《Ding-dong(Season 1)(Completed)》(9)ဒုတိယအထပ်
Advertisement
လူတိုင်းဟာ အချိန်ဆွဲမနေတော့ဘဲ ဒုတိယအထပ်တက်ရန် ပြင်တော့သည်။သူတို့ဟာ ဝမ်ရိပေါ်ပြောသည့် နေရာအတိအကျအတိုင်း ရပ်လိုက်တဲ့အချိန်မှာ ချက်ချင်းဆိုသလို သူတို့ရှေ့တည့်တည့်တွင် လှေကားကို မြင်လိုက်ရသည်။
လှေကားဟာ အနီရောင်တောက်နေပြီး သွေးတွေပေနေသလို ကြောက်မက်ဖွယ်ကောင်းလှသည်။သို့သော် ဘယ်လောက်ကြောက်ကြောက် ဒီကနေဘဲ တက်ရမှာမို့ အံကြိတ်ကာ တက်ရတော့သည်။
တချို့ကျောင်းသားတွေက ပုန်းနေသည့်ကျောင်းသားတချို့ကို သွားခေါ်ကြသည်။ဒါပေမဲ့လည်း ပုန်းမြဲပုန်းနေကာ မလိုက်သည့်လူအရေအတွက်ကလည်း တော်တော်များသည်။ထိုထဲတွင် ဆရာဆရာမတွေတောင် ပါသေးသည်။
အချိန်ကလည်း နှစ်နာရီပြည့်တော့မည်ဖြစ်ကာ လူတိုင်း လှေကားပေါ်ကို လျင်မြန်စွာ တက်ကြလေသည်။သို့သော် လှေကားထစ်ပေါင်း တစ်ရာကျော် ရောက်လာတာတောင် ဒုတိယအထပ် မရောက်လာနိုင်သေးပေ။
"လှေကားတွေက တစ်ထောင်လောက် ရှိနေတာလား"
ဆက်တက်ရန် အားမရှိတော့သည့် ရှောင်းကျန့်က ညီးညူးနေသည်။သူပြောတာကို အားနည်းသည့် မိန်းကလေးတွေကလည်း ထောက်ခံကြသည်။
"ပထမအထပ်ကလို လှေကားကလည်း ဝင်္ကပါဖြစ်နေမယ်ထင်လား"
အမွှာအကြီးကောင် ဖုရိက တွေးဆဆနဲ့ ပြောလာသည်။ထို့ကြောင့် လူတိုင်းအကြည့်က ဝမ်ရိပေါ်ဆီ ရောက်လာသည်။
သူတို့အကြည့်တွေကို ရှောင်းကျန့်မျက်နှာ တစ်ကမ္ဘာတည်နေတဲ့ ဝမ်ရိပေါ်က သတိမထားမိပေမဲ့ ရှောင်းကျန့်ကတော့ သတိထားမိလေသည်။
"ဟိတ်....ငါ့ပေါ်ပေါ်လေးက ဉာဏ်ကောင်းရုံလေးဘဲ....အကြားအမြင်ဆရာမဟုတ်ဘူး....ဘယ်လိုလုပ် သေချာသိမှာလဲ...ဟုတ်တယ်မလား ပေါ်ပေါ်"
"အွန်း"
ဝမ်ရိပေါ်က ခေါင်းညိတ်ထောက်ခံလိုက်သည်။အခုလှေကားက ဝင်္ကပါမဟုတ်တာကို သူသိပေမဲ့ သူ့အချစ်လေးက သူမသိဘူးလို့ ပြောထားမှတော့ သူလည်း ပြောပြနေစရာအကြောင်း မရှိပေ။
အခြားလူတွေကလည်း ဝမ်ရိပေါ်က မသိဘူးဆိုမှတော့ ဆက်မကြည့်တော့ဘဲ လှေကားပေါ်ကိုသာ တက်တော့သည်။
သူတို့တက်နေရင်း အရှေ့ဆုံးမှလူ၏ အော်သံကို ကြားလိုက်ရသည်။
"ဘာဖြစ်တာလဲ"
"လှေကားထစ်က ဆက်မရှိတော့ဘူး"
လှေကားဟာ တစ်ထစ်လျှင် လူငါးယောက်လောက် ရပ်လို့ရကာ အပေါ်ဆုံးထပ်ကနေ အောက်ငုံ့ကြည့်ရင် မဲမှောင်နေတာကိုဘဲ မြင်ရလေသည်။
"ဘာလုပ်ကြမှာလဲ"
"မသိဘူးလေ"
ရှောင်းကျန့်တို့အဖွဲ့တောင် ဘာဆက်လုပ်လို့လုပ်ရမလဲ မသိတော့ပေ။ထိုအချိန်တွင် ထိုမိန်းမကြီးအသံ ထွက်ပေါ်လာခဲ့သည်။
"အချိန်နှစ်နာရီ ပြည့်တော့မယ်....ဒုတိယထပ်ကို ဘယ်သူမှ မရောက်သေးဘူး.....ကဲ...ကဲ... ကဲ....အချိန်က စက္ကန့်ပိုင်းဘဲ လိုတော့တယ်....30...29...28...27...26...."
လူတိုင်း ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိကြတော့ပေ။လှေကားက ဆက်ရှိမနေတော့ ဒုတိယအထပ်ကို ဘယ်လိုတက်ရမယ်မှန်း မသိကြပေ။
ထိုမိန်းမကြီးရဲ့ စက္ကန့်တွေကို ရေရွတ်နေတဲ့အသံဟာ သူတို့ကို သေမင်းတံခါးဝနဲ့ နီးလာသလို ခံစားရစေသည်။
ရှောင်းကျန့်တောင် ကြောက်လန့်လာပြီး ဝမ်ရိပေါ်လက်ကို တင်းတင်းလေး ဆုပ်ကိုင်ထားသည်။အချိန်ဟာ ဆယ်ငါးစက္ကန့်သာ ရှိတော့သည့်အချိန်မှာ ဝမ်ရိပေါ်ဟာ သူ့ကိုဆွဲ၍ သူတို့ရှိနေသည့် ထိပ်ဆုံးအထစ်အောက် နှစ်ထစ်မြောက်ကနေ အပေါ်အထစ်ကလူတွေကို တွန်းဖယ်ကာ အပေါ်ဆုံးအထစ်ကို တက်တော့သည်။
"ကိုယ့်ကို ယုံတယ်မလား"
"အွန်း"
သူစကားဆုံးတာနဲ့ ဝမ်ရိပေါ်ဟာ သူ့ကိုဖက်ပြီး ထိုအပေါ်ဆုံးအထစ်ကနေ ခုန်ချလိုက်သည်။ရှောင်းကျန့်ဟာ အတော်လေးလန့်သွားပြီး ဝမ်ရိပေါ်ကို တင်းနေအောင် ဖက်ထားလိုက်သည်။
တစ်ခဏအကြာမှာ ရှောင်းကျန့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ပထမအထပ်နဲ့မတူသည့်နေရာကို ရောက်နေတာ တွေ့လိုက်ရသည်။
ရှောင်းကျန့် ဒါဟာ ဒုတိယအထပ်မှန်း ခန့်မှန်းနိုင်လိုက်သည်။ဒီအထပ်ဟာ ပထမအထပ်လို စာကြည့်တိုက်ပုံစံမဟုတ်ဘဲ အိမ်တစ်အိမ်လို ဖြစ်နေသည်။
"ရိပေါ်.....ဒါက ဒုတိယအထပ်လား"
"အွန်း"
ဝမ်ရိပေါ်က ရှောင်းကျန့်အဆင်ပြေတာကိုတွေ့မှ စိတ်အေးသွားရသည်။သူမပြောမဆိုနဲ့ ခုန်ချလိုက်တာမို့ သူ့အချစ်လေး ကြောက်လန့်သွားမည်ကို စိုးရိမ်မိပါသည်။
ရှောင်းကျန့်ကတော့ ဝမ်ရိပေါ် စိုးရိမ်နေတာကို မသိဘဲ ဝမ်ရိပေါ်မျက်နှာကို သူ့လက်နဲ့ကိုင်ကာ နူးညံ့နေသည့်ပါးလေးအား နမ်းလိုက်သည်။
"ပေါ်ပေါ်လေးက တော်လို့ ဒီကကျန့်ကျန့်လေးက အနမ်းလေး ဆုချလိုက်ပါတယ်"
သူနောက်ထပ် စကားထပ်မပြောခင်မှာဘဲ ဝမ်ရိပေါ်က သူ့ခါးကို ပွေ့ဖက်လိုက်ပြီး သူ့နှုတ်ခမ်းအား နမ်းလိုက်လေသည်။
သူတို့ နမ်းနေစဥ် ဘယ်ကမှန်းမသိသည့် ချောင်းဆိုသံတစ်သံ ထွက်လာတာကြောင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လူတွေအများကြီးကို တွေ့လိုက်ရသည်။
ထိုထဲတွင် ရှောင်းကျန့်ရဲ့အဖွဲ့သားတွေအပြင် လှေကားတက်တုန်းက ဝမ်ရိပေါ်ကို ယုံကြည်ပြီး လိုက်ခုန်ချခဲ့သူများ ပါဝင်လေသည်။
သူတို့က ဝမ်ရိပေါ်နဲ့ရှောင်းကျန့် ခုန်ချသွားတာနဲ့ ဆက်နေလည်းသေမည့်အတူတူ ခုန်ချလည်း ကိစ္စမရှိဘူးဟု တွေးကာ လိုက်ပြီးခုန်ချခဲ့ကြသည်။
သူတို့ ဒီရောက်တော့ ဝမ်ရိပေါ်ကို ချီးကျူးနေသည့်ရှောင်းကျန့်ကို မြင်လိုက်ရပြီး စကားပြောမလို့ လုပ်ခဲ့ပေမဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို နမ်းလိုက်တာကြောင့် ခဏလောက် ငြိမ်နေလိုက်သည်။
သူတို့ရောက်နေတာကို အသိထပ်ပေးမည့်အချိန်မှာ ဝမ်ရိပေါ်က ရုတ်တရက်ကြီး ရှောင်းကျန့်ကို နမ်းလိုက်တော့ ဘာအသံမှ ထွက်မလာတော့ပေ။
သို့သော် ရီချုံးမိုဟာ ဒီမြင်ကွင်းကြောင့် သီးသွားကာ ချောင်းထဆိုးမှ သူတို့ရှိနေကြောင်းကို အချစ်ငှက်လေးနှစ်ကောင်က သတိပြုမိသွားတော့သည်။
ရှောင်းကျန့် ထိုလူတွေကို အကြည့်စူးစူးတွေ ပို့လွှတ်လိုက်သည်။လူတိုင်းက ရှောင်းကျန့်အကြည့်ကို မသိချင်ယောင်ဆောင်ကာ ဟိုကြည့်ဒီကြည့် နေလိုက်တော့သည်။
ထိုစဥ် ထိုကြောက်စရာမိန်းမကြီးအသံ ထွက်ပေါ်လာသည်။
"ဒုတိယအထပ်ကို ရောက်ရှိလာတဲ့သူတိုင်းကို ဂုဏ်ပြုပါတယ်နော်....အခုတော့ အသက်ရှင်ကျန်ရစ်တာက ဒီဒုတိယအထပ်က လူတစ်ရာကျော်ဘဲ ဖြစ်ပါတယ်"
လူတိုင်းအသက်ရှုအောင့်ထားကြသည်။လူပေါင်းသုံးရာကျော်က အခုဆို တစ်ရာကျော်ဘဲ ရှိတော့သည်။ပထမအထပ်မှာတင် လူတစ်ရာကျော် သေသွားခဲ့လေပြီ။
"ပုန်းနေတဲ့သူတွေကတော့ သံသေတ္တာထဲမှာဘဲ ထာဝရပုန်းခိုင်းလိုက်ပြီး လှေကားပေါ်ကနေ မခုန်ချရဲတဲ့သူတွေကတော့ အဲ့လှေကားကနေ ပြုတ်ကျကုန်ပြီ...ကဲ...ဒုတိယအထပ်ရောက်ပြီဆိုတော့ ဒုတိယအထပ်ရဲ့ စည်းမျဥ်းလေးတော့ ရှိတာပေါ့...ဒီတစ်ခါ Ding-dongက မင်းတို့ရဲ့ ကံအပေါ်မှာမူတည်တယ်....ဒီအထပ်ကတော့ ငါ့အချစ်လေးတွေမရှိတဲ့ တစ်ခုတည်းသောအထပ်ဆိုတော့ သိပ်ပျင်းဖို့ကောင်းမှာဘဲ...လှေကားအတွက် သတ်မှတ်ချိန်က ငါးနာရီ...ကဲ....အချိန်စပြီ....ဟီးဟီးဟီး"
Advertisement
အသံကြီးပျောက်သွားမှ လူတိုင်းသက်ပြင်းချမယ် ပြင်လိုက်စဥ် ထိတ်လန့်ဖွယ် နောက်တစ်သံ ထွက်ပေါ်လာသည်။
Ding-dong
အသံထွက်လာတဲ့ ပိုင်ယန်စန်းအနားက ကျောင်းသူလေးရဲ့အော်သံ ထွက်ပေါ်လာခဲ့သည်။သူမဟာ တစ်ကိုယ်လုံး အရည်ပျော်ကျသွားသည်။သွေးတွေရယ် အသားတွေရယ် အသည်းကလီစာတွေက အပုံလိုက်နဲ့ အန်ချင်ဖွယ်ကောင်းနေတော့သည်။
အကုန်လုံးဟာ သရဲကို မတွေ့လိုက်ရဘဲ လူတစ်ယောက် သေဆုံးတာမို့ ဒီဒုတိယအထပ်ဟာ ပထမထပ်ထက် ပိုပြီး ကြောက်ဖို့ကောင်းနေတော့သည်။
Part (10)ဆက်ရန်.....
Zawgyi
လူတိုင္းဟာ အခ်ိန္ဆြဲမေနေတာ့ဘဲ ဒုတိယအထပ္တက္ရန္ ျပင္ေတာ့သည္။သူတို႔ဟာ ဝမ္ရိေပၚေျပာသည့္ ေနရာအတိအက်အတိုင္း ရပ္လိုက္တဲ့အခ်ိန္မွာ ခ်က္ခ်င္းဆိုသလို သူတို႔ေရွ႕တည့္တည့္တြင္ ေလွကားကို ျမင္လိုက္ရသည္။
ေလွကားဟာ အနီေရာင္ေတာက္ေနၿပီး ေသြးေတြေပေနသလို ေၾကာက္မက္ဖြယ္ေကာင္းလွသည္။သို႔ေသာ္ ဘယ္ေလာက္ေၾကာက္ေၾကာက္ ဒီကေနဘဲ တက္ရမွာမို႔ အံႀကိတ္ကာ တက္ရေတာ့သည္။
တခ်ိဳ႕ေက်ာင္းသားေတြက ပုန္းေနသည့္ေက်ာင္းသားတခ်ိဳ႕ကို သြားေခၚၾကသည္။ဒါေပမဲ့လည္း ပုန္းၿမဲပုန္းေနကာ မလိုက္သည့္လူအေရအတြက္ကလည္း ေတာ္ေတာ္မ်ားသည္။ထိုထဲတြင္ ဆရာဆရာမေတြေတာင္ ပါေသးသည္။
အခ်ိန္ကလည္း ႏွစ္နာရီျပည့္ေတာ့မည္ျဖစ္ကာ လူတိုင္း ေလွကားေပၚကို လ်င္ျမန္စြာ တက္ၾကေလသည္။သို႔ေသာ္ ေလွကားထစ္ေပါင္း တစ္ရာေက်ာ္ ေရာက္လာတာေတာင္ ဒုတိယအထပ္ မေရာက္လာနိုင္ေသးေပ။
"ေလွကားေတြက တစ္ေထာင္ေလာက္ ရွိေနတာလား"
ဆက္တက္ရန္ အားမရွိေတာ့သည့္ ေရွာင္းက်န့္က ညီးၫူးေနသည္။သူေျပာတာကို အားနည္းသည့္ မိန္းကေလးေတြကလည္း ေထာက္ခံၾကသည္။
"ပထမအထပ္ကလို ေလွကားကလည္း ဝကၤပါျဖစ္ေနမယ္ထင္လား"
အမႊာအႀကီးေကာင္ ဖုရိက ေတြးဆဆနဲ႕ ေျပာလာသည္။ထို႔ေၾကာင့္ လူတိုင္းအၾကည့္က ဝမ္ရိေပၚဆီ ေရာက္လာသည္။
သူတို႔အၾကည့္ေတြကို ေရွာင္းက်န့္မ်က္ႏွာ တစ္ကမၻာတည္ေနတဲ့ ဝမ္ရိေပၚက သတိမထားမိေပမဲ့ ေရွာင္းက်န့္ကေတာ့ သတိထားမိေလသည္။
"ဟိတ္....ငါ့ေပၚေပၚေလးက ဉာဏ္ေကာင္း႐ုံေလးဘဲ....အၾကားအျမင္ဆရာမဟုတ္ဘူး....ဘယ္လိုလုပ္ ေသခ်ာသိမွာလဲ...ဟုတ္တယ္မလား ေပၚေပၚ"
"အြန္း"
ဝမ္ရိေပၚက ေခါင္းညိတ္ေထာက္ခံလိုက္သည္။အခုေလွကားက ဝကၤပါမဟုတ္တာကို သူသိေပမဲ့ သူ႕အခ်စ္ေလးက သူမသိဘူးလို႔ ေျပာထားမွေတာ့ သူလည္း ေျပာျပေနစရာအေၾကာင္း မရွိေပ။
အျခားလူေတြကလည္း ဝမ္ရိေပၚက မသိဘူးဆိုမွေတာ့ ဆက္မၾကည့္ေတာ့ဘဲ ေလွကားေပၚကိုသာ တက္ေတာ့သည္။
သူတို႔တက္ေနရင္း အေရွ႕ဆုံးမွလူ၏ ေအာ္သံကို ၾကားလိုက္ရသည္။
"ဘာျဖစ္တာလဲ"
"ေလွကားထစ္က ဆက္မရွိေတာ့ဘူး"
ေလွကားဟာ တစ္ထစ္လွ်င္ လူငါးေယာက္ေလာက္ ရပ္လို႔ရကာ အေပၚဆုံးထပ္ကေန ေအာက္ငုံ႕ၾကည့္ရင္ မဲေမွာင္ေနတာကိုဘဲ ျမင္ရေလသည္။
"ဘာလုပ္ၾကမွာလဲ"
"မသိဘူးေလ"
ေရွာင္းက်န့္တို႔အဖြဲ႕ေတာင္ ဘာဆက္လုပ္လို႔လုပ္ရမလဲ မသိေတာ့ေပ။ထိုအခ်ိန္တြင္ ထိုမိန္းမႀကီးအသံ ထြက္ေပၚလာခဲ့သည္။
"အခ်ိန္ႏွစ္နာရီ ျပည့္ေတာ့မယ္....ဒုတိယထပ္ကို ဘယ္သူမွ မေရာက္ေသးဘူး.....ကဲ...ကဲ... ကဲ....အခ်ိန္က စကၠန့္ပိုင္းဘဲ လိုေတာ့တယ္....30...29...28...27...26...."
လူတိုင္း ဘာလုပ္လို႔ လုပ္ရမယ္မွန္း မသိၾကေတာ့ေပ။ေလွကားက ဆက္ရွိမေနေတာ့ ဒုတိယအထပ္ကို ဘယ္လိုတက္ရမယ္မွန္း မသိၾကေပ။
ထိုမိန္းမႀကီးရဲ႕ စကၠန့္ေတြကို ေရ႐ြတ္ေနတဲ့အသံဟာ သူတို႔ကို ေသမင္းတံခါးဝနဲ႕ နီးလာသလို ခံစားရေစသည္။
ေရွာင္းက်န့္ေတာင္ ေၾကာက္လန့္လာၿပီး ဝမ္ရိေပၚလက္ကို တင္းတင္းေလး ဆုပ္ကိုင္ထားသည္။အခ်ိန္ဟာ ဆယ္ငါးစကၠန့္သာ ရွိေတာ့သည့္အခ်ိန္မွာ ဝမ္ရိေပၚဟာ သူ႕ကိုဆြဲ၍ သူတို႔ရွိေနသည့္ ထိပ္ဆုံးအထစ္ေအာက္ ႏွစ္ထစ္ေျမာက္ကေန အေပၚအထစ္ကလူေတြကို တြန္းဖယ္ကာ အေပၚဆုံးအထစ္ကို တက္ေတာ့သည္။
"ကိုယ့္ကို ယုံတယ္မလား"
"အြန္း"
သူစကားဆုံးတာနဲ႕ ဝမ္ရိေပၚဟာ သူ႕ကိုဖက္ၿပီး ထိုအေပၚဆုံးအထစ္ကေန ခုန္ခ်လိဳက္သည္။ေရွာင္းက်န့္ဟာ အေတာ္ေလးလန့္သြားၿပီး ဝမ္ရိေပၚကို တင္းေနေအာင္ ဖက္ထားလိုက္သည္။
တစ္ခဏအၾကာမွာ ေရွာင္းက်န့္ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ပထမအထပ္နဲ႕မတူသည့္ေနရာကို ေရာက္ေနတာ ေတြ႕လိုက္ရသည္။
ေရွာင္းက်န့္ ဒါဟာ ဒုတိယအထပ္မွန္း ခန့္မွန္းနိုင္လိုက္သည္။ဒီအထပ္ဟာ ပထမအထပ္လို စာၾကည့္တိုက္ပုံစံမဟုတ္ဘဲ အိမ္တစ္အိမ္လို ျဖစ္ေနသည္။
"ရိေပၚ.....ဒါက ဒုတိယအထပ္လား"
"အြန္း"
ဝမ္ရိေပၚက ေရွာင္းက်န့္အဆင္ေျပတာကိုေတြ႕မွ စိတ္ေအးသြားရသည္။သူမေျပာမဆိုနဲ႕ ခုန္ခ်လိဳက္တာမို႔ သူ႕အခ်စ္ေလး ေၾကာက္လန့္သြားမည္ကို စိုးရိမ္မိပါသည္။
ေရွာင္းက်န့္ကေတာ့ ဝမ္ရိေပၚ စိုးရိမ္ေနတာကို မသိဘဲ ဝမ္ရိေပၚမ်က္ႏွာကို သူ႕လက္နဲ႕ကိုင္ကာ ႏူးညံ့ေနသည့္ပါးေလးအား နမ္းလိုက္သည္။
"ေပၚေပၚေလးက ေတာ္လို႔ ဒီကက်န့္က်န့္ေလးက အနမ္းေလး ဆုခ်လိဳက္ပါတယ္"
သူေနာက္ထပ္ စကားထပ္မေျပာခင္မွာဘဲ ဝမ္ရိေပၚက သူ႕ခါးကို ေပြ႕ဖက္လိုက္ၿပီး သူ႕ႏႈတ္ခမ္းအား နမ္းလိုက္ေလသည္။
သူတို႔ နမ္းေနစဥ္ ဘယ္ကမွန္းမသိသည့္ ေခ်ာင္းဆိုသံတစ္သံ ထြက္လာတာေၾကာင့္ ပတ္ဝန္းက်င္ကို ၾကည့္လိုက္ေတာ့ လူေတြအမ်ားႀကီးကို ေတြ႕လိုက္ရသည္။
ထိုထဲတြင္ ေရွာင္းက်န့္ရဲ႕အဖြဲ႕သားေတြအျပင္ ေလွကားတက္တုန္းက ဝမ္ရိေပၚကို ယုံၾကည္ၿပီး လိုက္ခုန္ခ်ခဲ့သူမ်ား ပါဝင္ေလသည္။
သူတို႔က ဝမ္ရိေပၚနဲ႕ေရွာင္းက်န့္ ခုန္ခ်သြားတာနဲ႕ ဆက္ေနလည္းေသမည့္အတူတူ ခုန္ခ်လည္း ကိစၥမရွိဘူးဟု ေတြးကာ လိုက္ၿပီးခုန္ခ်ခဲ့ၾကသည္။
သူတို႔ ဒီေရာက္ေတာ့ ဝမ္ရိေပၚကို ခ်ီးက်ဴးေနသည့္ေရွာင္းက်န့္ကို ျမင္လိုက္ရၿပီး စကားေျပာမလို႔ လုပ္ခဲ့ေပမဲ့ ေရွာင္းက်န့္က ဝမ္ရိေပၚကို နမ္းလိုက္တာေၾကာင့္ ခဏေလာက္ ၿငိမ္ေနလိုက္သည္။
သူတို႔ေရာက္ေနတာကို အသိထပ္ေပးမည့္အခ်ိန္မွာ ဝမ္ရိေပၚက ႐ုတ္တရက္ႀကီး ေရွာင္းက်န့္ကို နမ္းလိုက္ေတာ့ ဘာအသံမွ ထြက္မလာေတာ့ေပ။
သို႔ေသာ္ ရီခ်ဳံးမိုဟာ ဒီျမင္ကြင္းေၾကာင့္ သီးသြားကာ ေခ်ာင္းထဆိုးမွ သူတို႔ရွိေနေၾကာင္းကို အခ်စ္ငွက္ေလးႏွစ္ေကာင္က သတိျပဳမိသြားေတာ့သည္။
ေရွာင္းက်န့္ ထိုလူေတြကို အၾကည့္စူးစူးေတြ ပို႔လႊတ္လိုက္သည္။လူတိုင္းက ေရွာင္းက်န့္အၾကည့္ကို မသိခ်င္ေယာင္ေဆာင္ကာ ဟိုၾကည့္ဒီၾကည့္ ေနလိုက္ေတာ့သည္။
ထိုစဥ္ ထိုေၾကာက္စရာမိန္းမႀကီးအသံ ထြက္ေပၚလာသည္။
"ဒုတိယအထပ္ကို ေရာက္ရွိလာတဲ့သူတိုင္းကို ဂုဏ္ျပဳပါတယ္ေနာ္....အခုေတာ့ အသက္ရွင္က်န္ရစ္တာက ဒီဒုတိယအထပ္က လူတစ္ရာေက်ာ္ဘဲ ျဖစ္ပါတယ္"
လူတိုင္းအသက္ရႈေအာင့္ထားၾကသည္။လူေပါင္းသုံးရာေက်ာ္က အခုဆို တစ္ရာေက်ာ္ဘဲ ရွိေတာ့သည္။ပထမအထပ္မွာတင္ လူတစ္ရာေက်ာ္ ေသသြားခဲ့ေလၿပီ။
"ပုန္းေနတဲ့သူေတြကေတာ့ သံေသတၱာထဲမွာဘဲ ထာဝရပုန္းခိုင္းလိုက္ၿပီး ေလွကားေပၚကေန မခုန္ခ်ရဲတဲ့သူေတြကေတာ့ အဲ့ေလွကားကေန ျပဳတ္က်ကဳန္ၿပီ...ကဲ...ဒုတိယအထပ္ေရာက္ၿပီဆိုေတာ့ ဒုတိယအထပ္ရဲ႕ စည္းမ်ဥ္းေလးေတာ့ ရွိတာေပါ့...ဒီတစ္ခါ Ding-dongက မင္းတို႔ရဲ႕ ကံအေပၚမွာမူတည္တယ္....ဒီအထပ္ကေတာ့ ငါ့အခ်စ္ေလးေတြမရွိတဲ့ တစ္ခုတည္းေသာအထပ္ဆိုေတာ့ သိပ္ပ်င္းဖို႔ေကာင္းမွာဘဲ...ေလွကားအတြက္ သတ္မွတ္ခ်ိန္က ငါးနာရီ...ကဲ....အခ်ိန္စၿပီ....ဟီးဟီးဟီး"
အသံႀကီးေပ်ာက္သြားမွ လူတိုင္းသက္ျပင္းခ်မယ္ ျပင္လိုက္စဥ္ ထိတ္လန့္ဖြယ္ ေနာက္တစ္သံ ထြက္ေပၚလာသည္။
Ding-dong
အသံထြက္လာတဲ့ ပိုင္ယန္စန္းအနားက ေက်ာင္းသူေလးရဲ႕ေအာ္သံ ထြက္ေပၚလာခဲ့သည္။သူမဟာ တစ္ကိုယ္လုံး အရည္ေပ်ာ္က်သြားသည္။ေသြးေတြရယ္ အသားေတြရယ္ အသည္းကလီစာေတြက အပုံလိုက္နဲ႕ အန္ခ်င္ဖြယ္ေကာင္းေနေတာ့သည္။
အကုန္လုံးဟာ သရဲကို မေတြ႕လိုက္ရဘဲ လူတစ္ေယာက္ ေသဆုံးတာမို႔ ဒီဒုတိယအထပ္ဟာ ပထမထပ္ထက္ ပိုၿပီး ေၾကာက္ဖို႔ေကာင္းေနေတာ့သည္။
Part (10)ဆက္ရန္.....
Advertisement
- In Serial784 Chapters
Ancient Bones: The Changed Ones book 1 (Post-Post Apocalypse LitRPG)
Is it truly an RPG Apocalypse... if no one can see the RPG? Generations after the Fall, Mankind has achieved a balance in a world it is no longer the master of. But your prospects in this Malthusian world are limited. Johanna Milton and her friends have an answer: delve into Ancient ruins, avoid Changed beasts and mana pockets, and salvage Ancient materials, collectibles, and trinkets to sell. It pays well if you avoid the perils of the Ancient world. But when they find the skeleton of an Ancient, their lives take a strange turn. Suddenly, Talents straight out of fantasy novels become theirs. While they try to make sense of what happens, eyes turn to them, to the four who seem to break all rules. Or are they merely following them? Because, in the Beyond where he's spent 150 years waiting, one dead Ancient knows the truth. Douglas Moore has played those games often enough when he was alive to make sense of the System that rules the Changed world. He can no longer act on his own, but he has access to the Interface. And four people for which he can bring whatever it takes to face the world. Change is coming. The Changed Ones is a slow-burn litrpg fantasy trilogy (Ancient Bones, Ancient Books, Ancient Bonds) set on Earth, 150 years after the RPG Apocalypse... which mostly failed. It is an homage to the venerable ancient RPGs of the Golden Box era, the Baldur's Gates, and many others, offering adventure where You must gather your party before venturing forth. Keywords: LitRPG, realistic setting, low-leveling, post-post-apocalypse, fantasy earth, slow-burn, secondary POVs, female primary MC, team adventure, worldbuilding. Trigger warnings: casual swearing, adult innuendo (no explicit scenes whatsoever, though). Oh, and potentially a bit of politics. Bonus content: a Litrpg Easter Egg hunt. With lots of eggs across the book, some easy, some hard to find. Current score: 6/20 (20 eggs, 6 found) Publication schedule: on hold until September for book 2.
8 246 - In Serial97 Chapters
The Dungeon Challenge
The Dungeon Challenge beckons.Katha was taken, offered to the Challenge in exchange for mercy for the villagers of Reach. And now it’s up to siblings Malco and Reva, her only friends, to get her back. They’ll need the power of Archetypes. They’ll need levels. And for that, they’ll need to risk their lives. In their way stands a perilous journey, deadly traps, and terrible monsters. Omnipotent Godtouched plot in the shadows, and older conspiracies come to light to threaten the land itself. Larger than life, older than time, the Challenge itself lies in wait. It plays for keeps. You don’t get another try. -------------------------------------------------The Dungeon Challenge is my first stab at gamelit. A chapter a day for about a month and then Mon-Wed-Fri. Art by the wonderful Cáti Daehnhardt @catidaehnhardt
8 189 - In Serial6 Chapters
Be a Steam Player
They didn't move for a thousand years... "Admiral Grant," the King suddenly shouted. The soldier's head snapped up in surprise. "Yes, Your Majesty?" "Wake the Giant." The rust peeled off like dead skin, falling into the ocean and revealing the shining metal body beneath. The ground shook as the gears began to turn, their grinding heard for miles. Story based in the same universe as my other story, Gamer's Guide to Waking up as a Dinosaur.
8 204 - In Serial13 Chapters
The Fall
The fate of the lone human named Shade affects the world and its inhabitants, as he battles his destiny while waging war on the world he was born in.(My first fan fiction so I am waiting for some criticism and opinions, hope for honest replies so my work can become better.)
8 86 - In Serial16 Chapters
Conquer Your Own Fate
A young man, James was rescued by his created character of the light novel, Rein from the final boss. In order to prevent chaos and revenge to the final boss, James inherits Rein's power and existence itself to defeat it. This is a story of him traveling the anime world to gain power and defeat the created final boss.
8 116 - In Serial17 Chapters
The Legend of Fanaura : Journey
Finding out the truth about her reason to be a Fanaura, made her rage. But to whom she pointed the anger to? When the Goddess that had made her become a Fanaura has disappeared along with all her Zanjs. She must bring the Goddesses back, not just for the sake of the world but also for her own benefit. With that goal in mind, she decided to go on a JOURNEY to save the world. Even if that's mean she has to do it with a group of people from her past. Her past friends, her past foe, and once her worst nightmare. ---- This is the second book of The legend of Fanaura. If you haven't read the first book, please read it first ^^ so you won't be confused. Thank you.
8 208

