《Ding-dong(Season 1)(Completed)》(47)အသိစိတ်များ
Advertisement
'ရှင်းရှင်း?'
ရှောင်းကျန့်တစ်ယောက် ကြောင်အသွားသည်။ဝမ်ရိပေါ်က ဘာကြောင့်သရဲကြီးကို 'ရှင်းရှင်း'လို့ ခေါ်တာလဲ သူမသိပေ။သို့သော် မိန်းကလေးဆန်သည့်နာမည်က သူ့ကိုအတွေးများသွားစေသည်။
'ရှင်းရှင်း...ငါတို့မင်းကိုမုန်းတယ်ဆိုတော့ အတိတ်ဘဝတုန်းက အဲ့သရဲကြီးက ငါ့ကိုရောဂါရစေပြီး ဝမ်ရိပေါ်နဲ့အတင်းလက်ထပ်ခဲ့တာများလား... ဘယ်လိုဘဲတွေးကြည့်တွေးကြည့် ဒီကြောက်စရာကောင်းတဲ့သရဲကြီးက ယောကျ်ားကြီးပါ...ဘာလို့ရှင်းရှင်းဖြစ်နေရတာလဲ'
ရှောင်းကျန့်သာ ကြောင်နေသည်မဟုတ်ပေ။သရဲကြီးကပါ ကြောင်အသွားသည်။ဘာလို့ဆို သူမရဲ့နာမည်အရင်းကို ဝမ်ရိပေါ်က သိနေလို့ဖြစ်သည်။တကယ်က သူမဟာ မိန်းမတစ်ယောက်ဖြစ်သည်။
သူမကြောင်အနေစဥ် သူမရဲ့နှလုံးသားထဲက မြောက်မြားလှစွာသောအမုန်းတရားများ ပေါ်လာသည်။သူမစားထားတဲ့ဝိဉာဥ်တွေရဲ့ မုန်းတီးနေသောအကြည့်တွေ၊သေစေချင်သောအကြည့်တွေကြောင့် သူမခေါင်းတစ်ခုလုံး နာကျင်သွားကာ အော်ဟစ်နေတော့သည်။
ရှောင်းကျန့်လည်း ဒီမြင်ကွင်းကြောင့် မနေနိုင်စွာဖြင့် ဝမ်ရိပေါ်ကို မေးလိုက်သည်။
"ရိပေါ်...သူမဘာဖြစ်သွားတာလဲ"
"ကိုယ်ကရှင်းရှင်းလို့ခေါ်လိုက်ပြီး မုန်းတယ်လို့ ပြောလိုက်လို့ သူမစားထားတဲ့ ဝိဉာဥ်တွေရဲ့ အမုန်းတရားတွေ ထွက်ပေါ်လာတာ...သူမက ဝိဉာဥ်တွေကို စားလို့ရပေမဲ့ သူတို့ရဲ့အမုန်းတရားတွေကတော့ သူမရဲ့နှလုံးသားထဲမှာ စုပြုံနေတာ...ကိုယ်က တွန်းအားပေးလိုက်ရုံဘဲ...အခုကိုယ်တို့က တုပတစ္ဆေတွေနိုးလာမဲ့အချိန်ကိုစောင့်ပြီး နာရီဝက်အတွင်း သူမပျောက်ကွယ်သွားဖို့ အင်အားနည်းလာအောင် လုပ်ရမယ်....ဒီလောက်လေးနဲ့ သူမအင်အားနည်းမှာမဟုတ်ဘူး"
"ရိပေါ်...မင်းသူမနာမည်ကို ဘယ်လိုသိတာလဲ...ဒီအကြောင်းတွေကိုကော ဘယ်လိုသိလဲ"
"ရှောင်အိုက်ရဲ့ဂူထဲကလေ...နံရံမှာရေးထားတာ...ရှောင်အိုက်အနေနဲ့ သိတဲ့နာမည်ဆိုတော့ သူ့အနီးအနားကလူကလွဲပြီး ဘယ်သူမှမရှိဘူးလေ"
"ဘယ်တုန်းက ဘယ်လိုရှာလိုက်တာလဲ"
"ကျန်ံ့....မင်းလေးသာ ဘယ်သူဘဲပေါ်လာပေါ်လာ စကားပြောနေတာလေ...ကိုယ်ကတော့ ပတ်ဝန်းကျင်ကအရာအားလုံးကို သေချာကြည့်ရှုပြီး သဲလွန်စရှာနေတာ"
"အဲ့တာကြောင့် အမြဲတမ်း စစချင်းဆို ငြိမ်နေပြီး နောက်ပိုင်းမှ heroလုပ်တာပေါ့...တကယ်လို့ ငါသာ စကားမပြောရင် မင်းသဲလွန်စရှာလို့ရမဲ့အချိန် မရှိပါဘူးနော်...ငါ့ကိုကျေးဇူးတင်"
"ဟုတ်ပါပြီ...ကိုယ်မင်းကို ကျေးဇူးတင်ပါတယ်"
နှစ်ယောက်သား စကားခဏပြောပြီးတာနဲ့ ရှင်းရှင်းကို ကြည့်လိုက်သည်။မိန်းကလေးတစ်ယောက်လို့ ထင်ရက်စရာမရှိတဲ့အသံကြီးနဲ့မျက်နှာကို ပိုင်ဆိုင်ထားတဲ့ရှင်းရှင်းဟာ သူမမြင်နေရတဲ့အကြည့်တွေကို ပျောက်ကွယ်သွားအောင် ကြိုးစားနေရသည်။
ခဏအကြာမှာ သူမနာကျင်တာတွေ သက်သာသွားသည်။အကြောင်းကတော့ သူမကိုယ်ထဲက စွမ်းအားက အမုန်းတရားတွေထဲကပေါ်လာတဲ့မှတ်ဉာဏ်တွေထက် အင်အားကြီးနေတာကြောင့်ပင်။ဒါ့ကြောင့် ဝမ်ရိပေါ်က သူမကို အင်အားနည်းအောင် လုပ်ချင်တာဖြစ်သည်။
ရှင်းရှင်းသရဲမ ပြန်ကောင်းသွားတော့ ဝမ်ရိပေါ်ကို ဒေါသတကြီး ကြည့်လာသည်။
"နင့်ရဲ့နည်းလမ်းက အသုံးမဝင်ဘူး...နင့်မှာထပ်ရှိသေးရင် ထပ်ထုတ်လေ...ဘယ်လိုဘဲဖြစ်ဖြစ် နင်တို့က ငါ့လက်ထဲမှာသေရမှာဘဲ"
ရှောင်းကျန့် ဝမ်ရိပေါ်ကိုကြည့်လိုက်တော့ မျက်မှောင်ကိုစုကျုံ့ထားကာ ဘာဆက်လုပ်ရမလဲဆိုတာကို စဥ်းစားနေပုံရသည်။
အမြဲတမ်း ဝမ်ရိပေါ်ကဘဲ ကာကွယ်ရမည့်နည်းလမ်းကို စဥ်းစားနေရတော့ သူလည်း ကူညီချင်ပါသည်။ထို့ကြောင့် အရဲစွန့်ကာ ပြောကြည့်လိုက်သည်။
"ချုံးမို၊ဖုရိ၊ဖုဖန်၊မုံ့မုံ့...ငါတို့ကို ကူညီဦး"
ရှောင်းကျန့်ပြောလိုက်တာနဲ့ ရှင်းရှင်းမျက်နှာပေါ်က မျက်နှာတွေဖြစ်သည့် ရီချုံးမိုတို့မျက်နှာတွေဟာ ပြောင်းလဲသွားသည်။တကယ်ကို ရှောင်းကျန့်ထင်တာ မှန်လေသည်။
ရှင်းရှင်းသရဲမက ဝိဉာဥ်တွေကို စားထားပေမဲ့ သူတို့ရဲ့အသိစိတ်တွေကတော့ ရှိနေသေးသည်။ဝမ်ရိပေါ်ပြောပြတုန်းက သူတွေးမိထားတာဖြစ်သည်။အမုန်းတရားတွေရှိတယ်ဆိုတာ အသိစိတ်ရှိနေတာကြောင့် ဖြစ်နိုင်သည်ဟုပင်။
သူမက ထိုအသိစိတ်တွေရဲ့အမုန်းတရားတွေကို စုပြုံကာဖယ်ရှားထားတာမို့ ထိန်းချုပ်နေနိုင်တာဖြစ်သည်။အခုရှောင်းကျန့်က ရီချုံးမိုတို့ကို ခေါ်လိုက်တော့ ထိုဝိဉာဥ်လေးခုရဲ့အသိစိတ်က သူမထိန်းချုပ်မှုကနေ လွတ်ထွက်သွားသည်။ထိုလွတ်ထွက်သွားမှုကြောင့် ရှင်းရှင်းဟာ အားခဏနည်းသွားသည်။
ရှောင်းကျန့်ခေါ်သံကြောင့် အသိစိတ်ပြန်ရသွားတဲ့ ရီချုံးမိုတို့ဟာ ရှောင်းကျန့်ကို ကြည့်လာကြသည်။သူတို့မှာ ခန္ဓာကိုယ်လည်းမရှိ၊ဝိဉာဥ်ကိုယ်ထည်လည်း မရှိတော့ပေမဲ့ ကျန်နေသေးတဲ့အသိစိတ်ကတော့ အရာရာကို မှတ်မိနေသေးသည်။
ရီချုံးမိုက ရှောင်းကျန့်ကို ပြုံးပြလာကာ မေ့မျောနေသော ဖန်မုဟန်ကို ကြည့်လိုက်သည်။
"ရှောင်းကျန့်...နောက်ဆုံးတော့ ငါက မင်းတို့ထက် အရင်သေခဲ့ပြီ...ငါဝမ်းနည်းဘူး...ငါ့မှာမသေခင် အရမ်းကောင်းတဲ့မင်းတို့လို သူငယ်ချင်းတွေနဲ့ ကောင်းတဲ့အမှတ်တရတွေ ရှိခဲ့လို့...အသက်ရှင်အောင်ကြိုးစားပါရှောင်းကျန့်...ငါတို့မင်းတို့အတွက် ဆုတောင်းပေးနေမယ်"
ထိုစကားလေးပြောပြီးတာနဲ့ မျက်နှာကြီးထဲက သူတို့မျက်နှာလေးခုဟာ ပေါက်ကွဲသွားသည်။ရှင်းရှင်းကို သူတို့ဘယ်လိုမှ မထိန်းနိုင်ခဲ့ကြပေ။
(A/N:မနက်ဖြန်မှ သုံးပိုင်းလာမယ်နော်😍😘)
Part (48)ဆက်ရန်...
Zawgyi
'ရွင္းရွင္း?'
ေရွာင္းက်န့္တစ္ေယာက္ ေၾကာင္အသြားသည္။ဝမ္ရိေပၚက ဘာေၾကာင့္သရဲႀကီးကို 'ရွင္းရွင္း'လို႔ ေခၚတာလဲ သူမသိေပ။သို႔ေသာ္ မိန္းကေလးဆန္သည့္နာမည္က သူ႕ကိုအေတြးမ်ားသြားေစသည္။
'ရွင္းရွင္း...ငါတို႔မင္းကိုမုန္းတယ္ဆိုေတာ့ အတိတ္ဘဝတုန္းက အဲ့သရဲႀကီးက ငါ့ကိုေရာဂါရေစၿပီး ဝမ္ရိေပၚနဲ႕အတင္းလက္ထပ္ခဲ့တာမ်ားလား... ဘယ္လိုဘဲေတြးၾကည့္ေတြးၾကည့္ ဒီေၾကာက္စရာေကာင္းတဲ့သရဲႀကီးက ေယာက်္ားႀကီးပါ...ဘာလို႔ရွင္းရွင္းျဖစ္ေနရတာလဲ'
ေရွာင္းက်န့္သာ ေၾကာင္ေနသည္မဟုတ္ေပ။သရဲႀကီးကပါ ေၾကာင္အသြားသည္။ဘာလို႔ဆို သူမရဲ႕နာမည္အရင္းကို ဝမ္ရိေပၚက သိေနလို႔ျဖစ္သည္။တကယ္က သူမဟာ မိန္းမတစ္ေယာက္ျဖစ္သည္။
သူမေၾကာင္အေနစဥ္ သူမရဲ႕ႏွလုံးသားထဲက ေျမာက္ျမားလွစြာေသာအမုန္းတရားမ်ား ေပၚလာသည္။သူမစားထားတဲ့ဝိဉာဥ္ေတြရဲ႕ မုန္းတီးေနေသာအၾကည့္ေတြ၊ေသေစခ်င္ေသာအၾကည့္ေတြေၾကာင့္ သူမေခါင္းတစ္ခုလုံး နာက်င္သြားကာ ေအာ္ဟစ္ေနေတာ့သည္။
ေရွာင္းက်န့္လည္း ဒီျမင္ကြင္းေၾကာင့္ မေနနိုင္စြာျဖင့္ ဝမ္ရိေပၚကို ေမးလိုက္သည္။
"ရိေပၚ...သူမဘာျဖစ္သြားတာလဲ"
"ကိုယ္ကရွင္းရွင္းလို႔ေခၚလိုက္ၿပီး မုန္းတယ္လို႔ ေျပာလိုက္လို႔ သူမစားထားတဲ့ ဝိဉာဥ္ေတြရဲ႕ အမုန္းတရားေတြ ထြက္ေပၚလာတာ...သူမက ဝိဉာဥ္ေတြကို စားလို႔ရေပမဲ့ သူတို႔ရဲ႕အမုန္းတရားေတြကေတာ့ သူမရဲ႕ႏွလုံးသားထဲမွာ စုၿပဳံေနတာ...ကိုယ္က တြန္းအားေပးလိုက္႐ုံဘဲ...အခုကိုယ္တို႔က တုပတစ္ေဆေတြနိုးလာမဲ့အခ်ိန္ကိုေစာင့္ၿပီး နာရီဝက္အတြင္း သူမေပ်ာက္ကြယ္သြားဖို႔ အင္အားနည္းလာေအာင္ လုပ္ရမယ္....ဒီေလာက္ေလးနဲ႕ သူမအင္အားနည္းမွာမဟုတ္ဘူး"
"ရိေပၚ...မင္းသူမနာမည္ကို ဘယ္လိုသိတာလဲ...ဒီအေၾကာင္းေတြကိုေကာ ဘယ္လိုသိလဲ"
"ေရွာင္အိုက္ရဲ႕ဂူထဲကေလ...နံရံမွာေရးထားတာ...ေရွာင္အိုက္အေနနဲ႕ သိတဲ့နာမည္ဆိုေတာ့ သူ႕အနီးအနားကလူကလြဲၿပီး ဘယ္သူမွမရွိဘူးေလ"
"ဘယ္တုန္းက ဘယ္လိုရွာလိုက္တာလဲ"
"က်န္ံ့....မင္းေလးသာ ဘယ္သူဘဲေပၚလာေပၚလာ စကားေျပာေနတာေလ...ကိုယ္ကေတာ့ ပတ္ဝန္းက်င္ကအရာအားလုံးကို ေသခ်ာၾကည့္ရႈၿပီး သဲလြန္စရွာေနတာ"
"အဲ့တာေၾကာင့္ အၿမဲတမ္း စစခ်င္းဆို ၿငိမ္ေနၿပီး ေနာက္ပိုင္းမွ heroလုပ္တာေပါ့...တကယ္လို႔ ငါသာ စကားမေျပာရင္ မင္းသဲလြန္စရွာလို႔ရမဲ့အခ်ိန္ မရွိပါဘူးေနာ္...ငါ့ကိုေက်းဇူးတင္"
"ဟုတ္ပါၿပီ...ကိုယ္မင္းကို ေက်းဇူးတင္ပါတယ္"
ႏွစ္ေယာက္သား စကားခဏေျပာၿပီးတာနဲ႕ ရွင္းရွင္းကို ၾကည့္လိုက္သည္။မိန္းကေလးတစ္ေယာက္လို႔ ထင္ရက္စရာမရွိတဲ့အသံႀကီးနဲ႕မ်က္ႏွာကို ပိုင္ဆိုင္ထားတဲ့ရွင္းရွင္းဟာ သူမျမင္ေနရတဲ့အၾကည့္ေတြကို ေပ်ာက္ကြယ္သြားေအာင္ ႀကိဳးစားေနရသည္။
ခဏအၾကာမွာ သူမနာက်င္တာေတြ သက္သာသြားသည္။အေၾကာင္းကေတာ့ သူမကိုယ္ထဲက စြမ္းအားက အမုန္းတရားေတြထဲကေပၚလာတဲ့မွတ္ဉာဏ္ေတြထက္ အင္အားႀကီးေနတာေၾကာင့္ပင္။ဒါ့ေၾကာင့္ ဝမ္ရိေပၚက သူမကို အင္အားနည္းေအာင္ လုပ္ခ်င္တာျဖစ္သည္။
ရွင္းရွင္းသရဲမ ျပန္ေကာင္းသြားေတာ့ ဝမ္ရိေပၚကို ေဒါသတႀကီး ၾကည့္လာသည္။
"နင့္ရဲ႕နည္းလမ္းက အသုံးမဝင္ဘူး...နင့္မွာထပ္ရွိေသးရင္ ထပ္ထုတ္ေလ...ဘယ္လိုဘဲျဖစ္ျဖစ္ နင္တို႔က ငါ့လက္ထဲမွာေသရမွာဘဲ"
ေရွာင္းက်န့္ ဝမ္ရိေပၚကိုၾကည့္လိုက္ေတာ့ မ်က္ေမွာင္ကိုစုက်ဳံ႕ထားကာ ဘာဆက္လုပ္ရမလဲဆိုတာကို စဥ္းစားေနပုံရသည္။
အၿမဲတမ္း ဝမ္ရိေပၚကဘဲ ကာကြယ္ရမည့္နည္းလမ္းကို စဥ္းစားေနရေတာ့ သူလည္း ကူညီခ်င္ပါသည္။ထို႔ေၾကာင့္ အရဲစြန့္ကာ ေျပာၾကည့္လိုက္သည္။
"ခ်ဳံးမို၊ဖုရိ၊ဖုဖန္၊မုံ႕မုံ႕...ငါတို႔ကို ကူညီဦး"
ေရွာင္းက်န့္ေျပာလိုက္တာနဲ႕ ရွင္းရွင္းမ်က္ႏွာေပၚက မ်က္ႏွာေတြျဖစ္သည့္ ရီခ်ဳံးမိုတို႔မ်က္ႏွာေတြဟာ ေျပာင္းလဲသြားသည္။တကယ္ကို ေရွာင္းက်န့္ထင္တာ မွန္ေလသည္။
ရွင္းရွင္းသရဲမက ဝိဉာဥ္ေတြကို စားထားေပမဲ့ သူတို႔ရဲ႕အသိစိတ္ေတြကေတာ့ ရွိေနေသးသည္။ဝမ္ရိေပၚေျပာျပတုန္းက သူေတြးမိထားတာျဖစ္သည္။အမုန္းတရားေတြရွိတယ္ဆိုတာ အသိစိတ္ရွိေနတာေၾကာင့္ ျဖစ္နိုင္သည္ဟုပင္။
သူမက ထိုအသိစိတ္ေတြရဲ႕အမုန္းတရားေတြကို စုၿပဳံကာဖယ္ရွားထားတာမို႔ ထိန္းခ်ဳပ္ေနနိုင္တာျဖစ္သည္။အခုေရွာင္းက်န့္က ရီခ်ဳံးမိုတို႔ကို ေခၚလိုက္ေတာ့ ထိုဝိဉာဥ္ေလးခုရဲ႕အသိစိတ္က သူမထိန္းခ်ဳပ္မႈကေန လြတ္ထြက္သြားသည္။ထိုလြတ္ထြက္သြားမႈေၾကာင့္ ရွင္းရွင္းဟာ အားခဏနည္းသြားသည္။
ေရွာင္းက်န့္ေခၚသံေၾကာင့္ အသိစိတ္ျပန္ရသြားတဲ့ ရီခ်ဳံးမိုတို႔ဟာ ေရွာင္းက်န့္ကို ၾကည့္လာၾကသည္။သူတို႔မွာ ခႏၶာကိုယ္လည္းမရွိ၊ဝိဉာဥ္ကိုယ္ထည္လည္း မရွိေတာ့ေပမဲ့ က်န္ေနေသးတဲ့အသိစိတ္ကေတာ့ အရာရာကို မွတ္မိေနေသးသည္။
ရီခ်ဳံးမိုက ေရွာင္းက်န့္ကို ၿပဳံးျပလာကာ ေမ့ေမ်ာေနေသာ ဖန္မုဟန္ကို ၾကည့္လိုက္သည္။
"ေရွာင္းက်န့္...ေနာက္ဆုံးေတာ့ ငါက မင္းတို႔ထက္ အရင္ေသခဲ့ၿပီ...ငါဝမ္းနည္းဘူး...ငါ့မွာမေသခင္ အရမ္းေကာင္းတဲ့မင္းတို႔လို သူငယ္ခ်င္းေတြနဲ႕ ေကာင္းတဲ့အမွတ္တရေတြ ရွိခဲ့လို႔...အသက္ရွင္ေအာင္ႀကိဳးစားပါေရွာင္းက်န့္...ငါတို႔မင္းတို႔အတြက္ ဆုေတာင္းေပးေနမယ္"
ထိုစကားေလးေျပာၿပီးတာနဲ႕ မ်က္ႏွာႀကီးထဲက သူတို႔မ်က္ႏွာေလးခုဟာ ေပါက္ကြဲသြားသည္။ရွင္းရွင္းကို သူတို႔ဘယ္လိုမွ မထိန္းနိုင္ခဲ့ၾကေပ။
(A/N:မနက္ျဖန္မွ သုံးပိုင္းလာမယ္ေနာ္😍😘)
Part (48)ဆက္ရန္...
Advertisement
- In Serial86 Chapters
TWIG - The System Can't Save Me, But It Can't Stop Me Either [a gamelit-portal-fantasy-poem by eric river]
This is an experimental new type of fictionIt's a gamelit verse novel, a brand new concoctionFollow Twig as he rebels against his status screenAnd learn why its messages are always cold and mean Like my main work, "Hero's Song," its form follows a ruleevery rhyme and syllable is taken from that schoolsee the prologue for a quick guide on this new formatthis will be a first draft, so I hope you're fine with that [participant in the Royal Road Writathon challenge]
8 353 - In Serial23 Chapters
The Purpose of Wings
Selen Moonlit had hoped death wouldn't be the end for her, but never expected it to come so soon -- or for her salvation to come in such a strange way. Given the chance to take over for someone who would've died in another world, she picked the life of a young bird-girl. Now she lives in the post office of a river city lit by crystals, and her adoptive family wants to know what classes and statistics she wants to develop. She knows enough about games to guess how this kind of rule system works. But she used to be an aspiring chemist with a good knowledge of other science. All alone in an unfamiliar world, yet surrounded by family she barely knows, what can she do to make this new life meaningful? This story is a companion story to "Rising World", which currently exists in full on Amazon and has a visible preview here on RR. Many thanks to the readers who saw it while it was being written. This story is currently being posted separately under its own name, where it will soon catch up to what's under the RW title, and this version is a revised edition.
8 213 - In Serial28 Chapters
Fantasy and Terror Klepto's Harbinger
With being transmigrated on a whim due to the eccentric God of the universe, Damien was forced into becoming the Harbinger for a random god. Kidnapped onto this newly created planet Damien become the gods plaything and is at the mercy of the dangers of the planet. Not all was doom and gloom, Damien has an A.I. Divine System and his Archmage abilities from a game he became top player in. Funny that. With all these new powers from the Divine system, will this be enough? Damien is resolved to fight through any unknown dangers and encounter world shaking enemies to get back home to Earth, and to what's most important?
8 386 - In Serial23 Chapters
Nine Circles
Bringing us to Now, in the Fifth Circle, land of Game and Lumber under the Sign of the plentiful Tree, two brothers find themselves embroiled in the games of Birds and Men. They have come to celebrate the Red Harvest, the Last Day before the Winter, when the sky burns red and the night grows longest. Tolan and Vir, Woodsmen from the Wolf Hair Mountains, have come to gather with friends and family upon this night. However, a strange and powerful storm keeps them in town for days, as spirits grow restless and Talk of evil things comes to pass. Later, when the storm subsides, the two brothers venture forth to find their way home and discover something else. There the woods, by the path they travel, they find a pale beautiful woman, in a strange dress, cast down in a ditch. This is Althea, Granddaughter to Malic of the Demons House of Fire, promised bride the current Head of the Demons House of Salmon, Red Fish. And trouble for the Nine. Her abduction has set forth into motion, a feud between the Demonic Houses, which even now threatens to spill into the Nine Circles proper and bring about a new age of darkness. Tolan and Vir must set out to return Althea to her people to prevent war, but not all are so simple. For there are those who stand to profit from such ill fortunes, Both Below the Earth and Above it. And they will tolerate no disruption of their plans, even to the extent of death.
8 183 - In Serial37 Chapters
My life as Harry Potter
I died and woke up as Harry in his mother's womb.SI(Self insert)
8 210 - In Serial34 Chapters
MALIK :: ZAYN
how can someone be so arrogant and attractive at the same time?; copyright © tobi. 2016STARTED : JANUARY 8, 2016FINISHED : JUNE 20, 2016
8 164

