဲ ဖြတ်ဖြတ်ကို လူးသွားတော့သည်။ထို့နောက် အသံချိုချိုလေးကို ကြားလိုက်ရသည်။
"ဆက်နားထောင်မနေနဲ့တော့...အန္တရာယ်ရှိတယ်"
ရှောင်းကျန့် ပြန်ပြောရန် ပြင်လိုက်စဥ် ဆရာမက သူ့ဘက်ကို လှည့်ကြည့်လာသဖြင့် သရဲမြင်တာထက်တောင် ကြောက်လန့်သွားရသည်။
ဆရာမက မျက်လုံးပြူးကြီးနဲ့ သူ့ကို လက်ညှိုးထိုးကာ အော်တော့သည်။
"မဆိုင်ရင် ဝင်မရှုပ်နဲ့"
ရှောင်းကျန့်သာမက တစ်ခန်းလုံးလည်း ကြောင်အသွားရသည်။ထို့နောက် သူမဟာ ကျောက်သင်ပုန်းဘက် ပြန်လှည့်သွားပြီး သူတို့မသိတဲ့ဟာတွေကိုသာ ရွတ်နေတော့သည်။
ရှောင်းကျန့် ကြောင်အနေစဥ် အလောတကြီးဖြစ်နေသည့် အသံချိုချိုလေး ထပ်ထွက်လာပြန်သည်။
"ဒီအခန်းကနေ အမြန်ထွက်ရမယ်....အန္တရာယ်များလာပြီ...အခုထွက်မှဖြစ်မယ်"
ရှောင်းကျန့် မျက်မှန်ပြုတ်ကျမတတ် လန့်သွားကာ အယောင်ယောင်အနနဖြင့် ထွက်သွားရန် ပြင်လိုက်သည်။သို့သော် သူထလိုက်စဥ်မှာဘဲ ခေါင်းတွေဝေဝါးလာကာ ပစ်လဲကျသွားတော့သည်။
သူလဲမကျခင် ဝိုးတဝါးမြင်လိုက်ရတာက စားပွဲခုံတွေမှာ မှောက်ရက်တွေ ဖြစ်နေကြသည့် အခန်းဖော်တွေနဲ့ ဆရာမကို ဖြစ်သည်။ထို့ပြင် အရမ်းချောလွန်းသည့် ရှေးခတ်စာသင်သားဝတ်စုံနဲ့ cosplayerလေးကိုတောင် ဝါးဝါးလေး မြင်လိုက်ရပါသည်။
..............
ရှောင်းကျန့် နိုးလာတော့ ခေါင်းက မူးဝေနေလေသည်။သို့သော် မေ့မလဲခင်က အခြေအနေကြောင့် လန့်ဖြန့်သွားပြီး အမြန်ကုန်းထတော့ သူက တစ်ယောက်ယောက်ရဲ့ရင်ခွင်ထဲ ရောက်နေလေသည်။
ရှောင်းကျန့် သူ့ရဲ့လက်ရှိအခြေအနေက အမြန်ထရန် အရေးကြီးသော်လည်း faတစ်ယောက်အနေနဲ့ သူများရင်ခွင်ထဲ ရောက်နေတာက ပိုပြီးအရေးကြီးလေသည်။
သူ့ကို ရင်ခွင်ထဲထည့်ထားတဲ့သူက ချောသလား၊အရပ်ရှည်သလားဆိုတာကိုလည်း ကြည့်ရဦးမည်ဖြစ်တာကြောင့် ခေါင်းကို ရဲရဲတင်းတင်းမော့ပစ်လိုက်သည်။
သူမြင်လိုက်ရတာက သူမေ့မလဲခင် တွေ့လိုက်ရသည့် cosplayerလေး ဖြစ်သည်။အခုတော့ ထိုcosplayerလေးက အင်္ကျီလဲထားပြီးနေပြီဖြစ်ကာ ဆံပင်ကလည်း အတိုလေးဖြစ်သဖြင့် မိမိုက်နေသည်။
"ရှောင်ကောကော....we chatအပ်ကြမလား"
"မရှိဘူး"
"အသံက ရင်းနှီးနေတယ်...နာမည်ကြီးတစ်ယောက်လားဟင်"
"ဟုတ်တယ်"
"wow...ဘာအလုပ်လုပ်တာလဲဟင်"
"ဝမ်ဘုရင်ကြီးရဲ့ သားတော်တွေကို စာသင်ပေးရတဲ့ မြင့်မြတ်တဲ့မင်းဆရာအလုပ်လုပ်တယ်"
"....."
ရှောင်းကျန့် ထိုလူချောစကားကြောင့် ကြောင်တောင်ကြောင်သွားလေသည်။ထို့နောက် ထိုလူချောက ရူးနေတဲ့သူများလားဟုလည်း တွေးလိုက်သေးသည်။
သို့သော် သေချာလေးတွေးတောပြီးနောက် 'ရူးနေလည်း ချောရင်ရပြီ'ဟု သတ်မှတ်လိုက်တော့သည်။
"နာမည်ဘယ်လိုခေါ်လဲဟင်"
"ဝမ်ရိပေါ်"
"ရိပေါ်....ငါ့ကိုချစ်လား"
"အွန်း...မင်းက ကိုယ့်ကိုနမ်းဖူးတဲ့ပထမဆုံးလူဘဲ..."
"အားး......ငါတို့က နမ်းပြီးကြပြီပေါ့လေ"
"ဟုတ်တယ်....မင်းကိုယ့်ကို တာဝန်ယူရမယ်"
"ယူမှာပေါ့....ကျိန်းသေပေါက်ကိုယူမှာ...ဘယ်နေ့ဘယ်အချိန် ဘယ်နေရာမှာ လက်ထပ်မလဲကို စဥ်းစားထားလိုက်....အဆင်သင့်ဖြစ်စေရမယ်"
"မင်းအရမ်းယွတယ်နော်"
သူ့ကို ကဲ့ရဲ့နေသည့်အသံကြားမှ အခုထက်ထိ ပတ်ဝန်းကျင်ကို မကြည့်ရသေးသည့် ရှောင်းကျန့်ဟာ သူတို့ကို ကြည့်နေသည့် ဖန်မုဟန်နဲ့ ရီချုံးမိုကို တွေ့လိုက်ရသည်။
"မင်းတို့က ဘာလို့ ဒီမှာ ရှိနေတာလဲ"
ရှောင်းကျန့်ဟာ ဖန်မုဟန်တို့ ဖြေမှာကို မစောင့်တော့ဘဲ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူတို့ကျောင်းရဲ့စာကြည့်တိုက်မှာ ဖြစ်နေသည်။
ထို့ပြင် ကျောင်းသားတွေကလည်း တစ်ကျောင်းလုံးနီးပါးဖြစ်သည်။ခုနက သူနိုးလာချိန်မှာ စကားသံတွေမကြားတာကြောင့် လူရှင်းသည်ဟု ထင်နေခဲ့တာဖြစ်သည်။
သို့သော် အခုမြင်တွေ့ပုံအရ ထိုကျောင်းသားတွေက အခုမှ သတိရလာပုံဖြစ်သည်။ချက်ချင်းဆိုသလို ရှောင်းကျန့်ခေါင်းထဲ 'တစ်ကျောင်းလုံး ပြန်ပေးဆွဲခံလိုက်ရတာလား'ဆိုပြီး ဝင်ရောက်လာသည်။
ထို့ကြောင့် ကြောက်လန့်စွာနဲ့ မိုးနတ်မင်းကို တိုင်တည်ရန် ခေါင်းမော့ကြည့်လိုက်ချိန်မှာ ဆယ်ထပ်တိုက်ကြီးတွေလို အထပ်ပေါင်းများစွာကို မြင်လိုက်ရသည်။
စာကြည့်တိုက်က နှစ်ထပ်ဖြစ်ပေမဲ့ အခုတော့ အဆုံးကိုတောင် မမြင်ရတဲ့အထိ အထပ်များစွာ ဖြစ်နေသည်။ရှောင်းကျန့် ထိတ်လန့်နေစဥ် ကြက်သီးထဖွယ်အသံတစ်ခုကို ကြားလိုက်ရသည်။
Ding-dong!
Ding-dong!
Ding-dong!
အားးးး
အားးးး
အားးး
ခေါင်းလောင်းသံသုံးချက် ကြားပြီးတာနဲ့ အော်သံသုံးခု တစ်ပြိုင်နက်ထွက်ပေါ်လာခဲ့သည်။
ပထမအသံလာရာကို လူတိုင်းကြည့်လိုက်ချိန်မှာ ခေါင်းပြတ်နေသည့် ကျောင်းသူလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ဒုတိယအသံထွက်တာကတော့ ဗိုက်ထဲကနေ အူတွေထွက်ကျနေသည့် ကျောင်းသားတစ်ယောက် ဖြစ်နေသည်။
Advertisement
နောက်ဆုံး အသံပိုင်ရှင်ကတော့ ရှောင်းကျန့်တို့ရဲ့ အတန်းပိုင်ဆရာမဖြစ်နေသည်။သူမကတော့ မျက်လုံးတွေ ကျွတ်ထွက်ကာ အပေါက်တိုင်းက သွေးတွေ စီးကျနေခဲ့သည်။
ထိုမြင်ကွင်းတွေကြောင့် ဒီစာကြည့်တိုက်ထဲ ရောက်နေသည့်လူတိုင်း အော်ဟစ်ကြတော့သည်။ရှောင်းကျန့်တောင် ကြောက်လန့်မှုကြောင့် ကိုယ်ကလှုပ်မရတော့ဘဲ ဖြစ်နေလေသည်။သို့သော် ဝမ်ရိပေါ်က သူ့ကို ဖက်ပေးလိုက်တာကြောင့် အနည်းငယ်တော့ စိတ်သက်သာသွားတော့သည်။
Part (6)ဆက်ရန်....
Zawgyi
ဒီေန႕ စာသင္ေတာ့ အတန္းပိုင္ဆရာမဟာ မူမမွန္ေနမွန္း ေရွာင္းက်န့္ ခံစားေနရသည္။ေက်ာင္းသားတိုင္းကို မ်က္ေထာင့္နီႀကီးျဖင့္ ၾကည့္ေနကာ သူတို႔က မၾကာခင္ ေသေတာ့မလို ပုံစံမ်ိဳး ျဖစ္သည္။စာသင္ေတာ့လည္း ဘာေတြ႐ြတ္ေနမွန္းကို မသိ။
ဖန္မုဟန္နဲ႕ ရီခ်ဳံးမိုတို႔ကလည္း သတိထားမိၾကသျဖင့္ ေရွာင္းက်န့္ဘက္လွည့္ကာ 'မင္းသိလား'ဆိုတဲ့အၾကည့္နဲ႕ ၾကည့္ေနၾကသည္။
ေရွာင္းက်န့္ကလည္း 'ငါသိတယ္'ဆိုတဲ့အၾကည့္နဲ႕ ျပန္ၾကည့္ကာ အသံတိုးတိုးနဲ႕ ရွင္းျပလိုက္သည္။
"သူမ ငါတို႔ကို ေသေတာ့မလိုပုံစံနဲ႕ ၾကည့္ေနတာက စာေမးပြဲနီးလာတာမို႔လို႔ေလ...နင္တို႔သာ စာေမးပြဲက်ရင္ ေသၿပီဘဲဆိုၿပီး ၿခိမ္းေျခာက္ေနတာ"
"ေအာ္....မ်က္ေထာင့္ေတြ နီေနတာကေရာ"
"ရာသီလာေနလို႔ေနမွာေပါ့"
"သူမ ဘာမွန္းမသိတာေတြကို ႐ြတ္ေနတာကေရာ"
"ေသြးဆုံးသြားလို႔ေနမွာေပါ့"
ဖန္မုဟန္ "...."
ရီခ်ဳံးမို "...."
ဆရာမဘာေတြျဖစ္ေနလဲဆိုတာကို နားမလည္ပါဘူးဆိုမွ ေရွာင္းက်န့္စကားေၾကာင့္ ပိုၿပီးရႈပ္သြားၾကေသာ ဖန္မုဟန္တို႔ဟာ အေရွ႕ကိုသာ ၾကည့္ၿပီး ဆရာမရဲ႕ ေမွာ္စကားေတြကို နားေထာင္ေနလိုက္သည္။
ဆက္နားေထာင္လိုက္ရင္ ေမွာ္ပညာရွင္ေတြမ်ား ျဖစ္မလားဆိုၿပီးေတာ့ေပါ့။သို႔ေသာ္ ငါးမိနစ္ေလာက္နဲ႕တင္ ႐ူးမလို ျဖစ္သြားသည္။
ေရွာင္းက်န့္ကလည္း ေက်ာင္းသားေကာင္းပီပီ ေသခ်ာလိုက္နားေထာင္ပါသည္။သူက စာနဲ႕ေတာင္ ေရးမွတ္ထားသည္။မေတာ္လို႔ စာေမးပြဲေမးခြန္းေလးေတြမ်ား ပါလို႔ျငားေပါ့။
သူလိုက္မွတ္ေနစဥ္ သူ႕ခါးကို အရိပ္မဲတစ္ခုက လာဖက္ပါသည္။ဒီတစ္ခါေတာ့ အရိပ္မဲကိုယ္ထည္ကိုပါ ေတြ႕လိုက္ရတာေၾကာင့္ လန့္ျဖန့္ကာ ရင္ထဲ ျဖတ္ျဖတ္ကို လူးသြားေတာ့သည္။ထို႔ေနာက္ အသံခ်ိဳခ်ိဳေလးကို ၾကားလိုက္ရသည္။
"ဆက္နားေထာင္မေနနဲ႕ေတာ့...အႏၱရာယ္ရွိတယ္"
ေရွာင္းက်န့္ ျပန္ေျပာရန္ ျပင္လိုက္စဥ္ ဆရာမက သူ႕ဘက္ကို လွည့္ၾကည့္လာသျဖင့္ သရဲျမင္တာထက္ေတာင္ ေၾကာက္လန့္သြားရသည္။
ဆရာမက မ်က္လုံးျပဴးႀကီးနဲ႕ သူ႕ကို လက္ညွိုးထိုးကာ ေအာ္ေတာ့သည္။
"မဆိုင္ရင္ ဝင္မရႈပ္နဲ႕"
ေရွာင္းက်န့္သာမက တစ္ခန္းလုံးလည္း ေၾကာင္အသြားရသည္။ထို႔ေနာက္ သူမဟာ ေက်ာက္သင္ပုန္းဘက္ ျပန္လွည့္သြားၿပီး သူတို႔မသိတဲ့ဟာေတြကိုသာ ႐ြတ္ေနေတာ့သည္။
ေရွာင္းက်န့္ ေၾကာင္အေနစဥ္ အေလာတႀကီးျဖစ္ေနသည့္ အသံခ်ိဳခ်ိဳေလး ထပ္ထြက္လာျပန္သည္။
"ဒီအခန္းကေန အျမန္ထြက္ရမယ္....အႏၱရာယ္မ်ားလာၿပီ...အခုထြက္မွျဖစ္မယ္"
ေရွာင္းက်န့္ မ်က္မွန္ျပဳတ္က်မတတ္ လန့္သြားကာ အေယာင္ေယာင္အနနျဖင့္ ထြက္သြားရန္ ျပင္လိုက္သည္။သို႔ေသာ္ သူထလိုက္စဥ္မွာဘဲ ေခါင္းေတြေဝဝါးလာကာ ပစ္လဲက်သြားေတာ့သည္။
သူလဲမက်ခင္ ဝိုးတဝါးျမင္လိုက္ရတာက စားပြဲခုံေတြမွာ ေမွာက္ရက္ေတြ ျဖစ္ေနၾကသည့္ အခန္းေဖာ္ေတြနဲ႕ ဆရာမကို ျဖစ္သည္။ထို႔ျပင္ အရမ္းေခ်ာလြန္းသည့္ ေရွးခတ္စာသင္သားဝတ္စုံနဲ႕ cosplayerေလးကိုေတာင္ ဝါးဝါးေလး ျမင္လိုက္ရပါသည္။
..............
ေရွာင္းက်န့္ နိုးလာေတာ့ ေခါင္းက မူးေဝေနေလသည္။သို႔ေသာ္ ေမ့မလဲခင္က အေျခအေနေၾကာင့္ လန့္ျဖန့္သြားၿပီး အျမန္ကုန္းထေတာ့ သူက တစ္ေယာက္ေယာက္ရဲ႕ရင္ခြင္ထဲ ေရာက္ေနေလသည္။
ေရွာင္းက်န့္ သူ႕ရဲ႕လက္ရွိအေျခအေနက အျမန္ထရန္ အေရးႀကီးေသာ္လည္း faတစ္ေယာက္အေနနဲ႕ သူမ်ားရင္ခြင္ထဲ ေရာက္ေနတာက ပိုၿပီးအေရးႀကီးေလသည္။
သူ႕ကို ရင္ခြင္ထဲထည့္ထားတဲ့သူက ေခ်ာသလား၊အရပ္ရွည္သလားဆိုတာကိုလည္း ၾကည့္ရဦးမည္ျဖစ္တာေၾကာင့္ ေခါင္းကို ရဲရဲတင္းတင္းေမာ့ပစ္လိုက္သည္။
သူျမင္လိုက္ရတာက သူေမ့မလဲခင္ ေတြ႕လိုက္ရသည့္ cosplayerေလး ျဖစ္သည္။အခုေတာ့ ထိုcosplayerေလးက အကၤ်ီလဲထားၿပီးေနၿပီျဖစ္ကာ ဆံပင္ကလည္း အတိုေလးျဖစ္သျဖင့္ မိမိုက္ေနသည္။
"ေရွာင္ေကာေကာ....we chatအပ္ၾကမလား"
"မရွိဘူး"
"အသံက ရင္းႏွီးေနတယ္...နာမည္ႀကီးတစ္ေယာက္လားဟင္"
"ဟုတ္တယ္"
"wow...ဘာအလုပ္လုပ္တာလဲဟင္"
"ဝမ္ဘုရင္ႀကီးရဲ႕ သားေတာ္ေတြကို စာသင္ေပးရတဲ့ ျမင့္ျမတ္တဲ့မင္းဆရာအလုပ္လုပ္တယ္"
"....."
ေရွာင္းက်န့္ ထိုလူေခ်ာစကားေၾကာင့္ ေၾကာင္ေတာင္ေၾကာင္သြားေလသည္။ထို႔ေနာက္ ထိုလူေခ်ာက ႐ူးေနတဲ့သူမ်ားလားဟုလည္း ေတြးလိုက္ေသးသည္။
သို႔ေသာ္ ေသခ်ာေလးေတြးေတာၿပီးေနာက္ '႐ူးေနလည္း ေခ်ာရင္ရၿပီ'ဟု သတ္မွတ္လိုက္ေတာ့သည္။
"နာမည္ဘယ္လိုေခၚလဲဟင္"
"ဝမ္ရိေပၚ"
"ရိေပၚ....ငါ့ကိုခ်စ္လား"
"အြန္း...မင္းက ကိုယ့္ကိုနမ္းဖူးတဲ့ပထမဆုံးလူဘဲ..."
"အားး......ငါတို႔က နမ္းၿပီးၾကၿပီေပါ့ေလ"
"ဟုတ္တယ္....မင္းကိုယ့္ကို တာဝန္ယူရမယ္"
"ယူမွာေပါ့....က်ိန္းေသေပါက္ကိုယူမွာ...ဘယ္ေန႕ဘယ္အခ်ိန္ ဘယ္ေနရာမွာ လက္ထပ္မလဲကို စဥ္းစားထားလိုက္....အဆင္သင့္ျဖစ္ေစရမယ္"
"မင္းအရမ္းယြတယ္ေနာ္"
သူ႕ကို ကဲ့ရဲ႕ေနသည့္အသံၾကားမွ အခုထက္ထိ ပတ္ဝန္းက်င္ကို မၾကည့္ရေသးသည့္ ေရွာင္းက်န့္ဟာ သူတို႔ကို ၾကည့္ေနသည့္ ဖန္မုဟန္နဲ႕ ရီခ်ဳံးမိုကို ေတြ႕လိုက္ရသည္။
"မင္းတို႔က ဘာလို႔ ဒီမွာ ရွိေနတာလဲ"
ေရွာင္းက်န့္ဟာ ဖန္မုဟန္တို႔ ေျဖမွာကို မေစာင့္ေတာ့ဘဲ ပတ္ဝန္းက်င္ကို ၾကည့္လိုက္ေတာ့ သူတို႔ေက်ာင္းရဲ႕စာၾကည့္တိုက္မွာ ျဖစ္ေနသည္။
ထို႔ျပင္ ေက်ာင္းသားေတြကလည္း တစ္ေက်ာင္းလုံးနီးပါးျဖစ္သည္။ခုနက သူနိုးလာခ်ိန္မွာ စကားသံေတြမၾကားတာေၾကာင့္ လူရွင္းသည္ဟု ထင္ေနခဲ့တာျဖစ္သည္။
သို႔ေသာ္ အခုျမင္ေတြ႕ပုံအရ ထိုေက်ာင္းသားေတြက အခုမွ သတိရလာပုံျဖစ္သည္။ခ်က္ခ်င္းဆိုသလို ေရွာင္းက်န့္ေခါင္းထဲ 'တစ္ေက်ာင္းလုံး ျပန္ေပးဆြဲခံလိုက္ရတာလား'ဆိုၿပီး ဝင္ေရာက္လာသည္။
ထို႔ေၾကာင့္ ေၾကာက္လန့္စြာနဲ႕ မိုးနတ္မင္းကို တိုင္တည္ရန္ ေခါင္းေမာ့ၾကည့္လိုက္ခ်ိန္မွာ ဆယ္ထပ္တိုက္ႀကီးေတြလို အထပ္ေပါင္းမ်ားစြာကို ျမင္လိုက္ရသည္။
စာၾကည့္တိုက္က ႏွစ္ထပ္ျဖစ္ေပမဲ့ အခုေတာ့ အဆုံးကိုေတာင္ မျမင္ရတဲ့အထိ အထပ္မ်ားစြာ ျဖစ္ေနသည္။ေရွာင္းက်န့္ ထိတ္လန့္ေနစဥ္ ၾကက္သီးထဖြယ္အသံတစ္ခုကို ၾကားလိုက္ရသည္။
Ding-dong!
Ding-dong!
Ding-dong!
အားးးး
အားးးး
အားးး
ေခါင္းေလာင္းသံသုံးခ်က္ ၾကားၿပီးတာနဲ႕ ေအာ္သံသုံးခု တစ္ၿပိဳင္နက္ထြက္ေပၚလာခဲ့သည္။
ပထမအသံလာရာကို လူတိုင္းၾကည့္လိုက္ခ်ိန္မွာ ေခါင္းျပတ္ေနသည့္ ေက်ာင္းသူေလးတစ္ေယာက္ကို ေတြ႕လိုက္ရသည္။
ဒုတိယအသံထြက္တာကေတာ့ ဗိုက္ထဲကေန အူေတြထြက္က်ေနသည့္ ေက်ာင္းသားတစ္ေယာက္ ျဖစ္ေနသည္။
ေနာက္ဆုံး အသံပိုင္ရွင္ကေတာ့ ေရွာင္းက်န့္တို႔ရဲ႕ အတန္းပိုင္ဆရာမျဖစ္ေနသည္။သူမကေတာ့ မ်က္လုံးေတြ ကြၽတ္ထြက္ကာ အေပါက္တိုင္းက ေသြးေတြ စီးက်ေနခဲ့သည္။
ထိုျမင္ကြင္းေတြေၾကာင့္ ဒီစာၾကည့္တိုက္ထဲ ေရာက္ေနသည့္လူတိုင္း ေအာ္ဟစ္ၾကေတာ့သည္။ေရွာင္းက်န့္ေတာင္ ေၾကာက္လန့္မႈေၾကာင့္ ကိုယ္ကလႈပ္မရေတာ့ဘဲ ျဖစ္ေနေလသည္။သို႔ေသာ္ ဝမ္ရိေပၚက သူ႕ကို ဖက္ေပးလိုက္တာေၾကာင့္ အနည္းငယ္ေတာ့ စိတ္သက္သာသြားေတာ့သည္။
Part (6)ဆက္ရန္....
Advertisement
- In Serial24 Chapters
Soul of a Hunter
Nineteen-year-old Rex works with his childhood friend Cam to fight the monsters in the area around his town as the only Hunters protecting it. It's a quiet, peaceful life without much difficulty. Their work is worthwhile, the money is decent, and the locals treat them well. They are content. However, after they receive an ominous warning, the pair of Hunters must push themselves harder as they search for a potential issue in an attempt to put it down before it becomes a threat. When they track this new danger to its roots, however, they find themselves fighting tooth and nail just to protect their town. When that comes to pass, they can only hope to hold out long enough for reinforcements to arrive. No matter the risk, they will fight to protect their home, proving they possess the souls of true Hunters. [participant in the March-April 2020 Royal Road Writathon challenge]
8 130 - In Serial20 Chapters
World Servers - Dawn
The year is 2143, and much of the world’s population has been digitized for decades. Different servers are configured for different purposes. Some servers are pure gaming worlds. Others are offshoots of fringe political experimentation or regimes. Still others are based around ethnic or nationalist sentiment. Some replicate past times or past eras. And still others have been designed as totally imaginary locations created out of the dreams of programmers and the Artificial Intelligences that have been used to build and drive them. The gaming guild I Like Big Booty is a loosely affiliated group of friends and avid players. Theirs is an international guild which spans multiple servers, mostly running raids, ganking other players in PVP, and generally trying to build up the funds to purchase their own home world server. On one of the most populous servers – designed to resemble 20th century earth – a small raid team running a boring and routine run in Washington DC, comes across something that might change the fate of Virtual Reality across the solar system. Note: Per request, the title has been changed, though I might change it again when if I come up with something a little better.
8 111 - In Serial10 Chapters
Falcon || Jurassic World
"Blue might be my Beta, but Falcon is my baby girl."Owen Grady hates to play favourites with his raptors but Falcon was just that - his favourite. She'd been born smaller than her siblings, and with a little help from some genetic manipulation, way smarter. She can understand human speech and comprehend human emotions.Despite the odds being against her, Falcon survives the first stages of life and a bond grows between her and her handler. Soon, Owen Grady's best friend is quite possibly the fiercest Velociraptor yet.But of course, things can never be that easy.| Story is in Falcon's P.O.V. |
8 160 - In Serial55 Chapters
True World (Yandere Everything)
When 20 year old Y/N is suddenly transported to another world, she has no idea what to expect. Meeting all sorts of mythical creatures and even strange humans, she finds herself trapped. Especially when all said strange entities are focused only on her. It's a race against the clock as she fights for her freedom, and a way to get back to her own world.Warning: Story will contain smut, violence, and alot of crushes. #28 in horror 11/07/2021//: none of the pictures and or videos belong to me.
8 147 - In Serial37 Chapters
orphic [1] ⇻ stiles stilinski
"Stop pining over him Elle, you can do better.""I don't want better Lyds, I'm not sure it's even possible. I want him." [ based off Teen Wolf, Season One. ]
8 118 - In Serial11 Chapters
ghostmyers fanfic (๑•́ ₃ •̀๑)
just some ghostmyers related stuff, this is my first time writing a fanfic so please bear with me!!Ps. I've never been deep into the Halloween or scream franchises. Just know a lil bit so sorry for any lore mistakes!!! After all I wrote this fanfic purely cuz I play ghostie and Micheal on dead by daylight!!!!!!!! cover art is by me!!
8 138

