《Ding-dong(Season 1)(Completed)》(7)လှေကားရှာခြင်း
Advertisement
ရှောင်းကျန့် စိတ်ငြိမ်အောင် ဝမ်ရိပေါ်က သူ့ရင်ခွင်ထဲ ထည့်ဖက်ထားသည်။ရှောင်းကျန့်ကတော့ စိတ်အေးအေးထားကာ ဝမ်ရိပေါ်ရဲ့ ပေါင်မုန့်တွေကို ထိနေသည်။
ထိုမြင်ကွင်းကို မြင်နေရတဲ့ ဖန်မုဟန်ဟာ မနေနိုင်တော့ဘဲ ရှောင်းကျန့်အား မေးလိုက်သည်။
"ရှောင်းကျန့်...ငါနားမလည်တော့ဘူး"
"ဘာကိုလဲ"
"မင်းက ကြောက်နေတာလား....ဒါမှမဟုတ် နှာဘူးထနေတာလား"
"ရိပေါ်ရဲ့ဝမ်းဗိုက်ကြွက်သားတွေက တောင့်တင်းနေတာဘဲ...အရမ်းမိုက်တယ်...အဲ့တာက ငါ့ရဲ့ကြောက်စိတ်ကို ဖျောက်ပေးနိုင်တယ်...ငါ့ရဲ့ logicကတော့ ပေါင်မုန့်တွေကိုထိရင် အကြောက်ပြေတယ်..."
တစ်ဖွဲ့လုံး "......"
ပိုင်ယန်စန်းဟာ ချောင်းဟန့်ကာ အခုအခြေအနေကို အာရုံစိုက်စေလိုက်သည်။ဒီပုံစံအတိုင်းသာဆို သူကသာ ဦးဆောင်ရမဲ့ကိန်းရှိသည်။
"အခု ငါတို့အားလုံးအတူတူ လှေကားရှာရအောင်"
"လှေကားရှာတာတော့ ဟုတ်ပါတယ်....ဒါပေမဲ့ လှေကားကို လွယ်လွယ်နဲ့တော့ ရှာတွေ့မယ်မထင်ဘူး"
"ဟုတ်တယ်....လျှို့ဝှက်အခန်းတွေဘာတွေများ ရှိမလား"
ရှောင်းကျန့်ဟာ နှစ်ယောက်တစ်ကမ္ဘာ စကားပြောနေကြသည့် ရီချုံးမိုနဲ့ ပိုင်ယန်စန်းတို့စကားဝိုင်းထဲသို့ ဝင်ပါလိုက်သည်။
သူက ခုနက ကြောက်ကြောက်နဲ့ အော်ဟစ်ခဲ့တုန်းက မှန်တစ်ဖက်ကွဲသွားသည့် မျက်မှန်ကို ပင့်တင်ရင်း ဆရာကြီးအထာနဲ့ စကားပြောလိုက်သည်။
"ငါ့ရဲ့ အသက်တစ်ဝက်လောက်က ရုပ်ရှင်ကြည့်ရင်း ကုန်ဆုံးလာခဲ့တာ....လူသတ်ကား စုံထောက်ကား သိပ္ပံကား ငါအကုန်ကြည့်လာခဲ့တာ...အဲ့ဒီအတွေ့အကြုံတွေအရ လှေကားက နံရံထဲမှာ ဖြစ်နိုင်တယ်"
သူ့စကားဆုံးတာနဲ့ ဖန်မုဟန်ရဲ့ နာရင်းအုပ်တာကို ခံလိုက်ရသည်။ရန်ပြန်တွေ့ဖို့ ပြင်လိုက်ပေမဲ့ ဝမ်ရိပေါ်ရှိနေတာကြောင့် ဝမ်ရိပေါ်ရင်ခွင်ထဲ တိုးဝင်ကာ ငိုမဲ့ငိုမဲ့ဖြင့် နေလိုက်သည်။
ဝမ်ရိပေါ်က ရှောင်းကျန့်ပုံစံကြောင့် ဖန်မုဟန်ကို အကြည့်စူးစူးပေးလိုက်သည်။ဖန်မုဟန်မှာ ကြောက်လွန်းသဖြင့် ဝင်ပုန်းတော့သည်။
အမွှာနှစ်ယောက်ထဲက အငယ်ဖြစ်သည့် ဖုဖန်ဟာ သူဝင်မိသည့်ဒီအဖွဲ့ဟာ သေရင်အရင်ဆုံး သေမှာလားဟုတောင် တွေးနေမိသည်။
လူတိုင်းကြောက်လွန်းလို့ ကြိုးစားနေကြစဥ် သူတို့ကတော့ စကားပြောလို့ကောင်းနေတုန်း။သရဲလာကိုက်ရင်တောင် စကားပြောနေကြဦးမလားမသိပေ။
ထို့နောက် သူတို့အဖွဲ့ဟာ ပိုင်ယန်စန်းကို ခေါင်းဆောင်တင်လိုက်ပြီး လှေကားရှာကြတော့သည်။အခုတစ်ခါမှာတော့ ရှောင်းကျန့်ဟာ ခေါင်းဆောင်လုပ်ဖို့ကို တစ်ခွန်းမှမဟပေ။အကြောင်းကတော့ သူက သရဲဆို ကြောက်လွန်းတာကြောင့် သရဲပေါ်တာနဲ့ ထိပ်ဆုံးက ပြေးမှာမို့လို့ ဖြစ်သည်။
သူတို့အားလုံး ဒီပထမအထပ်မှာ လှေကားရှာနေရင်း ဒီစာကြည့်တိုက်ဟာ အဆုံးမရှိသလို ခံစားလိုက်ရသည်။ဘယ်လောက်လျှောက်လျှောက် အခန်းတွေကော စာအုပ်စင်တွေကော ရှိနေဆဲပင်။
အခန်းတွေထဲမှာလည်း ပုန်းနေတဲ့သူတွေဘဲရှိကာ လှေကားမပြောနှင့် သစ်သားချောင်းတောင် မတွေ့ရပေ။
ပိုင်ယန်စန်းဟာ နံရံတွေကိုပါ လက်နဲ့ခေါက်ကြည့်ကာ သေချာလိုက်ကြည့်နေသည်။ထို့နောက် သူဟာ သူ့အဖွဲ့ဝင်တွေကော ဘယ်လိုတွေ ရှာနေတာလဲဆိုပြီး ကြည့်လိုက်လေသည်။
သူ့ညီမလေး ပိုင်မုံ့မုံ့က တောင်ကြည့်မြောက်ကြည့် အရှေ့ကြည့်အနောက်ကြည့်နဲ့ အကြည့်ဖြင့် ရှာဖွေနေပါသည်။
အမွှာနှစ်ယောက်ကတော့ နံရံတွေကို တစ်လှည့်စီ ဝင်တိုက်ကြည့်ကာ ရှာနေပြီး ဖန်မုဟန် ရီချုံးမိုကတော့ ကြမ်းပြင်ကို ခေါက်ကြည့်နေကြသည်။
လူထူးဆန်းလေး ဝမ်ရိပေါ်ကတော့ သူ့အကြည့်တွေကို ရှောင်းကျန့်ဆီကိုသာ ပို့ထားပြီး ဘာမှလုပ်မနေပေ။သူ့ကြည့်ရတာ ကိုယ်ရံတော်လိုပင်။သို့သော် သူ့မျက်လုံးထဲမှာတော့ အချစ်တွေ ပျော်ဝင်နေပါသည်။
ပိုင်ဟန်စန်းဟာ ထိုမြင်ကွင်းတွေကြောင့် သူတို့အဖွဲ့ဘယ်လောက်ထိများ အသက်ရှင်မလဲ မသိတော့ပေ။သို့သော် ရှောင်းကျန့်ဆီကို အကြည့်မပို့သေးခင်အထိ စိတ်ဓာတ်မကျသေးပေ။
ရှောင်းကျန့်ကို ကြည့်လိုက်မှ သူပိုပြီး စိတ်ဓာတ်ကျသွားလေသည်။ဒင်းလေးကာ စာကြည့်တိုက်ပေါ်က စာအုပ်တွေကို တစ်အုပ်ချင်းလှန်နေသည်။
"ရှောင်းကျန့်....ဘာလုပ်နေတာလဲ"
"လှေကားရှာနေတာလေ"
"စာအုပ်ထဲမှာလား"
"ဟုတ်တယ်....ဘွားတော်ကြီးက အကျင့်ယုတ်ပြီး စာအုပ်ထဲ ထည့်ဖွက်ထားရင် ဘယ်လိုလုပ်မလဲ"
"......."
ပိုင်ယန်းစန်းဟာ သက်ပြင်းချလိုက်ပြီး အသုံးမကျတဲ့ အဖွဲ့ဝင်တွေအစား သူဘဲ ကြိုးစားရှာတော့သည်။သူတို့အပြင် လှေကားရှာနေတဲ့သူတွေလည်း အများကြီးရှိတာမို့ အနည်းငယ်တော့ စိတ်အေးသွားရသည်။
ထိုစဥ် အားလုံးကြောက်ကြသည့် ခေါင်းလောင်းသံဟာ ထွက်ပေါ်လာပါတော့သည်။
Ding -dong
ဒီတစ်ခါတော့ အသံဟာ ဆက်တိုက်ကို ဆယ်ကြိမ်တိတိ ထွက်ပေါ်လာခဲ့သည်။ထိုအသံကြီးကလွဲလို့ ကျန်တာအားလုံး တိတ်ဆိတ်နေခဲ့သည်။
အသံဆုံးတာနဲ့ ကြောက်မက်ဖွယ်သရဲတွေ ထွက်ပေါ်လာလေသည်။ဒီတစ်ခါ သရဲတွေ ပေါ်လာတဲ့နေရာကတော့ ရှောင်းကျန့်တို့ ရှာနေကြတဲ့ ကော်ရစ်တာပေါ်မှာ ဖြစ်သည်။
လှေကားရှာနေသူတွေချည်းဘဲမို့ အားလုံးပေါင်း ၅၀ ကျော်လေသည်။ထိုသရဲတွေ ပေါ်လာတော့ အကုန်လုံး ကြောက်လန့်ကာ ထွက်ပြေးကြတော့သည်။
ရှောင်းကျန့်တို့တစ်ဖွဲ့လုံးလည်း ပြေးကြတော့သည်။သို့သော် ရှောင်းကျန့်ကတော့ သူ့ထက် အဆပေါင်းတစ်သောင်းရုပ်ဆိုးလှတဲ့ သရဲတွေကြောင့် လန့်ကာ မေ့လဲသွားတာမို့ ဝမ်ရိပေါ်က ပွေ့ချီကာ ပြေးရတော့သည်။
နှေးကွေးသူတွေဟာ သရဲတွေလက်မှာ အမိခံလိုက်ရပြီး သေဆုံးသွားတော့သည်။ပိုင်မုံ့မုံ့ဟာ ခြေထောက်သိပ်မသန်တာမို့ ပြေးတာအရမ်းနှေးလေသည်။
သူ့နောက်က သူ့ထက်ပြေးတာနှေးသည့်လူတွေ အသတ်ခံရပြီး သွေးတွေကတောင် သူမကို လာစင်လေသည်။ထို့ကြောင့် ပိုပြီးကြောက်လန့်ကာ ချော်လဲသွားတော့သည်။
သူမချော်လဲတာနဲ့ အရှေ့က ပိုင်ယန်စန်းဟာ သူမဆီကို ပြန်ပြေးတော့သည်။အားလုံးကလည်း ပိုင်မုံ့မုံသေပြီဟု တွေးလိုက်ပေမဲ့ ကံကောင်းစွာဖြင့် လူဆယ်ယောက်ပြည့်သွားပြီးမို့ သရဲတွေက ပျောက်ကွယ်သွားတော့သည်။
ထိုအခါမှ လူတိုင်းသက်ပြင်းချလိုက်ကြသည်။ပိုင်မုံ့မုံ့ဟာလည်း ခြေတွေလက်တွေပါ တုန်နေပြီး အသက်ဘေးမှ လွတ်မြောက်သွားတာတောင် မပျော်နိုင်သေးပေ။
ရှောင်းကျန့်ကတော့ မေ့မျောလို့ ကောင်းနေတုန်းပင်။ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ နဖူးပေါ်က ချွေးတွေကို သူ့အင်္ကျီဖြင့် သုတ်ပေးပြီး ဆက်ပြီးပွေ့ဖက်ထားဆဲပင်။
ထိုမြင်ကွင်းကို မြင်နေရတဲ့လူတိုင်းကတော့ ပွေ့ချီခံရပြီးမပြေးရတာတောင် ချွေးထွက်နေသည့် ရှောင်းကျန့်ကိုကြည့်ပြီး ဘာစကားမှ မပြောနိုင်တော့ပေ။
ပြဇာတ်ငယ်လေး;
လူတိုင်း "ရှောင်းကျန့်....မင်းဘာလို့ မပြေးတာတောင် ချွေးထွက်နေရတာလဲ"
Advertisement
ရှောင်းကျန့် "ရိပေါ်ပြေးတာ ငြိမ်မှမငြိမ်တာ...လှုပ်နေတော့ ငါချွေးထွက်ပြီပေါ့"
ဝမ်ရိပေါ် "နောက်ဆို ကိုယ်မလှုပ်ဘဲနဲ့ ပြေးပါ့မယ်"
လူတိုင်း "......."
Part (8)ဆက်ရန်.....
Zawgyi
ေရွာင္းက်န့္ စိတ္ၿငိမ္ေအာင္ ဝမ္ရိေပၚက သူ႕ရင္ခြင္ထဲ ထည့္ဖက္ထားသည္။ေရွာင္းက်န့္ကေတာ့ စိတ္ေအးေအးထားကာ ဝမ္ရိေပၚရဲ႕ ေပါင္မုန့္ေတြကို ထိေနသည္။
ထိုျမင္ကြင္းကို ျမင္ေနရတဲ့ ဖန္မုဟန္ဟာ မေနနိုင္ေတာ့ဘဲ ေရွာင္းက်န့္အား ေမးလိုက္သည္။
"ေရွာင္းက်န့္...ငါနားမလည္ေတာ့ဘူး"
"ဘာကိုလဲ"
"မင္းက ေၾကာက္ေနတာလား....ဒါမွမဟုတ္ ႏွာဘူးထေနတာလား"
"ရိေပၚရဲ႕ဝမ္းဗိုက္ႂကြက္သားေတြက ေတာင့္တင္းေနတာဘဲ...အရမ္းမိုက္တယ္...အဲ့တာက ငါ့ရဲ႕ေၾကာက္စိတ္ကို ေဖ်ာက္ေပးနိုင္တယ္...ငါ့ရဲ႕ logicကေတာ့ ေပါင္မုန့္ေတြကိုထိရင္ အေၾကာက္ေျပတယ္..."
တစ္ဖြဲ႕လုံး "......"
ပိုင္ယန္စန္းဟာ ေခ်ာင္းဟန့္ကာ အခုအေျခအေနကို အာ႐ုံစိုက္ေစလိုက္သည္။ဒီပုံစံအတိုင္းသာဆို သူကသာ ဦးေဆာင္ရမဲ့ကိန္းရွိသည္။
"အခု ငါတို႔အားလုံးအတူတူ ေလွကားရွာရေအာင္"
"ေလွကားရွာတာေတာ့ ဟုတ္ပါတယ္....ဒါေပမဲ့ ေလွကားကို လြယ္လြယ္နဲ႕ေတာ့ ရွာေတြ႕မယ္မထင္ဘူး"
"ဟုတ္တယ္....လွ်ို႔ဝွက္အခန္းေတြဘာေတြမ်ား ရွိမလား"
ေရွာင္းက်န့္ဟာ ႏွစ္ေယာက္တစ္ကမၻာ စကားေျပာေနၾကသည့္ ရီခ်ဳံးမိုနဲ႕ ပိုင္ယန္စန္းတို႔စကားဝိုင္းထဲသို႔ ဝင္ပါလိုက္သည္။
သူက ခုနက ေၾကာက္ေၾကာက္နဲ႕ ေအာ္ဟစ္ခဲ့တုန္းက မွန္တစ္ဖက္ကြဲသြားသည့္ မ်က္မွန္ကို ပင့္တင္ရင္း ဆရာႀကီးအထာနဲ႕ စကားေျပာလိုက္သည္။
"ငါ့ရဲ႕ အသက္တစ္ဝက္ေလာက္က ႐ုပ္ရွင္ၾကည့္ရင္း ကုန္ဆုံးလာခဲ့တာ....လူသတ္ကား စုံေထာက္ကား သိပၸံကား ငါအကုန္ၾကည့္လာခဲ့တာ...အဲ့ဒီအေတြ႕အႀကဳံေတြအရ ေလွကားက နံရံထဲမွာ ျဖစ္နိုင္တယ္"
သူ႕စကားဆုံးတာနဲ႕ ဖန္မုဟန္ရဲ႕ နာရင္းအုပ္တာကို ခံလိုက္ရသည္။ရန္ျပန္ေတြ႕ဖို႔ ျပင္လိုက္ေပမဲ့ ဝမ္ရိေပၚရွိေနတာေၾကာင့္ ဝမ္ရိေပၚရင္ခြင္ထဲ တိုးဝင္ကာ ငိုမဲ့ငိုမဲ့ျဖင့္ ေနလိုက္သည္။
ဝမ္ရိေပၚက ေရွာင္းက်န့္ပုံစံေၾကာင့္ ဖန္မုဟန္ကို အၾကည့္စူးစူးေပးလိုက္သည္။ဖန္မုဟန္မွာ ေၾကာက္လြန္းသျဖင့္ ဝင္ပုန္းေတာ့သည္။
အမႊာႏွစ္ေယာက္ထဲက အငယ္ျဖစ္သည့္ ဖုဖန္ဟာ သူဝင္မိသည့္ဒီအဖြဲ႕ဟာ ေသရင္အရင္ဆုံး ေသမွာလားဟုေတာင္ ေတြးေနမိသည္။
လူတိုင္းေၾကာက္လြန္းလို႔ ႀကိဳးစားေနၾကစဥ္ သူတို႔ကေတာ့ စကားေျပာလို႔ေကာင္းေနတုန္း။သရဲလာကိုက္ရင္ေတာင္ စကားေျပာေနၾကဦးမလားမသိေပ။
ထို႔ေနာက္ သူတို႔အဖြဲ႕ဟာ ပိုင္ယန္စန္းကို ေခါင္းေဆာင္တင္လိုက္ၿပီး ေလွကားရွာၾကေတာ့သည္။အခုတစ္ခါမွာေတာ့ ေရွာင္းက်န့္ဟာ ေခါင္းေဆာင္လုပ္ဖို႔ကို တစ္ခြန္းမွမဟေပ။အေၾကာင္းကေတာ့ သူက သရဲဆို ေၾကာက္လြန္းတာေၾကာင့္ သရဲေပၚတာနဲ႕ ထိပ္ဆုံးက ေျပးမွာမို႔လို႔ ျဖစ္သည္။
သူတို႔အားလုံး ဒီပထမအထပ္မွာ ေလွကားရွာေနရင္း ဒီစာၾကည့္တိုက္ဟာ အဆုံးမရွိသလို ခံစားလိုက္ရသည္။ဘယ္ေလာက္ေလွ်ာက္ေလွ်ာက္ အခန္းေတြေကာ စာအုပ္စင္ေတြေကာ ရွိေနဆဲပင္။
အခန္းေတြထဲမွာလည္း ပုန္းေနတဲ့သူေတြဘဲရွိကာ ေလွကားမေျပာႏွင့္ သစ္သားေခ်ာင္းေတာင္ မေတြ႕ရေပ။
ပိုင္ယန္စန္းဟာ နံရံေတြကိုပါ လက္နဲ႕ေခါက္ၾကည့္ကာ ေသခ်ာလိုက္ၾကည့္ေနသည္။ထို႔ေနာက္ သူဟာ သူ႕အဖြဲ႕ဝင္ေတြေကာ ဘယ္လိုေတြ ရွာေနတာလဲဆိုၿပီး ၾကည့္လိုက္ေလသည္။
သူ႕ညီမေလး ပိုင္မုံ႕မုံ႕က ေတာင္ၾကည့္ေျမာက္ၾကည့္ အေရွ႕ၾကည့္အေနာက္ၾကည့္နဲ႕ အၾကည့္ျဖင့္ ရွာေဖြေနပါသည္။
အမႊာႏွစ္ေယာက္ကေတာ့ နံရံေတြကို တစ္လွည့္စီ ဝင္တိုက္ၾကည့္ကာ ရွာေနၿပီး ဖန္မုဟန္ ရီခ်ဳံးမိုကေတာ့ ၾကမ္းျပင္ကို ေခါက္ၾကည့္ေနၾကသည္။
လူထူးဆန္းေလး ဝမ္ရိေပၚကေတာ့ သူ႕အၾကည့္ေတြကို ေရွာင္းက်န့္ဆီကိုသာ ပို႔ထားၿပီး ဘာမွလုပ္မေနေပ။သူ႕ၾကည့္ရတာ ကိုယ္ရံေတာ္လိုပင္။သို႔ေသာ္ သူ႕မ်က္လုံးထဲမွာေတာ့ အခ်စ္ေတြ ေပ်ာ္ဝင္ေနပါသည္။
ပိုင္ဟန္စန္းဟာ ထိုျမင္ကြင္းေတြေၾကာင့္ သူတို႔အဖြဲ႕ဘယ္ေလာက္ထိမ်ား အသက္ရွင္မလဲ မသိေတာ့ေပ။သို႔ေသာ္ ေရွာင္းက်န့္ဆီကို အၾကည့္မပို႔ေသးခင္အထိ စိတ္ဓာတ္မက်ေသးေပ။
ေရွာင္းက်န့္ကို ၾကည့္လိုက္မွ သူပိုၿပီး စိတ္ဓာတ္က်သြားေလသည္။ဒင္းေလးကာ စာၾကည့္တိုက္ေပၚက စာအုပ္ေတြကို တစ္အုပ္ခ်င္းလွန္ေနသည္။
"ေရွာင္းက်န့္....ဘာလုပ္ေနတာလဲ"
"ေလွကားရွာေနတာေလ"
"စာအုပ္ထဲမွာလား"
"ဟုတ္တယ္....ဘြားေတာ္ႀကီးက အက်င့္ယုတ္ၿပီး စာအုပ္ထဲ ထည့္ဖြက္ထားရင္ ဘယ္လိုလုပ္မလဲ"
"......."
ပိုင္ယန္းစန္းဟာ သက္ျပင္းခ်လိဳက္ၿပီး အသုံးမက်တဲ့ အဖြဲ႕ဝင္ေတြအစား သူဘဲ ႀကိဳးစားရွာေတာ့သည္။သူတို႔အျပင္ ေလွကားရွာေနတဲ့သူေတြလည္း အမ်ားႀကီးရွိတာမို႔ အနည္းငယ္ေတာ့ စိတ္ေအးသြားရသည္။
ထိုစဥ္ အားလုံးေၾကာက္ၾကသည့္ ေခါင္းေလာင္းသံဟာ ထြက္ေပၚလာပါေတာ့သည္။
Ding -dong
ဒီတစ္ခါေတာ့ အသံဟာ ဆက္တိုက္ကို ဆယ္ႀကိမ္တိတိ ထြက္ေပၚလာခဲ့သည္။ထိုအသံႀကီးကလြဲလို႔ က်န္တာအားလုံး တိတ္ဆိတ္ေနခဲ့သည္။
အသံဆုံးတာနဲ႕ ေၾကာက္မက္ဖြယ္သရဲေတြ ထြက္ေပၚလာေလသည္။ဒီတစ္ခါ သရဲေတြ ေပၚလာတဲ့ေနရာကေတာ့ ေရွာင္းက်န့္တို႔ ရွာေနၾကတဲ့ ေကာ္ရစ္တာေပၚမွာ ျဖစ္သည္။
ေလွကားရွာေနသူေတြခ်ည္းဘဲမို႔ အားလုံးေပါင္း ၅၀ ေက်ာ္ေလသည္။ထိုသရဲေတြ ေပၚလာေတာ့ အကုန္လုံး ေၾကာက္လန့္ကာ ထြက္ေျပးၾကေတာ့သည္။
ေရွာင္းက်န့္တို႔တစ္ဖြဲ႕လုံးလည္း ေျပးၾကေတာ့သည္။သို႔ေသာ္ ေရွာင္းက်န့္ကေတာ့ သူ႕ထက္ အဆေပါင္းတစ္ေသာင္း႐ုပ္ဆိုးလွတဲ့ သရဲေတြေၾကာင့္ လန့္ကာ ေမ့လဲသြားတာမို႔ ဝမ္ရိေပၚက ေပြ႕ခ်ီကာ ေျပးရေတာ့သည္။
ႏွေးေကြးသူေတြဟာ သရဲေတြလက္မွာ အမိခံလိုက္ရၿပီး ေသဆုံးသြားေတာ့သည္။ပိုင္မုံ႕မုံ႕ဟာ ေျခေထာက္သိပ္မသန္တာမို႔ ေျပးတာအရမ္းႏွေးေလသည္။
သူ႕ေနာက္က သူ႕ထက္ေျပးတာႏွေးသည့္လူေတြ အသတ္ခံရၿပီး ေသြးေတြကေတာင္ သူမကို လာစင္ေလသည္။ထို႔ေၾကာင့္ ပိုၿပီးေၾကာက္လန့္ကာ ေခ်ာ္လဲသြားေတာ့သည္။
သူမေခ်ာ္လဲတာနဲ႕ အေရွ႕က ပိုင္ယန္စန္းဟာ သူမဆီကို ျပန္ေျပးေတာ့သည္။အားလုံးကလည္း ပိုင္မုံ႕မုံေသၿပီဟု ေတြးလိုက္ေပမဲ့ ကံေကာင္းစြာျဖင့္ လူဆယ္ေယာက္ျပည့္သြားၿပီးမို႔ သရဲေတြက ေပ်ာက္ကြယ္သြားေတာ့သည္။
ထိုအခါမွ လူတိုင္းသက္ျပင္းခ်လိဳက္ၾကသည္။ပိုင္မုံ႕မုံ႕ဟာလည္း ေျခေတြလက္ေတြပါ တုန္ေနၿပီး အသက္ေဘးမွ လြတ္ေျမာက္သြားတာေတာင္ မေပ်ာ္နိုင္ေသးေပ။
ေရွာင္းက်န့္ကေတာ့ ေမ့ေမ်ာလို႔ ေကာင္းေနတုန္းပင္။ဝမ္ရိေပၚက ေရွာင္းက်န့္ရဲ႕ နဖူးေပၚက ေခြၽးေတြကို သူ႕အကၤ်ီျဖင့္ သုတ္ေပးၿပီး ဆက္ၿပီးေပြ႕ဖက္ထားဆဲပင္။
ထိုျမင္ကြင္းကို ျမင္ေနရတဲ့လူတိုင္းကေတာ့ ေပြ႕ခ်ီခံရၿပီးမေျပးရတာေတာင္ ေခြၽးထြက္ေနသည့္ ေရွာင္းက်န့္ကိုၾကည့္ၿပီး ဘာစကားမွ မေျပာနိုင္ေတာ့ေပ။
ျပဇာတ္ငယ္ေလး;
လူတိုင္း "ေရွာင္းက်န့္....မင္းဘာလို႔ မေျပးတာေတာင္ ေခြၽးထြက္ေနရတာလဲ"
ေရွာင္းက်န့္ "ရိေပၚေျပးတာ ၿငိမ္မွမၿငိမ္တာ...လႈပ္ေနေတာ့ ငါေခြၽးထြက္ၿပီေပါ့"
ဝမ္ရိေပၚ "ေနာက္ဆို ကိုယ္မလႈပ္ဘဲနဲ႕ ေျပးပါ့မယ္"
လူတိုင္း "......."
Part (8)ဆက္ရန္.....
Advertisement
- In Serial25 Chapters
Two Brothers
DOING A FULL REWRITE. Two brothers return home from a long day of work to be transported to a diferent world because of a tear in space and time. followed by their loyal dog they must hunt and find resources to survive the upcoming winter, fight monsters that try to eat them and other problems along the way, since this world is nothing like Earth. Disclaimer: English is not my first language.
8 166 - In Serial28 Chapters
Archangel
What happens when one of the purest angels of God, kills...? Becca has a past that she just got to recoverShe has a secret that she's recalling litte by littleHer world and her beliefs are not what she thoughtAnd it's going to change the whole ballance of things Even if it stains the whole reality in shades of gray Updated every other Monday
8 106 - In Serial6 Chapters
The BLOODLANDS
The story follows a young lord in which a middle-aged man reincarnated into the body and gets a second chance at using the knowledge he learns from reading in his past life. No longer bound to the world of his library and university but in a world in which if he failed not only his death but the death of others are in his hands. This concept of the book came about from having two mild heart attacks and the regrets of not being more active in my younger life. Note: The cover of the book is from a painting of Richard the Lionheart at the Battle of Arsuf (1191) during the Third Crusade where he defeated Saladin. Painting by Gustave Doré (19th century).
8 111 - In Serial40 Chapters
Merciful
(18+)Ali Ahmed Sheikh is a powerful businessman and simultaneous leader of one of the biggest criminal organizations. No one questions him, and what he wants is undoubtedly his. When the opportunity of defeating his father's greatest rival- Abdul Qadeer comes, he takes a step further and captures Abdul's daughter; Anaya. Ali's world is obstructed when he comes to know of a life that is vacant of felony and hatred- all in the mind of a significant woman.Anaya Abassi Qadeer is a virtuous woman, pursuing a career in educating the youth and following the footsteps of her righteous late mother. Anaya is unknown to the fact that her father is a criminal, but by the time she gets the hint it's too late- and she's caught in the world of sinfulness, and hostility all led by a remarkable man.Please be advised. This book does not romanticize abuse or toxic relationships in any way.
8 84 - In Serial27 Chapters
1 am » poetry
when you still have this tiny, tiny bit of hope inside of you that they will learn how to love you again,even if there's this bigger part that knows: they never will.© sushitae-「 highest ranking: #19 in poetry 」
8 368 - In Serial167 Chapters
Anime/Webtoon Oneshots
Basically the title. Requests will be explained in the story. Please, enjoy :)
8 190

