《Ding-dong(Season 1)(Completed)》(22)Heaven and Hell
Advertisement
လူတိုင်း လှေကားပေါ်လာရခြင်းအကြောင်းကို စိတ်ဝင်စားနေကြသည်။အထူးသဖြင့် ဝမ်ရိပေါ်ရဲ့ စုံထောက်စွမ်းရည်ကို ဖြစ်သည်။
"ရိပေါ်....စုယီနဲ့ပက်သက်ပြီး ငါတို့ကို ပြောပြပါလား"
"ငါ့အထင်တော့ စုယီက သေပြီးပြီ...ပထမတစ်ခါက ခေါင်းလောင်းသံငါးခါမြည်တယ်...ငါတို့ထဲက ဘယ်သူမှ မသေဘူး...ဒုတိယတစ်ခါက ဆယ်ခါမြည်တယ်...ငါတို့အဖွဲ့မှာ ခုနှစ်ယောက်မို့လို့ စုယီတို့အဖွဲ့က သုံးယောက်...တတိယတစ်ခါကတော့ ခြောက်ခါမြည်ပြီး ငါတို့ဘက်က လေးယောက်နဲ့ စုယီတို့ဘက်က နှစ်ယောက်...သူတို့အဖွဲ့မှာ အယောက်နှစ်ဆယ်ဘဲ ရှိတာ...သေတာက ဆယ်ယောက်မို့လို့ ကျန်ရမှာက ဆယ်ယောက်ဘဲ...ငါတို့နဲ့ဆုံတော့ ဆယ့်တစ်ယောက်ဖြစ်နေတယ်...အဲ့တာကြောင့် အပိုလူက သဲလွန်စလို့ ငါထင်တယ်...ပြီးတော့ သူတို့အဖွဲ့မှာ စုယီတစ်ယောက်ထဲကသာ မူမမှန်တာ...ငါ့ကို ပိုသေချာစေတာက ဒီတစ်ခေါက် ခေါင်းလောင်းသံမြည်တော့ သူမကို ငါရုတ်တရက်ကြည့်လိုက်မိတယ်...သူမက ငြိမ်ငြိမ်လေး ရပ်နေပေမဲ့ သူမလက်နှစ်ဖက်ကတော့ ပျောက်နေတယ်...ဒါကြောင့် သေသွားတဲ့သုံးယောက်က သူမလက်ချက်ကြောင့်ဘဲ"
"နှလုံးကို ထုတ်လိုက်တာကကော"
"အဲ့တာကတော့ ငါစိတ်ထင်တဲ့ဟာကို လုပ်လိုက်တာ...လူတစ်ယောက်မှာ အရေးအကြီးဆုံးက နှလုံးမို့လို့ နှလုံးက သဲလွန်စလို့ ထင်လိုက်တာ...ကားလမ်းမပေါ် ပစ်ချလိုက်တာက ငါတို့လမ်းလျှောက်တာမောလို့ နားတုန်းက ငါချုံပုတ်တွေထဲ ဖြတ်သွားဖို့ လုပ်လိုက်သေးတယ်...ဒါပေမဲ့ ဖြတ်လို့မရဘူး...အပြင်မှာ အကာအရံတွေချထားသလိုဘဲ...အဲ့ထဲက သီခြားနေရာတစ်ခုမှန်း သိလိုက်တာ...အဲ့တာကြောင့် နှလုံးကို ပစ်ချကြည့်လိုက်တာ"
သူတို့အားလုံးမှာ ပြောစရာဆိုလို့ အရမ်းတော်တယ်ဆိုတာကလွဲပြီး ဘာမှမရှိပေ။ဝမ်ရိပေါ်သာ မရှိရင် သူတို့က စုယီလက်ချက်နဲ့ သေကုန်မှာဖြစ်သည်။
ရှောင်းကျန့်ကလည်း သူ့ချစ်သူကိုကြည့်ပြီး ဂုဏ်ယူနေသည်။နတ်ဘုရားတွေက သူအချိန်အကြာကြီး faဖြစ်နေရခြင်းအပေါ် အားနာသဖြင့် ဒီလိုရည်းစားမျိုးကို ပို့ပေးလိုက်တာဖြစ်နိုင်သည်။
သူတို့ရည်းစားသက်တမ်းက ဒီထဲကိုစရောက်မှဖြစ်ကာ အချိန်အားဖြင့် တစ်ရက်တောင် ရှိသေးပုံမရပေမဲ့ သူကတော့ နှစ်နဲ့ချီကြာနေသည့် ချစ်သူတွေလိုမျိုး ချစ်ခင်ပါသည်။
အဖွဲထဲက ကျောင်းသားအချို့က ဝမ်ရိပေါ်ကို လေးစားအားကျနေကျသည်။ထို့နောက် သူတို့တွေဟာ ဝမ်ရိပေါ်ဟာ သူတို့ကျောင်းကမဟုတ်မှန်း သတိထားမိသွားသည်။
ပိုင်ယန်စန်းကလည်း သတိထားမိတာမို့ ဝမ်ရိပေါ်ကို မေးလိုက်လေသည်။
"ဝမ်ရိပေါ်...မင်းက ငါတို့ကျောင်းက မဟုတ်ဘူးမလား"
"ငါက မင်းတို့ကျောင်းကပါဘဲ"
"ဟုတ်လား...တတိယနှစ်ကဘဲလား...ဘယ်အတန်းကလဲ"
"ငါက စာကြည့်တိုက်အရှေ့ကလေ"
"......."
ရှောင်းကျန့်တောင် ကြောင်တောင်တောင်ဖြစ်သွားသည်။ဝမ်ရိပေါ်က သူတို့ကျောင်းဝတ်စုံကို မဝတ်ထားတာမို့ သူတို့ကျောင်းကလူမဟုတ်ဘူးလို့သာ သူထင်ထားခဲ့သည်။တကယ်လို့ ဝမ်ရိပေါ်သာ သူတို့ကျောင်းမှာဆိုရင် သူဘာလို့မမြင်ဘဲ နေမှာလဲ။
"ရိပေါ်....စာသင်ခန်းတွေနဲ့ စာကြည့်တိုက်က တခြားစီတွေပါ...မင်းအမှတ်မှားနေတာလား...ပြီးတော့ မင်းကကျောင်းဝတ်စုံလည်း မဝတ်ထားဘူး...ငါမင်းကို စတွေ့တုန်းက စာသင်သားဝတ်စုံလေးနဲ့မို့ cosplayerလို့တောင် ထင်နေတာ....အဲ့ပုံစံလေးနဲ့ အရမ်းချောတာဘဲ"
"မင်းကြိုက်ရင် ကိုယ်အဲ့လိုဘဲ ဝတ်မယ်လေ"
"ရပါတယ်...ငါက မင်းဘယ်လိုနေနေချစ်ပြီးသားပါနော်"
"ကိုယ်ကောဘဲ မင်းကိုအမြဲချစ်နေမှာ"
"ဟီး...ငါသိပြီးသားပါ...မင်းက ငါ့ကိုမြင်မြင်ချင်းထဲက ကြွေဆင်းနေတာကို"
"ဟုတ်တယ်....ကိုယ်မင်းကို စာကြည့်တိုက်မှာမြင်ထဲက ချစ်မိသွားတာ..."
"ငါကိုကလည်း အရမ်းချောတာကို...မင်းချစ်မိသွားတာကို အပြစ်မတင်ပါဘူး"
"အွန်း"
ဝမ်ရိပေါ်က သူတို့ကျောင်းက ဟုတ်မဟုတ် သိချင်နေတဲ့သူတွေက ဒီကိစ္စကနေ ဘယ်လိုဖြစ်ပြီး အချစ်ရေးကိစ္စရောက်သွားသလဲဆိုတာကို စဥ်းစားနေသလို လှေကားပေါ် တက်ချင်နေသူတွေကလည်း ထိုစကားပြောမှုကြီးကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေကြသည်။
သူတို့အတွေးတွေကို သိနေသည့်အလား ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ဟာ ဆက်မပြောတော့ဘဲ လှေကားကို ဦးဆောင်ကာ တက်သွားလေသည်။
လှေကားထိပ်ဆုံးကို ရောက်တော့ တံခါးနှစ်ချပ်ကို တွေ့လိုက်ရသည်။ရှောင်းကျန့်တစ်ယောက် သူတို့ကို ခေါင်းစားစေချင်တဲ့ အဖွားကြီးအား စိတ်ထဲကနေ ဆဲပစ်လိုက်သည်။
တံခါးနှစ်ချပ်က ပန်းရောင်ဖြစ်ကာ အရောင်တူတာမို့ ဘာရွေးလို့ရွေးရမလဲမသိ ဖြစ်နေတော့သည်။
"ကဲ...စိတ်လှုပ်ရှားစရာဘဲ...တတိယအထပ်ကိုတောင် ဖြေရှင်းနိုင်ကြတယ်...Amazing ပါဘဲ....အခုကလည်း နောက်ထပ်စိတ်လှုပ်ရှားစရာပါဘဲ...မင်းတို့အခု ၇၆ယောက်ရှိတယ်...တစ်ဝက်စီ တစ်ဝက်စီခွဲပြီး တံခါးကို ရွေးချယ်ပါ...နှစ်ချပ်စလုံးက စတုတ္ထအထပ်ရောက်မှာမို့လို့ မစိုးရိမ်ပါနဲ့...တစ်ခုနဲ့တစ်ခုက အန္တရာယ်ချင်းမတူတာဘဲ ရှိတာပါ...တစ်ခုက Heavenဆို ကျန်တစ်ခုက Hellပေါ့...ဘယ်သူတွေက ဘာနဲ့ကြုံမလဲဆိုတာကတော့ ကံတရားပေါ့...ကဲ...Heaven and hellကို ရွေးလိုက်ကြရအောင်....ဟားဟားဟား"
လူတိုင်းအကြပ်ရိုက်ကုန်ကြသည်။သူတို့တွေ ဝမ်ရိပေါ်အနောက်လိုက်ချင်ပေမဲ့ ဒီတစ်ခါတော့ လိုက်နိုင်ဖို့လမ်း သိပ်မရှိပေ။
နည်းနည်းသတ္တိရှိတဲ့ ယောကျ်ားလေးတချို့ဟာ ဝမ်ရိပေါ်ကို လေးစားကျပေမဲ့ အချိန်တိုင်းတော့ မှီခိုအားကိုးနေလို့မရမှန်း သိလေသည်။ထို့ကြောင့် အဖွဲ့တစ်ဝက်ခွဲထုတ်လိုက်သည်။ဒါမှသာ အန္တရာယ်ကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းရှိမှာဖြစ်သည်။
ဒီလိုနဲ့ တစ်ဝက်စီခွဲလို့ ပြီးသွားခဲ့သည်။ရှောင်းကျန့်တို့အဖွဲ့ကတော့ ဝမ်ရိပေါ်နဲ့သာဖြစ်သည်။ဝမ်ရိပေါ်က တခြားအဖွဲ့အား အရင်ရွေးရန် ပြောလိုက်သည်။
အခြားအဖွဲ့ကလည်း သူတို့ကိုအရင်ရွေးရန် ပြောလာသည်။အဲ့လိုနဲ့ဘဲ ဝမ်ရိပေါ်က တံခါးကို ရှောင်းကျန့်အား ရွေးစေသည်။
"ငါက ဘယ်ရွေးရမလား...ညာရွေးရမလားမသိဘူးလေ...ရိပေါ်...မင်းဘဲရွေးလိုက်ပါလား...ငါရွေးလိုက်တဲ့ဟာက Hellဖြစ်နေရင် သူတို့က ငါ့ကိုအပြစ်ပြောကြမှာ...မင်းရွေးရင်တော့ သူတို့ပြောမှာမဟုတ်ဘူး"
"မင်းမှာကိုယ်ရှိတယ်လေ.... သူတို့မပြောရဲဘူး...ရွေးသာရွေး"
"ဒါဆို ငါရွေးလိုက်မယ်...."
ရှောင်ကျန့် သူ့လက်ဆယ်ချောင်းကို မြှောက်လိုက်ပြီး ရွတ်လိုက်သည်။
Advertisement
"ဘယ် ဘက် တံ ခါး က hell ဆို ရင် လက် ထိပ် ပေါ် သို့ တက်"
လူတိုင်း "....."
ရှောင်းကျန့် လက်ထိပ်ပေါ်ကို တက်သွားသည့်လက်ကိုကြည့်ပြီး ညာဘက်တံခါးကို ရွေးလိုက်လေသည်။သူ့ရဲ့ ရွေးနည်းကြီးကြောင့် ဆွံ့အနေကြတဲ့ သူတို့အဖွဲ့ကလူတွေကတော့ သူဘယ်လိုဘဲရွေးရွေး သူ့နောက်ကိုသာ လိုက်ရတော့သည်။
Part (23)ဆက်ရန်....
Zawgyi
"......."
"အွန်း"
"ဒါဆို ငါရွေးလိုက်မယ်...."
လူတိုင်း "....."
Part (23)ဆက်ရန်....
Advertisement
- In Serial34 Chapters
Convergence of Fates
After being rescued by an Assurian scientist, Fenicia Kranicar wakes up panicked, afraid and very angry. Her plans to escape must be put on hold when she learns that dangerous mercenaries are about to attack the space station she is on. The half Assurian-Saryan female will soon discover things about herself that she would never have guessed. Will the knowledge of her new powers and where they came from be enough to save her? Warning : COF contains violence, trespassing, bad language, multiple references to various matters of fandom, questionable interrogation tactics, kidnapping, arguable murder, justifiable murder, filthy murder, assault and battery, abuse of authority, destruction of private property, disorderly conduct, dismemberment, and an uncomfortably sexy mother. Cover commissioned by Jackiefelixart
8 221 - In Serial64 Chapters
Languor || Zhong Chenle
Mafia!au (completed)lan·guor/ˈlaNG(ɡ)ər/The state or feeling, often pleasant, of tiredness or inertia.'If this languid feeling is because of you, let me feel it down my veins longer.'#1 on #chenle 23/12/2020#1 on #nctchenle 23/12/2020#1 on #nctjisung 23/12/2020#1 on #jaemin 29/12/2020#1 on #nctrenjun 14/04/2021 (13/04/2022)#1 on #psychopath 05/03/2022#9 on #nct 08/11/202121/April/2020 - 17/December/2020
8 131 - In Serial11 Chapters
I reluctantly became the dungeon master
John Mullard works on a game software company. His life is extremely normal until one day, a thief has sneaked into the house and killed him. He was taken to another world by a man claiming to be a god and promising to reborn him. but ironically he became the master of the dungeon. Can he survive in a world where his life will be lost anytime?
8 86 - In Serial23 Chapters
ADDICTIONS
Izuku, a kid who had life completely shit on him. He's always been around drugs and violence. At a young age he was abandoned by his own parents who were suppose to love him. At a young age he was out on the streets learning to survive.One day he meets a boy named Kira, their connected like glue. So, like the teenagers they are they fell into trouble together. Partying, doing drugs, drinking.... Especially izuku.But before this izuku tried being a normal kid. Went back to school after dropping out. Katsuki bakugo and him soon started dating. He was beyond elastic....Until izuku just had to ruin it. Izuku was a druggie who slept around. Maybe the break up fucked izuku up. Because after that day he felt broken. I mean, Kira and katsuki were the only ones who cared about him. Literally.This is a story about izuku, katsuki, and Kira. The trials of being an adult at just seven, you'll take a look at the broken mentality of izuku. His life with crime, drugs, and sex. With all these bad things...There just had to be betrayal. Than right after betrayal comes the death of close ones.
8 124 - In Serial6 Chapters
Lucas Till/MacGyver/Havok Imagines
Just tryna put more Lucas Till related content out there, because let's face it, there's not enough Lucas Till related content out there.
8 189 - In Serial12 Chapters
The Day She Left Him
September 16, 2012 was no ordinary day for Lisa. It was the Sunday that changed her life forever. After 6 hard years, the grueling battle to keep her marriage intact had left her feeling empty and drained. Her eyes were dry as she packed her luggage that morning. They were still dry when she sat down and wrote the letter he would read when he returned home later that day. If he returns home at all...
8 180