《Ding-dong(Season 1)(Completed)》(20)ရာဇဝင်များ
Advertisement
ရှောင်းကျန့်ဟာ နာရီဝက်လောက်ကြာမှ နိုးလာခဲ့သည်။နိုးလာတော့ အိပ်ချင်မူးတူးနဲ့မို့ ကြောင်တောင်တောင်လေး ဖြစ်နေသည်။
ဝမ်ရိပေါ်ကကုန်းပိုးထားတာမို့ သက်တောင့်သက်သာနဲ့ပင် အိပ်ချင်ပြေသွားအောင် ခေါင်းလေ့ကျင့်ခန်းလေး လုပ်လိုက်သည်။
"ဘယ် ညာ အပေါ် အောက် ဘယ် ညာ အပေါ် အောက်...."
တိတ်ဆိတ်နေတဲ့ ဒီလမ်းမကြီးထက်မှာ ရှောင်းကျန့်ရဲ့ အသံသာ ထွက်ပေါ်နေသည်။အခြားလူတွေကတော့ လမ်းလျှောက်ရတာ ပင်ပန်းတာကြောင့် စကားတောင် မပြောနိုင်ကြပေ။
သို့သော် သူတို့အားလုံးဟာ ရှောင်းကျန့်ကို တစ်ချိန်လုံးသယ်ထားသည့် ဝမ်ရိပေါ်ကိုတော့ စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင်ပေ။
သူတို့သာ ဝမ်ရိပေါ်ဆိုပါက ဆယ်မိနစ်တောင် သယ်နိုင်မှာမဟုတ်သလို အခုလိုအသက်ဘေးကြုံနေရတဲ့ အချိန်မျိုးမှာ ရည်းစားဖြစ်သူက ကုန်းပိုးခိုင်းရင် ပါးချည်းဘဲ ဘယ်ပြန်ညာပြန် ရိုက်ပေးလိုက်မှာ ဖြစ်သည်။
ဒါပေမဲ့ သူတို့သာ ရှောင်းကျန့်ဆိုရင်လည်း ဒီလိုအလိုလိုက်တတ်တဲ့ချစ်သူကို ကြိုက်သလောက် ဆိုးပစ်မှာဖြစ်သည်။ဘယ်လိုဘဲဖြစ်ဖြစ် သူတို့က ရှောင်းကျန့်မဟုတ်သလို ဝမ်ရိပေါ်လည်း ဟုတ်မနေတာက အမှန်တရားသာ ဖြစ်သည်။
"ရိပေါ်....ပေါ်ပေါ်....ပေါ်ပေါ်..."
"ဟင်..."
"ငါ အိပ်ထားလို့ ပင်ပန်းနေတယ်"
ဝမ်ရိပေါ် "....."
လူတိုင်း "....."
'အားးး....ဒီရှောင်းမျိုးရိုးကို တစ်ယောက်လောက် သတ်ပေးကြစမ်းပါ...အိပ်ရတာကို ပင်ပန်းတယ်တဲ့...ဒါဆို လမ်းချည်းဘဲလျှောက်နေပါလား'
အခြားလူတွေရဲ့အတွေးကို မသိသည့် ရှောင်းကျန့်ကတော့ ဆက်ပြောလေသည်။
"အဲ့တာကြောင့် ငါ့ကို ဆက်ချီထားဦးနော်...ငါသက်သာလာမှ ဆင်းမယ်နော်"
"မင်းကို အထပ်တွေအားလုံး ကုန်သွားတဲ့အထိ ကုန်းပိုးပေးလို့ရပါတယ်...အဲ့တာကြောင့် မဆင်းချင်ရင် လုံးဝမဆင်းနဲ့...ကိုယ်က ဘာမှမဖြစ်ဘူး"
"မဆင်းလို့လဲ မဖြစ်ပါဘူး"
"ဘာဖြစ်လို့လဲ"
"ငါနစ်နာတယ်လေ"
"ဟင်"
"မင်းငါ့ကို ချီထားတာ ငါ့ကို အသားယူနေတာလေ...အကြာကြီးချီထားတော့ အများကြီးအသားယူလိုက်ရတာပေါ့"
ဝမ်ရိပေါ် "....."
လူတိုင်း"......"
သူတို့အားလုံးဟာ ရှောင်းကျန့်ကိုကြည့်ပြီး Faဖြစ်ရတာ ကောင်းလိုက်တာဟု ခံစားမိသွားသည်။တော်ကြာ ရည်းစားထားမိလို့ ရှောင်းကျန့်လို ရည်းစားမျိုးကိုသာ ကံမကောင်းအကြောင်းမလှစွာ ရသွားပါက ရည်းစားသက်တမ်းငါးမိနစ်လောက်နဲ့ အသက်ထွက်သွားနိုင်သည်။
ဝမ်ရိပေါ်ကတော့ ရည်းစားမျက်နှာကိုစကြဝဠာတစ်ခုလို မှတ်ယူသူမို့ ရှောင်းကျန့်ပြောတာကို ခေါင်းညိတ်လိုက်သည်။
ရှောင်းကျန့်ရဲ့သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးနှစ်ယောက်ကတော့ သူတို့သူငယ်ချင်းကိုကြည့်ပြီး ခေါင်းသာရမ်းလိုက်ကြသည်။
'မအိပ်ခင်တုန်းကဖြင့် ဒီကထွက်သွားတာနဲ့ လက်ထပ်မယ်တဲ့...ပြန်လည်းနိုးလာရော ချီပေးတာက အသားယူတယ်ဖြစ်သွားရော...ရှောင်းကျန့်က တကယ်ကို ကျပ်မပြည့်တာဘဲ'
ပိုင်ယန်စန်းတို့ကတော့ ရှောင်းကျန့်နဲ့သိတာ မကြာသေးသည်မို့ သူ့အကျင့်စရိုက်ကို သိပ်မသိသော်လည်း သူ့အကြောင်းကတော့ တစ်ကျောင်းလုံးနီးပါး ပြောလေ့ရှိကြတာမို့ အနည်းအကျင်းတော့ သိပါသည်။
ရှောင်းကျန့်မှာ မရိုးနိုင်တဲ့ ရာဇဝင်တွေရှိပါသည်။ကျောင်းမှာ ကျောင်းအုပ်ကြီးတောင် သူ့လောက်နာမည်မကြီးပေ။
ရှောင်းကျန့် အထက်တန်းပထမနှစ်တုန်းက ကျောင်းအားကစားပွဲမှာ အားကစားတိုင်းကို စာရင်းပေးထားခဲ့သည်။ဘက်စကတ်ဘောပြိုင်မယ်လည်းဆိုကော သူ့က ဘောလုံးအသင်းမှာ ပါဝင်ထားပြီး လူမလောက်သဖြင့် သွားရမည်ဟုဆိုခဲ့သည်။
ဘောလုံးအသင်းမှာလည်း ဘောလီဘောမှာ လူလိုနေတာကြောင့် ပါဝင်ခဲ့သည်ဟုပြောပြီး ဘောလီဘောမှာလည်း ရေကူးသမားတစ်ယောက်က နေမကောင်းတာကြောင့် အစားဝင်ပေးရမည်ဟု ပြောခဲ့သည်။
ရေကူးအသင်းကိုလည်း အပြေးပြိုင်ပွဲမှာ ပါမည့်သူဟာ ခြေထောက်ခေါက်သွားတာကြောင့် သူဝင်ပါရမည်ဟု ပြောခဲ့ပြီး အပြေးပြိုင်ပွဲမှာ ခြေထောက်နာနေသည်ဟု အကြောင်းပြကာ သံလုံးပစ်ထဲ သွားပြန်သည်။
သံလုံးပစ်အဖွဲထဲရောက်တော့ အကြောညက်သွားသည်ဟု ပြောပြန်ကာ နောက်ဆုံးတော့ အားပေးတဲ့အဖွဲ့ထဲဝင်ပြီး ကစားပွဲတစ်လျောက် အိပ်နေတော့သည်။
ထိုအကြောင်းဟာ တစ်ကျောင်းလုံးမှာ လူပြောအများဆုံးဖြစ်ခဲ့ကာ စီနီယာကျောင်းသားတွေနဲ့ ဆရာဆရာမတွေထဲမှာ ရှောင်းကျန့်ကို မသိတဲ့သူ မရှိသလောက် ဖြစ်ခဲ့လေသည်။
အထက်တန်းဒုတိယနှစ်မှာကျတော့ ကျောင်းအုပ်ကြီးရဲ့ဟောပြောပွဲမှာ ဖြစ်သည်။ကျောင်းအုပ်ကြီးဟာ သူ့ရဲ့ဟောပြောပွဲတိုင်း ကျောင်းသားတွေအကျိုးရှိစေမဲ့အကြောင်းပြောကာ မေးခွန်းတွေလည်း မေးတတ်သည်။
သူမေးတဲ့မေးခွန်းတိုင်းကို ဒိုင်ခံပြီးဖြေတာကတော့ ရှောင်းကျန့်ပင်ဖြစ်သည်။လူတိုင်းက အဖြေမှားပြောမှာကို ကြောက်ကြသော်လည်း သူကတော့ လုံးဝမကြောက်။မကြောက်လို့သာ တလွဲတွေချည်း ဖြေခဲ့လေသည်။
"လူသားတိုင်းမှာ လိုအပ်တဲ့အရာက ဘာလဲ"
"အချစ်ပါ"
ကျောင်းအုပ်ကြီးအဖြေ=မွန်မြတ်တဲ့စိတ်ထား
"ငါတို့တွေ တိုးတက်ဖို့ ကိုယ့်ရဲ့ ဘာတွေကို ပျိုးထောင်သင့်သလဲ"
"ကလေးတွေကိုပါ"
ကျောင်းအုပ်ကြီးအဖြေ=ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေး
"လောကကြီးမှာ လူဘယ်နှမျိုးရှိလဲ...အဲ့တာတွေက ဘာတွေလဲ"
"လေးမျိုးပါဆရာကြီး...ယောကျ်ားရယ် မိန်းမရယ် မိန်းမစိတ်ပေါက်နေတဲ့ယောကျ်ားရယ် ယောကျ်ားစိတ်ပေါက်နေတဲ့မိန်းမရယ်"
ကျောင်းအုပ်ကြီးအဖြေ=နှစ်မျိုး၊စိတ်ထားကောင်းမွန်ပြီး အများအကျိုးဆောင်ရွက်လိုသူနဲ့ စိတ်ထားဆိုးယုတ်ကာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတဲ့လူမျိုး
ထိုကဲ့သို့သော တလွဲတွေချည်းဖြေခဲ့တာမို့ ပိုပြီးတော့တောင် နာမည်ကျော်လာကာ ရှောင်းကျန့် ဘာဘဲလုပ်လုပ် လူတိုင်းအာရုံစိုက်စရာတစ်ခု ဖြစ်လာခဲ့လေသည်။
(A/N:မီးက တစ်နေကုန်ပျက်နေတာမို့လို့ နည်းနည်းဘဲ ရေးလိုက်တယ်နော်)
Part (21)ဆက်ရန်...
Zawgyi
ေရွာင္းက်န့္ဟာ နာရီဝက္ေလာက္ၾကာမွ နိုးလာခဲ့သည္။နိုးလာေတာ့ အိပ္ခ်င္မူးတူးနဲ႕မို႔ ေၾကာင္ေတာင္ေတာင္ေလး ျဖစ္ေနသည္။
ဝမ္ရိေပၚကကုန္းပိုးထားတာမို႔ သက္ေတာင့္သက္သာနဲ႕ပင္ အိပ္ခ်င္ေျပသြားေအာင္ ေခါင္းေလ့က်င့္ခန္းေလး လုပ္လိုက္သည္။
"ဘယ္ ညာ အေပၚ ေအာက္ ဘယ္ ညာ အေပၚ ေအာက္...."
တိတ္ဆိတ္ေနတဲ့ ဒီလမ္းမႀကီးထက္မွာ ေရွာင္းက်န့္ရဲ႕ အသံသာ ထြက္ေပၚေနသည္။အျခားလူေတြကေတာ့ လမ္းေလွ်ာက္ရတာ ပင္ပန္းတာေၾကာင့္ စကားေတာင္ မေျပာနိုင္ၾကေပ။
သို႔ေသာ္ သူတို႔အားလုံးဟာ ေရွာင္းက်န့္ကို တစ္ခ်ိန္လုံးသယ္ထားသည့္ ဝမ္ရိေပၚကိုေတာ့ စိတ္ထဲကေန မခ်ီးက်ဴးဘဲ မေနနိုင္ေပ။
Advertisement
သူတို႔သာ ဝမ္ရိေပၚဆိုပါက ဆယ္မိနစ္ေတာင္ သယ္နိုင္မွာမဟုတ္သလို အခုလိုအသက္ေဘးႀကဳံေနရတဲ့ အခ်ိန္မ်ိဳးမွာ ရည္းစားျဖစ္သူက ကုန္းပိုးခိုင္းရင္ ပါးခ်ည္းဘဲ ဘယ္ျပန္ညာျပန္ ရိုက္ေပးလိုက္မွာ ျဖစ္သည္။
ဒါေပမဲ့ သူတို႔သာ ေရွာင္းက်န့္ဆိုရင္လည္း ဒီလိုအလိုလိုက္တတ္တဲ့ခ်စ္သူကို ႀကိဳက္သေလာက္ ဆိုးပစ္မွာျဖစ္သည္။ဘယ္လိုဘဲျဖစ္ျဖစ္ သူတို႔က ေရွာင္းက်န့္မဟုတ္သလို ဝမ္ရိေပၚလည္း ဟုတ္မေနတာက အမွန္တရားသာ ျဖစ္သည္။
"ရိေပၚ....ေပၚေပၚ....ေပၚေပၚ..."
"ဟင္..."
"ငါ အိပ္ထားလို႔ ပင္ပန္းေနတယ္"
ဝမ္ရိေပၚ "....."
လူတိုင္း "....."
'အားးး....ဒီေရွာင္းမ်ိဳးရိုးကို တစ္ေယာက္ေလာက္ သတ္ေပးၾကစမ္းပါ...အိပ္ရတာကို ပင္ပန္းတယ္တဲ့...ဒါဆို လမ္းခ်ည္းဘဲေလွ်ာက္ေနပါလား'
အျခားလူေတြရဲ႕အေတြးကို မသိသည့္ ေရွာင္းက်န့္ကေတာ့ ဆက္ေျပာေလသည္။
"အဲ့တာေၾကာင့္ ငါ့ကို ဆက္ခ်ီထားဦးေနာ္...ငါသက္သာလာမွ ဆင္းမယ္ေနာ္"
"မင္းကို အထပ္ေတြအားလုံး ကုန္သြားတဲ့အထိ ကုန္းပိုးေပးလို႔ရပါတယ္...အဲ့တာေၾကာင့္ မဆင္းခ်င္ရင္ လုံးဝမဆင္းနဲ႕...ကိုယ္က ဘာမွမျဖစ္ဘူး"
"မဆင္းလို႔လဲ မျဖစ္ပါဘူး"
"ဘာျဖစ္လို႔လဲ"
"ငါနစ္နာတယ္ေလ"
"ဟင္"
"မင္းငါ့ကို ခ်ီထားတာ ငါ့ကို အသားယူေနတာေလ...အၾကာႀကီးခ်ီထားေတာ့ အမ်ားႀကီးအသားယူလိုက္ရတာေပါ့"
ဝမ္ရိေပၚ "....."
လူတိုင္း"......"
သူတို႔အားလုံးဟာ ေရွာင္းက်န့္ကိုၾကည့္ၿပီး Faျဖစ္ရတာ ေကာင္းလိုက္တာဟု ခံစားမိသြားသည္။ေတာ္ၾကာ ရည္းစားထားမိလို႔ ေရွာင္းက်န့္လို ရည္းစားမ်ိဳးကိုသာ ကံမေကာင္းအေၾကာင္းမလွစြာ ရသြားပါက ရည္းစားသက္တမ္းငါးမိနစ္ေလာက္နဲ႕ အသက္ထြက္သြားနိုင္သည္။
ဝမ္ရိေပၚကေတာ့ ရည္းစားမ်က္ႏွာကိုစၾကဝဠာတစ္ခုလို မွတ္ယူသူမို႔ ေရွာင္းက်န့္ေျပာတာကို ေခါင္းညိတ္လိုက္သည္။
ေရွာင္းက်န့္ရဲ႕သူငယ္ခ်င္း အရင္းေခါက္ေခါက္ႀကီးႏွစ္ေယာက္ကေတာ့ သူတို႔သူငယ္ခ်င္းကိုၾကည့္ၿပီး ေခါင္းသာရမ္းလိုက္ၾကသည္။
'မအိပ္ခင္တုန္းကျဖင့္ ဒီကထြက္သြားတာနဲ႕ လက္ထပ္မယ္တဲ့...ျပန္လည္းနိုးလာေရာ ခ်ီေပးတာက အသားယူတယ္ျဖစ္သြားေရာ...ေရွာင္းက်န့္က တကယ္ကို က်ပ္မျပည့္တာဘဲ'
ပိုင္ယန္စန္းတို႔ကေတာ့ ေရွာင္းက်န့္နဲ႕သိတာ မၾကာေသးသည္မို႔ သူ႕အက်င့္စရိုက္ကို သိပ္မသိေသာ္လည္း သူ႕အေၾကာင္းကေတာ့ တစ္ေက်ာင္းလုံးနီးပါး ေျပာေလ့ရွိၾကတာမို႔ အနည္းအက်င္းေတာ့ သိပါသည္။
ေရွာင္းက်န့္မွာ မရိုးနိုင္တဲ့ ရာဇဝင္ေတြရွိပါသည္။ေက်ာင္းမွာ ေက်ာင္းအုပ္ႀကီးေတာင္ သူ႕ေလာက္နာမည္မႀကီးေပ။
ေရွာင္းက်န့္ အထက္တန္းပထမႏွစ္တုန္းက ေက်ာင္းအားကစားပြဲမွာ အားကစားတိုင္းကို စာရင္းေပးထားခဲ့သည္။ဘက္စကတ္ေဘာၿပိဳင္မယ္လည္းဆိုေကာ သူ႕က ေဘာလုံးအသင္းမွာ ပါဝင္ထားၿပီး လူမေလာက္သျဖင့္ သြားရမည္ဟုဆိုခဲ့သည္။
ေဘာလုံးအသင္းမွာလည္း ေဘာလီေဘာမွာ လူလိုေနတာေၾကာင့္ ပါဝင္ခဲ့သည္ဟုေျပာၿပီး ေဘာလီေဘာမွာလည္း ေရကူးသမားတစ္ေယာက္က ေနမေကာင္းတာေၾကာင့္ အစားဝင္ေပးရမည္ဟု ေျပာခဲ့သည္။
ေရကူးအသင္းကိုလည္း အေျပးၿပိဳင္ပြဲမွာ ပါမည့္သူဟာ ေျခေထာက္ေခါက္သြားတာေၾကာင့္ သူဝင္ပါရမည္ဟု ေျပာခဲ့ၿပီး အေျပးၿပိဳင္ပြဲမွာ ေျခေထာက္နာေနသည္ဟု အေၾကာင္းျပကာ သံလုံးပစ္ထဲ သြားျပန္သည္။
သံလုံးပစ္အဖြဲထဲေရာက္ေတာ့ အေၾကာညက္သြားသည္ဟု ေျပာျပန္ကာ ေနာက္ဆုံးေတာ့ အားေပးတဲ့အဖြဲ႕ထဲဝင္ၿပီး ကစားပြဲတစ္ေလ်ာက္ အိပ္ေနေတာ့သည္။
ထိုအေၾကာင္းဟာ တစ္ေက်ာင္းလုံးမွာ လူေျပာအမ်ားဆုံးျဖစ္ခဲ့ကာ စီနီယာေက်ာင္းသားေတြနဲ႕ ဆရာဆရာမေတြထဲမွာ ေရွာင္းက်န့္ကို မသိတဲ့သူ မရွိသေလာက္ ျဖစ္ခဲ့ေလသည္။
အထက္တန္းဒုတိယႏွစ္မွာက်ေတာ့ ေက်ာင္းအုပ္ႀကီးရဲ႕ေဟာေျပာပြဲမွာ ျဖစ္သည္။ေက်ာင္းအုပ္ႀကီးဟာ သူ႕ရဲ႕ေဟာေျပာပြဲတိုင္း ေက်ာင္းသားေတြအက်ိဳးရွိေစမဲ့အေၾကာင္းေျပာကာ ေမးခြန္းေတြလည္း ေမးတတ္သည္။
သူေမးတဲ့ေမးခြန္းတိုင္းကို ဒိုင္ခံၿပီးေျဖတာကေတာ့ ေရွာင္းက်န့္ပင္ျဖစ္သည္။လူတိုင္းက အေျဖမွားေျပာမွာကို ေၾကာက္ၾကေသာ္လည္း သူကေတာ့ လုံးဝမေၾကာက္။မေၾကာက္လို႔သာ တလြဲေတြခ်ည္း ေျဖခဲ့ေလသည္။
"လူသားတိုင္းမွာ လိုအပ္တဲ့အရာက ဘာလဲ"
"အခ်စ္ပါ"
ေက်ာင္းအုပ္ႀကီးအေျဖ=မြန္ျမတ္တဲ့စိတ္ထား
"ငါတို႔ေတြ တိုးတက္ဖို႔ ကိုယ့္ရဲ႕ ဘာေတြကို ပ်ိဳးေထာင္သင့္သလဲ"
"ကေလးေတြကိုပါ"
ေက်ာင္းအုပ္ႀကီးအေျဖ=ကိုယ့္ရဲ႕ကိုယ္ရည္ကိုယ္ေသြး
"ေလာကႀကီးမွာ လူဘယ္ႏွမ်ိဳးရွိလဲ...အဲ့တာေတြက ဘာေတြလဲ"
"ေလးမ်ိဳးပါဆရာႀကီး...ေယာက်္ားရယ္ မိန္းမရယ္ မိန္းမစိတ္ေပါက္ေနတဲ့ေယာက်္ားရယ္ ေယာက်္ားစိတ္ေပါက္ေနတဲ့မိန္းမရယ္"
ေက်ာင္းအုပ္ႀကီးအေျဖ=ႏွစ္မ်ိဳး၊စိတ္ထားေကာင္းမြန္ၿပီး အမ်ားအက်ိဳးေဆာင္႐ြက္လိုသူနဲ႕ စိတ္ထားဆိုးယုတ္ကာ တစ္ကိုယ္ေကာင္းဆန္ၿပီး ယုတ္မာတဲ့လူမ်ိဳး
ထိုကဲ့သို႔ေသာ တလြဲေတြခ်ည္းေျဖခဲ့တာမို႔ ပိုၿပီးေတာ့ေတာင္ နာမည္ေက်ာ္လာကာ ေရွာင္းက်န့္ ဘာဘဲလုပ္လုပ္ လူတိုင္းအာ႐ုံစိုက္စရာတစ္ခု ျဖစ္လာခဲ့ေလသည္။
(A/N:မီးက တစ္ေနကုန္ပ်က္ေနတာမို႔လို႔ နည္းနည္းဘဲ ေရးလိုက္တယ္ေနာ္)
Part (21)ဆက္ရန္...
Advertisement
- In Serial917 Chapters
Genius Detective
We follow the story of Song Lang, a genius in the police field, who due to unfortunate circumstances caused by his mortal enemy, now assumes the identity of a driver named Chen Shi. Although he had wanted to live out his days as an ordinary citizen, fate has other plans in store for him. Finding himself in the position of prime suspect to a case, he assists a police officer to uncover the truth. Follow the adventures of Chen Shi as he is plunged back into the world of bizarre homicide investigations. Will he be fated to meet his enemy once again? If you enjoy murder mysteries such as the TV show “The Mentalist”, or anime like “Detective Conan”, then this novel is for you.
8 642 - In Serial952 Chapters
Epic Of Caterpillar
Please make sure to check out my other novels, I am sure that you will like them! Demon Queen Rebirth: I Reincarnated as a Living Armor?! My World Traveling System: The Harbinger of Death Vampire Overlord System in the Apocalypse Epic of Ice Dragon: Reborn as an Ice Dragon with a System Epic of Summoner: Supreme Summoner System in the Apocalypse
8 4954 - In Serial27 Chapters
Lost in Love
My name is Alexander Halesworth, sole heir to a prestigious ducal house. Or rather, that’s what my identity is supposed to be now. I still haven’t gotten used to this whole situation yet. Not long ago I was just a humble store clerk. But shortly after getting into an unfortunate road accident, I woke up in the setting of an infamous Otome Game called “Lost in Love: A Heart Throbbing Romance in a Fantasy World~!” Yeah. It’s even trashier than it sounds. Don’t judge me, it was a gift from a friend. *cough* Anyway, this situation wouldn’t be too bad, except I ended up in the body of the worst possible person: the villainess’ older brother. Alexander has great looks, near limitless wealth, and a thoroughly rotten personality. In most of the game’s endings I end up dead or exiled. My family also falls to ruin, and don’t even get me started on what happens to my evil little sister. Well, whatever. If that’s the hand fate dealt me, then I just have to prevent the bad ends, right? And if I have no choice but to deal with this family’s baggage, I may as well enjoy myself while I’m at it. Being filthy rich and powerful has its benefits. For example, this cute maid who I get to tease whenever I want. (Male lead otome reincarnation, inspired by Akuyaku Reijo Ni Koi Wo Shite and similar works)
8 163 - In Serial8 Chapters
Re:Nymphs
A normal guy killed and reincarnated into a fantasy world born as the lowest but rises up to be one of the best.
8 73 - In Serial18 Chapters
The First Gift
When the power you crave ends up destroying everything you love. *** Lara Skyborn has a destiny: to receive a Gift--the kind of magic heroes of legend like the First Lady Elena bore and granted. Having trained and studied her entire life for a chance at the honor, Lara has always dreamed of one day being worthy of being bestowed a Gift. What she doesn't know is that with a Gift comes a mission, and with a mission comes taking the lives of others, whether she wishes to or not. Not wanting to kill, Lara refuses her mission. As she leaves the place she calls home, she begins to learn more about the First Lady, the history of the Gifts, and her true identity. Things are never what they seem, and her destiny may lie in something else entirely. Also posted on Wattpad and Scribblehub Beautiful cover by @Lueur_laVespine on Wattpad
8 172 - In Serial6 Chapters
Paw Patrol and Pup Star
Paw patrol and pupstar collide
8 150

