《Ding-dong(Season 1)(Completed)》(6)ပျော်စရာဂိမ်း
Advertisement
လူတိုင်း ကြောက်လန့်နေစဥ် ကြောက်မက်ဖွယ်မိန်းမအသံကြီး ထွက်ပေါ်လာသည်။
"ဟားဟားဟား.....ဟီးဟီးဟီး....ငါစောင့်မျှော်နေတဲ့အချိန်ဘဲ....လက အနီရောင်ပြောင်းသွားပြီ....ငါ့ရဲ့ သက်ရှိစာကြည့်တိုက်ကလည်း အသက်ဝင်လာပြီ...ဟားဟားဟား....ပျော်စရာအချိန်ဘဲ....ကလေးလေးတွေရေ...မကြောက်နဲ့နော်...ဒါက ကစားရုံပါဘဲ...ဒီမှာ အထပ်၁၅ထပ်ရှိတယ်...မင်းတို့က သတ်မှတ်ချိန်နှစ်နာရီအတွင်း အပေါ်ထပ်ကို တက်နိုင်မဲ့လှေကားကို ရှာရမယ်...ဒီကြားထဲ Ding dongဆိုတဲ့အသံတွေ ထွက်လာလိမ့်မယ်...အသံမြည်တဲ့ အရေအတွက်အလိုက် မင်းတို့တွေ သေရလိမ့်မယ်...သုံးခါမြည်ရင် သုံးယောက်သေမယ်...ဆယ်ခါမြည်ရင် ဆယ်ယောက်သေမယ်...ဘယ်လိုလဲ ပျော်ဖို့ကောင်းတယ်မလား"
ထိုစကားကြောင့် ကျောင်းသားကျောင်းသူတွေအားလုံး ထိတ်လန့်ကုန်ကြသည်။ကျောင်းသူလေးတွေဆို ငိုပါငိုနေကြသည်။ပါလေရာငါးပိချက်ကြီး ရှောင်းကျန့်တောင် တိတ်ဆိတ်နေသည်။သို့သော် နဂိုထဲက အမေးအမြန်းထူသူပီပီ မေးဖြစ်အောင်မေးလိုက်သေးသည်။
"အသတ်....အသတ်ခံရတာက ဘယ်လိုအကြောင်းအရင်းကြောင့်လဲ...ကြုံရာရွေးတာလား"
ရှောင်းကျန့်ဟာ ဒူးတုန်တုန်နဲ့ မေးပြီးနောက် ဝမ်ရိပေါ်ရင်ခွင်ထဲ ဝင်လိုက်သည်။သူ့ကို သတ်သွားမှာကို အရမ်းကြောက်ပါသည်။
"ဟားဟားဟား.....သတ္တိရှိလိုက်တဲ့ ကျောင်းသားလေးဘဲ....မင်းဘေးက လူငယ်လေးကလည်း အံ့သြစရာဘဲ...ကျောင်းသားလေး...ဒါက ကစားတာဆိုတော့ ငါက ကံကိုမကြည့်ဘူး...အရည်အချင်းဘဲကြည့်တယ်....အသံမြည်တာနဲ့ မင်းတို့ကိုသတ်ဖို့ ငါ့ရဲ့အချစ်ကလေးတွေ ရောက်လာလိမ့်မယ်....မင်းအားနည်းရင်တော့ မင်းက အသတ်ခံရလိမ့်မယ်...မင်းတို့မှာ ပုန်းဖို့အခွင့်အရေး ရှိပါသေးတယ်...အပုန်းကောင်းရင်တော့ အသက်ရှင်မှာပေါ့...ခုနက သုံးယောက်က စလာထဲက မင်းတို့ကို ဒီထဲမြှားလာခဲ့တဲ့ ငါ့ရဲ့ကစားစရာလေးတွေမို့ အစမ်းပြတဲ့နေရာမှာ သုံးလိုက်တာ.....ကဲ....ပျော်ရွှင်စရာဂိမ်းလေးကို စလိုက်ရအောင်....ဟားဟားဟား"
ထိုမိန်းမအသံကြီး ပျောက်သွားတော့ အကုန်လုံးဟာ ကြောက်လန့်လွန်းလို့ ဘာလုပ်လို့လုပ်ရမယ်မှန်း မသိတော့ပေ။တစ်ကျောင်းလုံးက ဆရာဆရာမတွေအပါအဝင် ကျောင်းသားတွေနဲ့မို့ အယောက်၃၀၀ ကျော်လေသည်။
ဒီလောက်လူအများကြီး ရှိနေတာတောင် စာကြည့်တိုက်က ချောင်နေကာ အရင်ကထက်များစွာ ကျယ်နေလေသည်။
ခဏအကြာမှာ သတ္တိရှိတဲ့ကျောင်းသားလေးတွေဟာ အုပ်စုဖွဲ့ပြီး ပုန်းမဲ့နေရာတွေ ရှာကြတော့သည်။ခေါင်းလောင်းသံဟာ ဘယ်အချိန်ဘယ်လိုမြည်မယ်မှန်း မသိတာကြောင့် နေရာရှာထားမှ တော်ကာကျမည်။
ဆရာတွေကတော့ ကျောင်းသားတွေနဲ့ဘဲ ပူးပေါင်းကြသည်။ကျောင်းသူတွေကလည်း သေမှာကြောက်တာကြောင့် အငိုရပ်လိုက်ကြပြီး အားကိုးရာ ရှာတော့သည်။ရှောင်းကျန့်တို့တစ်ဖွဲ့သာ ကျန်ခဲ့လေသည်။
"ရှောင်းကျန့်.....မင်းဘာလို့ ငြိမ်နေတာလဲ...မင်းက အဲ့ဒီသရဲမှန်းဘာမှန်းမသိတဲ့ဟာကြီးကိုကျ မေးခွန်းထမေးပြီးတော့ အခုကျတော့ ငြိမ်နေတယ်ပေါ့"
"ဟုတ်တယ်....သူများတွေ ပုန်းစရာလိုက်ရှာနေကြပြီ... အခုချိန်ခေါင်းလောင်းသံမြည်ရင် ငါတို့အဖွဲ့သေမှာ"
ငြိမ်နေတဲ့ရှောင်းကျန့်ဟာ ဘာမှပြန်မပြောဘဲ ခဏအကြာမှာ ထငိုတော့သည်။ငိုတာတောင် ဝမ်ရိပေါ်ကို ဖက်ထားသေးသည်။
"ဘယ်လိုလုပ်ကြမှာလဲ....လာသတ်မဲ့သူတွေက သရဲတွေလို ကြောက်စရာကောင်းနေရင် ငါလန့်သေသွားလိမ့်မယ်....ပြီးတော့ ငါက လှလှလေး သေချင်တာ....အဲ့လို မျက်လုံးတွေပြုတ်ထွက်ပြီး မသေချင်ဘူး....တစ်သက်မှာတစ်ခါသေရတာကို အလှဆုံးဖြစ်ချင်တာ"
"......."
ဖန်မုဟန်နဲ့ ရီချုံးမိုဟာ ဘာပြောရမှန်းတောင် မသိတော့ပေ။ဘယ်အချိန်ဘယ်လိုသေရမလဲ မသိတဲ့အချိန်မှာ ဒင်းက လှလှလေး သေချင်တယ်ဆိုတော့ သူတို့ဘာများ ပြောနိုင်ဦးပါ့မလဲ။
ထိုစဥ် ဝမ်ရိပေါ်ရဲ့ အသံချိုချိုလေး ထွက်လာလေသည်။
"စိတ်မပူနဲ့....ကိုယ်မင်းကို ကာကွယ်မယ်...မင်းလှလှလေး သေစေရမယ်"
"အီးဟီး.....မင်းမသေအောင် ကာကွယ်ပေးမယ်လို့ပြောရမှာလေ"
"အဲ့လိုလား....ဒါဆို ကိုယ်မင်းကို မသေအောင် ကာကွယ်ပေးမယ်"
"မှဲ့တစ်ပေါက်တောင်မစွန်းအောင် ကာကွယ်ပေးမယ်လို့ပြောရင် ပိုကောင်းတယ်"
"အော်....ကိုယ်မင်းကို မှဲ့တစ်ပေါက်တောင် မစွန်းအောင် ကာကွယ်ပေးမယ်"
"ရိပေါ်... မင်းက ချစ်ဖို့ကောင်းလိုက်တာ...မင်းစိတ်မပူပါနဲ့....ငါ့ကို ကာကွယ်ရင်း မင်းသေသွားရင် ငါမင်းနဲ့အတူ လိုက်သေပေးပါ့မယ်"
"ကိုယ်က သေပြီးသားလေ"
"......."
"......"
"ဟီး....မင်းက စကားသိပ်တတ်တာဘဲ....ငါ့အသက်ကို ကာကွယ်ဖို့ မင်းအသက်ကို ပေးလိုက်ပြီးပြီလို့ မပြောဘဲ သွယ်ဝိုက်လိုက်တာဘဲ"
ဝမ်ရိပေါ်ကတော့ ရှောင်းကျန့် ဘာတွေသဘောကျနေမှန်း မသိတာကြောင့် လွှတ်ထားလိုက်တော့သည်။သူများတွေက ပုန်းပြီးနေကြပေမဲ့ ရှောင်းကျန့်ကတော့ စကားပြောနေဆဲပင်။
ထိုစဥ် ကျောင်းသား၃ယောက်နဲ့ ကျောင်းသူတစ်ယောက် သူတို့အနားရောက်လာကြသည်။
"ငါတို့ ပူးပေါင်းကြမလား"
ပြောလိုက်တဲ့သူက အရပ်ရှည်ရှည်နဲ့ အရမ်းချောသော ကျောင်းသားတစ်ယောက်ဖြစ်ကာ cool guyပုံစံဖြစ်သည်။
ရှောင်းကျန့်သာ ဝမ်ရိပေါ်နဲ့ မတွေ့ရသေးပါက ထိုကျောင်းသားကို သူရအောင်လိုက်မည်ဖြစ်သည်။ကျောင်းချင်းတူတာတောင် မမြင်ဖူးလို့ အံ့တောင်သြမိသည်။
"ပူးပေါင်းလို့ရပါတယ်...ငါတို့လည်း လေးယောက်ဘဲရှိတာ"
"ကျေးဇူးပါ....ငါ့ဘေးက ကျောင်းသားနှစ်ယောက်က ဖုရိနဲ့ ဖုဖန်....သူတို့ကအမွှာတွေ....ကျောင်းသူလေးကတော့ ငါ့ညီမဝမ်းကွဲ ပိုင်မုံ့မုံ့....ငါ့နာမည်က ပိုင်ယန်စန်း..."
ရှောင်းကျန့်တို့တွေလည်း အပြန်အလှန် မိတ်ဆက်လိုက်သည်။အမွှာဖြစ်တဲ့ ဖုရိနဲ့ဖုဖန်ဟာလည်း အရမ်းချောကြသည်။ပိုင်မုံ့မုံ့ကလည်း ချစ်စရာကောင်မလေးတစ်ယောက်ဖြစ်သည်။
တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီးနောက် ဖန်မုဟန်ဟာ ပုန်းမဲ့နေရာရှာရန် ပြောလိုက်သည်။သို့သော် ပိုင်ယန်စန်းက တားလိုက်သည်။
"ငါတို့ ပုန်းမဲ့နေရာ မရှာဘူး...."
"ဘာလို့လဲ"
"အဲ့မိန်းမကြီးက လှေကားရှာဖို့ အချိန်နှစ်နာရီပေးတယ်လေ...ငါတို့သာ အချိန်မှီရှာမတွေ့ရင်ကော...သူက သတ်မယ်ဆိုရင် ငါတို့ဘာလုပ်နိုင်လို့လဲ"
"ဟုတ်သားဘဲ"
ရှောင်းကျန့်က သူ့မျက်မှန်သူ ပင့်တင်မလို့လုပ်ရင်း ပြောလိုက်သည်။သို့သော် ဝမ်ရိပေါ်က သူ့အစား အောက်စိုက်နေတဲ့မျက်မှန်ကို ပင့်တင်ပေးလိုက်သည်။ရှောင်းကျန့်က ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးလိုက်ပြီး
Advertisement
"ဒါဆိုလည်း ငါတို့လှေကားရှာ...."
Ding-dong
Ding-dong
Ding-dong
Ding-dong
Ding-dong
ရှောင်းကျန့်စကားတောင်မဆုံးခင် ခေါင်းလောင်းသံထွက်ပေါ်လာလေသည်။ထို့နောက် အခြားနေရာတွေကနေ အော်သံတွေ ထွက်ပေါ်လာသည်။
ရှောင်းကျန့်တို့ တစ်ဖွဲ့လုံး ကြောက်လွန်းလို့ ဘာမှမလုပ်နိုင်သေးခင် အော်သံတွေရပ်သွားကာ ကြောက်စရာကောင်းလွန်းတဲ့ သရဲတွေကို မြင်လိုက်ရသည်။
ထိုသရဲတွေရဲ့ ပါးစပ်မှာ လက်တွေ မျက်စိတွေ နှလုံးတွေကို တွေ့ရကာ သွေးတွေကလဲ ရဲရဲနီနေသည်။အသံက ငါးခါဖြစ်တာကြောင့် လူငါးယောက် သေသွားပြီဖြစ်သည်။
ထို့နောက် ထိုသရဲတွေဟာ ပျောက်သွားကြသည်။သရဲဆိုတာကို အခုမှမျက်မြင် တွေ့လိုက်ရတဲ့ ရှောင်းကျန့်ကတော့ ခဏငြိမ်နေပြီးမှ တံမလွန်က ပါးပါးကြားအောင် ငယ်သံပါပါနဲ့ အော်ဟစ်ပါတော့သည်။အသံက စူးလွန်းတာကြောင့် သရဲတွေတောင် လန့်ပြီပြေးနိုင်ကာ ဘေးကလူတွေတောင် သူနဲ့ဝေးဝေးကို ရွေ့သွားကြတော့သည်။
Part (7)ဆက်ရန်.....
Zawgyi
"......."
"ကိုယ်က သေပြီးသားလေ"
"......."
"......"
"ဘာလို့လဲ"
"ဟုတ်သားဘဲ"
Ding-dong
Ding-dong
Ding-dong
Ding-dong
Ding-dong
Part (7)ဆက်ရန်.....
Advertisement
- In Serial22 Chapters
Secondary Reincarnation: Awakened Gods - A D&D Inspired Isekai
[Rewrite of This Story: Of Dragons and Gods: A DnD Inspired Reincarnation Story] Dying from a gunshot wound, Samuel Tazuth finds himself before a mysterious goddess. She claims he has saved her life on Earth, and as a reward, she offers to reincarnate him as a baby on Arcadia, a fantasy planet filled with monsters and magic. He agrees, but what he doesn’t realize is that the goddess’ intentions run far deeper than mere gratitude. She has sent him to Arcadia for her own agenda, and what Samuel will soon discover is that the power which lies dormant inside himself will draw the entire planet to war, creating a conflict that will awaken the very gods themselves. Isekai with D&D elements. This is a work in progress, subject to edits, possibly major, though hopefully not. Any feedback regarding plot, characterization and continuity is greatly appreciated! Will include an OP MC, power levels, spell casting, magic academy, adventuring, dungeons, fighting monsters, romance. Suggestions welcome. Tagged with sexual content for the sporadic sexual scenes. Will be vanilla but graphic.
8 89 - In Serial19 Chapters
Escapia: A VRMMO
Escapia is a huge open world where every floor and every boss is designed differently, there are 10 classes, and there are hunting spots and activities in each floor! After our main characters are trapped in Escapia, they try to finish the game in order to return to their world. But to finish the game, they have to level up, fight the bosses on the floors, and unlock all the floors. On the last floor, there is the developer of the game himself. Finally, Escapia is truly an MMO! So with all its pros and cons... In the game, they have to grind, talk to NPC's and balance and upgrade a lot of power systems at the same time. To say the least, Escapia is a dark comedy on the one hand and a VRMMO story where various maps and worlds are explored on the other! I'm an author in Meganovel, Royalroad and Webnovel for now! Picture: https://tr.depositphotos.com/18265217/stock-photo-alien-world-in-winter.html Meganovel Version: https://www.meganovel.com/book_info/31000269578/Games/Escapia-A-VRMMO Webnovel Version: https://www.webnovel.com/book/escapia-a-vrmmo_22681838305752305
8 118 - In Serial6 Chapters
Magical Skeleton Microwave
Everyone's got magic. That's just how it is. When you look at the color of someone's spells, you can see how powerful they are. It runs up the rainbow, red to purple, and what you're born with it what you get. I have no color. Not too fun, to be perfectly honest.
8 191 - In Serial11 Chapters
Apocalypse is just the beginning
In 2065,world was integrated into the multiverse.The whole reality for the world and its inhabitants changed. The Earth ceased to be a whole and merged with about 80 different types of planets to form a different planetary layer. Humanity fled to shelters.For a long time they hide in there.To come back to earth again,humanity started the suicide soldier program.They have no family and no loved ones. They are sent to kill the moment they born.
8 75 - In Serial11 Chapters
The Crisis on Planet 9
Welcome to the dream colony Planet 9, where the streets are stained by blood and the buildings are filled with human remains. The creatures roaming among the abandoned cars and flying vehicles resemble almost to perfection the mindless cannibalistic zombies born from the fictional nightmares of mankind. The cities were built in the retro style of the 21st century, but the technology of the 24th century is ever present, mostly within the bodies of those mortally challenged monstrosities. After all, what turned them into these things was not an evolved organic virus, an alien disease, or some sort of magical artifact, it was the corrupted and reprogrammed nanobots within their bodies. Originally, they were meant to heal them and help them access the tech around them, but now they were the origin of this disaster. Among the rotting dead and the Nano-Z, as the survivors called them, Kardian Pandora awakens two months after getting bit by one of them. A young teacher at the local Resonance High, foolish and naive in his own way, but now driven by the Sapient AI in the nanobots inside his body to hunt down other Nano-Z and learn how to survive. For now, his only goal is to become strong enough and rejoin his students and fellow colleagues, foolishly hoping to somehow be able to get back to the time when the undead did not rule the streets. Will Kardian be able to survive in this new savage world or will his naive outlook lead him to a dead end? Volume 1 can be bought on Amazon: Resonance High
8 93 - In Serial61 Chapters
wires, steve harrington
❝ the wires got the best of him ❞s. harrington x henderson!ocstranger things seasons two, three, and fourlowercase intended© hollywillow-- awarded best steve harrington fanfic 2022
8 149

