《Ding-dong(Season 1)(Completed)》Happy new year😍
Advertisement
(A/N:သာသာ ဒီနေ့ Ding-dong မupဖြစ်ပါဘူးနော်...မနက်ဖြန်ကစပြီးတော့ တနင်္ဂနွေကလွဲပြီး ကျန်တဲ့နေ့တွေကို ပုံမှန် upပါ့မယ်နော်😊 အခုက Happy new yearညမို့လို့ one shotလေးဘဲ တင်မှာပါနော်☺ one shotမရေးတာ နည်းနည်းကြာနေပြီမို့လို့ ဖတ်ရတာ အဆင်မပြေရင် ကြိုပြီးတောင်းပန်ပါရစေ😊 Love you all😍Happy new yearပါနော်😘)
*ရည်းစားဟောင်းရဲ့ လက်ထပ်ပွဲ*
ရှောင်းကျန့် ကြီးကျယ်ခမ်းနားလှတဲ့ မင်္ဂလာဆောင်ခန်းမကြီးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ဒီနေ့က သူ့ရည်းစားဟောင်းရဲ့ လက်ထပ်ပွဲ ဖြစ်သည်။
သူ့ရည်းစားဟောင်းက ဝမ်ရိပေါ်ဖြစ်သည်။အရင်ကတော့ သူ့အနားကနေ မခွဲနိုင်မခွာနိုင်ဖြစ်ခဲ့သည့်ကောင်လေးက အခုဆို နာမည်ကြီးရုပ်ရှင်မင်းသားတစ်ယောက် ဖြစ်နေကာ မိန်းကလေးတိုင်းရဲ့ အသည်းစွဲ ဖြစ်နေလေပြီ။
ရှောင်းကျန့် သူတို့စတွေ့တုန်းကပုံစံကို ပြန်တွေးမိသည်။အဲ့အချိန်တုန်းက သူဟာ တက္ကသိုလ်တတိယနှစ်ကျောင်းသားဖြစ်ပြီး ဝမ်ရိပေါ်ကတော့ ပထမနှစ်ကျောင်းသားဖြစ်သည်။
မေဂျာတူစီနီယာဖြစ်တဲ့သူမို့ ထိုကောင်လေးက သူ့ကို စိတ်ဝင်စားခဲ့တာဖြစ်မည်။သူ့နောက်ကို တကောက်ကောက်လိုက်ကာ ပိုးပန်းခဲ့သည်။အဲ့တုန်းက ဝမ်ရိပေါ်ဟာ မျက်မှန်လေးနဲ့ဖြစ်ကာ ငကြောက်ပုံစံလေးပေါက်နေသည်။
အခုကျတော့ ဘယ်လောက်တောင်များ ချောမောလာသလဲဆိုရင် တစ်ချက်ကြည့်မိရင် မျက်လုံးတစ်ခါ ကန်းမတတ်ပင် ဖြစ်သည်။
ဝမ်ရိပေါ် သူ့ကို ရည်းစားစကားစပြောတဲ့ နေ့လေးကို သတိရမိသည်။အဲ့နေ့က သူက စာကြည့်တိုက်မှာ ကာတွန်းဖတ်နေတာဖြစ်သည်။သူဖတ်နေတဲ့အပိုင်းဟာ ကားစီးတဲ့အခန်း ဖြစ်နေတာမို့ ဟိုကြည့်ဒီကြည့်နဲ့ လိုက်ကြည့်ပြီးမှ စိတ်ဝင်တစား ဖတ်ဖြစ်သည်။
သို့သော် သူစျာန်ဝင်နေတုန်း ဝမ်ရိပေါ်ရဲ့ အသံအကျယ်ကြီးကို ကြားလိုက်ရသည်။
"ကျန့်ကောကို ကျွန်တော်ချစ်တယ်"
အဲ့စကားလေးက ကျွန်တော့်ရင်ကို တကယ်ခုန်စေခဲ့သည်။ကားအခန်းကြောင့် ခုန်တာလား ဝမ်ရိပေါ်ကြောင့်လားဆိုတာကို သေချာမသိခဲ့ပေမဲ့ သူလက်ခံခဲ့သည်။
အဲ့လိုနဲ့ သူဘွဲ့ရပြီး အလုပ်ဝင်တဲ့အထိ သူတို့တွဲခဲ့ကြသည်။ဝမ်ရိပေါ်က သူ့ကို အရမ်းချစ်သည်။သူ့ကို သေးသေးလေးကအစ ဂရုစိုက်သည်။သူကလည်း ဝမ်ရိပေါ်ကို ချစ်ခဲ့ပါသည်။
သို့သော် အခုကျတော့ သူတို့က ရည်းစားဟောင်းတွေ ဖြစ်သွားပြီဖြစ်သည်။အဲ့လို ဆုံဖြတ်လိုက်ရတဲ့အကြောင်းအရင်းက ဝမ်ရိပေါ်ဘဲ ဖြစ်သည်။
ဝမ်ရိပေါ်က ဘွဲ့ရပြီးတာနဲ့ သူဝါသနာပါသည့် အနုပညာလောကထဲကို ဝင်ခဲ့လေသည်။ထို့ကြောင့် အရင်ကထက် အပြင်အဆင်ရှိလာပြီး ပိုပြီးချောမောလာခဲ့သည်။
နောက်ပိုင်း အသေးစားကြော်ညာတွေ သီချင်းmvတွေ ရိုက်ကူးရင်းကနေ နာမည်လေး ရလာပြီး drama seriesတစ်ခုမှာ တတိယမင်းသားအဖြစ် သရုပ်ဆောင်နိုင်ခဲ့သည်။
ထိုကနေ နာမည်ကျော်ကြားလာပြီး အကျော်ကြာဆုံးမင်းသားအဖြစ်ကို ရောက်ရှိလာခဲ့သည်။ဒါပေမဲ့ပြဿနာက ဒါမဟုတ်ပါပေ။
ပြဿနာက ဝမ်ရိပေါ်ရဲ့ ဖန်တွေကြောင့် ဖြစ်သည်။သူတို့က အမြဲတမ်း ဝမ်ရိပေါ်ကို commentတွေတွင် လောင်ကုန်းလောင်ကုန်းလို့ ခေါ်တတ်ကြသည်။
ဒါက သူ့အတွက် ပြဿနာမဟုတ်ခဲ့ပါ။ဒါပေမဲ့ ဝမ်ရိပေါ်ကတော့ နေ့တိုင်း ဒီကိစ္စအပေါ် သဝန်မတိုဘူးလားလို့ ခဏခဏ ရစ်ပါသည်။ကြာလာတော့ ကျွန်တော်က အောက်မှာနေသင့်တာမဟုတ်ဘဲ အပေါ်မှာနေသင့်တာလို့ပင် တွေးလာမိသည်။
ဝမ်ရိပေါ်ရဲ့ ရစ်ချက်က လက်လန်ပါသည်။ဖန်တစ်ယောက်က လောင်ကုန်းတို့ ချစ်သူတို့မရေးလိုက်နှင့်။သူ့ကိုဘဲ သဝန်တိုဖို့ လာလာပြောနေတာဖြစ်သည်။
အရင်ကတည်းက ရစ်ပေမဲ့ မင်းသားဖြစ်မှ ပိုဆိုးသွားတာဖြစ်သည်။ဝမ်ရိပေါ်ကအမြဲတမ်း သူက သူ့ကို သူ့လောက်မချစ်ဘူးလို့ ထင်နေတာဖြစ်သည်။တကယ်တော့ သူဝမ်ရိပေါ်ကို သူထင်ထားတာထက် ပိုချစ်ပါသည်။
ညတိုင်း အလုပ်ကဆင်းတာနဲ့ ဝမ်ရိပေါ်ရဲ့ရိုက်ကွင်းကို လိုက်သွားကာ စောင့်ကြည့်ဖြစ်သည်။အပြင်စာတွေနဲ့မတည့်သော ဝမ်ရိပေါ်အတွက် နေ့တိုင်း အစားအစာတွေကို သူကိုယ်တိုင် ချက်ပြုတ်ဖြစ်သည်။
ခရီးဝေးတွေ ထွက်ရလည်း သူပါ အမြဲလိုက်လေ့ရှိပါသည်။ဖန်တွေကို သဝန်မတိုတာနဲ့ဘဲ သူ့ရဲ့အချစ်ကို အဲ့သလို မထင်သင့်ပါဘူး။နောက်တော့ သူတို့နှစ်ယောက်လုံး ဆုံးဖြတ်ချက် ချခဲ့ကြပါသည်။
ရှောင်းကျန့် အတိတ်ကို လွမ်းဆွတ်မနေတော့ဘဲ လက်ရှိအခြေအနေကို ကြည့်လိုက်သည်။လက်ထပ်ပွဲက အရမ်းကိုမှ ခမ်းနားလေသည်။
ဝမ်ရိပေါ်ရဲ့ဖန်တွေကတော့ သူတို့idolလက်ထပ်တာကို ဝမ်းနည်းပေမဲ့ ကန့်တော့မကွက်ကြပေ။ရှောင်းကျန့် အဝင်ပေါက်မှာရပ်ပြီး အထဲက ဧည့်သည်တွေကိုကြည့်လိုက်သည်။
လူတိုင်းနီးပါးက သူသိတဲ့လူတွေချည်းပါဘဲ။သူက ဝမ်ရိပေါ်ရဲ့ရည်းစားဟောင်းမို့ သူသိတဲ့သူတွေများတာ မဆန်းပေ။
သူနဲ့အရမ်းကို ရင်းနှီးသည့် ဝမ်ရိပေါ်မိဘတွေကိုလည်း တွေ့နေရပြီး ဝမ်ရိပေါ်ကို သားတစ်ယောက်လိုချစ်သည့် သူ့မိဘတွေကိုတောင် သူမြင်နေရသည်။
သူ့ရဲ့အကြည့်ကို ခန်းမရဲ့လျှောက်လမ်းထိပ်ကို ရွေ့လိုက်တော့ အဖြူရောင်သတို့သားဝတ်စုံနဲ့ ခန့်ညားနေတဲ့ ဝမ်ရိပေါ်ကို တွေ့လိုက်ရသည်။
ဝမ်ရိပေါ်က သူ့ကိုမြင်တော့ နှစ်ခြိုက်စွာ ပြုံးပြလေသည်။ပြီးနောက် သူ့ဆီကို တစ်လှမ်းချင်းလျှောက်လာသည်။
"ကျန့်ကော.... ကျွန်တော်နဲ့ကောနဲ့က ရည်းစားတွေ မဟုတ်တော့ဘူး"
"ငါသိပါတယ်"
ဒါပေါ့။သူသေချာကိုသိတာပေါ့။သူနဲ့ဝမ်ရိပေါ်က ဒီနေ့ပြီးတာနဲ့ လင်မယားဖြစ်ပြီလေ။
ရှောင်းကျန့် ဝမ်ရိပေါ်လက်ကိုချိတ်လျှက် လျှောက်လမ်းထက်မှာ လျှောက်လှမ်းလိုက်သည်။ပြီးနောက် ဧည့်ပရိတ်သတ်တွေရဲ့ရှေ့မှာ ကတိသစ္စာပြုလိုက်ပြီး သူတို့နှစ်ယောက်ဟာ တရားဝင်လင်မယားတွေ ဖြစ်လာတော့သည်။သူ့ရှေ့ကဝမ်ရိပေါ်ဟာ သူ့ရဲ့ခင်ပွန်းဖြစ်လာတာကြောင့် ရည်းစားဟောင်းဖြစ်သွားခဲ့လေပြီ။
"ကျန့်ကော....ချစ်တယ်"
"ငါလည်း ချစ်တယ်"
ရှောင်းကျန်ံ့ သူ့ရှေ့မှာ သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ရီနေသည့် ဝမ်ရိပေါ်ကို ကြည့်လိုက်ပြီး သူ့ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း သိလိုက်ရသည်။
ဝမ်ရိပေါ်ကို သူ့အတွက် စိတ်ချလုံခြုံစေဖို့ရာ ထပ်ပြီး မရစ်စေတော့ဖိုရာ ဒီနည်းလမ်းကလွဲပြီး သူရွေးချယ်စရာ မရှိခဲ့ပေ။သူ့မှာ နောက်ထပ်နည်းလမ်း ရှိခဲ့မယ်ဆိုရင်တောင် သူကတော့ ဒီနည်းလမ်းကိုဘဲ ရွေးဦးမှာဖြစ်သည်။
အကြောင်းကတော့ သူကလည်း ဝမ်ရိပေါ်ကို စိတ်ချချင်လို့ပါဘဲ။ဒီလိုနဲ့ သူအရမ်းချစ်ခဲ့ရတဲ့ ရည်းစားဟောင်းရဲ့ လက်ထပ်ပွဲမှာ သတို့သမီးက သူကိုယ်တိုင် ဖြစ်နေခဲ့ပါတော့သည်။
The end.
Zawgyi
(A/N:သာသာ ဒီနေ့ Ding-dong မupဖြစ်ပါဘူးနော်...မနက်ဖြန်ကစပြီးတော့ တနင်္ဂနွကေလွဲပြီး ကျန်တဲ့နေ့တွေကို ပုံမှန် upပါ့မယ်နော်😊 အခုက Happy new yearညမို့လို့ one shotလေးဘဲ တင်မှာပါနော် one shotမရေးတာ နည်းနည်းကြာနေပြီမို့လို့ ဖတ်ရတာ အဆင်မပြေရင် ကြိုပြီးတောင်းပန်ပါရစေ😊 Love you all😍Happy new yearပါနော်😘)
Advertisement
သို့သော် သူဈာန်ဝင်နေတုန်း ဝမ်ရိပေါ်ရဲ့ အသံအကျယ်ကြီးကို ကြားလိုက်ရသည်။
"ငါသိပါတယ်"
"ကျန့်ကော....ချစ်တယ်"
"ငါလည်း ချစ်တယ်"
The end.
Advertisement
- In Serial12 Chapters
A Hero Past the 25th: Paradise Lost
Gather all and I will tell you a story! A story of how a champion was summoned into the doomed realm of Ortho. Of how instead of a champion, they got a woman old enough to be your mother. And what happened after that? I will tell you how the champion traveled into the Felorn Woods with her friends, in search of her lost youth. And how instead of youth, what she found was Hell itself. You don't believe me? Then go on and see for yourself. But don't come crying to me if it was too much! * * * This is the second part of A Hero Past the 25th Part 1 | Part 3 | Part 4-7
8 209 - In Serial254 Chapters
Worth the Candle
A teenager struggling after the death of his best friend finds himself in a fantasy world - one which seems to be an amalgamation of every Dungeons and Dragons campaign they ever played together. Now he's stuck trying to find the answers to why he's there and what this world is trying to say. The most terrifying answer might be that this world is an expression of the person he was back on Earth. This work is complete. You can buy the first ebook or audiobook here.
8 330 - In Serial11 Chapters
Evolution For Dummies
This is the story of a man who is both incredibly unlucky and incredibly lucky, He died in a rather unfortunate way, was reincarnated in a rather unfortunate way, but he born in a great world for him to evolve. Thanks to gej302 for the cover
8 182 - In Serial9 Chapters
Accidentally traveling in the beastworld novel!
Elsa is an half european and half Asian,she is a very beautiful women.On day she accidentally fell asleep in the during dinner and when she woke up she found her self inside the novel that she have read .She traveled inside the novel of called "Beauty and the Beasts ".How will she survive in this new world"
8 207 - In Serial13 Chapters
protected || book 2 of 'she's a dixon'
turns out you're never protected BOOK 2 OF SHE'S A DIXON SERIESseason 2 of the walking dead{completed}{carl grimes fanfiction}{daryl dixon fanfiction}{daryl dixon's daughter}{the walking dead fanfiction}{all credit goes to amc. i just own reagan}
8 197 - In Serial5 Chapters
-look at me/Muke/
-Если бы я был в порядке, наверное, я бы не разговаривал с тобой сейчас...
8 154