《Ding-dong(Season 1)(Completed)》(39)အကောင်လိုက်ကင်ပစ်မယ်
Advertisement
ဝမ်ရိပေါ်က ရှောင်အိုက်ဆီကနေ သတင်းအချက်အလက်တစ်ချို့ ရနိုင်တာကြောင့် ဒီနေရာနဲ့ပက်သက်ပြီး မေးမြန်းလိုက်သည်။
"ရှောင်အိုက်...ဒီနေရာနဲ့ပက်သက်ပြီး ငါတို့ကို ပြောပြပေးလို့ရမလား"
ရှောင်အိုက်က ပြုံးလိုက်ပြီး ခေါင်းငြိမ့်လာသည်။သူကပြုံးလိုက်သော်လည်း ရုပ်ဆိုးတာကြောင့် ပြုံးလိုက်မှန်း မသိလိုက်ကြပေ။
"ပြောပြလို့တော့ရတယ်...ဒါပေမဲ့ မင်းတို့က ငါ့ကိုကူညီရမယ်...မကူညီရင် မပြောဘူး"
"ဘာကို ကူညီရမှာလဲ"
"ငါ့ကို မင်းတို့အသားကျွေး"
ထိုစကားကြောင့် ရှောင်အိုက်က ကြောက်ဖို့သိပ်မကောင်းဘူးလို့ ထင်နေသည့် ရှောင်းကျန့်ဟာ ထိတ်လန့်သွားကာ ဝမ်ရိပေါ်လက်မောင်းကို တင်းတင်းလေး ဖက်ထားလိုက်သည်။
ရှောင်းကျန့်အခြေအနေကို ရှောင်အိုက်ကမြင်တော့ ရယ်ကာ ရှင်းပြလေသည်။
"ငါခုနက ဟိန်းနေတာက ငါဗိုက်အရမ်းဆာလို့ဘဲ...ငါမင်းတို့ကို မသတ်ပါဘူး...ငါ့ကိုအသားလေးကျွေးစေချင်ရုံဘဲ"
ရှောင်းကျန့်က မသတ်ဘူးဆိုတာကိုကြားတော့ စိတ်သက်သာသွားပေမဲ့ သူသိသလောက် အသားတွေက ရှိမနေပေ။ရီချုံးမိုတို့အပြင် ရှိနေသည့်အသားပုံကြီးဟာ ရွံစရာကောင်းသလို တုပတစ္ဆေတွေရဲ့အစာမို့လို့ ပြဿနာက တက်နိုင်သေးသည်။
"ရိပေါ်...ဟိုတဲထဲက အသားတွေကို သွားယူကြမလား"
"ဟေ့ဟေ့...ငါက လတ်ဆတ်တဲ့အသားဘဲ စားတာ"
ရှောင်အိုက်က သူတို့သွားယူမည့်နေရာကို သိနေသည့်နှယ် ဖြတ်ပြောလာသည်။ရှောင်းကျန့်က ရှောင်အိုက်ကို အကြည့်စူးစူးနဲ့ကြည့်လိုက်ပြီး
"ဂျီးများလိုက်တာ...အသားဆိုရင် ပြီးရောပေါ့...ခင်ဗျားကိုယ်ခင်ဗျား သူဌေးများ ထင်နေတာလား...အသားကလည်း ပိုက်ဆံပေးပြီး သွားဝယ်လို့ ရတာလည်း မဟုတ်ဘူး...မလတ်ဆတ်ရင် မစားတော့ဘူးလား...အသေလံတော့မှာလား...ဟင်းမရှိရင် ထမင်းချည်းဘဲ စားရမယ်...ထမင်းကောဟင်းကော မရှိရင် ရေဘဲသောက်ရမယ်...အဆိုးဆုံး ရေမရှိရင် ကိုယ့်သွေးကို ဖောက်သောက်ရင် ဖောက်သောက်ရမှာဘဲ...ဂျီးမများစမ်းပါနဲ့"
ရှောင်အိုက်က သူ့ကိုလာဆုံးမနေတဲ့ ရှောင်းကျန့်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"တကယ်က ငါလည်း မင်းပြောသလို လုပ်ချင်ပါတယ်...ဒါပေမဲ့ ငါသိတတ်စထဲက ဒီတောထဲမှာ ငါစားလို့ရတာဆိုလို့ လတ်ဆတ်တဲ့အသားတွေဘဲရှိတာ...အဲ့တာကြောင့် တောရိုင်းသားရဲတွေကိုသတ်ပြီး ငါစားခဲ့တယ်...အခုသားရဲတွေတစ်ကောင်မှ မရှိတော့ဘူး...ငါစားကြည့်သေးပါတယ်...အဲ့ဒီမလတ်ဆတ်တာတွေကို...ဒါပေမဲ့ ငါဘယ်လိုမှစားလို့မရဘူး...စားတာနဲ့ အသက်ရှုတွေကြပ်လာပြီး သေမလိုဘဲ"
ဒီတစ်ခါတော့ ရှောင်းကျန့် ဘာမှမပြောနိုင်တော့ပေ။သို့သော် လတ်ဆတ်တဲ့အသားကိုလည်း မရှာနိုင်တာကြောင့် သဲလွန်စကို လက်လျော့ပြီး ပြန်ရုံသာရှိသည်။အခုသာမပြန်ရင် ရှောင်အိုက်က ဆာလောင်လာပြီး သတ်စားလိုက်မှဖြင့် တမလွန်ကို ကြယ်ငါးပွင့်နောင်တတွေနဲ့ သွားနေရလိမ့်မည်။
"မင်းသေချာလား...အသားစားရရင် ငါတို့ကို ပြောပြမယ်ဆိုတာ"
"သေချာတယ်....ငါရှောင်အိုက်က လူသားမဆန်ပေမဲ့ ဘယ်တော့မှ ယုတ်မာတဲ့ကိစ္စတွေ မလုပ်ဘူး"
ဝမ်ရိပေါ်က ခေါင်းငြိမ့်လိုက်ကာ ချက်ချင်းဘဲ သူ့ရဲ့ဓားမြှောင်လေးနဲ့ ရှောင်အိုက်ရဲ့လက်မောင်းကို ဖြတ်ပစ်လိုက်သည်။
ဒီလိုမျိုးဖြစ်လာမယ်လို့ မထင်မှတ်ထားသည့် ရှောင်အိုက်ဟာ သူ့လက်မောင်းပြတ်သွားတာကို တအံ့တသြဖြစ်သွားကာ ဒေါသလည်းထွက်သွားသည်။သူထင်သည်က ထိုသတ္တိရှိသည့်ကောင်လေးဟာ သူ့လက်မောင်းသူ ဖြတ်ပေးလိမ့်မယ်ဟုပင်။
ရှောင်းကျန့်လည်း ကြောင်အသွားသည်။ရှောင်အိုက်က လူကောင်းနဲ့တူသည်မဟုတ်ပါလား။ဘာကြောင့် ရိပေါ်က ဒီလိုလုပ်လိုက်တာလဲဆိုတာကို သူမသိပေ။
"ရှောင်အိုက်...မင်းမလား"
"ဘာကိုလဲ"
"လူတွေရဲ့ဝိဉာဥ်ကို နှုတ်ပစ်တဲ့သူ"
ရှောင်အိုက်မျက်နှာက အမူအရာပြောင်းလဲသွားသည်။သူက ဝမ်ရိပေါ်ကို မုန်းတီးစွာကြည့်လိုက်ပြီး အော်ရယ်တော့သည်။
"ဟားဟားဟားဟား....အဲ့တော့ကော...မင်းက ဘာလုပ်နိုင်လို့လဲ"
"ငါက မင်းကိုတောင် သိသွားတာဘဲကို...မင်းကိုဘာမှမလုပ်နိုင်စရာ မရှိဘူးလေ"
ရှောင်အိုက် သူဒီလောက်ဟန်ဆောင်နေတာကိုတောင် ဝမ်ရိပေါ်က သိသွားတာကို လုံးဝမယုံနိုင်ပေ။
"မင်းဘယ်လိုသိတာလဲ"
"မင်းရဲ့ဟိန်းသံကြားထဲက"
"ငါ့ရဲ့အသံတစ်ခုထဲနဲ့ မင်းကခန့်မှန်းလိုက်တာလား"
"ငါတို့ထွက်ပြေးတုန်းက မင်းရဲ့ကြောက်ဖို့ကောင်းတဲ့အသက်ရှုသံကြီးကို မှတ်ထားတာ...မင်းအသံထွက်လာတော့ အသံနောက်က အသက်ရှုသံကို ငါမှတ်မိသွားတယ်လေ"
"ငါမှန်း သိနေတာတောင် ဒီဂူထဲလာရဲသေးတာလား"
"ဒါပေါ့...မင်းက သက်ရှိလေ...အသက်မရှိတဲ့ မင်းရဲ့နောက်ကွယ်ကအရာကြီးကိုတော့ ငါမနိုင်ဘူးပေါ့"
တကယ်က ရှောင်အိုက်ဟာ ဝိဉာဥ်နှုတ်ယူတဲ့ပညာရပ်ကို တတ်မြောက်ထားတာဖြစ်နိုင်သည်။ထို့ကြောင့် လူသားတွေကို သူက ဝိဉာဥ်နှုတ်ယူပြီး ထိုအရာကြီးကတော့ ထိုဝိဉာဥ်တွေကို စားသောက်လေသည်။ရှောင်အိုက်ကတော့ ကျန်တဲ့ကိုယ်ထည်တွေကို စားသောက်တာဖြစ်သည်။
ကိုယ်တိုင်ကသရဲဖြစ်လို့ ဝိဉာဥ်တွေကိုမြင်ရသည့် ဝမ်ရိပေါ်ဟာ ရီချုံးမိုတို့ကို လုံးဝမတွေ့ရထဲက ရိပ်မိနေတာဖြစ်သည်။
"မင်းက တော်လိုက်တာ...မင်းတို့လို လူသားတွေက အရမ်းတော်ကြတယ်...ဘာလို့လဲ...ဘာကြောင့် ငါကရော လူသားမဖြစ်ရတာလဲ...ငါ့မိဘတွေကလည်း လူသားတွေဘဲကို ဘာလို့ငါက အသားစားတဲ့မကောင်းဆိုးဝါးလို ဖြစ်ရတာလဲ"
ရှောင်အိုက်က မျက်လုံးတွေနီရဲနေပြီး ဒေါသတကြီး အော်ဟစ်နေသည်။သူ့မျက်နှာမှာ မုန်းတီးမှုအပြည့်နှင့်ပင်။
"ငါ့မိဘတွေက မွေးထဲက ငါ့ကိုစွန့်ပစ်ခဲ့တယ်...ကြင်နာသနားတတ်ပါတယ်ဆိုတဲ့ အဲ့လူသားတွေက တကယ်တော့ ရက်စက်ယုတ်မာကြတယ်...အဲ့တော့ သူတို့ကို ငါမုန်းတယ်...သူတို့ကို သတ်ပစ်တယ်...စားလည်းစားပစ်တယ်...ကောင်းတယ်မလား"
ရှောင်အိုက်က ပြောလေလေ သူ့ရဲ့သတ်ချင်စိတ်တွေက များလာလေမို့ ရှောင်းကျန့်တောင် ဒူးတုန်နေသည်။သို့သော် သူ့ရဲ့လျှာရှည်ချင်တဲ့စိတ်လေးနဲ့ဒေါသတွေကြောင့် ပြောဖြစ်အောင် ပြောလိုက်သေးသည်။
"ခင်ဗျားအဲ့လိုပြောလို့ ခင်ဗျားကိုသနားမယ်ထင်နေလား...ဝေးသေးတယ်...ကိုယ့်ကိုယ်ကို မဂင်္ဂါထင်မနေနဲ့... ခင်ဗျားမှာ ခင်ဗျားမိဘတွေကိုဘဲ မုန်းပိုင်ခွင့်ရှိတာ...လူတိုင်းကို မဟုတ်ဘူး....ကျွန်တော့်သူငယ်ချင်းတွေက ခင်ဗျားအပေါ် အနိုင်ကျင့်ခဲ့တာမှ မဟုတ်တာ...ခင်ဗျား ရုပ်ဆိုးတာက ခင်ဗျားစိတ်ဓာတ်ကိုက ယုတ်မာနေလို့ဘဲ...အဲ့လို ဖုန်မှုန့်တစ်ခုစာလောက်တောင် တန်ကြေးမရှိတဲ့စိတ်ဓာတ်နဲ့ သနားစေချင်ရင်တော့ လဲသေလိုက်တော့"
ထိုသို့ပြောပြီးတာနဲ့ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို ပြောလိုက်တော့သည်။
"ရိပေါ်...သူ့ကို နုတ်နုတ်စင်းပြီး ကြမ်းမှုန့်နဲ့ စပ်စပ်လေးကြော်ပစ်ရအောင်...မဟုတ်လည်း ဆားသိပ်ပြီး အခြောက်လှန်းမယ်...အဲ့တာမှ မရရင် အကောင်လိုက်ကင်ပစ်မယ်"
Advertisement
အကောင်လိုက်ကင်ပစ်ဖို့ရာ ကြီးလွန်းသည့်ရှောင်အိုက်
"....."
(A/N:မနက်ထဲက မီးပျက်နေလို့ နောက်ကျသွားတယ်😊)
Part (40)ဆက်ရန်...
Zawgyi
"ဘာကို ကူညီရမှာလဲ"
"ရှောင်အိုက်...မင်းမလား"
"ဘာကိုလဲ"
"မင်းဘယ်လိုသိတာလဲ"
"....."
Part (40)ဆက်ရန်...
Advertisement
- In Serial26 Chapters
Magnus
Updates daily at 23:06 UTC. 2/1/2021 NOTE! This trilogy is being published by Aethon Books starting with book one on 5/1/2021. All books have been removed from RoyalRoad. This story was posted on RR in its entirety before being removed. Magnus Cromwell kills for a living. He’s organized, professional, efficient. Like a machine. But when his family’s life is on the line? That’s something else. That calls for the kind of warm-blooded vengeance that scorches earth and summons tungsten rods from space, leaves a whole lot of melted flesh, and no one to tell the tale. It should've been a blue milk run. As by-the-book as it gets. With his sister Nina out safe and the opposition decimated by hypersonic gunfire, MC wondered where they got the guts to even try. Then something hits him. Lays him out cold, and leaves him waking up to a fantasyland with nothing but his armor and a half-written note to guide him. It's a strange place where even stranger predators eye him for their next meal. Where his life’s on a timer, and where the darkest horrors haunt his dreams, painting visions of death. There's no right day to mess with Magnus Cromwell. But the universe sure managed to pick the absolute worst one. --- - MC is stone-cold, strong(OP), and gets even stronger, but he'll still face his fair share of challenges, both internal and external. - LitRPG-lite. No stats and an unconventional system. Expect abilities and progressions, but there will only ever be a handful of them. - Science Fiction and Fantasy collide, with a touch of mystery, Lovecraft, and body horror. - Professionally painted art scenes! - This series is finished. A Huge thank you to RoyalRoader MikeWe for the banner, and to NoDragons for his help editing the synopsis. Cover and scene art by the talented John Molinero Discord: https://discord.gg/s6e5rTj [participant in the Royal Road Writathon challenge]
8 310 - In Serial98 Chapters
Flight of the Cosmic Phoenix
The galaxy is at war. Always has been, always will be. The methods may change, but the results are always the same. Harmony is not, and never will be, an option. Until his parents are killed and he's kidnapped, Xaleyp Vah'Aris had been living a normal enough life. Making matters worse, he is forced into an army he wants nothing to do with. Mixed in with all this are visions of syringes and knives, and a prophetic sword forged by the gods. Maybe Xaleyp is not so normal after all. Now, he battles shifting alliances -- and himself -- to keep those he cares about safe. The odds are stacked against Xaleyp when the largest empire in the galaxy wants him dead. How is he supposed to protect his friends when he's in constant danger himself? Follow Xaleyp Vah'Aris as he hunts for power around the galaxy, makes startling new friends, and faces enemies he never imagined. (Starts slow, then picks up in later chapters) (Updates planned for Friday, maybe more often if I feel like it. Previously posted as Interstellar Genesis/Phoenix Song)
8 213 - In Serial15 Chapters
The Hero Assassin
In most fairy tales and stories, a Hero is someone valiant, glorious, and full of justice. They are awe-inspiring figures filled with power, forever vanquishing evil. Always pit as the “good guys”, they emerge victorious as they eradicate the “bad guys” to the cheers and joy from children to adults alike. Many people from around the world dream and imagine themselves as Heroes, getting the prince/princess as their lover, and having a “happily ever after” life. However, not all Heroes come from storybooks. Neither are all Heroes what fairy tales paint them out to be. In a fantasy world known as “Elys”, Heroes dot the planet with supernatural abilities and cheat-like skills. Ranging from controlling the elements to manipulating magic itself, these Heroes all were blessed with one particular “cheat ability” that defined who they were. As the largest human Empire, the Alyastia Kingdom sought their power to fight the pestering Demons. As a result, these Heroes were praised and hailed as glorious figures in every human town and province alike. From humanity’s perspective, they were merely the “good guys” defeating the barbaric “bad guys.” However, from a certain person who lived with these Demons, he saw these Heroes as pure monsters. Growing up and living with Demons and Humans in harmony, his life was pure bliss. A model village for what true integration and love looked like. However, all that shattered when a certain Hero forever took that away. Distraught in sorrow, his life was forever changed. Setting off with eyes focused on revenge, he begins his blood-filled journey as a [Hero Assassin] with one goal in mind. To forever eliminate all heroes for good. Only then could he create a world where every race can live in harmony. Chapter Release: Once A Week? ADDITIONAL TAGS: Adventure, Drama, Psychological, Revenge, Weak to Strong
8 143 - In Serial13 Chapters
Star Wars: Silverlight Rising
This unending conflict between the Jedi and Sith has brought the Galaxy to the brink of extinction. The sins of war have taken its toll on both sides and the question is no longer who will win but rather who will survive. In the midst of all this unbalance in the force something manifests…something neither dark nor light and it seeks to reclaim the gift that has been squandered by so many for so long.
8 147 - In Serial9 Chapters
The Second Divine
if you could do anything you want to, will you even have anything you that want to have? this story follows a young boy who through various events got the power of an almighty god, only to find out that immortality and endless power isnt all its cracked up to be. will he become the saviour of everything or its ender? will he warp reality or let it be? what is reality to begin with? join him in his philosphical search for answers and adventures far beyond your wildest dreams because everything is possible, especially when you control everything. Note : This is my first novel written ages ago and i have matured since then (back then i only read light novels) Its not edited cause honestly i cant bring myself to read something i already know whats gonna happen in, so yeah alot of typosThe chapters are long as hell so yeah treat them as multiples (i mean by the end of chapter 3 its 10k words)
8 141 - In Serial12 Chapters
Transported into another world with a parallel-version of myself
Arriving from school exhausted, a portal suddenly opened in front of him after making contact with an object that materialized out of thin air in his house. As a result, he was pulled in and dropped into a dark area with a bed in it. He thought he was dreaming but after a few reality-checks, he realized that didn't turn out to be the case.Afterwards, he began to feel sleepy and tried sleeping on the bed. But, the moment he opened his eyes, It wasn't a world he was used to. He woke up in a normal room this time but it was different. It wasn't his room nor did it look like anything like from the world he used to be in. After looking around, he decided to get out of the room only to meet a girl by the hallway. He soon found out that she came from a parallel world and that both of them had the same name, same interests, and the same personality. They didn't suspect each other. INstead, they decided to work together to explore this world they found to be in. Can they survive in this world?
8 146