《Ding-dong(Season 1)(Completed)》(33)ရေရှာခြင်း
Advertisement
ရှောင်းကျန့်တို့ နိုးတဲ့အချိန်မှာ နေက ထွက်နေလေပြီ။အခုမှ သူတို့လည်း သာမန်လို နေ့ညကို ခံစားရတော့သည်။
ညတုန်းက မီးပုံက အခုဆို ပြာတွေဘဲ ရှိတော့ကာ သူတို့အကြာကြီး အိပ်စက်ရတာကို ဖော်ပြနေသည်။ဝမ်ရိပေါ်က ပတ်ဝန်ကျင်းအခြေအနေကို ကြည့်လိုက်တော့ ညတုန်းက အိမ်တွေတစ်ခုမှ ရှိမနေတော့ပေ။
သူတို့အနားမှာ တောအုပ်ကြီးသာ ရှိလေသည်။ရှောင်းကျန့် အလန့်တကြားနဲ့ ဝမ်ရိပေါ်ကို ဖက်လိုက်သည်။
"အိမ်တွေဘယ်ရောက်သွားတာလဲ"
"ညရောက်မှ ပြန်ပေါ်လာမယ်ထင်တယ်"
ရှောင်းကျန့် ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်ပြီး အဝေးတစ်နေရာမှာ တဲစုတ်လေးတစ်ခုကို တွေ့လိုက်ရသည်။
"ဟိုမှာ တဲတစ်လုံး"
"သွားကြည့်ကြည့်ရအောင်"
ဝမ်ရိပေါ်နဲ့ အခြားနှစ်ယောက်က ခြေလှမ်းတွေ ရွေ့သွားကြပေမဲ့ ရှောင်းကျန့်ကတော့ တစ်လှမ်းမှ မရွေ့ပေ။ဝမ်ရိပေါ်လက်ကို ဆွဲထားပြီး သွားဖို့တွန့်ဆုတ်နေသည်။
"ဘာဖြစ်လို့လဲ"
"ငါမျက်နှာမသစ်ရသေးဘူး"
ရှောင်းကျန့်ရဲ့ ဆူပုပ်ပုပ်စကားကြောင့် ဖန်မုဟန် ရှောင်းကျန့်ကို ရိုက်သတ်ချင်သွားသော်လည်း ဝမ်ရိပေါ်ကတော့ ပြုံးလိုက်ပြီး ပြန်ဖြေလေသည်။
"မျက်နှာမသစ်လည်း လှပြီးသားပါ"
"ငါက ပိုလှချင်တာကို"
"အပိုတွေ...အရင်ကဆို မျက်မှန်တောင်တပ်သေးတာဘဲ...အခုမှ ဘာထဖြစ်နေတာလဲ"
ရှောင်းကျန့် ဖန်မုဟန်ကို စိုက်ကြည့်ကာ မာန်မဲလိုက်သည်။
"ငါ့ဘာသာငါ ဘာထဖြစ်ဖြစ် မင်းအပူပါလား"
ရှောင်းကျန့် ရန်တွေ့ပြီးတာနဲ့ ဝမ်ရိပေါ်ကို ကပ်ချွဲလိုက်သည်။
"ရိပေါ်...ငါက မိန်းကလေးတွေလို skin careတွေဘာတွေ မလုပ်ပါဘူး...ငါက မျက်နှာလေးကို ကြည်လင်ရှင်းသန့်ဝင်းလက်တောက်ပချင်တာပါ...အဲ့တာကြောင့် မျက်နှာသစ်ဖို့ ရေရှာပေးပါလား"
"ငါသာဆို သောက်မဲ့ရေဘဲ ရှာခိုင်းမှာ"
ထပ်ပြောလာတဲ့ ဖန်မုဟန်ကို ရှောင်းကျန့်မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည်။
"မျက်နှာသစ်မဲ့ရေကလည်း သောက်မဲ့ရေဘဲလေ...အတူတူဘဲဟာကို"
ဖန်မုဟန် ပြောလည်းမနိုင်တာကြောင့် မပြောတော့ပေ။ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ပြောတာ ဘာမဆိုကို လုပ်ပေးမဲ့သူမို့ ချက်ချင်းဘဲ ရေရှာတော့သည်။
တစ်ယောက်တည်း ရေရှာရမှာဖြစ်ပေမဲ့ ကျောပေါ်မှာ ကပ်ပါးလေးရှောင်းကျန့်ကတော့ ပါမြဲပင်။ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်ကြောင့် လမ်းမလျှောက်တာ ကြာနေပြီဖြစ်သည်။
လမ်းမလျှောက်တာကြာပြီဖြစ်သော်လည်း လမ်းမလျှောက်ချင်ပေ။'စားရတဲ့ကလေး ပိုငတ်တယ်'ဆိုတဲ့ စကားပုံလိုမျိုး သူလည်း အခွင့်အရေး ယူပါများတော့ ထပ်ထပ်ပြီးယူချင်လာတာဖြစ်သည်။
"ရိပေါ်...မင်းငါ့ကို စိတ်ပျက်လား"
"ဘာကိုလဲ"
"ငါက အမြဲတမ်း မင်းကိုချီဘဲချီခိုင်းနေတာ...မင်းကို ခိုင်းစားနေသလို ဖြစ်နေပြီလေ"
"ခိုင်းစားနေတာဘဲလေ"
ဝမ်ရိပေါ်က ရယ်ပြီးပြန်ပြောတာကြောင့် ရှောင်းကျန့် ဝမ်ရိပေါ်ပခုံးကို ကိုက်လိုက်သည်။
"ဘာခိုင်းစားတာလဲ...ဒါက ချစ်လို့ ပစားပေးတယ်လို့ခေါ်တယ်"
"ဟုတ်ပါပြီ...ကိုယ်နားလည်ပြီ"
"ငါတို့ အပြင်ရောက်ခဲ့ရင် မင်းသူငယ်ချင်းတွေက မင်းကိုပြောလိမ့်မယ်...'မင်းကောင်လေးက မင်းကို အနိုင်ကျင့်လွန်းတယ်'လို့...အဲ့အခါကျရင် ဒီလိုသာ ပြောလိုက်...'သူက အနိုင်ကျင့်နေတာမဟုတ်ဘူး...ငါကသာ သူအနိုင်ကျင့်တာကို ခံနေတာ'လို့လေ"
"အွန်း"
"နောက်ပြီး 'မင်းက ရည်းစားကြောက်တဲ့သူဘဲ'ဆိုပြီး ပြောလာရင်...'ငါက ရည်းစားကြောက်တာမဟုတ်ဘူး...ချစ်လွန်းလို့ ကြောက်ချင်ယောင်ဆောင်နေတာ'လို့ ပြန်ပြော"
"ကိုယ်မှတ်ထားတယ်"
"ဒီလိုမျိုး 'ဝမ်ရိပေါ်...မင်းကောင်လေးက အရမ်းဆိုးတယ်...ဖျက်လိုက်ပါလား'လို့ ပြောလာရင်လည်း ခပ်တည်တည်နဲ့ ပြန်ပြောလိုက် 'ငါ့ကောင်လေးက အရမ်းချောတာကို...ဆိုးမှာပေါ့'လို့"
"ဟုတ်ပြီ"
"ရိပေါ်...တကယ်က ငါက ဆိုးတာမဟုတ်ပါဘူး...ငါဘယ်လောက်တောင်လိမ္မာလဲဆိုတာ သေသွားတဲ့ငါ့အဖေအသိဆုံးဘဲ...ငါက မင်းကိုချစ်လို့ နွဲ့ဆိုးဆိုးပြတာ...'ရှောင်းကျန့်က သိပ်ဆိုးတာဘဲ'လို့ မတွေးလိုက်နဲ့နော်...'ရှောင်းကျန့်က ငါ့ကို သိပ်ချစ်ပါလား'လို့ဘဲတွေး"
"ဟုတ်ပါပြီကွာ...ကိုယ်အဲ့လိုဘဲ တွေးမှာပါ"
"ရိပေါ်"
"ဟင်...ဘာပြောဦးမလို့လဲ"
"ငါ့ကို ပစ်သွားလို့မရဘူးနော်"
"ပစ်မသွားပါဘူး"
"မင်းငါ့ကိုပစ်သွားရင် ငါက လူပျိုကြီးဖြစ်သွားမှာ"
"ကိုယ့်ကိုမမေ့နိုင်လို့လား"
"မဟုတ်ပါဘူး...မင်းလောက်မချောရင် မျက်လုံးထဲဝင်မှာမဟုတ်တော့လို့"
ဝမ်ရိပေါ် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။သူ့ကောင်လေးက သူ့မှမယူရင် ယူမဲ့သူရှိမှာမဟုတ်လို့တောင် တွေးမိသွားသည်။သူ့လောက် ရှောင်းကျန့်ကိုသည်းခံပေးမဲ့သူ မရှိနိုင်ဘူးဆိုတာ သေချာလေသည်။
လမ်းတစ်လျှောက် ရှောင်းကျန့်က စကားပြောလာပြီး ဝမ်ရိပေါ်ကတော့ ရေရှာလေသည်။အချိန်ခဏလောက်ပေးပြီးနောက် ရေရှာတွေ့သွားကြသည်။
စမ်းချောင်းငယ်လေးတစ်ခုဖြစ်ပြီး ရေကကြည်စိမ်းနေသည်။ဝမ်ရိပေါ်က အနီးအနားက ဝါးပင်ကို သူ့ဓားမြှောင်လေးနဲ့ ခုတ်ကာ ရေကိုယူလိုက်သည်။ရှောင်းကျန့်ကတော့ မျက်နှာသစ်ခြင်းအမှုကို အရင်လုပ်နေလေသည်။
သူ့ကိုယ်သူ သန့်စင်ပြီးတာနဲ့ ဝမ်ရိပေါ်ကိုပါ မျက်နှာသစ်ခိုင်းပြန်သည်။သူ့ရည်းစားကလည်း သူ့လိုဘဲ ကြည်လင်ရှင်းသန့်ဝင်းလက်တောက်ပနေမှ ဖြစ်မည်။
နှစ်ဦးသား ပြီးစီးသွားတော့ ဖန်မုဟန်တို့ဆီကို ပြန်သွားရတော့သည်။အပြန်မှာတော့ သွက်လက်တက်ကြွသွားပြီဖြစ်သည့် ရှောင်းကျန့်က လမ်းလျှောက်လေသည်။
သို့သော် သိပ်တောင်မလျှောက်လိုက်ခင် ပျင်းတယ်ဟုဆိုကာ ဝမ်ရိပေါ်ကျောပေါ်ပြန်ရောက်သွားတော့သည်။
Part (34)ဆက်ရန်...
Zawgyi
"ဟိုမှာ တဲတစ်လုံး"
Advertisement
"ဘာဖြစ်လို့လဲ"
"ငါက ပိုလှချင်တာကို"
"ဘာကိုလဲ"
"ခိုင်းစားနေတာဘဲလေ"
"အွန်း"
"ကိုယ်မှတ်ထားတယ်"
"ဟုတ်ပြီ"
"ရိပေါ်"
"ဟင်...ဘာပြောဦးမလို့လဲ"
"ပစ်မသွားပါဘူး"
Part (34)ဆက်ရန်...
Advertisement
- In Serial18 Chapters
Echo of Earth
An AI wakes up in its bunker complex to a scene of mass destruction and death by an alien assailant, the last creation of Humanity, built to survive and rebuild after a total extinction event now must expand into space in order to defend itself from this new enemy.
8 238 - In Serial19 Chapters
Spartace VS Monday Couple
Just read it and you'll know!!!-Author
8 105 - In Serial17 Chapters
Identity V ☽ oneshots
Just a series of one shots of one of my favorite games :)Pls literally most of these is just me being a simp and simping too hard it turned into smut god please send help.
8 188 - In Serial12 Chapters
Vinnie Hacker Imagines
sad, angst and smut imagines about Vinnie Hacker :)
8 147 - In Serial19 Chapters
UNBROKEN | JON SNOW
"AND DO I HAVE YOUR LOYALTY JON SNOW?" "YOU ALWAYS HAD IT, PRINCESS"A VIPER HEADS NORTHAND FINDS HERSELF DRAWN TO A CROWGAME OF THRONES S1-S8 AUJON SNOW X OC#3 martell (nov. 2020)#2 Martell (dec 14 2020)#1 martell (dec 16 2020)#1 housemartell (dec 26th 2020)#4 asongoficeandfire (may 2nd 2021)#2 jonsnow (may 30 2021)
8 122 - In Serial18 Chapters
My Best Friend's Baby
17 year old Claire's life is like a rollercoaster there's ups and downs. She gets pregnant by her best friend at a party and then there's more downs than ever. ******** This is the very first time I've ever tried to write anything like this so it's probably sucky but maybe someone will like it. :)
8 136

