《Ding-dong(Season 1)(Completed)》(23)Flower hell
Advertisement
ရှောင်းကျန့်တို့ တံခါးကနေ ဝင်လိုက်တော့ မြင်လိုက်ရတာက လှပတဲ့ ပန်းခင်းကြီးဖြစ်သည်။ပန်းတွေက အရောင်စုံကာ လှလွန်းတာကြောင့် လူတိုင်း အံ့သြမင်သက်ကုန်သည်။
သူတို့အနေနဲ့ စတုတ္ထအထပ်က ပန်းခင်းကြီးလို့ မထင်ထားတာက အမှန်ဖြစ်သည်။ထို့နောက် ရှောင်းကျန့် ရွေးလိုက်တာက Heavenလို့ ထင်မိသွားသည်။
သို့သော် သူတို့အထင်က တစ်စက္ကန့်သာ ကြာလိုက်သည်။ဘာကြောင့်လဲဆိုတော့ လှပလွန်းတဲ့ပန်းတွေဟာ အစွယ်တွေရှိတဲ့သရဲခေါင်းတွေအဖြစ် ပြောင်းသွားလို့ဖြစ်သည်။
လှပလှတဲ့ပန်းခင်းကြီးနေရာမှာ ကြောက်စရာကောင်းလှသည့်ခေါင်းတွေကိုသာ သူတို့မြင်နေရတော့သည်။
"Flower hellကနေ ကြိုဆိုပါတယ်....Mission အကြောင်းလည်း ပြောပြပါ့မယ်...အရမ်းအရမ်းအရမ်းကို လွယ်တာနော်... အချိန်ကလည်း မကန့်သတ်ထားဘူး... ဒီပန်းခင်းကြီးရဲ့အဆုံးမှာ လမ်းမရှိတယ်...လမ်းမကိုရောက်တာနဲ့ လှေကားကို တွေ့ပါလိမ့်မယ်...ဒါဆို missionက ဒီပန်းခင်းကြီးကို ဖြတ်ပြီး လမ်းမပေါ်ကို ရောက်ဖို့ပါဘဲ...အရမ်းလွယ်တယ်မလား...ကံကောင်းကြပါစေနော်"
ထိုမိန်းမကြီးအသံပျောက်သွားတာနဲ့ လူတိုင်းစိတ်ထဲကနေ ဆဲလိုက်ကြသည်။အပြင်ဘက်မှာတော့ ထုတ်မဆဲရဲပေ။
ထို့ပြင် သူတို့အားလုံးက ရိုးတံပေါ်က ခေါင်းပြတ်သရဲတွေကို ဖြတ်သွားရမှာမို့ ထိတ်လန့်ကြောက်ရွံနေမိသည်။
"ငါတောင်းပန်ပါတယ်...ငါ့ကြောင့်ပါ...ငါရွေးလိုက်မိလို့ ဒီလိုဖြစ်သွားတာ"
"မင်းအမှားမဟုတ်ပါဘူး ရှောင်းကျန့်...ဒါက ငါတို့ကံတရားမို့လို့ပါ"
"ဟုတ်တယ်...မင်းရွေးရွေးမရွေးရွေး ဒီနေရာကို ရောက်ကိုရောက်မယ်လို့ သတ်မှတ်ထားရင် ဘာမှလုပ်လို့မရဘူးလေ"
ဖန်မုဟန်နဲ့ရီချုံးမိုက သူငယ်ချင်းဖြစ်သူကို နှစ်သိမ့်နေကြသည်။အခြားသူတွေကလည်း သူတို့ပြောတာကို ထောက်ခံလေသည်။
ထို့နောက် အားလုံးရဲ့အကြည့်က ဝမ်ရိပေါ်ဆီ ရောက်သွားသည်။သူတို့အကြည့်တွေက 'မင်းရည်းစားရဲ့လုပ်ရပ်ကို မင်းတာဝန်ယူရမယ်'လို့ ပြောနေသည်။
သူတို့အကြည့်တွေကြောင့် ဝမ်ရိပေါ်လည်း ပန်းခင်းကို ကျော်ဖြတ်နိုင်ဖို့ စဥ်းစားရတော့သည်။သူတို့က ပန်းခင်းရဲ့အပြင်ဘက်လမ်းတစ်ခုမှာဖြစ်ပြီး ပန်းခင်းကိုဖြတ်ကာ အခြားလမ်းကို သွားရမည်ဖြစ်သည်။
ဝမ်ရိပေါ် ပန်းခင်းကို ဆယ့်ငါးမိနစ်လောက်လေ့လာလိုက်သည်။ထို့နောက် ဖြတ်သွားရန် အစီအစဥ်ချတော့သည်။
"ငါလေ့လာကြည့်ရသလောက် ပန်းတွေက ဒီအတိုင်းကြည့်ရင် အပြုံလိုက်ကြီးလို့ ထင်ရပေမဲ့ သူတို့ကြားထဲမှာ လူတစ်ယောက်စာ ရပ်လို့ရတဲ့နေရာတွေရှိတယ်...ငါတို့က အဲ့နေရာတွေကိုနင်းပြီး လမ်းကို ဖြတ်ရမယ်...ပြီးတော့ ပန်းပင်တွေက အရောင်စုံပြီး အလှည့်လိုက် သရဲခေါင်းတွေ ပြောင်းသွားတတ်တယ်...သရဲခေါင်းပြောင်းတဲ့ပန်းရဲ့ အနားမှာ မရပ်ဖို့က အရေးကြီးတယ်...ရပ်လည်း သိပ်အန္တရာယ်မရှိပေမဲ့ လေမတိုက်ဖို့ ဆုတောင်းရမယ်...သရဲခေါင်းဖြစ်နေရင်တောင် ပန်းတို့သဘာဝအရ လေတိုက်ရင် ယိမ်းမှာဘဲ...တစ်နေရာစာဘဲ ရပ်လို့ရတဲ့နေရာမှာ မင်းတို့ရှိတဲ့ဘက်ကို လေတိုက်ခဲ့ရင်တော့ မင်းတို့ကံတရားပေါ့"
တစ်ဖွဲ့လုံး ကိုယ့်အားကိုယ်ကိုးပြီး လုပ်ဆောင်မှသာ အသက်ရှင်နိုင်မှန်း သိကြသည်။ထို့ပြင် ကံတရားကလည်း ရှိသေးသည်။
ရှောင်းကျန့်ကတော့ သူ့အကြောင်းသူ သိတာမို့ အလိုက်တသိနဲ့ ဝမ်ရိပေါ်ကျောပေါ် ခုန်တက်လိုက်သည်။
လူတိုင်း "....."
"ရိပေါ်....ငါက အဲ့ခေါင်းတွေကို ကြောက်ပြီး ခြေမခိုင်ဖြစ်သွားရင် ချော်လဲပြီး အစားခံရလိမ့်မယ်...အဲ့တာကြောင့် မင်းငါ့ကို ကုန်းပိုးပြီးခေါ်သွားနော်"
ဝမ်ရိပေါ်က ဘာမှမပြောခင် ဖန်မုဟန်နဲ့ ဖုဖန် က ဝင်ပြောတော့သည်။
"ရှောင်းကျန့်....ဝမ်ရိပေါ်သာ မင်းကိုသယ်ပြီးသွားရရင် သေကိန်းနဲ့ ပိုနီးတော့မှာပေါ့...အပိုဝန်ထုပ်ကြီးကိုသယ်ပြီး အဲ့အန္တရာယ်ကောင်တွေကို ဘယ်လိုရှောင်ရမှာလဲ"
"ဟုတ်တယ်...မင်းကိုသယ်သွားရင် သူ့မှာ ဘာကောင်းကျိုးမှ ရှိမှာမဟုတ်ဘူး"
ရှောင်းကျန့်တစ်ယောက် အတွဲညီနေသည့် နှစ်ယောက်ကို မျက်စောင်းထိုးပြီး ပြန်ရန်တွေ့လိုက်သည်။
"ငါ့ကို သယ်လို့ သူ့မှာ ဘာလို့ကောင်းကျိုး မရှိရမှာလဲ...ကောင်းကျိုးရှိတာပေါ့...ငါ့ကိုသယ်ထားရင် သူ့ခန္ဓာကိုယ်ကကြွက်သားတွေ သန်မာလာမယ်...လေတိုက်ရင်လည်း မအေးတော့ဘူးလေ...ပြီးတော့ ငါ့ကိုလည်း အသားယူလို့ရသေးတယ်...ဘာမကောင်းစရာရှိလဲ"
ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ဘာလုပ်လုပ် ချစ်နေတာမို့ ပြုံးလိုက်ပြီး သူ့ကျောပေါ်က ရှောင်းကျန့်ကို သေချာပင့်တင်ကာ ခြေထောက်တွေကိုလည်း ပန်းတွေနဲ့ မထိမိစေရန် သူ့ခါးထက်တွင်ချိတ်စေပြီး ကြိုးနဲ့သေချာချည်လိုက်သည်။
ကြိုးကတော့ သူတို့အခုရပ်နေသည့်နေရာမှာ ထားထားတာ ဖြစ်သည်။ကြိုးအပြင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ ဓားတွေတုတ်တွေပါ ပေးထားသေးသည်။
အနည်းဆုံးတော့ သူတို့က လက်ဗလာနဲ့မဟုတ်သဖြင့် ခုခံနိုင်သေးသည်။ ထို့နောက် သူတို့စိတ်ထဲတွင် ဟိုမိန်းမကြီးဟာ နည်းနည်းတော့ သဘောကောင်းသေးသည်ဟု တွေးလိုက်ကြသည်။
ထိုအထဲတွင် ရှောင်းကျန့်ကတော့မပါပေ။သူက ထိုမိန်းမကြီးကို အရမ်းမုန်းပါသည်။သူမကြောင့်သာ မဟုတ်လျှင် သူနဲ့ဝမ်ရိပေါ်က ကုတင်ပေါ် တက်နေရလောက်ပြီ ဖြစ်သည်။
ဘယ်လိုဘဲဖြစ်ဖြစ် သူတို့နှစ်ယောက်က မြင်မြင်ချင်း ချစ်မိသွားတာမို့ အပြင်မှာဆိုရင် အခုရည်းစားဖြစ် အခုကုတင်ပေါ်ရောက်အဆင့်ဖြစ်သည်။သူ့ပါးပါးက သူ့ကို အမြဲမှာခဲ့ဖူးသည်။
"အချစ်မှာ အချိန်ကာလက အရေးမကြီးဘူး...မင်းသာ သူ့ကိုချစ်ရင် တစ်ခါထဲ ကုတင်ပေါ်သာ တက်ခိုင်းလိုက်...အဲ့တာဆိုရင် သူက မင်းဆီကနေ မရုန်းထွက်နိုင်တော့ဘူး"
ဒီစကားကို လက်ကိုင်ကျင့်သုံးချင်ပေမဲ့ အခြေအနေနဲ့အချိန်အခါက မျက်နှာသာ မပေးတာမို့ သူ့မှာ စိတ်ညစ်နေရသည်။ဒါတွေအားလုံးက ထိုမိန်းမကြီးကြောင့်သာ ဖြစ်သည်။
ရှောင်းကျန့်တစ်ယောက် ဆက်မတွေးတော့ဘဲ အသက်ရှင်ရေးကိုသာ အာရုံစိုက်လိုက်သည်။မကြာခင် ဝမ်ရိပေါ်က ပန်းခင်းထဲသို့ စဝင်တော့မည်ဖြစ်သဖြင့် သူပါ စိတ်လှုပ်ရှားလာသည်။
အခြားလူတွေဟာ အချစ်အတွက် ဆူးခင်းလမ်းကို လျှောက်ကြပေမဲ့ သူကတော့ အချစ်နဲ့အတူ ပန်းခင်းကြီးကို လျှောက်လှမ်းပါတော့သည်။
Part (24)ဆက်ရန်....
Zawgyi
Advertisement
လူတိုင်း "....."
Part (24)ဆက်ရန်....
Advertisement
- In Serial6 Chapters
Sinner's & Redeemers
This is a story about Multiple people within a broken city. Seeing a Dead person with their organs harvested in the alleyways or streets is a common occurrence. This is all normal in people’s lives. Most live boring lives sitting on a chair in an office all day. But, some people endanger their lives by working as a “Redeemer.” These “Redeemers” are similar to mercenary's in a way. They are willing to do anything as long as the pay is good. Most “Redeemers” also inhabit special powers. No one knows where the powers come from. Some say they were gained, born with, or earned. Either way, It doesn't matter. What matters is the job at hand that gets finished.
8 222 - In Serial62 Chapters
Saga [Dropped]
He is a young mercenary with the goal of becoming stronger. Why? Because he wants to once again find purpose in his life. Purpose is something he lost due to, as he says, his own weakness. It was a mistake he made that would haunt him for years to come. After he finishes a job for a certain noble he is yet again tasked with another job. Finding a runaway girl that was supposed to marry the nobles son. Deciding that he had no interest in looking for some girl he continues on his travels.After saving another noble from a bandit attack he gets hired to help him conquer one of the many towers that are scattered all across Extoria. And then as if by pure chance he finds the runaway girl and decides to bring her home and collect the bounty which somehow ends up with him having no choice but to leave the country. Deciding that he would turn his back on the war between his homeland Ion and the Empire of Avalon he becomes an adventurer who travels all over the world. [participant in the Royal Road Writathon challenge]
8 182 - In Serial8 Chapters
Resistance is Futile
Resistance is Futile 2336 G-L32 is my title. I go G’ell though, pronounce it how you like, it doesn’t matter. I was born, like the rest of the human race this era, with my abilities. I can manipulate the world around me, using the Strand to do it, looks like the old telekinesis “superpowers” the old humans used to entertain themselves with. As of only recently, within the last 20 years, the Ul’Katoin ripped open space to take our planets. However, they didn’t expect our resistance. They are stronger than us, faster, and far, far more adaptable and enduring. Humanity however, can use technology. Wherever they lay their roots, we burn them away with plasma and radiation. But where we lay down our foundations in their world, they snuff out our light with their vines and tendrils. And with The Jhar Empyrean and other space-faring empires keeping their borders tight, we have nowhere else to expand to. Humanity finds a way, and our soldiers will bring the fury of a Nebulean storm upon the Hellscape the Ul’Katoin call home. And I am one of those soldiers.
8 126 - In Serial79 Chapters
Foxes among Wolves
"It is not the wolves that should be feared but the sly foxes that lurk in their shadows." A rogue Masked Master, the Fox, has returned to the kingdom of Shanhe. The assassin's arrival triggers chaos, entangling the lives of a maid, bodyguard and nobleman. For Bai Mingzhu, it could jeopardise her secret mission. For Liu Disung, it reminds him about the vow to avenge his father's murder. For Wang Joaolong, it reveals Shanhe's darkest truths. The only certainty is that Shanhe will never be the same.
8 183 - In Serial58 Chapters
Killing Roar: Part 2: Mortal Mewling
Part 2 - Mortal Mewling: Perry's been living his dream in the guard, fighting spike feeders, proving himself to be a valuable member of the community, but his many concerns linger, weighing him down with more questions and regrets. The strange event within the dungeon. The rise of the prey-movement. The critical mass of spike feeders looming around the corner. Things have been going wrong for Titan City, and it feels like they're only going to get worse. Can he help save what he's worked for or will it all fall to ruin? Part 1 - Killing Roar: When Perry was blessed with a platypus beast soul, he thought his chances of joining the village guard were over. No one had every heard of a platypus. It seemed like an obvious prey soul, given it wasn't in the village's records. Only the strongest could be part of the village guard. He thought that would never get the chance to defend the village from the spike feeders, the deadly creatures jutting out with hazardous spikes haphazardly all over. Only predator beast souls were given the requisite training and allowed to join the village guard. Perry just didn't meet their criteria. He was also wrong.Soon Perry will live out his wildest dreams and more, as he scales the rankings of beast soul mastery, fights innumerable dangerous spike feeders and solves mysteries related to the origin of beast souls and spike feeders. And maybe, just maybe, he'll even get to join the city guard. Genre-wise, Mortal Mewling is a GameLit story (light on the GameLit) focused on action and adventure. The Gore tag is there more as a precaution, rather than a promise to keep producing gory words. Mortal Mewling is a bit of a slow burn in terms of start, scale and capacity of the protagonist. Book 2... has now begun! Updates Monday and Thursday
8 218 - In Serial9 Chapters
Upon the Sword | A Carulia Story
Julia is gravely injured when a caper goes wrong.Cover made by AgressiveKittyCat!This story does not take the events of Season 3 into account.*laughs nervously at the number of reads*
8 170

