《Ding-dong(Season 1)(Completed)》(16)ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ
Advertisement
ရှောင်းကျန့် ဝမ်ရိပေါ်လက်ကိုတွဲကာ ကားလမ်းမကြီးပေါ် လမ်းလျှောက်နေရင်း ဒီတတိယထပ်မှာ ဘယ်အန္တရာယ်တွေများ ပေါ်လာမလဲဆိုပြီး တွေးတောနေသည်။
သူ့မှာ မျက်မှန်ကို ပင့်တင်ချင်ပေမဲ့ မှန်တွေက ကွဲကုန်ပြီမို့ ချွတ်ထားရသည်။တော်ကြာ သူကအရူးနဲ့တူတယ်ဆိုပြီး ဝမ်ရိပေါ်က ထားသွားမှဖြင့် အပြင်ဘက်ကမ္ဘာကို ပြန်မရောက်ခင် ဘဲပစ်ကောင်ဖြစ်သွားလိမ့်မည်။
"ရိပေါ်...ဟိုမိန်းမကြီးက လှေကားရှာဖို့ ဘာမှမပြောသေးဘူးနော်"
"ဟုတ်တယ်"
"အရင်ကဆို အကုန်လုံး တတိယထပ်ရောက်တာနဲ့ သူမက လှေကားရှာဖို့ သတ်မှတ်ချိန်တွေ ပေးရမှာလေ"
ပိုင်ယန်စန်းက ဝင်ပြောလိုက်သည်။အခုထိ ဘာအသံမှ မကြားရတာက ပုံမှန်မဟုတ်သဖြင့် သူတို့အားလုံး အနည်းငယ်တော့ မသင်္ကာ ဖြစ်လာကြသည်။
ထိုပြင် ပတ်ဝန်းကျင်ကလည်း သူတို့ရပ်နေကြသည့် လမ်းမကြီးနဲ့ ဘေးကချုံပုတ်အနည်းငယ်သာ ဖြစ်သဖြင့် ရှင်းလင်းလွန်းကာ ဘာအန္တရာယ်မှ မရှိသည့်ပုံပင်။နေရောင်ကလည်း တောက်ပနေတာကြောင့် သာယာတဲ့နေ့လေးတစ်နေ့လိုပင် ဖြစ်နေသည်။
"အိုး....ငါ့ရဲ့ အသံချိုချိုလေးကို စောင့်မျှော်နေကြတဲ့သူတွေရေ...မင်းတို့ရဲ့ missionကို ကြေညာပေးမယ်နော်...ဒီတစ်ခေါက်က missionက အချိန်အကန့်အသတ်မရှိဘူး...ပြီးတော့ စိတ်လှုပ်ရှားဖွယ်ရာတစ်ခုလည်း ရှိသေးတယ်...အားလုံးအတွက် သတိပေးစရာကတော့ တစ်နာရီခြားတစ်ခါ နေ့ဘက်ကနေ ညဘက် ပြောင်းသွားတတ်တယ်...ကဲ...ကဲ...ညဘက်မှာ ထွက်ပေါ်လာတတ်တဲ့ ချစ်စရာလေးတွေကို ရင်ဆိုင်လိုက်ကြနော်"
လူတိုင်း ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံကြောင့် ထိတ်လန့်သွားကြပေမဲ့ သူမကြေညာတဲ့အရာတွေကြောင့် ပိုပြီး ထိတ်လန့်သွားရသည်။
ထို့ပြင် သူတို့ဒီတတိယအထပ် ရောက်နေတာက တစ်နာရီပြည့်တော့မည်မို့ ပိုဆိုးသွားသည်။လမ်းမကြီးက ရှင်းလင်းကာ ပုန်းစရာတွေမရှိသောကြောင့် ဘယ်မှာပုန်းရမယ်မှန်း မသိကြပေ။
"ပထမအထပ်တုန်းကလို အသံထွက်လာတာနဲ့ သရဲကောင်တွေ ပေါ်လာမှာလား"
"မသိဘူး"
"ဘယ်လိုလုပ်ကြမလဲ"
"ပုန်းစရာနေရာလည်း မရှိဘူးလေ"
လူတိုင်းတစ်ယောက်တစ်ပေါက် ပြောနေကြပေမဲ့ ရှောင်းကျန့်ကတော့ သရဲဆိုတာကြားထဲက မျက်ဖြူလှန်တော့မလို ဖြစ်နေသည်။
သူသရဲထက်ပိုကြောက်တာက သရဲကိုကြောက်ပြီး အော်ရလွန်းလို့ သူ အအလေး ဖြစ်သွားမှာကိုပင်။သူသာ အအလေး ဖြစ်သွားရင် ဝမ်ရိပေါ်က ချစ်နေဦးမှာပင်။သို့သော် ကုတင်ပေါ်မှာ အသံမထွက်နိုင်သည့်သူက ဝမ်ရိပေါ်ကို မသာယာစေနိုင်ပေ။
ထို့ကြောင့် ကြာလာရင် ဝမ်ရိပေါ်က သူ့ကိုထားသွားလိမ့်မည်ဖြစ်ပြီး သူက အေးစက်နေသောအိပ်ရာပေါ်မှာ တစ်ကိုယ်တည်း အိပ်စက်ရလိမ့်မည်။ထို့ပြင် သူသာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါက သူမွေးလာသည့်ကလေးက အဖေမဲ့ဖြစ်နေမည့်အပြင် အ နေတဲ့ပါးပါးဖြစ်သူကြောင့် အနှိမ်ခံရလိမ့်မည်ဖြစ်သည်။
ဝတ္ထုဆန်ဆန်ပြောရလျှင် ထိုကလေးက သနားစရာကောင်းသည့်အတွက် ဇာတ်လိုက်ဖြစ်နိုင်သော်လည်း အခြားတစ်မျိုးနဲ့ကြည့်ပါက ဗီလိန်ဖြစ်လာနိုင်ချေရှိသည်။
ထိုကလေး မပျက်စီးစေဖို့အတွက် သူ့အနေနဲ့ သရဲကို လုံးဝလုံးဝ မတွေ့ချင်ပေ။ထိုသရဲတွေကြောင့် ဖြစ်ပျက်သွားမည့် အနာဂတ်ကြီးက ဆိုးရွားလှသည်။
ရှောင်းကျန့် သူ့ဘာသာသူ တွေးချင်ရာတွေးပြီး သက်ပြင်းချလိုက်သည်။ထို့နောက် ဝမ်ရိပေါ်ကို ပြောလိုက်သည်။
"ပေါ်ပေါ်...မင်း ငါ အ သွားရင် ငါ့ကိုချစ်နေဦးမှာလား"
"အွန်း....မင်းက ကိုယ့်ရဲ့ဘဝကြီးဘဲလေ"
"ငါက မင်းကို အိပ်ရာကိစ္စတွေမှာ စိတ်မကျေနပ်စေနိုင်ဘူးဆိုရင်ကော မထားသွားဘူးမလား"
"အွန်း...မထားသွားဘူး...မင်းက ကိုယ့်အနားရှိနေရုံနဲ့ ကိုယ်ကျေနပ်နေပြီ"
"မင်း ငါနဲ့ကွဲသွားရင်ကော နောက်တစ်ယောက် မထားဘူးမလားဟင်"
"အွန်း...ကိုယ့်မှာ မင်းကလွဲပြီး ဘယ်သူမှ မရှိစေရဘူး"
"ဒါဆို သရဲလာရင် ငါအကျယ်ကြီး အော်လို့ရတယ်ပေါ့နော်"
"ရတာပေါ့"
"ပြီးတော့ ငါ့ခြေထောက်ကတုန်နေပြီး မပြေးနိုင်တော့ရင် ချီသွားပေးနော်"
"အွန်း...ကိုယ်ချီပေးမယ်"
"တကယ်လို့ ပြေးနေရင်း မင်းလဲကျသွားရင်တောင် ငါ့ကိုတော့ မကျစေနဲ့နော်"
"ကောင်းပြီ"
"ထပ်ပြီးပြောရရင် မင်းလဲကျပြီး မပြေးနိုင်တော့ရင်တော့ ငါပြေးလို့ရအောင် လွှတ်ပေးနော်"
"အွန်း"
"နောက်ဆုံးအနေနဲ့ ငါ့ကိုချီပြေးရင် ငါတို့အတူတူ သေရမယ်ဆိုရင် အနည်းဆုံးတော့ ငါ့မျက်နှာလေးကို ကာကွယ်ပေးပါနော်"
"မင်းဖြစ်ချင်တာအကုန် ကိုယ်လုပ်ပေးမယ်"
ဝမ်ရိပေါ်က ရှောင်းကျန့်ပြောသမျှကို မငြီးမငြူ နားထောင်နေပေမဲ့ ဘေးကကြားနေရတဲ့လူတွေကတော့ စိတ်ကုန်နေကြသည်။
ဖန်မုဟန် 'ငါသာ ဝမ်ရိပေါ်သာဆို ချီမနေတော့ဘူး...တစ်ခါထဲ ကန်ချပစ်တယ်'
ပိုင်ယန်စန်း'ငါ့မှာသာ ရှောင်းကျန့်လို ရည်းစားရှိရင် မြန်မြန်အသက်တိုမှာဘဲ'
ပိုင်မုံ့မုံ့ 'ငါတို့မိန်းကလေးတွေတောင် သူ့လောက်ထိ မဆိုးဘူးထင်တယ်'
တစ်ယောက်တစ်မျိုး တွေးနေကြပေမဲ့ အမှန်တရားက သူတို့ဟာ ရည်းစားမရှိသည့် faတွေသာ ဖြစ်သည်။ခဏအကြာမှာ ချက်ချင်းဘဲ နေ့ကညပြောင်းသွားလေသည်။
လူတိုင်း ထိတ်လန့်သွားကြပြီး ဘာကိုမှ မမြင်ရတော့ပေ။ရှောင်းကျန့်က ရောက်ခါစမှ သတိရထားသည့် ဖုန်းကိုထုတ်ကာ မီးဖွင့်လိုက်သည်။
သူမီးဖွင့်လိုက်တာနဲ့ သူ့ရှေ့မှာ ပေါ်လာတဲ့မျက်နှာကြီးကြောင့် ကြောက်လန့်ကာ အော်ဟစ်ထုထောင်းတော့သည်။
"အားးးးးးး.....သရဲ....သရဲ....ရုပ်ဆိုးတဲ့ သရဲ....သေသွားတာတောင် လင်မရမဲ့သရဲ..."
ရှောင်းကျန့်တစ်ယောက် rapperတစ်ယောက်လို တရစပ် အော်လိုက်သည်။သို့သော် သူအော်လိုက်တဲ့သရဲက သူ့ရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်သည့် ရီချုံးမို ဖြစ်နေလေသည်။
မှောင်သွားတာကြောင့် စမ်းတဝါးဝါးနဲ့ ဟိုလှည့်ဒီလှည့်လုပ်နေတဲ့ ရီချုံးမိုက ရုတ်တရက် သူ့မျက်နှာရှေ့ မီးအလင်းရောင်ပေါ်လာပြီး နားကွဲမတတ် အအော်ခံလိုက်ရကာ ရိုက်တာပါ ခံလိုက်ရတော့သည်။
ရှောင်းကျန့် ရီချုံးမိုက သူ့ကိုလည်း ပြန်ရိုက်မည်ဆိုးသောကြောင့် ဝမ်ရိပေါ်အနောက်မှာ ဝင်ပုန်းလိုက်သည်။သူမီးဖွင့်ပြီးတာနဲ့ အခြားကျောင်းသားတွေထဲက ဖုန်းပါနေတဲ့သူတွေကပါ မီးဖွင့်လိုက်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် မြင်နိုင်သည်အထိ လင်းနေပြီဖြစ်သည်။
Advertisement
Ding-dong Ding-dong Ding-dong Ding-dong
Ding-dong
ခေါင်းလောင်းသံဟာ ငါးခါပေါ်လာခဲ့သည်။သို့သော် ရှောင်းကျန့်တို့အားလုံး ဘာမှမဖြစ်ကြပေ။ထို့ကြောင့် သေသွားတာက ခွဲထွက်သွားသည့်အဖွဲ့ကဖြစ်သည်ဟု သတ်မှတ်လိုက်ကြသည်။
လူတိုင်း သက်ပြင်းချမယ်ကြံနေစဥ် ကျောင်းသူတစ်ယောက်ရဲ့ အာမေဋိတ်အသံ ထွက်ပေါ်လာသည်။ထိုကျောင်းသူလေး ကြည့်နေတဲ့နေရာအား ကြည့်လိုက်တော့ သူတို့မြင်လိုက်ရတာက သူတို့အုပ်စုကို ဝိုင်းထားသည့် အဖြူရောင်ဝိဉာဥ်တွေကိုပင်။
အကုန်လုံး အသံတောင် မထွက်ရဲတော့သည်အထိ ထိတ်လန့်ကုန်သည်။ရှောင်းကျန့်ကတော့ ငိုသံကြီးနဲ့ မရရအောင် အသံထွက်လိုက်သေးသည်။
"ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဆော့မလို့လားဟင်"
Part (17)ဆက်ရန်....
Zawgyi
ေရွာင္းက်န့္ ဝမ္ရိေပၚလက္ကိုတြဲကာ ကားလမ္းမႀကီးေပၚ လမ္းေလွ်ာက္ေနရင္း ဒီတတိယထပ္မွာ ဘယ္အႏၱရာယ္ေတြမ်ား ေပၚလာမလဲဆိုၿပီး ေတြးေတာေနသည္။
သူ႕မွာ မ်က္မွန္ကို ပင့္တင္ခ်င္ေပမဲ့ မွန္ေတြက ကြဲကုန္ၿပီမို႔ ခြၽတ္ထားရသည္။ေတာ္ၾကာ သူကအ႐ူးနဲ႕တူတယ္ဆိုၿပီး ဝမ္ရိေပၚက ထားသြားမွျဖင့္ အျပင္ဘက္ကမၻာကို ျပန္မေရာက္ခင္ ဘဲပစ္ေကာင္ျဖစ္သြားလိမ့္မည္။
"ရိေပၚ...ဟိုမိန္းမႀကီးက ေလွကားရွာဖို႔ ဘာမွမေျပာေသးဘူးေနာ္"
"ဟုတ္တယ္"
"အရင္ကဆို အကုန္လုံး တတိယထပ္ေရာက္တာနဲ႕ သူမက ေလွကားရွာဖို႔ သတ္မွတ္ခ်ိန္ေတြ ေပးရမွာေလ"
ပိုင္ယန္စန္းက ဝင္ေျပာလိုက္သည္။အခုထိ ဘာအသံမွ မၾကားရတာက ပုံမွန္မဟုတ္သျဖင့္ သူတို႔အားလုံး အနည္းငယ္ေတာ့ မသကၤာ ျဖစ္လာၾကသည္။
ထိုျပင္ ပတ္ဝန္းက်င္ကလည္း သူတို႔ရပ္ေနၾကသည့္ လမ္းမႀကီးနဲ႕ ေဘးကခ်ဳံပုတ္အနည္းငယ္သာ ျဖစ္သျဖင့္ ရွင္းလင္းလြန္းကာ ဘာအႏၱရာယ္မွ မရွိသည့္ပုံပင္။ေနေရာင္ကလည္း ေတာက္ပေနတာေၾကာင့္ သာယာတဲ့ေန႕ေလးတစ္ေန႕လိုပင္ ျဖစ္ေနသည္။
"အိုး....ငါ့ရဲ႕ အသံခ်ိဳခ်ိဳေလးကို ေစာင့္ေမွ်ာ္ေနၾကတဲ့သူေတြေရ...မင္းတို႔ရဲ႕ missionကို ေၾကညာေပးမယ္ေနာ္...ဒီတစ္ေခါက္က missionက အခ်ိန္အကန့္အသတ္မရွိဘူး...ၿပီးေတာ့ စိတ္လႈပ္ရွားဖြယ္ရာတစ္ခုလည္း ရွိေသးတယ္...အားလုံးအတြက္ သတိေပးစရာကေတာ့ တစ္နာရီျခားတစ္ခါ ေန႕ဘက္ကေန ညဘက္ ေျပာင္းသြားတတ္တယ္...ကဲ...ကဲ...ညဘက္မွာ ထြက္ေပၚလာတတ္တဲ့ ခ်စ္စရာေလးေတြကို ရင္ဆိုင္လိုက္ၾကေနာ္"
လူတိုင္း ႐ုတ္တရက္ ထြက္ေပၚလာတဲ့ အသံေၾကာင့္ ထိတ္လန့္သြားၾကေပမဲ့ သူမေၾကညာတဲ့အရာေတြေၾကာင့္ ပိုၿပီး ထိတ္လန့္သြားရသည္။
ထို႔ျပင္ သူတို႔ဒီတတိယအထပ္ ေရာက္ေနတာက တစ္နာရီျပည့္ေတာ့မည္မို႔ ပိုဆိုးသြားသည္။လမ္းမႀကီးက ရွင္းလင္းကာ ပုန္းစရာေတြမရွိေသာေၾကာင့္ ဘယ္မွာပုန္းရမယ္မွန္း မသိၾကေပ။
"ပထမအထပ္တုန္းကလို အသံထြက္လာတာနဲ႕ သရဲေကာင္ေတြ ေပၚလာမွာလား"
"မသိဘူး"
"ဘယ္လိုလုပ္ၾကမလဲ"
"ပုန္းစရာေနရာလည္း မရွိဘူးေလ"
လူတိုင္းတစ္ေယာက္တစ္ေပါက္ ေျပာေနၾကေပမဲ့ ေရွာင္းက်န့္ကေတာ့ သရဲဆိုတာၾကားထဲက မ်က္ျဖဴလွန္ေတာ့မလို ျဖစ္ေနသည္။
သူသရဲထက္ပိုေၾကာက္တာက သရဲကိုေၾကာက္ၿပီး ေအာ္ရလြန္းလို႔ သူ အအေလး ျဖစ္သြားမွာကိုပင္။သူသာ အအေလး ျဖစ္သြားရင္ ဝမ္ရိေပၚက ခ်စ္ေနဦးမွာပင္။သို႔ေသာ္ ကုတင္ေပၚမွာ အသံမထြက္နိုင္သည့္သူက ဝမ္ရိေပၚကို မသာယာေစနိုင္ေပ။
ထို႔ေၾကာင့္ ၾကာလာရင္ ဝမ္ရိေပၚက သူ႕ကိုထားသြားလိမ့္မည္ျဖစ္ၿပီး သူက ေအးစက္ေနေသာအိပ္ရာေပၚမွာ တစ္ကိုယ္တည္း အိပ္စက္ရလိမ့္မည္။ထို႔ျပင္ သူသာ ကိုယ္ဝန္ေဆာင္နိုင္ခဲ့ပါက သူေမြးလာသည့္ကေလးက အေဖမဲ့ျဖစ္ေနမည့္အျပင္ အ ေနတဲ့ပါးပါးျဖစ္သူေၾကာင့္ အႏွိမ္ခံရလိမ့္မည္ျဖစ္သည္။
ဝတၳဳဆန္ဆန္ေျပာရလွ်င္ ထိုကေလးက သနားစရာေကာင္းသည့္အတြက္ ဇာတ္လိုက္ျဖစ္နိုင္ေသာ္လည္း အျခားတစ္မ်ိဳးနဲ႕ၾကည့္ပါက ဗီလိန္ျဖစ္လာနိုင္ေခ်ရွိသည္။
ထိုကေလး မပ်က္စီးေစဖို႔အတြက္ သူ႕အေနနဲ႕ သရဲကို လုံးဝလုံးဝ မေတြ႕ခ်င္ေပ။ထိုသရဲေတြေၾကာင့္ ျဖစ္ပ်က္သြားမည့္ အနာဂတ္ႀကီးက ဆိုး႐ြားလွသည္။
ေရွာင္းက်န့္ သူ႕ဘာသာသူ ေတြးခ်င္ရာေတြးၿပီး သက္ျပင္းခ်လိဳက္သည္။ထို႔ေနာက္ ဝမ္ရိေပၚကို ေျပာလိုက္သည္။
"ေပၚေပၚ...မင္း ငါ အ သြားရင္ ငါ့ကိုခ်စ္ေနဦးမွာလား"
"အြန္း....မင္းက ကိုယ့္ရဲ႕ဘဝႀကီးဘဲေလ"
"ငါက မင္းကို အိပ္ရာကိစၥေတြမွာ စိတ္မေက်နပ္ေစနိုင္ဘူးဆိုရင္ေကာ မထားသြားဘူးမလား"
"အြန္း...မထားသြားဘူး...မင္းက ကိုယ့္အနားရွိေန႐ုံနဲ႕ ကိုယ္ေက်နပ္ေနၿပီ"
"မင္း ငါနဲ႕ကြဲသြားရင္ေကာ ေနာက္တစ္ေယာက္ မထားဘူးမလားဟင္"
"အြန္း...ကိုယ့္မွာ မင္းကလြဲၿပီး ဘယ္သူမွ မရွိေစရဘူး"
"ဒါဆို သရဲလာရင္ ငါအက်ယ္ႀကီး ေအာ္လို႔ရတယ္ေပါ့ေနာ္"
"ရတာေပါ့"
"ၿပီးေတာ့ ငါ့ေျခေထာက္ကတုန္ေနၿပီး မေျပးနိုင္ေတာ့ရင္ ခ်ီသြားေပးေနာ္"
"အြန္း...ကိုယ္ခ်ီေပးမယ္"
"တကယ္လို႔ ေျပးေနရင္း မင္းလဲက်သြားရင္ေတာင္ ငါ့ကိုေတာ့ မက်ေစနဲ႕ေနာ္"
"ေကာင္းၿပီ"
"ထပ္ၿပီးေျပာရရင္ မင္းလဲက်ၿပီး မေျပးနိုင္ေတာ့ရင္ေတာ့ ငါေျပးလို႔ရေအာင္ လႊတ္ေပးေနာ္"
"အြန္း"
"ေနာက္ဆုံးအေနနဲ႕ ငါ့ကိုခ်ီေျပးရင္ ငါတို႔အတူတူ ေသရမယ္ဆိုရင္ အနည္းဆုံးေတာ့ ငါ့မ်က္ႏွာေလးကို ကာကြယ္ေပးပါေနာ္"
"မင္းျဖစ္ခ်င္တာအကုန္ ကိုယ္လုပ္ေပးမယ္"
ဝမ္ရိေပၚက ေရွာင္းက်န့္ေျပာသမွ်ကို မၿငီးမျငဴ နားေထာင္ေနေပမဲ့ ေဘးကၾကားေနရတဲ့လူေတြကေတာ့ စိတ္ကုန္ေနၾကသည္။
ဖန္မုဟန္ 'ငါသာ ဝမ္ရိေပၚသာဆို ခ်ီမေနေတာ့ဘူး...တစ္ခါထဲ ကန္ခ်ပစ္တယ္'
ပိုင္ယန္စန္း'ငါ့မွာသာ ေရွာင္းက်န့္လို ရည္းစားရွိရင္ ျမန္ျမန္အသက္တိုမွာဘဲ'
ပိုင္မုံ႕မုံ႕ 'ငါတို႔မိန္းကေလးေတြေတာင္ သူ႕ေလာက္ထိ မဆိုးဘူးထင္တယ္'
တစ္ေယာက္တစ္မ်ိဳး ေတြးေနၾကေပမဲ့ အမွန္တရားက သူတို႔ဟာ ရည္းစားမရွိသည့္ faေတြသာ ျဖစ္သည္။ခဏအၾကာမွာ ခ်က္ခ်င္းဘဲ ေန႕ကညေျပာင္းသြားေလသည္။
လူတိုင္း ထိတ္လန့္သြားၾကၿပီး ဘာကိုမွ မျမင္ရေတာ့ေပ။ေရွာင္းက်န့္က ေရာက္ခါစမွ သတိရထားသည့္ ဖုန္းကိုထုတ္ကာ မီးဖြင့္လိုက္သည္။
သူမီးဖြင့္လိုက္တာနဲ႕ သူ႕ေရွ႕မွာ ေပၚလာတဲ့မ်က္ႏွာႀကီးေၾကာင့္ ေၾကာက္လန့္ကာ ေအာ္ဟစ္ထုေထာင္းေတာ့သည္။
"အားးးးးးး.....သရဲ....သရဲ....႐ုပ္ဆိုးတဲ့ သရဲ....ေသသြားတာေတာင္ လင္မရမဲ့သရဲ..."
ေရွာင္းက်န့္တစ္ေယာက္ rapperတစ္ေယာက္လို တရစပ္ ေအာ္လိုက္သည္။သို႔ေသာ္ သူေအာ္လိုက္တဲ့သရဲက သူ႕ရဲ႕ သူငယ္ခ်င္းအရင္းႀကီးျဖစ္သည့္ ရီခ်ဳံးမို ျဖစ္ေနေလသည္။
ေမွာင္သြားတာေၾကာင့္ စမ္းတဝါးဝါးနဲ႕ ဟိုလွည့္ဒီလွည့္လုပ္ေနတဲ့ ရီခ်ဳံးမိုက ႐ုတ္တရက္ သူ႕မ်က္ႏွာေရွ႕ မီးအလင္းေရာင္ေပၚလာၿပီး နားကြဲမတတ္ အေအာ္ခံလိုက္ရကာ ရိုက္တာပါ ခံလိုက္ရေတာ့သည္။
ေရွာင္းက်န့္ ရီခ်ဳံးမိုက သူ႕ကိုလည္း ျပန္ရိုက္မည္ဆိုးေသာေၾကာင့္ ဝမ္ရိေပၚအေနာက္မွာ ဝင္ပုန္းလိုက္သည္။သူမီးဖြင့္ၿပီးတာနဲ႕ အျခားေက်ာင္းသားေတြထဲက ဖုန္းပါေနတဲ့သူေတြကပါ မီးဖြင့္လိုက္တာေၾကာင့္ တစ္ေယာက္နဲ႕တစ္ေယာက္ ျမင္နိုင္သည္အထိ လင္းေနၿပီျဖစ္သည္။
Ding-dong Ding-dong Ding-dong Ding-dong
Ding-dong
ေခါင္းေလာင္းသံဟာ ငါးခါေပၚလာခဲ့သည္။သို႔ေသာ္ ေရွာင္းက်န့္တို႔အားလုံး ဘာမွမျဖစ္ၾကေပ။ထို႔ေၾကာင့္ ေသသြားတာက ခြဲထြက္သြားသည့္အဖြဲ႕ကျဖစ္သည္ဟု သတ္မွတ္လိုက္ၾကသည္။
လူတိုင္း သက္ျပင္းခ်မယ္ႀကံေနစဥ္ ေက်ာင္းသူတစ္ေယာက္ရဲ႕ အာေမဋိတ္အသံ ထြက္ေပၚလာသည္။ထိုေက်ာင္းသူေလး ၾကည့္ေနတဲ့ေနရာအား ၾကည့္လိုက္ေတာ့ သူတို႔ျမင္လိုက္ရတာက သူတို႔အုပ္စုကို ဝိုင္းထားသည့္ အျဖဴေရာင္ဝိဉာဥ္ေတြကိုပင္။
အကုန္လုံး အသံေတာင္ မထြက္ရဲေတာ့သည္အထိ ထိတ္လန့္ကုန္သည္။ေရွာင္းက်န့္ကေတာ့ ငိုသံႀကီးနဲ႕ မရရေအာင္ အသံထြက္လိုက္ေသးသည္။
"ဝိုင္းႀကီးပတ္ပတ္ ဒူေဝေဝ ေဆာ့မလို႔လားဟင္"
Part (17)ဆက္ရန္....
Advertisement
- In Serial8 Chapters
Dungeon Heart
The death of an old dwarf, the reincarnation of an old soul into a dungeon. He was expecting a peacefull, lonely death, and now he is a dungeon. Well, it could be worse, after all, dwarves are at home underground. Now he has to re-discover how to survive in this new life. He and his creations must carve out their place in the world with their own hands. Note: Currently trying to update every Tuesday week.
8 123 - In Serial23 Chapters
Immortal Cultivator System
This story takes place in the mortal world. Where the number of cultivators seems infinite and most would never grasp a chance at ascending. In this world that some would describe as weak, a single soul will awaken a power so mysterious it is said that most Gods have never heard of it. Follow the story of Jian, an orphan who will surpass all under heaven !
8 153 - In Serial13 Chapters
And Thus, We Hoped
The sun was dying, and Earth slowly became a frozen wasteland. Amidst the violence and the wars and the battles, a single ship was sent into the stars. A vessel that contained the future of ?humanity?, built with the meager, remaining resources of a certain group. A vessel built from the will of the people who wished for the human race to continue on. What was the chance that it would complete its journey? What was the chance that it would find a planet suited for life? No one knew. And no one could guess. And once the ship left, there was no more they could do. And thus,?we?Hoped.
8 146 - In Serial17 Chapters
Last Name... Pottorff. (Sam Pottorff)
Hi I'm Hannah I ran away from my parents I'm 13 and ready to be adopted
8 145 - In Serial28 Chapters
10 things I love about you | Benedict Bridgerton
A Bᴇɴᴇᴅɪᴄᴛ Bʀɪᴅɢᴇʀᴛᴏɴ Sᴛᴏʀʏ𝙒𝙝𝙚𝙣 𝙀𝙡𝙚𝙣𝙖 𝘽𝙚𝙣𝙣𝙚𝙩 𝙛𝙖𝙡𝙡𝙨 𝙞𝙣 𝙡𝙤𝙫𝙚 𝙛𝙤𝙧 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙩𝙞𝙢𝙚"I didn't know what to write, so I listed 10 things I love about you."𖡼.𖤣𖥧𖡼.𖤣𖥧𖡼.𖤣𖥧𖡼.𖤣𖥧
8 95 - In Serial21 Chapters
Ghostface x Michael Myers
Basically a Fanfiction to GhostMyers, Ghostface x Michael Myers, Shapeface or however you want to call the ship :3 ●! Contains Nsfw!●
8 173

