《Ding-dong(Season 1)(Completed)》(46)ရှင်းရှင်း
Advertisement
ရှောင်းကျန့်တို့ စကားပြောနေကြစဥ် ကြောက်စရာကောင်းတဲ့အသံသြသြကြီးကို ကြားလိုက်ရသည်။
"မင်းတို့က ငါ့ကိုအံ့သြစေတာဘဲ...ဘယ်သူမဆို မကြာခင်ကြီးကြီးမားမား အန္တရာယ်တစ်ခု ရင်ဆိုင်ရမယ်ဆိုရင် ထိတ်လန့်တုန်လှုပ်နေမှာဘဲ...ဒါပေမဲ့ မင်းတို့ကတော့ အတိတ်ဘဝကိုတောင် ပြောနေနိုင်သေးတယ်"
ဖန်မုဟန်ပြောတဲ့ မျက်နှာပေါင်းများစွာနဲ့ အနက်ရောင်အရိပ်ကြီးဟာ ရှောင်းကျန့်တို့ကို ကြည့်ကာ ပြုံးပြနေသည်။မျက်နှာတစ်ခုထဲမှာမျက်နှာပေါင်းများစွာ ရှိနေတာကြောင့် အပြုံးနဲ့မျက်နှာတွေအများကြီးဖြစ်နေကာ ကြက်သီးထစရာကောင်းလှသည်။
ရှောင်းကျန့်တစ်ယောက် ထိုမျက်နှာကြီးကြောင့် ဒူးတွေပါတုန်သွားကာ ခြေတောင်မခိုင်ချင်တော့ပေ။ဝမ်ရိပေါ်သာ ဘေးကမထိန်းထားပေးရင် ပစ်လဲသွားတာကြာပြီဖြစ်သည်။
"တော်တော့်တော်တော်ကို ကြောက်စရာကောင်းလွန်းတယ်"
ဒါကတော့ ကြောက်နေတဲ့ရှောင်းကျန့်ဆီက ပထမဆုံးထွက်လာတဲ့စကားဖြစ်သည်။သရဲကြီးက ရှောင်းကျန့်ကို ကြည့်လိုက်ကာ မေးလေသည်။
"မင်းက မကြာခင်သေတော့မှာကို...ငါ့ကို ကြောက်နေသေးတယ်ပေါ့...သေမှာကို ကြောက်နေရမှာလေ"
"ကျွန်တော်...ကျွန်တော်က သေမှာကို မကြောက်ဘူးဗျ...ကျွန်တော်က ခင်ဗျားကိုဘဲကြောက်တာ"
"ဘာလို့လဲ...မင်းကို သတ်မဲ့သူမလို့လား"
"မဟုတ်ဘူး"
"ဒါဆိုဘာလို့လဲ"
"ခင်ဗျားမျက်နှာကြီးက ကြောက်ဖို့အရမ်းကောင်းလို့...အရမ်းအရမ်းအရမ်းကို ရုပ်ဆိုးလွန်းတယ်"
မျက်နှာနဲ့ပက်သက်ပြီး Dဝင်သွားသောသရဲကြီး "...."
"ကျွန်တော် အကြံတစ်ခုလောက်ပေးလို့ရမလား"
"ဘာလဲ"
သရဲကြီးရဲ့အသံက အရင်ကထက် ပိုပြီးကြောက်ဖို့ကောင်းသွားတာကို ရှောင်းကျန့် သတိထားမိပေမဲ့ ဝမ်ရိပေါ်လက်ကို တင်းတင်းလေးဆုပ်ကိုင်ကာ ပြောလိုက်သည်။
"နောက်ဆိုရင်လေ...ဝိဉာဥ်တွေကို ရွေးပြီးစားသင့်တယ်...ချောတဲ့သူတွေကိုပေါ့...အခု ခင်ဗျားက လူမျိုးမရွေးဘာသာမရွေး မဲမဲမြင်လည်းစား...ဖြူဖြူဝါဝါမြင်လည်းစားနေတော့ ရုပ်ဆိုးပြီပေါ့...ကျွန်တော့်အကြံကို မှတ်ထားနော်"
သရဲကြီးက တိတ်ဆိတ်နေကာ ရှောင်းကျန့်ကလည်း သူ့ကိုအကဲခတ်နေသည်။ခဏကြာပြီးနောက် ရှောင်းကျန့်ဟာ သူ့စကားမှားသွားတာကို သတိထားမိသွားသည်။သူက ဘာမှသေချာမတွေးဘဲ ပြောလိုက်တဲ့စကားက သရဲကြီးကို လူတွေထပ်သတ်စေချင်သလို ဖြစ်သွားသည်။ထို့ကြောင့် အမြန်ပြန်ငြင်းလိုက်သည်။
"မဟုတ်ဘူး...ကျွန်တော်ပြောတာမှားသွားတာ...ခင်ဗျား လူတွေကို ထပ်သတ်လို့မရဘူး...အဲ့တာက ခင်ဗျားကို ငရဲကြီးစေတယ်...တကယ်လို့ ခင်ဗျားကျွတ်လွတ်သွားရင်လည်း ခွေးဝဲစားဘဝကို ရောက်လိမ့်မယ်...ကံကောင်းထောက်မလို့ လူဖြစ်ရင်တောင် ခြေပြတ်လက်ပြတ်၊မျက်စိကန်း၊နားမကြား၊စကားမပြောနိုင်တဲ့ သူတောင်းစားဘဝကို ကျိန်းသေရောက်မှာသေချာတယ်"
ငြိမ်နေတဲ့သရဲကြီးဟာ ရှောင်းကျန့်ပြောတာတွေကို ဟာသတစ်ခုပြောနေသလို ကြည့်လိုက်ပြီး ပြန်ပြောသည်။
"ငါက ဒီနေရာကနေ ဘယ်တော့မှ လွတ်မြောက်မှာမဟုတ်ဘူး...ငါက ဒီအထပ်မှာ မင်းတို့နဲ့ဆော့ကစားပေးရမဲ့ ရုပ်သေးသာသာဘဲ...ငါက အမြဲတမ်း ဒီကမ္ဘာကြီးထဲကို ရောက်လာတဲ့ မင်းတို့လိုလူတွေရဲ့ ဝိဉာဥ်ကို စားပေးရမှာ...ဒါက ငါ့တာဝန်ဘဲ...မင်းတို့တာဝန်ကတော့ ငါ့ကိုသတ်ပြီး ဒီအထပ်ကလွတ်မြောက်ဖို့ဘဲ...မင်းတို့သိလား....ငါဒီအထပ်ကို ရောက်ထဲက အခုထိ ဘယ်သူမှ ဒီအထပ်ကနေ မတက်နိုင်ခဲ့ကြဘူး...ဒီကမ္ဘာကြီးက ငါ့ထက်အများကြီးရှည်ကြာတယ်ဆိုရင်တော့ ငါဒီမရောက်ခင်မှာ လုပ်နိုင်တဲ့သူတွေ ရှိရင်ရှိနေမှာပေါ့...အဲ့လိုရှိရင်လည်း မင်းတို့တွေလို အားနည်းတဲ့သူတွေကတော့ ငါ့လက်ထဲမှာဘဲသေရမှာ"
သရဲကြီးရောက်လာထဲက အခုအချိန်ထိ ဘာမှဝင်မပြောရသေးတဲ့ ဝမ်ရိပေါ်က လှောင်ပြုံးပြုံးလိုက်သည်။
"သေချာရဲ့လား...ကျွန်တော်တို့ကို ခင်ဗျားသတ်နိုင်မယ်ဆိုတာ"
"သေချာတာပေါ့...မင်းတို့က ကျိန်းသေပေါက် ငါ့လက်ထဲမှာသေမှာ"
ဝမ်ရိပေါ်က ယုံကြည်မှုရှိရှိ ပြုံးလိုက်တာကြောင့် ရှောင်းကျန့်တောင် ကြောက်စိတ်တွေ့လျော့ပါးသွားစေသည်။သူသာ ဖုန်းမီးမရှိရင် ဝမ်ရိပေါ်ရဲ့အပြုံးကို မြင်လိုက်မှာမဟုတ်ပေ။အဲ့တာဆိုရင် သူကအရင်အတိုင်း အရမ်းကြောက်နေမှာဖြစ်သည်။
မဟုတ်သေးပါဘူး။သူသာ မီးမဖွင့်ထားရင် အဲ့သရဲကြီးကို မမြင်ရတော့ဘူးမလား။အဲ့တာဆိုရင် သူလည်း ကြောက်နေမှာမဟုတ်ပေ။
ဒီလိုတွေးပြီးနောက်မှာ ရှောင်းကျန့်တစ်ယောက် သူ့ကိုယ်သူ အရင်ကထက် ဉာဏ်ပိုကောင်းလာတာကို ရှာတွေ့သွားသည်။ထို့ကြောင့် ဝမ်ရိပေါ်ဘာကြောင့် ယုံကြည်မှုရှိနေတာလဲဆိုတာကို ခန့်မှန်းတော့သည်။
'မဟုတ်မှလွဲရော.... ရှောင်အိုက်ဆီကများ နည်းလမ်းရထားတာလား...မဖြစ်နိုင်ဘူး...သူက သရဲဆိုတော့ စွမ်းအားရှိနေတာဖြစ်မယ်...မဟုတ်သေးပါဘူး...အစထဲက စွမ်းအားရှိနေရင် ဒီအထပ်စရောက်ထဲက သတ်လိုက်တာကြာပြီပေါ့'
နောက်ဆုံး ခန့်မှန်းတာကို လက်လျှော့ကာ ဝမ်ရိပေါ်ဘာလုပ်မလဲဆိုတာကိုသာ ကြည့်နေလိုက်သည်။ဝမ်ရိပေါ်က သူ့ကိုစိုက်ကြည့်နေတဲ့သရဲကြီးကိုကြည့်ကာ စကားတစ်ခွန်း ပြောလိုက်တော့သည်။
"ရှင်းရှင်း...ငါတို့မင်းကိုမုန်းတယ်"
Part (47)ဆက်ရန်...
Zawgyi
"မဟုတ်ဘူး"
"ဒါဆိုဘာလို့လဲ"
"ဘာလဲ"
Part (47)ဆက်ရန်...
Advertisement
- In Serial123 Chapters
Blightbane
Miscellaneous Notes: - I want to see about making a crude map of Shroud to help readers. - I also want to get back to writing Coalescence updates. Schedule Notes: - None for now, updates when I can. [ Thank you for your patience and support as I improve my writing and storytelling abilities. I'm also using this story to better develop lore that extends far beyond it. ] Thanks to another exceptionally talented artist, Hiroeth, Blightbane now has an official cover! Vera was alone again. “You’re completely unprepared. Never before has sending one of you off made me feel quite so guilty.” Whenever she found herself in doubt, she would weigh her actions against the guiding principles of the one whom she revered. “When you don’t know the rules of the game, start making them up. When you are constrained by unfavorable conditions, inject a little chaos.” It was the supplementary message that concerned Vera the most. It was difficult to follow because it was intentionally vague and mired in subjectivity. “How can I enjoy myself when you look so tormented? Are we in danger?” Vera fell silent. An experiment is taking place on a planetary scale. Across the surface of the planet, a phenomenon referred to as "Blight" is spreading. Festering regions defended by fierce creatures called “blightbeasts” taint the surface, warping the land and proliferating unceasingly. Among the sentient creatures of the planet, it is the Blightbane Guild’s responsibility to stem the tide. They endeavor to cleanse the land in a struggle of attrition, but they are losing ground. A young man named Caim has been uprooted from his former life and transported to The Shrouded Theocracy, an isolationist nation with fanatical policies. He must struggle to survive with only an unfamiliar strain of magic to aid him. There is a secret to this magic. One he knows very little about. He intends to explore just what makes this magic special. On the far border of the theocracy, a mage scientist named Inis discovers a revolutionary new way to infuse strength from defeated blightbeasts. Using herself as a test subject, this process allows her to grasp magical concepts previously thought beyond her reach. Though she tries to document any side effects that arise, something escapes her awareness. She is playing with a dangerous force that will claim her most treasured asset if she isn't careful. Everyone and everything on the planet is a part of the experiment. The experiment is a lie.
8 153 - In Serial6 Chapters
Second Chance
I saw a blinding light and therefore my life changed forever. The smell of burning corpses' still lingers as if I was back in time. I've been given a second chance.One where I can do whatever I want to with the people who I thought I lost forever.
8 98 - In Serial7 Chapters
A Noble Beast
In a world dominated by the gods and their followers, a half-beast must struggle to survive around hidden atrocities. Kane after living life with humans is confronted with the worst of human prejudice. Guided by nature he tumbles through the mysteries held within the Slumbering Sumit. Grasping independence is long and arduous with power running rampant.
8 215 - In Serial42 Chapters
A Free Tomorrow
The city of a million lights is full of wonders. Every convenience of modern life can be enjoyed here. Except the government controls it all. Magic is bottled and sold, kept from the people who need it most. Speak up, and be taken to the black tower. There, only torture and re-education await. Some never see the sun again. But there is one man who would upend the whole rotten system. Linton Granhorn has trained for this rebellion his whole life. A young and ambitious mind mage, he seeks to save his country from oppression. His methods are rarely clean, but his plans always seem to end in victory. The Minister of Welfare stands against him. Charismatic, influential, and unmatched in the arcane arts, he will keep the peace at any cost in order to protect the one he holds dear. Under his rule, the people toil and suffer, kept in line under an invisible web of threats and propaganda. Linton and the minister are bound by their very natures to clash. Their battle of the minds will determine the future of a nation.
8 180 - In Serial31 Chapters
Always & Forever
Nicolette never thought that she will be pulled in the TVD universe. She never dreamed about saving three different but important lives. Soulmate Fic. Poly Fic. Kol\Klaus\OC\Elijah. Mature Content. All rights belong to rightful owners. Duh.
8 81 - In Serial6 Chapters
Newyears day 2018
Ano ba talaqa ang ibig sabihin ng new years day?Compulsory ba talaqa ito o Hindi?masaya ba ito o Hindi?just read my short story about my new years 2018. Story
8 139