《Ding-dong(Season 1)(Completed)》(40)ဆာဂျရီလုပ်ပေးမယ်
Advertisement
ရှောင်းကျန့် ရန်တွေ့ပြီးတာနဲ့ ရှောင်အိုက်ကိုကြည့်လိုက်တော့ သတ်ဖြတ်ချင်စိတ်က ဂိတ်ဆုံးအထိ ရောက်နေကြောင်း သတိပြုမိလိုက်သည်။ထို့ကြောင့် ဝမ်ရိပေါ်အနောက်မှာ သူ့ကိုမမြင်နိုင်အောင် ကျုံ့နိုင်သမျှ ကျုံ့နေလိုက်သည်။
"မင်းတို့လူသားတွေကို ငါတကယ်သဘောကျတယ်...ကိုယ်တိုင်က အားနည်းနေတာတောင် အားကြီးတဲ့သူကို မကြောက်မလန့် ပြောနိုင်သေးတယ်နော်"
ဝမ်ရိပေါ် ရှောင်အိုက်ကို စိုက်ကြည့်လိုက်ကာ လှောင်ပြုံးပြုံးလိုက်သည်။
"တကယ်က မင်းက အားနည်းနေတာပါ"
"သေချာလို့လား...ငါက မင်းတို့ထက် အများကြီးသာပါသေးတယ်"
"ဒါဆို ငါလည်း ပြန်မေးလိုက်မယ်...သေချာလို့လား...မင်းက အခုဆာလောင်ငတ်မွတ်နေတယ်...ပြီးတော့ လက်တစ်ဖက်လည်း ပြတ်နေပြီ...သွေးထွက်လည်းလွန်နေသေးတယ်...မင်းသိရမှာက မင်းက သေပြီးသားမဟုတ်ဘူးနော်...သက်ရှိဘဲ...အခုအချိန်မှာ မင်းက ငါ့ကို မယှဥ်နိုင်လောက်ဘူး"
စကားဆုံးတာနဲ့ ဝမ်ရိပေါ်က လျင်မြန်လှတဲ့အရှိန်နဲ့ ရှောင်အိုက်ရဲ့ နောက်လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ကာ ကျောကိုကန်ချပြီး ခြေထောက်ကို တက်နင်းလိုက်သည်။ပြင်းထန်လှတဲ့အားကြောင့် ခြေသလုံးက အရိုးပေါ်သည်အထိ ကြေမွသွားသည်။
နာကျင်မှုကြောင့် ရှောင်အိုက်အော်ဟစ်နေသည်။သို့သော်လည်း သူက ခွန်အားကြီးသူမို့ ပြန်လည်ရုန်းကာ ဝမ်ရိပေါ်ကို လက်သီးနဲ့ ထိုးလိုက်သည်။
သို့သော် ခန္ဓာကိုယ်ပိုသေးတဲ့ ဝမ်ရိပေါ်က အမြန်ရှောင်လိုက်ပြီး ရှောင်အိုက်ကို လက်သီးနဲ့ထိုးလိုက်သည်။လက်သီးက ဗိုက်ကိုဖောက်ဝင်သွားကာ အူတွေတောင် အပြင်ထွက်လာသည်။
ဝမ်ရိပေါ်က ထိုမြင်ကွင်းကို ရှောင်းကျန့်မမြင်အောင် ရှောင်းကျန့်ကို သူတို့တိုက်ခိုက်နေမှုအား မမြင်နိုင်သည့်နေရာသို့ ပြောင်းရွေ့လိုက်သည်။
ခုနက ရိပေါ်ရဲ့တိုက်ခိုက်မှုကြောင့် ရှောင်အိုက်က လှုပ်ဖို့ရာပင် အားသိပ်မကျန်တော့ပေ။သူက ဒူးတစ်ဖက်ထောက် ထိုင်နေပြီး အသက်ပြင်းပြင်းရှူနေရသည်။ထို့ပြင် အားနည်းတဲ့လူသားတစ်ယောက်က သူ့ကို တိုက်ခိုက်နိုင်မယ်လို့ လုံးဝထင်မထားခဲ့ပေ။
ရှောင်အိုက် သူမထနိုင်လျှင် သူသေမယ်ဆိုတာက သေချာနေတာကြောင့် အားတင်းပြီးထရပ်လိုက်သည်။သို့သော် သူမတ်မတ်လေးတောင် မရပ်ရသေးခင် ဝမ်ရိပေါ်က သူ့ရင်ဘတ်ကို ကန်လိုက်တာကြောင့် သွေးတွေအန်ကာ ပစ်လဲသွားသည်။
"ရှောင်အိုက်...မင်းအခုသေတော့မှာကို မင်းသိတယ်မလား"
"ငါမထင်ထားဘူး...ငါက လူသားအမြဲဖြစ်ချင်ခဲ့တာ...ဒါပေမဲ့ ငါက လူသားမဟုတ်တော့ ငါ့မှာ လူသားတွေထက်သာတဲ့ ခွန်အားရှိတယ်ဆိုတဲ့အချက်နဲ့ ဒီနေ့အထိ ရှင်သန်လာခဲ့တယ်...ငါကိုယ်တိုင်က လူသားမဟုတ်လို့ ငါလူသားတွေကို မုန်းတယ်...အဲ့လိုဘဲ သေပြီးတာတောင် လူသားတွေကို အတုခိုးနိုင်ပြီး ငါ့ရဲ့အစာကို အမြဲလုလေ့ရှိတဲ့ တုပတစ္ဆေတွေကိုလည်း ငါမုန်းတယ်...ငါတစ်လောကလုံးကိုမုန်းတယ်...ငါ့ကိုယ်ငါလည်း မုန်းတယ်"
"မင်းမသေခင် အဲ့ဒီအရာကြီးအကြောင်း ပြောပြသွား"
"ငါမပြောနိုင်ဘူးဆိုရင်ရော"
"မင်းမပြောဘူးဆိုတာ ငါသိပြီးသားပါ"
ဝမ်ရိပေါ်က ပြုံးလိုက်ပြီး သူ့ခြေထောက်ကိုမြှောက်ကာ ရှောင်အိုက်ဦးခေါင်းကို တက်နင်းချလိုက်သည်။ဦးခေါင်းခွံက ကွဲကြေသွားပြီး ဦးနှောက်ကလည်း ပြန့်ကျဲသွားသည်။
ရှောင်အိုက်က သူ့ကိုယ်သူချက်ချင်းအသတ်ခံရမယ်လို့ လုံးဝမထင်ထားတာကြောင့် သူ့ရဲ့မွေးရာပါစွမ်းအားနဲ့ သူ့ကိုယ်သူ ပြန်အားဖြည့်နေတာဖြစ်သည်။အကယ်၍ သူသာ အားပြန်ပြည့်ပါက ဝမ်ရိပေါ်ကို တစ်ချက်တည်းနဲ့ အသေသတ်နိုင်မှာဖြစ်သည်။အခုတော့ သူဘာလုပ်ချင်တယ်ဆိုတာကို ကြိုသိနေတဲ့ဝမ်ရိပေါ်ကြောင့် သေဆုံးသွားခဲ့ပြီ။
ဝမ်ရိပေါ် ရှောင်အိုက်ရဲ့အလောင်းကို ဘေးဘက်က မီးမရှိဘဲမှောင်နေသောနေရာသို့ ပစ်ထည့်လိုက်ပြီး ရှောင်းကျန့်ကို ခေါ်ထုတ်လိုက်သည်။
"ရှောင်အိုက် သေသွားပြီလား"
"အွန်း...ကိုယ်သတ်လိုက်ပြီ"
"သူသေတော့ သဲလွန်စတွေ ရှိပါဦးမလား"
"ကိုယ်ထင်တာတော့ တုပတစ္ဆေတွေက သဲလွန်စဖြစ်နိုင်တယ်...ရှောင်အိုက်နောက်ကွယ်က အဲ့ဒီအရာကြီးက တုပတစ္ဆေတွေရှိတဲ့နေရာကို ကြောက်ပုံဘဲ...ပြီးတော့ သူက အဲ့ဒီတစ္ဆေတွေလောက် အင်အားမရှိလို့သာ ရှောင်အိုက်ရဲ့ အစာတွေလုယူခံရတာကို မတားနိုင်တာပေါ့"
"ဖြစ်နိုင်ပါတယ်...ဒါပေမဲ့ ဘယ်လိုဖြေရှင်းမှာလဲ...သူတို့က သူ့နယ်မြေ ကိုယ်နယ်မြေလို နေနေကြတာ"
"ကိုယ်တို့မှာ အချိန်ရှိပါသေးတယ်...အခုတော့ ပြန်ကြရအောင်...မကြာခင် မှောင်လာတော့မယ်...ရှောင်အိုက်မရှိလို့ အဲ့ဒီအရာကြီးက ဘာမှလုပ်နိုင်မှာမဟုတ်ပေမဲ့ ဂရုစိုက်မှရမယ်"
"အွန်း"
နှစ်ယောက်သား ဂူထဲက ပြန်ထွက်လာလိုက်သည်။အပြန်မှာ ရှောင်းကျန်တစ်ယောက် ငြိမ်နေတာကြောင့် ဝမ်ရိပေါ် စိုးရိမ်စွာ မေးလိုက်သည်။
"ကျန့်....ဘာဖြစ်လို့လဲ"
"ရိပေါ်...ငါလည်း တကယ်လို့ ရှောင်အိုက်လို မွေးလာရင် ဘယ်လိုလုပ်မလဲဟင်...အဲ့ကျရင် ငါက မင်းတို့နဲ့ တွေ့နိုင်ပါ့မလား...ပြီးတော့ မင်းကလည်း ငါ့ကို ကြိုက်ဦးပါ့မလား"
"မကြိုက်လောက်ဘူး"
"အမှန်တရားမပြောဘဲ နေလို့မရဘူးလား"
"ကောင်းပြီ...ကြိုက်နိုင်တာပေါ့...သေချာပေါက် မင်းဘယ်လိုဖြစ်ဖြစ် ကိုယ်တို့ကြိုက်နေဦးမှာ"
"တကယ်လား"
"တကယ်ပေါ့...ကိုယ်က မင်းရှိရာအရပ်ကို ရောက်အောင်လာခဲ့မှာ"
"မဟုတ်တာတွေ ပြောပြန်ပြီ"
"အွန်း...အိမ်မက်ထဲမှာပေါ့"
"စိတ်တိုအောင်လုပ်နေတာလား"
"အိမ်မက်ထဲမှာမဟုတ်ပါဘူး....အိမ်မက်ထဲကနေ မင်းရှိရာအရပ်ကို ရှာပြီး လက်တွေ့လာခဲ့မှာ"
"ကောင်းပြီ...အပြောလေးက ချိုနေတာဘဲ...တစ်ခုထပ်မေးမယ်"
"ဘာမေးမှာလဲ...ကြိုက်တာမေး"
"တကယ်လို့ ကျွန်တော်က ခင်ဗျားရှေ့မှာ ခေါင်းတွေပြုတ်ထွက် အူတွေပြုတ်ထွက်ပြီး သေသွားခဲ့ရင် ခင်ဗျားဘာလုပ်မှာလဲ"
တကယ်တော့ ရှောင်းကျန့် ဂူထဲမှာတုန်းက အသေးစိတ်မမြင်ရပေမဲ့ ကြားတာနဲ့တင် နည်းနည်းတော့ ခန့်မှန်းလို့ရပါသည်။
"အဲ့အခါကျရင် ကိုယ်မင်းရဲ့အစိတ်အပိုင်းတွေကို ပြန်ကောက်ပြီး ဆာဂျရီလုပ်ပေးမယ်...အဲ့အခါကျရင် ကမ္ဘာ့အလှဆုံးအလောင်း ဖြစ်သွားလိမ့်မယ်"
ထိုအဖြေကြောင့် ရှောင်းကျန့်ပျော်သွားပြီး တရစပ်ပြောပါတော့သည်။
"တကယ်လား...အဲ့အခါကျရင် မိတ်ကပ်လေးလည်း သေချာပြင်ပေးဦးနော်...ပြီးတော့ ကျော့ရှင်းသွားအောင် ခြေသလုံးမွှေးတို့ဘာတို့လည်း ရိတ်ပေးဦး...ဆံပင်ကိုလည်း အရောင်လေးနည်းနည်းတင်ပြီးတော့ နည်းနည်းလေးလိပ်တင်မယ်နော်...sexyဆန်သွားအောင် အင်္ကျီကိုလည်း ကြယ်သီးသုံးလုံးလောက် ဖြုတ်ထားပေးဦး...အဓိကက ပြင်ပြီးတာနဲ့ filterသုံးပြီး ဓာတ်ပုံရိုက်ရမယ်...အသုဘအခမ်းအနားကိုလည်း liveလွှင့်ဦးနော်..."
Advertisement
ဝမ်ရိပေါ်ဟာ သူ့ရဲ့ထက်မြတ်တယ်လို့ ထင်ရတဲ့အဖြေကြောင့် လမ်းတစ်လျှောက် အချက်အလက်ပေါင်းများစွာကို နားထောင်လိုက်ရတော့သည်။
Part (41)ဆက်ရန်...
Zawgyi
"ငါမထင်ထားဘူး...ငါက လူသားအမြဲဖြစ်ချင်ခဲ့တာ...ဒါပေမဲ့ ငါက လူသားမဟုတ်တော့ ငါ့မှာ လူသားတွေထက်သာတဲ့ ခွန်အားရှိတယ်ဆိုတဲ့အချက်နဲ့ ဒီနေ့အထိ ရှင်သန်လာခဲ့တယ်...ငါကိုယ်တိုင်က လူသားမဟုတ်လို့ ငါလူသားတွေကို မုန်းတယ်...အဲ့လိုဘဲ သေပြီးတာတောင် လူသားတွေကို အတုခိုးနိုင်ပြီး ငါ့ရဲ့အစာကို အမြဲလုလေ့ရှိတဲ့ တုပတစ်ဆေတွေကိုလည်း ငါမုန်းတယ်...ငါတစ်လောကလုံးကိုမုန်းတယ်...ငါ့ကိုယ်ငါလည်း မုန်းတယ်"
"ကိုယ်ထင်တာတော့ တုပတစ်ဆေတွေက သဲလွန်စဖြစ်နိုင်တယ်...ရှောင်အိုက်နောက်ကွယ်က အဲ့ဒီအရာကြီးက တုပတစ်ဆေတွေရှိတဲ့နေရာကို ကြောက်ပုံဘဲ...ပြီးတော့ သူက အဲ့ဒီတစ်ဆေတွေလောက် အင်အားမရှိလို့သာ ရှောင်အိုက်ရဲ့ အစာတွေလုယူခံရတာကို မတားနိုင်တာပေါ့"
"အွန်း"
"ကျန့်....ဘာဖြစ်လို့လဲ"
"မကြိုက်လောက်ဘူး"
"တကယ်လား"
Part (41)ဆက်ရန်...
Advertisement
- In Serial232 Chapters
Blood Warlock: Succubus Partner In The Apocalypse
The legendary mana finally reached planet Earth, causing all living things to officially enter the path of evolution.
8 161 - In Serial38 Chapters
The Predator
Stephen, a power-hungry forsaken man, awakens in a place he knows nothing of, alongside a bunch of strangers.His stay in this phantasmagorical world will lead to disturbing discoveries, and as he keeps on surviving, the line between right and wrong becomes more and more blurred. In a world where power is the bedrock of society, what if he shed a bit of blood for his goals? Thrilling adventures, outlandish races, endless power at his fingertips, nothing will ever be the same again to him. Aiming to become unrivaled, he'll do anything necessary to become the ultimate existence.
8 158 - In Serial27 Chapters
Fate - Destiny
"This life is just a mere competition of power and authority. They will use that for you - to manipulate you... to enslave yourself in fear and terror - and that's why... I'll give them the taste of their own medicine." That was the most painful realization of the boy who used to be deterministic and tries his best just to prove himself to others that he isn't the boy they think he is. Meet Fate, a boy who had potential but lost it all. The boy who struggles to do his best just to prove himself to everyone, slowly realized a painful truth from the Teran Government - a truth so painful that it snapped him and slowly took his former self. As time pass, as he gain experience, and as he grow older, the fire of determination from his heart slowly faded to the point that he cannot even know who he really is. Fate only knew one thing, though... And it is to end the cycle of fear and manipulation...
8 76 - In Serial28 Chapters
Irondad and Spiderson
After Aunt May finds out that he's Spiderman, Peter Parker has nowhere to go. Tony Stark takes him in and learns what it's like to take care of a kid. He and Peter grow closer together, resulting in a time that will change Tony and Peter's lives forever. None of the characters belong to me, I'm just using them for my wonderful fanfiction. Thank you Marvel for making these characters!Completed 8/12/19
8 331 - In Serial12 Chapters
Hollywood! It is...
Rebirth in hollywood! Story of a man how he gets reincarnated in past and how he starts his life to be a superstar as he always wanted to be.
8 205 - In Serial30 Chapters
My Mate the Wanderer
His hand grazed across my back sending sparks all throughout my body. A small moan escaped my lips, his touch was like a drug to me. All that I knew was that I would do anything In my power to keep this gorgeous man by my side. I can become strong enough to stand sided by side with my hybrid mate ****This book contains mature scenes. So if that is something you are not prepared for I suggest you stop reading here!!!********Note that this story is still In the making and I will be updating as often as possible**** ****Also, if there are any parts that don't make sense let me know. I'm absolutely open to constructive criticism.****
8 150

