《Ding-dong(Season 1)(Completed)》(37)ဓမ္မတာလာချင်တယ်
Advertisement
တောထဲမှာ သဲလွန်စရှာနေကြစဥ် ကျယ်လောင်သောဟိန်းသံကြီးကို ကြားလိုက်ရသည်။
"ဘာအသံကြီးလဲ"
တောကောင်တစ်ကောင်၏အသံနဲ့ ဆင်သော်လည်း ဘယ်အကောင်အသံမှန်း သူမသိသဖြင့် မေးလိုက်မိသည်။ပြောရမယ်ဆိုလျှင် မြို့ပေါ်မှနေသောသူမို့ ခြင်္သေ့ဟိန်းသံတို့ ကျားဟိန်းသံတို့ကို TVမှာကြားဖူးတာကလွဲရင် မကြားဖူးပေ။ထို့ကြောင့် ဘာအသံလဲဆိုတာကို မခွဲခြားနိုင်တာဖြစ်သည်။
ဝမ်ရိပေါ်ကတော့ အသံကြားထဲက သူ့မျက်ခုံးတွေ တွန့်ချိုးသွားသည်။အသံကား တောကောင်တစ်ကောင်၏အသံမဟုတ်သောကြောင့်ပင်။
ဝမ်ရိပေါ် ရှောင်းကျန့်လက်ကိုတွဲကာ အလေးအနက်ပြောလိုက်သည်။
"ကိုယ်တို့ အဲ့အသံရှိတဲ့နေရာကို သွားကြရအောင်"
ရှောင်းကျန့် ခဏလောက် တွေဝေသွားသည်။သွားလိုက်လို့ အန္တရာယ်ကြုံမှာကို ကြောက်မိသော်လည်း မသွားပြန်ရင်လည်း ဘာသဲလွန်စမှ မရှိတော့မှာကို ကြောက်မိသည်။
"ရိပေါ်...အန္တရာယ်ရှိနိုင်လောက်လား"
"အခုက နေ့ခင်းဘက်ကြီးပါ...မရှိနိုင်ပါဘူး"
"ဒါဆိုလည်း သွားကြတာပေါ့"
ရှောင်းကျန့် သူ့ရဲ့သတ္တိတွေကို မွေးထုတ်ကာ အသက်ပြင်းပြင်းရှုရင်း ဝမ်ရိပေါ်နောက်က လိုက်သွားလိုက်သည်။
ဒီတစ်ခါတော့ ဘေးချင်းကပ်လျှောက်မဲ့အစား အနောက်ကနေသာ လျှောက်လိုက်သည်။အန္တရာယ်ကြုံလာရင် အရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးမဲ့ ဒိုင်းကာတစ်ခုရှိမှ သူစိတ်အေးရမှာကြောင့် ဖြစ်သည်။
အသံလာသည့်နေရာအား မှန်းဆပြီး သွားကြည့်ရင်း မူလရှိနေရာမှ တော်တော်ဝေးဝေးကို ရောက်လာမှန်း သတိထားမိသွားသည်။အစထဲက ထူးဆန်းသောရွာရှိသောနေရာဟာ တောရဲ့ဘယ်အပိုင်းလဲဆိုတာကို မသိသဖြင့် အခုနေရာကိုလည်း သေချာမသတ်မှတ်တတ်ပေ။
ဟိန်းသံကြီးက အခုထိထွက်ပေါ်နေကာ နီးလာလေ ပိုကျယ်လာလေဖြစ်သည်။နောက်ဆုံး အသံနဲ့အနီးစပ်ဆုံးနေရာသို့ သူတို့ရောက်သွားကြသည်။သူတို့နဲ့ မလှမ်းမကမ်းမှာ ဂူကြီးတစ်လုံး ရှိနေသည်။အသံက ထိုဂူထဲကနေ ထွက်ပေါ်လာတာဖြစ်သည်။
"ရိပေါ်....ပြန်ကြရအောင်...ကြောက်ဖို့ကောင်းတယ်"
"ဝင်ကြမယ်"
"ပေါ်ပေါ်......"
ရှောင်းကျန့်တစ်ယောက် ဂူထဲကို မဝင်ချင်သဖြင့် ချွဲပြလိုက်သည်။ရိပေါ်ကတော့ သူ့ကိုကြည့်ကာ ခေါင်းရမ်းပြသည်။ဒါက ပထမဆုံးအနေနဲ့ ရိပေါ် သူ့စကားနားမထောင်ခြင်းပင်။
ရှောင်းကျန့် နှုတ်ခမ်းကိုဆူလိုက်ကာ ရိပေါ်ကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။
"မင်းက ငါ့ကို မချစ်တော့ဘူးဘဲ...မင်းက skincareမလုပ်နိုင်လို့ ကြမ်းတော့မဲ့မျက်နှာလေးကို စိတ်ပျက်သွားပြီပေါ့"
"မဟုတ်ပါဘူး...ကိုယ်တို့က သဲလွန်စရကိုရမှဖြစ်မှာလေ"
"အဲ့တာက ဆင်ခြေဘဲ...တကယ်က မင်းငါ့ကို ဂရုမစိုက်တော့တာ...အခုချိန်မှာ ငါတစ်ခုဘဲဖြစ်ချင်တယ်"
"ဘာများလဲ"
"ငါ ဓမ္မတာလာချင်တယ်...မိန်းကလေးတွေလို"
"ဘာလို့လဲ"
"မင်းdramaတွေ မကြည့်ဘူးလား...အဲ့ထဲမှာ မင်းသမီးတွေ ဓမ္မတာလာတိုင်း မင်းသားတွေက အရမ်းဂရုစိုက်ကြတာလေ...တကယ်လို့ ငါလည်း ဓမ္မတာလာရင် မင်းဂရုစိုက်တာခံရမှာပေါ့"
"ကိုယ်မင်းကို ဂရုမစိုက်ဖူးတာ ရှိလို့လား"
"အခုလေ...ငါပြောတာ မင်းနားမထောင်ဘူးလေ"
"အဲ့တာက ကိုယ်တို့အတွက် အရေးကြီးတယ်လေ...တကယ်လို့ အဲ့ဂူထဲက သဲလွန်စက အရမ်းအရေးကြီးတယ်ဆိုရင် ဘယ်လိုလုပ်မလဲ...မဟုတ်ရင် ဒီဂူထဲမှာ မသေရင်တောင် တစ်ပတ်ပြည့်တာနဲ့ သေမှာဘဲ"
"အဲ့တာလည်း အဲ့တာပေမဲ့ အထဲမှာ သဲလွန်စရှိမလား မသေချာဘူးလေ"
"ကျန့်ကျန့်....တွေးကြည့်ပါဦး...ဒီတောနက်ကြီးထဲမှာ လူဆိုလို့ ကိုယ်တို့ဘဲရှိတာ...ကျန်တာက အပင်တွေဘဲ...ဒါပေမဲ့ မထင်မှတ်ထားတာက ကိုယ်တို့အပြင် သက်ရှိတစ်မျိုးက ရှိနေတယ်...ဒါက သဲလွန်စအတွက် လမ်းစဘဲ မဟုတ်ဘူးလား"
"ဟုတ်တော့ဟုတ်ပါတယ်...ဒါပေမဲ့ အသက်နဲ့ရင်းပြီးမှ သဲလွန်စရမယ်ဆိုရင်တော့ မလုပ်စေချင်ဘူး"
"ကျန့်ကျန့်...ကြောက်နေတယ်မလား...အဲ့တာကြောင့် ကိုယ်ဘဲအထဲဝင်မယ်...မင်းကတော့ ဒီမှာစောင့်နေခဲ့"
"ငါဒီမှာစောင့်မနေချင်ဘူး"
ရှောင်းကျန့်ရဲ့စကားကြောင့် ဝမ်ရိပေါ်ရင်ထဲ နွေးထွေးသွားသည်။သတ္တိကြောင်တဲ့သူ့ကောင်လေးက သူ့ကိုတစ်ယောက်တည်းမလွှတ်ချင်တာက သူ့ကိုပျော်ရွှင်စေပါသည်။သို့သော် တစ်စက္ကန့်တောင် မပျော်လိုက်ရပါ။
"မင်းအထဲဝင်သွားလို့ ငါဒီမှာတစ်ယောက်ထဲကျန်ခဲ့ရင် ငါက အကာအကွယ်မဲ့သွားမှာပေါ့...အဲ့တာကြောင့် ငါအသတ်ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ...တကယ်လို့ မင်းတစ်ယောက်ထဲဝင်မယ်ဆိုရင်လည်း ငါ့ကို ဖန်မုဟန်တို့ဆီ အရင်ပို့ပေးခဲ့...ပြီးမှ ဒီကိုပြန်လာပြီး သွားရှာကြည့်ပေါ့"
ဝမ်ရိပေါ် သက်ပြင်းကိုအသာချလိုက်ပြီး ရှောင်းကျန့်ကို ပခုံးပေါ် ချီတင်ကာ ဂူထဲသို့ ဒုန်းစိုင်းပြေးလိုက်သည်။ရှောင်းကျန့်ကို သူ့အနားကလွဲရင် ဘယ်နေရာမှာမှ စိတ်မချနိုင်ပေ။
"အားးးး.....မလိုက်ဘူးလို့.....မလိုက်ချင်ပါဘူးဆို"
ဒီလိုနဲ့ မှောင်မဲနေသော ဂူကြီးထဲရောက်သွားချိန်မှာ ကျယ်လောင်နေသောရှောင်းကျန့်အသံလေးဟာ တိခနဲ ပြတ်သွားလေသည်။မောလို့နားသွားတာတော့မဟုတ်။ကြောက်လွန်းလို့ အသံမထွက်နိုင်တော့တာပါ။
ရှောင်းကျန့် သူ့အသံသာထွက်သွားရင် တစ်ခုခုဖြစ်လာမှာကို ကြောက်လွန်းကာ ငိုချင်တာကိုတောင် အောင့်ထားလေသည်။ဟိန်းသံကြီးကိုလည်း အကျယ်ကြီးကြားနေရတာမို့ ပိုတောင်ဆိုးသွားသေးသည်။
"မစိုးရိမ်ပါနဲ့...ကိုယ့်အနားမှာဆိုရင် မင်းလုံခြုံတယ်...မင်းကိုကိုယ်အနားမှာ မထားရရင် ကိုယ်စိတ်မချလို့ပါ"
ရွတ်...ရွတ်
ရိပေါ်အသံထွက်လာတော့ ရှောင်းကျန့်လည်း ငိုတော့သည်။သူကြောက်လွန်းလို့ မျက်ရည်ကျတာဖြစ်ပြီး ရိပေါ်ကြောင့် မဟုတ်ပေ။ရိပေါ်က သူထိခိုက်မဲ့အရာတွေ မလုပ်ဘူးဆိုတာကို ယုံကြည်လေသည်။
"မငိုပါနဲ့တော့...မင်းမျက်ရည်တွေက ကိုယ့်ကိုနာကျင်စေတယ်"
"လူလိမ်...မဲမှောင်နေပြီး မြင်မှမမြင်ရတာကို"
"ကိုယ့်နှလုံးသားလေးကတော့ မြင်ရတယ်"
"ဒီအချိန်မှာ roနေသေးတယ်ပေါ့...ဂူထဲကအရာကြီးကို မသနားဘူးလား"
"ဘာဖြစ်လို့ သနားရမှာလဲ"
"သူ့ခမျာ ငါတို့ဒီမရောက်ခင်ထဲက အော်နေတာ... အခုချိန်ထိဘဲ...သူ့လည်းချောင်းတွေ နာနေမှာပေါ့"
"ဒါဆိုလည်း ဒီဂျရောလာတိုက်လေ"
အားးးးး
ဘယ်ကမှန်းမသိ ရောက်လာတဲ့အသံနက်နဲ့စကားကြီးကြောင့် ရှောင်းကျန့်တစ်ယောက် နားစည်ကွဲမတတ်အော်ဟစ်ပါတော့သည်။
Part (38)ဆက်ရန်...
Zawgyi
"ဘာအသံကြီးလဲ"
Advertisement
"ဝင်ကြမယ်"
"ပေါ်ပေါ်......"
"ဘာများလဲ"
"ဘာလို့လဲ"
ရွတ်...ရွတ်
အားးးးး
Part (38)ဆက်ရန်...
Advertisement
- In Serial119 Chapters
Saga of the Cosmic Heroes
In the 26th Century, catastrophic warfare has rendered Terra uninhabitable, driving humankind to the brink of extinction. Spread out wide among the stars, the Interstellar Federation struggles to maintain order. In Saga of the Cosmic Heroes, Ensign Victoria Happ-Schwarzenberger follows her father's footsteps in the Metropolitan Space Navy. She hopes to accomplish great deeds, by protecting and preserving the Federation. Joining Victoria on her quest for fame is Li Chou, known as the Madame Scarface in the Year 217 Mafia. Her adoptive father, Dong Zhui, is a pirate and ruthless dictator nestled on the fringe of the galaxy. The destinies of these two entwine as they seek to write new history in the Cosmic Era. But history is most often defined by those seeking social justice, and a steadfast martyr named Alexandra Descartes-Dolz has something to say about this. The history of the Interstellar Federation is about to be rewritten. Full cover art of volume 1 was by gar32. Full cover art of volume 2 and full cover art of volume 3 also by gar32. There will be chapter illustrations I've commissioned throughout the story, and many more will be commissioned as the story goes on.
8 158 - In Serial27 Chapters
Shayde
Set in a medieval fantasy world with demons to unique abilities we follow Shay Shuppet, who, after joining the guards and proving himself to be an adept fighter, is scouted by a criminal organisation, Arcanum, who oppose the corrupt governments of the world and plan to overthrow the councils of each kingdom who are protected by ‘Roses’; Expert fighters who possess powerful abilities.
8 139 - In Serial16 Chapters
The Atomic Vice
In the Atomic Vice a student gains superpowers that work based on double meanings - he can, for example, turn magazines from glossy paper covers into rifle ammunition or transmute a space-bar on a keyboard into a key that will teleport you to a real bar in space. When the authorities hear of ever stranger reports they begin to investigate, leading down a rabbit-hole of ever more worrying and deadly events. Is it weird and insane? Yes. Is the girl in the front cover suffering from a severe shoulder injury? Also yes. But that's what you're here for, you wonderful, wonderful person. You're in this thread for the insane, bizarre adventure that Atomics is. The Atomic Vice is complete at around 110k words composed of 16 chapters.
8 157 - In Serial11 Chapters
It's Just A Prank
Gray and natsu decide to pretend date to prank the guild. But what happens when real feeling began to emerge.
8 155 - In Serial30 Chapters
Ex-mob boss in another world
98-year-old Ex-mob boss Antonio alvichi was sentenced to life in prison for murder, he ends up dying of old age but is he really dead? He wakes up in an unfamiliar world with monsters and other strange creatures. What will he do? What will happen to him? How is he gonna live in this new world?
8 110 - In Serial6 Chapters
Abyssal power
It one point I was one of them, now I'm against them.........even if it's my people, what we are doing is wrong.......and I was once one of them.......but now.....I fight them......there destroying the planet.......AND I CAN'T LET IT HAPPEN NO MATTER WHAT.(This book is a fanfic of the Kantai Collection series I own my own characters but not any of the characters from the game or the anime)
8 202

