《Ding-dong(Season 1)(Completed)》(43)ထိန်းချုပ်ခံရခြင်း
Advertisement
ဖန်မုဟန် ရှောင်းကျန့်ကို စိုက်ကြည့်လိုက်ပြီး မုန်းတီးစွာ ပြောလေသည်။
"ရှောင်းကျန့်...ငါမင်းကို အရမ်းမုန်းတယ်ဆိုတာသိလား"
"ဘာလို့လဲ...မင်းက မုဟန်အစစ်လည်း မဟုတ်ဘဲနဲ့...ငါနဲ့က တစ်ခါမှမသိဖူးဘူးလေ"
"ငါက ဖန်မုဟန်မစစ်ဘူးလို့ မင်းကိုဘယ်သူပြောလဲ"
"မုဟန်သာဆိုရင် ငါ့ကိုဒီလိုတွေမပြောဘူး...ပြီးတော့ မုဟန်ရဲ့လက်ညိုးမှာ အမာရွတ်ရှိတယ်...မင်းမှာမရှိဘူး"
ဖန်မုဟန်က သူ့လက်ညိုးကိုသူကြည့်ပြီး အော်ရယ်တော့သည်။
"ဒီလက်ညိုးက အမာရွတ်က တကယ်တော့ ပျောက်သွားတာ...မင်းသိလား...ဒီအမာရွတ်က ဘာကြောင့်ရခဲ့လဲဆိုတာ"
"မင်းချုံးမိုနဲ့ဆော့ရင်း ရခဲ့တာလေ"
"မဟုတ်ဘူး...ဒီအမာရွတ်က မင်းကြောင့်ရခဲ့တာ...ငါနဲ့ချုံးမိုတို့ တစ်ယောက်ကို တုတ်တစ်ချောင်းစီနဲ့ သိုင်းချတိုင်း ဆော့နေခဲ့တယ်...အဲ့အချိန်မှာ အခြားကလေးတွေနဲ့ဆော့နေတဲ့မင်းက အသံအကျယ်ကြီးနဲ့ ရီချုံးမိုကို လှမ်းခေါ်တယ်...သူက မင်းအသံလည်းကြားရော မင်းဆီကိုသွားဖို့ လုပ်တယ်လေ...အဲ့တော့ ငါလည်း သူမင်းဆီမသွားအောင် ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တာပေါ့"
"ဘာလို့လဲ"
"ဘာလို့လဲဟုတ်လား...ငါမင်းကိုမုန်းလို့ဘဲ...အမြဲတမ်းမင်းက လူတိုင်းရဲ့ အာရုံစိုက်တာခံရတယ်...သူငယ်ချင်းတွေရဲ့ ဦးစားပေးတာလည်း ခံရတယ်...မိဘတွေကလည်း အရမ်းချစ်ပေးတယ်....အခုလို အန္တရာယ်ရှိတဲ့အခြေအနေမျိုးမှာတောင် မင်းကို အသက်ပေးမတတ် စောင့်ရှောက်ပေးတဲ့ ဝမ်ရိပေါ်ရှိနေတယ်လေ"
"အဲ့တာတွေကြောင့် ငါ့ကို မုန်းတာလား...မုဟန် မင်းလည်း မင်းမိဘတွေချစ်တာကိုခံရတာဘဲလေ...သူငယ်ချင်းတွေကလည်း မင်းကိုဂရုစိုက်ကြတာဘဲ...ဘာကများ မင်းငါ့ကို မုန်းသွားတာလဲ ငါစဥ်းစားမရဘူး"
"မုန်းတဲ့အချက်တွေကတော့အများကြီးဘဲ...ရှောင်းကျန့်...ငါမင်းကို အရမ်းမုန်းတယ်"
ရှောင်းကျန့် ပြန်ပြောရန်ပြင်လိုက်စဥ် ဝမ်ရိပေါ်က သူ့လက်ကိုဆွဲပြီး တိုးတိုးလေး ပြောလာသည်။
"ဖန်မုဟန်ကြည့်ရတာ ထိန်းချုပ်ခံထားရတာထင်တယ်...သူ့ကို ထိန်းချုပ်တဲ့သူက သူ့ထဲက ကောင်းတဲ့မှတ်ဉာဏ်တွေကို ဖျောက်ပစ်လိုက်ပြီး အနည်းငယ်လောက်ဖြစ်ဖြစ် မကျေနပ်ခဲ့တာတွေ မနာလိုခဲ့တာတွေကို အဓိကမှတ်ဉာဏ်အဖြစ် လုပ်လိုက်တာဖြစ်မယ်...အဲ့တာကြောင့် သူမင်းကို အရမ်းမုန်းနေတာ"
"အမာရွတ်ကရော"
"ကြည့်ရတာ ကိုယ့်ကိုရင်ဆိုင်ဖို့ ခွန်အားလည်းတိုးပေးလိုက်တာဖြစ်မယ်...အဲ့တာကြောင့်မို့ လက်ကအမာရွတ်ဖြစ်ဖြစ် ခြေထောက်ကအမာရွတ်ဘဲဖြစ်ဖြစ် အကုန်ပျောက်ကုန်တာနေမယ်"
"ပိုင်ယန်စန်းကရော"
"သူကတော့ ဖန်မုဟန်လိုအတွေးမျိုးမရှိလို့ အခုလိုရူးကြောင်ကြောင်ဖြစ်အောင် လုပ်ထားတာဖြစ်မှာပေါ့"
ဖန်မုဟန်ကို သူတို့သိထားသည့်အခြေအနေအရ ဒါတွေက ခန့်မှန်းထားသည့်အဆင့်သာ ရှိပါသည်။အတိအကျကိုတော့ သူတို့မသိတာကြောင့် ရင်ဆိုင်ဖို့က ခက်ခဲနေသည်။ထို့ပြင် တုပတစ္ဆေတွေ အခုထိပေါ်မလာသေးတာက ထူးဆန်းလှသည်။
"ဘာတွေများ တိုင်ပင်နေကြတာလဲ...တိုင်ပင်လည်း သေမှာဘဲ...မင်းတို့အတွက် ငါးထပ်မြောက်က ဂိတ်ဆုံးဘဲ"
"ဟုတ်လို့လား...မကြာခင်တုပတစ္ဆေတွေ ပေါ်လာတော့မှာ..မင်းငါတို့ကို ဘာမှမလုပ်နိုင်မှာဆိုးရတယ်"
ဝမ်ရိပေါ်ပြောတော့ ဖန်မုဟန်က ကျယ်လောင်စွာ အော်ရယ်တော့သည်။
"ဟားဟား...တုပတစ္ဆေတွေက မှောင်တာနဲ့ နိုးလာပြီး မီးတွေထွန်းညှိကြတယ်...ဒါပေမဲ့ သူတို့မှာလည်း ချွင်းချက်တစ်ရက်တော့ရှိတယ်...ဒီနေ့က အဲ့ဒီချွင်းချက်နေ့ဘဲ...တုပတစ္ဆေတွေက သန်းခေါင်ရောက်မှ နိုးလာမှာ...နိုးရင်လည်း နာရီဝက်တောင်ပြည့်မှာမဟုတ်ဘူး...ပြန်အိပ်သွားကြမှာ"
"အဲ့တော့ ငါတို့နှစ်ယောက်ကို သတ်ဖို့အဆင်ပြေတယ်ပေါ့ဟုတ်လား"
ရှောင်းကျန့် ဖန်မုဟန်ကို စိုက်ကြည့်ကာပြောလိုက်သည်။သူ့ရှေ့က ဖန်မုဟန်ဟာ အစစ်မဟုတ်ရင်တောင် သူ့မှာ ဖန်မုဟန်ကြောင့် စိတ်ထိခိုက်ရပါသည်။သူတို့သူငယ်ချင်းသက်တမ်းကလည်း ကြာနေပြီမဟုတ်ပါလား။
"ဟုတ်တယ်...ငါက မင်းတို့ကို သတ်ဖို့ရောက်လာတာ...မင်းတို့သေရင် သရဲကြီးက ငါ့ကို လွှတ်ပေးမယ်တဲ့...ဒါဆို ငါလည်း ဒီအထပ်ကနေ အပေါ်ထပ်ကို ရောက်သွားမှာ"
"ရူးနေတာလား...မင်းကိုသူလွှတ်ပေးရင်တောင် missionမပြီးလို့ မင်းကိုဟိုမိန်းမကြီးက သတ်မှာဘဲ"
"ဟမ်"
ဖန်မုဟန်က နားကိုကိုင်လိုက်ကာ မျက်မှောင်ကျုံ့သွားတာမို့ ခုနကရှောင်းကျန့်ပြောလိုက်တာကို ကြားပုံမရပေ။ဒီပုံစံအရ ထိုသရဲကြီးက ဖန်မုဟန်ကို ထိန်းချုပ်မှုကနေ လွတ်စေမည့် မည်သည့်စကားကိုမှ မကြားနိုင်အောင် လုပ်မည်ဖြစ်သည်။
"မုဟန်...မင်းမှတ်မိလား....ငါကျောင်းတွင်းအားကစားပွဲတုန်းက ငါနဲ့အတူမင်းဟိုပြေးဒီပြေးလုပ်ခဲ့တာကိုလေ...ရီချုံးမိုအငြင်းခံရတုန်းကလည်း အတူတူဝိုင်းဟားခဲ့ကြတယ်လေ...ငါစာမရဘဲ အမြဲစာထဖြေတိုင်း ငါ့ဘေးမှာထိုင်တဲ့မင်းက ငါနဲ့အတူအမြဲအဆူခံခဲ့ရတာလေ"
ဖန်မုဟန် ခေါင်းတွေချာချာလည်နေကာ ရှောင်းကျန့်ပြောသမျှကို မကြားပေ။ထို့ကြောင့် ဒေါသလည်းအနည်းငယ်ထွက်လာကာ ရှောင်းကျန့်ကို တိုက်ခိုက်တော့သည်။
ဝမ်ရိပေါ်က ရှောင်းကျန့်အရှေ့သို့ အမြန်ရောက်လာပြီး ဖန်မုဟန်နဲ့ တိုက်ခိုက်တော့သည်။အရင်ကထက်လျင်မြန်ကာ ခွန်အားကောင်းလွန်းတဲ့ ဖန်မုဟန်ဟာ ဝမ်ရိပေါ်ကို မယှဥ်နိုင်သဖြင့် အချက်ပေါင်းများစွာ အထိုးအကြိတ်ခံရကာ တစ်ကိုယ်လုံးသွေးတွေနဲ့ရဲသွားတော့သည်။
Part (44)ဆက်ရန်....
Zawgyi
"ဘာလို့လဲ"
Advertisement
"ဖန်မုဟန်ကြည့်ရတာ စိတ်ညှို့ခံထားရတာထင်တယ်...သူ့ကို စိတ်ညှို့တဲ့သူက သူ့ထဲက ကောင်းတဲ့မှတ်ဉာဏ်တွေကို ဖျောက်ပစ်လိုက်ပြီး အနည်းငယ်လောက်ဖြစ်ဖြစ် မကျေနပ်ခဲ့တာတွေ မနာလိုခဲ့တာတွေကို အဓိကမှတ်ဉာဏ်အဖြစ် လုပ်လိုက်တာဖြစ်မယ်...အဲ့တာကြောင့် သူမင်းကို အရမ်းမုန်းနေတာ"
"အမာရွတ်ကရော"
"ပိုင်ယန်စန်းကရော"
"ဟုတ်လို့လား...မကြာခင်တုပတစ်ဆေတွေ ပေါ်လာတော့မှာ..မင်းငါတို့ကို ဘာမှမလုပ်နိုင်မှာဆိုးရတယ်"
"ဟားဟား...တုပတစ်ဆေတွေက မှောင်တာနဲ့ နိုးလာပြီး မီးတွေထွန်းညှိကြတယ်...ဒါပေမဲ့ သူတို့မှာလည်း ချွင်းချက်တစ်ရက်တော့ရှိတယ်...ဒီနေ့က အဲ့ဒီချွင်းချက်နေ့ဘဲ...တုပတစ်ဆေတွေက သန်းခေါင်ရောက်မှ နိုးလာမှာ...နိုးရင်လည်း နာရီဝက်တောင်ပြည့်မှာမဟုတ်ဘူး...ပြန်အိပ်သွားကြမှာ"
"ဟမ်"
Part (44)ဆက်ရန်....
Advertisement
- In Serial93 Chapters
Frozen Homes
Srettia, an Aasteran miner, found the mother load. Enough ore and metals to sustain her for months. Excited about her haul, she almost failed to notice an unknown ship entering her home system at an unusual speed. Before she could react, the ship proceeded to crash into her asteroid. Her fate and the fate of her people is about to change. The older Terrans have arrived and realized the Aasteran home system has been destroyed by an unknown force. Seeking to aid the failing Aasteran people and uncover who is responsible, a new alliance between Aasteran and Terran is built. Note: Welcome to my story. Currently, I plan to upload one chapter every second day or so. So I hope you stick with me and thanks for reading my story!
8 243 - In Serial6 Chapters
Dragon?
As he looked at the lake he stared at himself. """"I'm a Dragon"""" he thought. Then he heard sounds of boots coming to a stop he turned around and saw himself looking at a group of armored humans.-----------------------------------------------------------------------------------------------------------------------------------------------------Mature is Gore only.
8 203 - In Serial229 Chapters
A Hero Among Us
Adam Hayze, an orphan whose parents were famously known for their incredible prowess as healing Super Heroes. Hayze dreamed of following in their footsteps, but his superpower paled in comparison to theirs, and he had to face the reality that he could never become a hero. Hayze didn’t give up, though, and he trained his mind and body day in and day out to triumph over his shortcomings. However, his efforts weren’t enough to get into the school he always dreamed of attending, U.A., the best hero education institute in the country. After failing the preliminary entrance exam for the 9th time, a board member arrives at his home one day to inform him he only has one more chance to pass. The news forces Hayze to face his greatest fear: losing his dream. All hope seems lost when a doctor makes him a unique offer.
8 242 - In Serial23 Chapters
Being an Empress
[This story is a spin-off of A Emperor's Journey, from Varsha's POV...CAN BE READ AS STAND ALONE]Varsha is a young and simple girl (or so she thought). Her parents died when she was young and she tends for herself. Her life is a routine. But suddenly one day a Young prince sees her and wants her immediately. He forces her into a relationship and brings her to the palace as his wife. She tries a lot to escape but fails. He finally conquers her. Due to these turn of events, everyone in palace is either jealous of her or hate her. Above all this she is expected to become a Empress, where in reality she has no idea of being a royal even. This is her journey of Being an Empress.Cover Credit:-KrishnaPath. Thank you so much!!TheCrazziestWins.... Second Runner up..
8 155 - In Serial19 Chapters
ABHIRA ONE SHOTS
Random stories on Abhimanyu and Akshara
8 152 - In Serial60 Chapters
Winter Fire [ Book 1 ] ✔
On the second jump, Claire's bad leg gave way and she felt herself tumbling forward. A cry of surprise escaped her and Claire was certain she was about to topple off the side of the train. Alek, however, moved quickly, catching her mid-fall and keeping her upright, and alive. Claire lifted her eyes to meet his which were wide with alarm. The expression was fleeting, lasting for only a moment before it was replaced by a frown. "You could have fallen," he said pointedly."I know," Claire breathed, finding her thoughts drifting to the strong arm wrapped around her waist. A flush rose to her cheeks and she was grateful for the biting wind that masked her reaction. "Thank you.""You need to be more careful," he continued, his eyes locked on hers, bright and haunting in the silver glow of the moon overhead."I will," Claire assured him, her heart skipping in her chest. "I promise."------1st Place in the Chaos Awards2nd Place in the Mystic Awards2nd Place in the Stella Luna Awards2nd Place in the Talent Awards 2018Highest Ranking #1 In SteampunkFound on the official Wattpad Fantasy account featured reading list "Wintery Worlds"
8 176