《Ding-dong(Season 1)(Completed)》(30)ထူးဆန်းသောရွာ
Advertisement
ရှောင်းကျန့်တို့ ငါးထပ်မြောက်ကို ရောက်တော့ ပတ်ဝန်းကျင်ကလည်း မဲမှောင်နေကာ ဘာကိုမှသေချာမမြင်ရပေ။အစက လှေကားပေါ်တက်လိုက်တာနဲ့ အဆုံးမှာ တံခါးရှိမယ်လို့ထင်ခဲ့ပေမဲ့ လှေကားထိပ်ဆုံးလည်းရောက်ကော ငါးထပ်ကို တန်းရောက်လာလေသည်။
ရောက်တာနဲ့ သူတို့မှာ ရီချုံးမိုတို့အဖွဲ့နဲ့ဆုံချင်ပါသော်လည်း အခုတော့ တစ်ယောက်ကိုတစ်ယောက်တောင် သေချာမမြင်ရတာမို့ အသံလာရာကိုသာ လိုက်ရှာလိုက်သည်။
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်လက်ကိုသေချာကိုင်ထားပြီး သတိအပြည့်ကပ်ထားလေသည်။သူ့ရဲ့မသိစိတ်က အန္တရာယ်လို့ သေချာပြောနေတာမို့လို့ပင်။
ထိုစဥ် လေတစ်ချက်ဝှေ့တိုက်သွားပြီး 'ဝူး ဝူး ဝူး'ဆိုတဲ့ တစ်ခုခုလာနေသလိုအသံကြီးကို ကြားလိုက်ရသည်။သူတို့တစ်ဖွဲ့လုံး ကြက်သီးတွေထသွားကာ နှလုံးသားက အောက်ပြုတ်ကျတော့မလို ခံစားလိုက်ရသည်။
သူတို့အားလုံး ထိတ်လန့်နေကြစဥ် ဝမ်ရိပေါ်ဆီမှ အော်ပြောသံကို ကြားလိုက်ရသည်။
"ပြေးကြတော့"
ဝမ်ရိပေါ် သူကသရဲမို့လို့ အမှောင်ထဲမှာအကုန်မြင်ရလေသည်။သူတို့ဆီကိုလာနေတဲ့ကြောက်မက်ဖွယ်အရာကြီးကြောင့် ရှောင်းကျန့်ကိုပွေ့ချီကာ ပြေးတော့သည်။
ပိုင်ယန်စန်းနဲ့ဖန်မုဟန်က ဝမ်ရိပေါ်တို့အနားမှာမို့ ဝမ်ရိပေါ်ပြေးတာနဲ့ သူတို့ပါလိုက်ပြေးလေသည်။မမြင်ရပေမဲ့ ခြေသံကနေ ပြေးမဲ့ဘက်ကို မှန်းဆပြီး ပြေးရသည်။
တစ်ဖွဲ့လုံး ပြေးချင်တဲ့ဘက်ကိုသာ ပြေးကြတော့သည်။ရှောင်းကျန့် ဝမ်ရိပေါ်လည်ပင်းကိုသေချာဖက်ထားပြီး ထိတ်လန့်နေမိသည်။
သူတို့ပြေးနေတာတောင် ထိုဘာမှန်းမသိမမြင်ရတဲ့ အရာကြီးလိုက်လာတဲ့အသံကြီးကို ကြားနေရသည်။ထို့ပြင် သူတို့က ဘာကိုမှ သေချာမမြင်ရတာမို့ အရှေ့မှာ ချောက်ကြီးရှိရင်တောင် သိမှာမဟုတ်။ထို့ကြောင့် ပြေးနေရင်တောင် အန္တရာယ်များလေသည်။
ဝမ်ရိပေါ်က သေချာမြင်ရတာမို့ သူတို့ရောက်နေတာကတောအုပ်ကြီးတစ်ခုမှန်း သိလေသည်။သူတို့အနောက်မှာ ရှောင်းကျန့်သူငယ်ချင်း ဖန်မုဟန်နဲ့ပိုင်ယန်စန်းတို့ ပါသည်မို့ သစ်ပင်တွေနဲ့မတိုက်မိအောင် အော်ပြောနေရသည်။
"ပိုင်ယန်စန်းနဲ့ဖန်မုဟန်....အရှေ့မှာ သစ်ပင်တွေရှိတယ်....အခုအတိုင်းတည့်တည့်သာပြေး...နေရာမရွေ့စေနဲ့...မဟုတ်ရင် မင်းတို့သေလိမ့်မယ်...ခလုတ်လည်းမတိုက်စေနဲ့ဦး"
ဝမ်ရိပေါ်စကားကိုကြားတဲ့ ဖန်မုဟန်တို့မှာ နေရာရွေ့မှာကိုတောင် ကြောက်မိသွားကာ တည့်တည့်သာပြေးတော့သည်။တော်သေးသည်က သစ်ပင်တွေက အရမ်းကျဲနေလေသည်။မဟုတ်ပါက သစ်ပင်နဲ့တိုက်မိပြီး သေလိမ့်မည်ဖြစ်သည်။
ပြေးနေရင်း ဝမ်ရိပေါ်မှာ ရှောင်းကျန့်ကိုလည်း ကြည့်ရသေးသည်။သူ့ရည်းစားလေးက သူရုတ်တရက်ကောက်ပွေ့ထဲက တုန်နေသည်မို့ အကြောက်လွန်ပြီးတစ်ခုခုဖြစ်သွားမှာကို တကယ်စိုးရိမ်မိသည်။
သူကောက်ပွေ့လိုက်တာက မှန်တယ်လို့လည်း ယုံကြည်ပါသည်။ဒီအခြေအနေနဲ့ ရှောင်းကျန့်တစ်ယောက် ပြေးနိုင်မှာမဟုတ်ပေ။အရင်ကတည်းက ပြေးနိုင်တဲ့သူလည်း မဟုတ်တာမို့ အစထဲက ချီပြေးတာက အကောင်းဆုံးရွေးချယ်မှုပင်။
သူတို့တွေ ဆက်တိုက်ပြေးနေသော်လည်း အသံကြီးကမပျောက်သွားပေ။ပြေးနေရင်း အရှေ့နားမှာ မီးရောင်ကို တွေ့လိုက်ရတာမို့ သူတို့လေးယောက်ပျော်သွားကြသည်။
သူတို့တွေ မီးရောင်ရှိရာဆီ အားကုန်ပြေးသွားကာ မီးအလင်းရောင်အနည်းငယ်ရတဲ့နေရာမှာတင် အနောက်ကလိုက်လာတဲ့အသံကြီးကို မကြားရတော့ပေ။
ထိုအခါမှ ပြေးတာရပ်လိုက်ပြီး သက်ပြင်းချလိုက်ကြသည်။ပြီးမှ သူတို့ရောက်နေတဲ့နေရာအား သေချာကြည့်လိုက်သည်။သူတို့ရောက်နေတာက ရွာတစ်ရွာဖြစ်ဟန်ရသည်။
နေရာတိုင်းဝါးနဲ့ဆောက်ထားတဲ့အိမ်တွေဖြစ်ပြီး လင်းထိန်းလို့နေသည်။ဘယ်လောက်တောင်မှ လင်းသလဲဆိုရင် အိမ်အနောက်ဘက်အခြမ်းတွေမှာတောင် ဝါးမီးတုတ်တွေ ရှိလေသည်။
ရှောင်းကျန့်တို့က အိမ်တွေရဲ့အနောက်ခြမ်းဘက်မှာမို့ သေချာမြင်နေရသည်။
"ဒီနေရာကြီးက ထူးဆန်းတယ်"
ဖန်မုဟန်က ပြောလိုက်သည်။အသက်ထွက်မတတ် ပြေးလိုက်ရတာမို့ သူ့မှာ မောပန်းနေဆဲပင်။ဒီအချိန်မှာတော့ သူတစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ အားမကျဖူးသည့် ရှောင်းကျန့်ကိုတကယ်အားကျသွားသည်။
သူတို့မှာ သေလောက်အောင်ပင်ပန်းနေပေမဲ့ ရှောင်းကျန့်ကတော့ အားတစ်စက်တောင် မကုန်လိုက်ပေ။သူလည်း ဝမ်ရိပေါ်လိုရည်းစားမျိုး လိုချင်ပါသော်လည်း သူကအဖြောင့်ဖြစ်နေသည်။ထို့ပြင် သူ့မှာကောင်မလေးရှိရင်တောင် ဝမ်ရိပေါ်လို လုပ်နိုင်မှာ မဟုတ်ပေ။
ကောင်မလေးကိုချီပြီး ဆယ်လှမ်းလောက်မှာပင် ပစ်လဲသွားလိမ့်မည်ဖြစ်သည်။သူသာ အားကျနေသည်မဟုတ်။ပိုင်ယန်စန်းကလည်း ထိုနည်းတူပင်။
"ဟုတ်တယ်"
ဝမ်ရိပေါ် ခေါင်းငြိမ့်သဘောတူလိုက်ပြီး ဒီထူးဆန်းသောရွာထဲကို ဝင်လိုက်သည်။ရှောင်းကျန့်ကို အောက်ချပေးထားတာမို့ လက်ကိုတော့ သေချာတွဲထားသည်။
ရွာထဲဝင်တာနဲ့ အရာအားလုံးက ထူးဆန်းနေသည်။အရာအားလုံးတိတ်ဆိတ်နေပြီး ပုပ်သိုးတဲ့အနံ့တွေလည်း ရှိနေသည်။
ရှောင်းကျန့် အထဲကို ဆက်မသွားချင်တော့တာကြောင့် ဝမ်ရိပေါ်ကို ပြောလိုက်သည်။
"ရိပေါ်...ငါကြောက်တယ်...ဆက်မသွားရအောင်"
"ဆက်သွားမှ နောက်တစ်ထပ်ကိုတက်ဖို့ သဲလွန်စရမှာလေ"
"ဟင့်အင်း... ဟင့်အင်း...ငါကြောက်တယ်"
"မကြောက်နဲ့...ကိုယ်ရှိတယ်"
"ရိပေါ်...ငါကြောက်တယ်...ငါသေသွားမှာကို...ငါကြောက်တယ်...ငါ့ဖေဖေကို ထပ်မတွေ့ရတော့မှာကို...ငါကြောက်တယ်....ငါသေရင်မလှမှာကို"
"စိတ်မပူနဲ့...ကိုယ်တို့ဒီကထွက်သွားနိုင်မှာပါ"
ဝမ်ရိပေါ် ရှောင်းကျန့်ကိုနှစ်သိမ့်လိုက်သည်။ဖန်မုဟန်တို့ကလည်း ရှောင်းကျန့်လို ခံစားနေရသည်။သူတို့တွေ ဒီကနေထွက်ပြီး မိသားစုတွေနဲ့ ပြန်ဆုံချင်ပါသည်။ဘာကြောင့်မှန်းမသိ ဒီနေရာက သူတို့ရဲ့ နောက်ဆုံးအဆုံးသတ်လိုတောင် ခံစားနေရတော့သည်။
Part (31)ဆက်ရန်...
Zawgyi
ေရွာင္းက်န့္တို႔ ငါးထပ္ေျမာက္ကို ေရာက္ေတာ့ ပတ္ဝန္းက်င္ကလည္း မဲေမွာင္ေနကာ ဘာကိုမွေသခ်ာမျမင္ရေပ။အစက ေလွကားေပၚတက္လိုက္တာနဲ႕ အဆုံးမွာ တံခါးရွိမယ္လို႔ထင္ခဲ့ေပမဲ့ ေလွကားထိပ္ဆုံးလည္းေရာက္ေကာ ငါးထပ္ကို တန္းေရာက္လာေလသည္။
ေရာက္တာနဲ႕ သူတို႔မွာ ရီခ်ဳံးမိုတို႔အဖြဲ႕နဲ႕ဆုံခ်င္ပါေသာ္လည္း အခုေတာ့ တစ္ေယာက္ကိုတစ္ေယာက္ေတာင္ ေသခ်ာမျမင္ရတာမို႔ အသံလာရာကိုသာ လိုက္ရွာလိုက္သည္။
ဝမ္ရိေပၚဟာ ေရွာင္းက်န့္လက္ကိုေသခ်ာကိုင္ထားၿပီး သတိအျပည့္ကပ္ထားေလသည္။သူ႕ရဲ႕မသိစိတ္က အႏၱရာယ္လို႔ ေသခ်ာေျပာေနတာမို႔လို႔ပင္။
ထိုစဥ္ ေလတစ္ခ်က္ေဝွ႕တိုက္သြားၿပီး 'ဝူး ဝူး ဝူး'ဆိုတဲ့ တစ္ခုခုလာေနသလိုအသံႀကီးကို ၾကားလိုက္ရသည္။သူတို႔တစ္ဖြဲ႕လုံး ၾကက္သီးေတြထသြားကာ ႏွလုံးသားက ေအာက္ျပဳတ္က်ေတာ့မလို ခံစားလိုက္ရသည္။
သူတို႔အားလုံး ထိတ္လန့္ေနၾကစဥ္ ဝမ္ရိေပၚဆီမွ ေအာ္ေျပာသံကို ၾကားလိုက္ရသည္။
"ေျပးၾကေတာ့"
ဝမ္ရိေပၚ သူကသရဲမို႔လို႔ အေမွာင္ထဲမွာအကုန္ျမင္ရေလသည္။သူတို႔ဆီကိုလာေနတဲ့ေၾကာက္မက္ဖြယ္အရာႀကီးေၾကာင့္ ေရွာင္းက်န့္ကိုေပြ႕ခ်ီကာ ေျပးေတာ့သည္။
ပိုင္ယန္စန္းနဲ႕ဖန္မုဟန္က ဝမ္ရိေပၚတို႔အနားမွာမို႔ ဝမ္ရိေပၚေျပးတာနဲ႕ သူတို႔ပါလိုက္ေျပးေလသည္။မျမင္ရေပမဲ့ ေျခသံကေန ေျပးမဲ့ဘက္ကို မွန္းဆၿပီး ေျပးရသည္။
တစ္ဖြဲ႕လုံး ေျပးခ်င္တဲ့ဘက္ကိုသာ ေျပးၾကေတာ့သည္။ေရွာင္းက်န့္ ဝမ္ရိေပၚလည္ပင္းကိုေသခ်ာဖက္ထားၿပီး ထိတ္လန့္ေနမိသည္။
သူတို႔ေျပးေနတာေတာင္ ထိုဘာမွန္းမသိမျမင္ရတဲ့ အရာႀကီးလိုက္လာတဲ့အသံႀကီးကို ၾကားေနရသည္။ထို႔ျပင္ သူတို႔က ဘာကိုမွ ေသခ်ာမျမင္ရတာမို႔ အေရွ႕မွာ ေခ်ာက္ႀကီးရွိရင္ေတာင္ သိမွာမဟုတ္။ထို႔ေၾကာင့္ ေျပးေနရင္ေတာင္ အႏၱရာယ္မ်ားေလသည္။
ဝမ္ရိေပၚက ေသခ်ာျမင္ရတာမို႔ သူတို႔ေရာက္ေနတာကေတာအုပ္ႀကီးတစ္ခုမွန္း သိေလသည္။သူတို႔အေနာက္မွာ ေရွာင္းက်န့္သူငယ္ခ်င္း ဖန္မုဟန္နဲ႕ပိုင္ယန္စန္းတို႔ ပါသည္မို႔ သစ္ပင္ေတြနဲ႕မတိုက္မိေအာင္ ေအာ္ေျပာေနရသည္။
"ပိုင္ယန္စန္းနဲ႕ဖန္မုဟန္....အေရွ႕မွာ သစ္ပင္ေတြရွိတယ္....အခုအတိုင္းတည့္တည့္သာေျပး...ေနရာမေ႐ြ႕ေစနဲ႕...မဟုတ္ရင္ မင္းတို႔ေသလိမ့္မယ္...ခလုတ္လည္းမတိုက္ေစနဲ႕ဦး"
ဝမ္ရိေပၚစကားကိုၾကားတဲ့ ဖန္မုဟန္တို႔မွာ ေနရာေ႐ြ႕မွာကိုေတာင္ ေၾကာက္မိသြားကာ တည့္တည့္သာေျပးေတာ့သည္။ေတာ္ေသးသည္က သစ္ပင္ေတြက အရမ္းက်ဲေနေလသည္။မဟုတ္ပါက သစ္ပင္နဲ႕တိုက္မိၿပီး ေသလိမ့္မည္ျဖစ္သည္။
ေျပးေနရင္း ဝမ္ရိေပၚမွာ ေရွာင္းက်န့္ကိုလည္း ၾကည့္ရေသးသည္။သူ႕ရည္းစားေလးက သူ႐ုတ္တရက္ေကာက္ေပြ႕ထဲက တုန္ေနသည္မို႔ အေၾကာက္လြန္ၿပီးတစ္ခုခုျဖစ္သြားမွာကို တကယ္စိုးရိမ္မိသည္။
သူေကာက္ေပြ႕လိုက္တာက မွန္တယ္လို႔လည္း ယုံၾကည္ပါသည္။ဒီအေျခအေနနဲ႕ ေရွာင္းက်န့္တစ္ေယာက္ ေျပးနိုင္မွာမဟုတ္ေပ။အရင္ကတည္းက ေျပးနိုင္တဲ့သူလည္း မဟုတ္တာမို႔ အစထဲက ခ်ီေျပးတာက အေကာင္းဆုံးေ႐ြးခ်ယ္မႈပင္။
သူတို႔ေတြ ဆက္တိုက္ေျပးေနေသာ္လည္း အသံႀကီးကမေပ်ာက္သြားေပ။ေျပးေနရင္း အေရွ႕နားမွာ မီးေရာင္ကို ေတြ႕လိုက္ရတာမို႔ သူတို႔ေလးေယာက္ေပ်ာ္သြားၾကသည္။
သူတို႔ေတြ မီးေရာင္ရွိရာဆီ အားကုန္ေျပးသြားကာ မီးအလင္းေရာင္အနည္းငယ္ရတဲ့ေနရာမွာတင္ အေနာက္ကလိုက္လာတဲ့အသံႀကီးကို မၾကားရေတာ့ေပ။
ထိုအခါမွ ေျပးတာရပ္လိုက္ၿပီး သက္ျပင္းခ်လိဳက္ၾကသည္။ၿပီးမွ သူတို႔ေရာက္ေနတဲ့ေနရာအား ေသခ်ာၾကည့္လိုက္သည္။သူတို႔ေရာက္ေနတာက ႐ြာတစ္႐ြာျဖစ္ဟန္ရသည္။
ေနရာတိုင္းဝါးနဲ႕ေဆာက္ထားတဲ့အိမ္ေတြျဖစ္ၿပီး လင္းထိန္းလို႔ေနသည္။ဘယ္ေလာက္ေတာင္မွ လင္းသလဲဆိုရင္ အိမ္အေနာက္ဘက္အျခမ္းေတြမွာေတာင္ ဝါးမီးတုတ္ေတြ ရွိေလသည္။
ေရွာင္းက်န့္တို႔က အိမ္ေတြရဲ႕အေနာက္ျခမ္းဘက္မွာမို႔ ေသခ်ာျမင္ေနရသည္။
"ဒီေနရာႀကီးက ထူးဆန္းတယ္"
ဖန္မုဟန္က ေျပာလိုက္သည္။အသက္ထြက္မတတ္ ေျပးလိုက္ရတာမို႔ သူ႕မွာ ေမာပန္းေနဆဲပင္။ဒီအခ်ိန္မွာေတာ့ သူတစ္သက္နဲ႕တစ္ကိုယ္ တစ္ခါမွ အားမက်ဖဴးသည့္ ေရွာင္းက်န့္ကိုတကယ္အားက်သြားသည္။
သူတို႔မွာ ေသေလာက္ေအာင္ပင္ပန္းေနေပမဲ့ ေရွာင္းက်န့္ကေတာ့ အားတစ္စက္ေတာင္ မကုန္လိုက္ေပ။သူလည္း ဝမ္ရိေပၚလိုရည္းစားမ်ိဳး လိုခ်င္ပါေသာ္လည္း သူကအေျဖာင့္ျဖစ္ေနသည္။ထို႔ျပင္ သူ႕မွာေကာင္မေလးရွိရင္ေတာင္ ဝမ္ရိေပၚလို လုပ္နိုင္မွာ မဟုတ္ေပ။
ေကာင္မေလးကိုခ်ီၿပီး ဆယ္လွမ္းေလာက္မွာပင္ ပစ္လဲသြားလိမ့္မည္ျဖစ္သည္။သူသာ အားက်ေနသည္မဟုတ္။ပိုင္ယန္စန္းကလည္း ထိုနည္းတူပင္။
"ဟုတ္တယ္"
ဝမ္ရိေပၚ ေခါင္းၿငိမ့္သေဘာတူလိုက္ၿပီး ဒီထူးဆန္းေသာ႐ြာထဲကို ဝင္လိုက္သည္။ေရွာင္းက်န့္ကို ေအာက္ခ်ေပးထားတာမို႔ လက္ကိုေတာ့ ေသခ်ာတြဲထားသည္။
႐ြာထဲဝင္တာနဲ႕ အရာအားလုံးက ထူးဆန္းေနသည္။အရာအားလုံးတိတ္ဆိတ္ေနၿပီး ပုပ္သိုးတဲ့အနံ႕ေတြလည္း ရွိေနသည္။
ေရွာင္းက်န့္ အထဲကို ဆက္မသြားခ်င္ေတာ့တာေၾကာင့္ ဝမ္ရိေပၚကို ေျပာလိုက္သည္။
"ရိေပၚ...ငါေၾကာက္တယ္...ဆက္မသြားရေအာင္"
"ဆက္သြားမွ ေနာက္တစ္ထပ္ကိုတက္ဖို႔ သဲလြန္စရမွာေလ"
"ဟင့္အင္း... ဟင့္အင္း...ငါေၾကာက္တယ္"
"မေၾကာက္နဲ႕...ကိုယ္ရွိတယ္"
"ရိေပၚ...ငါေၾကာက္တယ္...ငါေသသြားမွာကို...ငါေၾကာက္တယ္...ငါ့ေဖေဖကို ထပ္မေတြ႕ရေတာ့မွာကို...ငါေၾကာက္တယ္....ငါေသရင္မလွမွာကို"
"စိတ္မပူနဲ႕...ကိုယ္တို႔ဒီကထြက္သြားနိုင္မွာပါ"
ဝမ္ရိေပၚ ေရွာင္းက်န့္ကိုႏွစ္သိမ့္လိုက္သည္။ဖန္မုဟန္တို႔ကလည္း ေရွာင္းက်န့္လို ခံစားေနရသည္။သူတို႔ေတြ ဒီကေနထြက္ၿပီး မိသားစုေတြနဲ႕ ျပန္ဆုံခ်င္ပါသည္။ဘာေၾကာင့္မွန္းမသိ ဒီေနရာက သူတို႔ရဲ႕ ေနာက္ဆုံးအဆုံးသတ္လိုေတာင္ ခံစားေနရေတာ့သည္။
Part (31)ဆက္ရန္...
Advertisement
- In Serial151 Chapters
The Endless Boundary Between Dimensions
Leo Jones and his fiancee, Vanessa "Dantae" Kumo, had met each other when America came under siege one year ago. On duty, they had steadily grown as friends, passionately evolved into lovers, and casually saved America from assured destruction at the hand of its own scientists. Battle after battle with Dimension Eaters - beings who can absorb vast quantities of land and store them inside a pocket dimension - had left them tired of living on a battlefield, and they wished for nothing more to retire in each other's company. However, whether that happens or not all depends on the machinations of their superiors... Please enjoy (or hate) the image of Dantae I made for you all.
8 486 - In Serial11 Chapters
Monsters Cookbook
In yet another world of swords, magic and, most importantly, monsters, a young lad defies centuries of tradition to cook the rarest and most bizarre creatures he can find, even if it means risking his life in the fields of battle. The Monsters Cookbook offers not only the creative and groundbreaking recipes of Chef Erion but also his own records of the adventures that led him to find the many unexplored flavors of the World.
8 216 - In Serial39 Chapters
The Games we used to Play
Did you ever wish that life was like a game? With a simple press on the reset button you can just restart whenever you made a mistake, or simply resurrect after dying while fighting monsters in a dungeon.I tried playing REALITY once, and it sucks! The server is unbalanced, you cant choose where to start or pick the race that you want, and if your unlucky you end up with your character being ugly or worse, being born in a poor family with a physical disability aswell. Feeling like other people are born with cheat codes and walkthroughs in life, the unfair situations, treated less as a human being, ostracized by others around you. I finally called it quits, i give up, throw in the towel, kick the bucket, Log-out.....Just when i had finally resigned to my fate, tired of living, sadness, loneliness, my entire life flashing infront of my very eyes, darkness overshadowing me, and the ground quickly getting closer by the second. I closed my eyes, the wind blowing on my face, waiting for the curtains to fall on my pathetic-solo performance. I hear a familiar sound, coming from my tablet PC.* tring! *a notification huh? who could be sending me a message so early in the morning. Its not like i'd be able to read it anyway( currently i was free falling head first from the top of our school building )My life ended on that uneventful day, or perhaps not. [ .....Loading..... ]Follow the journey of a girl through the vast world, trying to find the meaning in life. Looking for any means to keep herself moving forward. Meeting others, will it finally heal her broken heart.
8 217 - In Serial54 Chapters
Tyters
A group of friends are teleported to another planet. Along the way they befriend dwarves and elves, and find out it is a battle planet for a race called tyters, and the humans are the prey! They have three years to level up and grow as strong as possible before before the hunt begins. In a stroke of luck they learn how to use magic, but will it be enough for them to survive?
8 138 - In Serial14 Chapters
Perfect Child| Platonic Yandere Vampire Father x Reader
Luis is a vampire who can't have children, however, a human girl, you, happens to fit his description of the perfect child of his dreams, so he (kidnaps) adopts you.(Don't own pictures)
8 89 - In Serial9 Chapters
NIJISANJI EN ONE SHOTS
NIJISANJI EN One ShotsMentions of other Vtubers
8 111

