《Ding-dong(Season 1)(Completed)》(28)နှင်းဆီပန်းရနံ့
Advertisement
ဒီတစ်ခေါက်က သူတို့အတွက် အရမ်းစိတ်ရှုပ်ဖို့ကောင်းလေသည်။မိန်းမလှလေးတွေဆီက ချိုအီမွှေးပျံ့နေတဲ့အနံ့တွေကလည်း ခေါင်းကိုက်စေသည်။
ထို့ပြင် သတ်မသတ် ချင့်ချိန်နေရတာက ပိုဆိုးလေသည်။သူတို့ခုနက သတ်ခဲ့တာကြောင့် အခြားမိန်းမလှလေးတွေက သူတို့အနား သိပ်မကပ်တော့ပေ။
ထိုသို့ လာမကပ်တော့လည်း တမင်တကာကြီး လိုက်သတ်လို့ကောင်းမနေပေ။ထို့ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် မသိတော့သည်အထိ ဖြစ်သည်။
နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုသာ ချလိုက်ရသည်။အဲ့တာက လာကပ်မှသတ်ပြီး မကပ်ရင် မသတ်နဲ့ဆိုပြီး ဖြစ်သည်။
တကယ့်အစစ်ကိုတော့ အခြားနည်းလမ်းတွေနဲ့ဘဲ ရှာတော့မည်ဖြစ်သည်။သူတို့အုပ်စုက ဆယ်ယောက်လောက်ဘဲရှိတာမို့ နှစ်ယောက်တစ်ဖွဲ့စီခွဲပြီး သဲလွန်စတွေ လိုက်ရှာတော့သည်။
ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ဟာ အိမ်ကြီးရဲ့အပေါ်ထပ်ကိုတက်ကာ ရှာဖွေလေသည်။အိမ်အပေါ်ထက်က အလှလေးတွေဟာ အောက်ထပ်ကလူတွေထက် အဆပေါင်းများစွာ ပိုလှသည်။မသိရင် သူတို့က နတ်ပြည်ရောက်နေသလိုပင်။
ရှောင်းကျန့်တောင် သူအမြဲသဘောကျခဲ့ရသည့် သူ့မျက်နှာလေးအတွက် depression ဝင်သွားရသည်။ထို့အပြင် ထိုအလှလေးတွေဟာ ခန္ဓာကိုယ်ကအစ ဆွဲဆောင်မှုရှိလွန်းလှသည်။
"ရိပေါ်...ငါနဲ့ သူတို့နဲ့ ဘယ်သူပိုလှလဲ"
"မင်းပေါ့"
"လူလိမ်...အမှန်အတိုင်းဖြေ"
"အဲ့တာဆို... သူတို့က ပိုလှတယ်"
"မင်းက ငါ့ကိုမချစ်ဘူးဘဲ"
"မဟုတ်ပါဘူး"
"အဲ့တာဆို ဘာလို့သူတို့က ပိုလှတယ်လို့ ဖြေတာလဲ"
"မင်းဘဲ လိမ်တယ်ပြောလို့ ကိုယ်ကအဲ့လိုပြောရတာလေ"
"ငါက လူလိမ်လို့ ပြောရင်တောင် မင်းက 'ကိုယ်မလိမ်ပါဘူး'လို့ ပြောရမှာလေ"
"အော်...အွန်းပါ...ကိုယ်မလိမ်ပါဘူး...မင်းက အလှဆုံးဘဲ"
"ဟွန့်...နေရာတကာ လိုက်သင်ပေးနေရတယ်"
"ကိုယ်က မင်းနဲ့ဆို အမြဲတုံးအသွားရော"
ဝမ်ရိပေါ်ရဲ့ စကားချိုချိုလေးထဲမှာ ရှောင်းကျန့်တစ်ယောက် အရည်ပျော်သွားလေသည်။ထို့နောက် ဝမ်ရိပေါ်က ရှောင်းကျန့်နှုတ်ခမ်းလေးအား နမ်းလိုက်သည်။
"ကျန့်...မင်းနှုတ်ခမ်းလေးက ချိုလိုက်တာ"
"ချိုမှာပေါ့...ငါ့ကျောင်းအင်္ကျီအိတ်ကပ်ထဲကနေ ဘယ်နှနှစ် ဘယ်နှမိုး ကြာနေမှန်းမသိတဲ့ သကြားလုံးကို တွေ့လို့ စားထားတာ"
"ဘာအရသာလဲ...ချိုလွန်းတယ်"
"နာနတ်သီးအရသာ"
"....."
ဒီလိုနဲ့ နှစ်ယောက်သား ရှေ့ဆက်လျှောက်ရင်း သဲလွန်စရှာတော့သည်။အလှလေးတွေက သူတို့အနားမကပ်ပေမဲ့ အဝေးကနေတော့ မသိမသာမြှူစွယ်နေသေးသည်။
လမ်းတစ်ဝက်လောက်မှာ ဝမ်ရိပေါ်က ရုတ်တရက်ရပ်သွားသည်။ရှောင်းကျန့်က ဘာကြောင့်လဲဆိုပြီး သိချင်စိတ်နဲ့ မေးလိုက်သည်။
"မတူတဲ့အနံ့တစ်ခု ရလိုက်တယ်...ဒီတစ်လျောက်လုံး အဲ့မိန်းကလေးတွေကောင်လေးတွေဆီမှာ ကြာပန်းအနံ့ဘဲ ရှိတာ...အခု နှင်းဆီပန်းအနံ့ရလိုက်တယ်"
ထိုအခါမှ ရှောင်းကျန့်လည်း အနံ့လိုက်ခံကြည့်ကာ သူလည်း နှင်းဆီပန်းအနံ့ကို သတိထားမိသွားသည်။ထို့ကြောင့် နှင်းဆီပန်းရနံ့ပိုင်ရှင်အား လိုက်ရှာရတော့သည်။သို့သော် ခဏလေးအတွင်းမှာ ထိုအနံ့က ပျောက်သွားတာမို့ ဆက်ရှာလို့ မရလိုက်ပေ။
သူတို့နှစ်ယောက်စလုံး အခုရလာတဲ့သဲလွန်စကို အဖွဲ့ကလူတွေကိုရှာပြီး ပြောပြလိုက်သည်။ဒီလိုနဲ့ သူတို့တစ်ဖွဲ့လုံး နှင်းဆီပန်းရနံ့ပိုင်ရှင်ကိုဘဲ အနံ့ခံကာ လိုက်ရှာတော့သည်။
နေရာတကာ နှာတရှုံ့ရှုံ့နဲ့ အနံ့လိုက်ခံနေရတော့ ခွေးနဲ့တောင် တူလာလေပြီ။ရှောင်းကျန့်ကတော့ အနံ့ခံရလွန်းလို့ နှာချေလာကာ နှာပါစေသွားတော့သည်။
နှာစေးတော့ တစ်ရှုးမရှိသဖြင့် တရှုံ့ရှုံ့နဲ့ ပြန်ပြန်သွင်းနေရသည်။ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ ဒီလိုပုံစံကို မကြည့်ရက်သဖြင့် ဘေးနားက ကောင်ချောလေးတစ်ယောက်ရဲ့ အင်္ကျီအား ဆွဲဖြဲကာ ရှောင်းကျန့်အား ပေးလိုက်သည်။ဒီလိုမှဘဲ ရှောင်းကျန့် အဆင်ပြေသွားတော့သည်။
ရှောင်းကျန့်အဆင်ပြေသွားတော့ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ဆက်မရှာခိုင်းတော့ဘဲ ဒီအိမ်ကြီးထဲက အခန်းတစ်ခုမှာ ထိုင်စောင့်ခိုင်းလိုက်ကာ သူ့ဘာသာဘဲ ရှာဖွေလေသည်။
ထိုအခန်းထဲမှာ သစ်သီးတွေရှိနေတာမို့ ရှောင်းကျန့်တစ်ယောက် ဗိုက်ဆာသွားသညိ။သို့သော် စားလည်းမစားရဲပေ။ဝမ်ရိပေါ်မရှိတာမို့ မစဥ်းစားဘဲ ရမ်းသမ်းမလုပ်တာ အကောင်းဆုံးဖြစ်သည်။
သူထိုင်စောင့်နေတုန်း သူ့အနားမှာ နှင်းဆီပန်းအနံ့ ထွက်ပေါ်လာသည်။သူမော့ကြည့်လိုက်တော့ အရမ်းကိုမှ လှပတဲ့ကောင်လေးတစ်ယောက်ကို မြင်လိုက်ရပြီး ထိုကောင်လေးက သူ့ကိုပြုံးပြနေသည်။
"မင်းရဲ့မျက်နှာလေးကို ငါလိုချင်လိုက်တာ"
ထိုစကားကြောင့် ရှောင်းကျန့် ကြက်သီးတွေတဖြန်းဖြန်း ထသွားသည်။
"မင်းက ငါ့ထက်ပိုလှတယ်လေ"
"ဟားဟားဟား....ဒါပေါ့...ငါက ပိုလှတယ်...ဒါပေမဲ့ ဒါက ငါ့မျက်နှာက အစစ်မဟုတ်ဘူး...အဲ့တာကြောင့် မင်းမျက်နှာလေးကို လိုချင်တာ...ပေးမလားဟင်"
ရှောင်းကျန့် ကြောက်ကြောက်လန့်လန့်နဲ့ ပြောလိုက်သည်။
"ငါ့မျက်နှာက အရမ်းကိုချောတာ....အဲ့တော့ ငါ့မျက်နှာကို လိုချင်ရင် တန်ရာတန်ကြေးက ကြီးလွန်းတယ်...မင်းတတ်နိုင်မှာ မဟုတ်ဘူး"
"ဒါဆို ဘယ်လောက်တန်တာများလဲ"
"ငွေနဲ့ဆို infinityအထိ တန်တယ်...မင်းမတတ်နိုင်ဘူး...ဘယ်သူ့မှလည်း တတ်နိုင်မှာမဟုတ်ဘူး"
"မင်းလုယက်တယ်ဆိုတာ ကြားဖူးလား....မဝယ်နိုင်ရင် လုယက်မှာပေါ့"
"လုယက်လို့လည်း မရဘူး"
"ဘာလို့လဲ"
"လုယက်ရင် မင်းforever ထောင်ကျသွားလိမ့်မယ်"
"ဒါဆို ငါမရရင် ဖျက်ဆီးပစ်မှာ"
"အဲ့လိုလည်း လုပ်လို့မရဘူး"
"ဘာလို့လုပ်လို့မရတာလဲ ပြောပါဦး"
"မင်းသာ သူ့မျက်နှာကို ဖျက်ဆီးလိုက်ရင် ငါက မင်းကို အစပေါင်းများစွာ ဖျက်ဆီးပစ်မှာမို့လို့ဘဲ"
ဝမ်ရိပေါ်အသံကြားတော့ ရှောင်းကျန့်တစ်ယောက် အားတက်သွားကာ အသံလာရာဆီ ပြေးသွားလိုက်တော့သည်။
Part (29)ဆက်ရန်....
Zawgyi
Advertisement
"မင်းပေါ့"
"မဟုတ်ပါဘူး"
"နာနတ်သီးအရသာ"
"....."
"လုယက်လို့လည်း မရဘူး"
"ဘာလို့လဲ"
Part (29)ဆက်ရန်....
Advertisement
- In Serial14 Chapters
The World of Adventurers
Fuimiko Akazawa. A sixteen year old girl who became the leader of her father's yakuza group at the young age of twelve due to his assassination by a rival group. She has been plotting a plan for revenge ever since that day. However, while carrying out her vendetta, she finds herself near death from a bullet shot by the same man who killed her father. When she regains consciousness, she finds herself in a world that she doesn't recognize.
8 200 - In Serial7 Chapters
Infernal Bones: Book 2 in the Elemental Dungeon Series
Ryan has died, been reborn as a dungeon core, defeated a necromancer, and made a number of friends along the way. Life, well un-life, is good. However, everything changed when the demons attacked. With his dungeon town in danger and cultists scheming in the shadows, Ryan must decide whether to draw upon the darker side of his own nature – unlocking powers far greater than anything he has accessed before. Something his new dungeon fairy seems suspiciously excited about.With his favorite adventurer, Blake, slowly accepting his new powers as a Specter of Balance, Ryan learns being a darkness dungeon means a lot more than just bones, zombies, and skeletal fight club. Apparently, the power granted by God of Death encompasses much, much more. Unfortunately, Ryan learns the hard way that some things should remain dead… **** I have recieved permission from the publisher to share the first 7 chatpers of the story, as a sample (I am the author of this book) **** If you like what you've read, feel free to hop over to Amazon and check out the full story! https://www.royalroad.com/amazon/B08461328J
8 177 - In Serial9 Chapters
Mana Tank Magus
Jonathan Orville has had a thoroughly enviable life, completely devoid of pain or suffering. Though his life is tragically cut short due to a sharp rock, he would never regret his perfectly positive life where nothing bad ever happened to him, ever.Even though he doesn't regret it at all, he still finds himself summoned to the netherworld for a new adventure as livestock for a needlessly attractive demoness who is totally probably in love with him.This is a story about using the power of positive thinking to overcome adversity. Demonic forest fires, consumption of souls, rivers of blood and rampant carnage; none of these can get in the way of a dedicated effort to think positively.Newest chapters at: https://manatankmagus.wordpress.com/This location is likely to stay a bit behind. I am very lazy. :DDISCLAIMER: My primary purpose here is Comedy rather than badass skills and righteous adventures (although there's some of that too). The main character can be a little bumbling at times and has a much higher opinion of himself than justified. If you really dislike that kind of thing, this is probably not for you.
8 183 - In Serial25 Chapters
The Witch's Wolves (GxGxG)
Addal Lovelorn is looked at as a freak in school. Bullied and isolated, only rebels and outcasts dare to befriend her. Of course, school drama is a trivial matter when demons threaten to attack and your mom goes missing.Raven Cheshire is the soon to be alpha of the Roman Pack, who have it all. Her future Luna is her childhood sweetheart, a supportive family, and Queen of her school. What can go wrong? A second mate, who she bullied all her life. An unavoidable war with another pack. And a possible mole in her own territory.Evangeline Desmond is beta and future Luna of the Roman Pack. She has a lot of room to live up to her predecessor role as Luna. Especially when her psycho ex-boyfriend plans to take her, even if he have to destroy everything she holds dear to do so.What happens when three lives are bound by a red thread? Only the moon goddess know.
8 201 - In Serial7 Chapters
Zhanyi Xianwang Oneshots
Oneshots. Irregular updates.No smut.May contain mpreg.
8 233 - In Serial15 Chapters
Dragon's Heart (Toothlessxreader)
You look up and make eye contact with beautiful green eyes that seem to shine in the bright sun. He kept my gaze and I saw him form a smile and say " You are a nightfury!" He starts to get closer to me and at that moment my brothers get in front of me forming a shield and growling at the other nightfury.
8 198

