《Ding-dong(Season 1)(Completed)》(19)လက်ထပ်ကြမယ်
Advertisement
ရှောင်းကျန့်တို့ ခဏအနားယူပြီးနောက် ရှေ့ကိုဆက်လျှောက်ကြသည်။ဒီလိုအခြေအနေမျိုးတွေကို ခဏခဏကြုံနေရတော့ လက်ခံနိုင်စွမ်း မြင့်မားလာကြသည်။ထို့ကြောင့် တစ်ခုခုဖြစ်ပြီးတာနဲ့ အမြန်ပင် စိတ်ပြေသွားပြီး လှေကားကိုသာ ရှာဖွေဖို့ စိတ်စောသွားကြသည်။
သို့သော် အဖြစ်မှန်က သူတို့ကို စိတ်ပျက်စေသည်။ဒီအဆုံးမဲ့ ကားလမ်းမကြီးမှာ ဘာသဲလွန်စကိုမှ ရှာမရဖြစ်နေသည်။
ဉာဏ်ကြီးရှင် ဝမ်ရိပေါ်တောင် ဆက်လျှောက်ရမလား ရပ်လိုက်ရမလား တွေးနေတော့သည်။ထို့နောက် ဝမ်ရိပေါ်က နောက်ပြန်လှည့်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
အရင်ခွဲထွက်သွားတဲ့ အုပ်စုရဲ့အခြမ်းမှာ သဲလွန်စရှိနိုင်တယ်လို့ တွေးမိတာကြောင့်ပင်။လူတိုင်းလည်း လက်ခံကြပြီး နောက်ပြန်လှည့်ကြတော့သည်။
သို့သော် ရှောင်းကျန့်လို ကျောင်းရဲ့ activityတိုင်းမှာ ပါဝင်တဲ့သူက နောက်ပြန်လှည့်ဖို့ ငြင်းဆန်နေသည်။
"ရှောင်းကျန့်....ဘာလို့လဲဟင်"
"မင်းတစ်ခုခု သိနေလို့လား"
"သဲလွန်စရလို့လား"
တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြတော့သည်။ရှောင်းကျန့်က သက်ပြင်းချကာ မေးနေတဲ့သူတွေကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။.
"ဘာလို့လဲဆိုတော့....ပြန်လှည့်ရမှာ.... ခြေထောက်ညောင်းလို့"
ဝမ်ရိပေါ်က ပြုံးလိုက်ပြီး ရှောင်းကျန့်ကို ကုန်းပိုးလိုက်သည်။သူက သရဲဆိုတော့ တစ်ခါမှမမောပန်းပေ။ထို့ကြောင့် ရှောင်းကျန့်ကို တစ်သက်လုံးသယ်ရရင်တောင် သယ်နိုင်သေးသည်။
ခွေးစားအပြည့် စားလိုက်ရတဲ့ လူအုပ်ကြီးကတော့ ရှောင်းကျန့်ကို ရိုက်နှက်ချင်ရင်တောင် လိုလိုလားလား ကုန်းပိုးပေမည့် ဝမ်ရိပေါ်လိုချစ်သူမျိုး မရှိသည့်အတွက် အသံတိတ်ငိုရုံကလွဲပြီး ဘာမှမရှိတော့ပေ။
ရှောင်းကျန့်က ဒီယုန်မြင်လို့ ဒီချုံထွင်တာပင်။သူ့ပါးစပ်လေးဟလိုက်တာနဲ့ သူဖြစ်ချင်တာတွေကို ဝမ်ရိပေါ်က ကျိန်းသေပေါက် လုပ်ပေးလိမ့်မည်။
"ရိပေါ်...ငါတို့ အပြင်ပြန်ရောက်ရင် လက်ထပ်ကြမယ်နော်"
"မင်းက ကျောင်းမပြီးသေးဘူးလေ"
"ကိစ္စမရှိဘူး...ငါအသက်ပြည့်လောက်ပြီ"
"ဒါပေမဲ့ မင်းမိဘတွေက သဘောတူပါ့မလား"
"မတူဘဲနေပါ့မလား...ပါးပါးက ယူလေနားအေးလေလို့တောင် ပြန်ပြောဦးမှာ"
"ကိုယ့်မှာ ပိုက်ဆံမရှိဘူး...အိမ်မရှိဘူး...ကားမရှိဘူး"
"ငါ့အဖေမှာ ပိုက်ဆံရှိတယ်...အိမ်ရှိတယ်..ကားရှိတယ်"
"အဲ့တာက မင်းပိုင်တာမှ မဟုတ်တာ"
"ဒါပေမဲ့ ငါအမွေရမှာလေ"
"သူက ကိုယ့်ကို အချောင်သမားလို့ ထင်သွားမှာပေါ့"
"ဘာမှမဖြစ်ဘူး...သူ့သားကိုယ်တိုင်က အချောင်သမားဘဲလေ"
ဖန်မုဟန်နဲ့ ရီချုံးမိုဟာ ရှောင်းကျန့်စကားတွေကိုကြားပြီး ရှောင်းကျန့်ကို တစ်ပြိုင်နက်ထဲ မေးလိုက်ကြသည်။
"မင်းအရမ်း လင်လိုချင်နေတာလား"
ရှောင်းကျန့်ကတော့ သူတို့ကို ဂရုမစိုက်။ဝမ်ရိပေါ်ကိုသာ သေချာကြည့်နေလိုက်သည်။
"ကျန့်....တကယ်လို့ ငါက မင်းနဲ့လက်ထပ်လို့ မရတဲ့ အခြေအနေမှာဆိုရင်ကော...ဥပမာ ငါက လူမဟုတ်တာမျိုး"
"မင်းလူမဟုတ်မှန်း ငါသိပြီးသားပါ"
"ဟမ်"
ဝမ်ရိပေါ် ထိတ်လန့်သွားသည်။ရှောင်းကျန့်က သူသရဲဆိုတာကို သိနေသည်တဲ့။
"မင်းက လူမဟုတ်ဘူးဆိုတာကို ငါသိနေတာကြာပြီ...မင်းက..... "
"အွန်း"
"နတ်သားမလား"
"....."
"မင်းလို ရုပ်ချော ဉာဏ်ကောင်း ပြည့်စုံတဲ့သူမျိုးက နတ်သားဘဲ ဖြစ်မှာ"
"မဟုတ်ဘူး"
"ဒါဆို လူမဟုတ်တဲ့ဟာဆိုတော့ သွေးစုပ်ဖုတ်ကောင်များလား"
"မဟုတ်ဘူး"
"ဝံပုလွေလူသားလားဟင်"
"မဟုတ်ဘူး"
"ဒါ...ဒါဆို..."
ရှောင်းကျန့် အထိတ်လန့်တကြား သူ့ပါးစပ်ကို လက်နဲ့အုပ်ပြီး အံ့အားသင့်သွားသည်။
ဝမ်ရိပေါ်လည်း ရှောင်းကျန့်သိသွားလောက်ပြီဟုထင်ကာ ဝန်ခံရန် ပြင်ထားလိုက်သည်။
"မင်း...မင်းက...."
"ဟုတ်တယ်...ငါက....သ...."
"zombie"
"....."
ဝမ်ရိပေါ်ရဲ့ မဆုံးလိုက်တဲ့စကားလေးက လေထဲမှာတင် ရပ်တန့်သွားသည်။ထို့နောက် မပြောပြတော့ဘူးဟု ဆုံးဖြတ်ကာ ရှောင်းကျန့်ကို ခေါင်းခါပြလိုက်သည်။
(A/N:ဗီလိန်လေးတုန်းက ကိစ္စအတွက် ရှောင်းကျန့် ကလဲ့စားချေလိုက်ပါပြီနော်😂)
ရှောင်းကျန့်လည်း သက်ပြင်းချကာ တွေးရလွန်းလို့ မောသွားဟန်ဖြင့် ဝမ်ရိပေါ်ပခုံးပေါ်မှာ ခေါင်းတင်ပြီး အိပ်ပျော်သွားတော့သည်။
ရှောင်းကျန့် အိပ်ပျော်နေတုန်း အချိန်တစ်နာရီပြည့်သွားလေသည်။လူတိုင်း အရင်တစ်ခေါက်ကလို စီထားပြီး အလင်းကို လူတိုင်းမျက်နှာတွေ မြင်ရလောက်အောင် ထွန်းထားလိုက်သည်။
ငါးမိနစ်ကြာတဲ့အထိ ဘာမှဖြစ်မလာပေ။သို့သော် လူတိုင်းကတော့ စိတ်မလျှော့နိုင်သေးပေ။သတိကို ပိုတောင်ထားနေကြသည်။ရှောင်းကျန့်ကတော့ အိပ်ပျော်နေတာ တုတ်တုတ်ပင်မလှုပ်။
Ding-dong Ding-dong Ding-dong Ding-dong Ding-dong Ding-dong
ခြောက်ခါဆက်တိုက် မြည်လာသည်။အသံနဲ့အတူ လမ်းမရဲ့ နေရာတစ်ခုစီကနေ ကြီးမားတဲ့ဆူးချွန်တွေ ထွက်လာပြီး ကျောင်းသားတွေရဲ့ လည်မျိုတွေ ဝမ်းဗိုက်တွေ ခေါင်းတွေကို ထိုးစိုက်ကုန်သည်။
အကုန်လုံး ထိတ်လန့်တကြားအော်ဟစ်ကာ လူတွေရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ဒီအုပ်စုမှာ လေးယောက်ဘဲ သေတာမို့ ကျန်နှစ်ခုက ဟိုဘက်အဖွဲ့က ဖြစ်သည်။
လူတိုင်းမြေကြီးကို ကြောက်လန့်တကြား ကြည့်နေရုံမှလွဲပြီး ဘာမှမလုပ်နိုင်ပေ။ဒီလိုနဲ့ နောက်ငါးမိနစ်အကြာမှာ နေ့ဘက်ကို ပြန်ရောက်သွားသည်။ထို့ကြောင့် ညအချိန်ဟာ ၁၅မိနစ်လောက်သာ ဖြစ်သည် လူတိုင်း မှတ်ထားလိုက်ကြသည်။
အစကနေအဆုံးထိ ရှောင်းကျန့်ကတော့ နိုးမလာပေ။သူက အိမ်မက်ကောင်းလေးတွေကို မက်နေသလားမသိ။ပြုံးတောင်ပြုံးနေသေးသည်။
ဝမ်ရိပေါ်လည်း ထိုအခါမှ စိတ်အေးသွားသည်။သူ့စိတ်ထဲတွင် ခုနတုန်းက ရှောင်းကျန့်သာ နိုးနေပါက သူ့ကို ပြောလာမှာတွေကို စဥ်းစားလို့တောင်ရသည်။ရှောင်းကျန့် သူ့ကို ပြောလာမှာတွေက
"ရိပေါ်...တကယ်လို့ ငါ့ခေါင်းထဲကို အဲ့ဆူးကြီးဝင်သွားလို့ ငါသေသွားရင် ငါ့အလောင်းကို ဆူးထဲကနေ ဖြည်းဖြည်းလေး ဆွဲထုတ်နော်...အပေါက်ကို ပိုပြီးမကြီးလာစေနဲ့...အနည်းဆုံးတော့ ငါ့မျက်နှာလေး ချောနေရမယ်နော်...အပေါက်ကို ဖာလိုရရင် ဖာပေးပြီး ဖာလို့မရရင်တော့ အပေါက်ကိုဖုံးလို့ရအောင် ဦးထုပ်လေးဘာလေးဆောင်းပေးပေါ့နော်"
ဝမ်ရိပေါ် တွေးရင်းနဲ့ ရီချင်လာသည်။သူ့ကောင်လေးက အဲ့လိုလေးတွေ ရစ်တတ်တာကိုက ချစ်ဖို့ကောင်းနေတာဖြစ်သည်။
Advertisement
ဘာမှမသိရှာဘဲ အိပ်နေသော ရှောင်းကျန့်ကတော့ အိမ်မက်ထဲတွင် သူက အလှဆုံးအလောင်းပိုင်ရှင်ဆိုပြီး နာမည်ကျော်ကြားသွားတာကြောင့် သေသွားတာတောင် ဘီလီလျံနာဖြစ်သွားခဲ့တော့သည်။
Part (20)ဆက်ရန်....
Zawgyi
ေရွာင္းက်န့္တို႔ ခဏအနားယူၿပီးေနာက္ ေရွ႕ကိုဆက္ေလွ်ာက္ၾကသည္။ဒီလိုအေျခအေနမ်ိဳးေတြကို ခဏခဏႀကဳံေနရေတာ့ လက္ခံနိုင္စြမ္း ျမင့္မားလာၾကသည္။ထို႔ေၾကာင့္ တစ္ခုခုျဖစ္ၿပီးတာနဲ႕ အျမန္ပင္ စိတ္ေျပသြားၿပီး ေလွကားကိုသာ ရွာေဖြဖို႔ စိတ္ေစာသြားၾကသည္။
သို႔ေသာ္ အျဖစ္မွန္က သူတို႔ကို စိတ္ပ်က္ေစသည္။ဒီအဆုံးမဲ့ ကားလမ္းမႀကီးမွာ ဘာသဲလြန္စကိုမွ ရွာမရျဖစ္ေနသည္။
ဉာဏ္ႀကီးရွင္ ဝမ္ရိေပၚေတာင္ ဆက္ေလွ်ာက္ရမလား ရပ္လိုက္ရမလား ေတြးေနေတာ့သည္။ထို႔ေနာက္ ဝမ္ရိေပၚက ေနာက္ျပန္လွည့္ရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။
အရင္ခြဲထြက္သြားတဲ့ အုပ္စုရဲ႕အျခမ္းမွာ သဲလြန္စရွိနိုင္တယ္လို႔ ေတြးမိတာေၾကာင့္ပင္။လူတိုင္းလည္း လက္ခံၾကၿပီး ေနာက္ျပန္လွည့္ၾကေတာ့သည္။
သို႔ေသာ္ ေရွာင္းက်န့္လို ေက်ာင္းရဲ႕ activityတိုင္းမွာ ပါဝင္တဲ့သူက ေနာက္ျပန္လွည့္ဖို႔ ျငင္းဆန္ေနသည္။
"ေရွာင္းက်န့္....ဘာလို႔လဲဟင္"
"မင္းတစ္ခုခု သိေနလို႔လား"
"သဲလြန္စရလို႔လား"
တစ္ေယာက္တစ္ေပါက္ ဝိုင္းေမးၾကေတာ့သည္။ေရွာင္းက်န့္က သက္ျပင္းခ်ကာ ေမးေနတဲ့သူေတြကို ေလးေလးနက္နက္ စိုက္ၾကည့္လိုက္သည္။.
"ဘာလို႔လဲဆိုေတာ့....ျပန္လွည့္ရမွာ.... ေျခေထာက္ေညာင္းလို႔"
ဝမ္ရိေပၚက ၿပဳံးလိုက္ၿပီး ေရွာင္းက်န့္ကို ကုန္းပိုးလိုက္သည္။သူက သရဲဆိုေတာ့ တစ္ခါမွမေမာပန္းေပ။ထို႔ေၾကာင့္ ေရွာင္းက်န့္ကို တစ္သက္လုံးသယ္ရရင္ေတာင္ သယ္နိုင္ေသးသည္။
ေခြးစားအျပည့္ စားလိုက္ရတဲ့ လူအုပ္ႀကီးကေတာ့ ေရွာင္းက်န့္ကို ရိုက္ႏွက္ခ်င္ရင္ေတာင္ လိုလိုလားလား ကုန္းပိုးေပမည့္ ဝမ္ရိေပၚလိုခ်စ္သူမ်ိဳး မရွိသည့္အတြက္ အသံတိတ္ငို႐ုံကလြဲၿပီး ဘာမွမရွိေတာ့ေပ။
ေရွာင္းက်န့္က ဒီယုန္ျမင္လို႔ ဒီခ်ဳံထြင္တာပင္။သူ႕ပါးစပ္ေလးဟလိုက္တာနဲ႕ သူျဖစ္ခ်င္တာေတြကို ဝမ္ရိေပၚက က်ိန္းေသေပါက္ လုပ္ေပးလိမ့္မည္။
"ရိေပၚ...ငါတို႔ အျပင္ျပန္ေရာက္ရင္ လက္ထပ္ၾကမယ္ေနာ္"
"မင္းက ေက်ာင္းမၿပီးေသးဘူးေလ"
"ကိစၥမရွိဘူး...ငါအသက္ျပည့္ေလာက္ၿပီ"
"ဒါေပမဲ့ မင္းမိဘေတြက သေဘာတူပါ့မလား"
"မတူဘဲေနပါ့မလား...ပါးပါးက ယူေလနားေအးေလလို႔ေတာင္ ျပန္ေျပာဦးမွာ"
"ကိုယ့္မွာ ပိုက္ဆံမရွိဘူး...အိမ္မရွိဘူး...ကားမရွိဘူး"
"ငါ့အေဖမွာ ပိုက္ဆံရွိတယ္...အိမ္ရွိတယ္..ကားရွိတယ္"
"အဲ့တာက မင္းပိုင္တာမွ မဟုတ္တာ"
"ဒါေပမဲ့ ငါအေမြရမွာေလ"
"သူက ကိုယ့္ကို အေခ်ာင္သမားလို႔ ထင္သြားမွာေပါ့"
"ဘာမွမျဖစ္ဘူး...သူ႕သားကိုယ္တိုင္က အေခ်ာင္သမားဘဲေလ"
ဖန္မုဟန္နဲ႕ ရီခ်ဳံးမိုဟာ ေရွာင္းက်န့္စကားေတြကိုၾကားၿပီး ေရွာင္းက်န့္ကို တစ္ၿပိဳင္နက္ထဲ ေမးလိုက္ၾကသည္။
"မင္းအရမ္း လင္လိုခ်င္ေနတာလား"
ေရွာင္းက်န့္ကေတာ့ သူတို႔ကို ဂ႐ုမစိုက္။ဝမ္ရိေပၚကိုသာ ေသခ်ာၾကည့္ေနလိုက္သည္။
"က်န့္....တကယ္လို႔ ငါက မင္းနဲ႕လက္ထပ္လို႔ မရတဲ့ အေျခအေနမွာဆိုရင္ေကာ...ဥပမာ ငါက လူမဟုတ္တာမ်ိဳး"
"မင္းလူမဟုတ္မွန္း ငါသိၿပီးသားပါ"
"ဟမ္"
ဝမ္ရိေပၚ ထိတ္လန့္သြားသည္။ေရွာင္းက်န့္က သူသရဲဆိုတာကို သိေနသည္တဲ့။
"မင္းက လူမဟုတ္ဘူးဆိုတာကို ငါသိေနတာၾကာၿပီ...မင္းက..... "
"အြန္း"
"နတ္သားမလား"
"....."
"မင္းလို ႐ုပ္ေခ်ာ ဉာဏ္ေကာင္း ျပည့္စုံတဲ့သူမ်ိဳးက နတ္သားဘဲ ျဖစ္မွာ"
"မဟုတ္ဘူး"
"ဒါဆို လူမဟုတ္တဲ့ဟာဆိုေတာ့ ေသြးစုပ္ဖုတ္ေကာင္မ်ားလား"
"မဟုတ္ဘူး"
"ဝံပုေလြလူသားလားဟင္"
"မဟုတ္ဘူး"
"ဒါ...ဒါဆို..."
ေရွာင္းက်န့္ အထိတ္လန့္တၾကား သူ႕ပါးစပ္ကို လက္နဲ႕အုပ္ၿပီး အံ့အားသင့္သြားသည္။
ဝမ္ရိေပၚလည္း ေရွာင္းက်န့္သိသြားေလာက္ၿပီဟုထင္ကာ ဝန္ခံရန္ ျပင္ထားလိုက္သည္။
"မင္း...မင္းက...."
"ဟုတ္တယ္...ငါက....သ...."
"zombie"
"....."
ဝမ္ရိေပၚရဲ႕ မဆုံးလိုက္တဲ့စကားေလးက ေလထဲမွာတင္ ရပ္တန့္သြားသည္။ထို႔ေနာက္ မေျပာျပေတာ့ဘူးဟု ဆုံးျဖတ္ကာ ေရွာင္းက်န့္ကို ေခါင္းခါျပလိုက္သည္။
(A/N:ဗီလိန္ေလးတုန္းက ကိစၥအတြက္ ေရွာင္းက်န့္ ကလဲ့စားေခ်လိဳက္ပါၿပီေနာ္😂)
ေရွာင္းက်န့္လည္း သက္ျပင္းခ်ကာ ေတြးရလြန္းလို႔ ေမာသြားဟန္ျဖင့္ ဝမ္ရိေပၚပခုံးေပၚမွာ ေခါင္းတင္ၿပီး အိပ္ေပ်ာ္သြားေတာ့သည္။
ေရွာင္းက်န့္ အိပ္ေပ်ာ္ေနတုန္း အခ်ိန္တစ္နာရီျပည့္သြားေလသည္။လူတိုင္း အရင္တစ္ေခါက္ကလို စီထားၿပီး အလင္းကို လူတိုင္းမ်က္ႏွာေတြ ျမင္ရေလာက္ေအာင္ ထြန္းထားလိုက္သည္။
ငါးမိနစ္ၾကာတဲ့အထိ ဘာမွျဖစ္မလာေပ။သို႔ေသာ္ လူတိုင္းကေတာ့ စိတ္မေလွ်ာ့နိုင္ေသးေပ။သတိကို ပိုေတာင္ထားေနၾကသည္။ေရွာင္းက်န့္ကေတာ့ အိပ္ေပ်ာ္ေနတာ တုတ္တုတ္ပင္မလႈပ္။
Ding-dong Ding-dong Ding-dong Ding-dong Ding-dong Ding-dong
ေျခာက္ခါဆက္တိုက္ ျမည္လာသည္။အသံနဲ႕အတူ လမ္းမရဲ႕ ေနရာတစ္ခုစီကေန ႀကီးမားတဲ့ဆူးခြၽန္ေတြ ထြက္လာၿပီး ေက်ာင္းသားေတြရဲ႕ လည္မ်ိဳေတြ ဝမ္းဗိုက္ေတြ ေခါင္းေတြကို ထိုးစိုက္ကုန္သည္။
အကုန္လုံး ထိတ္လန့္တၾကားေအာ္ဟစ္ကာ လူေတြ႐ုတ္႐ုတ္သဲသဲ ျဖစ္ကုန္သည္။ဒီအုပ္စုမွာ ေလးေယာက္ဘဲ ေသတာမို႔ က်န္ႏွစ္ခုက ဟိုဘက္အဖြဲ႕က ျဖစ္သည္။
လူတိုင္းေျမႀကီးကို ေၾကာက္လန့္တၾကား ၾကည့္ေန႐ုံမွလြဲၿပီး ဘာမွမလုပ္နိုင္ေပ။ဒီလိုနဲ႕ ေနာက္ငါးမိနစ္အၾကာမွာ ေန႕ဘက္ကို ျပန္ေရာက္သြားသည္။ထို႔ေၾကာင့္ ညအခ်ိန္ဟာ ၁၅မိနစ္ေလာက္သာ ျဖစ္သည္ လူတိုင္း မွတ္ထားလိုက္ၾကသည္။
အစကေနအဆုံးထိ ေရွာင္းက်န့္ကေတာ့ နိုးမလာေပ။သူက အိမ္မက္ေကာင္းေလးေတြကို မက္ေနသလားမသိ။ၿပဳံးေတာင္ၿပဳံးေနေသးသည္။
ဝမ္ရိေပၚလည္း ထိုအခါမွ စိတ္ေအးသြားသည္။သူ႕စိတ္ထဲတြင္ ခုနတုန္းက ေရွာင္းက်န့္သာ နိုးေနပါက သူ႕ကို ေျပာလာမွာေတြကို စဥ္းစားလို႔ေတာင္ရသည္။ေရွာင္းက်န့္ သူ႕ကို ေျပာလာမွာေတြက
"ရိေပၚ...တကယ္လို႔ ငါ့ေခါင္းထဲကို အဲ့ဆူးႀကီးဝင္သြားလို႔ ငါေသသြားရင္ ငါ့အေလာင္းကို ဆူးထဲကေန ျဖည္းျဖည္းေလး ဆြဲထုတ္ေနာ္...အေပါက္ကို ပိုၿပီးမႀကီးလာေစနဲ႕...အနည္းဆုံးေတာ့ ငါ့မ်က္ႏွာေလး ေခ်ာေနရမယ္ေနာ္...အေပါက္ကို ဖာလိုရရင္ ဖာေပးၿပီး ဖာလို႔မရရင္ေတာ့ အေပါက္ကိုဖုံးလို႔ရေအာင္ ဦးထုပ္ေလးဘာေလးေဆာင္းေပးေပါ့ေနာ္"
ဝမ္ရိေပၚ ေတြးရင္းနဲ႕ ရီခ်င္လာသည္။သူ႕ေကာင္ေလးက အဲ့လိုေလးေတြ ရစ္တတ္တာကိုက ခ်စ္ဖို႔ေကာင္းေနတာျဖစ္သည္။
ဘာမွမသိရွာဘဲ အိပ္ေနေသာ ေရွာင္းက်န့္ကေတာ့ အိမ္မက္ထဲတြင္ သူက အလွဆုံးအေလာင္းပိုင္ရွင္ဆိုၿပီး နာမည္ေက်ာ္ၾကားသြားတာေၾကာင့္ ေသသြားတာေတာင္ ဘီလီလ်ံနာျဖစ္သြားခဲ့ေတာ့သည္။
Part (20)ဆက္ရန္....
Advertisement
- In Serial118 Chapters
How I Became The Strongest Sovereign
In a world governed by physical power, strength and Magical Ability, James finds himself at the top of the hierarchy with everything a man could ask for: Money, Friends, Political Power and Freedom.
8 1102 - In Serial49 Chapters
Queen of the Castaway Isle
Sophie liked to think of herself as a survivor.Someone who, as an average person, survived hell on earth and returned to tell the tale. Give or take.In a tragic freak accident, the survivors of two plane crashes were trapped on a strange uninhabited island. It took over 8 years for help to locate what was left. Of the original 288 missing passengers and crew, only 22 people remained. The world went wild, everyone wanted to know what happened. What went on there? In a true Lord of the Flies fashion, it was humanity at its worst. Hell on earth. A miniature apocalypse in the middle of the ocean. All manmade.Sure Sophie had survived, but even after years of intensive therapy, she isn't always happy about it. Those who murdered her younger brother were now rich. Those who raped and left her baby sister to die were famous. The kings of that isle, monsters wearing human skin, had sold their stories and were now living the good life after. Try as she might move on, hell has followed her home. Until she wakes up 13 years back in the past. Less than 1 day before her scheduled flight. -------- Catch me on Discord: https://discord.gg/ARkSMFPbew
8 137 - In Serial8 Chapters
Fratres Per Noctem
Strangers by daylight, brothers by the night... Witness three masterminds coming up with a code that only themselves would dare to follow, and with that being strictly working within the dawn. Don Dino Manzo, the leader of a revisioned crime family from Italy who deems to bring the old glory back that New York had in almost a century ago. And to pull it off, he hires two fellow criminals who are striving to make a name for themselves. First, Vicente Campana. A Mexican gangbanger who uses his wisdom to escape the ghetto, deciding to leave everything and everyone behind to pursue being a professional criminal. And lastly, Grant Wallace. A conventional young adult who has psychotic tendencies, disregarding his sanity for his own sake of pleasure by committing such heinous and socially-unacceptable felony.
8 177 - In Serial13 Chapters
{Smut Warning} Big Fun {Kurt Kelly X Ram Sweeney}
{this art is not mine. I can't draw people.}{Under editing} So drunk that he doesn't even know his own name, Ram Sweeney drags his best friend, Kurt Kelly, into a room with him, and he's horny as fuck. Yes, this burns slow.
8 213 - In Serial13 Chapters
'Granger' Family Reunion
🔥🔥🔥WARNING ~ Harry Potter spoilers🔥🔥🔥⭐️⭐️⭐️Clean ~ No foul language ⭐️⭐️⭐️✨✨✨This Granger family reunion is basically like the others. Mean cousins, handsome husband making the mean girls jealous, but one thing has changed. A brother, a mother and a father. All wizards...And when a jealous cousin vows to uncover Hermione's secret, will she be able to rely on magic to make her problems go away?✨✨✨🌟🌟🌟"Aunt Elisa, how nice to see to see you!" Hermione grinned, trying to ignore the scowl on her aunt's face."Yes, dear. Didn't think you were coming this year." Aunt Elisa replied with a grimace on her face."Neither did I." Hermione muttered so that only her mum could hear her, who promptly gave her a playful shove which Hermione returned.🌟🌟🌟💫💫💫Includes Dramione{Draco + Hermione}💫💫💫☀️☀️☀️13 Published Chapters (Not Including Author's Notes)☀️☀️☀️🙌🙌🙌Highest Rating = #1 in 'grangerfamilyreunion'🙌🙌🙌⚡️⚡️⚡️DISCLAIMER ~ All the original Harry Potter characters belong to JK Rowling. I only own the cousins, extended family and the plot.⚡️⚡️⚡️
8 193 - In Serial82 Chapters
THE WHITE ROSE PAINTED WITH BLOOD
[ poetry story / teen fiction ] : about teens, who were afraid. NOTE : feel free to skip the entirety of book i ; autumn and jump straight to book ii ; winter // © 2021-2022 @uranium-girl
8 176

