《Ding-dong(Season 1)(Completed)》(34)သေဆုံးခြင်း
Advertisement
ဝမ်ရိပေါ်တို့ ဖန်မုဟန်တို့ရှိရာဆီ ပြန်ရောက်တော့ ရေအမြန်ကမ်းပေးလိုက်သည်။ဖန်မုဟန်နဲ့ ပိုင်ယန်စန်းတို့ ရေသောက်ပြီးနောက် သူတို့အရှေ့က တဲစုတ်ဆီကို သွားကြတော့သည်။
တဲစုတ်ဆီရောက်ဖို့ သူတို့ကြာကြာ မလျှောက်လိုက်ရပေ။တဲစုတ်ဆီရောက်တော့ မနှစ်သက်ဖွယ် အနံ့ဆိုးကြီးကို ရလိုက်ကြသည်။အနံ့က အလောင်းပုပ်အနံ့နဲ့ ဆင်နေသည်။
ရှောင်းကျန့် သူတို့နှာခေါင်းတွေကို အမြန်ပိတ်လိုက်ရသည်။အနံ့ဆိုးကြီးကြောင့် တဲထဲဝင်ဖို့ကိုပင် တွန့်ဆုတ်သွားသည်။သို့သော် လှေကားရှာဖို့ ဘာသဲလွန်စမှ မရှိသဖြင့် တဲစုတ်ထဲကို ဝင်ရှာကြည့်ဖို့သာ ရှိတော့သည်။
သူတို့တွေ တဲထဲဝင်တော့ မြင်လိုက်ရတာက မေ့မျောနေကြသော ရီချုံးမိုတို့ကို ဖြစ်သည်။ရီချုံးမို၊ပိုင်မုံ့မုံ့နဲ့ အမွှာနှစ်ယောက်သာ ရှိပြီး ဘေးမှာတော့ အရေခွံမရှိသောအသားပုံကြီးတွေ ဖြစ်သည်။
ရှောင်းကျန့်တို့သုံးယောက် အန်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ဝမ်ရိပေါ်တစ်ယောက်သာ ဘာမှမဖြစ်သည့်ပုံ ပေါ်သည်။
စိတ်ပျက်ဖွယ်မြင်ကွင်းထဲကနေ အမြန်ထွက်သွားနိုင်ရန် သူတို့တွေ ရီချုံးမိုတို့ကို နှိုးရတော့သည်။သို့သော် သူတို့ဘယ်လောက်ဘဲ လှုပ်နှိုးပါစေ သူတို့တွေက နိုးမလာခဲ့ပါ။
ကြည့်ရတာ သတိမေ့မျောနေသလိုနဲ့ အသက်ကင်းမဲ့နေတယ်လို့ ခံစားလာရသည်။ရှောင်းကျန့်ရဲ့ နှလုံးခုန်သံဟာ မြန်လာခဲ့သည်။သူ့ရဲ့လက်ကို တွန့်ဆုတ်စွာနဲ့ ရီချုံးမိုနှာခေါင်းရှေ့ ရွေ့လိုက်သည်။
သူ့ရဲ့လက်ဆီမှ မည်သည့်လေငွေ့ငွေ့ကိုမှ ရမနေပါပေ။ရှောင်းကျန့် မြေကြီးပေါ်ကို လဲကျသွားသည်။ဝမ်ရိပေါ်က သူ့ကိုဆွဲထူပေးသော်လည်း သူ့မှာ ထဖို့အင်အားရှိမနေပေ။
ဝမ်ရိပေါ်က ရှောင်းကျန့်ခံစားချက်ကို သိသဖြင့် အသံတိုးတိုးနဲ့ ပြောပြလိုက်သည်။
"သူတို့က ဝိဉာဥ်အနှုတ်ခံလိုက်ရတာ...မကြာခင်မှာ သူတို့ရဲ့ကိုယ်ကလည်း ဘေးနားက အလောင်းတွေလို ဖြစ်လာလိမ့်မယ်"
ဖန်မုဟန်နဲ့ ပိုင်ယန်စန်းလည်း ရှောင်းကျန့်လိုပင် ခံစားနေရသည်။သူတို့ခင်ရသည့်သူငယ်ချင်းတွေကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်က သူတို့ကို အတိုင်းမသိ ဝမ်းနည်းစေသည်။
ပိုင်ယန်စန်း သူ့ညီမလေး ပိုင်မုံ့မုံ့ကို ပွေ့ရင်း ငိုမိသည်။အမွှာနှစ်ယောက်အတွက်လည်း သူဝမ်းနည်းနေသည်။သူတို့တွေက သေခြင်းကို အတူတူရင်ဆိုင်ခဲ့ကြသည်မဟုတ်ပါလား။
ဖန်မုဟန် ရီချုံးမိုမျက်နှာကိုကြည့်ရင်း ဝမ်းနည်းမိပေမဲ့ သူငိုမနေခဲ့ပေ။သူ့မှာ ငိုဖို့တောင် အင်းအားရှိမနေခဲ့ပါ။
ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ပွေ့ဖက်မှုထဲမှာ မျက်ရည်တွေစီးကျရင်း တိတ်တဆိတ်ငိုနေမိသည်။သူ့ရဲ့အကျင့်စရိုက်အရ သူ့ရဲ့ငိုကြွေးမှုက သူအတော်ခံစားနေရကြောင်း ဖော်ပြနေသည်။
ရီချုံးမိုက သူတို့သုံးယောက်ထဲမှာ စကားအရမ်းများပြီး အစအနောက်သန်သူလည်း ဖြစ်သည်။သူတို့သူငယ်ချင်းဖြစ်တဲ့တစ်လျှောက် ရီချုံးမိုဟာ သူတို့ရဲ့ ပင်တိုင်စံအဖော်ဖြစ်ခဲ့သည်။
ရှောင်းကျန့် အဆင်လေးတွေ သွားချောင်းရင် ဖန်မုဟန်မပါလည်း ရီချုံးမိုအမြဲပါသည်။ဖန်မုဟန် ဂိမ်းဆိုင်သွားတိုင်လည်း ရီချုံးမိုအမြဲပါပါသည်။
သူကိုအဖော်လိုက်ခိုင်းရင် ဘယ်တော့မှ ငြင်းလေ့မရှိပေ။စာညံ့သော်လည်း ရှောင်းကျန့်လို အကျင့်အထူးအဆန်းမရှိဘဲ ရိုးသားကာ အများကို ကူညီလေ့ရှိသည်။ဖွန်ကြောင်တတ်သူမို့ မိန်းကလေးတွေ ခိုင်းသမျှကို မငြီးမငြူ လုပ်ပေးတတ်သည်။
ရှောင်းကျန့် တွေးလေလေ ဝမ်းနည်းလေဖြစ်သည်။သူတို့သူငယ်ချင်းသုံးယောက် အဆောင်ခေါင်မိုးထပ်မှာ အရက်ခိုးခိုးသောက်တိုင်း ရီချုံးမိုမူးပြီး ပြောလေ့ရှိသည့်စကားတစ်ခွန်းရှိသည်။
"တကယ်လို့ ငါတို့တွေ သက်တမ်းစေ့လို့ သေကြရင် ငါမင်းတို့ထက် အရင်သေချင်တယ်...မင်းတို့သာ ငါ့ထက်အရင်သေရင် ငါဝမ်းနည်းရမှာ...အဲ့တော့ ငါဘဲ မင်းတို့ထက် အရင်ထွက်သွားမှာ"
ရီချုံးမိုရဲ့ ဆန္ဒက တကယ့်ကို ပြည့်သွားခဲ့လေပြီ။ရှောင်းကျန့် မတ်တပ်ထကာ ရီချုံးမိုကို ကြည့်လိုက်ပြီး ဝမ်ရိပေါ်ကို ပြောလိုက်သည်။
"ရိပေါ်...ငါသူတို့ကို မီးသဂြိုလ်ချင်တယ်...သူတို့တွေကို စားခွင့်မပေးနိုင်ဘူး"
သူတို့တွေ ဝမ်းနည်းနေကြသော်လည်း သေတဲ့သူတွေကို သဂြိုလ်ဖို့ လုပ်ရတော့သည်။အရင်ဆုံးထင်းချောင်းတွေရှာကြသည်။ထင်းချောင်းတွေအများကြီးကို ရှာပြီးနောက် ရီချုံးမိုတို့ကို တင်လိုက်သည်။
ဝမ်ရိပေါ်က မီးရအောင် သစ်ချောင်းနှစ်ခုကို ပွတ်ပြီး မီးစထုတ်နေသည်။ခဏအကြာမှာ မီးစထွက်လာပြီး မီးစွဲသွားကာ အလောင်းတွေကို မီးသဂြိုလ်နိုင်ခဲ့သည်။
ရှောင်းကျန့် ရီချုံးမိုအင်္ကျီအိတ်ကပ်ထဲက ဆင်ပုံစံ သော့ချိတ်လေးကို ယူထားခဲ့သည်။ထိုသော့ချိတ်လေးက ရီချုံးမိုရဲ့ နာကျင်ဖွယ်အမှတ်တရတစ်ခုဖြစ်ခဲ့သည်။
အထက်တန်းတတိယနှစ်စတုန်းက ရီချုံးမိုဟာ အတန်းထဲက မိန်းကလေးတစ်ယောက်ကို လိုက်ဖူးလေသည်။သို့သော် ထိုမိန်းကလေးက သူ့ကို ဒီသော့ချိတ်လေးပေးကာ ငြင်းခဲ့သည်။သူမပြောတာက
"ငါက ဆင်လိုမျိုး အင်အားကြီးပြီး တောင့်တင်းတဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေကိုဘဲ သဘောကျတာ...တကယ်လို့ ငါ့ကိုကြိုက်ရင် ငါပေးတဲ့သော့ချိတ်ကို နေ့တိုင်းကြည့်ပြီး ကြိုးစားပါ"တဲ့လေ။အဲ့နေ့ကစပြီး ရီချုံးမိုတစ်ယောက် gymကို နေ့တိုင်းသွားလေသည်။
တစ်လကြာတော့ ထိုကျောင်းသူလေးဟာ ရီချုံးမိုထက်တောင်ပိန်သည့်ကောင်လေးနဲ့ ကြိုက်သွားခဲ့သည်။ရီချုံးမိုမှာ မခံမရပ်နိုင်ဖြစ်ကာ သွားမေးတော့သည်။သူမပြန်ဖြေခဲ့တာက
"ငါ့စိတ်ထဲ ဆင်တောင်မှ ပုရွက်ဆိတ်ကိုက်ရင် နာမှာဘဲလို့ တွေးမိသွားလို့လေ"
ထို့နေ့ကစပြီး သူက သူ့ရဲ့နာကျင်ဖွယ်အမှတ်တရကို အချိန်တိုင်းနှလုံးသွင်းပြီး အမှတ်ရနေအောင် ဒီသော့ချိတ်ကို အမြဲဆောင်ထားခဲ့လေသည်။
ရှောင်းကျန့် သော့ချိတ်ကို တင်းတင်းဆုပ်ကိုင်ရင်း မျက်ရည်တွေနဲ့ ပြုံးလိုက်ကာ
"ချုံးမို...တကယ်လို့ နောက်ဘဝမှာ ငါတို့ပြန်ဆုံကျရင် ငါမင်းရဲ့သား ဖြစ်ချင်တယ်သိလား...အဲ့တာဆို မင်းက faမဟုတ်တော့ဘူးလေ"
သေဆုံးခြင်းက သူတို့ကို ကွဲကွာသွားစေပေမဲ့ နှလုံးသားက အမှတ်တရတွေကတော့ အမြဲတည်ရှိနေဦးမှာပါ။ရှောင်းကျန့် သူ့အနားမှာ အခြားလူတွေ သေဆုံးကြပေမဲ့ သူချစ်ရတဲ့သူငယ်ချင်းတွေ မဟုတ်သဖြင့် သေခြင်းကို သိပ်မကြောက်ခဲ့ပေ။
အခုတော့ သူအရမ်းကြောက်နေမိပါပြီ။သူ့အဖေသေသွားတုန်းကလည်း သူခံစားခဲ့ရပေမဲ့ သူ့မှာ နောက်ထပ်အဖေတစ်ယောက်ရှိသေးသဖြင့် သူမကြောက်လန့်ခဲ့ပါ။ရီချုံးမိုတို့ရဲ့ သေဆုံးမှုကြောင့် သူသေမှာကို ကြောက်မိသည်။သူ့ဖေဖေနဲ့ ပြန်မတွေ့မှာကို ကြောက်မိသည်။ဝမ်ရိပေါ်နဲ့ ဝေးကွာသွားမှာကို ကြောက်မိသည်။အကြောက်တရားက သူ့ရင်ထဲမှာ ကိန်းအောင်းသွားတော့သည်။
(A/N:ဒီအပိုင်းရေးရတာ အရမ်းစိတ်မကောင်းဖြစ်မိတယ်...အစထဲက စဥ်းစားထားတာမို့ သိပ်မခံစားရအောင် yizhanကို ပိုဦးစားပေးရေးပေးမဲ့ တကယ်ရေးတော့လည်း ခံစားရတာဘဲ😭)
Part (35)ဆက်ရန်...
Zawgyi
ဝမ္ရိေပၚတို႔ ဖန္မုဟန္တို႔ရွိရာဆီ ျပန္ေရာက္ေတာ့ ေရအျမန္ကမ္းေပးလိုက္သည္။ဖန္မုဟန္နဲ႕ ပိုင္ယန္စန္းတို႔ ေရေသာက္ၿပီးေနာက္ သူတို႔အေရွ႕က တဲစုတ္ဆီကို သြားၾကေတာ့သည္။
Advertisement
တဲစုတ္ဆီေရာက္ဖို႔ သူတို႔ၾကာၾကာ မေလွ်ာက္လိုက္ရေပ။တဲစုတ္ဆီေရာက္ေတာ့ မႏွစ္သက္ဖြယ္ အနံ႕ဆိုးႀကီးကို ရလိုက္ၾကသည္။အနံ႕က အေလာင္းပုပ္အနံ႕နဲ႕ ဆင္ေနသည္။
ေရွာင္းက်န့္ သူတို႔ႏွာေခါင္းေတြကို အျမန္ပိတ္လိုက္ရသည္။အနံ႕ဆိုးႀကီးေၾကာင့္ တဲထဲဝင္ဖို႔ကိုပင္ တြန့္ဆုတ္သြားသည္။သို႔ေသာ္ ေလွကားရွာဖို႔ ဘာသဲလြန္စမွ မရွိသျဖင့္ တဲစုတ္ထဲကို ဝင္ရွာၾကည့္ဖို႔သာ ရွိေတာ့သည္။
သူတို႔ေတြ တဲထဲဝင္ေတာ့ ျမင္လိုက္ရတာက ေမ့ေမ်ာေနၾကေသာ ရီခ်ဳံးမိုတို႔ကို ျဖစ္သည္။ရီခ်ဳံးမို၊ပိုင္မုံ႕မုံ႕နဲ႕ အမႊာႏွစ္ေယာက္သာ ရွိၿပီး ေဘးမွာေတာ့ အေရခြံမရွိေသာအသားပုံႀကီးေတြ ျဖစ္သည္။
ေရွာင္းက်န့္တို႔သုံးေယာက္ အန္ခ်င္စိတ္ကို မနည္းေအာင့္ထားရသည္။ဝမ္ရိေပၚတစ္ေယာက္သာ ဘာမွမျဖစ္သည့္ပုံ ေပၚသည္။
စိတ္ပ်က္ဖြယ္ျမင္ကြင္းထဲကေန အျမန္ထြက္သြားနိုင္ရန္ သူတို႔ေတြ ရီခ်ဳံးမိုတို႔ကို ႏွိုးရေတာ့သည္။သို႔ေသာ္ သူတို႔ဘယ္ေလာက္ဘဲ လႈပ္ႏွိုးပါေစ သူတို႔ေတြက နိုးမလာခဲ့ပါ။
ၾကည့္ရတာ သတိေမ့ေမ်ာေနသလိုနဲ႕ အသက္ကင္းမဲ့ေနတယ္လို႔ ခံစားလာရသည္။ေရွာင္းက်န့္ရဲ႕ ႏွလုံးခုန္သံဟာ ျမန္လာခဲ့သည္။သူ႕ရဲ႕လက္ကို တြန့္ဆုတ္စြာနဲ႕ ရီခ်ဳံးမိုႏွာေခါင္းေရွ႕ ေ႐ြ႕လိုက္သည္။
သူ႕ရဲ႕လက္ဆီမွ မည္သည့္ေလေငြ႕ေငြ႕ကိုမွ ရမေနပါေပ။ေရွာင္းက်န့္ ေျမႀကီးေပၚကို လဲက်သြားသည္။ဝမ္ရိေပၚက သူ႕ကိုဆြဲထူေပးေသာ္လည္း သူ႕မွာ ထဖို႔အင္အားရွိမေနေပ။
ဝမ္ရိေပၚက ေရွာင္းက်န့္ခံစားခ်က္ကို သိသျဖင့္ အသံတိုးတိုးနဲ႕ ေျပာျပလိုက္သည္။
"သူတို႔က ဝိဉာဥ္အႏႈတ္ခံလိုက္ရတာ...မၾကာခင္မွာ သူတို႔ရဲ႕ကိုယ္ကလည္း ေဘးနားက အေလာင္းေတြလို ျဖစ္လာလိမ့္မယ္"
ဖန္မုဟန္နဲ႕ ပိုင္ယန္စန္းလည္း ေရွာင္းက်န့္လိုပင္ ခံစားေနရသည္။သူတို႔ခင္ရသည့္သူငယ္ခ်င္းေတြကို ဆုံးရႈံးလိုက္ရသည့္ ခံစားခ်က္က သူတို႔ကို အတိုင္းမသိ ဝမ္းနည္းေစသည္။
ပိုင္ယန္စန္း သူ႕ညီမေလး ပိုင္မုံ႕မုံ႕ကို ေပြ႕ရင္း ငိုမိသည္။အမႊာႏွစ္ေယာက္အတြက္လည္း သူဝမ္းနည္းေနသည္။သူတို႔ေတြက ေသျခင္းကို အတူတူရင္ဆိုင္ခဲ့ၾကသည္မဟုတ္ပါလား။
ဖန္မုဟန္ ရီခ်ဳံးမိုမ်က္ႏွာကိုၾကည့္ရင္း ဝမ္းနည္းမိေပမဲ့ သူငိုမေနခဲ့ေပ။သူ႕မွာ ငိုဖို႔ေတာင္ အင္းအားရွိမေနခဲ့ပါ။
ေရွာင္းက်န့္ကေတာ့ ဝမ္ရိေပၚေပြ႕ဖက္မႈထဲမွာ မ်က္ရည္ေတြစီးက်ရင္း တိတ္တဆိတ္ငိုေနမိသည္။သူ႕ရဲ႕အက်င့္စရိုက္အရ သူ႕ရဲ႕ငိုေႂကြးမႈက သူအေတာ္ခံစားေနရေၾကာင္း ေဖာ္ျပေနသည္။
ရီခ်ဳံးမိုက သူတို႔သုံးေယာက္ထဲမွာ စကားအရမ္းမ်ားၿပီး အစအေနာက္သန္သူလည္း ျဖစ္သည္။သူတို႔သူငယ္ခ်င္းျဖစ္တဲ့တစ္ေလွ်ာက္ ရီခ်ဳံးမိုဟာ သူတို႔ရဲ႕ ပင္တိုင္စံအေဖာ္ျဖစ္ခဲ့သည္။
ေရွာင္းက်န့္ အဆင္ေလးေတြ သြားေခ်ာင္းရင္ ဖန္မုဟန္မပါလည္း ရီခ်ဳံးမိုအၿမဲပါသည္။ဖန္မုဟန္ ဂိမ္းဆိုင္သြားတိုင္လည္း ရီခ်ဳံးမိုအၿမဲပါပါသည္။
သူကိုအေဖာ္လိုက္ခိုင္းရင္ ဘယ္ေတာ့မွ ျငင္းေလ့မရွိေပ။စာညံ့ေသာ္လည္း ေရွာင္းက်န့္လို အက်င့္အထူးအဆန္းမရွိဘဲ ရိုးသားကာ အမ်ားကို ကူညီေလ့ရွိသည္။ဖြန္ေၾကာင္တတ္သူမို႔ မိန္းကေလးေတြ ခိုင္းသမွ်ကို မၿငီးမျငဴ လုပ္ေပးတတ္သည္။
ေရွာင္းက်န့္ ေတြးေလေလ ဝမ္းနည္းေလျဖစ္သည္။သူတို႔သူငယ္ခ်င္းသုံးေယာက္ အေဆာင္ေခါင္မိုးထပ္မွာ အရက္ခိုးခိုးေသာက္တိုင္း ရီခ်ဳံးမိုမူးၿပီး ေျပာေလ့ရွိသည့္စကားတစ္ခြန္းရွိသည္။
"တကယ္လို႔ ငါတို႔ေတြ သက္တမ္းေစ့လို႔ ေသၾကရင္ ငါမင္းတို႔ထက္ အရင္ေသခ်င္တယ္...မင္းတို႔သာ ငါ့ထက္အရင္ေသရင္ ငါဝမ္းနည္းရမွာ...အဲ့ေတာ့ ငါဘဲ မင္းတို႔ထက္ အရင္ထြက္သြားမွာ"
ရီခ်ဳံးမိုရဲ႕ ဆႏၵက တကယ့္ကို ျပည့္သြားခဲ့ေလၿပီ။ေရွာင္းက်န့္ မတ္တပ္ထကာ ရီခ်ဳံးမိုကို ၾကည့္လိုက္ၿပီး ဝမ္ရိေပၚကို ေျပာလိုက္သည္။
"ရိေပၚ...ငါသူတို႔ကို မီးသၿဂိဳလ္ခ်င္တယ္...သူတို႔ေတြကို စားခြင့္မေပးနိုင္ဘူး"
သူတို႔ေတြ ဝမ္းနည္းေနၾကေသာ္လည္း ေသတဲ့သူေတြကို သၿဂိဳလ္ဖို႔ လုပ္ရေတာ့သည္။အရင္ဆုံးထင္းေခ်ာင္းေတြရွာၾကသည္။ထင္းေခ်ာင္းေတြအမ်ားႀကီးကို ရွာၿပီးေနာက္ ရီခ်ဳံးမိုတို႔ကို တင္လိုက္သည္။
ဝမ္ရိေပၚက မီးရေအာင္ သစ္ေခ်ာင္းႏွစ္ခုကို ပြတ္ၿပီး မီးစထုတ္ေနသည္။ခဏအၾကာမွာ မီးစထြက္လာၿပီး မီးစြဲသြားကာ အေလာင္းေတြကို မီးသၿဂိဳလ္နိုင္ခဲ့သည္။
ေရွာင္းက်န့္ ရီခ်ဳံးမိုအကၤ်ီအိတ္ကပ္ထဲက ဆင္ပုံစံ ေသာ့ခ်ိတ္ေလးကို ယူထားခဲ့သည္။ထိုေသာ့ခ်ိတ္ေလးက ရီခ်ဳံးမိုရဲ႕ နာက်င္ဖြယ္အမွတ္တရတစ္ခုျဖစ္ခဲ့သည္။
အထက္တန္းတတိယႏွစ္စတုန္းက ရီခ်ဳံးမိုဟာ အတန္းထဲက မိန္းကေလးတစ္ေယာက္ကို လိုက္ဖူးေလသည္။သို႔ေသာ္ ထိုမိန္းကေလးက သူ႕ကို ဒီေသာ့ခ်ိတ္ေလးေပးကာ ျငင္းခဲ့သည္။သူမေျပာတာက
"ငါက ဆင္လိုမ်ိဳး အင္အားႀကီးၿပီး ေတာင့္တင္းတဲ့ခႏၶာကိုယ္ပိုင္ရွင္ေတြကိုဘဲ သေဘာက်တာ...တကယ္လို႔ ငါ့ကိုႀကိဳက္ရင္ ငါေပးတဲ့ေသာ့ခ်ိတ္ကို ေန႕တိုင္းၾကည့္ၿပီး ႀကိဳးစားပါ"တဲ့ေလ။အဲ့ေန႕ကစၿပီး ရီခ်ဳံးမိုတစ္ေယာက္ gymကို ေန႕တိုင္းသြားေလသည္။
တစ္လၾကာေတာ့ ထိုေက်ာင္းသူေလးဟာ ရီခ်ဳံးမိုထက္ေတာင္ပိန္သည့္ေကာင္ေလးနဲ႕ ႀကိဳက္သြားခဲ့သည္။ရီခ်ဳံးမိုမွာ မခံမရပ္နိုင္ျဖစ္ကာ သြားေမးေတာ့သည္။သူမျပန္ေျဖခဲ့တာက
"ငါ့စိတ္ထဲ ဆင္ေတာင္မွ ပု႐ြက္ဆိတ္ကိုက္ရင္ နာမွာဘဲလို႔ ေတြးမိသြားလို႔ေလ"
ထို႔ေန႕ကစၿပီး သူက သူ႕ရဲ႕နာက်င္ဖြယ္အမွတ္တရကို အခ်ိန္တိုင္းႏွလုံးသြင္းၿပီး အမွတ္ရေနေအာင္ ဒီေသာ့ခ်ိတ္ကို အၿမဲေဆာင္ထားခဲ့ေလသည္။
ေရွာင္းက်န့္ ေသာ့ခ်ိတ္ကို တင္းတင္းဆုပ္ကိုင္ရင္း မ်က္ရည္ေတြနဲ႕ ၿပဳံးလိုက္ကာ
"ခ်ဳံးမို...တကယ္လို႔ ေနာက္ဘဝမွာ ငါတို႔ျပန္ဆုံက်ရင္ ငါမင္းရဲ႕သား ျဖစ္ခ်င္တယ္သိလား...အဲ့တာဆို မင္းက faမဟုတ္ေတာ့ဘူးေလ"
ေသဆုံးျခင္းက သူတို႔ကို ကြဲကြာသြားေစေပမဲ့ ႏွလုံးသားက အမွတ္တရေတြကေတာ့ အၿမဲတည္ရွိေနဦးမွာပါ။ေရွာင္းက်န့္ သူ႕အနားမွာ အျခားလူေတြ ေသဆုံးၾကေပမဲ့ သူခ်စ္ရတဲ့သူငယ္ခ်င္းေတြ မဟုတ္သျဖင့္ ေသျခင္းကို သိပ္မေၾကာက္ခဲ့ေပ။
အခုေတာ့ သူအရမ္းေၾကာက္ေနမိပါၿပီ။သူ႕အေဖေသသြားတုန္းကလည္း သူခံစားခဲ့ရေပမဲ့ သူ႕မွာ ေနာက္ထပ္အေဖတစ္ေယာက္ရွိေသးသျဖင့္ သူမေၾကာက္လန့္ခဲ့ပါ။ရီခ်ဳံးမိုတို႔ရဲ႕ ေသဆုံးမႈေၾကာင့္ သူေသမွာကို ေၾကာက္မိသည္။သူ႕ေဖေဖနဲ႕ ျပန္မေတြ႕မွာကို ေၾကာက္မိသည္။ဝမ္ရိေပၚနဲ႕ ေဝးကြာသြားမွာကို ေၾကာက္မိသည္။အေၾကာက္တရားက သူ႕ရင္ထဲမွာ ကိန္းေအာင္းသြားေတာ့သည္။
(A/N:ဒီအပိုင္းေရးရတာ အရမ္းစိတ္မေကာင္းျဖစ္မိတယ္...အစထဲက စဥ္းစားထားတာမို႔ သိပ္မခံစားရေအာင္ yizhanကို ပိုဦးစားေပးေရးေပးမဲ့ တကယ္ေရးေတာ့လည္း ခံစားရတာဘဲ😭)
Part (35)ဆက္ရန္...
Advertisement
- In Serial553 Chapters
Celestial Peak
Wang Ling was the strongest and that’s irrefutable!
8 2939 - In Serial12 Chapters
The Legends of Granis Book 1: The Evergreen Forest
Granis, a world full of mysteries and legends. A world where seven realms have been bound together and adventurers travel abound to find adenture, glory, riches, and many more. Of all the legends that tie this world together, there are two that are most prominant. The tale of seven fallen stars and a lost kingdom, these tales are as old as Granis itself and many write them off as children's stories. A foolish tale for foolish people. Though, of all the guilds that dot Granis and its kingdoms, there is one that holds these legends as true. The Blue Star Guild seeks the truth to these stories and refuse to let anyone dissuade them, for in the words of their master: "The most foolish of tales, make for the greatest of adventures" Image supplied by Shutterstock
8 188 - In Serial47 Chapters
Up In Space
New chapter every other day Iain Compton never planned to be abducted by an alien spaceship. It just… happened. And now he’s been awakened 22,000 years in the future and half a galaxy away by a pair of oddly human seeming beak nosed aliens and a space ship A.I. that seems to have more than a few screws loose. Oh, and then there's this gorgeous alien woman who he probably shouldn’t trust at all. His plan is to find a way home to Earth, even if its unlikely to be remotely the same; to find a better class of companions among an often strange and inexplicable galactic community, at least one who won’t use him or sell him out at the first opportunity; and to do something about the parasites in his brain who are supposed to connect him to a library the size of the galaxy, but seem to only be telling him that almost everyone and everything he comes across wants to kill him. But at least he can still send tweets.
8 105 - In Serial25 Chapters
Bend
When Leera gets a visit from a strange old man, who insists that she is an Iso-bender and that her dead brother has requested her presence at the capital, she leaves her mundane small-town life behind and sets out on a dangerous but fantastic journey.
8 292 - In Serial13 Chapters
•Ddlg lessons• ||
Summary Hayley found out about ddlg, when she'd best friend was going on about it Hayley is also shy and always down to try new things, trying this lifestyle is one of them. ~~~~Justin is very into BDSM/ddlg lifestyle, he has been since 17 Justin is also a business man, and is looking for someone to keep this time not just for his use. Will Justin like Hayley? Or use her for his use and nothing more. Will Hayley like Justin, or think his an asshole and just useing her for use of pleasure?.⚠️ BDSM, sex, ddlg, 18+, language.
8 112 - In Serial23 Chapters
M I S D E E D
Symone and Symere's parents ran a drug business. They were well respected and feared. One night someone looking to take that title takes their life. What will happen to Symone and Symere? Read and find out.
8 92

