《Ding-dong(Season 1)(Completed)》(18)ကမ္ဘာ့အလှဆုံးအလောင်း
Advertisement
တစ်နာရီတစ်ခါ ညပြောင်းမှာဖြစ်တာကြောင့် လူတိုင်းတွန့်ဆုတ်မနေတော့ဘဲ လှေကားရှာကြသည်။သို့သော် ဘယ်လိုကြည့်ကြည့် ဒီကားလမ်းမကြီးဘဲ ဖြစ်နေတာကြောင့် လှေကားရှာဖို့ အကြံမထွက်လာကြပေ။
ဆက်လျှောက်လေ ပိုမောလေ ဖြစ်လာတာမို့ ခဏခဏနားရသည်။အထူးသဖြင့် ကျောင်းသူတွေနဲ့ ရှောင်းကျန့်က အဆိုးဆုံးဖြစ်သည်။
ဆယ်လှမ်းလောက်သာ လျှောက်ရသေးသော်လည်း သူတို့က မောနေကြလေပြီ။ထို့ပြင် ရှောင်းကျန့်ကိုလည်း မဆူပူရဲပေ။သူ့မှာ ကျောထောက်နောက်ခံကြီး ရှိနေသည်မဟုတ်ပါလား။
ရှောင်းကျန့် အခြားလူတွေ ဘယ်လိုတွေးနေကြလဲဆိုတာကို မသိပေ။သိများသိခဲ့ပါက ဂုဏ်ယူနေပြီး ခဏခဏ လူတိုင်းကို ဆရာကြီးလုပ်မဲ့သဘောရှိသည်။
"ရှောင်းကျန့်.....ငါစဥ်းစားမရတာတစ်ခုရှိတယ်"
"ဘာလဲ"
ဝမ်ရိပေါ်ကို တောက်တဲ့လိုကပ်နေတဲ့ရှောင်းကျန့်က ဖန်မုဟန်စကားကိုကြာတာနဲ့ ပြန်ပြောလေသည်။
"ဝမ်ရိပေါ် မင်းကို ဘာကြောင့်များ ကြွေဆင်းသွားရတာလဲ...ငါဘယ်လိုစဥ်းစားစား မယုံနိုင်ဘူး"
"လွယ်လွယ်လေးပါ...ငါက ချောတယ်...ချစ်ဖို့ကောင်းတယ်...ဉာဏ်လည်းကောင်းတယ်...ထက်မြတ်တယ်...သွက်လက်တယ်...ငါ့လိုမျိုး ပြီးပြည့်စုံတဲ့သူကို ဘယ်သူက မကြိုက်ဘဲနေမှာလဲ...မကြိုက်တဲ့သူတွေက ရူးနေလို့ဘဲ"
ဝမ်ရိပေါ်ကလွဲ၍ရူးနေသူများ"....."
'တကယ်က ငါတို့က ရူးနေတာမဟုတ်ဘဲ...မင်းကိုကြွေဆင်းသွားတဲ့ ဝမ်ရိပေါ်ကသာ ရူးနေတာ'
သို့သော် သူတို့ဘယ်လိုတွေးတွေး အပြင်မှာတော့ ထုတ်မပြောရဲပေ။ဖန်မုဟန်တောင် ရှောင်းကျန့်ရဲ့ ယုံကြည်ချက်မြင့်မားနေတဲ့ပုံကို ဝေဖန်ချင်ပေမဲ့ ဝမ်ရိပေါ်က ပြုံးနေတာမို့ သူ့စကားတွေကို ပြန်မြိုချလိုက်သည်။
"ဟုတ်တာပေါ့...ဟုတ်တာပေါ့...ဒီလိုစဥ်းစားတော့လည်း လွယ်သားဘဲ"
ဖန်မုဟန်က အံကြိတ်ကာ ထောက်ခံလိုက်သည်။သို့သော် သူငယ်ချင်းတွေအကြောင်း နောကျေနေတဲ့ ရှောင်းကျန့်ကတော့ ထိုလူတွေက သူပြောတာကို မယုံမှန်း သေချာသိလေသည်။
"ရိပေါ်....ငါပြောတာမှန်တယ်မလား"
"ဒါပေါ့...မင်းပြောတာမှန်သမျှ အကုန်မှန်တယ်"
"ဒါဆို ဖန်မုဟန်က ရုပ်ဆိုးတယ်...အကျင့်မကောင်းဘူး...ညစ်ပတ်တယ်လို့ ပြောရင်ရော ယုံမှာလား"
"သေချာပေါက် ယုံတာပေါ့"
"မင်းက အကောင်းဆုံးဘဲ...ပေါ်ပေါ်"
ရှောင်းကျန့်က ဝမ်ရိပေါ်လည်ပင်းကို သိုင်းဖက်ထားရင်း နှုတ်ခမ်းကို ထပ်ခါထပ်ခါ နမ်းတော့သည်။ဘေးကလူတွေကတော့ ဆက်ဘဲကြည့်ရမလိုလို မျက်စိဘဲလွှဲရမလိုလို ဖြစ်နေကြတော့သည်။
လူတိုင်းကို စောင့်ကြည့်နေတဲ့ မိန်းမကြီးကတော့ သူမရဲ့ကိုယ်ပိုင်နေရာကနေ ပေါ့ပေါ့ပါးပါး ရယ်နေလေသည်။
"အိုကွယ်...မင်းတို့က မင်းတို့အခုရောက်နေတဲ့နေရာကို အတွဲတွေ ချိန်းတွေ့လို့ကောင်းတဲ့ ပန်းခြံများ ထင်နေတာလား မသိဘူး...ဟီး...မမေ့သင့်ပါဘူးကွယ်...မင်းတို့ရောက်နေတာက ဘယ်အချိန်သေမလဲ မသိရတဲ့ အန္တရာယ်တွင်းကြီးနော်...တကယ်ကို ပေါ့ပါးနေလိုက်ကြတာ"
အရမ်းကိုပေါ့ပါးနေကြတဲ့ ရှောင်းကျန့်တို့ဘက်ကတော့ ပျော်စရာတွေပြီးရင် ရင်တုန်စရာတွေ ရောက်လာလေသည်။တစ်နာရီအထိ လမ်းလျှောက်နေသော်လည်း ဘာသဲလွန်စမှ မရကာ ညအချိန်သို့ ပြောင်းလဲမှာကို ရင်တထိတ်ထိတ်နဲ့ စောင့်နေရသည်။
ခဏအကြာမှာ ညအဖြစ်ပြောင်းလဲသွားပြီး လူတိုင်းကလည်း ဖုန်းမီးတွေနဲ့ အသင့်အနေအထား ရှိနေကြသည်။လူတိုင်း စက်ဝိုင်းသဖွယ်စုရပ်နေကြသည့်အတွက် အလယ်ကလူတွေက လုံခြုံလေသည်။
အလယ်ကလူတွေဟာ ကျောင်းသူတွေဖြစ်ကြကာ ရှောင်းကျန့်ကတော့ အလယ်မှာမဟုတ်ပေမဲ့ ဝမ်ရိပေါ်အနောက်မှာဖြစ်ကာ ကာကွယ်ခံရတဲ့လူအုပ်စုထဲမှာ ပါလေသည်။
Ding-dong
ချက်ချင်းဆိုသလို ခေါင်းလောင်းသံဟာ ဆယ်ခါဆက်တိုက်ထွက်ပေါ်လာပြီး ရှောင်းကျန့်အနောက်က အလယ်မှာစုနေတဲ့ ကျောင်းသူဆယ်ယောက်ဟာ သူတို့ရဲ့ ပါးစပ်တွေနားရွက်တွေကနေ အပင်တွေထွက်ပေါ်တော့သည်။
ထိုသစ်ကိုင်းတွေထွက်ပေါ်လာတဲ့နေရာမှာ သွေးတွေကစီးကျနေပြီး တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ရှောင်းကျန့် သူ့အနောက်မှာဖြစ်နေတာမို့ သွေးတွေနဲ့သစ်ကိုင်းတွေက သူ့ကို လာထိနေသည်။ထို့ကြောင့် ခန္ဓာကိုယ်က ထိတ်လန့်မှုကြောင့် တောင့်တင်းသွားသည်။
အလယ်က အခြေအနေအကြောင့် လူတိုင်းထိတ်လန့်သွားကာ တချို့က ဖုန်းမီးတွေတောင် လွတ်ကျကုန်သည်။
Ding-dong
ခေါင်းလောင်းသံတွေကလည်း နောက်ထပ် ဆယ်ချက်ထပ်ပေါ်လာကာ သူတို့လူအုပ်ထဲက ကျောင်းသားတွေကျောင်းသူ ၇ယောက်က ခုနကကျောင်းသူတွေပုံစံအတိုင်း သေဆုံးကုန်သည်။
ဝမ်ရိပေါ်က တစ်ခုခုကို ရိပ်မိသွားဟန်ဖြင့် လူတိုင်းကို အော်ပြောလိုက်သည်။
"လူတိုင်းအလင်းရောင်ရှိတဲ့နေရာမှာဘဲနေကြ....ကိုယ့်နေရာကိုယ်မမှောင်စေနဲ့"
ထိုအခါမှ လူတိုင်း သတိပြန်ကပ်ကြပြီး ဖုန်းတွေကို ပြန်ကောက်ကာ အလင်းရောင်ရစေလိုက်သည်။ညအချိန်ဟာ ခဏဘဲ ဖြစ်တာမို့ ခဏအကြာမှာ နေ့ခင်းပြန်ရောက်သွားသည်။
ဒီတစ်ခေါက် သူတို့ဘက်က ၁၇ယောက်သေဆုံးသည်မို့ ထိတ်လန့်စရာအခြေအနေဖြစ်နေသည်။အခုတော့ အယောက်၈၀ဆယ်မှာ ၆၃ယောက်သာ ကျန်ရှိတော့သည်။
ရှောင်းကျန့်တို့အဖွဲ့ကတော့ လူတိုင်းအသက်ရှင်သေးသည်။အမွှာနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ကာ နှစ်သိမ့်နေကြသည်။ခုနက ဖုန်းတွေလွတ်ကျတဲ့အထဲမှာ သူတို့နှစ်ယောက် ပါနေသည်လေ။
သို့သော် ကံကောင်းတာမို့ အသက်မသေဆုံးသွားခြင်းပင်။ပိုင်မုံ့မုံ့ကတော့ ဒီအထပ်ရောက်မှ ခင်သည့် ကျောင်းသူ သူငယ်ချင်းသုံးယောက်လောက်က သေဆုံးတဲ့ထဲ ပါသွားသည်မို့ ငိုနေတော့သည်။
ဝမ်ရိပေါ်ဟာ ဒီတစ်ခေါက် မအော်တဲ့ချစ်သူလေးကို သေချာပွေ့ဖက်ထားသည်။မအော်ပေမဲ့ အခုထက်ထိ တောင့်တောင့်ကြီး ဖြစ်နေသည်။
"စိတ်လျှော့ထားနော်...အကုန်အဆင်ပြေသွားပြီ"
"တကယ်လို့ အဲ့သစ်ကိုင်းတွေက ငါ့ကို ထိုးဖောက်သွားရင် ငါ့ရင်ဘတ်က ဟောင်းလောင်းကြီး ဖြစ်သွားမှာပေါ့နော်"
"စိတ်မပူနဲ့...အပေါက်ကြီးဖြစ်သွားရင်တောင် ကိုယ်ကတစ်ခုခုနဲ့ အပြည့်ဖာထေးပေးမယ်"
"အဲ့တာဆို စိတ်အေးသွားပြီ"
ရှောင်းကျန့် သက်ပြင်းချလိုက်သည်။သူက သေရင်တောင် ကမ္ဘာ့အလှဆုံးအလောင်းဖြစ်ဖို့က ရည်မှန်းချက်မို့ သေဖို့နီးလာတိုင်းထိတ်လန့်မိသည်။သို့သော် ဝမ်ရိပေါ်ရဲ့စကားကြောင့် သူ့စိတ်တွေပေါ့ပါးသွားသည်။အနည်းဆုံးတော့ အန္တရာယ်ကြုံလာရင် သေဖို့ကို စိတ်အေးသွားရတော့သည်။
Part (19)ဆက်ရန်....
Zawgyi
Advertisement
"ဘာလဲ"
"သေချာပေါက် ယုံတာပေါ့"
Ding-dong
Ding-dong
ခေါင်းလောင်းသံတွေကလည်း နောက်ထပ် ဆယ်ချက်ထပ်ပေါ်လာကာ သူတို့လူအုပ်ထဲက ကျောင်းသားတွေကျောင်းသူ ၇ယောကျက ခုနကကျောင်းသူတွေပုံစံအတိုင်း သေဆုံးကုန်သည်။
Part (19)ဆက်ရန်....
Advertisement
- In Serial320 Chapters
Melody of Mana
Reborn into another world as Alana, the former resident of Earth must now try to make her way. While heroes fight great monsters and kings war the peasants suffer and die, unable to save themselves. What is a girl born into a poor family to do except learn and work as hard as she can to just make it through; and that's what she will do. Strive, strive all she can against an unfair and uncaring world of dark lords, dungeons, uncaring nobles, heroes, and magic. Come along as she uses magic and wit in a bid to survive. Updates on Tues. and Fri.
8 847 - In Serial23 Chapters
I Won't Die!
Rama Leeroy had been chosen by a deity to get summoned to another world. In order for it to happen, he'd have to die in his old one. Unfortunately for the deity, Rama has no intention of dying.
8 203 - In Serial16 Chapters
Shadowborn
It takes courage to stand on your own two feet. The path of the lone wolf is not an easy one, fraught with suffering and danger, but for a young shinobi, it was the only one he had. Thinking he has nobody else to depend on, as fate would have it, he ends up meeting someone who'll change his life forever, and they go on an action-packed quest to end something that's much bigger than both of them. Edgelord fantasy with a side of kick-ass.
8 218 - In Serial6 Chapters
The Counterfeit Mage
On his first day at the Academy of Magical Arts, Evander discovers his innate magical power is practically nonexistent. As a silver lining, he also discovers he can do every type of magic, albeit extremely poorly. Determined to overcome this 'setback', and not wanting to bring shame on his family, he decides to fake it. Using alchemy, trickery, and his many magical arts, he convinces his peers he is, in fact, the greatest mage that ever was.
8 121 - In Serial11 Chapters
TMoS - King's Domain
"Oliver Twist meets Lord of the Rings": A young man becomes aware of several things in his life and takes matters into his own hands.
8 80 - In Serial34 Chapters
The Port Coulee Files
Often heroes just want to live their life. Yet, life doesn't give you the choice of the troubles it brings. For those living in Port Coulee, a new trouble has come knocking. Missing people, rabid wildlife and strange happenings are the least of their new worries. Will the new heroes rise? Or will the town fade to legend, overrun by the coming tide?
8 133

