《Ding-dong(Season 1)(Completed)》(38)ရှောင်အိုက်
Advertisement
ဝမ်ရိပေါ် ရှောင်းကျန့်ကို သူ့အနောက်သို့ပို့လိုက်ကာ သူ့အရှေ့ကအရာကြီးကို ကြည့်လိုက်သည်။မှောင်နေသော်လည်း သူကတော့ ထိုအရာကြီးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
လူဝံလို ခန္ဓာကိုယ်ရှိကာ လက်ညိုးအရွယ်သွားအစွယ်တွေလည်း ရှိကာ rockerတွေလို ဆံပင်အရှည်လည်း ရှိသေးသည်။မျက်လုံးပေါက်ကျဥ်းကာ နှာခေါင်းကတော့ လူနဲ့ဆင်လေသည်။အသားအရည်က နက်မှောင်နေပြီး လက်ချောင်းက သုံးချောင်းသာ ရှိပါသည်။
ဝမ်ရိပေါ်အနေနဲ့ သေချာတာတစ်ခုကတော့ သူ့အရှေ့ကအကောင်ကြီးဟာ သေချာပေါက်သက်ရှိဖြစ်ပါသည်။
"ဟားဟား...ဒီငစနူကောင်လေးက သိပ်ကြောက်တတ်တာဘဲ...ကြောက်နေတာတောင် လည်ချောင်းနာမှာကို စိုးရိမ်ပေးသေးတယ်ပေါ့"
ဝမ်ရိပေါ်အနောက်က ရှောင်းကျန့်ဟာ ဘာမှမမြင်ရသော်လည်း အသံကြောင့် ကြောက်နေသည်။သို့သော် သူ့ကိုပြောတာကိုတော့ ပြန်ပြောလိုက်ပါသေးသည်။
"ဘာလို့စိုးရိမ်ရမှာလဲ...အခုလည်းချောင်မနာတာတောင် အသံက စိတ်ပျက်စရာကောင်းနေတာကို...လည်ချောင်းပါနာသွားရင် ဒီထက်ပိုဆိုးသွားမှာပေါ့...ကျွန်တော်က ကျွန်တော့်နားလေးအတွက် ပြောတာပါနော်"
"ဟားဟား....ဒါဆို မင်းက ငကြောက်လေး မဟုတ်ဘူးဘဲ...ငါက ဒါမျိုးမှ စားချင်တာ...အသားလေးက ချိုနေမှာဘဲ"
"ခင်ဗျားသိလား...ကျွန်တော်ငယ်ငယ်ထဲက အချိုမှုန့်တွေစားလာတာ...ကျွန်တော့်ကိုသာ စားလိုက်ရင် ခင်ဗျားရောဂါရလိမ့်မယ်...ပြီးတော့ ကျွန်တော်က ဝက်သားအရမ်းကြိုက်တာ...နေ့တိုင်းဝက်သားစားတယ်...ခင်ဗျားကျွန်တော့်ကို စားလိုက်ရင် အဆီပိတ်ပြီး သေလိမ့်မယ်...ထပ်ပြီးပြောရမယ်ဆိုရင် ကျွန်တော်က ငယ်ငယ်ထဲက နေမကောင်းတော့ ဆေးတွေချည်းဘဲ သောက်လာတာ...ကျွန်တော့်အသားက ခါးနေမှာအသေအချာဘဲ"
"ခါးနေလည်း ကိစ္စမရှိဘူး...သကြားထည့်စားမှာပေါ့"
"ကျွန်တော်က သကြားနဲ့မတည့်ဘူး...သကြားထည့်စားရင် အရသာပိုဆိုးသွားလိမ့်မယ်"
"ကိစ္စမရှိဘူး...ရှာလကာရည်ပါထည့်လိုက်မယ်"
"ခင်ဗျားသိလား...အမွှေးများတဲ့အသားတွေက ရှာလကာရည်ထည့်လို့မရဘူး...ကျွန်တော်က အမွှေးထူတယ်"
"ဘာလို့ရှာလကာရည်ထည့်လို့မရတာလဲ"
"အမွှေးတွေ ချဥ်မှာဆိုးလို့ထင်တယ်"
"ဒါဆို အမွှေးရိတ်ပြီးစားမှာပေါ့"
"နူးညံ့ချောမွတ်အောင် အမွှေးရိတ်ဖို့က ဓားတွေထက် အမွှေးရိတ်စက်က အဆင်အပြေဆုံးဘဲ...ခင်ဗျားမှာ ရှိလို့လား"
"မရှိလည်း ဘာဖြစ်လဲ...ငါ့မှာ ဓားထက် ပိုထက်တဲ့သွားတွေရှိတယ်"
"ကျွန်တော့်မှာ Bပိုးရှိတယ်...ခင်ဗျားကူးစက်သွားလိမ့်မယ်"
"ဒါဆိုလည်း ကိစ္စမရှိဘူး...ရောဂါပိုးတွေလည်းသေ... အမွှေးတွေလည်း ရှင်းရလွယ်အောင် ရေနွေးနဲ့အရင်ပြုတ်လိုက်မယ်လေ"
"အဲ့တာက အရသာပိုပေါ့စေတယ်နော်"
"ကိစ္စမရှိဘူး...ငါက ပေါ့တာကိုကြိုက်တယ်"
"အီးဟီးးး....ရိပေါ်....ငါသေရတော့မယ်...ပြောလို့လည်း မရတော့ဘူး...ငါဆံပင်တွေ မျက်ခုံးမွှေး မျက်တောင်မွှေးတွေမရှိဘဲ ပြောင်သလင်းရှင်းကြီးနဲ့ မသေချင်ဘူး"
ခုနက အသည်းအသန်ငြင်းနေတာ သူမဟုတ်သည့်အတိုင်း ရှောင်းကျန့်တစ်ယောက် အော်ငိုတော့သည်။ဘာမှမမြင်ရလို့သာ တော်သေးသည်။မဟုတ်ပါက သူ့ကိုစားမည့်သူက အရမ်းရုပ်ဆိုးပြီးကြောက်စရာကောင်းနေလို့ ပိုငိုပါလိမ့်မည်။
"မငိုပါနဲ့...သူက လျှာမရှိတိုင်း လျှောက်ပြောနေတာ...မင်းကိုစားလည်း အရသာခံဖို့ သူ့မှာလျှာမရှိဘူး"
ထိုလူကြီးဟာ ဝမ်ရိပေါ်ကို ကြည့်လိုက်ပြီး တဟားဟား အော်ရယ်တော့သည်။
"ဟားဟား...သိပ်ကောင်းတယ်...တစ်ယောက်က ငဝိလေး နောက်တစ်ယောက်ကကျတော့ အရမ်းကိုတော်တဲ့ ငဂွတ်လေးဘဲ...စိတ်ဝင်စားဖို့ကောင်းတယ်...ငါ့နောက်ကလိုက်လာကြ"
သူပြောလိုက်တာနဲ့ ဂူထဲက မီးတုတ်တွေအကုန် လင်းလာလေသည်။အခုဆို တစ်ယောက်နဲ့တစ်ယောက် သေသေချာချာ မြင်နေရလေပြီ။
ရှောင်းကျန့်တစ်ယောက် သူ့အရှေ့က ပုံဆိုးပန်းဆိုးနဲ့လူကြီးကိုကြည့်ကာ အော်တော့သည်။
"အားးးးးးးး"
သူအော်လိုက်တာကြောင့် ထိုလူကြီးက ရယ်ကာ ပြောလေသည်။
"အမှန်တော့ ဒီဂျရောက မင်းသောက်ရမှာ"
ဝမ်ရိပေါ် သူတို့အရှေ့က လူကြီးဟာ သူတို့အပေါ် အန္တရာယ်ပေးလိုစိတ်မရှိတာကို တွေ့တာမို့ ထိုလူကြီးအနောက်က လိုက်သွားလိုက်သည်။ကြောက်နေသည့် ရှောင်းကျန့်ကို ကုန်းပိုးရင်းနဲ့ပေါ့။
ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ကျောပေါ်ကနေ စိတ်ငြိမ်အောင်လုပ်နေလိုက်သည်။ပြီးနောက် သူ့အရှေ့က သူ့ထက် ခေါင်းသုံးလုံးစာလောက်မြင့်သော လူကြီးကိုကြည့်ကာ မေးလိုက်သည်။
"ခင်ဗျား ငယ်ငယ်တုန်းက အပီတန်သောက်ခဲ့တာလား"
"ဟားဟား...မဟုတ်ပါဘူး...ငါငယ်ငယ်တုန်းက သေးသေးကွေးကွေးလေး...အသက်ကြီးလာမှ မျိုးရိုးဗီဇအရ ဒီလိုထွားကြိုင်လာတာ"
"ဒါနဲ့ ခင်ဗျားက ဘယ်လိုပေါင်းစပ်သားရဲအမျိုးအစားလဲ"
"မသိဘူး...ငါမွေးကတည်းက ဒီဂူထဲမှာ ငါတစ်ယောက်တည်းရှိခဲ့တာ...ငါကဘာလဲဆိုတာ ငါကိုယ်တိုင်တောင်မသိဘူး"
"ခင်ဗျားမှာ နာမည်ရှိလား"
"ရှိတယ်...ငါ့ဘာသာငါပေးထားတာ"
"ဘာလဲ"
"ရှောင်အိုက်...ငါ့နာမည်က ရှောင်အိုက်"
ထိုနာမည်ကြောင့် ရှောင်းကျန့် အော်ရယ်တော့သည်။ရှောင်အိုက်ဆိုတာ မိန်းကလေးဆန်လွန်းသည်။ဒီလူထွားကြီးက နူးနူးညံ့ညံ့နာမည်လေးနဲ့ လုံးဝမလိုက်ဖက်ပေ။
"ဘာလို့ ဒီနာမည်ပေးခဲ့တာလဲ"
"ငါ့မှာ ငါ့ကိုချစ်ပေးဖို့ ငါကိုယ်တိုင်ကလွဲရင် ဘယ်သူမှမရှိလို့"
ဒီလိုကျတော့လည်း ရှောင်အိုက်က သနားစရာကောင်းသည်ဟု ရှောင်းကျန့် တွေးလိုက်မိသည်။ထို့နောက် နောက်ထပ်အတွေးတစ်မျိုး ဝင်လာကာ ရယ်လိုက်တော့သည်။
'ရှောင်အိုက်က ရုပ်ကြမ်းကြီးနဲ့ နွဲ့နေတယ်'
ရုပ်ကြမ်းပေမဲ့ အသည်းနုသောရှောင်အိုက် "...."
Part (39)ဆက်ရန်....
Zawgyi
Advertisement
"အားးးးးးးး"
"ဘာလဲ"
Part (39)ဆက်ရန်....
Advertisement
- In Serial32 Chapters
The Guardsmen
first time writting, if I interest you then please write a comment I will try to respond. this will be about a summoner, he will grow from childish and naive to a commander trying to preserve his humanity, as every summoner must. Art is not my own
8 193 - In Serial22 Chapters
Controlling time in NARUTO
After an accident at his office Raoul gets reincarnated as Kakashi's Big Brother, with power to control time in 5 ways. The only problem is that Raoul has a hidden side to him that no one knows, knowing the future, no one knows what he will do.
8 213 - In Serial25 Chapters
Mage Blood : Rite of Death
Peter was a servant in Portos castle. One day, he learned his father was a mage. Hoping to find more clues about his father, Peter went on a voyage with a group of people. However, their ship sank as a huge storm hit. Stranded on a remote island, they have to face dangerous adventures. Together with Borin, his best friend, Anna the healer, Susan the mind-reader, and Pogna the hunter, they must unravel the mystery behind a long-lasting human sacrificial rite.
8 162 - In Serial74 Chapters
Let's Learn Korean [Compilation]
Highest Rank: #1 Non-FictionAnnyeonghaseyo. Jeoneun Man Joo Yeon imnida. I'm here to help you to learn some korean phrases,grammars or words in an easy way here in this book. DISCLAIMER:This is just a compilations! Credits to the sources I got! ?CoverPhoto by @-imyourprince
8 153 - In Serial36 Chapters
The Summoned Queen[Revamp]
Synopsis Suno Temeria's heritage was of the royal family of the Temerian Empire. With the Temerian Empire annexed by the Kingdom of Toria, Suno, now ex-royalty, is currently the target of hate and disgust in the academy he is attending.However, this did not stop him from being a genius at magic, giving him more options than what he has at the moment. So with his extensive knowledge, he came up with a plan to get a companion to talk to and to help him along the way. He decided to use a summoning spell to do this and what came out of the portal was....“I am the Queen of Toria, Sora Lune what might thee want from me?”"Eh!?!"_______________________________________________________________________________________________This is my first time posting a fiction so please be gentle when you give your reviews on my story and depending on my mood I will have a chapter out. Summary/Synopsis by LordofVoids
8 85 - In Serial55 Chapters
magnifique ➤ anne with an e
MAGNIFIQUE | IN WHICH MILDRED TURNER ARRIVES IN AVONLEA TO VISIT A NEW FRIEND AND THERE'S A LIFE WAITING FOR HER. MAYBE, EVEN LOVE. 'MILLIE AND BEN' SEQUEL IS PUBLISH NOW! highest rank:#1 Anneofgreengables#1 Annewithane《oc x oc》《lowercase intented》《anne with an e》| i only own the oc's and their storylines, all are credited to moira walley-beckett and anne with an e. based on anne of green gables by l.m montgomery.|
8 161

