《Ding-dong(Season 1)(Completed)》(12)အွန်းကိုယ်တော်
Advertisement
အစားစားသောက်ပြီးနောက် လူတိုင်းဟာ တံခါးရှာကြတော့သည်။ဒီတစ်ခါတော့ လူတွေတစ်ပြုံကြီးမသွားတော့ဘဲ ကိုယ့်အဖွဲ့နဲ့ကိုယ်သာ ရှာကြတော့သည်။
ရှောင်းကျန့်လည်း ဝမ်ရိပေါ်လက်ကိုဆုပ်ကိုင်ထားပြီး ပိုင်ယန်စန်းနောက် လိုက်ရတော့သည်။ဒုတိယအထပ်က ပထမအထပ်ထက် ရှာရပိုလွယ်လေသည်။
အခန်းတွေနည်းတာမို့ ရှာရတာ သိပ်မများပေ။ရှောင်းကျန့် ရှာနေရင်း ဝမ်ရိပေါ်အနား တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ရိပေါ်....မင်းတစ်ခုခုသိတာနဲ့ ငါ့ကိုအရင်ပြောပြနော်"
"အွန်း"
"ဘာလို့လဲ မမေးဘူးလား"
"ဘာလို့လဲ"
"ငါလည်း မင်းလို လူအထင်ကြီးတာ ခံချင်လို့လေ....ပြီးတော့ မင်းကို ငမ်းနေတဲ့ဟာတွေကို မင်းက ငါနဲ့အလိုက်ဖက်ဆုံးဆိုတာ ပြချင်လို့"
ရှောင်းကျန့်အပြောကြောင့် ဝမ်ရိပေါ် ဘေးဘီကို ကြည့်လိုက်တော့ ကျောင်းသူလေးတချို့ဟာ သူ့ကိုခဏခဏ ခိုးကြည့်နေကြသည်။
"စိတ်မပူနဲ့....ကိုယ်က မင်းတစ်ယောက်ထဲကိုဘဲချစ်တာ...မင်းကသာ ကိုယ်နဲ့အလိုက်ဖက်ဆုံး"
"ငါမင်းကို ယုံပါတယ်...သူတို့ကို သောက်မြင်ကပ်တာ...အသက်က ဘယ်အချိန်ထွက်မလဲ မသိတာတောင် နှာဘူးထနေသေးတယ်..."
ရှောင်းကျန့် ထိုအထဲတွင် သူလည်းပါခဲ့တယ်ဆိုတာကို မေ့နေလေသည်။အကယ်၍ ဝမ်ရိပေါ်သာ သူနဲ့ရည်းစားဖြစ်မနေပါက ထိုအုပ်စုထဲတွင် သူက ထိပ်ဆုံးက ဖြစ်နိုင်သည်။
ရှောင်းကျန့်တစ်ယောက်သာ သူများတွေကို သောက်မြင်ကပ်နေချိန် အခြားလူတွေကတော့ လှေကားရှာနေကြသည်။အချိန်က တစ်နာရီကျော်သွားပြီဖြစ်ကာ လှေကားရှာမတွေ့ရင် သူတို့အားလုံးသေရမည်ဖြစ်တာကြောင့် အချိန်ရှိခိုက် ကြိုးစားရှာနေကြသည်။
သို့သော် ရှောင်းကျန့်လို တောင်ကြည့်မြောက်ကြည့်နဲ့ လူမျိုးတွေလည်းရှိကာ ရီချုံးမိုလို ဖွန်ကြောင်တတ်တဲ့သူတွေလည်း ရှိပါသည်။
ရီချုံးမို ကြောင်နေတာက အမွှာအငယ်ဖြစ်တဲ့ ဖုဖန်ဖြစ်သည်။သူမသိသည်က သူကြောင်နေတာက အမွှာအကြီးဖုရိဖြစ်နေတာပင်။
ဖုရိနဲ့ဖုဖန်ဟာ ခွဲမရအောင် တူပေမဲ့ မတူတာက ဖုဖန်က နားဖောက်ထားပြီး ဖုရိကတော့ နားမဖောက်ထားပေ။ရီချုံးမိုက သူကြိုက်တာ အကြီးလားအငယ်လားတောင် သေချာမသိဘဲ အငယ်ကို ကြိုက်မည်ဟု ဆုံးဖြတ်ပြီး အကြီးကို သွားကြောင်နေလေသည်။
"ဟိတ်....ငါမင်းနဲ့ အတူရှာလို့ရမလား"
"မရဘူး"
"ဘာလို့လဲ"
"ငါက လှေကားရှာမနေဘူး"
"ဒါဆို ဘာလုပ်နေတာလဲ"
"ဘယ်သူလှေကားရှာတွေ့မှာလဲဆိုပြီး လိုက်ကြည့်နေတာ"
"......"
အမွှာပေမဲ့ ဖုရိနဲ့ဖုဖန်က အပြုအမူတော့ နည်းနည်းကွဲပြားသည်။ဖုရိက စကားမနည်းပေမဲ့ ဖုဖန်လောက်တော့ စကားမများပေ။
ဖုဖန်ဆိုသည်မှာ ကြက်တူရွေးတောင် အရှုံးပေးလောက်အောင် စကားအသေများသူဖြစ်သည်။စကားတစ်လုံးရတာနဲ့ တစ်နေကုန်ပြောလို့မဆုံးတော့ပေ။အခုတောင် အရေးပေါ်အခြေအနေကြီးမို့ ငြိမ်နေတာဖြစ်သည်။
သူက ငြိမ်နေပေမဲ့ ပေါက်ပေါက်တော့ဖောက်နေသေးသည်။သူပေါက်ပေါက်ဖောက်တာကို နားထောင်နေရတာကတော့ အဖွဲ့ခေါင်းဆောင်ကြီး ပိုင်ယန်စန်းသာ ဖြစ်သည်။
အဖွဲ့က တစ်ယောက်တစ်မျိုး မရိုးရပေ။ပိုင်ယန်စန်း ခေါင်းတောင်ကိုက်သွားသည်။တော်သေးတာက သူ့အဖွဲ့မှာ ဝမ်ရိပေါ်ရှိနေသည်။မဟုတ်ပါက အမြဲအရင်ဆုံးသေမှာက သူတို့အဖွဲ့ဖြစ်လိမ့်မည်။
ရှောင်းကျန့်ကတော့ သူတို့တွေ ဘာဖြစ်နေလဲဆိုတာကို စိတ်မဝင်စားဘဲ စုံထောက်ကြီးသဖွယ် မျက်မှန်ပင့်တင်ရင်း လှေကားရှာနေသည်။မျက်မှန်တစ်ဖက်က ကွဲနေပေမဲ့လည်း သူက စတိုင်တော့မပျက်ပေ။
အခန်းတွေက သိပ်မများတာမို့ လူတိုင်း တစ်ခန်းပြီးတစ်ခန်း လွယ်လွယ်ရှာနေကြပေနဲ့ သူကတော့ အခုထက်ထိ အခန်းတစ်ခန်းကိုဘဲ အသေးစိတ်ရှာနေလေသည်။
"ရိပေါ်....ငါ့ပုံစံက စုံထောက်နဲ့ တူတယ်မလား"
"အွန်း...တူတယ်"
"စုံထောက်ချောချောလေးမလား"
"အွန်း"
"ချစ်ဖို့လည်း ကောင်းတယ်မလား"
"အွန်း"
"Perfectဘဲမလား"
"အွန်း....လုံးဝပြီးပြည့်စုံတယ်"
ရှောင်းကျန့် အပျော်တွေလွန်နေစဥ် မထင်မှတ်ထားသည့် ခေါင်းလောင်းသံ ကြားလိုက်ရသည်။
Ding-dong
သူတို့က အခန်းတစ်ခုထဲမှာမို့ အမြန်အပြင်ထွက်ကြည့်လိုက်သည်။အပြင်ဘက်က လျှောက်လမ်းမှာ ဘာမှမတွေ့တာမို့ အခန်းတစ်ခုက ဖြစ်နိုင်သည်ဟုတွေးကာ ရှာတော့သည်။
သူတို့နည်းတူ အခြားလူတွေကလည်း ရှာကြတော့ အပေါ်ထပ်က အိပ်ခန်းတစ်ခုမှာ တွေ့လိုက်ရသည်။
အခန်းထဲ မဝင်တာတောင် အပြင်ဘက်ကနေ အေးစိမ့်သွားသည်။အခန်းထဲမှာ အဲယားကွန်းကို ဖွင့်ထားပြီး အလောင်းတွေက အပိုင်းပိုင်းခုတ်ဖြတ်ထားခံရသည်။
မညီမညာတွေ ပိုင်းဖြတ်ခံထားရပြီး လူတိုင်းကို ကျောချမ်းစေသည်။ဒီအခန်းကို ဝင်တဲ့သူက ၆ယောက်ဖြစ်တာမို့ ထိုအသားတုံးအပုံကြီးဟာ စိတ်ပျက်ဖွယ်အတိပင်။
ရှောင်းကျန့်ကတော့ ထိုမြင်ကွင်းကြောင့် အခြားအခန်းတွေကိုတောင် မဝင်ရဲတော့ပေ။
"ရိပေါ်.....သူတို့ဘာလို့ သေသွားတာလဲဟင်"
"လေကြောင့်....ဒီအခန်းက အခန်းတိုင်းမှာ အဲယားကွန်းရှိတဲ့တစ်ခုတည်းသောအခန်းဘဲ"
"ဒါကြောင့် လေရမဲ့အရာတွေကို ရှောင်ရမှာလား"
"အွန်း....ပန်ကာတောင် မရဘူး"
"ယပ်တောင်ဆိုရင်ကော...."
"ထည့်စဥ်းစားစရာ မလိုဘူး"
"ဘာလို့လဲ"
"ဟိုမိန်းမကြီးက ယပ်တောင်ထားပေးရလောက်အောင် ဉာဏ်မမှီလို့"
ရှောင်းကျန့် ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံလိုက်သည်။ဒီလို ပေါကြောင်ကြောင် လူသတ်ဂိမ်းကြီးကို တီထွင်ထဲက အဲ့မိန်းမကြီးက ဉာဏ်မမှီတာ ရှင်းနေတာဘဲလေ။
ဝမ်ရိပေါ် ရှင်းပြချက်နားထောင်ပြီးနောက် လူတိုင်းဟာ ရေတွေလေတွေကို ရှောင်ရှားနေရလေပြီ။ရှောင်းကျန့်ကတော့ ခုနက အသားတုံးပုံကြီးကိုကြည့်ကာ ဝမ်ရိပေါ်ကို မေးလိုက်သည်။
"တကယ်လို့ ငါက အဲ့လိုအသားတုံးဖြစ်သွားရင်တောင် ချောနေမှာလား"
"အွန်း.... ချောနေမှာ"
"ချစ်ဖို့ကော ကောင်းမှာလား"
"အွန်း....အရမ်းချစ်ဖို့ကောင်းနေမှာ"
"Perfectဘဲလား"
"အွန်း...100%ဘဲ"
"ဒါဆို ငါအသားတုံးကြီးဘဲ လုပ်လိုက်ရမလား"
"အွန်း....ကိုယ်လုပ်ပေးမယ်"
"...."
ရှောင်းကျန့် သူ့ရည်းစားက သူပြောတာကို တစ်ခါမှမငြင်းတာက ကောင်းတာလားဆိုးတာလားတောင် မသိတော့ပေ။သူ့အထင်မှာ ဝမ်ရိပေါ်က အွန်းကိုယ်တော်ဖြစ်နေတော့သည်။
Part (13)ဆက်ရန်....
Zawgyi
Advertisement
"အွန်း"
"ဘာလို့လဲ မမေးဘူးလား"
"ဘာလို့လဲ"
"မရဘူး"
"ဘာလို့လဲ"
"ငါက လှေကားရှာမနေဘူး"
"ဒါဆို ဘာလုပ်နေတာလဲ"
"......"
"အွန်း...တူတယ်"
"အွန်း"
"အွန်း"
"Perfectဘဲမလား"
Ding-dong
"ယပ်တောင်ဆိုရင်ကော...."
"ဘာလို့လဲ"
"အွန်း.... ချောနေမှာ"
"Perfectဘဲလား"
"အွန်း...100%ဘဲ"
"...."
Part (13)ဆက်ရန်....
Advertisement
- In Serial33 Chapters
Gods, Monsters, and a Fuzzy-tail
Magic is life, and Magic to spare is power. Everyone has Magic to spare, except Eli Wisp, who has just enough to stay alive. Despite this, he dreams of becoming the first of the premier Magic users. He wants to be a Maestro. When an old enemy of the world's greatest hero—with the power to destroy everything Eli knows—threatens to return, he must prove that he's not all talk. Join him in an epic quest where he meets new friends, old heroes, and evil's like no other on his path to becoming the best.
8 99 - In Serial93 Chapters
The Power and the Glory
How to study necromancy, accidentally start the zombie apocalypse, and discover the skeletons hidden in your family's closet: a guide by Abihira Sinistrah. (Or: why you should always read the fine print before raising the dead.)
8 100 - In Serial11 Chapters
My World Beyond the Closed Doors
""What am I? Why do I have this dream? What does it mean?I always question myself, but never got an answer.. until that day... when I fell from the top of a building to save him."A story of an emotionless girl who's lost and wants to be found. She seeks for the clues that are hidden from within and question all that is and not real; the answers? ... She'll find it the other world.Will she be okay.. ?I welcome you to her reality; to the world beyond the closed doors
8 148 - In Serial17 Chapters
The First Life's The Hardest
Follow the story of Martoel a new soul going through their first life as a young northern warrior pushing through the hardship's all warriors have to face in the harsh northern land where only the strong can survive and the weak don't last for more than a few days. Watch as he constantly fighting on the brink of life and death just to get to the next day and the next meal. See Martoel find out about his true power as he strives to remember what he had forgotten and build a place for him to call home.This is my first novel so please comment on ways I can improve. Thank you.
8 220 - In Serial13 Chapters
The Will Of The Cat
A young boy must work through the hardships of training and being an average kid whilst trying to learn about a raging war with spirits. One problem: his teacher's a talking cat that is near omniscient and wants nothing to do with him. The young boy has to prevent the war, but how will he do it without any knowledge of what to do?
8 179 - In Serial39 Chapters
Disco Madness (jjba5xreader)
What happens when a bunch of stand users throw a party and the cops bust down the door? Well... Chaos! Waking up in the sewers after running from the police and somehow ending up in Italy? Not the worst thing (Y/n) has gotten herself into.(This doesn't follow the events of part 5)I don not own Jojo's bizarre adventure.
8 173

